ကျန်းမာရေးနဲ့ဆေးပညာ မေးလိုတာရှိပါက

ဒီဘလော့ခ်ထဲကစာတွေကို တခြားနေရာမှာ ကျွန်တော့်ခွင့်ပြုချက်မပါဘဲ ကူးယူပြီး မတင်ဘို့ စည်းကမ်း သတ်မှတ်ထားပါတယ်။

ကျန်းမာရေး နဲ့ ဆေးပညာ မေးလိုတာရှိပါက
• ဖြစ်တဲ့သူရဲ့ အသက်၊ ကျား-မ ပြောပါ။ ရောဂါလက္ခဏာ ၁-၂-၃။ တခုတိုင်းက ဘယ်လောက် ကြာပြီ။
• လိုအပ်ရင် ကျန်းမာရေးရာဇဝင်၊ ဓါတ်မှန်၊ (အာလ်ထွာဆောင်း)၊ ဆေးစစ်ချက်၊ လိုအပ်ရင် အိမ်ထောင်၊ ကလေး၊ ရှိ-မရှိ။ နေတဲ့တိုင်းပြည်၊ မြို့ထည့်ရေးပါ။ လူနာမည်၊ နေရပ်လိပ်စာအတိအကျ ကိစ္စမရှိပါ။
• ဆေးနာမည်ရေးရင် Trade name ကုမ္ပဏီကပေးတဲ့နာမည်သာမက Generic name ဆေးနာမည် ထည့်ရေးပါ။
• ဆေးစာ၊ ဆေးစစ်ချက်၊ ဝေဒနာတွေကို စကန်လုပ်ပြီးဖြစ်ဖြစ်၊ ဓါတ်ပုံရိုက်လို့ဖြစ်ဖြစ် ပို့နိုင်ပါတယ်။ ဓါတ်ပုံကို ခွင့်မယူဘဲ အသုံးမချပါ။
• အိမ်ထောင်ရေးနဲ့ လိင်ပိုင်းဆိုင်ရာမေးခွန်းတွေကို Facebook ကနေ မမေးပါနဲ့ မဖြေပါ။ တိုက်ရိုက်သာမေးပါ။
• အီးမေးလ် အခက်အခဲရှိလို့ Facebook message မှာဖြစ်ဖြစ် Chat box မှာဖြစ်ဖြစ်ရေးရင်လဲ အားသလား၊ မေးလို့ရလား ရေးမနေဘဲ၊ တခါတည်း မေးခွန်းသာရေးလိုက်ပါ။
• Facebook Comment ကနေမေးတာ-ဖြေတာ အဆင်မပြေပါ။
စာရှည်ရေးမရပါ။ သူများတွေကို အနှောင့်အယှက်ဖြစ်နိုင်ပါတယ်။
• နာမ်စားသုံးတာမှာ ကိုယ်ကိုယ်ကို ‘သား’၊ ‘သမီး’ လို့ သုံးရင် မေးတဲ့သူရဲ့ သားသမီးလား ထင်မှတ်မှားနိုင်တာသတိပြုပါ။
• SMS အရေးအသားမျိုးကို မဖတ်ပါ။ မြန်မာစကားကို အင်္ဂလိပ်စာလုံးနဲ့ရေးတာကို မဖတ်ပါ။
• ဘလော့ခ် နဲ့ ဖေ့စ်ဘွတ်မှာ အမေး-အဖြေတွေကိုသုံးတဲ့အခါ မေးတဲ့သူရဲ့ ကိုယ်ရေး အချက်အလက်တွေ မပါစေရပါ။
• ဖုန်းဆက်ပြီးမေးရင် Time zone မတူတာရော၊ အသံထွက် လွဲနိုင်တာရောကြောင့် အဆင်မပြေပါ။ ကျွန်တော့်မှာ Viber မရှိပါ။ ဖေ့စ်ဘွတ် ဖုန်း-ဗီဒီယို အဆင်မပြေပါ။ Skype ကိုတော့ နိုင်ငံရေးနဲ့ မိသားစုအတွက်သာသုံးပါတယ်။
drswe01@gmail.com ကို (အီးမေးလ်) ပို့ပါ။

