ကျန်းမာရေးနဲ့ဆေးပညာ မေးလိုတာရှိပါက

ဒီဘလော့ခ်ထဲကစာတွေကို တခြားနေရာမှာ ကျွန်တော့်ခွင့်ပြုချက်မပါဘဲ ကူးယူပြီး မတင်ဘို့ စည်းကမ်း သတ်မှတ်ထားပါတယ်။

ကျန်းမာရေး နဲ့ ဆေးပညာ မေးလိုတာရှိပါက
• ဖြစ်တဲ့သူရဲ့ အသက်၊ ကျား-မ ပြောပါ။ ရောဂါလက္ခဏာ ၁-၂-၃။ တခုတိုင်းက ဘယ်လောက် ကြာပြီ။
• လိုအပ်ရင် ကျန်းမာရေးရာဇဝင်၊ ဓါတ်မှန်၊ (အာလ်ထွာဆောင်း)၊ ဆေးစစ်ချက်၊ လိုအပ်ရင် အိမ်ထောင်၊ ကလေး၊ ရှိ-မရှိ။ နေတဲ့တိုင်းပြည်၊ မြို့ထည့်ရေးပါ။ လူနာမည်၊ နေရပ်လိပ်စာအတိအကျ ကိစ္စမရှိပါ။
• ဆေးနာမည်ရေးရင် Trade name ကုမ္ပဏီကပေးတဲ့နာမည်သာမက Generic name ဆေးနာမည် ထည့်ရေးပါ။
• ဆေးစာ၊ ဆေးစစ်ချက်၊ ဝေဒနာတွေကို စကန်လုပ်ပြီးဖြစ်ဖြစ်၊ ဓါတ်ပုံရိုက်လို့ဖြစ်ဖြစ် ပို့နိုင်ပါတယ်။ ဓါတ်ပုံကို ခွင့်မယူဘဲ အသုံးမချပါ။
• အိမ်ထောင်ရေးနဲ့ လိင်ပိုင်းဆိုင်ရာမေးခွန်းတွေကို Facebook ကနေ မမေးပါနဲ့ မဖြေပါ။ တိုက်ရိုက်သာမေးပါ။
• အီးမေးလ် အခက်အခဲရှိလို့ Facebook message မှာဖြစ်ဖြစ် Chat box မှာဖြစ်ဖြစ်ရေးရင်လဲ အားသလား၊ မေးလို့ရလား ရေးမနေဘဲ၊ တခါတည်း မေးခွန်းသာရေးလိုက်ပါ။
• Facebook Comment ကနေမေးတာ-ဖြေတာ အဆင်မပြေပါ။
စာရှည်ရေးမရပါ။ သူများတွေကို အနှောင့်အယှက်ဖြစ်နိုင်ပါတယ်။
• နာမ်စားသုံးတာမှာ ကိုယ်ကိုယ်ကို ‘သား’၊ ‘သမီး’ လို့ သုံးရင် မေးတဲ့သူရဲ့ သားသမီးလား ထင်မှတ်မှားနိုင်တာသတိပြုပါ။
• SMS အရေးအသားမျိုးကို မဖတ်ပါ။ မြန်မာစကားကို အင်္ဂလိပ်စာလုံးနဲ့ရေးတာကို မဖတ်ပါ။
• ဘလော့ခ် နဲ့ ဖေ့စ်ဘွတ်မှာ အမေး-အဖြေတွေကိုသုံးတဲ့အခါ မေးတဲ့သူရဲ့ ကိုယ်ရေး အချက်အလက်တွေ မပါစေရပါ။
• ဖုန်းဆက်ပြီးမေးရင် Time zone မတူတာရော၊ အသံထွက် လွဲနိုင်တာရောကြောင့် အဆင်မပြေပါ။ ကျွန်တော့်မှာ Viber မရှိပါ။ ဖေ့စ်ဘွတ် ဖုန်း-ဗီဒီယို အဆင်မပြေပါ။ Skype ကိုတော့ နိုင်ငံရေးနဲ့ မိသားစုအတွက်သာသုံးပါတယ်။
drswe01@gmail.com ကို (အီးမေးလ်) ပို့ပါ။

