ကျန်းမာရေးနဲ့ဆေးပညာ မေးလိုတာရှိပါက

ဒီဘလော့ခ်ထဲကစာတွေကို တခြားနေရာမှာ ကျွန်တော့်ခွင့်ပြုချက်မပါဘဲ ကူးယူပြီး မတင်ဘို့ စည်းကမ်း သတ်မှတ်ထားပါတယ်။

ကျန်းမာရေး နဲ့ ဆေးပညာ မေးလိုတာရှိပါက
• ဖြစ်တဲ့သူရဲ့ အသက်၊ ကျား-မ ပြောပါ။ ရောဂါလက္ခဏာ ၁-၂-၃။ တခုတိုင်းက ဘယ်လောက် ကြာပြီ။
• လိုအပ်ရင် ကျန်းမာရေးရာဇဝင်၊ ဓါတ်မှန်၊ (အာလ်ထွာဆောင်း)၊ ဆေးစစ်ချက်၊ လိုအပ်ရင် အိမ်ထောင်၊ ကလေး၊ ရှိ-မရှိ။ နေတဲ့တိုင်းပြည်၊ မြို့ထည့်ရေးပါ။ လူနာမည်၊ နေရပ်လိပ်စာအတိအကျ ကိစ္စမရှိပါ။
• ဆေးနာမည်ရေးရင် Trade name ကုမ္ပဏီကပေးတဲ့နာမည်သာမက Generic name ဆေးနာမည် ထည့်ရေးပါ။
• ဆေးစာ၊ ဆေးစစ်ချက်၊ ဝေဒနာတွေကို စကန်လုပ်ပြီးဖြစ်ဖြစ်၊ ဓါတ်ပုံရိုက်လို့ဖြစ်ဖြစ် ပို့နိုင်ပါတယ်။ ဓါတ်ပုံကို ခွင့်မယူဘဲ အသုံးမချပါ။
• အိမ်ထောင်ရေးနဲ့ လိင်ပိုင်းဆိုင်ရာမေးခွန်းတွေကို Facebook ကနေ မမေးပါနဲ့ မဖြေပါ။ တိုက်ရိုက်သာမေးပါ။
• အီးမေးလ် အခက်အခဲရှိလို့ Facebook message မှာဖြစ်ဖြစ် Chat box မှာဖြစ်ဖြစ်ရေးရင်လဲ အားသလား၊ မေးလို့ရလား ရေးမနေဘဲ၊ တခါတည်း မေးခွန်းသာရေးလိုက်ပါ။
• Facebook Comment ကနေမေးတာ-ဖြေတာ အဆင်မပြေပါ။
စာရှည်ရေးမရပါ။ သူများတွေကို အနှောင့်အယှက်ဖြစ်နိုင်ပါတယ်။
• နာမ်စားသုံးတာမှာ ကိုယ်ကိုယ်ကို ‘သား’၊ ‘သမီး’ လို့ သုံးရင် မေးတဲ့သူရဲ့ သားသမီးလား ထင်မှတ်မှားနိုင်တာသတိပြုပါ။
• SMS အရေးအသားမျိုးကို မဖတ်ပါ။ မြန်မာစကားကို အင်္ဂလိပ်စာလုံးနဲ့ရေးတာကို မဖတ်ပါ။
• ဘလော့ခ် နဲ့ ဖေ့စ်ဘွတ်မှာ အမေး-အဖြေတွေကိုသုံးတဲ့အခါ မေးတဲ့သူရဲ့ ကိုယ်ရေး အချက်အလက်တွေ မပါစေရပါ။
• ဖုန်းဆက်ပြီးမေးရင် Time zone မတူတာရော၊ အသံထွက် လွဲနိုင်တာရောကြောင့် အဆင်မပြေပါ။ ကျွန်တော့်မှာ Viber မရှိပါ။ ဖေ့စ်ဘွတ် ဖုန်း-ဗီဒီယို အဆင်မပြေပါ။ Skype ကိုတော့ နိုင်ငံရေးနဲ့ မိသားစုအတွက်သာသုံးပါတယ်။
drswe01@gmail.com ကို (အီးမေးလ်) ပို့ပါ။

