ကျန်းမာရေးနဲ့ဆေးပညာ မေးလိုတာရှိပါက

ဒီဘလော့ခ်ထဲကစာတွေကို တခြားနေရာမှာ ကျွန်တော့်ခွင့်ပြုချက်မပါဘဲ ကူးယူပြီး မတင်ဘို့ စည်းကမ်း သတ်မှတ်ထားပါတယ်။

ကျန်းမာရေး နဲ့ ဆေးပညာ မေးလိုတာရှိပါက
• ဖြစ်တဲ့သူရဲ့ အသက်၊ ကျား-မ ပြောပါ။ ရောဂါလက္ခဏာ ၁-၂-၃။ တခုတိုင်းက ဘယ်လောက် ကြာပြီ။
• လိုအပ်ရင် ကျန်းမာရေးရာဇဝင်၊ ဓါတ်မှန်၊ (အာလ်ထွာဆောင်း)၊ ဆေးစစ်ချက်၊ လိုအပ်ရင် အိမ်ထောင်၊ ကလေး၊ ရှိ-မရှိ။ နေတဲ့တိုင်းပြည်၊ မြို့ထည့်ရေးပါ။ လူနာမည်၊ နေရပ်လိပ်စာအတိအကျ ကိစ္စမရှိပါ။
• ဆေးနာမည်ရေးရင် Trade name ကုမ္ပဏီကပေးတဲ့နာမည်သာမက Generic name ဆေးနာမည် ထည့်ရေးပါ။
• ဆေးစာ၊ ဆေးစစ်ချက်၊ ဝေဒနာတွေကို စကန်လုပ်ပြီးဖြစ်ဖြစ်၊ ဓါတ်ပုံရိုက်လို့ဖြစ်ဖြစ် ပို့နိုင်ပါတယ်။ ဓါတ်ပုံကို ခွင့်မယူဘဲ အသုံးမချပါ။
• အိမ်ထောင်ရေးနဲ့ လိင်ပိုင်းဆိုင်ရာမေးခွန်းတွေကို Facebook ကနေ မမေးပါနဲ့ မဖြေပါ။ တိုက်ရိုက်သာမေးပါ။
• အီးမေးလ် အခက်အခဲရှိလို့ Facebook message မှာဖြစ်ဖြစ် Chat box မှာဖြစ်ဖြစ်ရေးရင်လဲ အားသလား၊ မေးလို့ရလား ရေးမနေဘဲ၊ တခါတည်း မေးခွန်းသာရေးလိုက်ပါ။
• Facebook Comment ကနေမေးတာ-ဖြေတာ အဆင်မပြေပါ။
စာရှည်ရေးမရပါ။ သူများတွေကို အနှောင့်အယှက်ဖြစ်နိုင်ပါတယ်။
• နာမ်စားသုံးတာမှာ ကိုယ်ကိုယ်ကို ‘သား’၊ ‘သမီး’ လို့ သုံးရင် မေးတဲ့သူရဲ့ သားသမီးလား ထင်မှတ်မှားနိုင်တာသတိပြုပါ။
• SMS အရေးအသားမျိုးကို မဖတ်ပါ။ မြန်မာစကားကို အင်္ဂလိပ်စာလုံးနဲ့ရေးတာကို မဖတ်ပါ။
• ဘလော့ခ် နဲ့ ဖေ့စ်ဘွတ်မှာ အမေး-အဖြေတွေကိုသုံးတဲ့အခါ မေးတဲ့သူရဲ့ ကိုယ်ရေး အချက်အလက်တွေ မပါစေရပါ။
• ဖုန်းဆက်ပြီးမေးရင် Time zone မတူတာရော၊ အသံထွက် လွဲနိုင်တာရောကြောင့် အဆင်မပြေပါ။ ကျွန်တော့်မှာ Viber မရှိပါ။ ဖေ့စ်ဘွတ် ဖုန်း-ဗီဒီယို အဆင်မပြေပါ။ Skype ကိုတော့ နိုင်ငံရေးနဲ့ မိသားစုအတွက်သာသုံးပါတယ်။
drswe01@gmail.com ကို (အီးမေးလ်) ပို့ပါ။