(ဘလော့ခ်) တွေထဲ ဝင်ဖတ်ဘို့ အကြံပြုပါတယ်။
- http://dts-medicaleducation.blogspot.in/ ဆေးပညာစာများ
- http://yamuna-online-clinic.blogspot.in ယမုန်နာ ဆေးခန်း
- http://my-sayawun-life.blogspot.in/ ဆရာဝန်ဘဝ အမှတ်ရတာတွေ
- http://dts-political-page.blogspot.in/ နိုင်ငံရေး စာမျက်နှာ
- http://www.facebook.com/pages/Dr-Tint-Swe/490031307758025?skip_nax_wizard=true ဖေ့စ်ဘွတ်
- https://tintswe.wordpress.com/ Dr. Tint Swe ဒေါက်တာတင့်ဆွေ ဆေးပညာစာများ

Sunday, January 2, 2011

Q and A January 2011 (2)

1. လိင်တံ သေးစေတဲ့ဆေးရော ရှိပါသလား
2. ရာသီမမှန်ဘူး
3. If a slightly underweight (BMI 17, 33 years)
4. ကိုယ်ဝန်ရှိမှာကို စိတ်ပူနေမိပါတယ်ရှင့်
5. အဆုတ်သွေးကြော စပေါ့ အကြောင်း
6. ဆီးစစ်ခဲ့သော်လည်း result က negative sign (တစ်ရစ်)ပဲ ပြခဲ့ပါတယ်
7. အသည်းရောင်အသားဝါ စီပိုး ရှိတယ်လို့ သိရပါတယ်
8. ယားနေတာကတမျိုး မလာသေးတာက တမျိုးနဲ့
9. ဗိုက်ထဲကလေးတွေရဲ့ ကြီးထွားမှု အာရှနဲ့ အနောက်နိုင်ငံ ကွာနိုင်ပါသလား

Jan 5, 2011 at 10:31 AM
Q 1: ကျွန်တော့် အသက် ၂ဝ ရှိပါပြီ အိမ်ထောင်တော့ မရှိသေးပါဘူး။ ကျွန်တော်ရဲ့လိင်တံက အရေပြားပန်းငုံ နေတာပါ။ အောက်ဆွဲချလို့ မရဘူး။ လိင်တံပျော့တဲ့အချိန်မှာတော့ ဆွဲလို့ရတယ်။ လိင်တံမာလာတဲ့ အချိန်မှာတော့ ဆွဲလို့ မရတော့ဘူး။ လိင်တံကပဲ ကြီးနေတာလားတော့ မသိဘူး။ (၁) ခွဲစိတ်ပြုပြင်ရင် ဆေးခန်းမှာဆရာဝန်နဲ့ တိုင်ပင်ပြီးတော့ ဆေးခန်းမှာပဲ ခွဲလို့ရမလား။ ကျွန်တော်ဆေးရုံမှာ သွားမခွဲချင်လို့ပါ။ (၂) လိင်တံ သေးစေတဲ့ဆေးရော ရှိပါသလား။ ရှိရင် ဆေးနာမည် လေးနဲ့ ဘယ်လိုဆိုင်မျိုး ဆေးဆိုင်တွေမှာ ဝယ်လို့ရနိုင်မှာလဲ။

