ကျန်းမာရေးနဲ့ဆေးပညာ မေးလိုတာရှိပါက

ဒီဘလော့ခ်ထဲကစာတွေကို တခြားနေရာမှာ ကျွန်တော့်ခွင့်ပြုချက်မပါဘဲ ကူးယူပြီး မတင်ဘို့ စည်းကမ်း သတ်မှတ်ထားပါတယ်။

ကျန်းမာရေး နဲ့ ဆေးပညာ မေးလိုတာရှိပါက
• ဖြစ်တဲ့သူရဲ့ အသက်၊ ကျား-မ ပြောပါ။ ရောဂါလက္ခဏာ ၁-၂-၃။ တခုတိုင်းက ဘယ်လောက် ကြာပြီ။
• လိုအပ်ရင် ကျန်းမာရေးရာဇဝင်၊ ဓါတ်မှန်၊ (အာလ်ထွာဆောင်း)၊ ဆေးစစ်ချက်၊ လိုအပ်ရင် အိမ်ထောင်၊ ကလေး၊ ရှိ-မရှိ။ နေတဲ့တိုင်းပြည်၊ မြို့ထည့်ရေးပါ။ လူနာမည်၊ နေရပ်လိပ်စာအတိအကျ ကိစ္စမရှိပါ။
• ဆေးနာမည်ရေးရင် Trade name ကုမ္ပဏီကပေးတဲ့နာမည်သာမက Generic name ဆေးနာမည် ထည့်ရေးပါ။
• ဆေးစာ၊ ဆေးစစ်ချက်၊ ဝေဒနာတွေကို စကန်လုပ်ပြီးဖြစ်ဖြစ်၊ ဓါတ်ပုံရိုက်လို့ဖြစ်ဖြစ် ပို့နိုင်ပါတယ်။ ဓါတ်ပုံကို ခွင့်မယူဘဲ အသုံးမချပါ။
• အိမ်ထောင်ရေးနဲ့ လိင်ပိုင်းဆိုင်ရာမေးခွန်းတွေကို Facebook ကနေ မမေးပါနဲ့ မဖြေပါ။ တိုက်ရိုက်သာမေးပါ။
• အီးမေးလ် အခက်အခဲရှိလို့ Facebook message မှာဖြစ်ဖြစ် Chat box မှာဖြစ်ဖြစ်ရေးရင်လဲ အားသလား၊ မေးလို့ရလား ရေးမနေဘဲ၊ တခါတည်း မေးခွန်းသာရေးလိုက်ပါ။
• Facebook Comment ကနေမေးတာ-ဖြေတာ အဆင်မပြေပါ။
စာရှည်ရေးမရပါ။ သူများတွေကို အနှောင့်အယှက်ဖြစ်နိုင်ပါတယ်။
• နာမ်စားသုံးတာမှာ ကိုယ်ကိုယ်ကို ‘သား’၊ ‘သမီး’ လို့ သုံးရင် မေးတဲ့သူရဲ့ သားသမီးလား ထင်မှတ်မှားနိုင်တာသတိပြုပါ။
• SMS အရေးအသားမျိုးကို မဖတ်ပါ။ မြန်မာစကားကို အင်္ဂလိပ်စာလုံးနဲ့ရေးတာကို မဖတ်ပါ။
• ဘလော့ခ် နဲ့ ဖေ့စ်ဘွတ်မှာ အမေး-အဖြေတွေကိုသုံးတဲ့အခါ မေးတဲ့သူရဲ့ ကိုယ်ရေး အချက်အလက်တွေ မပါစေရပါ။
• ဖုန်းဆက်ပြီးမေးရင် Time zone မတူတာရော၊ အသံထွက် လွဲနိုင်တာရောကြောင့် အဆင်မပြေပါ။ ကျွန်တော့်မှာ Viber မရှိပါ။ ဖေ့စ်ဘွတ် ဖုန်း-ဗီဒီယို အဆင်မပြေပါ။ Skype ကိုတော့ နိုင်ငံရေးနဲ့ မိသားစုအတွက်သာသုံးပါတယ်။
drswe01@gmail.com ကို (အီးမေးလ်) ပို့ပါ။

(ဘလော့ခ်) တွေထဲ ဝင်ဖတ်ဘို့ အကြံပြုပါတယ်။
- http://dts-medicaleducation.blogspot.in/ ဆေးပညာစာများ
- http://yamuna-online-clinic.blogspot.in ယမုန်နာ ဆေးခန်း
- http://my-sayawun-life.blogspot.in/ ဆရာဝန်ဘဝ အမှတ်ရတာတွေ
- http://dts-political-page.blogspot.in/ နိုင်ငံရေး စာမျက်နှာ
- http://www.facebook.com/pages/Dr-Tint-Swe/490031307758025?skip_nax_wizard=true ဖေ့စ်ဘွတ်
- https://tintswe.wordpress.com/ Dr. Tint Swe ဒေါက်တာတင့်ဆွေ ဆေးပညာစာများ

