ကျန်းမာရေးနဲ့ဆေးပညာ မေးလိုတာရှိပါက

ဒီဘလော့ခ်ထဲကစာတွေကို တခြားနေရာမှာ ကျွန်တော့်ခွင့်ပြုချက်မပါဘဲ ကူးယူပြီး မတင်ဘို့ စည်းကမ်း သတ်မှတ်ထားပါတယ်။

ကျန်းမာရေး နဲ့ ဆေးပညာ မေးလိုတာရှိပါက
• ဖြစ်တဲ့သူရဲ့ အသက်၊ ကျား-မ ပြောပါ။ ရောဂါလက္ခဏာ ၁-၂-၃။ တခုတိုင်းက ဘယ်လောက် ကြာပြီ။
• လိုအပ်ရင် ကျန်းမာရေးရာဇဝင်၊ ဓါတ်မှန်၊ (အာလ်ထွာဆောင်း)၊ ဆေးစစ်ချက်၊ လိုအပ်ရင် အိမ်ထောင်၊ ကလေး၊ ရှိ-မရှိ။ နေတဲ့တိုင်းပြည်၊ မြို့ထည့်ရေးပါ။ လူနာမည်၊ နေရပ်လိပ်စာအတိအကျ ကိစ္စမရှိပါ။
• ဆေးနာမည်ရေးရင် Trade name ကုမ္ပဏီကပေးတဲ့နာမည်သာမက Generic name ဆေးနာမည် ထည့်ရေးပါ။
• ဆေးစာ၊ ဆေးစစ်ချက်၊ ဝေဒနာတွေကို စကန်လုပ်ပြီးဖြစ်ဖြစ်၊ ဓါတ်ပုံရိုက်လို့ဖြစ်ဖြစ် ပို့နိုင်ပါတယ်။ ဓါတ်ပုံကို ခွင့်မယူဘဲ အသုံးမချပါ။
• အိမ်ထောင်ရေးနဲ့ လိင်ပိုင်းဆိုင်ရာမေးခွန်းတွေကို Facebook ကနေ မမေးပါနဲ့ မဖြေပါ။ တိုက်ရိုက်သာမေးပါ။
• အီးမေးလ် အခက်အခဲရှိလို့ Facebook message မှာဖြစ်ဖြစ် Chat box မှာဖြစ်ဖြစ်ရေးရင်လဲ အားသလား၊ မေးလို့ရလား ရေးမနေဘဲ၊ တခါတည်း မေးခွန်းသာရေးလိုက်ပါ။
• Facebook Comment ကနေမေးတာ-ဖြေတာ အဆင်မပြေပါ။
စာရှည်ရေးမရပါ။ သူများတွေကို အနှောင့်အယှက်ဖြစ်နိုင်ပါတယ်။
• နာမ်စားသုံးတာမှာ ကိုယ်ကိုယ်ကို ‘သား’၊ ‘သမီး’ လို့ သုံးရင် မေးတဲ့သူရဲ့ သားသမီးလား ထင်မှတ်မှားနိုင်တာသတိပြုပါ။
• SMS အရေးအသားမျိုးကို မဖတ်ပါ။ မြန်မာစကားကို အင်္ဂလိပ်စာလုံးနဲ့ရေးတာကို မဖတ်ပါ။
• ဘလော့ခ် နဲ့ ဖေ့စ်ဘွတ်မှာ အမေး-အဖြေတွေကိုသုံးတဲ့အခါ မေးတဲ့သူရဲ့ ကိုယ်ရေး အချက်အလက်တွေ မပါစေရပါ။
• ဖုန်းဆက်ပြီးမေးရင် Time zone မတူတာရော၊ အသံထွက် လွဲနိုင်တာရောကြောင့် အဆင်မပြေပါ။ ကျွန်တော့်မှာ Viber မရှိပါ။ ဖေ့စ်ဘွတ် ဖုန်း-ဗီဒီယို အဆင်မပြေပါ။ Skype ကိုတော့ နိုင်ငံရေးနဲ့ မိသားစုအတွက်သာသုံးပါတယ်။
drswe01@gmail.com ကို (အီးမေးလ်) ပို့ပါ။

