ကျန်းမာရေးနဲ့ဆေးပညာ မေးလိုတာရှိပါက

ဒီဘလော့ခ်ထဲကစာတွေကို တခြားနေရာမှာ ကျွန်တော့်ခွင့်ပြုချက်မပါဘဲ ကူးယူပြီး မတင်ဘို့ စည်းကမ်း သတ်မှတ်ထားပါတယ်။

ကျန်းမာရေး နဲ့ ဆေးပညာ မေးလိုတာရှိပါက
• ဖြစ်တဲ့သူရဲ့ အသက်၊ ကျား-မ ပြောပါ။ ရောဂါလက္ခဏာ ၁-၂-၃။ တခုတိုင်းက ဘယ်လောက် ကြာပြီ။
• လိုအပ်ရင် ကျန်းမာရေးရာဇဝင်၊ ဓါတ်မှန်၊ (အာလ်ထွာဆောင်း)၊ ဆေးစစ်ချက်၊ လိုအပ်ရင် အိမ်ထောင်၊ ကလေး၊ ရှိ-မရှိ။ နေတဲ့တိုင်းပြည်၊ မြို့ထည့်ရေးပါ။ လူနာမည်၊ နေရပ်လိပ်စာအတိအကျ ကိစ္စမရှိပါ။
• ဆေးနာမည်ရေးရင် Trade name ကုမ္ပဏီကပေးတဲ့နာမည်သာမက Generic name ဆေးနာမည် ထည့်ရေးပါ။
• ဆေးစာ၊ ဆေးစစ်ချက်၊ ဝေဒနာတွေကို စကန်လုပ်ပြီးဖြစ်ဖြစ်၊ ဓါတ်ပုံရိုက်လို့ဖြစ်ဖြစ် ပို့နိုင်ပါတယ်။ ဓါတ်ပုံကို ခွင့်မယူဘဲ အသုံးမချပါ။
• အိမ်ထောင်ရေးနဲ့ လိင်ပိုင်းဆိုင်ရာမေးခွန်းတွေကို Facebook ကနေ မမေးပါနဲ့ မဖြေပါ။ တိုက်ရိုက်သာမေးပါ။
• အီးမေးလ် အခက်အခဲရှိလို့ Facebook message မှာဖြစ်ဖြစ် Chat box မှာဖြစ်ဖြစ်ရေးရင်လဲ အားသလား၊ မေးလို့ရလား ရေးမနေဘဲ၊ တခါတည်း မေးခွန်းသာရေးလိုက်ပါ။
• Facebook Comment ကနေမေးတာ-ဖြေတာ အဆင်မပြေပါ။
စာရှည်ရေးမရပါ။ သူများတွေကို အနှောင့်အယှက်ဖြစ်နိုင်ပါတယ်။
• နာမ်စားသုံးတာမှာ ကိုယ်ကိုယ်ကို ‘သား’၊ ‘သမီး’ လို့ သုံးရင် မေးတဲ့သူရဲ့ သားသမီးလား ထင်မှတ်မှားနိုင်တာသတိပြုပါ။
• SMS အရေးအသားမျိုးကို မဖတ်ပါ။ မြန်မာစကားကို အင်္ဂလိပ်စာလုံးနဲ့ရေးတာကို မဖတ်ပါ။
• ဘလော့ခ် နဲ့ ဖေ့စ်ဘွတ်မှာ အမေး-အဖြေတွေကိုသုံးတဲ့အခါ မေးတဲ့သူရဲ့ ကိုယ်ရေး အချက်အလက်တွေ မပါစေရပါ။
• ဖုန်းဆက်ပြီးမေးရင် Time zone မတူတာရော၊ အသံထွက် လွဲနိုင်တာရောကြောင့် အဆင်မပြေပါ။ ကျွန်တော့်မှာ Viber မရှိပါ။ ဖေ့စ်ဘွတ် ဖုန်း-ဗီဒီယို အဆင်မပြေပါ။ Skype ကိုတော့ နိုင်ငံရေးနဲ့ မိသားစုအတွက်သာသုံးပါတယ်။
drswe01@gmail.com ကို (အီးမေးလ်) ပို့ပါ။

(ဘလော့ခ်) တွေထဲ ဝင်ဖတ်ဘို့ အကြံပြုပါတယ်။
- http://dts-medicaleducation.blogspot.in/ ဆေးပညာစာများ
- http://yamuna-online-clinic.blogspot.in ယမုန်နာ ဆေးခန်း
- http://my-sayawun-life.blogspot.in/ ဆရာဝန်ဘဝ အမှတ်ရတာတွေ
- http://dts-political-page.blogspot.in/ နိုင်ငံရေး စာမျက်နှာ
- http://www.facebook.com/pages/Dr-Tint-Swe/490031307758025?skip_nax_wizard=true ဖေ့စ်ဘွတ်
- https://tintswe.wordpress.com/ Dr. Tint Swe ဒေါက်တာတင့်ဆွေ ဆေးပညာစာများ

