ကျန်းမာရေးနဲ့ဆေးပညာ မေးလိုတာရှိပါက

ဒီဘလော့ခ်ထဲကစာတွေကို တခြားနေရာမှာ ကျွန်တော့်ခွင့်ပြုချက်မပါဘဲ ကူးယူပြီး မတင်ဘို့ စည်းကမ်း သတ်မှတ်ထားပါတယ်။

ကျန်းမာရေး နဲ့ ဆေးပညာ မေးလိုတာရှိပါက
• ဖြစ်တဲ့သူရဲ့ အသက်၊ ကျား-မ ပြောပါ။ ရောဂါလက္ခဏာ ၁-၂-၃။ တခုတိုင်းက ဘယ်လောက် ကြာပြီ။
• လိုအပ်ရင် ကျန်းမာရေးရာဇဝင်၊ ဓါတ်မှန်၊ (အာလ်ထွာဆောင်း)၊ ဆေးစစ်ချက်၊ လိုအပ်ရင် အိမ်ထောင်၊ ကလေး၊ ရှိ-မရှိ။ နေတဲ့တိုင်းပြည်၊ မြို့ထည့်ရေးပါ။ လူနာမည်၊ နေရပ်လိပ်စာအတိအကျ ကိစ္စမရှိပါ။
• ဆေးနာမည်ရေးရင် Trade name ကုမ္ပဏီကပေးတဲ့နာမည်သာမက Generic name ဆေးနာမည် ထည့်ရေးပါ။
• ဆေးစာ၊ ဆေးစစ်ချက်၊ ဝေဒနာတွေကို စကန်လုပ်ပြီးဖြစ်ဖြစ်၊ ဓါတ်ပုံရိုက်လို့ဖြစ်ဖြစ် ပို့နိုင်ပါတယ်။ ဓါတ်ပုံကို ခွင့်မယူဘဲ အသုံးမချပါ။
• အိမ်ထောင်ရေးနဲ့ လိင်ပိုင်းဆိုင်ရာမေးခွန်းတွေကို Facebook ကနေ မမေးပါနဲ့ မဖြေပါ။ တိုက်ရိုက်သာမေးပါ။
• အီးမေးလ် အခက်အခဲရှိလို့ Facebook message မှာဖြစ်ဖြစ် Chat box မှာဖြစ်ဖြစ်ရေးရင်လဲ အားသလား၊ မေးလို့ရလား ရေးမနေဘဲ၊ တခါတည်း မေးခွန်းသာရေးလိုက်ပါ။
• Facebook Comment ကနေမေးတာ-ဖြေတာ အဆင်မပြေပါ။
စာရှည်ရေးမရပါ။ သူများတွေကို အနှောင့်အယှက်ဖြစ်နိုင်ပါတယ်။
• နာမ်စားသုံးတာမှာ ကိုယ်ကိုယ်ကို ‘သား’၊ ‘သမီး’ လို့ သုံးရင် မေးတဲ့သူရဲ့ သားသမီးလား ထင်မှတ်မှားနိုင်တာသတိပြုပါ။
• SMS အရေးအသားမျိုးကို မဖတ်ပါ။ မြန်မာစကားကို အင်္ဂလိပ်စာလုံးနဲ့ရေးတာကို မဖတ်ပါ။
• ဘလော့ခ် နဲ့ ဖေ့စ်ဘွတ်မှာ အမေး-အဖြေတွေကိုသုံးတဲ့အခါ မေးတဲ့သူရဲ့ ကိုယ်ရေး အချက်အလက်တွေ မပါစေရပါ။
• ဖုန်းဆက်ပြီးမေးရင် Time zone မတူတာရော၊ အသံထွက် လွဲနိုင်တာရောကြောင့် အဆင်မပြေပါ။ ကျွန်တော့်မှာ Viber မရှိပါ။ ဖေ့စ်ဘွတ် ဖုန်း-ဗီဒီယို အဆင်မပြေပါ။ Skype ကိုတော့ နိုင်ငံရေးနဲ့ မိသားစုအတွက်သာသုံးပါတယ်။
drswe01@gmail.com ကို (အီးမေးလ်) ပို့ပါ။