(ဘလော့ခ်) တွေထဲ ဝင်ဖတ်ဘို့ အကြံပြုပါတယ်။
- http://dts-medicaleducation.blogspot.in/ ဆေးပညာစာများ
- http://yamuna-online-clinic.blogspot.in ယမုန်နာ ဆေးခန်း
- http://my-sayawun-life.blogspot.in/ ဆရာဝန်ဘဝ အမှတ်ရတာတွေ
- http://dts-political-page.blogspot.in/ နိုင်ငံရေး စာမျက်နှာ
- http://www.facebook.com/pages/Dr-Tint-Swe/490031307758025?skip_nax_wizard=true ဖေ့စ်ဘွတ်
- https://tintswe.wordpress.com/ Dr. Tint Swe ဒေါက်တာတင့်ဆွေ ဆေးပညာစာများ

Sunday, May 1, 2011

Q and A May 2011 (1)

1. အိမ်ထောင်ကျတာ နှစ်နှစ်လောက်ရှိပါပြီဗျာ
2. ခေါင်းမူးမူးနေတာ ၁ နှစ်ကျော်ကျော် ကြာနေပါပြီ
3. အိပ်ရင်လည်း အိပ်ရင်း နိုးနိုး နေတယ်
4. ကလေးရှိနေခဲ့လျှင် ကလေးအား ထိခိုက်မည်ကို စိုးရိမ်ပါသည်
5. ကျွန်တော်ရဲ့ မိန်းမမှာ ကိုယ်ဝန် ၃ လရှိနေပါသည်
6. လေထုတ်တာက ကလေးကျောကိုပုတ်ပြီး ထုတ်ပေးရမှာလား
7. လာရာလမ်းတလျှောက် သားက မူးပြီး အန်လာခဲ့ပါတယ်

9 May 11, 03:48
Q 1: ကျနော် အိမ်ထောင်ကျတာ နှစ်နှစ်လောက်ရှိပါပြီ။ ခုထိ သုတ်ထွက် မြန်တုန်းပဲဆိုတော့ ဘယ်လိုနည်းတွေနဲ့ ကြာအောင် ထိန်းလို့ ရမလဲ လမ်းညွှန်ပေးပါ။
• Early ejaculation (1) သုတ်လွှတ်စောခြင်း အသက် ၁၈ နှစ်ပြည့်မှ ဖတ်ပါ (၂)
• Early ejaculation (2) သုတ်လွှတ်စောခြင်းအဆက် အသက် ၁၈ နှစ်ပြည့်မှ ဖတ်ပါ (၅၃)
• သုတ်လွှတ်စောခြင်း အဆက်၏ နောက်ဆက်တွဲ

May 10, 2011 at 10:23 AM
Q 2: ကျွန်မ အမျိုသား ခေါင်းမူးမူးနေတာ ၁ နှစ်ကျော်ကျော် ကြာနေပါပြီ။ ဆေးခန်းသွားပြတာ ဆရာဝန်က နားစည် ကောင်းကောင်း အလုပ်မလုပ်လို့ ပြောပါသည်ရှင့်။ ဆရာ့ပြန်စာတခုကို ဖတ်ကြည့်မိတော့ (သူများပြန်စာ) Vitamin B6 သောက်ရန် ပြောထားပါသည်။ တနေ့ကို ဘယ်နှစ်လုံးနှင့် ဘယ်လောက်အား သောက်ရပါမည်လဲရှင့်။

ရောဂါနာမယ် အတိအကျ သိရမှ ကောင်းတယ်။ ခေါင်းမူးရောဂါဆိုတာ တမျိုးထဲမကရှိတယ်။ ရေးပြီးသားတွေ ဖတ်ပါအုံး။ လိုသေးရင်လဲ မေးပါ။
• Migraine မိုင်ဂရင်း ခေါင်းမူး-ခေါင်းကိုက်ရောဂါ
• Vertigo အမူးရောဂါ (အရက်ကြောင့် မဟုတ်ပါ)