• လိင်တံသေးခြင်သူ ဒီလူတယောက်ဘဲ ပြောလာသေးတယ်။ ဒီလိုဖြစ်နေတာအတွက်တော့ မသေးခြင်ပါနဲ့။
• ပန်းငုံတာ ခွဲစိတ်ပြုပြင်မှသာရတယ်။ ဆေးမရှိပါ။
• မခွဲလဲနေလို့ရတယ်။ ခွဲတာက ပိုကောင်းတယ်။
• အပြင်ဆေးခန်းတွေမှာလဲ ခွဲပါမယ်။ ခွဲစိတ်ကုသမှု အသေးစားသာ ဖြစ်တယ်။
• ခွဲပေးနေတဲ့ ဆေးခန်းကို စုံစမ်းပါ။ ဆရာက အထဲမှာ မနေရသူမို့ မသိပါ။
• အိမ်မှာ ဆရာဝန်ခေါ်ခွဲတာ မလုပ်ပါနဲ့။ ပိုးမသန့်တာ၊ သွေးထွက်တာ စတဲ့ နောက်ဆက်တွဲတွေ ဖြစ်လာနိုင်တယ်။
• အတွေ့အကြုံ များတဲ့ ဆရာဝန် ဆိုရင် ခွဲစိတ်အထူးကု မဟုတ်လဲ ကောင်းကောင်း ခွဲပေးနိုင်ပါတယ်။

Jan 5, 2011 at 9:23 AM
Q 2: ကျွန်မအသက် ၁၉ နှစ်ပါ။ ရာသီမမှန်ဘူး။ ဘာဆေးမှလည်းမသိပါ။ ရာသီတစ်ခါလာဖို့ ၃၉-၄၆-၆ဝ ရက် ကြာတတ်တယ်။ လာရင်လည်း နည်းနည်းလေးပဲလာပြီး အရောင်က ညိုညစ်ညစ်နဲ့ နည်းနည်းခဲတယ်။ ကိုက်ခဲပြီး ခြေသလုံး၊ ခေါင်း၊ တစ်ခုပြီးတခု နာတယ်။ တခါတခါ နုတ်ခမ်းကွဲးပြီး ဝက်ခြံလည်းထွက်တယ်။ လိင်ဆက်ဆံခြင်း မပြုဖူးပါ။

• ဒီအရွယ်မှာ ဖြစ်တတ်ပါတယ်။ ဘာမှ မစိုးရိမ်နဲ့။ ဆင်းတဲ့ဟာ အရောင်ရင့်တာ ခဲတာက အထဲမှာကြာနေပြီးမှ ဆင်းလာလို့။ ဒါလဲ ကိစ္စမရှိပါ။ အသက်ရလာတာနဲ့ မှန်လာမယ်။
• အခုကတည်းက မှန်ခြင်ရင် သောက်ရမဲ့ဆေးက သူများမြင်ရင် အထင် လွဲတတ်တယ်။ ကိုယ်ဝန်ဆောင် တားဆေးမျိုး သောက်ရလို့ပါ။ လူအများသုံး၊ တနေ့ ၁ လုံး၊ ၂၈ လုံးပါဆေးကပ်ကို ၃-၄ လ ဆက်သောက်ရင် မှန်လာဘို့ များတယ်။ ရာသီ များလာ-နည်းလာတတ်တယ်။ လူလဲ နဲနဲဝလာတာများတယ်။ တယောက်နဲ့ တယောက်တော့ မတူကြဘူး။ ရက်တော့ မှန်လာလိမ့်မယ်။ ဆေးကပ်မကုန်ခင် သွေးမဆင်းဘဲ၊ ကုန်တာနဲ့ မဆင်းဘဲ မနေဘူး။
• ဝက်ခြံပေါက်တာလဲ အရွယ်ဘဲ။ ဆရာရေးထားတာတွေ ရှိတယ်။ ရှာဖတ်ပါ။ မတွေ့ရင်တော့ ပြောပါ။
• နှုတ်ခမ်းကွဲတာ ရာသီဥတု၊ အစားအစာကြောင့် ဖြစ်ဘို့များတယ်။ ဗီတာမင် စီ၊ ဘီ နဲ့ သံဓါတ်အားဆေးတွေ ပုံမှန် သောက်ပေးပါ။ အစားအစာ မျှတအောင်စားပါ။ သုံပုရာ၊ လိမ်မော်၊ ဆီးဖြူသီး၊ ခရမ်းချဉ် လတ်ဆတ်တာ စား-သောက်ပါ။
• ကိုက်ခဲတာအတွက် အကိုက်အခဲပျောက်ဆေး တမျိုးမျိုး လိုတဲ့အချိန်သောက်ပါ။ အမြဲသောက်နေရမှာတော့ မဟုတ်ပါ။ Diclofenic, Ibuprofen, Paracetamol တခုခုပေါ့။