(ဘလော့ခ်) တွေထဲ ဝင်ဖတ်ဘို့ အကြံပြုပါတယ်။
- http://dts-medicaleducation.blogspot.in/ ဆေးပညာစာများ
- http://yamuna-online-clinic.blogspot.in ယမုန်နာ ဆေးခန်း
- http://my-sayawun-life.blogspot.in/ ဆရာဝန်ဘဝ အမှတ်ရတာတွေ
- http://dts-political-page.blogspot.in/ နိုင်ငံရေး စာမျက်နှာ
- http://www.facebook.com/pages/Dr-Tint-Swe/490031307758025?skip_nax_wizard=true ဖေ့စ်ဘွတ်
- https://tintswe.wordpress.com/ Dr. Tint Swe ဒေါက်တာတင့်ဆွေ ဆေးပညာစာများ

Friday, December 9, 2011

Q and A November 2011 (3)

၁။ သိပ်ပြီး ဇာက်ကြော တက်နေရင် အဲဒီဆေး သောက်မှပဲ သက်သာပါတော့တယ်။
၂။ ဖြစ်တုန်းက သားအိမ်မခြစ်ထားပါဘူးဆရာ။
၃။ ဘယ်ဘက် လက်က ထုံကျင်ပြီး
၎။ Claritin® 12-Hour RediTabs® Tablets ဆေးကိုသောက်ကြည့်တာ
၅။ နှလုံးသည် တစ်ချက်တစ်ချက် အောက်မှ လေရိုက်သလိုဖြစ်ပြီး
၆။ Kidney stone လို့ ထင်ရတဲ့ ရောဂါအကြောင်း

