ကျန်းမာရေးနဲ့ဆေးပညာ မေးလိုတာရှိပါက

ဒီဘလော့ခ်ထဲကစာတွေကို တခြားနေရာမှာ ကျွန်တော့်ခွင့်ပြုချက်မပါဘဲ ကူးယူပြီး မတင်ဘို့ စည်းကမ်း သတ်မှတ်ထားပါတယ်။

ကျန်းမာရေး နဲ့ ဆေးပညာ မေးလိုတာရှိပါက
• ဖြစ်တဲ့သူရဲ့ အသက်၊ ကျား-မ ပြောပါ။ ရောဂါလက္ခဏာ ၁-၂-၃။ တခုတိုင်းက ဘယ်လောက် ကြာပြီ။
• လိုအပ်ရင် ကျန်းမာရေးရာဇဝင်၊ ဓါတ်မှန်၊ (အာလ်ထွာဆောင်း)၊ ဆေးစစ်ချက်၊ လိုအပ်ရင် အိမ်ထောင်၊ ကလေး၊ ရှိ-မရှိ။ နေတဲ့တိုင်းပြည်၊ မြို့ထည့်ရေးပါ။ လူနာမည်၊ နေရပ်လိပ်စာအတိအကျ ကိစ္စမရှိပါ။
• ဆေးနာမည်ရေးရင် Trade name ကုမ္ပဏီကပေးတဲ့နာမည်သာမက Generic name ဆေးနာမည် ထည့်ရေးပါ။
• ဆေးစာ၊ ဆေးစစ်ချက်၊ ဝေဒနာတွေကို စကန်လုပ်ပြီးဖြစ်ဖြစ်၊ ဓါတ်ပုံရိုက်လို့ဖြစ်ဖြစ် ပို့နိုင်ပါတယ်။ ဓါတ်ပုံကို ခွင့်မယူဘဲ အသုံးမချပါ။
• အိမ်ထောင်ရေးနဲ့ လိင်ပိုင်းဆိုင်ရာမေးခွန်းတွေကို Facebook ကနေ မမေးပါနဲ့ မဖြေပါ။ တိုက်ရိုက်သာမေးပါ။
• အီးမေးလ် အခက်အခဲရှိလို့ Facebook message မှာဖြစ်ဖြစ် Chat box မှာဖြစ်ဖြစ်ရေးရင်လဲ အားသလား၊ မေးလို့ရလား ရေးမနေဘဲ၊ တခါတည်း မေးခွန်းသာရေးလိုက်ပါ။
• Facebook Comment ကနေမေးတာ-ဖြေတာ အဆင်မပြေပါ။
စာရှည်ရေးမရပါ။ သူများတွေကို အနှောင့်အယှက်ဖြစ်နိုင်ပါတယ်။
• နာမ်စားသုံးတာမှာ ကိုယ်ကိုယ်ကို ‘သား’၊ ‘သမီး’ လို့ သုံးရင် မေးတဲ့သူရဲ့ သားသမီးလား ထင်မှတ်မှားနိုင်တာသတိပြုပါ။
• SMS အရေးအသားမျိုးကို မဖတ်ပါ။ မြန်မာစကားကို အင်္ဂလိပ်စာလုံးနဲ့ရေးတာကို မဖတ်ပါ။
• ဘလော့ခ် နဲ့ ဖေ့စ်ဘွတ်မှာ အမေး-အဖြေတွေကိုသုံးတဲ့အခါ မေးတဲ့သူရဲ့ ကိုယ်ရေး အချက်အလက်တွေ မပါစေရပါ။
• ဖုန်းဆက်ပြီးမေးရင် Time zone မတူတာရော၊ အသံထွက် လွဲနိုင်တာရောကြောင့် အဆင်မပြေပါ။ ကျွန်တော့်မှာ Viber မရှိပါ။ ဖေ့စ်ဘွတ် ဖုန်း-ဗီဒီယို အဆင်မပြေပါ။ Skype ကိုတော့ နိုင်ငံရေးနဲ့ မိသားစုအတွက်သာသုံးပါတယ်။
drswe01@gmail.com ကို (အီးမေးလ်) ပို့ပါ။