(ဘလော့ခ်) တွေထဲ ဝင်ဖတ်ဘို့ အကြံပြုပါတယ်။
- http://dts-medicaleducation.blogspot.in/ ဆေးပညာစာများ
- http://yamuna-online-clinic.blogspot.in ယမုန်နာ ဆေးခန်း
- http://my-sayawun-life.blogspot.in/ ဆရာဝန်ဘဝ အမှတ်ရတာတွေ
- http://dts-political-page.blogspot.in/ နိုင်ငံရေး စာမျက်နှာ
- http://www.facebook.com/pages/Dr-Tint-Swe/490031307758025?skip_nax_wizard=true ဖေ့စ်ဘွတ်
- https://tintswe.wordpress.com/ Dr. Tint Swe ဒေါက်တာတင့်ဆွေ ဆေးပညာစာများ

Saturday, January 1, 2011

Q and A January 2011 (1)

1. His left pupil is not at the center of the eye
2. ခါးနာနေတာ မည်သို့ လုပ်ရမည် ကူညီပေးပါ
3. ကွမ်းသီးခေါင်း အရစ်တလျှောက်မှာ အတက်ကလေးတွေ
4. တစ်ယောက်နဲ့ တစ်ယောက် လေလည်တာ မတူကြဘူး
5. လိင်တံဟာ ဘယ်ဘက်ကို ကောက်နေပါတယ်
6. ဆီးလမ်းကြောင်း ပိုးဝင်သည့်ရောဂါ ခံစားနေရသလားလို့
7. ခြေတွေ လက်တွေ ညောင်းကိုက်ပြီး

Jan 4, 2011 at 7:58 PM
The attached photo was taken when he was just 2 months old. But, we would like to know whether his eyes are normal or not. Kindly refer to the photo. His left pupil is not at the center of the eye. We are afraid that something is wrong with his eye. And, kindly let us know any preventive measures to be taken if any.

မျက်စိစွေတာကို Crossed eyes, Squint, Strabismus လို့ နာမယ်အမျိုးမျိုးနဲ့ ဆေးစာမှာ ခေါ်တယ်။ စွေနေတာ ၆ မျိုး ရှိတယ်။ တချို့မှာ ဘာလို့ဖြစ်တာ မသိရပါ။ အများအားဖြင့် Congenital မွေးရာပါဖြစ်တယ်။ ကုသတာမှာ အရင်ဆုံး လိုအပ်ရင် မျက်မှန်တပ်ရတယ်။ ကောင်းတဲ့ဖက်ကို Patch အကာကွယ်တခုတပ်ပေးတယ်။ အားနဲတဲ့ဖက်ကို ပိုအလုပ် လုပ်လာစေအာင်ဖြစ်တယ်။ မရတော့မှ ခွဲစိတ်တယ်။ တကယ်လို့ ကလေးမျက်စိက အမြင်အား လိုနေရင် ခွဲပြီးလဲ မျက်မှန် တပ်ရမှာဘဲ။ ငယ်ငယ်မှာခွဲတာ ပိုကောင်းတယ်။ ဘယ်လောက် ငယ်ငယ်ဆိုတာ မျက်စိ-အထူးကု ဆရာဝန်ကသာ ပြောနိုင်မယ်။

