ကျန်းမာရေးနဲ့ဆေးပညာ မေးလိုတာရှိပါက

ဒီဘလော့ခ်ထဲကစာတွေကို တခြားနေရာမှာ ကျွန်တော့်ခွင့်ပြုချက်မပါဘဲ ကူးယူပြီး မတင်ဘို့ စည်းကမ်း သတ်မှတ်ထားပါတယ်။

ကျန်းမာရေး နဲ့ ဆေးပညာ မေးလိုတာရှိပါက
• ဖြစ်တဲ့သူရဲ့ အသက်၊ ကျား-မ ပြောပါ။ ရောဂါလက္ခဏာ ၁-၂-၃။ တခုတိုင်းက ဘယ်လောက် ကြာပြီ။
• လိုအပ်ရင် ကျန်းမာရေးရာဇဝင်၊ ဓါတ်မှန်၊ (အာလ်ထွာဆောင်း)၊ ဆေးစစ်ချက်၊ လိုအပ်ရင် အိမ်ထောင်၊ ကလေး၊ ရှိ-မရှိ။ နေတဲ့တိုင်းပြည်၊ မြို့ထည့်ရေးပါ။ လူနာမည်၊ နေရပ်လိပ်စာအတိအကျ ကိစ္စမရှိပါ။
• ဆေးနာမည်ရေးရင် Trade name ကုမ္ပဏီကပေးတဲ့နာမည်သာမက Generic name ဆေးနာမည် ထည့်ရေးပါ။
• ဆေးစာ၊ ဆေးစစ်ချက်၊ ဝေဒနာတွေကို စကန်လုပ်ပြီးဖြစ်ဖြစ်၊ ဓါတ်ပုံရိုက်လို့ဖြစ်ဖြစ် ပို့နိုင်ပါတယ်။ ဓါတ်ပုံကို ခွင့်မယူဘဲ အသုံးမချပါ။
• အိမ်ထောင်ရေးနဲ့ လိင်ပိုင်းဆိုင်ရာမေးခွန်းတွေကို Facebook ကနေ မမေးပါနဲ့ မဖြေပါ။ တိုက်ရိုက်သာမေးပါ။
• အီးမေးလ် အခက်အခဲရှိလို့ Facebook message မှာဖြစ်ဖြစ် Chat box မှာဖြစ်ဖြစ်ရေးရင်လဲ အားသလား၊ မေးလို့ရလား ရေးမနေဘဲ၊ တခါတည်း မေးခွန်းသာရေးလိုက်ပါ။
• Facebook Comment ကနေမေးတာ-ဖြေတာ အဆင်မပြေပါ။
စာရှည်ရေးမရပါ။ သူများတွေကို အနှောင့်အယှက်ဖြစ်နိုင်ပါတယ်။
• နာမ်စားသုံးတာမှာ ကိုယ်ကိုယ်ကို ‘သား’၊ ‘သမီး’ လို့ သုံးရင် မေးတဲ့သူရဲ့ သားသမီးလား ထင်မှတ်မှားနိုင်တာသတိပြုပါ။
• SMS အရေးအသားမျိုးကို မဖတ်ပါ။ မြန်မာစကားကို အင်္ဂလိပ်စာလုံးနဲ့ရေးတာကို မဖတ်ပါ။
• ဘလော့ခ် နဲ့ ဖေ့စ်ဘွတ်မှာ အမေး-အဖြေတွေကိုသုံးတဲ့အခါ မေးတဲ့သူရဲ့ ကိုယ်ရေး အချက်အလက်တွေ မပါစေရပါ။
• ဖုန်းဆက်ပြီးမေးရင် Time zone မတူတာရော၊ အသံထွက် လွဲနိုင်တာရောကြောင့် အဆင်မပြေပါ။ ကျွန်တော့်မှာ Viber မရှိပါ။ ဖေ့စ်ဘွတ် ဖုန်း-ဗီဒီယို အဆင်မပြေပါ။ Skype ကိုတော့ နိုင်ငံရေးနဲ့ မိသားစုအတွက်သာသုံးပါတယ်။
drswe01@gmail.com ကို (အီးမေးလ်) ပို့ပါ။