(ဘလော့ခ်) တွေထဲ ဝင်ဖတ်ဘို့ အကြံပြုပါတယ်။
- http://dts-medicaleducation.blogspot.in/ ဆေးပညာစာများ
- http://yamuna-online-clinic.blogspot.in ယမုန်နာ ဆေးခန်း
- http://my-sayawun-life.blogspot.in/ ဆရာဝန်ဘဝ အမှတ်ရတာတွေ
- http://dts-political-page.blogspot.in/ နိုင်ငံရေး စာမျက်နှာ
- http://www.facebook.com/pages/Dr-Tint-Swe/490031307758025?skip_nax_wizard=true ဖေ့စ်ဘွတ်
- https://tintswe.wordpress.com/ Dr. Tint Swe ဒေါက်တာတင့်ဆွေ ဆေးပညာစာများ

Friday, December 9, 2011

Q and A November 2011 (2)

၁။ Antibody ဆိုတာ ဘာကိုဆိုလိုတာလည်း
၂။ ရာသီက ၁ လ ထဲမှာ ၃ ခါလာ နေတယ်
၃။ I want to know about this medicine
၎။ ယခုသောက်နေသော ဆေးများ
၅။ သူများတွေကတော့ အလယ်ဂျစ်လို့ ပြောပါတယ်
၆။ Ultrasound ရိုက်ကြည့်တော့ အချင်းက အပေါ်ရောက်နေတယ်

9 Nov 11, 00:24
Antibody ဆိုတာ ဘာကိုဆိုလိုတာလည်းဆရာ။ ကျနော့် အမျိုးသမီးက ကိုယ်ဝန် ၆ လခွဲရှိပြီ။ ဆေးရုံသွားပြတော့ Antibody ရှိတယ်လို့ ပြောတယ်။ အဲဒါ စိုးရိမ်ရလား။ ကျနော်တို့ အခု (့) မှာပါ။ ဘာသာစကား အခက်အခဲရှိလို့ ကောင်းကောင်းနားမလည်ဘူး ဖြစ်နေတယ်။

Antibody (အင်တီဘော်ဒီ) ဆိုတာ အမျိုးမျိုးရှိတယ်။ ဘာကို (အင်တီ) လုပ်တဲ့ (ဆန့်ကျင်တဲ့) Antibody လဲ သိဘို့လိုတယ်။ အသံထွက်ဖြစ်ဖြစ် စာလုံးပေါင်း ဖြစ်ဖြစ် သိရရင် ပြောပါ။

8 Nov 11, 10:32
ရာသီက ၁လ ထဲမှာ ၃ ခါလာ နေတယ်။ အရမ်းလဲ များပါတယ်။ သွေးခဲတွေ ပဲဆင်းနေတယ်။ အရင်က ၃ လခြား ၁ ခါလောက် ၂ ခါ ပေါ်တတ် ပါတယ်။ အခု လမှ ၃ ခါလဲ ပေါ်ပြီး အရမ်းလဲ များပါသည်။ အခုလပိုင်း အတွင်း ပိန်ဆေးလဲ သောက်မိသည်။ ဘာကြောင့် ဖြစ်တာလဲ။

ဖြစ်တဲ့သူရဲ့ အသက်၊ အိမ်ထောင်ရေး၊ ဘာဆေးတွေသောက်နေ စတာတွေ စုံအောင်ရေးပြီး အီးမေးလ် နဲ့ တိုက်ရိုက်မေးပါ။

6 Nov 11, 14:21
I want to know about this medicine (Phenolphthalein). This medicine is for what? How to use this medicine?

Phenolpthalein ကို ဝမ်းနုတ်ဆေးအနေနဲ့သုံးနေခဲ့တာ ကြာပါပြီ။ နောက်ပိုင်းတော့ ကင်ဆာဖြစ်မလား ပြန်ဆန်းစစ်တယ်။ ဓါတ်ခွဲခမ်းမှာ နဲနဲ သုံးတာ ဘာမှမဖြစ်စေဘူး။ ကလေးကစားစရာတွေမှာလဲ သုံးတယ်။

