ကျန်းမာရေးနဲ့ဆေးပညာ မေးလိုတာရှိပါက

ဒီဘလော့ခ်ထဲကစာတွေကို တခြားနေရာမှာ ကျွန်တော့်ခွင့်ပြုချက်မပါဘဲ ကူးယူပြီး မတင်ဘို့ စည်းကမ်း သတ်မှတ်ထားပါတယ်။

ကျန်းမာရေး နဲ့ ဆေးပညာ မေးလိုတာရှိပါက
• ဖြစ်တဲ့သူရဲ့ အသက်၊ ကျား-မ ပြောပါ။ ရောဂါလက္ခဏာ ၁-၂-၃။ တခုတိုင်းက ဘယ်လောက် ကြာပြီ။
• လိုအပ်ရင် ကျန်းမာရေးရာဇဝင်၊ ဓါတ်မှန်၊ (အာလ်ထွာဆောင်း)၊ ဆေးစစ်ချက်၊ လိုအပ်ရင် အိမ်ထောင်၊ ကလေး၊ ရှိ-မရှိ။ နေတဲ့တိုင်းပြည်၊ မြို့ထည့်ရေးပါ။ လူနာမည်၊ နေရပ်လိပ်စာအတိအကျ ကိစ္စမရှိပါ။
• ဆေးနာမည်ရေးရင် Trade name ကုမ္ပဏီကပေးတဲ့နာမည်သာမက Generic name ဆေးနာမည် ထည့်ရေးပါ။
• ဆေးစာ၊ ဆေးစစ်ချက်၊ ဝေဒနာတွေကို စကန်လုပ်ပြီးဖြစ်ဖြစ်၊ ဓါတ်ပုံရိုက်လို့ဖြစ်ဖြစ် ပို့နိုင်ပါတယ်။ ဓါတ်ပုံကို ခွင့်မယူဘဲ အသုံးမချပါ။
• အိမ်ထောင်ရေးနဲ့ လိင်ပိုင်းဆိုင်ရာမေးခွန်းတွေကို Facebook ကနေ မမေးပါနဲ့ မဖြေပါ။ တိုက်ရိုက်သာမေးပါ။
• အီးမေးလ် အခက်အခဲရှိလို့ Facebook message မှာဖြစ်ဖြစ် Chat box မှာဖြစ်ဖြစ်ရေးရင်လဲ အားသလား၊ မေးလို့ရလား ရေးမနေဘဲ၊ တခါတည်း မေးခွန်းသာရေးလိုက်ပါ။
• Facebook Comment ကနေမေးတာ-ဖြေတာ အဆင်မပြေပါ။
စာရှည်ရေးမရပါ။ သူများတွေကို အနှောင့်အယှက်ဖြစ်နိုင်ပါတယ်။
• နာမ်စားသုံးတာမှာ ကိုယ်ကိုယ်ကို ‘သား’၊ ‘သမီး’ လို့ သုံးရင် မေးတဲ့သူရဲ့ သားသမီးလား ထင်မှတ်မှားနိုင်တာသတိပြုပါ။
• SMS အရေးအသားမျိုးကို မဖတ်ပါ။ မြန်မာစကားကို အင်္ဂလိပ်စာလုံးနဲ့ရေးတာကို မဖတ်ပါ။
• ဘလော့ခ် နဲ့ ဖေ့စ်ဘွတ်မှာ အမေး-အဖြေတွေကိုသုံးတဲ့အခါ မေးတဲ့သူရဲ့ ကိုယ်ရေး အချက်အလက်တွေ မပါစေရပါ။
• ဖုန်းဆက်ပြီးမေးရင် Time zone မတူတာရော၊ အသံထွက် လွဲနိုင်တာရောကြောင့် အဆင်မပြေပါ။ ကျွန်တော့်မှာ Viber မရှိပါ။ ဖေ့စ်ဘွတ် ဖုန်း-ဗီဒီယို အဆင်မပြေပါ။ Skype ကိုတော့ နိုင်ငံရေးနဲ့ မိသားစုအတွက်သာသုံးပါတယ်။
drswe01@gmail.com ကို (အီးမေးလ်) ပို့ပါ။

(ဘလော့ခ်) တွေထဲ ဝင်ဖတ်ဘို့ အကြံပြုပါတယ်။
- http://dts-medicaleducation.blogspot.in/ ဆေးပညာစာများ
- http://yamuna-online-clinic.blogspot.in ယမုန်နာ ဆေးခန်း
- http://my-sayawun-life.blogspot.in/ ဆရာဝန်ဘဝ အမှတ်ရတာတွေ
- http://dts-political-page.blogspot.in/ နိုင်ငံရေး စာမျက်နှာ
- http://www.facebook.com/pages/Dr-Tint-Swe/490031307758025?skip_nax_wizard=true ဖေ့စ်ဘွတ်
- https://tintswe.wordpress.com/ Dr. Tint Swe ဒေါက်တာတင့်ဆွေ ဆေးပညာစာများ