(ဘလော့ခ်) တွေထဲ ဝင်ဖတ်ဘို့ အကြံပြုပါတယ်။
- http://dts-medicaleducation.blogspot.in/ ဆေးပညာစာများ
- http://yamuna-online-clinic.blogspot.in ယမုန်နာ ဆေးခန်း
- http://my-sayawun-life.blogspot.in/ ဆရာဝန်ဘဝ အမှတ်ရတာတွေ
- http://dts-political-page.blogspot.in/ နိုင်ငံရေး စာမျက်နှာ
- http://www.facebook.com/pages/Dr-Tint-Swe/490031307758025?skip_nax_wizard=true ဖေ့စ်ဘွတ်
- https://tintswe.wordpress.com/ Dr. Tint Swe ဒေါက်တာတင့်ဆွေ ဆေးပညာစာများ

Friday, December 9, 2011

Q and A November 2011 (1)

၁။ မိခင်လောင်းတွေအတွက် ဖတ်စရာတွေ
၂။ ညာဘက် ဗိုက်အောက်နားက
၃။ သမီးလေးက ၉ လရှိပါပြီဆရာ
၎။ အဲဒီအဖြေက ပြီးခဲ့တဲ့ ဘယ်နှစ်လထိ အကျုံးဝင်ပါသလဲ

2011/11/4
မိခင်လောင်းတွေအတွက် ဖတ်စရာတွေဆိုတဲ့ခေါင်းစဉ်ကို ဆရာ့ဆိုဒ်ရဲ့ ဘယ်နေရာမှာ ရှာဖတ်ရမလဲ။ သူ့အောက်က ခေါင်းစဉ် တခုချင်းစီကို ဖတ်ကြည့်ချင်လို့ပါ။

1. ANC (2) ဗိုက်အပ်ခံခြင်း
2. ANC ကိုယ်ဝန်ဆောင် စောင့်ရှောက်ခြင်း
3. Become pregnant ကိုယ်ဝန်ရနိုင်ခြင်း
4. Bleeding During Early Pregnancy ကိုယ်ဝန်နုစဉ် သွေးဆင်းခြင်း
5. CS and Anesthesia ဗိုက်ခွဲမွေးတာ ဘယ်မေ့ဆေး သုံးမှာလဲ
6. Hepatitis C and Pregnancy အသဲရောင် (စီ) နဲ့ ကိုယ်ဝန်
7. Honeymoon ဟန်းနီးမွန်း
8. Linea negra ကိုယ်ဝန်ရှိ-မရှိ ဗိုက်ကိုကြည့်
9. LSCS and Normal labor ဗိုက်ခွဲမွေးတာ နဲ့ ရိုးရိုးမွေးတာ
10. LSCS ဗိုက်ခွဲမွေးရခြင်း
11. Matching blood group before marriage လက်မထပ်ခင် သွေးအုပ်စု စစ်ဘို့ အရေးကြီးသလား
12. Normal labor ကလေး မီးဖွါးခြင်း
13. Pregnancy and Air Travel ကိုယ်ဝန်နဲ့ လေယာဉ်ခရီး
14. Pregnancy and Hepatitis B ကိုယ်ဝန် နှင့် ဘီပိုး
15. Pregnancy and Prednisolone ကိုယ်ဝန်နှင့် (ပရက်နဆိုလုံး)
16. Pregnancy and Ultrasound ကိုယ်ဝန်ဆောင် နှင့် (အာလ်ထွာ-ဆောင်း)
17. Pregnancy and Vomiting ကိုယ်ဝန်နှင့် အန်ခြင်း

Fri, Nov 4, 2011 at 5:24 PM
ကျွန်တော် ညာဘက် ဗိုက်အောက်နားက တစ်ချက်တချက် အောင့်အောင့် နေပါတယ်။ ဝမ်းလည်းပုံမှန်သွားပါတယ်။ ခုလိုမျိုးဖြစ်နေတာ ၁ ပတ်လောက် ရှိပါပြီ။ အသက်က(၃၂)နှစ်ရှိပါပြီ။ ဘာဖြစ် တာပါသလဲ ခင်ဗျာ။ ဘာဆေးသာက်ရပါလဲ ခင်ဗျာ။