Jan 4, 2011 at 10:23 PM
တင်ပါးရိုးပေါ်မှ ခါးနာနေတာ မည်သို့ လုပ်ရမည် ကူညီပေးပါ။ ၂ဝ၁ဝ၊ ၁၁ လပိုင်း အအေးမိပြီး တစ်ကိုယ်လုံး တုန်အောင် ဖျားခဲ့ပါတယ်။ အဲဒီမတိုင်ခင် အလုပ်မှာ ချော်လဲသေးတယ်။ အလိုက်သင့် တင်ပါးနှင့် ဘယ်လက်ထောက်မိကာ ချော်လဲပြီး ၂ ရက်ကျော် ဘာမှမဖြစ်ပါ။ အဖျားပျောက်၍ ခါးနာ ကျန်နေသောကြောင့် ဓါတ်မှန်ရိုက်ပေမယ့် အဖြေရှာမတွေ့ပါ။ အရွတ်၊ ဒါမှမဟုတ် ခါးဆစ်ကြားမှ ခြင်ဆီအိတ်ပေါက်၊ ပွမ်းပဲ့သွားတာ ဖြစ်နိုင်သည်ဟုသာ မှတ်ချက် ပေးပါသည်။ ခါးနာ သက်သာ စေသော ဆေးသာပေး၌ ဆေးပြယ်လျင် ပြန်နာသောကြောင့် မသောက်လိုဟု ပြောရာ ဆေးမပေးတော့ပါ။ ကိုယ်လက် လှုပ်ရှားလုပ်ပါဟု အကြံပေးပါသည်။ အခုအထိ မပျောက်သေးပါ။ ရှေ့သို့ ခါးကုန်း မရပါ။ အခြား အကုန်လုပ်၍ ရပါတယ်။ ထိုင်တာကြာ ရပ်တာ ကြာလျင် နာပါတယ်။ ချက်ချင်း ထိုင်ထ လုပ်မရပါ။ အလုပ်မှာ ရပ်ရတာ များပါတယ်။ အလေးအပင် တအားကြီး မစရာမရှိပါ။

• ဓါတ်မှန်မှာ ကျိုးတာ-လွဲတာ မတွေ့ရင် မပူပါနဲ့။ အလုပ်က ရပ်လုပ်ရာလဲ ကံဆိုး-ကံကောင်းပေါ့။ ခါးရောဂါက အထိုင်မတတ်ရင် ဆိုးတယ်။ ရပ်ရတာ တော်သေးတယ်။
• အနာ-အကိုက်ပျောက်ဆေး သောက်သာသောက်ပါ။ နာရင် တနေ့ ၃-၄ ကြိမ် သောက်ရတယ်။ ဆေးလဲ လိုမယ်ထင်ရင် ပြောင်းသောက်နိုင်တယ်။ အနာသက်သာဆေးဆိုတာ နာတာသာမက ဖြစ်တဲ့နေရာ ရောင်-ဖေါင်းနေတာကိုပါ သက်သာစေတယ်။
• နောက်ခုက ခါးမှာ ပလာစတာ ကပ်နိုင်တယ်။ ပူစေတဲ့ ပလာစတာ။ Belladonna plaster, Capsicum plaster ရတာ ကပ်ပါ။ တရက်မက ကပ်ထားနိုင်တယ်။ တရက်တခါ လဲနိုင်တယ်။ စားဆေး နဲ့ ပလာစတာ ၂ မျိုးလုပ်ရင် သက်သာပါမယ်။
• အချိန်ယူရတတ်တယ်။ ဖြစ်တဲ့နေရာ အသားတက် ကျက်သွားအောင် စောင့်ရတာပါ။
• အားချိန်မှာ တခြားနေရာတွေပါ လေ့ကျင့်ခန်းလို လှုတ်ရှားပေးပါ။ ညအိပ်ရင် ခေါင်းအုံး နိမ့်ပါစေ။ ပက်လက် ကုလားထိုင် မသုံးနဲ့။ ပုခက်လို ကြိုးအိပ်စဉ် မသုံးနဲ့။ ဆောင်ကြောင့် မထိုင်နဲ့။ ထိုင်ရင် ကျောမီပါတာနဲ့ ထိုင်ပါ။ ခါးမကုန်းတာ ကောင်းတယ်။

4 Jan 11, 14:52
“အရွယ်ရလာရင် ကွမ်းသီးခေါင်း အရစ်တလျှောက်မှာ အတက်ကလေးတွေ အစီအရီ ပေါ်လာနိုင်တယ်။ ရောဂါမဟုတ်ပါ။ တပါတ်လုံးမှာ ဖြစ်တယ်။” Sayar could you please explain about this detail?

