ကျန်းမာရေးနဲ့ဆေးပညာ မေးလိုတာရှိပါက

ဒီဘလော့ခ်ထဲကစာတွေကို တခြားနေရာမှာ ကျွန်တော့်ခွင့်ပြုချက်မပါဘဲ ကူးယူပြီး မတင်ဘို့ စည်းကမ်း သတ်မှတ်ထားပါတယ်။

ကျန်းမာရေး နဲ့ ဆေးပညာ မေးလိုတာရှိပါက
• ဖြစ်တဲ့သူရဲ့ အသက်၊ ကျား-မ ပြောပါ။ ရောဂါလက္ခဏာ ၁-၂-၃။ တခုတိုင်းက ဘယ်လောက် ကြာပြီ။
• လိုအပ်ရင် ကျန်းမာရေးရာဇဝင်၊ ဓါတ်မှန်၊ (အာလ်ထွာဆောင်း)၊ ဆေးစစ်ချက်၊ လိုအပ်ရင် အိမ်ထောင်၊ ကလေး၊ ရှိ-မရှိ။ နေတဲ့တိုင်းပြည်၊ မြို့ထည့်ရေးပါ။ လူနာမည်၊ နေရပ်လိပ်စာအတိအကျ ကိစ္စမရှိပါ။
• ဆေးနာမည်ရေးရင် Trade name ကုမ္ပဏီကပေးတဲ့နာမည်သာမက Generic name ဆေးနာမည် ထည့်ရေးပါ။
• ဆေးစာ၊ ဆေးစစ်ချက်၊ ဝေဒနာတွေကို စကန်လုပ်ပြီးဖြစ်ဖြစ်၊ ဓါတ်ပုံရိုက်လို့ဖြစ်ဖြစ် ပို့နိုင်ပါတယ်။ ဓါတ်ပုံကို ခွင့်မယူဘဲ အသုံးမချပါ။
• အိမ်ထောင်ရေးနဲ့ လိင်ပိုင်းဆိုင်ရာမေးခွန်းတွေကို Facebook ကနေ မမေးပါနဲ့ မဖြေပါ။ တိုက်ရိုက်သာမေးပါ။
• အီးမေးလ် အခက်အခဲရှိလို့ Facebook message မှာဖြစ်ဖြစ် Chat box မှာဖြစ်ဖြစ်ရေးရင်လဲ အားသလား၊ မေးလို့ရလား ရေးမနေဘဲ၊ တခါတည်း မေးခွန်းသာရေးလိုက်ပါ။
• Facebook Comment ကနေမေးတာ-ဖြေတာ အဆင်မပြေပါ။
စာရှည်ရေးမရပါ။ သူများတွေကို အနှောင့်အယှက်ဖြစ်နိုင်ပါတယ်။
• နာမ်စားသုံးတာမှာ ကိုယ်ကိုယ်ကို ‘သား’၊ ‘သမီး’ လို့ သုံးရင် မေးတဲ့သူရဲ့ သားသမီးလား ထင်မှတ်မှားနိုင်တာသတိပြုပါ။
• SMS အရေးအသားမျိုးကို မဖတ်ပါ။ မြန်မာစကားကို အင်္ဂလိပ်စာလုံးနဲ့ရေးတာကို မဖတ်ပါ။
• ဘလော့ခ် နဲ့ ဖေ့စ်ဘွတ်မှာ အမေး-အဖြေတွေကိုသုံးတဲ့အခါ မေးတဲ့သူရဲ့ ကိုယ်ရေး အချက်အလက်တွေ မပါစေရပါ။
• ဖုန်းဆက်ပြီးမေးရင် Time zone မတူတာရော၊ အသံထွက် လွဲနိုင်တာရောကြောင့် အဆင်မပြေပါ။ ကျွန်တော့်မှာ Viber မရှိပါ။ ဖေ့စ်ဘွတ် ဖုန်း-ဗီဒီယို အဆင်မပြေပါ။ Skype ကိုတော့ နိုင်ငံရေးနဲ့ မိသားစုအတွက်သာသုံးပါတယ်။
drswe01@gmail.com ကို (အီးမေးလ်) ပို့ပါ။