2011/11/11
အသက် ၃၅ နှစ် ရှိပြီ ဖြစ်တဲ့ အမျိုးသားတစ်ဦး ဖြစ်ပါတယ်။ ကွန်ပျူတာသမား တစ်ယောက်ပါ။ လွန်ခဲ့တဲ့ ၁၄ နှစ်လောက်ထဲက ဖြစ်ပါတယ်။ ၂ဝဝဝ ခုနှစ်လောက်မှ မျက်မှန် စတပ်ရပါတယ်။ ပါဝါက နှစ်ဖက်စလုံး (- ဝ ၂၅) ပဲ ရှိပါတယ်။ နောက်ဆုံး စမ်းသပ်ချက်အရ ညာဖက်မှာဆို ပါဝါ လုံးဝ မရှိတော့ပါ။ ဘယ်ဖက်မှာတော့ ဆလင်ဒါ အနဲငယ် ရှိပါတယ်။ မေးချင်တဲ့ အကြောင်းအရာကတော့ ဇာက်ကြောတက်ခြင်းပါ။ ၁၉၉၈ လောက်ကစပြီး အဲဒီဝေဒနာကို ခံစားခဲ့ရတာ အခုအခါ ပိုဆိုးလာပါတယ်။ စဖြစ်ခါစက Neurobion အနီ စသောက်ခဲ့ပြီး နောက် ၁၉၉၉ လောက်အထိ အပြာသောက်ခဲ့ပါတယ်။ အဲဒါလဲ သက်သာခြင်း မရှိခဲ့ပါဘူး။ ၂ဝဝဝ နောက်ပိုင်းလောက်မှာ ဖူးချစ်လင်မွန်ကျင်း ဆိုတဲ့ တရုတ်ဆေး တစ်မျိုးကို သောက်သုံး ခဲ့ပါတယ်။ သိပ်ပြီး ဇာက်ကြော တက်နေရင် အဲဆေး သောက်မှပဲ သက်သာပါတော့တယ်။ အဲဆေးမှာ Acetaminophen 200 mg နဲ့ Acetylsalicylic Acid (Aspirin ) 300 mg ပါတယ်။ နောက်ပိုင်းမှာ ပိုဆိုးလာတာက ဇာက်ကြောတက်ခြင်းအပြင် အနံ့ဆိုးမျိုးကို မခံနိုင်တော့ပါ။ သူများအတွက် ဘာမှ မဖြစ်လောက်တဲ့ အနံ့မျိုး ဖြစ်ပေမဲ့ ကျွန်တော်ကတော့ အဲအနံ့ရရင် ပျို့တက်လာပါတယ်။ ဥပမာ Vinyl ရိုက်ပြီးခါစ အနံ့ပါ သိပ်ဆိုးရင် ဇာက်ကြောပါ ချက်ချင်း တက်လာတတ်ပါတယ်ဇာက်ကြော အရမ်းတက်နေချိန် ဆေးမသောက်ပဲ နေလိုက်ရင် အပေါ်ပိုင်းက အန်တောင် အန်ပါတယ်အောက်ပိုင်းကလဲ အလေး ထွက်ပြီးသွားမှသာ နဲနဲသက်သာ သွားတတ်ပါတယ်။ ခေါင်ငုံ့ပြီး လုပ်ရတဲ့ အလုပ်မျိုးကို အခု လုံးဝနီးပါး လုပ်လို့ မရပါခေါင်းငုံ့ချိန် ကြာလာတာနဲ့ ဇာက်ကြော တက်လာတော့တာပါပဲ။ စဖြစ်တဲ့ ၁၉၉၈ လောက်ကနေ ၂ဝ၁၁ အတွင်းမှာ အရိုးအကြောအထူးကု ဆေးခန်း တစ်ခါ ပြကြည့်ပါတယ်။ ဇာက်နေရာကို ဓါတ်မှန်လဲ ရိုက်ကြည့်ပါတယ်ဘာမှ ထူးခြားမှု မရှိဘူးလို့ ပြောပါတယ်။ ဆေးအချို့သာ သောက်ဖို့ပေးပါတယ်။ ခေါင်းနဲ့ လက်မာင်း လေ့ကျင့်ခန်း လုပ်ဖို ပြောပါတယ်။ နောက် အာရုံကြော အထူးကုနဲ့ တစ်ခါ ပြကြည့်ဖူးပါတယ်။ အဲဒါလဲ ဘာမှ ထူးထူး မဖြစ်ဖူးလို့ပဲပြောပါတယ်။ နောက်တော့ မြန်မာ တိုင်းရင်းဆေးခန်း ၂ ခု ၃ ခု လောက် သွားပြဖူးပါတယ်။ တစ်ခုကတော့ ကျီးပေါင်းဖြစ်ချင်လို ဖြစ်နိုင်တယ်ဆိုပြီး လည်ပင်းနောက်ဖက်ကို ၇ ရက်လောက် ဆေးသွားအုံရပါတယ်။ သောက်ဆေးလဲ ပေးပါတယ်။ ပြနေတဲ့ ရက်ပိုင်းလောက်ပဲ သက်သာပြီး နောက်ပိုင်းတော့ ပြန်ဖြစ်တာပါပဲ။ အချို့နေ့တွေ တစ်နေ့လုံး ကွန်ပျူတာ မကြည့်၊ ရုပ်ရှင် မကြည့်၊ စာမဖတ်ပဲ နေပေမဲ့လဲ ဇက်ကြောကတော့ တက်ချင် တက်တာပါပဲ။ တစ်ခါတစ်လေ နေပူထဲ သွားတဲ့ နေ့ဆိုလဲ တက်တာပါပဲ။ နောက်ပိုင်းတော့ မနက်တိုင်း အကြောပြေ လေ့ကျင်ခန်းကို ၁၅-၂ဝ မိနစ်လောက် လုပ်ပါတယ်။ အဲဒါလဲ ဖြစ်ချင်တဲ့နေ့ ဖြစ်တာပါပဲကျွန်တော် က ဝမ်းလဲ ချုပ်တတ်ပါတယ်ဒါတောင် တစ်နေ့ကို ရေ ၂ လီတာလောက် သောက်ဖြစ်ပါတယ်ဝမ်း ၂ ရက် ၃ ရက် ချုပ်ရင်လဲ ဇက်ကြောက တက်တော့တာပါပဲ မြန်မာ ဝမ်ပျော့ဆေးလဲ ၃ ရက် ၄ ရက် တစ်ခါလောက် သောက်ရပါတယ။် တက်စာတွေလဲ အတတ်နိုင်ဆုံး ရှောင်စားပါတယ်။ သိပ်ကြိုက်တဲ့ အုန်းနို့ ခေါက်ဆွဲတောင် တစ်လမှ တစ်ခါလောက်ပဲ စားဖြစ်ပါတယ်။ ရောဂါကြီး မဟုတ်ပေမဲ့ ကာလကြာရှည် ခံစားနေရတော့ စိတ်ညစ်စရာ ကောင်းလှပါတယ်။ ဖူးချစ်လင်မွန်ကျင်းးကို ကာလကြာရှည် သောက်သုံးလာရတော့လဲ အစာအိမ်ရောဂါ ဖြစ်လာမှာလဲ စိုးရိမ်နေရပါတယ်။ အဲဆေးမှ မသောက်ရင်လဲ မသက်သာတော့ သေက်နေရသေးတာပေါ့။