(ဘလော့ခ်) တွေထဲ ဝင်ဖတ်ဘို့ အကြံပြုပါတယ်။
- http://dts-medicaleducation.blogspot.in/ ဆေးပညာစာများ
- http://yamuna-online-clinic.blogspot.in ယမုန်နာ ဆေးခန်း
- http://my-sayawun-life.blogspot.in/ ဆရာဝန်ဘဝ အမှတ်ရတာတွေ
- http://dts-political-page.blogspot.in/ နိုင်ငံရေး စာမျက်နှာ
- http://www.facebook.com/pages/Dr-Tint-Swe/490031307758025?skip_nax_wizard=true ဖေ့စ်ဘွတ်
- https://tintswe.wordpress.com/ Dr. Tint Swe ဒေါက်တာတင့်ဆွေ ဆေးပညာစာများ

Sunday, February 6, 2011

Q and A February 2011 (6)

1. တိုင်းပြည်မရွေး အလွယ်တကူ ဖတ်နိုင်အောင် Domain အသစ်ဝယ်ပြီး ပြောင်းစေလိုပါတယ်
2. ဆရာမ ခင်ဗျား
3. ညီမလေး မျှော်နေမယ်နော်
4. အရှက်တကွဲ ဖြစ်ရမှာမိုလို့ အကူတောင်းခံပါတယ်
5. ကျူးကျူးလွန်လွန်တွေ ဖြစ်သွားခဲ့ပါတယ်
6. Mifepristone 600mg ဆိုတဲ့ဆေးကို ဝယ်လို့မရပါဘူး
7. အမျိုးသားလည်း အရမ်း ကလေးလိုချင်ပါတယ်
8. I have Gall stone
9. ကိုယ်ဝန်ရှိပြီဆိုရင် နောက်လမှာပဲ ရာသီသွေး ရပ်ပါသလား
10. ခန္ဓာကိုယ်ဟာ အများသူငါထက် ပိုပြီးပူပါတယ်
11. သားအိမ်ထုတ်ပြီး သားဥပြွန်တော့ ချန်ထားသေးတယ်
12. နားနဲ့ မနာ ဖဝါးနဲ့ နာပါရှင့်
13. နံနက်ခင်း အိပ်ယာထ လိင်အင်္ဂါတင်းမာမှု ဖြစ်တာဟာ

2011/2/21
Q 1: ဆရာရှင့် ဆရာ့ဆိုဒ်က ကျန်းမာရေးဗဟုသုတ များစွာရစေတာ အမှန်မို့ နေရာဒေသ တိုင်းပြည်မရွေး အလွယ်တကူ ဖတ်နိုင်အောင် Domain အသစ်ဝယ်ပြီး ပြောင်းစေလိုပါတယ်။ Blogspot က မြန်မာပြည်ကနေဖတ်ရင် အဆင်မပြေလှပါ။ ကျော်ရ ခွရနှင့် တခါတရံ ကွန်နက်ရှင် မကောင်းတော့ တစ်မျက်နှာကို အချိန်တော်တော်ယူပြီး ဖတ်ရပါတယ်။ Cbox မှာ မေးတာ ဖြေတာတွေ ရက်ကျော်လွန်ရင် အဟောင်းများ ဖတ်၍မရတော့ပါ။ ရေးပြီးသား ပို့စ်တွေ ဘယ်လို ပြောင်းရ ရွေ့ရတယ်ဆိုတဲ့ နည်းပညာပိုင်း အခက်အခဲကို ထည့်မစဉ်းဘဲ စာဖတ်သူအနေဖြင့် တောင်းဆိုခြင်းသာ ဖြစ်ပါတယ်ရှင့်။ ဖတ်ရလွယ်လှ အကျိုးများသော ဆိုဒ်တစ်ခုဖြစ်လာစေရန် ရည်မျှော်လျှက် -

အကြံပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ တလောကလဲ မန္တလေးက (ဒိုမိန်း) တခုကနေ သူတို့ဆီ ပြောင်းလာဘို့ ဖိတ်တယ်။ ဆရာလဲ လုပ်ကြည့်သေးတယ်။ Blogspot က အဲလိုလုပ်လို့ မရဘူး။ အခုပြောသလို လုပ်ကြည့်ပါအုံးမယ်။ ကူလုပ်ပေးမဲ့ တယောက်လောက် ရှာရအုံးမှာပေါ့။ ဆရာက နားလဲ မလည်လှသလို အချိန်လဲ မရဘူး။ ကျေးဇူးဘဲ။