၁။ ကျားလိင်အင်္ဂါခေါင်းရဲ့ အကားဆုံးနေရာမှာ အစီအရီဖြစ်လာတဲ့၊ နာလဲမနာ၊ ဘာမှလဲမဖြစ်တဲ့ အတက် ငယ်ငယ်လေးတွေ ဖြစ်တာကို ပြောတာပါ။ တနည်းအားဖြင့် အသက်၊ ရင့်ကျက်မှုသဘောဆောင်တယ်။
၂။ နေရာတခုခုမှာသာ အတက်ရှည်ရှည် အစုလိုက်ဖြစ်ဖြစ်လာဖြစ်မယ်၊ ကြီး-ပွါးလာမယ်ဆိုရင် တမျိုးဖြစ်တယ်။ Papilloma ဆိုတဲ့ ကင်ဆာ မဟုတ်တဲ့ အသားပွါးခြင်း ဖြစ်နိုင်တယ်။
၃။ Human papillomavirus (HPV) လိင်ကတဆင့်ကူးစက်တာလဲ ဖြစ်နိုင်တယ်။
၎။ Hirsutoid papillomas ဆိုတာက ငယ်သူတွေမှာ ဖြစ်တတ်တယ်။ HPV ဗိုင်းရပ်စ် နဲ့ မဆိုင်ပါ။ ၂၅ နှစ်အောင် ၃၈%၊ ၅ဝ အောက် ၁၁%၊ နောက် ပျောက်သွားမယ်။ ဆေးကုစရာ မလိုပါ။ တချို့ လေဆာတို့ အေးခဲနည်းတို့နဲ့ ကုတာလဲ ရှိပါတယ်။

4 Jan 11, 21:24
လူတစ်ယောက်နဲ့ တစ်ယောက် လေလည်တာ မတူကြဘူး။ အသံ၊ အနံ့မတူကြဘူး၊ ဘာ့ကြောင့်လဲ မေးကြည့်တယ်။ ကျေနပ်တဲ့အဖြေ မပေးနိုင်ကြဘူး။

လေလည်တာ စာမဖွဲ့ပါရစေနဲ့။ မွေးစကနေ သေတဲ့အထိ လေလည်ကြတာဘဲ။ ဗိုက်ထဲမှာ လေများ များသလို လည်မှာဘဲ။ အထက် (ပါးစပ်) ကမဟုတ်ရင် အောက် (စအို) ကနေ လေထွက်ရမယ်။ လူတိုင်း နို့စို့၊ ရေသောက်၊ အအေးသောက်၊ အရက်သောက်၊ ထမင်းစား၊ မုန့်စာ၊ ဆေးလိပ်ဖွါ၊ တခုခုလုပ်တာနဲ့ လေကိုပါ မြိုချကြတယ်။ အထဲရောက်ရင် စားတဲ့အစာက လေပိုများစေတာလဲ ရှိတတ်တယ်။ ပိုးဝင်ရာကနေ လေအပိုတွေ ထွက်လာတတ်တယ်။ အားလုံး အထက်ကဖြစ်ဖြစ် အောက်ကဖြစ်ဖြစ် နီးရာက ထွက်ရမယ်။ အနံ့ဆိုတာ အစာဟောင်းအိမ်ထဲမှာ ဝမ်းရှိနေရင် အနံ့ရစေမယ်။ ကြာလေ နံလေ။ အသံ Sound ဆိုတာ Mechanical wave လှိုင်းဖြစ်တယ်။ အခဲ၊ အရည်၊ အငွေ့ တခုခုမှာ ဖြတ်မှ၊ နောက်ပြီး Frequencies က သင့်မှ လူနားက ကြားတယ်။ စအိုမှာ အထိန်းကြွက်သားဝိုင်းရှိတယ်။ လူ့စိတ်နဲ့ ထိန်းလို့ ရတာမို့ ဝမ်းထွက်ထွက်၊ လေထွက်ထွက် လူကနေ ထိန်းခြင်မယ်။ ထိန်းမရတဲ့အခါလဲ ရှိသွားတာဘဲပေါ့။ အသက်ရသူတွေ အထိန်းအား နည်းလာမယ်။ မိန်းကလေး၊ ယောက်ျားလေး၊ ကလေး-လူကြီး ခွဲခြားဘို့ မသင့်ပါ။ လူဆိုတာ လေလည်တဲ့ သက်ရှိ ဖြစ်ပါတယ်။ ရှိတဲ့လေ မထွက်ရရင် အူပိတ်လို့ ခွဲစိတ်ရလိမ့်မယ်။ အစာအိမ်မှာ၊ အူမှာ ခွဲစိတ်ကုသပြီးလို့ လူနာ လေလည်လာရင် Good sign ခွဲစိတ်တာ အောင်မြင်တယ်လို့ ဆရာဝန်တွေက မှတ်ချက်ပြုပါတယ်။