Friday, December 9, 2011

Q and A November 2011 (4)

၁။ သူ့ရဲ့ ပေါင်ခြံတွေမှာ ပွေးတွေအများကြီး ပေါက်နေတာပါ။
၂။ ကျွန်မ ဖြစ်နေတဲ့ရောဂါ (ကတော့ရှင်)
၃။ ကျွန်တော့်မှာ TB ရောဂါ ရှိပါတယ်။

2011/11/15
ကျွန်တော့် အသက်က ၂ဝ မပြည့်သေးပါဘူး။ ကျွန်တော်က (့) မှာ အလုပ်လုပ်ရင်း ကျောင်းတက်နေတာပါ။ ဇာတိကတော့ နယ်ကပါ။ အဆောင် နေပါတယ်။ တစ်ကိုယ်ရေကို အမြဲတမ်းသန့်ရှင်းနေတတ်တာပါ။ ရေလဲအမြဲချိုးပါတယ်။ အဆောင်ဆိုတော့ ကျွန်တော့်ရဲ့ ပုဆိုးကို ရေချိုးပြီး အပြင်မှာ လှမ်းခဲ့ရာက စတာပါ။ မျက်နှာချင်းဆိုင် အခန်းက အကိုတစ်ယောက်က သူ့ရဲ့ ပေါင်ခြံတွေမှာ ပွေးတွေအများကြီးပေါက်နေတာပါ။ အဲဒါသူက ကျွန်တော့် ပုဆိုးကို ဝတ်ပြီးရေချိုးပြီး ပြန်လှမ်းထားတာကို ကျွန်တော်က ဝတ်မိလိုက်တယ်။ အဲနောက်မှာ တန်းပြီးတော့မဖြစ်ပါဘူး တစ်ပတ်လောက်လဲနေရော ပေါင်ခြံတွေမှာပါ ယားလာတယ်။ ကျွန်တော်လဲ သာမန်အားဖြင့် ဘာမှမဖြစ်နိုင်ဘူးထင်ပြီး နေလိုက်ရာက အခုဆို ပေါင်ခြံတွေမှာရော ခါးစပ်တွေမှာပါ အကွက်လိုက်တွေ ဖြစ်လာပါတယ်။ ဆေးလိမ်းပါတယ် Nizoral ဝယ်လိမ်းပါတယ်။ မပျောက်ပဲဖြစ်နေပါတယ်။ အဲဒါအခုဆို ၁ လ ကျော်ကျော်လောက် ဖြစ်နေပြီ။ အခုဆို အဲဒါတွေက ယားလို့ အရမ်းကို စိတ်ညစ်နေရပါတယ်။ ဘာဆေးတွေ သောက်ဘာဆေးတွေ လိမ်းသင့်ပါသလဲ။ ဘာတွေရှောင်ပြီး ဘာတွေ ဆောင်သင့်ပါသလဲ။

ဘာမှ မစိုးရိမ်ပါနဲ့။ Ring guard လိုမျိုး ဆေးဆိုင်ရဝယ်လို့ရတဲ့ ပွေး လိမ်းဆေး လိမ်းပါ။ Grisofulvin Tablet စားဆေးကို မတက် ၁ ပြား၊ ညနေ ၁ ပြား သောက်ပါ။ ပျောက်ပါတယ်။ ဖြစ်တာ မကြာသေးရင် ဆေးလဲ သိပ်ကြာစရာမလိုပါ။ ဒါပေမဲ့ သက်သာယုံနဲ့ ရပ်မထားသေးဘဲ နောက်ထပ် ၃-၄ ရက် ဆက်သောက်ပါ။