2011/2/19
Q 2: ဆရာမ ခင်ဗျား။ မရိုမသေ မေးခွန်း တစ်ခု မေးခွင့်ပြုပါ။ ကျွန်တော့်ကို စိတ်မဆိုးပါနဲ့ ရှင်းရှင်းလင်းလင်း သိချင်လို့ပါ။ ဆရာမကို စော်ကားလိုတဲ့ ရည်ရွယ်ချက် မပါပါဘူး။ ယောက်ျားလေး တန်ဆာကျိုးရခြင်း အကြောင်းအရင်းကို ဖော်ပြပါ။ တန်ဆာကနေ ပြည်အပုပ်တွေ ကျပြီးတော့ ကျွန်တော့် သုံးခေါက်လောက် ဖြစ်ဘူးတယ်။ အဲဒီအကြောင်း အပြည့်အစုံ ပြောပြပါလား။

ကျွန်တော့် (ဆိုဒ်) ကို ဝင်ကြည့်-မကြည့် မပြောတတ်ပါ။ Profile မှာ ဓါတ်ပုံပါ တင်ထားပါတယ်။ ဆရာမ မဟုတ်ပါခင်ဗျား။
ဆိုင်မဲ့ စာ ၂ ပုဒ် ပို့ပေးပါတယ် http://dts-medicaleducationblogspotcom/
1. Lesions on penis ကျားအင်္ဂါ အနာများ
2. အသက် ၁၈ နှစ်ပြည့်မှ ဖတ်ပါ (၁၄)

21 Feb 11, 14:00
Q 3: မမ ညီမလေး ဆံပင်အဖျားတွေ ကွဲနေလို့ ဘယ်လိုရင် ကောင်းမလဲ အကြံဥာဏ်လေးပေးပါ။ အဆင်ပြေနှိင်မည် ဆိုလျှင် mail လေးပို့ပေးပါ။ ညီမလေး မျှော်နေမယ်နော်။ ပို့ဖြစ်အောင် ပို့ပေးပါ။

ကျွန်တော့်ကို မမ လို့ ခေါ်ချင်တာလား။ ဖြစ်တဲ့သူက မေးတဲ့သူရဲ့ ညီမလေးလား။ (ဘလော့ခ်) ထိပ်မှာ ဆရာ့ဓါတ်ပုံ တင်ထားပါတယ်။ ဆံပင်အဖျားတွေ ကွဲတယ်ဆိုတာကို ရှင်းအောင်ပြောပါအုံး။

2011/2/15
Q 4: အကြောင်းကတော့ အရှက်တကွဲဖြစ်ရမှာမိုလို့ အကူတောင်းခံပါတယ်။ ကိုယ်ဝန် ရနေလို့ပါ။ ရပ်ဝေးမှာလဲ ရောက်နေလို့ပါ။ ၂ လနှင့် ရက်နဲနဲ ကျော်ကျော်လေးပါ။ အကူပေးပါရန် မေတ္တောရပ်ခံပါတယ်။ အသက်ကိုလဲ ဒုက္ခ မရောက်အောင်လို့ ကူညီပေးပါရန်။ ဘယ်လိုပုံစံနဲ့ လုပ်ရမလဲလို့ပါ။ တက်နိင်သလောက် ကူညီပေးပါရန် တောင်းခံပါတယ်။

ဆရာက ဆေးပညာစာကိုသာ ရေးပါတယ်။ ကိုယ်ဝန်ဖျက်တာကို လုပ်မပေးပါ။ အကြံဥာဏ်လဲ မပေးပါ။ မြန်မာပြည်က ဆေးပညာ သင်ထားလို့ ဖြစ်ပါတယ်။
1. အသက် ၁၈ နှစ်ပြည့်မှ ဖတ်ပါ (၂၈) Emergency contraception အရေးပေါ် တားဆေး
2. အသက် ၁၈ နှစ်ပြည့်မှ ဖတ်ပါ (၃၂) Abortion မလိုချင်တဲ့ ကိုယ်ဝန်
3. အသက် ၁၈ နှစ်ပြည့်မှ ဖတ်ပါ (၄၃) Abortion Complications ကိုယ်ဝန်ဖျက်ခြင်းရဲ့ နောက်ဆက်တွဲများ