Jan 5, 2011 at 10:23 AM
Q 3: And let me seek one medical advice again, please. If a slightly underweight (BMI 17, 33 years) person has been starting diabetes (130 mg% + family history type II), he should try to gain weight? If so, is there any win-win strategy for both disorders? (On web, there always suggest DM patients to reduce weight; but how about in this case, please?)

I think care for DM is more important than BW. Mostly DM patients lose weight by age. He/she needs to maintain healthy diet. When he/she becomes old heavy weight is unhealthy. If the person wants to gain more weight, there are a lot of sites. I also have written a small piece in Burmese. Please read Weight gain လှယုံမက ဝချင်သေးရင်

2010/12/30
Q 4: ကျမက အသက်က ၃ဝ နှစ်ပါရှင့်။ ကျွန်မချစ်သူနဲ့ ရာသီဖြစ်ပြီး ၁ ပတ်ကျော်လောက်မှာ မှားသွားမိပါတယ်။ ကိုယ်ဝန်ရှိမှာကို စိတ်ပူနေမိပါတယ်ရှင့်။ ရာသီက ဖြစ်ရမယ့် ရက်ထက် (၄) (၅) ရက်လောက် နောက်ကျနေလို့ စိတ်ပူနေမိပါတယ်ရှင့်။ အခု အဖြူတွေလည်း ဆင်းနေပါတယ်။ အဲလိုဆို ကိုယ်ဝန်ရှိနိုင်ပါသလား။ တကယ်လို့ မယူချင်သေးဘူး ဆိုရင်ရော ဘာဆေးတွေ သောက်သင့်တယ် ဆိုတာ သိချင်ပါတယ်။ အန္တရာယ် ရှိနိုင်လား ဆိုတာလည်း သိချင်ပါတယ်ရှင့်။

1. ကိုယ်ဝန်ရှိ-မရှိဆီးစစ်ပါ။ Urine pregnancy test kit အလွယ်ဝယ်လို့ရပါတယ်။
2. အရေးပေါ် တားဆေးစာ ပို့လိုက်ပါတယ်။
3. Emergency contraception အရေးပေါ် တားနည်းများ အသက် ၁၈ နှစ်ပြည့်မှ ဖတ်ပါ (၂၇) ကို ဖတ်ပါ။

27 Dec 10, 21:01
Q 5: ကျွန်တော်ဟာ ပြည်ပ အလုပ်အကိုင်ရှာဖွေရေျးမှာ အလုပ်လုပ်နေသူပါ။ အဆုတ်သွေးကြော စပေါ့ အကြောင်း သိချင်လို့ပါ။ ရောဂါလို့ ခေါ်ပါလား။ ဆေးခန်းကတော့ ဆေးလက်မှတ်ထုတ်မပေးပါ။ စာလုံးပေါင်း မသိပါ။ ဆေးလက်မှတ် လုံးဝ မပေးတာပါ။ ဓါတ်မှန့်ရိုက်ပြီးပြောတာပါဆရာ။ ကျေးဇူးပါဆရာ။ နောက်တခေါက် ဆေးခန်းသွားရင် အင်္ဂလိပ်လို စာလုံးပေါင်း မေးခဲ့ပါ့မယ်။