2011/11/15
ကျွန်မက (့) ပါ။ အသက်က ၃၃။ အိမ်ထောင် မကျသေးပါ။ ကျွန်မဖြစ်နေတဲ့ရောဂါ (ကတော့ရှင်) မအင်္ဂါမှာ ဝက်ခြံလို့ အဖုလေးတွေ ခဏခဏ ထွက်လာတယ်။ မဲ့လို့ ညစ်ရင်လဲ အဆံလေးရော ပြည်တွေပါ ထွက်လာတယ်။ နောက်အမာရွတ် ကျန်ခဲ့တယ်။ အဲ့ဒါ ဘာရောဂါလဲ သိချင်ပါတယ်။ အရေးကြီးလားလဲ သိချင်ပါတယ်။ ကျွန်မခု တခြားနိုင်ငံမှာ အလုပ်လုပ်နေတာမို့ ဆေးခန်း သွားပြရအောင်ကလဲ ဘာသာစကားကို သေချာ မပြောတတ်တာရယ်၊ မအင်္ဂါကိစ္စလဲဆိုတော့ ရှက်တာလဲ ပါတာမို့ ဆေးခန်းမပြရဲပါ။ နောက်မထွက်အောင် ဘယ်လို ကာကွယ်ရမယ်။ လိမ်ဆေး၊ သောက်ဆေးများသုံးရင် ညွှန်ပါအုံးဆရာ။ နောက် ကျွန်မတို့မျိုးရိုးက အမာရွတ်တွေဆို မပျောက်တတ်ပါ။ ကျွန်မ ကျောပြင်မှာ ငယ်ကတည်းက ဝက်ခြံပုန်းတွေကနေ အမာရွတ်တွေ ကျန်ခဲ့တာ ၅ လုံးလောက်ရှိတယ်။ အမာရွတ်တွေလဲ တခါတရံ အရမ်း ယားပါတယ်။ အဖုလို အနီကြီးတွေနဲ့ တခါတရံ ယားပြီး နာတတ်ပါတယ်။ ကုတ်လေကြီးလေမျိုး အမာရွတ်တွေ အဲ့တာတွေလဲ စိတ်ညစ်ရပါတယ်။ အမာရွတ်ကြီးတွေ ခွဲရင်ရောအဆင်ပြေပ့မလားဆရာ။

လိင်ကတဆင့် ကူးစက်ရောဂါကို ချန်လိုက်ပါမယ်။ ပြည်တည်တဲ့အနာဆိုတာ ဗက်တီးရီးယားကနေ ဖြစ်စေတယ်။ ပိုးတွေကတော့ အမျိုးမျိုးပေါ့။ ဒါပေမဲ့ ပိုးသေဆေးတွေက နိုင်ပါတယ်။ ဆေးဝယ်လို့ မခက်၊ ပျောက်ဘို့လဲ အသုံးများတဲ့ဆေးကတော့ Ampicillin 500 mg ဆိုရင် တခါသောက် ၁ တောင့်၊ တနေ့ ၂ ကြိမ်၊ အနည်းဆုံး ၄ ရက်ကနေ ၇ ရက်အထိ သောက်သင့်တယ်။ ဒီဆေးနဲ့အတူ Cloxacillin 500 mg ကိုလဲ အဲဒီနည်းအတိုင်း တွဲသောက်ရင် ပိုး၂ မျိုးကို သေစေမယ်။ တချို့ဆေးတွေက အဲဒီဆေး ၂ မျိုးကို တခါထဲ ရောထားတာလဲရှိတယ်။

နောက်ဆေးတမျိုးကတော့ Doxycycline 100 mg ကို တခါသောက် ၁ တောင့်၊ တနေ့ ၂ ကြိမ်၊ ၅-၁ဝ ရက်သောက်နိုင်တယ်။

အနာနေရာကို Betadine Antiseptic Ointment လိမ်းနိုင်တယ်။

ချွေးသလပ်စေအာင် နေပါ။ အတွင်းခံကို ချည်ထည်သာ သုံးပါ။ လူဝရင် အလေးချိန်လျှော့ပါ။ အချိုလျှော့စားပြီး ဗီတာမင်စီ များအောင် အချဉ် (သံပုရာ၊ ရှောက်၊ လိမ်မော်၊ ဆီးဖြူသီး) စားပါ။

နာတာ နဲ့ ရောင်တာ သက်သာအောင် Paracetamol ကိုပါ တခါသောက် ၁ ပြား၊ တနေ့ ၂-၃ ကြိမ်သောက်ပါ။ မနာလဲ ရောင်တာကျစေမယ်။

ပြည်တည်ရင် အရက်ပြန်၊ Dettol, Betadine အရည် တခုခုသုံးပြီး လက်သန့်သန့်နဲ့ ညှစ်ပေးနိုင်တယ်။ မမှည့်သေးဘဲ မညှစ်ပါနဲ့။