January 03, 2011 1:16 AM
ကျွန်တော့် လိင်တံဟာ ဘယ်ဘက်ကို ကောက်နေပါတယ်။ တော်တော်လေးကို ကောက်နေတယ်လို့ ထင်ရပါတယ်။
လိင်ဆက်ဆံရင် ဆက်ဆံဖော် နာမှာ အရမ်းစိုးရိမ်မိပါတယ်။ ဘယ်လိုလုပ်သင့်ပါသလဲခင်ဗျာ။ တစ်ချို့ကပြောတော့ အတွင်းခံဝတ်ရင် လိင်တံကို အောက်ကိုစိုက်ပြီးဝတ်လို့ဖြစ်တာလို့ပြောပါတယ်။ ကျေးဇူးပြုပြီး ဖြေကြားပေးပါခင်ဗျာ။ အသက် ၂၂။ ဖြစ်နေတာသိရချိန် - လူပျိုဖြစ်စ။

လုံးဝမစိုရိမ်ပါနဲ့။ ဘယ်လိုအသုံးပြုပြု ဘာတခုမှ ဖြစ်မှာမဟုတ်ပါ။ တချို့က အဲလိုနေတတ်ပါတယ်။ ဆေးကုးရာ မလိုပါ။ စိတ်သာချဗျာ။

3 Jan 11, 07:58
သမီး ဆီးလမ်းကြောင်း ပိုးဝင်သည့်ရောဂါ ခံစားနေရသလားလို့ဆရာ။ နာက်ဆက်တွဲ အနေနဲ့သား သမီးမရနိုင်တဲ့ အခြေအနေထိ ဖြစ်ပေါ်နိုင်ပါတယ်ဟု ဒေါက်တာ (့) က ဆက်လက်ရှင်းပြခဲ့ပါသည်။ ဆိုက်တခုမှာ ဖတ်ရလို့ပါ။ တစ်ခါတစ်ရံ ဆီးထဲတွင် အနည်ပါသလို ဆီးသွားရာတွင် မကုန်သလိုဖြစ်ခြင်းလည်းရှိ တတ်တယ်။ I am 29 years old and married. ကလေးမရ သေးလို ကလေးမရမှာ စိုးလိုပါ၊ I am working in a foreign country. Please answer and tell me kindly which medicine I should take. Thanks a lot!

• အတိအကျ ပြောရရင် ဆီးလမ်းပိုးဝင်လို့တော့ သား-သမီးမရတာ မဖြစ်ပါ။
• မွေးလမ်းမှာ တခုခုဖြစ်မှသာ ကလေးမရတာ ဖြစ်နိုင်တယ်။ ဆီးလမ်းနဲ့ မွေးလမ်းက နီးကပ်-ဆက်စပ်နေလို့ နှစ်မျိုးတွဲ ရောဂါရတတ်တယ်။
• မေးတဲ့သူ “ခံစားနေရသလားလို့” ဆိုတာ မရှင်းပါ။
• ဘာဘဲဖြစ်ဖြစ် ဆီးလမ်းပိုးဝင်တာကို ကုလို့လွယ်ပါတယ်။ “Urinary tract infections ဆီးလမ်း (လိင်လမ်း) ပိုးဝင်ခြင်း” ကို ဖတ်ပါ။
• “အသက် ၁၈ နှစ်ပြည့်မှ ဖတ်ပါ (၂၁) Infertility ကလေးမရနိုင်သေးခြင်း” ကိုလဲ ဖတ်နိုင်ပါတယ်။