2011/5/9
Q 3: ကျမအသက် ၃၇ နှစ်ပါ။ အိမ်ထောင်ရှိပါပြီ။ ၂ဝဝ၉ ခုနှစ်က ဆိုင်ကယ် Accident ဖြစ်တဲ့အတွက် ဆေးရုံမှာ ၃ လ ကျော် ဆေးကုသမှု ခံယူရပါတယ်။ Sep 2010 ကတည်းကနေ ရာသီမလာတော့ပါ။ ၈ လရှိပါပြီ။ ဆရာဝန်တွေကို မေးကြည့်တော့ Accident ကြောင့်မို့လို့ ပုံမှန်မဖြစ်တာလို့ ဆိုပါတယ်။ ဒါပေမယ့် ပြဿနာက ညည အိပ်ရတာ ခက်ပါတယ်။ အိပ်ရင်လည်း အိပ်ရင်း နိုးနိုး နေတယ်။ ပြီးရင် အိပ်လို့မရတော့ဘူး ဖြစ်ပါတယ်။ အိပ်ရေး မဝတော့ နေ့လည်ကျရင် အိပ်ချင်သလိုလို အားအင် လျော့သလိုမျိုး ခံစားရပါတယ်။ ခေါင်းကလည်း မရှင်းသလို ဖြစ်နေပါတယ်။ သွေးဆုံးတဲ့ Menopause symptoms လား၊ ဘာတွေလုပ်ဖို့ လိုပါသလဲ၊ ဆရာဝန်ဆီသွားပြီး ဆေးကုသဖို့ လိုပါသလား။

Accident ဖြစ်တော့ ဘယ်နေရာကို ထိခိုက်သလဲ။ ရေးပြီးသားစာ ၃ ပုဒ် ပို့လိုက်ပါတယ်။ လိုသေးရင် မေးပါ။
• Menopause သွေဆုံး-သားဆုံး
• Sleeping pills အိပ်ဆေး
• Sleeping မအိပ်ဘဲနေ အသက်မရှည်

ပို့ လိုက်တဲ့ စာ ၃ ပိုဒ်လုံးအတွက် ကျေးဇူးအများကြီးတင်ပါတယ်။ ကျေးဇူးတင်စကား ပြောရအုံးမယ်။ ကျမ ဆရာ့ကို သွေးခုန်နန်း နှေးတာနဲ့ Triglyceride အကြောင်း မေးဖူးပါတယ်။ ဆရာပို့လာတဲ့ ပညာပေးစာရပြီး အစားသောက် ဆင်ခြင်ပါတယ်။ ဝက်သား၊ ကြက်သားမစားပဲ အချိုရည်တွေလည်း ရှောင်ပါတယ်။ ပြီးတော့ Salmon ငါးကို ၁ပတ်မှာ ၁ ခါ ဝယ်ချက်စားတယ်။ ၁ ရက်ကို လေ့ကျင့်ခန်း ၁ဝ မိနစ်၊ ၁၅ မိနစ်လုပ်ပြီး အသီးအရွက်စား လုပ်လိုက်တာ၊ သွေးခုန်နန်းက ကိုယ့်ကိုကိုယ် ပြန်စစ်ကြည့်တယ် မယုံလို့ သွေးခုန်နန်း ပြန်သွားစစ်ကြည့်တော့ ၁ မိနစ်ကို ၇၃ ပြန်ဖြစ်နေလို့ အရမ်း ဝမ်းသာပါတယ်။ ပြီးတော့ ကိုယ်အလေးချိန်လည်း ၄ ကီလို ကျသွားပါတယ်။ ကိုယ့်ကိုကိုယ် တိုးတက်လာတယ်လို့ သတ်မှတ်လို့ ရပါတယ်။ အခုပို့ လိုက်တဲ့ ပညာပေးစာလည်း ကျမအတွက် သာမက တခြား လူတွေအတွက် အများကြီး အကျိုးရှိပါတယ်။

2011/5/8
Q 4: သမီးနာမည် (့) ပါ။ အသက် 28 နှစ်၊ အိမ်ထောင်ရှိပါသည်။ မြန်မာပြည်မှာ မဟုတ်သည့်အတွက် ထဲထဲဝင်ဝင် ဆွေးနွေးစရာ မြန်မာဆရာဝန် မရှိပါသဖြင့် အကူအညီ တောင်းခြင်း ဖြစ်ပါသည်။ ရာသီလာရမည့် ရက်ကျော်နေပါသဖြင့် ဆီးစစ်ကြည့်ပါသည် ကလေး မရှိပါ။ ကလေးလဲ လိုချင်ပါသည်။ ဒါပေမယ် ရာသီရက်က ရက်ကျော်ပြီး 12 ရက်အကြာတွင် သွေးဆင်းပါသည်။ ပုံမှန်ပဲဟု ထင်ခဲ့ ပါသည်။ သို့သော် ညရောက်သောအခါ သွေးဆက်မဆင်းတော့ပါ။ အလုံးတည်မှာ ကြောက်သဖြင့် ကေသီပန် သောက်မိပါသည်။ သို့သော် ဆက်မဆင်းတော့ပါ။ သမီးစိုးရိမ်သည်မှာ ကလေးရှိနေခဲ့လျှင် ကလေးအား ထိခိုက်မည်ကို စိုးရိမ်ပါသည်။ သွေးကျန်လျင်လည်း အလုံးဖြစ်မှာ စိုးရိမ်ပါသည်။