(ဘလော့ခ်) တွေထဲ ဝင်ဖတ်ဘို့ အကြံပြုပါတယ်။
- http://dts-medicaleducation.blogspot.in/ ဆေးပညာစာများ
- http://yamuna-online-clinic.blogspot.in ယမုန်နာ ဆေးခန်း
- http://my-sayawun-life.blogspot.in/ ဆရာဝန်ဘဝ အမှတ်ရတာတွေ
- http://dts-political-page.blogspot.in/ နိုင်ငံရေး စာမျက်နှာ
- http://www.facebook.com/pages/Dr-Tint-Swe/490031307758025?skip_nax_wizard=true ဖေ့စ်ဘွတ်
- https://tintswe.wordpress.com/ Dr. Tint Swe ဒေါက်တာတင့်ဆွေ ဆေးပညာစာများ

Tuesday, February 8, 2011

Q and A February 2011 (8)

1. အိမ်ထောင် ကျခါစပါ
2. ကပ်ပယ်အိတ်မှာ အကျိတ်ကလေးတွေ ဖြစ်နေပါတယ်
3. အားအင်တွေ ကုန်ခမ်းသလိုခံစားရတယ်
4. အမေမှာ ဆီးချိုရောဂါများ ဖြစ်နေသလားလို့
5. စိတ် (လုံးဝ) မရှိတာကို တွေ့ရပါတယ်
6. ချွဲကျပ်တာ အင်္ဂလိပ်လို
7. ရင်သားအလှပြုပြင်ခြင်းနဲ့ပတ်သတ်ပြီးတော့လည်း
8. လေးငါးနှစ်က အကာအကွယ်မဲ့ ဆက်ဆံမိပြီး
9. Protinet ဆိုတဲ့ ပရိုတိန်းအားဆေးကို
10. Ranitidine နဲ့ Vave ဆိုတဲ့ အအန်ပျောက်ဆေးတွေ

Feb 28, 2011 at 12:33 AM
Q 1: လိင်ဆက်ဆံတဲ့အခါ တခါတရံ ဗိုက်အောင့်နေပါတယ်။ သားအိမ်က အောင့်တာပါ။ ရာသီလာလို့ အောင့်သလိုမျိုး၊ အမြဲတမ်းမဖြစ်ပါ။ ကျွန်မ စိုးရိမ်တာက သားအိမ်မှာ ပြဿနာရှိမှာ စိုးလို့ပါ၊ ကျွန်မအသက် ၂၆ ရှိပါပြီ၊ ခုမှ အိမ်ထောင် ကျခါစပါ။ အပျိုဘဝမှာလည်း ရာသီလာစဉ် ပထမရက်မှာ မခံမရပ်နိုင်အောင် အောင့်လေ့ရှိပါတယ်။ အခုအောင့်တာရော စိုးရိမ်စရာ ရှိပါသလား၊