အဆုတ်သွေးကြောစပေါ့ ဆိုတာ မရှင်းပါ။ စာလုံးပေါင်းသိလား။ ဘာစစ်ပြီးပြောတာလဲ။ ဓါတ်မှန်-အာလ်ထွာဆောင်း စသည်။ ဓါတ်မှန်မှာ အဖြူ-အမဲပေါ်တယ်။ အရိုး-အသား-အရည်တွေက ဖြူတယ်။ သွေးစက်လိုဟာ ခွဲမရဘူး။ အထင်သာ ပြောနိုင်တယ်။ အရွယ်အစား၊ အရေအတွက်၊ နေရာ သိဘို့လိုသေးတယ်။ ကျန်တဲ့ ကျန်းမာရေးလဲ သိဘို့လိုတယ်။ တိုက်ရိုက် မေးလ် ပို့ပါ။ ဖြစ်နေတာတွေ စုံအောင်ရေးပါ။ ချောင်းဆိုး။ ပိန်၊ ဖျား၊ အစားပျက်၊ ကျား-မ၊ အသက်။ ဆရာဝန်က ဘယ်လိုကုရမယ်ပြောလဲ။

Jan 6, 2011 at 11:49 AM
Q 6: ရာသီဖြစ်ပြီး တစ်ပတ်ကျော်လောက်မှာ အတူနေမိပါတယ်။ ရာသီက (၂၇) ရက် (၂၈) ရက်ဆို လာနေကြပါ။ ဒီလတော့ ဒီနေ့ (၆) ရက်နေ့ထိ မလာသေးပါ။ (၁-၁-၂ဝ၁၁) က တစ်ကြိမ်၊ (၄-၁-၂ဝ၁၁) က တစ်ကြိမ် (၂)ကြိမ် ဆီးစစ်ခဲ့သော်လည်း result က negative sign (တစ်ရစ်)ပဲ ပြခဲ့ပါတယ်။ ဒါပေမယ့် အခုထိ ရာသီမဖြစ်သေးလို့ စိတ်ပူမိပါတယ်။ ကေသီပန် သွေးပုပ်ချဆေးတော့ သောက်နေပါတယ်။ ဆီးစစ်တာ ဘယ်ရက်လောက်မှ စစ်သင့်တယ်ဆိုတာ သိချင်ပါတယ်ရှင့်။ အခု (၂) ကြိမ်စစ်ထားတာရော လုံလောက်မှု ရှိလားဆိုတာ သိချင်ပါတယ်။

Pregnancy Tests ကိုယ်ဝန် ရှိ-မရှိ စမ်းသပ်ခြင်း ကို ဖတ်ပါ။

Jan 7, 2011 at 7:43 AM
Q 7: ကျွန်မက အသက် (၃၃)နှစ်။ အိမ်ထောင်မရှိပါ။ မြန်မာပြည်မှာ နေသူဖြစ်ပါတယ်။ လွန်ခဲ့တဲ့ (၇)လလောက်က သွေးစစ် ကြည့်တော့ ကျွန်မမှာ အသည်းရောင်အသားဝါ စီပိုး ရှိတယ်လို့ သိရပါတယ်။ သေချာအောင် နောက်တစ်ခါ နောက် ဆေးခန်းတစ်ခုမှာ ပြန်စစ်တော့လဲ ရှိတယ်လို့ဘဲပြပါတယ်။ ဘီပိုးမရှိဘူးဆိုလို့ ဘီပိုး ကာကွယ်ဆေးထိုးတာ (၂)ကြိမ် ပြီးသွားပါပြီ။ ပိုးကောင်ရေ နဲ့ အမျိုးအစားကိုတော့ စစ်မကြည့်ရသေးပါ။ စီပိုးကုဖို့ ငွေ မတတ်နိုင်တာကြောင့်ပါ။ အခုကျွန်မက အိမ်ထောင်ပြုဖို့ အစီအစဉ်ရှိပါတယ်။ ကျွန်မသိချင်တာက အိမ်ထောင်ပြုလို့ရမရ၊ (အိမ်ထောင်ဘက်ကိုပါ စီပိုးကူးနိုင်မယ် မဟုတ်လား ဆရာ) နဲ့ ကလေးယူလို့ ရမရ သိချင်ပါတယ်ရှင့်။