2011/11/4
ယခုသောက်နေသော ဆေးများ Livups, Upsa-S, Zincovit, Happi, Cochicine တို့ဖြစ်ပါတယ်။ သောက်တာ ၂ လကျော်သွားပါပြီ ဘာမှ မထူးခြားပါခင်ဗျာ။
ကိုယ်ညာဘက် ကျောတွေ ရင်တွေအောင့်နေတာ ၁ နှစ်လောက်ရှိပါပြီ။ ညာဘက်နံရိုးအောက်က နည်းနည်းယောင်နေတယ်။ အမြဲတမ်း တင်းကြပ်ကြပ်ကြီး ဖြစ်နေပြီး နာနေပါတယ်။ တခါတလေ ဘယ်ဘက်ကပါ နည်းနည်း အောင့်ပါတယ်။ စိတ်လဲ တော်တော်ပျက်နေပါပြီ။ လှုပ်ရှားရင် ပိုနာပါတယ်။ ကားစီး၊ စက်ဘီးစီးရင် ပိုနာပါတယ်။ ကြမ်း၂တမ်း၂ ဘာမှလဲ လုပ်လို့ မရပါဘူး။ အထူးသဖြင့် ညာဘက်ရင်ဘက်တောက်လျှောက်တင်းပြီး နာနေတာပါ။ Ultrasound, x-ray, blood test စတာတွေ 8-8-2010 က တကြိမ် (ပင်လုံဆေးရုံ)၊ 18-122010 တကြိမ် (လမ်း ၃ဝ ဆေးခန်း) စစ်တော့လဲ ဘာမှ မတွေ့ရပါဘူး။ ဘာဖြစ်မှန်း မသိလို့ပါ။

Zincovit ကလွဲရင် တခြားဆေးနာမည်တွေကို ရှာမရပါ။ ဆေးရောင်းနာမည်တွေဖြစ်နေတယ်။ အထဲကပါတဲ့ဆေးသိမှ ဘာအတွက် သောက်ရတယ်ဆိုတာ သိပါမယ်။ Cochicine ကတော့ အဆစ်နာ၊ ဂေါက်အတွက်သုံးတယ်။
ဆေးစစ်တာတွေ ကောင်းနေတာ စိတ်သက်သာရာ ရဘို့ ကောင်းတယ်။ ကံကောင်းတာပေါ့ဗျာ။ စိတ်မညစ်စေချင်ပါ။
အစားစားတာ၊ အအိပ်အနေ၊ BP သွေးဖိအား၊ လူ အပိန်-အဝ သိချင်ပါတယ်။

ကျနော် ဆေးနာမည်အလိုက် ပါဝင်တဲ့ အမျိုးအမည်တွေကို အောက်မှာ ဖော်ပြပေးလိုက်ပါတယ်။ ကျနော်က (့) ကပါ (့) မှာ တာဝန်ကျတာပါ။ ကားစီးပြီး အသွားအပြန်လုပ်တဲ့အခါ ဆိုင်ကယ်စီးတဲ့အခါ ညာဘက် ကျောတွေ ရင်တွေနာလာပါတယ်။ အထူးသဖြင့် ကျောရိုးမကြီးက နာနေတာပါ။ ကျောရိုးဘေးနားကတော့ ဖျင်းဖျင်းနဲ့ နာနေတာပါ။ ညာဘက်နံရိုးအောက်ကတော့ ရောင်ပြီး တင်းနေတာပါ။

URSA-S ဆေးမှာ ဗီတာမင် ဘီ ၁ နဲ့ ၂ တွေ ပါတယ်။
Live-up ဆေးက တိုင်းရင်းဆေးဖြစ်လို့ သိပ်မသိပါ။
Happi-20 (Rabeprazole Sodium) ဆေးက အစာအိမ်က အက်စစ်ဓါတ် အထွက်နည်းစေတဲ့ဆေး ဖြစ်တယ်။
BP 130/90 ဆိုရင် အငန်လျှော့စားပါ။ သွေးဖိအား မကြာမကြာတိုင်းပါ။ အောက်ဂဏန်း ၉ဝ ကျော်ရင် သွေးကျဆေး သောက်ပါ။
ကျောတွေ ရင်တွေနာနာအတွက် အနာသက်သာဆေး တမျိုးမျိုးကို လိုတဲ့အချိန်မှာ သောက်နိုင်ပါတယ်။ Ibuprofen, Diclofenic, Paracetamol တခုခု။