Saturday, February 5, 2011

Q and A February 2011 (5)

1. Trimetazidine hydrochloride ဆေးကို
2. ဗယ်ဘက်ဆီးစပ်မှာ နာနေပြီး အဖြူလည်း ဆက်ဆင်းပါတယ်
3. အိပ်ရာဝင်ရင် ခြေတွေ လက်တွေ ပူနေပါတယ်
4. ရွံတာကို အင်္ဂလိပ်လို ဘယ်လိုခေါ်ပါသလဲ
5. အိပ်ပျော်ခါနီး အကြောဆတ်ခနဲဆွဲပြီးမှ

2011/2/17
Q 1: Trimetazidine hydrochloride ဆေးကို အမြဲဘဲစွဲသောက်နေရတော့မှာလား။ ASO အတွက်ရော ဘယ်လို လုပ်ရမလဲ။ ပင်နီဆလင်နဲ့လည်း မတည့်ပါဘူး။ အခုတလော ပိုဆိုးလာတာက ခြေထောက်တွေ ညဘက်တွေမှာ ကြွက်တက်ပြီး၊ တစ်ညကို သုံးကြိမ်လောက်နိုးနေတယ်။ လက်အဆစ်တွေလည်း ယောင်ကိုင်း နာကျင်နေပါတယ်။ အိပ်ရာထရင် လက်က ဘာပစ္စည်းမှဆုပ် ကိုင်လို့ မရသလောက်ပါဘဲ။ အရင်ကလို ရင်ဘတ် အောင့်တာနဲ့ လက်သန်းဖျားထိ နာကျင်တာလည်း ပြန်ဖြစ်လာပါတယ်။ အရင်က ထက်လည်း နာကျင်ချိန် ပိုကြာ လာပါတယ်။ အမြဲမဖြစ်ပေမယ့် လက်သဲခွံ လေးတွေလည်း တစ်နေ့တစ်လေမှာ အနက်ရောင် သန်းနေတတ်ပါတယ်။ ဘယ်လို ဆက်လုပ်ရပါ့မလဲ။

Trimetazidine hydrochloride ဆေးက နှလုံးသွေးကြောကျဉ်းတာအတွက် အတော် စိတ်ချရပါတယ်။ ဘေးထွက် ဆိုးကျိုးလဲ တော်တော် နည်းတယ်။ အလွန်ဆုံးဖြစ်မှ အစာအိမ် အနေရခက်တာ၊ ပျို့ချင်တာနဲ့ ခေါင်းမူး-ခေါင်းကိုက် တာသာ ရှိတယ်။ နာတာအတွက် Aspirin ဆေး သောက်သင့်ပါတယ်။ လက်သဲခွံအရောင်က သွေးလျှောက်တာ နည်းလို့ ဖြစ်နိုင်ပါတယ်။

ကြွက်တက်တာ၊ ကြွက်သားနာတာအတွက် အတော်များများ Calcium စားဆေး၊ ထိုးဆေးနဲ့ သက်သာပါမယ်။ အနာ သက်သာဆေးလဲ ကူပါ။ တချို့ကြ Quinine ငှက်ဖျားသုံးဆေးလဲ ပေးရတတ်တယ်။

စိတ်ကို အေးငြိမ်းနိုင်အောင်လဲ ကြိုးစားပါ။ စိတ်တန်ခိုးကို ကျွန်တော်တို့ အရှေ့တိုင်းသားတွေက ပိုနားလည်ကြတယ် မဟုတ်လား။