ဒီစာတွေကို အရင်ဖတ်ပါ။ လိုသေးရင် မေးပါ။
1. Hepatitis B ဘီ ပိုး
2. လူပျိုမရှောင်၊ အပျိုမရှောင်၊ လင်ရော၊ မယားရော၊ ကလေးပါ ဒုက္ခပေးမဲ့အကောင်
3. Hepatitis C စီ ပိုး စကားထာဖွက်မယ်။ အေမဟုတ် ဘီမဟုတ်ဆိုတာ ဘာလဲ။

Jan 6, 2011 at 8:23 AM
Q 8: ခရစ္စမတ် မတိုင်ခင် ၁ ပတ် ရာသီမလာခင် ၂ ပတ်လောက် အလိုက အဖြူတွေဆင်းပါတယ်။ နို့စိမ်းရောင်လိုလို မျိုးပါ။ အနီလဲ နဲနဲပါ ပါတယ်။ နောက်ပြီး အတွင်းက ယားသလိုလို အပြင်နှုတ်ခမ်းသားတွေက ယားသလိုလို clitoris အတွင်းက ယားသလိုလို အပြင်ကယားသလိုလိုဖြစ်နေပါတယ်။ သူငယ်ချင်းတယောက် အဲသလို ယားသလိုဖြစ်တုန်းက douche နဲ့ ဆေးလိုက်တာ ကောင်းသွားတယ်လို့ ပြောဖူးတော့ betatine douche ဝယ်ပြီး အတွင်းထဲ ထည့်ဆေးလိုက်မိတယ်။ ဆေးပြီးတော့ သက်သာသလိုဖြစ်သွားတယ်။ အဲဒီနောက် ခရစ္စမတ်နေ့မှာ အတူနေပါတယ်။ အဲနောက်ပိုင်း ၁ ပတ်မှာ အဖြူလဲ မဆင်းတော့ပါဘူး။ ဒါပေမယ့် အပြင်နှုတ်ခမ်း နဲ့ clitorisက တော့ ယားနေတုန်းပဲ။ ခုစာရေးတဲ့ အချိန်ထိပါပဲ။ ပုံမှန်ဆို ၁ ရက်နေ့မှာ ရာသီ ပေါ်ရမှာပါ။ ဒါပေမယ့် မပေါ်ပါဘူး။ ဒါနဲ့ နေပြီးတာလဲ ၁ ပတ်ကျော် လာမယ့်ရက်လဲ ကျော်နေတော့ urine test လုပ်ကြည့်တော့ negative ပါ။ နောက် ၂ ရက်နေတော့ ထပ်ပြီး test လုပ်ကြည့်တော့လဲ negative ပါပဲ။ မလာတာ ဒီနေ့နဲ့ဆို ၆ ရက်ရှိပါပြီ။ ပုံမှန်ဆို သမီးက မလာခင် ၁ ပတ်လောက် အလိုဆို ရင်သားတွေကြီးလာ တခါတလေ နာလာတတ်တယ်။ တခါတလေ ဗိုက်ပူပြီး တင်းနေတတ်တယ်။ ခုတော့ ရင်သားတွေ ကြီးနေပေမယ့် မနာဘူး။ ကေသီပန် သောက်ကြည့်ပါတယ် မလာသေးပါဘူး။ တင်ပါးတွေ ပေါင်တွေ ခြေသလုံးတွေ အလာဂျစ်လိုမျိုးနဲ့ ယားလာတယ်။ အမြဲ မဟုတ်ပေမယ့် ခဏနေယားလာလိုက် ခဏနေ ယားလာလိုက်နဲ့။ ဒီတလောမှာ အလုပ်က စိတ်ရှုပ်နေတာက တမျိုး ယားနေတာကတမျိုး မလာသေးတာက တမျိုးနဲ့ စိတ်တွေ အရမ်းရှုပ်နေရလို့။