Friday, December 9, 2011

Q and A November 2011 (5)

၁။ နှုတ်ခမ်းလဲခြောက်ပြီး ကွဲတတ်ပါတယ်။ ဆီးခဏခဏသွားချင် ဖြစ်ပါတယ်။ လေးဖက်နာပိုး ရှိပါတယ်။ ယူရစ်အက်ဆစ် ဆိုတာဘာပါလဲဆရာ။ ဘယ်ဘယ် နို့သီးခေါင်းက ကွဲပြီး အထဲဝင်နေတာ့
၂။ နားထဲမှာ စီ ဆိုတဲ့အသံကြီး ပုရစ်အော်သံလိုလိုကြားနေရတာ
၃။ အမောဖောက်လာရင် အသက်မရှုနိုင်တော့ပဲ မောလာပါသည်။
၎။ နားနဲ့မနာ ဖဝါးနဲ့နာပေးပါဆရာ။
၅။ ဇနီသည်းက ဆီးအောင့်တဲ့ရောဂါကို ခံစားနေရပါတယ်။
၆။ ထိပ်ကပ်နာဖြစ်နေတာ ကြာပါပြီ။

2011/11/21
ဆရာပြောတဲ့အတိုင်း ရေများများသောက်ပါတယ်။ ဆီးနည်းနည်း ကျင်ချင်သလိုဖြစ်လို့ Amoxacilin သောက်လိုက်တယ်။ ခဏခဏ သောက်ရင် ဘာဖြစ်တတ်ပါသလဲ။ ခဏခဏ အာခေါင်ခြောက်ပြီး ရေဆာတတ်ပါတယ်။ နှုတ်ခမ်းလဲခြောက်ပြီး ကွဲတတ်ပါတယ်။ အလုပ်လုပ်ရင်အဲကွန်းနဲ့တော့နေရပါတယ်။ အလုပ်လုပ်ရင်း ရေသောက်လိုက်၊ ဆီးသွားလိုက်နဲ့ ရှုပ်နေတာပါပဲ။ အလုပ်များလို့ မိနစ်နှစ်ဆယ်လောက် ရေမသောက်ဖြစ်ရင် အာခေါင်ခြောက်၊ နှုတ်ခမ်းကွဲ၊ ဆီးကျင်၊ ဆီးခဏခဏသွားချင် ဖြစ်ပါတယ်။ ရေသောက်ရင်းနဲ့ကို အာခေါင်ခြောက်နှုတ်ခမ်းကွဲပါတယ်။ သမီးအသက် ၂၄ နှစ်နဲ့ ၆ လ အိမ်ထောင်ကျတာ ၁ နှစ်နဲ့ ၂ လရှိပါပြီ။ အိမ်ထောင်ဖက်က ၃ဝ ပါ။ လေးဖက်နာပိုး ရှိပါတယ်။ ယူရစ်အက်ဆစ် ဆိုတာဘာပါလဲဆရာ။ ကန်တော့ပါရဲ့ဆရာ။ ဘယ်ဘယ် နို့သီးခေါင်းက ကွဲပြီး အထဲဝင်နေတာ ကလေးရရင်နို့ထွက်ပါ့မလားဆရာ။

၁။ Chapped lips ခြောတ်နေတဲ့ နှုတ်ခမ်း
၂။ Rheumatism လေးဘက်နာ
၃။ Rheumatoid arthritis လေးဘက်နာ (၂)
၎။ Gout (2) ဂေါက်-ရောဂါ (၂)
၅။ Inverted nipples နို့ပါးစပ် တွေကို ပို့လိုက်ပါတယ်။ စာတွေများတာက မေးတဲ့ရောဂါတွေ မနည်းလို့ပါ။