2011/2/19
Q 5: သမီးတို့ နှစ်ယောက်ဟာ ကျူးကျူးလွန်လွန်တွေ ဖြစ်သွားခဲ့ပါတယ်။ အဲလိုဖြစ်သွားတဲ့အခါ ဆေးပေးခန်းကလည်းရှား၊ ဆေးရုံဆေးခန်း ကောင်းကောင်း မရှိသည့် နယ်စပ်မြို့လေးမှာပါ။ သူနဲ့ ရတဲ့ ကိုယ်ဝန်သုံးလ လွယ်ထားရပါတယ်။ သို့သော် ယူရန် မဖြစ်သဖြင့် ဘယ်လိုလုပ်ရမယ်ဆိုတာ ဆရာဆီမှ အကူတောင်းခံအပ်ပါသည်။

Sorry! ဆရာက မြန်မာပြည်က ဆေးပညာသင်ထားသူဖြစ်လို့ လုပ်မပေးပါ။ ဆေးစာလဲမညွှန်းပါ။ ဆေးပညာသုတ အတွက်တော့ စာရေးပါတယ်။
1. Abortion မလိုချင်တဲ့ ကိုယ်ဝန်
2. အသက် ၁၈ နှစ်ပြည့်မှ ဖတ်ပါ (၁ဝ)

2011/2/19
Q 6: ဆရာရဲ့မေးမှာ ဖတ်ကြည့်တဲ့စာအရ “အသက် ၁၈ နှစ်ပြည့်မှ ဖတ်ပါ (၃၂) Abortion မလိုချင်တဲ့ ကိုယ်ဝန်” ဆိုတဲ့ ဆေးအသိစာပေထဲမှာ Mifepristone 600mg ဆိုတဲ့ဆေးကို ဝယ်လို့မရပါဘူး။ အဲဒါလေး သိချင်လို့ပါ။ ပြီးတော့ Misoprostol 400µg ဆိုတဲ့ဆေးဟာလည်း Misoprostol 100 µg ပဲရပါတယ်ဆရာ။ အသုံးပြုပုံကိုလည်း သိပ်ပြီး နားမလည်ပါဘူး။ Mifepristone 600mg ဆေးကို ဝယ်လို့ အဆင်မပြေတဲ့အတွက် အဲဒီဆေး နှစ်မျိုး တွဲသုံးရမဲ့အစား အဲလိုမျိုး အလားတူဝယ်လို့ လွယ်ကူတဲ့ဆေးမျိုး ရမလားဆိုတာ သိချင်ပါတယ်။ တစ်မျိုးတည်း သုံးလို့ရမဲ့ဆေးဆို ပိုအဆင်ပြေပါတယ်။ ကျွန်တော်၏ဘဝနဲ့ ထပ်တူ အရေးကြီးတဲ့ကိစ္စဖြစ်လို့ နားနဲ့မနာ ဖဝါးနာပါ။

Misoprostol ဆေးက ပျက်နေတာကိုသာ ကျစေနိုင်ပါတယ်။ IUCD ပစ္စည်းထည့်တာလဲ နည်းတခုဖြစ်ပါတယ်။ Copper T လို့လဲ ခေါ်တယ်။ နားလည်သူကနေသာ ထည့်ပေးနိုင်ပါမယ်။ သားဖွါးဆရာမ-သူနာပြုဆရာမလဲ လုပ်တတ်သူတွေရှိတယ်။