(၁) ဇာက်ကြောတက်ခြင်း နဲ့ (၂) အနံဆိုးကို မခံနိုင်ဘဲ အန်တဲ့အထိဖြစ်ရတာတွေကို ထုတ်ယူလို့ရပါတယ်။ (၃) ခေါင်ငုံ့ပြီး လုပ်ရတဲ့ အလုပ်မျိုးကို လုံးဝနီးပါး လုပ်လို့မရပါဆိုတာကလဲ အရေးကြီးနိုင်ပါတယ်။ မျက်စိ၊ အိမ်ထောင်ရေး နဲ့ တခြားအချက်တွေကို ဖယ်ထားလို့ ရပါမယ်။ Blood pressure (BP) သိချင်ပါတယ်။ ခေါင်းမူး-မမူးလဲ သိချင်ပါတယ်။ အထူးကုဆရာဝန်တွေကို ပြထားလို့ စိုးရိမ်စရာတွေ မရှိလောက်ပါ။

2011/11/12
ဖြစ်တုန်းက သားအိမ်မခြစ်ထားပါဘူးဆရာ။ ဆီးက အခုကော စစ်လို့ ရပြီလား။ အခုမှ တစ်ပါတ်ပဲရှိသေးလို့ ပါ။ အရင်ကလဲတစ်ခါမှအဲလို မဖြစ်ဖူးပါဘူး။ တကယ်လို့ သားအိမ်ထဲမှာအကြွင်း အကျန် ရှိနေရင် သိအောင် ဘယ်လို လုပ်ရမလဲဆရာ။

သားအိမ်မှာ ကျန်နေမှာကို မစိုးရိမ်ပါနဲ့။ ဆင်းစရာရှိရင် ကုန်အောင် ဆင်းပါမယ်။
Pregnancy Tests ကိုယ်ဝန် ရှိ-မရှိ စမ်းသပ်ခြင်း ကို ဖတ်ပါ။

On 11/13/11,
ကျွန်တော်က (့) နိုင်ငံမှာ အလုပ်လုပ်နေတဲ့ အလုပ်သမားတစ်ယောက်ပါ။ အခု ကျွန်တော် ဘယ်ဘက် လက်က ထုံကျင်ပြီး လက်မောင်းကနေ သိမ်လာပါတယ်။ လက်ညိုးဆိုရင် လုံးဝနီးပါးကို ထုံနေပါတယ်။ လက်မောင်းကြွက်သားတွေလည်း ပျော့နေပါတယ်။ သိပ်အလေးကြီးဆိုရင် မလို့ မရတော့ဘူး။ လေတိုက်ခံရင် ချက်ချင်းကျဉ်တက်လာပါတယ်။ ဘယ်ဘက်ခြေထောက်ကလည်း ရေထိရင်လည်း မအေးဘူး။ အပူနဲ့ထိရင်လည်း မပူပါဘူး။ ရေခဲနဲ့ ထိရင် နာသလိုလို ပူသလိုလို ခံစားရပါတယ်။ လမ်းလျှောက်တာ ပြေးတာ အားလုံးအဆင်ပြေပါတယ်။ ခြင်ကိုက်ရင် ကျွန်တော်မသိဘူး။ ကျင်နေပါတယ်။ ဘာသာစကား အခက်အခဲကြောင့် ဆရာဝန်ဆီသွားလဲ အဆင် မပြေပါဘူး။ ကျွန်တော် (့) ဆေးရုံကြီးမှာ သွားပြခဲ့ပါတယ်။ ဆရာဝန်က Bitamin B complex, Ofenac tables, Biocalm ဆေးသုံးမျိုး ပေးပါတယ်။ အဲဒါသောက်လဲ မသက်သာပါဘူး။ ကျေးဇူးပြုပြီးကျွန်တော့်ဆီ စာပြန်ပေးပါဆရာ။ ဘာဆေးတွေ သောက်ရမယ်။ ဘာဖြစ်လို့ ဒီလိုဖြစ်တာဆိုတာလဲ ရှင်းပြပေးပါ။ လေ့ကျင့်ခန်းလုပ်ရင်ရော ပျောက်နိုင်မလားဆရာ။ မြန်မာတစ်ချို့က အနှိပ်သမားဆီ သွားနှိပ်ဖို့ အကြံပေးနေကြပါတယ်။ ကျွန်တော် မလုပ်ရဲလို့ မသွားခဲ့ပါဘူး။