2011/11/21
ကျနော့် နားထဲမှာ စီ ဆိုတဲ့အသံကြီး ပုရစ်အော်သံလိုလိုကြားနေရတာ ၁ လ ကျော်လောက်ရှိပါပြီ။ ဒီ ၃၊ ၄ အတွင်းမှာ ကျနော်က အိမ်ကနေပဲ ကွန်ပျူတာနဲ့ အလုပ်လုပ်ဖြစ်တော့ ကိုယ်လက်လှုပ်ရှားမှု နဲသွားပါတယ်။ ညဘက်လည်း ကောင်းကောင်း အိပ်မပျော်ပါဘူး။ အဲဒီအကျိုးဆက်ကြောင့် အခုလို ဖြစ်သွားတာလား တော့လည်း မပြောတတ်ပါဘူး။ နားအထူးကုနဲ့ပြကြည့်တော့လည်း နားအကြား အာရုံကောင်းတယ် ပြောပါတယ်။ နားကတော့ နာခြင်း၊ ကိုက်ခြင်းမရှိပါဘူး။ ရိုးရိုးဆရာဝန်နဲ့ ပြကြည့်တော့ အကြောအားနည်းနေတယ်ဆိုပြီး အကြောဆေး၊ အားဆေး သောက်ခိုင်းပါတယ်။

အထူးကုဆရာဝန်စစ်ဆေးထားရင် စိုးရိမ်စရာ မရှိပါ။ ဒီ ၃၊ ၄ အတွင်းမှာ ဆိုတာ နားမလည်ပါ။ နောင်မှာ မေးရင် ဖြစ်တဲ့သူရဲ့ အသက်၊ ကျား-မ စတာတွေ ပါစေချင်ပါသည်။

2011/11/20
ကျွန်တော့် နံမည်ကတော့ (့) ဖြစ်ပါသည်။ (့) မြို့တွင် နေထိုင်ပါသည်။ ကျွန်တော့် မိခင်သည် ငယ်စဉ်မှစ၍ ဆေးလိပ်ခုံတွင် အလုပ်လုပ်ခဲ့ပါသည်။ အနှစ် နှစ်ဆယ်ကျော်လောက် လုပ်ခဲ့ပါသည်။ အလုပ်နားသည်မှာ ရှစ်နှစ်လောက်ရှိပါပြီ။ ယခု မိခင်တွင် နှလုံး၊ ရင်ကျပ်နှင့် သွေးတိုးဝေဒနာများအား ခံစားနေရပါသည်။ ခြောက်နှစ်လောက် ရှိပါပြီ။ ဆေးခန်းလေး ပြလိုက် ဆေးထိုးလိုက် ဆေးသောက်လိုက် ပြန်ဖြစ်လိုက်နဲ့ တစ်ရှောင်ရှောင် ဖြစ်နေပါသည်။ နှလုံးကအကောင်းလို့ ပြောပါသည်။ လူနာက ပူလိုက်၊ အေးလိုက်၊ မောလိုက်နဲ့ ဝေဒနာကို ခံစားနေရပါသည်။ အရပ်တွင်းကတော့ သွေးဆုံးကိုင်သည်လို့ ပြောပါသည်။ အမေက ပိန်ပါသည်။ အစာမစားနိုင်ပါ။ အားဆေးလေးသွင်းလိုက် နည်းနည်းသက်သာလိုက်။ ခဏနေ ပြန်ဖြစ်လိုက်နဲ့ သံသရာလည်နေပါသည်။ ဆရာဝန်ကနှလုံးကို သိပ်မကြိုက်လို့ဆိုပြီး နောက်ထပ်ဆရာဝန်နဲ့ ညွန်းလိုက်ပါသည်။ နှလုံးသွေးကြော ကျဉ်းနေသည်ဆိုပြီး သောက်ဆေးများ ပေးလိုက်ပါသည်။ အမေ ဆေးသောက်သောအခါ ဆေးဒဏ်ကို မခံနိုင်ပါ။ ဆေးတွေကို လျော့သောက်ပါသည်။ မသက်သာပါ။ အိမ်ထဲမှာပဲ နေနေပြီး အပြင်လည်း သိပ်မသွားနိုင်ပါ။ အိပ်ယာထက်မှာပဲ ခွေနေရပါသည်။ တစ်ခါတစ်ခါ အမောဖောက်လာရင် အသက်မရှုနိုင်တော့ပဲ မောလာပါသည်။ နောက်ကျောကနေ နှိပ်ပေးပြီး လေတွေ ဂေ့ဂေ့နှင့် တက်သွားမှ သက်သာသွားပါသည်။ အနားမှာ လူမရှိလျင် အရမ်းစိုးရိမ်ရပါသည်။ လေတွေ မထွက်မသွားမချင်း မသက်သာပါ။ ရောဂါ မဖောက်လျင်တော့ လူကောင်းလိုပါပဲ။ အမော ဖောက်လာရင်တော့ အသက်ပါပါသွားမလား စိုးရိမ်နေရပါသည်။ အမေအသက် ငါးဆယ်ကိုးနှစ် ရှိပါပြီ။ ငယ်ငယ်ကလည်း ကျွန်တော်တို့ ဆင်းရဲစွာ ဖြတ်သန်းခဲ့ရပါသည်။ ဘဝရဲ့ ဒဏ်ရာဒဏ်ချက်တွေကို အမေခံစားနေရပါသည်။ အစာအသောက်လည်း ဘယ်လောက်ကျွေးကျွေး သိပ်မစားနိုင်ပါ။ အားလည်း မရှိပါ။ အားဆေးကို တောက်လျောက်သွင်းပေးနေ ရပါသည်။ ဘယ်လိုကုသသင့်သည်၊ ဘယ်လိုနေရာမှာ ကုသသင့်သည်ဆိုတာမှအစ ဖြေကြားပေးစေလိုပါသည်။ ငွေတွေတော့ အများကြီးမတတ်နိုင်ပါ။ ဒေါက်တာလိုချင်တဲ့ အချက်အလက်တွေ ဆရာဝန်ကိုမေးပြီး စကမ်ဖတ်ပြီး ပို့လိုက်ပါတယ်။