2011/2/16
Q 7: သမီးက အိမ်ထောင်ကျတာ တစ်နှစ်နှင့် သုံးလ ရှိပါပြီ။ အရင်က တားဆေးကဒ် ၆ လ စားဖူးပါတယ်။ အခု ဖြတ်လိုက်တာ ကြာပါပြီ။ ကလေးလိုချင်လို့ပါ။ အမျိုးသားလည်း အရမ်း ကလေးလိုချင်ပါတယ်။ သမီးရဲ့အသက်က ဒီမေလဆိုရင် ၂၆ ပြည့်ပါပြီ။ သမီးက ရာသီလာတာ တစ်လတစ်ခါမှန်ပါတယ် ရက်တော့မမှန်ပါဘူး။ ရက်က နောက်ကျသွားတက်ပါတယ်။ အခုဒီလ ၅-၆-၇ ရာသီလာရမှာ မလာသေးပါဘူ။ ကိုယ်ဝန် ရှိမလား ဆိုပြီး ဆီးစစ်တာ မထူးပါဘူး။ အဲဒါကြောင့် ဘယ်လိုလုပ်ရမလည်းဆိုတာ အကြံဥာဏ်လေး ပေးပါ။

ဖတ်ပြီးပြီလားတော့ မသိပါ။ ရေးပြီးသား ၂ ပုဒ် ပို့ပေးလိုက်ပါတယ်။ ဖတ်ပြီး လိုအပ်တာ လုပ်ကြပါ။ နောက်တော့ လိုသေးတာ မေးပေါ့။ ကျန်းမာ-ချမ်းသာကြပါစေ။ သားသမီး ရတနာတွေ ထွန်းကားပါစေ။
1. အသက် ၁၈ နှစ်ပြည့်မှ ဖတ်ပါ (၁၅) Infertility (1) ကလေးမရနိုင်သေးခြင်း (၁)
2. Q and A Infertility ကလေးမရနိုင်သေးခြင်း အမေး-အဖြေများ

2/21/2011 9:08 AM
Q 8: Dear Sir, I have Gall stone and take medicine (URSA-S, Neopeptine, Panzo-D) over six months by direction of Physician (Dr. …..) and still exist Gall Stone (5mm) in Ultrasound. I still need to vomit gas every night before sleep and sometime. I cannot sleep well the whole night because of gas in stomach. I am 38 Year old male. I got mail from my friend as follow and can I try this method? How about side effect and this method is reliable or not?
သဘာဝနည်းဖြင့် သည်းခြေကျောက်ကို ဖယ်ရှားနည်း။ (Dr. Lai Chiu-Nan နည်းပေးသည်)

Please read these two. I see same home remedies.
1. Gall stone သည်းခြေကျောက်

2011/2/20
Q 9:
၁။ အမျိုးသမီးတွေမှာ ယောက်ျားနဲ့ ဆက်ဆံပြီးတာနဲ့ ကိုယ်ဝန်ရှိပြီဆိုရင် ဆက်ဆံပြီးပြီးချင်း နောက်လမှာပဲ ရာသီသွေး ရပ်ပါသလား။ ဆက်ဆံပြီး နှစ်လ သုံးလ ကြာမှ ရပ်ပါသလား။ (ကြားလများတွင် မဆက်ဆံပဲနဲ့)
၂။ အကယ်၍ ကိုယ်ဝန်ရှိတယ်ဆိုပါက ဘယ်လို လက္ခဏာများ ပြပါသလဲ။

• ကိုယ်ဝန်ရှိတယ်ဆိုတာ ဆက်ဆံတာ ၁ ကြိမ်ထဲနဲ့လဲ ဖြစ်နိုင်တယ်။
• ကျားသုတ်ပိုးနဲ့ မမျိုးဥတွေ တွေ့ဆုံ-ပေါင်းစပ်-သန္ဓေဖြစ်-သားအိမ်မှာ လာကပ်တာနဲ့ ကိုယ်ဝန်ရပြီ။ ဒိနောက် ရာသီသွေး ဆိုတာ မဆင်းတော့ပါ။ ဆက်ဆံတဲ့လက ချက်ချင်းစတယ်။ ဆက်ဆံမှုအကြိမ်နဲ့ မဆိုင်ပါ။
• ရာသီသွေး မဟုတ်ဘဲတော့ သွေးဆင်းနိုင်သေးတယ်။
• “Morning sickness ကိုယ်ဝန်ဆောင်စ လက္ခဏာများ” ကိုလဲ ဖတ်ပါ။