January 02, 2011 3:15 PM
ကျမ အသက် ၂၈ ရှိပါပြီ။ လောလောဆယ်တော့ (့) မှာ ကျောင်းတက်နေပါတယ်။ မနက်အိပ်ယာထရင် ခြေတွေ လက်တွေ ညောင်းကိုက်ပြီး ကိုယ်ခန္ဓ္ဓာတစ်ကိုယ်လုံးကို ကိုင်ရိုက်ထားသလိုဖြစ်ပြီး လုံးဝမလုပ်ချင် ဖြစ်နေပါတယ်။ ညအိပ်ခါနီးရင်တော့ အင်္ကျီလက်ရှည်ဝတ်ပြီး စောင်ထူထူ ခြုံအိပ်ပါတယ်။ ညတိုင်းတော့ အဲယားကွန်း ဖွင့်အိပ်ပါတယ်။ အအေးကိုတော့ လျှော့ပါတယ်ရှင့်။ အဆောင်မှာကတော့ ပန်ကာပဲ ဖွင့်တာများပါတယ်။ နံပါတ်အငယ်ဆုံးပဲ ဖွင့်တာ များပါတယ်။ အဲ့ဒါက အခုရက်ပိုင်းမှဖြစ်ပါတယ်။ အဲ့လိုကိုက်တာက အရင်တုန်းကလဲ ဖြစ်တတ်ပါတယ်။ အထူးသဖြင့် အေးတဲ့အချိန်တွေမှာပါ။ တခါတလေကြရင် လက်ကောက်ဝတ်ဖြစ်ဖြစ် လက်ချောင်းတွေ ဖြစ်ဖြစ် ကိုက်ပါတယ်ရှင့်။ အဲ့ဒီလို ကိုက်တာကတော့ ကြာပါပြီ။ လေးဘက်နာလဲ စစ်ကြည့်ပါတယ်ရှင့်။ ဘာမှမရှိပါလို့ ပြောပါတယ်။

• ဘာဆေးတွေ သောက်နေလဲ။ အကိုက်အခဲပျောက်ဆေးတော့ သောက်မယ်ထင်ပါတယ်။ Pain killers (NSAID) ဆေးတွေက အမျိုးမျိုးလာတယ်။ ဘယ်ဟာသောက်သောက် အစာနဲ့နီးနီးသောက်ရတယ်။ တနေ့ ၄ ကြိမ်အထိ သောက်နိုင်တယ်။ မနာရင် မသောက်ဘဲ ရပ်ထားနိုင်တယ်။
• ဒီဆေးတွေနဲ့ မသက်သာရင် တဆင့်တိုးနိုင်တယ်။ တိုးရမဲ့ဆေးက ဆေရာဝန်က သေခြာမှာတဲ့အတိုင်း သောက်ရတာမို့ လိုတဲ့ အချိန်မှာ ထပ်မေး ပါ။ အတိအကျ ညွှန်းပါ့မယ်။
• နောက်ထပ် လိုနိုင်တာက Calcium စားဆေး သောက်ပါ။ အေးတဲ့အချိန် သွေးစီးဆင်းတာ နည်းတော့ ကြွက်သားတွေ နာတယ်။
• မိန်းကလေးဖြစ်တော့ သံဓါတ်အားဆေးလဲ မမေ့ပါနဲ့။
• ကျန်တဲ့ အချိန်မှာ ကိုယ်လက်လှုတ်ရှုားမှု လုပ်ပေးပါ။ သွေးတွေစီးလျှောက်၊ ချွေးထွက်တဲ့အထိ လုပ်တာ ကောင်းတယ်။