January 28, 2011 9:45 PM
Q 2: အသက် ၃ဝ ပါရှင့်၊ သားလေး ၁ ယောက်ရှိပါတယ်။ ၃ နှစ်ပါရှင့်။ လွန်ခဲ့တဲ့ ၁ လနေစပြီး အဖြူဆင်းပါတယ်။ ယခင်ကတော့ ရာသီမလာခင် ၁ ပတ်လောက်တွင် လာတတ်နေကြမို့ သိပ်အလေးမထားမိပါ။ နောက် ၂ ပတ်လောက် ကြာတော့ နေ့စဉ် လာမြဲမို့ စိတ်အနှောက်အယှတ် ရှိလာပါတယ်။ ၃ ပတ်မြောက်မှာတော့ ဗယ်ဘက်ဆီးစပ်မှာ နာနေပြီး အဖြူလည်း ဆက်ဆင်းပါတယ်။ ယခု ၁ လမှာတော့ အိပ်နေရင်လည်း သိလာတယ်။ ဆီးစပ်က ဗယ်ဘက်အခြမ်းပဲ နာတယ်။ ထိုင်ရင်လည်း နာတယ်။ အမြဲမဟုတ်ပေမယ့် နာတာကိုသိသိသာသာ ခံစားလာရပါပြီး တစ်ခါတစ်ခါ အဖြူရောင် တစ်ခါတစ်လေ အဝါရောင် နဲ့ ဂျယ်လီလိုပဲ နှပ်ချေးနဲ့လည်း တူတယ်။ အချွဲတန်းကြီး အဖြူတွေဆင်းနေတာ ဆီးစပ် ဗယ်ဘက်က နာတာ သားအိမ်ကင်ဆာလား။ သားအိမ်ရောင်နေတာလား။ ပုံမှန် အဖြူဆင်းတာလား။ အဲဒီရောဂါတွေ ဖြစ်နေပြီးလား။ ဘာဆေး သောက်ရမလဲ။ ဆရာဝန်နဲ့ပြဖို့ လိုနေပြီးလား။

“အသက် ၁၈ နှစ်ပြည့်မှ ဖတ်ပါ (၁၅) Vaginal Discharge မွေးလမ်းကြောင်းမှ အဖြူဆင်းခြင်း” ကို တိုက်ရိုက် ပို့လိုက်ပါမယ်။

မစိုးရိမ်ပါနဲ့။ ကင်ဆာ မဟုတ်ဘို့ သေခြာသလောက်ပါ။ ဆေးလဲ ဈေးမကြီးပါ။
၁။ Metronidazole တခါသောက် ၁ ပြား၊ တနေ့ ၃ ကြိမ်၊ ၅-၇ ရက်သောက်ပါ။
၂။ Clotrimazole vaginal tablet မွေးလမ်းထဲထည့်ရန်ဆေး၊ 100 mg ၆ ညထည့်ပါ။ 200 mg ဆိုရင် ၃ ညထည့်ပါ။
၃။ Ceftriaxone, Ciprofloxacin 500 mg တနေ့ ၂ ကြိမ်၊ ၃ ရက် သောက်ပါ။ ဒါမှမဟုတ်
တချို့မှာ အခုပြောတဲ့ဆေးထဲက နံပါတ် ၁ မျိုးနဲ့ တောင်ရပါတယ်။ တကယ်လို့ ခင်ပွန်းမှာ STD တခုခုရှိနေရင် ပို့လိုက်တဲ့ စာထဲက ပါတာ တခုခုလိုနိုင်ပါတယ်။

Feb 17, 2011 at 9:31 PM
Q 3, 4, 5: (၁) ကျွန်တော်က ညည တစ်နာရီ၊ နှစ်နာရီမှ အိပ်ဖြစ်ပါတယ်။ နှစ်နာရီလောက်မှ အိပ်ရာဝင်ရင် ခြေတွေ လက်တွေ ပူနေပါတယ်။ အဲဒါ ဘာကြောင့်ပါလဲ။
(၂) ရွံတာကို အင်္ဂလိပ်လို ဘယ်လိုခေါ်ပါသလဲ။ ဘာကြောင့်ဖြစ်ရတာလဲ။ ဇီဇာကြောင်တာက စိတ်ရောဂါပါလား။ ကုလို့ရပါသလား။
(၃) ကျွန်တော်က (့) မှာ နေနေပါတယ်။ ရထားပေါ်မှာပဲဖြစ်ဖြစ် နေ့ခင်း တရေးအိပ်ရင်ပဲဖြစ်ဖြစ် ညအိပ်ရင်ပဲဖြစ်ြဖစ် အိပ်ပျော်ခါနီး အကြောဆတ်ခနဲဆွဲပြီးမှ အိပ်ပျော်တတ်သွားပါတယ်။ ကိုယ်ကိုကိုယ်လည်း သတိထားမိပါတယ်။ အဲဒါ ဘာကြောင့်ပါလဲ။

၁။ ခြေတွေ လက်တွေ ပူနေသူ အသက်၊ ဖြစ်နေတာဘယ်လောက်ကြာ သိခြင်ပါသေးတယ်။ များသေားအားဖြင့် အစာအဟာရ မှန်နေသူတွေမှာဖြစ်ရင် Stress စိတ်ဖိအားများလို့ ဖြစ်ကြတယ်။ အာဟာရဆိုရင် ဗီတာမင် ဘီ ၁ နည်းလို့လဲ ဖြစ်မယ်။ ဘီ၁ နည်းသူမှာ တခြားဟာတွေလဲ နည်းနေတတ်တယ်။ ဘယ်လိုကြောင့်ဖြစ်ဖြစ် Vitamin B Complex စားဆေး ပုံမှန်သောက်နိုင်တယ်။ နောက်တမျိုးက Neurobion ဆေးသောက်နိုင်တယ်။