2011/2/20
Q 10: ကျွန်တော်ဟာ (့) နိုင်ငံ (့) မြို့ (့) တက္ကသိုလ်တွင် ကျောင်းတက်နေတာပါ။ ကျွန်တော့် ခန္ဓာကိုယ်ဟာ အများသူငါထက် ပိုပြီးပူပါတယ်။ အမြဲတမ်းလိုလို ပူနေပြီး နဲနဲ လှုပ်ရှားလိုက်တာနဲ့ ချွေးထွက်နေတော့တာ၊ အိပ်ယာ ဝင်ရင်လဲ တန်းပြီးအိပ်လို့မရဘူး။ ချွေးတွေသုတ်နေရတာ၊ အပူအားကြီးတယ်ထင်ပါတယ်။ အဲဒီအတွက် ဘယ်လို နေထိုင်သင့်တယ် ဘယ်ဆေးဝါးတွေ မှီဝဲသင့်တယ်ဆိုတာ သိချင်လို့ပါ။ နောက်တစ်ခုက အရမ်းကို ညောင်းတတ်တာပါ။ အတန်းတက်ရ ကွန်ပျူတာ အင်တာနက်သုံးတာ၊ အတန်းစာတွေဖတ်ရတာနဲ့ နေ့တိုင်း ခန္ဓာကိုယ်က ညောင်းကိုက်နေတာ၊ အကြောပြေလိမ်းဆေးတွေလူး၊ စားဆေးစား လမ်းလျောက် လေ့ကျင့်ခန်းလုပ်ပေမယ့် မသက်သာပါဘူး။

စာဖတ်ပြီး လိုသေးရင် မေးပါ။
1. Hyperhidrosis ချွေးထွက် များလွန်းလို့

2011/2/20
Q 11: ဆရာရှင့် ကျမ ဖေဖော်ဝါရီ ၁၄ ရက်နေမှာ ခွဲပြီး သားအိမ်ထုတ်ပြီး သားဥပြွန်တော့ ချန်ထားသေးတယ်။ ဆေးရုံကနေ ၁၈ ရက်နေ့ က ဆင်းပါတယ်။ ဆေးရုံမှာတုံးက အခြေအနေတွေ အကုန်ကောင်းပါတယ်။ ၁၈ ရက် ညကနေစပြီး သွေးလိုလိုနဲ့ သားငံရည် နည်းနည်းဆင်းနေတယ်။ အဲဒါအန္တရာယ်ရှိလား သိချင်လို့ပါ။ ဆေးရုံက ပြန်ချိန်းထားတာ မတ်လ ၂ ရက်နေ့ မှာ ဖြစ်တယ်။ တကယ်လို့ စိုးရိမ်ရတဲ့လက္ခဏာဆိုရင် ဆေးရုံပြန်သွားပြချင်တယ်။ ပြီးတော့ ဗိုက်ခွဲတဲ့အခါ ကန့်လန့်ခွဲတာနဲ့ ဒေါင်လိုက်ခွဲတာ ဘာကွာခြားမှုရှိသလဲဆိုတာ သိချင်တယ်။ လွန်ခဲ့တဲ့ ၃ နှစ်က ကျမသူငယ်ချင်းက ဒေါင်လိုက်ခွဲပြီး သားအိမ်ထုတ်တာ သူကတော့ ခွဲပြီး သတိရတာနဲ့ နာကျင်မှုမရှိဘူး ကျမကတော့ ကန့်လန့်ခွဲတာဖြစ်ပြီး အခုထိ အထိုင်အထ အသွားအလာမှာ နာကျင်မှုရှိနေသေးတယ်။ အဲကွာခြားချက်ကို သိချင်လို့ပါ၊ အဲဒီသူငယ်ချင်းကလည်း မေးခိုင်းလို့ပါ သူက သားအိမ်ထုတ်ပြီးနောက် ဒူးဆစ်တွေနာတယ် လက်နဲ့ ခေါက်ရင်တောင် နာတယ်တဲ့။ အဲဒါ သားအိမ် ထုတ်လိုက်လို့ ဖြစ်တာလားဆိုတာ သိချင်လို့ပါ၊ သူလည်း သားအိမ်ပဲထုတ်ပြီး သားဥပြွန်ရှိတယ်။ သားငန်ရေကို အင်္ဂလိပ်လို ဘယ်လို ခေါ်ပါသလဲ။