ဖတ်လို့ရသလောက်ကို ထောက်ပြောရရင် သွေးဆုံးရောဂါ မဟုတ်ပါ။ သွေးတိုးရောဂါ မရှိပါ။ နှလုံးသိပ်မကောင်းဘူး။ နှလုံးခုန်နှုန်းမြန်နေတယ်။ ပြောရရင် နှလုံးရောဂါဖြစ်တယ်။ ခွဲစိတ်လို့ မရပါ။ ဆေးနဲ့သာ နေရလိမ့်မယ်။ ဆေးတွေက ထိန်းထားနိုင်ပါတယ်။
Digozin နှလုံးဆေး ပေးထားတယ်။ နှလုံးခုန်နှုန်း နှေးစေအောင်ဖြစ်တယ်။ Lasix ဆိုတဲ့ဆေးက ဆီးများများ သွားစေမယ်။ သွေးထုထည်နည်းစေပြီး နှလုံးကနေ အလုပ်လုပ်တာကို သက်သာစေမယ်။ ဒါပေမဲ့ ဆေးသောက်တဲ့ရက်မှာ လူနှုန်းပြီး၊ အားယုတ်နေမယ်။ ရေနွေးကြမ်း၊ အုန်းရည်သောက်ရမယ်။
လူအပင်ပန်း မခံစေပါနဲ့။ လူရော စိတ်ပါ နားပါစေ။ ရောဂါရှိနေမှန်း သိတာမို့ သတိနဲ့နေရင် လူကောင်းနီးပါး နေနိုင်ပါမယ်။ အစိုးရိမ်မကြီးပါနဲ့။
ဒေါသထွက်တာ၊ ဝမ်းနည်းလွန်း၊ ဝမ်းသာလွန်းတာ မခံနိုင်ပါ။ လူပင်ပန်းတာ မခံနိုင်ပါ။ အထက်တက်ရတာ မခံနိုင်ပါ။ ငန်တဲ့အစာ သိပ်မစားတာကောင်းမယ်။ ကျန်တာတော့ ပုံမှန် မျတ လုံလောက်အောင် စားနိုင်ပါတယ်။ နှလုံးရောဂါ အထူးကု၊ သမားတော် တဦးဦးဆီမှာ ပုံမှန် ဆေးစစ်၊ ဆေးကုနေသင့်ပါတယ်။