NSAID (စတီရွိုက်) မပါသည့် အနာ-အကိုက်-အဖျားသက်သောဆေးများ
1. Analgin, Analgesin, Dipyrone 500-1000 mg QID Orally, 0.8 to 1.6 g IM/IV ဘေးထွက်ဆိုးကျိုး = (ရှော့ခ်)၊ အရေပြားနီ၊ သွေးဖိအားကျ၊ ဆီးနီ၊
2. Aspirin = Disprin (Barbiturate), Sodium Salicylate, Acetylsalicylic acid = (ရူမက်တစ်) ခေါ် လေးဘက်နာ ရောဂါ၊ အနာ-အကိုက်-အဖျား-အရောင်၊ ခေါင်းကိုက်ခြင်း၊ အရိုးတီဘီ၊ ဂေါက်၊ Adults 325-500-650-1000 mg TDS/QID, Children 2 to 4 years 160-240-320-325-480 mg QID; သွေးခဲသဖြင့် သွေးကြောပိတ်ခြင်း Adults 81-162.5-325-1000 mg a day or every other day; Aspirin 0.6-0.9 Gm 4 hourly ရက်တို ရူမက်တစ်အဖျား၊ Aspirin 10-15 mg/kg QID နှလုံးရောဂါ (Attack, Stroke) ရခြင်း၊ Aspirin 300-600 mg QID Oral
3. Dextropropoxyphene + Ibuprofen (Ibu-Proxyvon, Ibuprofen, Ibugesic) = စားဆေး-လိမ်းဆေး၊ 200-400 mg 4-6 hourly; 300-800 mg 3-4 hourly; Children 5-10 mg/Kg အစာနှင့်သောက်ရမည်၊ Adults = 1.2-1.8 Gm daily in divided doses Children 20-30 mg/kg in divided doses 8-12 years = 600-800 mg; 3-7 years = 300-400 mg; 1-2 years = 150-200 mg; 6-12 months = 150 mg ဘေးထွက်ဆိုးကျိုး = အရေပြား အနီပြင်ထွက်၊ ဆေးစွဲ၊ အစာမကျေ၊ အစာလမ်းသွေးယို၊
4. Diclofenac (Na) 25-75 mg BD စားဆေး-ထိုးဆေး၊ Diclofenac Injection = 25-50-75 mg infusion in 5% Glucose QID; နာခြင်းအမျိုးမျိုး၊ ဘေးထွက်ဆိုးကျိုး = ပျို့-အန်၊ ခေါင်းကိုက်၊ အစာအိမ်အောင့်၊ အနီပြင်ထွက်၊ ကိုယ်ရောင်၊ အသဲ-ကျောက်ကပ် ထိခိုက်၊ Diclofenic 3% = Aphthous ulcer (အက်ဖ်သပ်စ်-အာလ်ဆာ) လိမ်းဆေး၊
5. Dipyrone (Analgin, Alalgesin) 500-1000 mg QID Orally or 0.8 to 1.6 G IV/IM daily စားဆေး-ထိုးဆေး၊
6. Emflam = Diclofenac 75-150 mg in divided doses NSAID စားဆေး၊
7. Ibuprofen, Ibugesic = (NSAIDs) 200-400-800 mg TDS/QID လစဉ်ရာသီလာစဉ် နာခြင်း၊ နာခြင်း အမျိုးမျိုး၊ သာမန်အကိုက်၊ အဖျား၊ ကလေး၊ ၆လ မှ ၁၂ နှစ်၊ ၅-၁ဝ မီလီဂရမ်/ကေဂျီ၊ အများဆုံး ၃.၂ ဂရမ်၊ ၁ဝ ရက်ထက်မကျော်စေရ၊ အစာနှင့်တွဲပေးပါ။ ဆိုးကျိုးများ၊ အနီရောင်အင်ပြင်၊ ခေါင်းကိုက်၊ ခေါင်းမူး၊ နားထဲက အသံထွက်၊ အိပ်ချင်၊ ဗိုက်နာ၊ ပျို့၊ ဝမ်းပျက်၊ အစာအိမ်နှင့် အူအနာ။
8. Naproxen arthritis အဆစ်နာ၊ ankylosing spondylitis ကျီးပေါင်းတက်နာ၊ tendinitis အရွတ်နာ၊ bursitis အဆစ်အိတ်နာ၊ gout ဂေါက်၊ menstrual cramps ရာသီလာစဉ်နာတို့ အတွက်ပေးသည်။
9. Nimesulide = Adults: 100 mg BD Children: 5mg/kg of body weight in 2 or 3 divided doses
10. Novalgin (Analgin) = Dipyrone = 500-1000 mg QID
11. Paracetamol, Acetaminophen, Crocin, Paracin အစာအိမ်နာ ရှိသူများအတွက် စိတ်ချရသည်၊ Adult 500 mg QID; Children 12 mg/kg QID ဘေးထွက်ဆိုးကျိုး = ပျို့-အန်၊ ဗိုက်အောင့်၊ အနီပြင်ထွက်၊ သရက်ရွက်ကြီး၊
12. Voltaren = 50-75 mg BD/TDS; Voltaren-XR = 100-200 mg QID;