(ဘလော့ခ်) တွေထဲ ဝင်ဖတ်ဘို့ အကြံပြုပါတယ်။
- http://dts-medicaleducation.blogspot.in/ ဆေးပညာစာများ
- http://yamuna-online-clinic.blogspot.in ယမုန်နာ ဆေးခန်း
- http://my-sayawun-life.blogspot.in/ ဆရာဝန်ဘဝ အမှတ်ရတာတွေ
- http://dts-political-page.blogspot.in/ နိုင်ငံရေး စာမျက်နှာ
- http://www.facebook.com/pages/Dr-Tint-Swe/490031307758025?skip_nax_wizard=true ဖေ့စ်ဘွတ်
- https://tintswe.wordpress.com/ Dr. Tint Swe ဒေါက်တာတင့်ဆွေ ဆေးပညာစာများ

Sunday, July 17, 2011

Q and A July 2011 (17)

၁။ အူအတက်ပါ တစ်ခါတည်း
၂။ ယောက်ျားလေး အသက် ၁၉ ပါ
၃။ ဆေးတွေ သောက်တော့ ခေါင်းမှုးနောက်ပြီး
၎။ ခါးထုံဆေးနည်း ထိုးပါတယ်

2011/7/26
၁၈၊ ၇ လမှာ ကလေးမွေးထားပါတယ်။ ခွဲမွေးတော့ အူအတက်ပါ တစ်ခါတည်း ဖြတ်ပေးလိုက်တယ်။ (့) နိုင်ငံ၊ (့) မြို့မှာပါ။ အရမ်းနာပြီး လေလည်း တအားထိုးတယ်။ အစားအသောက်လည်း ဘာမှမစားရဲဘူး။ အဲဒါ ဘာဆေးစားသင့်ပြီး ဘယ်လို အစားစာတွေ စားသင့်လဲဆိုတာ ကူညီပါအုံးနော်။

နောက် ကျန်းမာရေးအကြောင်း စာရေးရင် တိတိကျကျနဲ့ စာကို ဖတ်တဲ့သူ စဉ်းစားပြီး မှန်းဆ မနေရအောင် ရေးသင့်တယ်။ (အထက်က မေးခွန်းက ပြုပြင်ထားပြီး ဖြစ်တယ။်) အခုစာကို ၃-၄ ခေါက် ဖတ်ရတယ်။ ဥပမာ နေ့စွဲရေးတာ။ စာရိုက်ရင် စကားစုတခုနဲ့ နောက်တခုကြား (စပေ့စ်) ခြားမှ ဖတ်ရသူ သဘောပေါက်တယ်။ ဖြစ်တဲ့သူရဲ့ အသက်၊ ကလေး ဘယ်နှစ်ယောက် ပါသင့်တယ်။ အခုခွဲတဲ့ကလေး အခြေအနေလဲ ပါသင့်တယ်။

ဆေးရုံက ဆေးပေးတာတွေ ကုန်ပြီလား။ ဆေးရုံဆင်းတော့ ဘယ်အစာမျိုး အစားခိုင်းပြီလဲ။ မသိတာတွေ ဖယ်ထားပြီး အကြံပေးရရင် ခွဲပြီးရက်ကို ၁၈-၇-၂၀၁၁ လို့ယူဆရင် ၉-၁၀ ရက်ရှိလို့ အစာမာကို စားလို့ရပြီ။ ဖြေးဖြေးချင်း တိုးတက်စားပါ။ ကောက်ညှင်းလို ထမင်းကျော်လို မသင့်သေးပါ။ နာတာက ခွဲတာကြောင့်ရယ် အထဲက ခွဲစိတ်တဲ့ နေရာတွေ ပူးကပ်မှုကြောင့်ရယ် ဖြစ်နိုင်တယ်။ အပေါ်ယံသဘော လေထတဲ့အစာ၊ ၀မ်းကြောင့်တွေလဲ စဉ်စားရမယ်။