• ခွဲတာက သားအိမ်ထုတ်တာမှာ Cervix သားအိမ်အဝ ခေါ်တဲ့ တချို့ကလဲ သားအိမ်ခေါင်းလဲ ခေါ်ကြတယ်၊ အဲဒါကို ဘယ်လိုလုပ်သလဲ မပြောတတ်ပါ။ ချန်တဲ့အခါ ချန်တယ်။ ထုတ်ချင်လဲ ထုတ်ပါသေးတယ်။ Cervix ကနေ စောစောက ပြောတာတွေ ဆင်းနိုင်တယ်။ သူမကျန်ရင်လဲ သားအိမ်ထုတ်ပြီး ပြန်ပိတ်-ချုပ်တဲ့ အတွင်း ချုပ်ရိုးကနေလဲ တခုခု ဆင်းနိုင်ပါတယ်။ ဒါမျိုးက သတိထားစရာရော မလိုတာပါဖြစ်နိုင်တယ်။
• အနာတခု မကျက်ခင်မှာ ထွက်တာမျိုးက ဘာမှ ထူးလုပ်စရာမလိုပါ။ ညှီနံ့လေးနဲနဲသာရှိမယ်။ ကိုယ်မပူဘူး။ အထဲချုပ်ရိုးကို ထိရင် မနာဘူး။ သန့်ရှင်းရေးသာ ဂရုစိုက်ပါ။ ပေးထားမဲ့ ဆေးရည်သာသုံးပါ။ မရှိရင် အပျော့စား ပိုးသတ်ဆေးရည် ဥပမာ Savlon, Dettol ကို နေဲ့ရော သုံးပါ။ ဆေးအပြင်စားတွေ မထည့်ပါနဲ့။
• တကယ်လို့ ပိုးဝင်တာဆိုရင် ကိုယ်ပးမယ်။ အနံ့ဆိုးမယ်၊ ဆင်းတာများများလာမယ်။ နာမယ်။ ဆရာဝန်ပြန်ပြပါ။ လိုအပ်ရင် Antibiotics ပေးမယ်။
• ခွဲကြောင်း-ချုပ်ရိုး ကန့်လန့်နဲ့ ဒေါင်လိုက်။ ဒေါင်လိုက်ခွဲတာ သမားရိုးကျဖြစ်တယ်။ ကန့်လန့်က ချုပ်ရိုး အမြင် လှအောင် ဖြစ်တယ်။ အတွင်းခံအထိလှန်မှ မြင်ရမယ်။ တချို့ဆို ခွဲထာမှန်တောင် ကြာရင် မသိသလိုဘဲ။
• နာတာ။ ကန့်လန့်ခွဲရတာရဲ့ ကောင်းချက်က ခွဲရတဲ့သူအတွက် သက်သာတယ်။ အထဲ အင်္ဂါတွေကို လွတ်လွတ် လပ်လပ် လုပ်နိုင်တယ်။ ဒါ့ကြောင့် အင်္ဂါတွေကို ထိကိုင်ရတာ သက်သာစေတယ်။ ဒါ့ကြောင့် လူနာ နာတာ သက်သာနိုင်တယ်။ Pain killer တခုခု သောက်ပါ။
• သားအိမ်ထုတ်ပြီးနောက် ဒူးဆစ်တွေ နာတာက ခွဲတာနဲ့ ဆိုင်နိုင်-မဆိုင်နိုင် ဖြစ်နိုင်တယ်။ Spinal anesthesia ခါးရိုးဆစ် ထုံဆေးနဲ့ ခွဲသူတိုင်း ခါးအောက်ပိုင်းမှာ တခုခု ဖြစ်ချင်ဖြစ်တတ်တယ်။ လူနာဖြစ်တုံးက အိပ်ရာထဲ ရက်ကြာသူတွေမှာ အောက်ပိုင်း တခုခုဖြစ်တတ်သေးပါတယ်။
• သားအိမ်ထုတ်တော့ ချန်ထားတာကို Ovaries မျိုးဥအိမ်ခေါ်ပါတယ်။ Utrine tubes သားအိမ်ပြွန်လဲ ဖြတ်ပါလိမ့်မယ်။ ကျန်နေနိုင်ပါတယ်။ ဘာလို့ သားအိမ် ထုတ်ရသလဲအပေါ် မူတည်ပါတယ်။