သားအိမ်မှာ အလုံးစတဲ့ ရောဂါ ရှိ-မရှိ Ultrasound နဲ့ သိနိုင်ပါတယ်။ သားအိမ်အလုံးရှိရင် သွေးပိုဆင်းတတ်တာက များတယ်။ မြန်မာဆေးတွေကို ဆရာ သိပ်မသိပါ။ သွေးကျန်တယ်ဆိုတာ မစိုးရိမ်ပါနဲ့။ ဆင်းစရာရှိရင် ဆင်းမှာပါ။

2011/5/9
Q 5: ကျွန်တော့် အသက်က ၃၅ နှစ်ပါ။ ကျွန်တော်ရဲ့ မိန်းမမှာ ကိုယ်ဝန် ၃ လရှိနေပါသည်။ ကိုယ်ဝန် ဘယ်နှစ်လက စပြီး Sex လုပ်လို့ ရပါသလဲ။ ဘယ် Positions က ကလေးအတွက် Safe ဖြစ်လဲဆိုတာ ရှင်းပြပေးပါ။
• Sex after delivery ကလေးဖွါးပြီး အတူနေခြင်း
• အသက် ၁၈ နှစ်ပြည့်မှ ဖတ်ပါ (၃၁)
• Sex and Pregnancy ကိုယ်ဝန်ဆောင်စဉ် အရင်လို နေလို့ရသလား
• အသက် ၁၈ နှစ်ပြည့်မှ ဖတ်ပါ (၂၇)

2011/4/28
Q 6: ကျွန်မအသက် ၂၅ နှစ်ပါ။ (့) နိုင်ငံမှာ နေထိုင်ပါတယ်။ သားဦးလေးကို ပြီးခဲ့တဲ့ ၁၃ ရက်နဲ့နေ့ကပဲ ခွဲမွေးခဲ့ပါတယ်။
ဆေးရုံမှာတုံးက သားကို သုံးနာရီခြားတခါ နို့တိုက်ခဲ့ရပါတယ်။ နို့စို့ပြီးတာနဲ့ သားကအိပ်ပါတယ်။ အိမ်ပြန်ရောက်ပြီးလည်း ပုံမှန် စို့ပါတယ်။ ခုသုံးရက်လောက်ရှိပြီ သားက နို့ကို အသက်တောင် မရှူပဲ အငမ်းမရစို့ပါတယ်။ ပြီးရင် နို့တွေသီးနေပါတယ်။ နို့ထွက်တာ အရမ်းများနေလို့လား။ ဒါမှမဟုတ် နို့တိုက်တဲ့ပုံစံ မှားနေလို့လား။ ခါတိုင်းလို နို့အများကြီး မစို့တော့သလိုပါပဲ။ ပြီးတော့ ကောင်းကောင်းလည်း မအိပ်တော့ဘူး။ ခနခန ငိုသလို ညည်းသလိုလုပ်ပြီး နာရီဝက် တနာရီဆို နိးပါတယ်။ ပြီးရင် နို့နဲနဲထပ်စို့ပါတယ် တနေ့ကို ဘယ်နှစ်ကြိမ် နို့တိုက်နေရလဲတောင် မသိတော့ပါဘူး။ ကလေးနို့စို့ပြီးရင် လေထုတ်ပေးရမယ် ပြောပါတယ်။ ဆေးရုံက သင်ပေးတဲ့အတိုင်း သမီးလည်း လုပ်ပါတယ် ဒါပေမဲ့ သူများတွေပြောသလို အေ့ဆိုပြီး မထွက်ပါဘူး။ အေ့မဖြစ်မချင်းထုတ်ပေးရမှာလား။ အေ့ဆိုပြီး လေထွက်တာ ခုထိနှစ်ခါပဲရှိဖူးပါတယ် လေထုတ်တာက ကလေးကျောကိုပုတ်ပြီး ထုတ်ပေးရမှာလား သပ်ချပြီး ထုတ်ပေးရမှာလားဆိုတာလည်း သိချင်ပါတယ်။ မရိုမသေဆရာ၊ အီးတော့ အရမ်းပေါက်ပါတယ်။ အဲဒါကောင်းတာလား မကောင်းတာလား။