၁။ Urine for pregnancy test က မရှိရင် စိတ်ချနိုင်ပါတယ်။
၂။ အဖြူဆင်းတာ-ယားတာအတွက် ဆေးသောက်ပါ။ Metronidazole တခါသောက် ၁ ပြား၊ တနေ့ ၃ ကြိမ်၊ ၅-၇ ရက် သောက်ပါ။ Cotrimoxazole Vaginal tablet တည တခါ ၅-၆ ည ထည့်ပါ။
၃။ ယားတာအတွက် Citrizine တခါသောက် ၁ လုံး၊ တနေ့ ၁-၂ ကြိမ်သောက်ပါ။ စိတ်အေးအေးထားပါ။

Jan 6, 2011 at 5:47 AM
Q 9: ကျွန်မ ခုကိုယ်ဝန် ၁၂ ပတ်ရှိပါပြီ။ ပြည်ပ အနောက်နိုင်ငံမှာ နေပါတယ်။ ကျွန်မသိချင်တာက ကိုယ်ဝန်ဆောင် လက်ဖက်သုပ်စားတာကိုပါ။ ကိုယ်ဝန်ရှိကထဲက ကော်ဖီနဲ့ ဆိုဒါတွေကို ရှောင်ပါတယ်။ ဒါပေမယ့် လက်ဖက်သုပ်နဲ့ ရေနွေးကြမ်းကတော့ ဘာဟင်းမှ စားချင်စိတ်မရှိတဲ့အခါ စားရင် ထမင်းဝင်လို့ပါ။ အဲဒါ ဆက်စားဖို့ သင့်မသင့် သိချင်လို့ပါ။ နောက်တခုက ဗိုက်ထဲကလေးတွေရဲ့ ကြီးထွားမှု အာရှနဲ့ အနောက်နိုင်ငံ ကွာနိုင်ပါသလား။ ကျွန်မကို အစက သူတို့က Due Date July 4 ကနေ UltraSound ရိုက်ပြီး July 11 ရွေ့းလိုက်ပါတယ်။ အနောက် နိုင်ငံသားတွေက ကြီးပြီး ကျွန်မရော အမျိုးသားရောက သေးတော့ မှားနိုင်လား သိချင်တာပါ။

၁။ လက်ဖက်သုတ် ကိစ္စမရှိပါ။ ကော်ဖီ-ဆိုဒါ ဘာလို့ရှောင်ရသလဲ။
၂။ Ultrasound ရိုက်ပြီး EDD မှန်းတာက အထဲကကလေးရဲ့ ခေါင်း၊ ပေါင်၊ ဗိုက်တွေကိုတိုင်းပြီး မှန်းတာဖြစ်တယ်။ ဟုတ်တယ်။ အနောက်နဲ့ အရှေ့ မတူပါ။ ဒါပေမဲ့ ရှေ့-နောက် ၂ ပါတ်ကွာနိုင်တယ်လို့လဲ ရေးပေးတယ်။ နောက်တခါ ကိုယ့် နောက်ဆုံးရာသီလာရက် LMP အတိအကျ မှတ်မိရင် အဲဒီရက်ထဲကို ၉ လ နဲ့ ၇ ရက်ပေါင်းပေးရင် EDD ရမယ်။ ဒါလဲ ရှေ့-နောက် ၂ ပါတ်ကွာနိုင်တယ်။ Ultrasound ကလဲ ထပ်ရိုက်ရင် နောက်ပေးတဲ့ EDD ကမတူပြန်ဘူး။