အနာ နာသလိုအတွက် Ibuprofen ဆေးကို တခါသောက် ၁ လုံး၊ တနေ့ ၂-၃ ကြိမ်၊ အစာနဲ့ သောက်နိုင်တယ်။ ရစ်နာတာဆိုရင် Buscopan ဆေးကို တခါသောက် ၁ လုံး၊ လိုတဲ့အခါ သောက်နိုင်တယ်။ ကလေးကို စိုးရိမ်စရာ မရှိပါ။ ၀မ်းနုတ်ဆေးမျိုး မသောက်သင့်ပါ။ ၀မ်းမချုပ်အောင် ရေ-အရည် များများသောက်၊ အသီးအရွက် နဲ့ အသီးအနှံ စားပေးပါ။ လေထတာအတွက် Antacid, Digene တခုခုသောက်နိုင်သေးတယ်။

2011/7/27 Nano Nano
ယောက်ျားလေး အသက်၁၉ ပါ။ ဒီနေ့မနက် ရေချိုးတာ ရေချိုးရင်း ညာဖက်ခါးရဲ့ ကျောဘက်က အရမ်းနာပါတယ်။ ရေချိုးပြီးလည်း နာပါတယ်။ ပြီးတော့ ပျောက်သွားတယ်။ နောက် ဆီးအောင့်လာပါတယ်။ တစ်ခါမှမဖြစ်ဖူးပါ။ ရေကလည်းခါတိုင်းလိုပဲ ပုံမှန် သောက်ပါတယ်။ ဆီးသွားတဲ့အချိန်ဘာမှမဖြစ်ပါ။ ဒီတိုင်းသာမန်နေနေရင် ဂျိုးရဲ့ခေါင်းထိပ်နားမှာ နာသလိုလို အောင့်သလိုလို ဖြစ်နေတာပါ။ အဲ့ထိပ်နားမှာပါပဲ။ ပိုးများဝင်တာလား။ ကျွန်တော်ကျောင်းလည်းရှိသေးတယ်။ project တွေလည်း ရှိသေးတယ်။ မြန်မြန် စာပြန်ပေးနိုင်ရင် ကောင်းမှာပါပဲ။ ရေတွေ အရမ်းသောက်နေလို့ ဆီးကတော့ အရောင်မရှိပါဘူး။

ပြောတာတွေ အားလုံးခြုံလိုက်ရင် ဆီးလမ်းကြောင်း စစ်ဘို့လိုမယ်။ နောက်ကျော-ခါးက နာတာနဲ့ ဆက်ပြီး ဆီးအောင့်သလို၊ ပန်းအဖျား ဆိုတာတွေက ဆက်နေတဲ့ သဘောရတယ်။ ကျောက်ကပ်-ကျောက် ရှိ-မရှိ စစ်သင့်တယ်။ ပိုးဝင်တာဆိုရင် တနေရာ သတ်သတ် မှတ်မှတ်မှာ စဖြစ်တယ်။ ဆေးမစစ်ခင် နာတာသက်သာချင်ရင် Buscopan စားဆေး သောက်နိုင်တယ် တခါသောက် ၁ လုံး၊ တနေ့ ဘယ်နှစ်ကြိမ်ရယ်မဟုတ်ဘူး၊ နာတဲ့အချိန် သောက်နိုင်တယ်။ ၂-၃ ကြိမ်၊ ဆိုပါစို့။ အဲဒါတောင် နာပြီး အော်နေရရင် အဲဒီဆေးကိုဘဲ IV ထိုးရတယ်။ လူကောင်ကြီးရင် ၃ လုံး တွဲတောင် ထိုးရတာ။ ဒါက နာတာအတွက် သက်သက်ဖြစ်တယ်။ ဆေးစစ်ရင် X-ray, Ultrasound တခုခုခိုင်းမယ်။ မရိုက်ခင် ၀မ်းခြူပြီးမှ လုပ်ရတာလဲ ရှိမယ်။ ပိုးထင်ရင် Septrin တခါသောက် ၂ ပြား၊ တနေ့ ၂ ကြိမ်၊ ၄-၅ ရက် သောက်ပါ။ ဆီး အက်စစ်ဓါတ် နည်းစေအာင် Antacid ၁ ပြားစီ တွဲသောက်ပါ။ ရေများများ၊ အသီးဖျော်ရည် သောက်ပါ။ လိမ်မော်ရည် အစစ်ကောင်းတယ်။ ကိုကာ စတာတွေ မကောင်းပါ။