Sun 2/20/2011 1:17 PM
Q 12: နားနဲ့ မနာ ဖဝါးနဲ့ နာပါရှင့်။ ကျမ မိန်းမကိုယ် အတွင်းနှခမ်းသားမှာ အဖုကလေးတွေ ရှိပါတယ်။ ဒိအရင်က ရင်သားမှာ အဖုလေးတွေပေါက်ပြီး ယားလို့  အရေပြားဆရာဝန်နဲ့ ကုသခဲ့ရပါတယ်။ ညွှန်ကြားတဲ့အတိုင်း ဆေးလိမ်း ဆေးသောက်လိုက်တော့ ၁ဝ ရက်လောက်နဲ့ ပျောက်သွားပါတယ်။ ရင်သားဖြစ်ပြီး ၅လ လောက် အကြာမှာ မိန်းမကိုယ်မှာ ဖြစ်ပါတယ်။ ဆရာဝန်ပြဖို့  အချိန်မရဘဲ overseas ထွက်ခဲ့ရပါတယ်။ မိန်းမကိုယ်က အဖုလေးတွေက မသိမသာ ယားပါတယ်။ အဝါရောင်ဖျော့ဖျော့ အရည်နဲနဲ ဆင်းပါတယ်။ တခါတလေ အနံ့ဆိုး ထွက်ပါတယ်။ မွေးလမ်းကြောင်းက ယောင်ပြီး ပုံမှန်ထက် ကြီးနေသလိုပါဘဲ။ ဖြစ်တာ ၁ နှစ်ကျော်ပါပြီ။ တလောက ဆရာ့ဆေးပညာစာတွေဖတ်ပြီး Metronidazole 250mg ကို ၁ ရက် ၄ ကြိမ် နှုံးနဲ့  ၇ ရက် သောက်ပြီး။ Clotri-Denk 100 Vaginal ဆေးတောင့်ကို ၁ ရက် ၁ တောင့်နှုံးနဲ့ ၇ ရက်ထဲ့ပါတယ်။ အနံ့ဆိုးထွက်တာနဲ့  အရည်ဆင်းတာ သက်သာသလိုရှိ ပေမယ့် အဖုလေးတွေက ဒီအတိုင်းပါဘဲ။ အိမ်ထောင်ကျနေပြီဆိုတော့ သားအိမ် ကင်ဆာ အထိ ဖြစ်မှာစိုးရိမ်ပါတယ်။ အခု အနံ့ဆိုး ပြန်ထွက် နေပါတယ်။

• သားအိမ်ကင်ဆာ မဟုတ်နိုင်ပါ။
• သုံးခဲ့တဲ့ ဆေးတွေက မှန်ပါတယ်။ Metronidazole ကို ၃ ကြိမ်နဲ့ ရပါတယ်။ ဆေးတွေက မှိုဖြစ်တာကို ပျောက်စေပါတယ်။
• STD လိင်ကတဆင့် ကူးစက်တာတွေကိုတော့ မပျောက်ပါ။ အဖုလေးတွေရှိတာမျိုးက နောက်ဆေး လိုသေးတယ်။
• Doxycycline 100 mg တနေ့ ၂ ကြိမ် ၇-၁၄ ရက်။ ဒါမှမဟုတ် Ciprofloxacin 500 mg တနေ့ ၂ ကြိမ်၊ ၅ ရက် သောက်ပါ။

19 Feb 11, 21:58
Q 13: နံနက်ခင်း အိပ်ယာထ လိင်အင်္ဂါတင်းမာမှု ဖြစ်တာဟာ ပုံမှန်ပါလား။

ယောက်ျားတွေမှာ အဲလိုဖြစ်တာ ပုံမှန်ပါ။ Morning wood လဲ ခေါ်တယ်။ Morning tent လဲ ခေါ်တယ်။

Dr. တင့်ဆွေ
၂၂-၂-၂ဝ၁၁