၂။ ရွံတာကို အင်္ဂလိပ်လို Disgusting, loathsome, feeling repugnance or loathing လို့ ခေါ်နိုင်မယ်ထင်ပါတယ်။ ဇီဇာများတာ စိတ်ရောဂါလို့ မပြောချင်ပေမဲ့ စိတ်အခြေခံပါတယ်။ လူတွေမှာ အကြိုက်တွေ အတော်ကြီးမတူကြပါ။ အကြား၊ အမြင်၊ အနံ၊ အရသာ စတာတွေ မတူကြပါ။ ကိုယ်မကြိုက်တာကို ဖါသီးဖါသာ နေနိုင်သူရှိသလို မြင်တာ၊ ကြားတာ၊ အနံ့ရတာနဲ့ ပျို့ချင်၊ အန်ချင်လောက်အောင်အထိ မခံနိုင်သူတွေရှိတယ်။ တခါတလေ စိတ်ကူးတာနဲ့တောင် အဲလို မခံမရပ် ဖြစ်တတ်သေးတယ်။ အများစုက နှစ်ခြိုက်တာ၊ လက်ခံတာကို ကိုယ်ကနေ ခါးခါးသီးသီ၊ ရွံရွံမုန်းမုန်း ဖြစ်တာတော့ လွန်လာပြီ။ ငယ်စဉ်၊ နုစဉ်မှာ ပိုဆိုးတယ်။

အသက်၊ အတွေ့အကြုံ၊ စဉ်းစား-တွေးခေါ်မှု ရင့်ကျက်လာရင် သက်သာလာ၊ လက်ခံလာကြတယ်။ တချို့မှာ ပြောင်းပြန်လို ဖြစ်လာနိုင်တယ်။ ဥပမာ ငါးပိအနံ့ မခံနိုင်လွန်းသူ ငါးပိ စားတတ်လာတာမျိုး။ ဒါ့ကြောင့် ပြုပြင်လို့ရပါတယ်။ ကလေးတွေ ဆိုရင် မိဘ-လူကြီးတွေကနေ ပြင်-သင် ပေးသင့်တယ်။ အရွယ်ရသူတွေ ကိုယ့်အသိနဲ့ကိုယ် ပြင်သင့်တယ်။

(အလာဂျီ) နဲ့ မတူပါ။ မတည့်တာ ကြုံလာရင် ယားယံတာ၊ နီမြန်းတာ၊ ဆီး-ဝမ်းသွားချင်တာ စတာတွေ ဆက်တိုက် ဖြစ်လာတယ်။

၃။ အကြောဆွဲတာကို သိပ်မရှင်းလှပါ။ သိတာ ပြောပါမယ်။
Muscle twitches ဖြစ်တာ ရောဂါဆိုးမဟုတ်ပါ။
• Stress စိတ်ဖိအားများတာ နဲ့ Anxiety စိုးရိမ်စိတ် ကဲနေရင်လဲ ဖြစ်တယ်။
• အာဟာရချို့တဲ့တာ၊ Caffeine (ကေဖင်း) များတာ၊ Diuretics ဆီးသွားဆေး၊ Corticosteroids စတီရွိုက်ဆေး၊ Estrogens (အီစထိုဂျင်) ဆေးတွေသောက်တာ၊ လေ့ကျင့်ခန်း များသွားတာတွေကြောင့်ဖြစ်မယ်။ မျက်ခွံ-မျက်ခမ်း-နှုတ်ခမ်း လှုတ်တာ၊ ခြေသလုံး-ကြွက်သား လှုတ်တာ၊ လက်ချောင်း လှုတ်တာတွေက ရောဂါမရှိဘဲ ဖြစ်တယ်။
• ရောဂါတွေဆိုရင် Amyotrophic lateral sclerosis ရောဂါ၊ Damage to the nerve that leads to a muscle ကြွက်သားကို သွားတဲ့ အာရုံကြောပျက်စီး-ထိခိုက်တာ၊ Muscular dystrophy ကြွက်သား လှီရောဂါ၊ Myopathy ကြွက်သား အားနည်းရောဂါ တွေဖြစ်တယ်။ ဒါတွေဖြစ်ရင် Loss of, or change in sensation ထုံတာ၊ Loss of muscle size လှီတာ၊ Weakness အရင်လို မလှုတ်ရှားနိုင်တာတွေနဲ့ တွဲနေမယ်။