• အမျိုးသမီး မွေးလမ်းရောဂါ မဟုတ်တာကို ဖယ်ထုတ်ရပါမယ်။ သားအိမ်အဝ၊ သားအိမ်၊ သားအိမ်ပြွန်မှာ ရောင်ရင်လဲ ဖြစ်တယ်။ အဖြူဆင်းနိုင်တယ်၊ တချို့ယားမယ်။ ဆေးစား-ဆေးထည့်ရင် ပျောက်ပါတယ်။
• ဒါမှမရရင် သားအိမ်ရောဂါ တမျိုး မဟုတ်တာ ဖယ်ရအုံးမယ်။ Ultrasoung ရိုက်ရင်သိနိုင်တယ်။ ဒါပေမဲ့ လက်လှမ်းမီရင် OG နဲ့ ပြသင့်တယ်။
• ပဌမဆုံး Metronidazole 1 tablet 3 times a day for 5-7 days သောက်ပါ။ ဆေးဝယ်လို့ ရမယ်ထင်ပါတယ်။ ဆေးက နဲနဲခါးတယ်။ တချို့မှာ ဆေးသောက်နေတုံး အစားပျက်၊ ပျို့ချင်တယ်။ လူတိုင်းမဖြစ်ပါ။ နောက် မရသေးရင် Doxycycline 100 mg two times a day for 5-7 days သောက်ပါ။ ၂ မျိုးလုံး တွဲသောက်ရင်လဲ ရတယ်။
• ရာသီလာလို့ နာတာအတွက် Ibuprofen, Buscopan tablet တမျိုးမျိုးကို ရာသီမလာခင် ၁-၂ ရက် ကြိုသောက်ပါ။
• အဖြူဆင်းတာက ယားတာနဲ့တွဲရင် Vaginal (Clotrimoxazole) tablet or cream ၅-၆-၇ ည ဆက်တိုက် မွေးလမ်းထဲကို ထည့်ရမယ်။
• ခင်ပွန်းနဲ့ နားလည်မှုယူပါ။
1. Dyspareunia (1) ဆက်ဆံချိန်မှာ နာကျင်တာ (၁) အသက် ၁၈ နှစ်ပြည့်မှ ဖတ်ပါ (၂ဝ)၊
2. Dyspareunia (2) ဆက်ဆံချိန်မှာ နာကျင်တာ (၂) အသက် ၁၈ နှစ်ပြည့်မှ ဖတ်ပါ (၄၅) ကိုလည်းဖတ်ပါ။

Feb 27, 2011 at 11:03 PM
Q 2: ကျွန်တော့် အသက် အခု ၃၇-နှစ်ရှိပါပြီ။ ပြည်ပမှာနေပါတယ်။ ဒီစာနဲ့အတူ ဓာတ်ပုံပါထည့်ပေးလိုက်ပါတယ်။ ကပ်ပယ်အိတ်မှာ အကျိတ်ကလေးတွေ ဖြစ်နေပါတယ်။ လေး ငါးနှစ်ခန့်ရှိပါပြီ။ စဖြစ်ခါစက ဝက်ခြံဖုလေးလိုပါပဲ။ နီနီရဲရဲလေးပါ။ နည်းနည်းလည်း ယားပါတယ်။ အခု ပြည်တည်နေသလိုမျိုး ဖြစ်နေပြီး ညှစ်ကြည့်တော့လည်း ဘာမှ မထွက်ပါဘူး။ ကိုင်ကြည့်ရင် နည်းနည်း မာပါတယ်။ အခြား ဆီးပြဿနာတွေတော့ မဖြစ်ပါဘူး။ နောက်တစ်ခုက ကပ်ပယ်အိတ်ဟာ သူများတွေ ထက်ပိုပြီး တွဲကျနေပါတယ်။ တော်တော်လေးကို တွဲပါတယ်။ ဘယ်လိုလဲ၊ ဘယ်လို ပြုပြင်ရမလဲ။

ဓါတ်ပုံနဲ့ပို့တာ အများကြီး အထောက်အကူရပါတယ်။ အမြင်နဲ့ ရောဂါရာဇဝင်အရ ရှားပါးတဲ့ရောဂါ ဖြစ်နိုင်ပါတယ်။
အနာလုံးလေးတွေအတွက် Biopsy အသားစဖြတ်ယူ စစ်ဆေးတာလုပ်မှ ရောဂါနာမည် သေချာပါမယ်။
ပြည်ရှိနိုင်တာ၊ ပိုးဝင်တာ ပျောက်ဘို့ ဆေးသောက်သင့်ပါတယ်။ Doxycycline 100 mg တနေ့ ၂ ကြိမ်၊ ၅-၇ ရက် သောက်ပါ။ အလုံးလေးတွေ ပျောက်သေးမယ် မထင်ပါ။ ပိုးသေသွားပါမယ်။
ကင်ဆာလို ဆိုးတာ မဟုတ်နိုင်ပါ။ ထူးခြားမှုရှိရင် ပြောပါ။
တွဲကျနေတာ ရောဂါမဟုတ်ပါ။ လူတိုင်းနီးနီး ဘယ်-ညာ မတူကြပါ။ ကုသစရာလဲ မလိုပါ။