အာရုံကြောရောဂါ တမျိုးဖြစ်နိုင်ပါတယ်။ ဆေးသေခြာ စစ်ရမယ်။ လက်မောင်းသိမ်လာတာဆိုရင် လက်မောင်းကိုသွာတဲ့ အာရုံကြော အရင်းနေရာမှာ ဖြစ်နေမယ်။ ဘာသာစကားခက်ပေမဲ့ လက်သိမ်နေတာကို ပြတာနဲ့ သဘောပေါက်နိုင်မယ်ထင် ပါတယ်။ ဗီတာမင် ဘီ တွေက အထောက်အကူတော့ ရမယ်။ အထူးသဖြင့် ဘီ (၁)။ Neurobion ဆေးမျိုး။ တိုင်းရင်းဆေးတွေကို ဆရာမသိပါ။ ဆရာဝန်နဲ့ သေခြာကုစေချင်ပါတယ်။ စိတ်ဓါတ် မကျပါနဲ့။

2011/11/13
ကျွန်တော် နာမည်က (့) ပါ။ အသက်က ၂၅ နှစ်ပြည့်ပါပြီ။ အခုလက်ရှိကတော့ (့) နိုင်ငံမှာ ဖြစ်ပါတယ်။ Claritin® 12-Hour RediTabs® Tablets ဆေးကို သောက်ကြည့်တာ အရှင်းတော့ မပျောက်ပေမဲ့ သက်တော့ သက်သာပါတယ်။ ဒီဆေးကရော ဘေးထွက်ဆိုးကျိုး များပါသလားခင်ဗျာ။ တကယ်လို့ သောက်ရင်ကော ယားယံတဲ့အခါမှာပဲ သောက်သင့်တာလား။ ဒါမှမဟုတ် နေ့တိုင်း သောက်သင့်သလားခင်ဗျာ။ အဲဒီယားတဲ့နေတဲ့ အလာဂျစ် ရောဂါကို ပျောက်ကင်းဘို့ ဘယ်လို သောက်သုံးသင့်တယ်ဆိုတာကိုပဲ ဖြစ်နိုင်ရင် ရေးပေးစေဆင်ပါတယ်။ အဲဒီအတွက်ထိုးဆေးတွေကော ရှိပါသလားခင်ဗျာ။ယားတဲ့အချိန်ဆို တလျောက်ကုတ်နေရပြီးတော့ အင်ပြင်လို အဖုပိန့်တွေ ထလာပါတယ်။ တကိုယ်လုံးပါပဲ။ အိပ်လို့တောင် မရပါဘူး။ အခုရက်ပိုင်း ရက်ဆက်သလိုတောင် ဖြစ်နေပါတယ်။ (့) နိုင်ငံမှာကလဲ ဆေးဝယ်ရတာ အခက်ခဲဖြစ်ပါတယ်။ အင်္ဂလိပ်ဆေးက ရှာရခတ်နေပါတယ်။