2011/7/27
အခုလို အရေးတယူ ပြန်လည်ဖြေကြားပေးသည့်ဆရာကို အထှုးကျေးဇှုးတင်ပါသည် ဆရာ ဖြေကြားပေးသည့် အထဲမှာ ပါသည့် နှာခေါင်းရောဂါထဲမှ (နှာခေါင်းထဲတွင် အသားပိုရှိသည့် sign နှင့်တှုညီမှုရှိပါသည်)။ လည်ချောင်းနာခြင်း၊ အသက်ရှု အဆင်မပြေ ဖြစ်ခြင်းတွေဟာ ဒါတွေကြောင့်လို့ ဆိုရပေါ့နော်။ မျက်ရိုးတိုရ နှာဖှုးတို့မှာ ဘာမှ နာကျင်ခံစားမှု မရှိသေးပါ ဒီက ဆရာဝန်ပေးသည့် ဆေးတွေ သောက်တော့ ခေါင်းမှုးနောက်ပြီး ကားစီးရင်လည်း မူးပါသည်။ လည်ချောင်း နာသည့် အခြေအနေမှာ မည်သည့်အဆင့် ရောက်နေသည်။ မည်သို့ ကုသလျင် ပျောက်ကင်းနိုင်မည် ဆိုသည်ကိုလည်း သိချင်ပါသည်။

နှာခေါင်းထဲ မီထိုးကြည့်နိုင်တယ်။ မှန်ထဲ ကြည့်လို့ရရင် ရတတ်တယ်။ တဖက်နဲ့တဖက် မတူဖြစ်နေတတ်တယ်။ နှစ်ဖက်လုံးလဲ ဖြစ်တတ်တယ်။ ဒီရောဂါအတွက် ပေးတဲ့ ဆေးတွေက များသောအားဖြင့် အိပ်ချင်စေတယ်။ အလုပ်-ကျောင်း အခြေအနေအရ သတိနဲ့ သောက်ပါ။ နောက်ခါရေးရင် အရင်စာနဲ့ ဆက်မေးပေးပါ။ ပြန်ရှာနေရတာ တခါတလေ ကြာတယ် စာတွေက အများကြီး။

2011/7/28
သမီး ကလေးမွေးပြီးတာ ၈ လရှိပါပြီ။ ရိုးရိုးမွေးတာပါ။ အရမ်းနာလို့ Epidural analgesia (အပီဂျူရယ်) ခါးထုံဆေးနည်း ထိုးပါတယ်။ ခုအဲဆေးထိုးထားတဲ့ နေရာက နာနေပါတယ်။ တင်းပြီးနာတာပါ။ ကျောလည်ကနေ ခါးထိ နာနေတာပါ။ အဲလိုပဲ ဖြစ်တက်ပါသလား။
သက်သာအောင် ဘယ်လိုလုပ်ရပါမလဲ။

ဆောရီး။ ဖြစ်တတ်တယ်။ ခါးကိုထိုးရတဲ့ဆေးတွေက နောက်ပိုင်းဆက်ဖြစ်တာ အဖြစ်များတယ်။ ဒဏ်ဘဲဆိုပါတော့။ တချို့မှာ ဆိုးတယ်။ ဆေးထိုးရတဲ့နေရာလေးက သိပ်ကျဉ်းမြောင်း-တိကျတယ်။ နဲနဲ စောင်တာ၊ တိမ်းတာ မခံဘူး။ ဘေးမှာ အာရုံကြောမကြီးရှိတယ်။
များသောအားဖြင့်က ကြာရင် သက်သာ ပျောက်ကင်းပါတယ်။ ၈ လအထိဆိုတော့ ကြာတော့ ကြာနေပြီပေါ့။ အနာအကိုက်ပျောက်ဆေး သောက်နိုင်ပါတယ်။ အစာနဲ့ တွဲသောက်ပါ။ နာတာကိုရော ရောင်နေတာကိုပါ သက်သာစေပါမယ်။ Neurobion စားဆေး လဲ တွဲသောက်နိုင်ပါတယ်။ တခါသောက် ၁ ပြား၊ တနေ့ ၂ ကြိမ်။ ခါးအနေအထား သတိထားနေပါ။ လိုမယ်ထင်ရင် မေ့ဆေးဆရာဝန်ကို ပြန်ပြပါ။