Feb 28, 2011 at 11:36 AM
Q 3: ကျွန်တော် အလုပ်ပင်ပန်းလို့လား အိပ်ရေးမဝလို့လား အားအင်တွေ ကုန်ခမ်းသလိုခံစားရတယ်။ လိင်စွမ်းအင်တွေလဲ ကျဆင်းသလိုဘဲ။ ဆောင်းပါးတွေလဲ ဖတ်ပါတယ်။ သုတ်လွတ်မြန်တဲ့ ဝေဒနာလဲ ခံစားရတယ်။ ကြာကြာ ထိန်းလို့မရဘူး။ ပြန်မာဖို့ကို အတော်ကြိုးစားယူနေရတယ်။ အသက် ၃ဝ ကျော်အရွယ်ဆိုတော့ ဆေးလဲ မသောက်ချင်သေးဘူး။ သုတ်လွတ် မြန်တာက အရမ်းမြန်တယ်လို့လဲ မဟုတ်ဘူး။ ၄ မိနစ် ငါးမိနစ်လောက်တော့ ရတယ်။ နောက်တစ်ခါ ပြန်ရဖို့ တော်တော် စောင့်ယူရတယ်။ တစ်ခါတစ်လေ မမာတော့ဘဲ ပင်ပန်းပြီး အိပ်ပျော်သွားတယ်။ အဲဒါရောဂါတော့ မဖြစ်နိုင်ဘူး ထင်တယ်။ စိတ်ကြောင့်များလား။ မိန်းမကိုလဲ ကျေနပ်စေချင်တယ်။

• ၄-၅ မိနစ်ဆိုရင် မဆိုးပါ။ စိတ်ကို အားတင်းပါ။
• အသက် ၃ဝ ဟာ အကောင်း ဆုံးစွမ်းဆောင်နိုင်ပါမယ်။ အားနည်းနေလဲ ပြန်ကောင်းဘို့ အရွယ်ကောင်း ဖြစ်ပါတယ်။
• Foreplay အချိန် သူ့ကိုပေးပါ။
• သူ့အတွက် ကျားလိင်အင်္ဂါ မသုံးသေးခင် Stimulation, Masturbation, Oral နည်းတွေ လုပ်ပေးပါ။
• ကိုယ့် ကိုယ်အား၊ စိတ်အား ကောင်းအောင် နားပါ။
• အိပ်ယာထချိန်မှာ နေကြည့်ပါ။
• လိုလာတော့မှ တခါတလေ ဆေးသုံးပါ။ ဆေးက ဘေးထွက်အတွက် စိုးရိမ်စရာ မလိုသလောက်ပါ။
• ဒီနည်းရှိနေတယ်လို့ စိတ်ထဲမှာ သိထားပြီးဖြစ်နေတာဟာ တကယ်ဆေးမသောက်ဘဲ အားပိုရှိစေ-ရစေပါတယ်။
• အဆင်သင့်ရှိနေတာ သိထားသူဟာ ကြောင့်ကျစရာမရှိ နောက်ဆုံးလက်နက် မသုံးဘဲ ရနိုင်တယ်။