၁။ Scar အမာရွတ်
၂။ Keloid အရုပ်ဆိုးတဲ့ အမာရွတ် တွေကို ဖတ်နိုင်ပါတယ်။

2011/11/16
ကျွန်တော့် နာမည် မောင် (့) ပါ။ ဇာတိက ရန်ကုန်ကပါ။ အခုတော့ (့) မှာ ကျောင်းတက်နေပါတယ်။ အသက် ၂၄ နှစ်ပါ။ ကျွန်တော့်မှာ TB ရောဂါ ရှိပါတယ်။ ကျွန်တော် (့) သွားခံနီးမှာ ဆေးစစ်လိုက်တာ အဆုတ်မှာ အကွက်တွေ့လို့ TB ဆေးစားခိုင်းပါတယ်။ စားပါတယ်။ ဒါပေမယ့် ဆေး course က မြန်မာပြည်မှာတင် မပြတ်ပါဘူး။ ၁ လလောက် ကျန်ပါတယ်။ (့) မှာ ဆက်သောက်ပါတယ်။ ကျောင်းက ဓါတ်မှန်ရိုက်တဲ့အချိန်မှာ အဆုတ်မှာ အကွတ်တွေ့လို့ ဆေးရုံမှာ သွားစစ်ရပါတယ်။ သွေးတွေ သလိပ်တွေ စစ်တဲ့အချိန်မှာ TB ပိုးကို မတွေ့ပေမယ့် အဆုတ်မှာ အကွက်ရှိလို့ မှန်ပြောင်းထည့်ပြီး ကြည့်မယ်လို့ ပြောပါတယ်။ သိချင်တာက TB ဆေးက ၆ လစားရင် TB ရောဂါ ပျောက်ပါသလား။ နောက်ပြီး အဆုတ်မှာ အကွက်ကရော မပျောက်သေးရင် TB ရောဂါ ရှိနေသေးလား။ နောက်ပြီး ဆေး course ကုန်သွားတာ ၂ ရက်ရှိပါပြီ။ ဒါပေမယ့် ကျွန်တော့် စိတ်ထဲမှာ ချောင်းပြန်ဆိုးချင်သလို ဖြစ်နေပါတယ်။ ကျွန်တော့် အခြေအနေက ဆေးရုံတက်ရတဲ့ အခြေအနေ ရှိပါသလား သိချင်လို့ပါ။ ကျွန်တော် ကျောင်းတစ်ဖတ် အလုပ်တဖတ် လုပ်နေရတဲ့အတွက် စိတ်ဖိစီးမူ အရမ်းများပါတယ်။ ဆေးရုံတက်ရမှာနဲ့ သူများအပယ်ခံရမှာ အရမ်းကြောက်ပါတယ်။

TB ဖြစ်ရင် ဆေးကို ၆-၉ လ သောက်စေတယ်။ တချို့ကို နေ့စဉ်သောက်ခိုင်းပြီး၊ တချို့ကို တပါန် ၂-၃ ရက်သောက်စေတယ်။ တချို့ကိုလဲ ထိုးဆေးပါ တွဲပေးတယ်။ ဘယ်နည်းနဲ့မဆို တီဘီ ပိုးတွေ သေစေပါတယ်။

သလိပ်မှာ ပိုးမတွေ့ဘူး ဆိုတာ သူများကို မကူးစေနိုင်သူမျိုး ဖြစ်တယ်။

အဆုတ်ကို ဓါတ်မှန်ရိုက်ရင် ဖြစ်နေတာကိုလဲ အကွက်-အဆုပ် စတာမျိုးတွေ့စေမယ်။ အရည်အောင်းနေတာလဲ ရှိရင် သိမယ်။ ဆေးကုလို့ သက်သာ-ပျောက်ကင်းရင်လဲ အမာရွတ်သဘော ကျန်နေရစ်တတ်တယ်။ ဓါတ်မှန်ကျွမ်းကျင်သူ ဆရာဝန်တွေက ခွဲခြားနိုင်ပါတယ်။ ဖြစ်နိုင်ရင် အရင်ရိုက်ထားတဲ့ ဓါတ်မှန်နဲ့ ယှဉ်ကြည့်တယ်။ ဓါတ်မှန်ကိုသာမက လူနာအခြေအနေကိုပါ တွဲဖက်ပြီး အကဲဖြတ်ပါတယ်။

စိတ်ဖိစီးမှု နည်းအောင်နေစချင်ပါတယ်။ လူ့ဘဝမှာ ဖစ်ြနေကြပါ။ နေရာ ဒေသပြောင်းရရင် တမျိုး၊ အိမ်မှာနေတာလဲ တမျိုး ဖိစီမှုဆိုတာ ရှိတယ်။ လူငယ်ဘဝမှာ ဖိအားတွေ များတယ်။ လူကြီးဖြစ်လာရင် ကြောင့်ကျမှုတွေ များတယ်။ ရင်ဆိုင်ကျော်လွှားကြရတာပါ။ တခုလေးလောက်ကို ကျော်နိုင်ရင် ငါတခုကျော်နိုင်သွားပြီလို့ အားတက်ပါ။ မြန်မာနိုင်ငံသားတွေဟာ စိတ်ရဲ့တန်ဘိုးကို ပိုပြီးနားလည်ကြပါတယ်။ အခက်အခဲ ရှိနေချိန်မှာ မိဘ၊ ဆရာ-သမားတွေနဲ့ ဘာသာရေး (ဘယ်ဘာသာမဆို) အဆုံးအမကို တည်စေပါ။ (ဆရာကလဲ သမားတယောက်ပေါ့ဗျာ။)

ကျန်းမာ-ချမ်းသာပါစေ။ စာတွေ ထူးချွန်-တတ်မြောက်ပါစေ။