ဆရာဝန် ပြပြီးပြီလား။ ဆေးစစ်သလား။ ဥပမာ Ultrasoung ရိုက်သလား။ အရင်က အဲလိုဖြစ်ဘူးသလား။
ဗိုက်ညာဘက် အောက်နားဆိုတာ အူအတက်ကို သံသယရှိရတယ်။ နာပုံနာနည်း ဘယ်လိုလဲ။ ကိုယ်ပူသေးလား။ တခါတလေ အဖျားတိုင်းကြည့်မှ ပူနေမှန်းသိတတ်တယ်။
အူအတက်မဟုတ်၊ ဝမ်းသွားတာလဲမှန်ရင် အလွယ်ဆေးနည်းကတော့ Antacid လေနာဆေး တမျိုးနဲ့ Buscopan, Ibuprofen, Diclofenic တမျိုးမျိုးကို အစာနဲ့ တွဲသောက်နိုင်တယ်။

Nov 3, 2011 at 8:13 PM
ကျမ သမီးလေးက ၉ လရှိပါပြီဆရာ။ သမီးလေးက ထမင်းသိပ်မစားလို့ပါ။ ထမင်းစားချင်စိတ် ရှိလာအောင် ဘယ်အားဆေးက ကောင်းလဲလို့ သိချင်လို့ပါ ဆရာ။ သမီးလေးရဲ့ကီလိုက (၇) ကီလိုပါ။

ကလေး ၆ လနောက်မှာ အားဆေးတိုက်သင့်ပါပြီ။ အခြေခံက ဗီတာမင် ဘီ အုပ်စု ဆေးရည် ဖြစ်တယ်။ ဥပမာ Vitamin B complex, Polybion syrup, Burplex syrup စတာမျိုး ဖြစ်တယ်။
အစာမစားချင်ဖြစ်နေတာကို ဒါနဲ့လဲ ကောင်းစေနိုင်တယ်။ လိုသေးရင် Cypon syrup/drop လဲ တိုက်နိုင်တယ်။
သွား-အရိုး အားကောင်းအောင် Calcium တိုက်နိုင်သေးတယ်။ ဗီတာမင် အေ ကို စိတ်စောစရာ မလိုပါ။ စီ ကလဲ သိပ်မလိုတတ်ပါ။ ဒီ ဆိုတာလဲ နေရောင်ရရင် မလိုတတ်ပါ။

November 3, 2011 7:57 PM
သူငယ်ချင်းတစ်ယောက် ၂၉-၁ဝ-၂ဝ၁၁ သွေးစစ်တာ
hiv 1/ hiv 2 Antibody (ELISA) Non- Reactive
HBs Antigen Non-Reactive
HBs Antibody 62 mIU/ml (>10)
အဲဒီအဖြေက ပြီးခဲ့တဲ့ ဘယ်နှစ်လထိ အကျုံးဝင်ပါသလဲခင်ဗျာ။

Anti-HBs ဆိုတာ Antibody to hepatitis B surface antigen ဘီပိုးရဲ့ မျက်နှာပြင်က ရောဂါရစေတဲ့ (အင်တီဂျင်) ကို ခုခံတိုက်ဖျက် ပေးနိုင်တဲ့ (အင်တီဘော်ဒီ) ရှိနေတယ်လို့ ဆိုတာဖြစ်တယ်။
တနည်းအားဖြင့် ခုခံအား ရှိနေတယ်။ တနည်းပြောရရင် Immunity ရောဂါပြီးနေသူ ဖြစ်တယ်။
(က) HBV infection (အင်ဖက်ရှင်) ရထားလို့ဖြစ်ဖြစ် (ခ) Vaccination ကာကွယ်ဆေး ထိုးထားလို့ ခုခံနိုင်စွမ်းရနေတာ ဖြစ်တယ်။ Immune response (အင်မြူးန်) တုံ့ပြန်မှု လုပ်တာလို့ ခေါ်တယ်။
HBsAb လို့လဲ ခေါ်ပေမဲ့ ခပ်ဆင်ဆင် အတိုကောက်နဲ့ လွဲတတ်တယ်။
ကာကွယ်ဆေးမှန်သမျှ ဆေးပါတ်စေ့ရင် နောက်ထပ်ထိုးစရာ မလိုဘူး။ ဆိုလိုတာက အခုလို ရောဂါပြီးဓါတ် ရှိနေတာဟာ တသက်တာအတွက် ဖြစ်သွားတယ်။