2011/2/28
Q 4: ကျွန်မအမေက အခု အသက် ၅၅ နှစ် ရှိပါပြီ။ အနည်းငယ် ဝပါတယ်။ အမေ့ကို ကျန်းမာရေး သတိထားပြီး စောင့်ကြည့်ပါတယ်။ လွန်ခဲ့တဲ့ ၂ လ ကစပြီး အမေက အနည်းငယ် ပိန်လာပါတယ်။ နောက်ပြီး ည သန်းခေါင်ကျော် ချိန်မှာလည်း ဗိုက်ဆာတာ၊ ရေငတ်တာ ဖြစ်လို့ ထပြီး စားရပါတယ်။ နောက်ပြီး အိမ်သာတက်ပြီး မနက် အိပ်ရာထလို့ ကြည့်ရင် အိမ်သာကြွေခွက်မှာ ပုရွက်ဆိတ်တွေ တက်နေတာ တွေ့ရပါတယ်။ အဲဒါ အမေမှာ ဆီးချိုရောဂါများ ဖြစ်နေသလားလို့ စိုးရိမ်မိပါတယ်။ ဆီးချိုလက္ခဏာ၊ သတိထားရမည့်အချက်၊ နေထိုင်ပုံတွေကို ဘယ်လို နေထိုင်ရမယ် ဆိုတာ၊ နောက်ပြီး ဆေးခန်းပြလို့ ဆေးစစ်ချင်တယ်ဆိုရင် ဘယ်လို ဆရာဝန်၊ ဘယ်လိုပြောပြပြီး ဆေးစစ် ခံယူသင့်ပါသလဲ။

Diabetes ဆီးချို
Physician သမားတော်ကို ပြရပါမယ်။

2011/2/28
Q 5: ကျနော်တို့ အိမ်ထောင်ကျတာ (၂)နှစ်လောက်ရှိပါပြီ်။ ခလေးမရှိပါ။ အသက် က (၂၇)နှစ် စီ ရှိပါပြီ်။ တားဆေးလဲ မသုံးပါဘူး။ အိမ်ထောင်သက်တမ်း တလျှောက်လုံး ကျနော့်ဇနီးက လိင်ဆက်ဆံလိုစိတ် အားနည်းပြီး နည်းပါးနေပါတယ်။ ပုံမှန်အားဖြင့် ရာသီ မလာခင် ၁ ရက် ၂ ရက်နဲ့ လာပြီးကာစ အချိန်မှာဘဲ ဆက်ဆံလိုစိတ်ဖြစ်ပြီး ကျန်တဲ့အချိန်တွေမှာ စိတ် (လုံးဝ) မရှိတာကို တွေ့ရပါတယ်။ အမြဲတမ်း သူ့ဆန္ဒကို ဦးစားပေးပါတယ်။ အိမ်ထောင်မကျခင်အထိ သူဟာ လေးဖက်နာအတွက် Pen V ကို နှစ်နဲ့ချီပြီး သောက်ခဲ့ပါတယ်။ အိမ်ထောင်ကျပြီးနောက်ပိုင်း ကျန်းမာရေးကောင်းမွန်ပြီး Pen V လဲ ဖြတ်လိုက်ပါပြီ။ ရာသီလဲပုံမှန်လာပါတယ်။ အလုပ်လည်း မပင်ပန်းပါဘူး Stress လည်းမရှိပါဘူး။ ကျနော့် ကိုလည်း အရမ်းချစ်ပါတယ်။

စာ ၂ ပုဒ် ပို့လိုက်ပါတယ်။ ဒီအရွယ်မှာ ဟော်မုန်းနည်းတာ မဖြစ်နိုင်သေးပါ။ သူ့ကို အားပေးပါ၊ ဆွဲဆောင်ပါ၊ စိတ်ဆောင်စေမှာတွေ အကူ လုပ်ပေးပါ။ ကိုယ်ကလဲ စိတ်ရှည်ပါ။ သံဓါတ် + သွပ်ဓါတ်၊ ဗီတာမင် အီး၊ ဖေါလစ်အက်စစ် သောက်စေပါ။ ဆေးအဆန်းလဲ မဟုတ်တာတွမို့ စိတ်ချရပါတယ်။ အစားအသောက်ထဲက လက်လှမ်းမီတာကို စားသောက်စေပါ။ ဘာအတွက် ကြိုးစားပေးနေတာကိုလဲ သိစေပါ။
1. Female Libido အမျိုးသမီး “စိတ်” နည်းနေခြင်း
2. အသက် ၁၈ နှစ်ပြည့်မှ ဖတ်ပါ (၃ဝ) Aphrodisiac လိင်စိတ်အားပေး အစာနဲ့ ဆေးများ