Claritin side effects ဘေးထွက်-ဆိုးကျိုးများ = နှလုံးခုန် မြန်-မမှန်၊ အားအင်ကုန်ခမ်းသွားသလိုခံစား၊ အသားဝါ၊ တက်၊ ခေါင်းကိုက်၊ စိတ်လှုတ်ရှား၊ အိပ်ချင်၊ ဗိုက်အောင့်၊ ဝမ်းပျက်၊ အာခေါင်ခြောက်၊ မျက်စိဝေဝါး၊ နှာခေါင်းသွေးယို၊ အရေပြားနီ။
၁။ Urticaria (Hives) အင်ပြင် ထွက်ခြင်း
၂။ Allergy သို့မဟုတ် မတည့်အတူနေ
၃။ Allergy medications (အလာဂျီ) ကို ဘယ်လို ကုသမလဲ တွေကို ဖတ်နိုင်ပါတယ်။

2011/11/13
ကျွန်တော့် နှလုံးသည် တစ်ချက်တစ်ချက် အောက်မှ လေရိုက်သလိုဖြစ်ပြီး ပါးစပ်မှ ဟွတ်ဟွတ်ဖြစ်သလို လှိုက်ကနဲ လိုက်ကနဲ ဖြစ်ဖြစ်နေပါတယ်။
ဆရာဝန်သွားပြရာ နှလုံးခုန်လဲမှန်တယ် သွေးလဲမတိုး ဟုပြောပါတယ်။ Prooranolol 10 mg လေးကို တစ်ရက်နှစ်ခါ သောက်ခိုင်းပါတယ်၊ မသောက်လျင်
နှစ်ရက်သုံးရက် နေလျင်ပြန်ဖြစ်နေပါတယ်။ ဘာများဖြစ်နိုင်သလဲ သိချင်လို့ပါ။ ကျွန်တော်၏ အသက် ၃၉ နှစ်ဖြစ်ပါသည်။ ဖြစ်တာ ကတော့ နှစ်ပါတ်ကျော်လောက် ရှိပါပြီ။ ကျန်မာရေးကတော့ အသည်းရောင် စီပိုး ဖြစ်လို့ ဆေး ၆ လထိုးဘူးပါသည်။ ကျန်တာတော့ မရှိပါဆရာ၊

နှလုံးကိုနားထောင်တာနဲ့၊ သွေးဖိအား ကောင်းနေရင် ပူစရာ မလိုပါ။ ပါရာစီတမောနဲ့ သက်သာရင် ရောဂွရယ် မဟုတ်လောက်ပါ။ စီပိုးရှိနေပြီး အသဲကောင်းကောင်း အလုပ်လုပ်နေရင် Paracetamol သောက်နိုင်ပါတယ်။ အသဲ အလုပ်ပုံမှန် မလုပ်နိုင်ရင် မတည့်ပါ။