2011/11/7
ကျွန်တော် နာမည်က (့) ပါ။ အသက်က ၂၅ နှစ်ပြည့်ပါပြီ။ အခုလက်ရှိကတော့ (့) နိုင်ငံမှာ ဖြစ်ပါတယ်။ အခုလက်ရှိ အရေပြားအရမ်းယားတဲ့ ရောဂါကိုခံစားနေရပါတယ်။ သူများတွေကတော့ အလယ်ဂျစ်လို့ ပြောပါတယ်။ မြန်မာနိုင်ငံတုန်းက (့) မြို့မှာ တာဝန်ကျတုန်းက တစ်ခါ ဖြစ်ခဲ့ဘူးပါတယ်။ အခု (့) နိုင်ငံရောက်ပြီး သုံးလ လေးလလောက်တည်းက ပြန်ဖြစ်နေပါတယ်။ အရေပြားက ယားပါတယ်။ ကုတ်ရင် အင်ပြင်လိုမျိုးပြီး ကုတ်လိုက်ရင် မထမတော လက်ချောင်းအရာတွေထင်တယ် နောက်တော့ အဲဒီကုတ်လိုက်တဲ့ လမ်းကြောင်း အစင်းတွေပေါ်မှာ အဖုလိုင်းတွေထလာတယ်။ ရုရှားနိုင်ငံက အလက်ဂျစ်ဆေးဆိုတာတွေကို မေးပြီးတော့လဲ သောက်ပါတယ်။ ဒါပေမဲ့ မပျောက်ပါဘူး။ ပြောက်လဲခဏပါပဲ။ သတိထားမိသလောက်တော့ ဂုတ်တို့ လက်တို့က စတင်ပြီး ယားတက်ပါတယ်။ အရမ်း အိပ်မရအောင် ယားလာရင်တော့ CETZY - 10 tablets (Cetirizine Hydrochloride 10mg. Tablets ကို သောက်ပါတယ်။ အဲဒါသောက်ရင်တော့ သက်သာပါတယ်။ ဒါပေမဲ့ ခဏလောက်ပါပဲ။ နောက်နေ့ ပြန်ဖြစ်ရင် ပြန်သောက်ရပါတယ်။စွဲပြီးတော့လည်း သောက်ကြည့်ဘူးပါတယ်။ ဒါမေမယ့် မပျောက်ကင်းပါဘူး။

၁။ Allergy သို့မဟုတ် မတည့်အတူနေ
၂။ Allergy medications (အလာဂျီ) ကို ဘယ်လို ကုသမလဲ
၃။ Urticaria (Hives) အင်ပြင် ထွက်ခြင်း တွေကို ပို့လိုက်ပါတယ်။

2011/11/9
ပြီးခဲ့တဲ့ အောက်တိုဘာလ ၃၁ ရက်နေ့မှာ Ultrasound ရိုက်ကြည့်တော့ အချင်းက အပေါ်ရောက်နေတယ် ပြောတယ်။ ဝမ်းသားစရာပေါ့။ အောက်ကိုရော ပြန်ရောက်သွားတတ်ပါသလား။ အောက်တိုဘာ ၁၄ ရက်လောက်မှာ သွေးထပ်ဆင်းသေးတယ်။ တစ်ရက်လောက် စောင့်ကြည့်လိုက်တော့ ရပ်သွားတယ်။ သွေးက ခပ်ညစ်ညစ် အရောင် အဖတ်တစ်ဖတ်ဆင်းပြီး ရပ်သွားတယ်။ မီးဖွားမဲ့ရက်ကတော့ ဒီဇင်ဘာလကုန်လို့ သတ်မှတ်ပေးထားတယ်။ ခု ခလေးက အရမ်းလှုပ်တယ်။ ကြည့်ရင်တောင် မြင်နေရတယ်။ အမျိုးသမီးကတော့ အဲလို လှုပ်တာကို စိုးရိမ်နေတယ်။ ထွက်ကြမယ်စိုးလို့တဲ့။

အချင်းနေရာ ဘယ်တော့မှ မပြောင်းလဲပါ။ ကောင်းနေပါတယ်။ ကလေး ဘယ်လောက်လှုတ်လှုတ် စောစောမမွေးစေပါ။ ကလေး နေကောင်းတယ်လို့ ယူဆနိုင်တယ်။ သွေးနဲနဲလေး ဆင်းတာ သိပ်တော့ မစိုးရိမ်ရပါ။ မိခင်လောင်းကို အိပ်ယာထဲမှာ အတတ်နိုင်ဆုံးနားစေပါ။ အတက်-အဆင်းလုပ်တာ၊ အလေးအပင်မတာ ဂရုပြုပါ။