2011/2/28
Q 6: ချွဲကျပ်တာ အင်္ဂလိပ်လို ဘယ်လိုခေါ်ပါသလဲ။

Just to say tightness of chest or he/she can't breathe properly or say I doubt something is obstructing in his/her chest Dyspnea is medical term. A patient can complain of shortness of breath

2011/2/27
Q 7: အခုခေတ်စားနေတဲ့ ရင်သားအလှပြုပြင်ခြင်းနဲ့ပတ်သတ်ပြီးတော့လည်း သိချင်ပါတယ်။ နေတာက (့) နိုင်ငံမှာပါ။ သူငယ်ချင်း အမျိုးသမီးကတော့ ခွဲစိတ်စရာမလိုပဲ ဆေးထိုးလို့ရတယ်လို့ ပြောပါတယ်။ အဲဒါနဲ့ပတ်သတ်ပြီး နောက်ဆက်တွဲ ဆိုးကျိုး ရှိမရှိနဲ့ ထိုးဆေး၊ သောက်ဆေး လိမ်းဆေးတွေ အမျိုးမျိုးထဲက ဘယ်ဟာက ဘယ်လို အကျိုးသက်ရောက်မှု ရှိတယ်ဆိုတာ သိချင်ပါတယ်။ တချို့ကလဲ လိမ်းဆေးက အမြဲမသုံးရင် နဂိုရှိရင်းထက် ပိုရုပ်ဆိုးတယ်တဲ့။ TV မှာလဲ ကြော်ငြာတွေက အမျိုးမျိုးပဲ။ ဒီမှာလဲ တော်တော်ကို ခေတ်စားပါတယ်။ ဒါကြောင့်မို့ ဒီအကြောင်းနဲ့ ပတ်သတ်ပြီး ဘလော့ တင်စေချင်ပါတယ်။ ကိုယ်တိုင်လဲ လှချင်ပေမယ့် သေချာ နောက်ဆက်တွဲ ဆိုးကျိုး အစရှိတာတွေ မသိပဲ အရမ်း မလုပ်ရဲဘူး။ ကိုယ့်လိုပဲ သိချင်သူတွေ ရှိမယ်လို့လဲ ထင်ပါတယ်။

ဆေးထိုးနည်း မသုံးစေချင်ပါ။ ဒီစာ ၂ ပုဒ် ကိုဖတ်ပြီး အကောင်းဆုံးကို လုပ်ကြည့်ပါ။ လိုသေးတာ မေးပါ။
1. Breast enlargement ကလေးအတွက်မို့ မသေးချင်တာ ရင်သားပါ
2. Breast Massage ရင်သား နှိပ်နယ်ခြင်း