ကလေးငယ်လေးတွေ အဲလိုပါဘဲ။ မစိုးရိမ်ပါနဲ့။ လေထုတ်တာက ခေါင်းပိုင်းကို အပေါ်မှာထားတာနဲ့ ရပါတယ်။ လေဆိုတာ ပေါ့ပါးလို့ အထက်တက်ပါတယ်။ လေထွက်သံ မကြားလဲ ထားလိုက်ပါ။ လေလည်တာ ကောင်းပါတယ်။ ဝမ်းလဲ ခဏခဏ သွားမှာဘဲ။ အထိန်းတွေ မသန်မာသေးလို့ပါ။ တဖြေးဖြေး နည်းပြီး မှန်လာလိမ့်မယ်။ နို့တိုက်တာလဲ ဆေးရုံက ပြောသလို လုပ်ပါ။ ကလေးဆိုတာ လူတွေလိုဘဲ အကျင့်လုပ်ပေးရသေးတယ်။ အကျင့်မရခင်၊ မမှန်ခင် သူကြိုက်သလိုနေတယ်။ သားဦးဆိုရင် နို့ထွက်များမှာဘဲ၊ ကောင်းပါတယ်။ ကလေးက နိုင်အောင်မစို့နိုင်လို့ နို့တင်းနေရင် ညှစ်ပြစ်ရသေးတယ်။

2011/5/7
Q 7: ကျွန်မက 14-6-04 ခုနှစ်မှာ သားဦး မွေးဖွားခဲ့သူပါ။ အသက် 7 နှစ်ပြည့်တော့မှာပါ။ သားလေးက 3 နှစ် အရွယ် 2007 ခုနှစ် လောက်က တောင်တက်ခရီး ကားစီးဘူးပါတယ်။ မအန်ပါဘူး။ အခု 2011 ကြမှ တောင်တက်ခရီး တင်မက မြေပြန့် ခရီးမှာပါ ကားမူးပြီး အန်တတ်နေပါတယ်။ ကျွန်မ အပျိုဘဝက ကားမူးပြီး အန်တာ မရှိခဲ့ပါ။ အခု 2007 ခုကနေ အခု 2011 အထိ တောင်တက်ခရီးတွေမှာ ကားမူးပြီး အန်တတ်နေပါတယ်။ မြေပြန့်မှာတော့ မဖြစ်ပါဘူး။ အဲ ကလေးရဲ့ အဖေကတော့ ဘယ်ခရီးစဉ်မှာမှ ဘယ်တုန်းကမှ ကားမူးတယ် အန်တယ်ဆိုတာ မရှိပါဘူး။ ကားမူးပြီး အန်တဲ့ ဝေဒနာ၊ သောက၊ အရှက်တရား၊ ဒုက္ခ၊ ဒါတွေကို သားလေးမှာ မရှိစေချင်ပါ။ ဘယ်လိုမျိုး နေထိုင်၊ စားသောက်မှု ပုံစံမျိုးရှိရင် ဒီဒုက္ခတွေဝေးမှာပါလဲရှင်။ အခုဆိုရင် ကျွန်မ မိဘတွေရှိရာ (့) မြို့ကို ခင်ပွန်းသည်နေတဲ့ (့) ကနေ လာရာ လမ်း တလျှောက် သားက မူးပြီး အန်လာခဲ့ပါတယ်။ သူ့ခမျာ အဖိုး၊ အဖွားတွေနဲ့နေပြီး တစ်ပါတ်လောက် ကြာတော့ ဖေဖေဆီ ပြန်ချင်တယ်။ ဒါပေမယ့် ကားစီးဖို့ ကြောက်တယ်တဲ့။ ကားနဲ့ လည်တဲ့အခါတော့လည်း ကားမူးတာ အန်တာ မရှိပြန်ပါဘူး။ နေထိုင်၊ စားသောက်မှု စနစ်တွေကို သားလေးကို စီမံပေးမှာမို့ ညွှန်ကြားပေးပါရှင်။

• Anti Emetics အအန်ပျောက်ဆေးများ