Sun, Nov 13, 2011 at 6:40 PM
ကျွန်တော့် နာမည် (့) ပါ။ အသက် ၂၆ ရှိပါပြီ။ ကျွန်တော်ခံစားနေရတဲ့ Kidney stone လို့ ထင်ရတဲ့ ရောဂါအကြောင်း မေးချင်လို့ပါ။ ဟုတ်လား မဟုတ်လားလဲ သေချာမသိပါဘူး။ စဖြစ်တုန်းက ရှမ်းပြည်မှာပါ။ လူက ငှက်ဖျားနဲ့ တစ်ပုံစံထဲ ဖြစ်လို့ နယ်က အတတ်သင် ဆရာဝန်တွေက ငှက်ဖျားဆေးတွေ နဲ့ အဖျားကျ အောင်ကုကြပါတယ်။ ဒါပေမဲ့ မသက်သာပါဘူး။ အဲတာနဲ့ နောက်ဆုံးမှာ ဆီးကို စစ်တော့မှာ ဆီးထဲမှာ ပြည်တွေ့လို့ဆိုပြီး ရေများများ သောက်ဖို့ အကြံပေးခဲ့ပါတယ်။ အဲတာနဲ့ပဲ ပုံမှန်အတိုင်းပြန် ကောင်းသွားခဲ့ပါတယ်။ လွန်ခဲ့တဲ့ ၆ နှစ် ၇ နှစ် ကြာလောက်တုန်းက ဖြစ်တာပါ။ အဲတာ ပြီးတော့ (့) ကို အလုပ်ရှာဖို့လာရင်း အလုပ်လုပ်ခဲ့ပါတယ်။ ဖျားတာ နာတာလဲ မရှိသလောက်အောင် နည်းပါတယ်။ ဒါပေမဲ့ လွန်ခဲ့တဲ့ တစ်နှစ် ကျော်လောက်တုန်းက ဆီးခုံ အပေါ်နားက ပြန်နာလာပါတယ်။ အဲတာနဲ့ ကျွန်တော်လဲ အမေ့ကို မေးတော့ အမေက ကျွန်တော့ကို UTI နဲ့ ပတ်သတ်တဲ့ antibiotic ဆေး ပို့ပေးပါတယ်။
အဲဒါ သောက်ပြီး တစ်နေ့ကို ရေ ၃ လီတာလောက် ရအောင် သောက်ပါတယ်။ အဲဒါနဲ့ မေ့ပျောက်လောက်အောင်ကို ပြန်ကောင်းသွားခဲ့ပါတယ်။ ခု လက်ရှိ ဖြစ်တာကျ ဟိုအရင်တုန်းက ဖြစ်သလိုပါ။ ကျွန်တော်က ငှက်ဖျား ပြန်ဖြစ်တယ် ထင်ပြီး ဆရာဝန်နဲ့ သွားပြပါတယ်။ သူတို့ကလဲ ဒါပုံမှန်ပါပဲပေါ့။ ချောင်းဆိုးပြီး ကိုယ်ပူတယ်။ ချမ်းတယ်ဆိုပြီး ပါရာစီတီမောနဲ့ ချောင်းဆိုးပျောက်ဆေးရည် ပေးလိုက်ပါတယ်။ ဒါပေမဲ့ ဒီတစ်ခါ ဖျားတဲ့ပုံစံက ကျွန်တော်လဲ ပုံမှန်မဟုတ်မှန်း သတိထားမိတယ်/ တစ်ကိုယ်လုံး ကြက်သိမ်း အဖြန်းဖြန်းထပြီး ချမ်းပါတယ်။ သွားတွေလဲ တစ်ကတ်ကတ်နဲ့ ဖြစ်ပါတယ်။ ပြီးတော့ လူက ချက်ချင်းကို အားနည်းပြီး မလှုပ်ချင်တော့ သလိုမျိုး ဖြစ်သွားခဲ့တယ်။ အဲတာနဲ့ ပါရာစီတီမော နဲ့ ချောင်းဆေိုးပျောက်ဆေးသောက်၊ အနွေးထည်ဝတ်ပြီး အိပ်လိုက်ပါတယ်။ မနက်ရောက်တော့ အဖျားကျသွားပါတယ်။ ဖြစ်တုန်းက အဖျားက ၁ဝ၂ F လို့ ဆရာဝန်က ပြောပါတယ်။ အဲတာနဲ့ မနက်ရောက်တော့ ဆီးသွားလို့ မရတော့ပဲ တစ်ခုခု ပိတ်နေသလိုခံစားရပါတယ်။ အဲ့တော့မှ ကွှန်တော် အရင်က ဖြစ်သလို ပြန်ဖြစ်တာကို သိလိုက်ရပါတယ်။ အဲတာနဲ့ ရေများများ သောက်လိုက်ပါတယ် ဆီးကတော့ သွားလို့ရပါတယ်။ ဒါပေမဲ့ အကုန်လုံး မသွားပဲ ကျန်နေသလို ခံစားနေရပါတယ်။ ဆီးအိမ်ကလဲ ဖောင်းနေပါတယ် ဒီလိုနဲ့ပဲ ရေသောက်လိုက် နဲနဲ ချင်းစီ ပေါက်လိုက် လုပ်ရင်း ပုံမှန်ပြန်ဖြစ်သွားပါတယ် ခုဖြစ်ပုံနဲ့ ပတ်သတ်ပြီး ဘာ ဆေး သောက်ရမလဲ ဆရာ့ကို မေးချင်တာပါ ကျွန်တော်က ခု (့) မှာ တစ်ယောက်ထဲ ဆွေမျိုး မိဘ မရှိတော့ အရေးပေါ်တစ်ခုခု ထဖြစ်မှာ စိုးရိမ်လို့ပါ အမေက မြန်မာပြည် ပြန်လာပြီး operation လုပ်ဖို့ ပြောပါတယ် ကျွန်တော် အဲတာလဲ မလုပ်ရဲလို့ ပါ ခုလော လောဆယ် ညာဘက် ဆီးခုံနားမှာ အောင့်သလို ခံစားနေရပါတယ် နာတော့မနာ ပါဘူး။ သူငယ်ချင်းတွေ ပြောသလို မြန်မာဆေး သံမနိုင်ကျောက်မနိုင် ဆေးဆိုတာ ဝယ်ပြီး ဆေးအညွှန်းအတိုင်း သောက်နေပါတယ် ဖယုံယိုလဲ ကောင်းတယ်ဆိုလို စားနေပါတယ်။ ခု ချောင်းဆိုးတာကလဲ မပျောက်သေးတော့ ချောင်းဆိုးတိုင်း ဆီးခုံ နားက အောင့်ပါတယ်။ ဆရာဆီက reply ကို စောင့်နေပါ့မယ်။