2011/2/25
Q 8: ကျွန်တော် အသက်(၃၂)နှစ်ပါ။ လိင်ဆက်ဆံတာများ တစ်ညမှာ နှစ်ကြိမ်လောက် ဆက်သွားရင် လိင်တံက ယားသလိုလို နာသလိုလိုနဲ့ အနီစက်တွေ အဖုသေးတွေ ထိပ်ဖျားရဲ့ အောက်ခြေနားမှာ ပေါ်လာတတ်ပါတယ်။ ရေများ ထိလိုက်ရင် အရမ်းနာပါတယ်။ ဆီးသွားလျင် ဆီးဝါခြင်း၊ ဆီးကျန်ခြင်းများလက္ခဏာ ဖြစ်ပါတယ်။ ထိုအချိန်ရောက်လျှင် လိင်ဆက်ဆံခြင်းကို မလုပ်တော့ဘဲ သုံးလေးရက် နားလိုက်လျှင် ပုံမှန်ပြန်ဖြစ်သွားပြီး အနာရော အနီစက်များပါ ပျောက်သွားပါသည်။ လွန်ခဲ့သည့် လေးငါးနှစ်က အကာအကွယ်မဲ့ ဆက်ဆံမိပြီး သူမ၏ အင်္ဂါတွင် မထင်မှတ်ဘဲ ကာလသားရောဂါ လက္ခဏာကို စတွေ့ခြင်း ဖြစ်ပါသည်။ သိနောက်ကျသွားခဲ့ပါသည်။ ရောဂါကူးပြီး ယားယံရာက စတင်ပြီး အသေချာကြည့်သောအခါ ခေါင်းကြီးပြီး ဆေးခန်းကိုသွားပြပါသည်။ ဆရာဝန်က လိမ်းဆေးပေးပြီး ပြီးသွားပါတယ်။ နှစ်စဉ် ဆေးစစ်ကြတဲ့ ဆေးရုံက သွေးယူးပြီး စစ်တဲ့ရောဂါတွေမှာ ဆစ်ဖလစ်ရယ်၊ ဆင်ခြေထောက်ရယ်၊ အဓိကစစ်ကြောင်း၊ ဘာမှ သတိပေးမခံရဘဲ pass ဖြစ်ပါတယ်။ အခုဆို အမျိုးသမီးက ကိုယ်ဝန်ရပြီလို့ ဆိုလာပါတယ်။ ကျွန်တော် စိတ်ပူရပါတယ်။ ဘာရောဂါ၊ ဘယ်အဆင့်လဲ။ အနီစက်တွေ ပေါ်နေချိန်တွင် အမျိုးသမီးကို ကူးပါသလား။ ကလေးပေါ် ကူးစက်ပါသလား။ ဘယ်လိုထိ သက်ရောက်မှု ဆိုးကျိုးတွေ ဖြစ်နိုင်ပါသလဲ။

ဆေးစစ်တာအောင်ရင် စိုးရိမ်စရာ မရှိပါ။ တကယ်ရှိရင် Syphilis ကို တာရှည်ခံ (ပင်နစလင်) ထိုးဆေး Benzathine penicillin G ကို တခါထိုးရင် ၂့၎ ယူနစ် တပါတ်တခါ၊ ပေါင်း ၃ ခါ ထိုးရတယ်။ လိင်အင်္ဂါအနာဟာ ဒီဆေးတွေသောက်ရင် ဖြစ်စေတဲ့ပိုးတွေ ရှင်းသွားပါမယ်။
• Doxycycline တခါသောက် 100 mg တနေ့ ၂ ကြိမ်၊ ၁၄ ရက်သောက်ပါ။ ဒါမှမဟုတ်
• Tetracycline တခါသောက် 500 mg တနေ့ ၄ ကြိမ်၊ ၁၄ ရက်သောက်ပါ။ ဒါမှမဟုတ်
• Erythromycin တခါသောက် 500 mg တနေ့ ၄ ကြိမ်၊ ၁၄ ရက်သောက်ပါ။

လိင်ကတဆင့်ရောဂါပိုး တယောက်ယောက်မှာ ရှိနေရင် သုတ်ရည်မထည့်လဲ ကွန်ဒွမ် မပါရင် ကူးနိုင်ပါတယ်။
ယောက်ျားမှာ ပိုး-ရောဂါရှိနေပြီး အမျိုးသမီးမှာ အဖြူဆင်းတာ၊ အနာဖြစ်တာ၊ ဆီးအောင့်တာ လာမဖြစ်ရင် အကူး မခံရသေးလို့ပါ။ အတူဖြစ်ရင် နှစ်ယောက်လုံးသောက်ရမယ်။ Lesions on penis ကျားအင်္ဂါ အနာများ အသက် ၁၈ နှစ်ပြည့်မှ ဖတ်ပါ (၁၄) ကို လိုသေးရင် ဖတ်ပါ။

27 Feb 11, 17:57
Q 9: အားဆေးတွေ စားတဲ့အခါ တစ်ရက်က မနက်စားလိုက်၊ နောက်တစ်ရက်က ညနေစားလိုက် အဲတာဟာ ဆေး အာနိသင်ကို ထိခိုက်စေနိုင်ပါသလား။ နောက်ပြီး Protinet ဆိုတဲ့ ပရိုတိန်းအားဆေးကို နေ့တစ်နေ့ရဲ့ ဘယ်အချိန်မှာ သောက်ဖို့ အသင့်တော်ဆုံးပါလဲခင်ဗျား။

PROTINET ဆေးဟာ Ayurveda အယုဗေဒနည်းနဲ့ ဖေါ်တဲ့ဆေး ဖြစ်တယ် သူ့စာအရတော့ (ပရိုတင်း) ကြွယ်ဝတယ်၊ အစားပျက်တာ၊ အသဲအားနည်းတာ၊ သွေးအားနည်းတာ၊ ချောင်းဆိုးတာ၊ အားနည်းတောတွေအတွက် ကောင်းပါသတဲ့။
PROTINET အရည်ဆိုရင် 10 to 15 ml ကို အစာစားပြီး တနေ့ ၂ ကြိမ် ရေနဲ့ သောက်ပါ။
အားဆေးတွေစားတဲ့အခါ တစ်ရက်က မနက်စားလိုက်၊ နောက်တစ်ရက်က ညနေစားလိုက် အဲတာဟာ ဆေးအာနိသင်ကို ထိခိုက်စေနိုင်ပါသလား။
ဆေးညွှန်အတိုင်း သောက်တာသာ ကောင်းပါတယ်။ ယေဘုယျပြောရရင် အားဆေးတွေက အစာစားပြီချိန် မနက်-ညနေ ပုံမှန် သောက်ရပါတယ်။ မတူတာတွေလဲ ရှိပါတယ်။ နောက် ဘယ်အရာမဆို ပုံမှန်ကကောင်းတယ်။ လူ့ကိုယ်က ပုံမှန် ဖြစ်အောင် အမြဲကြိုးစားတယ်။ အစာခြေအရည်က ထွက်ရမဲ့အချိန် ရောက်ရင် ထွက်လာတယ်။

Feb 27, 2011 at 9:21 AM
Q 10: ၂ဝဝ၇ နှစ်ကုန်ပိုင်းလောက်က Pylo kit တပတ်သောက်ဆေးကို ၃ ရက်စာလောက်ပဲ သောက်ဖြစ်ခဲ့ပါတယ်။ အဲဒါသောက်ပြီး အန်လို့ ဆက်မသောက်ဖြစ်တော့ပါဘူး။ ၂ဝဝ၈ ခု ၁၁ လ ပိုင်း လောက်က Ranitidine နဲ့ Vave ဆိုတဲ့ အအန်ပျောက်ဆေးတွေ သောက်ခဲ့ဘူးပါတယ်။ ၂ဝ၁ဝ ၅လပိုင်း ခွင့်ပြန်တုန်းက ဆေးခန်းပြခဲ့ပါတယ်။ အဲတုန်းကလည်း Polyamine, Nuri gramler, Ranitidine, Vave ဆေးတွေ သောက်ခဲ့ဘူးပါတယ်။

ပြောပြတဲ့ဆေးတွေက Trade names တွေဖြစ်လို့ မပြောတတ်ပါ။ Ranitidine တခုသာ ဆေးနာမယ်ဖြစ်တယ်။ သူ့ကို အစာအိမ်လေနာအတွက် သုံးတယ်။ Histamine-2 blocker ဖြစ်တယ်။ အစာအိမ်ထဲက အက်စစ် ထွက်မှာကို တားဆီးတယ်။ အစာအိမ်၊ အူသိမ်အစအနာတွေအပြင် Zollinger-Ellison syndrome နဲ့ Gastroesophageal reflux disease (GERD) ရောဂါတွေအတွက်လဲ ပေးပါတယ်။