Kidney stone ရှိ-မရှိဆိုတာ X-ray အမျိုးမျိုးရိုက်စစ်မှ ပြောနိုင်ပါတယ်။ ခံစားရတာနဲ့ ပြောမရပါ။ ဆရာဝန်က လက်နဲ့ စမ်းလို့လဲ မရပါ။

ဆီးလမ်း ပိုးဝင်တာကို ပိုးသေဆေးနဲ့ ပျောက်သွားနိုင်ပါတယ်။ ပြန်လဲဖြစ်တတ်သလို ဆီးလမ်းမှာ ကျောက်ရှိနေရင်လဲ ပိုးဝင်တာ၊ ပြည် (ဆဲလ်) တွေ့တာ ဖြစ်နိုင်တယ်။ ဒါဖြစ်ရင်လဲ ချမ်း-တုန်စေနိုင်တယ်။ ဆီးသွားမရတာမျိုးက အမျိုးမျိုးကနေ ဖြစ်စေနိုင်တယ်။ ဆီးသွားလမ်းမှာ ကိုယ့်လက်နဲ့ကိုယ် စမ်းရတတ်တာလဲရှိနိုင်တယ်။ အဲဒီနေရာ အထက်မှာ ဆို့နေတာကိုတော့ ဓါတ်မှန်နဲ့မှ သိစေနိုင်တယ်။ အသက်သိပ်ကြီးသူတွေမှတော့ ဆီးကျိတ်ကြီးနေတာ ဖြစ်နိုင်တယ်။

ဆီးလမ်းပိုးဝင်တာကလဲ အဲလိုမျိုး ဆီးသွားရခက်တာဖြစ်စေနိုင်သေးတယ်။ ဆီးအိမ်ဖေါင်းနေတယ်ဆိုရင် အဲဒီနေရာ အောက်မှာ ဆို့နေတာ ဖြစ်နိုင်တယ်။ ကျောက်ကပ်ဆိုတာက အထက်မှာနေတယ်။

ဖြစ်နိုင်ရင် ဆီးအထူးကုဆရာဝန်ပြပါ။ ခပ်လွယ်လွယ် ရိုးရိုးဓါတ်မှန်ရိုက်ရင် ဆီးကျောက် ရှိနေရင် တွေ့မယ်။ ဝမ်းခြူပြီးမှ ရိုက်တာ ပိုကောင်းတယ်။ ဝမ်းနုတ်ဆေးသောက် လဲရတယ်။ ဝမ်း (အူ) ရှင်းနေရင် ကြည့်ရတာ၊ ခွဲခြားရတာ ပိုကောင်းတယ်။ အစာလမ်းထဲမှာ ထုံးဓါတ်ရှိနေရင် ရောနေတတ်လို့ပါ။