2011/11/20
ကျွန်မက (့) ပါ။ (့) မှာနေပါတယ်။ အသက်က (၃၇)နှစ်၊ ကလေး(၂)ယောက်မိခင်ပါ။ မိန်းမသားပြသာနာမို့ နားနဲ့မနာ ဖဝါးနဲ့နာပေးပါဆရာ။ ကျွန်မ လွန်ခဲ့တဲ့ ၅ လကစပြီး ရာသီပေါ်ချိန်မမှန်တော့ပါ။ July လမှာစပြီး ၂ လလောက်ရာသီမလာလို့ ဆေးခန်းမှာ သွားပြီး သားအိမ်အတွင်းက အသားစနဲ့ သားအိမ် အတွင်းက IUD ထည့်ထားတာလဲ စစ်ဆေးပြီးပါပြီ။ Normal လို့ပြောပါတယ် (IUD ထည့်ထားတာ ၄နှစ်ရှိပါပြီ။) Sep 9 မှာ နောက်ဆုံး ရာသီ လာပြီး နောက်လ Oct 9 ရက်နောက်ပိုင်းကစပြီး အဖြူဆင်းသလိုထည်းမှာ သွေးစလေးများ တောက်လျှောာက်ပါလာပါတယ်။ ပထမပိုင်းမှာတော့ အဖြူရောင်၊ နောက် ပန်းရောင်၊ နောက်ပိုင်း အညိုရောင်ရင့်၊ တဖြည်းဖြည်းနဲ့ အနီရောင်သွေးများဖြစ်လာပါတယ်။ အရင်က ရက်ခြားသာလာပြီး လွန်ခဲ့တဲ့ ၂ ပတ်ကစပြီး အညိုရင့်ရောင်များ နေ့တိုင်းဆင်းပါတယ်။ အခုဆို ရာသီလာသလိုမျိုး သွေးဆင်းနေတာ ၃ ရက်ရှိနေပါပြီ။ မများပါ။ သွေးအရောင်မှာ အနီရောင်ဖြစ်ပြီး အနံအသက်လဲမရှိပါ။ ဘာရောဂါများဖြစ်နိုင်ပါသလဲဆရာ။ စိုးရိမ်ရပါသလား သိလိုပါတယ်။ ကျွန်မလွန်ခဲ့တဲ့ ၆လအတွင်းသောက်တဲ့ ဆေးတွေကတော့
1. Sumatriptan 100MG tablets (take 1/2 tablet by mouth at onset of headache) 2 tablets per day (30 tablets သောက်ပြီး ဆက်မသောက်တော့ပါ)
2. Propanolol 10MG (take 1 tablet by mouth 3 time daily) (4 moths already) လက်ရှိသောက်နေဆဲပါ။

IUD တွေက ၅ နှစ်အထိ သက်တမ်းရှိတာ များတယ်။ ဆေးစစ်ထားပြီး ကောင်းတယ်ဆိုရင် မပူပါနဲ့။ အသက် ၃၇ ဆိုတာ သိပ်မကြီးသေးပါ။ ဒါပေမဲ့ အမျိုးသမီးတွေဟာ ရာသီနဲ့ပတ်သက်ရင် မတူကြဘူး။
အဖြူဆင်းတာလဲ အဖြစ်များကြတယ်။ များသောအားဖြင့် စိုးရိမ်စရာ မလိုပါ။ တချို့အမျိုးအစားက ဆေးကုစရာတောင် မလိုပါ။ မယားရင် မနံရင်၊ ခဏခဏဖြစ်တာ မဟုတ်ရင် မလိုတတ်ပါ။ သွေးနဲ့ အဖြူရောတာဆိုရင် အရောင်မတူဘူး။ သွေးနဲ့ အဖြူ စဆင်းနေတဲ့ရက်တွေက ရာသီပြန်ပေါ်ရမဲ့ရက်နဲ့ ကိုက်ညီတယ်ထင်တယ်။ မစိုးရိမ်ပါနဲ့။ ဆင်းစရာကုန်အောင် ဆင်းပါလိမ့်မယ်။ ၂ ပါတ်ရှိပြီ၊ အခုထိဖြစ်နေသေးတာတော့ တခုခုဖြစ်နိုင်တယ်။ ကင်ဆာကိုသွား မစိုးရိမ်ပါနဲ့။
အလွယ်ဆေးနည်းကိုသာ ရေးပါမယ်။ အဖြူဆင်းတာအတွက် လိုလိုမယ်မယ် Metronidazole ဆေးပြား တခါသောက် ၁ ပြား၊ တနေ့ ၂ ကြိမ်၊ ၅-၇ ရက်သောက်ပါ။ ရာသီမရပ်သေးတာ စောင့်နိုင်ပါတယ်။ နောက်လတွေ အဲလိုမဖြစ်အောင် IUCD ထည့်ထားပေမဲ့ တားဆေးသောက်ပါ။ တားဆေးသောက်ရင် ကြားရက်ရာသီမဆင်းဘူး။ ရက်မှန်မယ်။ ဆင်းတာ နည်းမယ်။ နာတတ်သူတွေ အနာသက်သာမယ်။ ၂-၃-၄ လ သောက်သင့်တယ်။ ဟော်မုန်း ၂ မျိုးတွဲပါ ၂၁-၂၈ ပြား ပါတဲ့ လူအများဆုံးသုံးတဲ့ တားဆေးကို ဆိုလိုတာ ဖြစ်တယ်။ စိတ်ဖိအားလဲ လျှော့ချပါ။

2011/11/21
ကျွန်တော့် ဇနီသည်းက ဆီးအောင့်တဲ့ရောဂါကို ခံစားနေရပါတယ်။ အရင်က ဖြစ်ရင်တစ်လမှာ တခါလောက်ပဲဖြစ်ပါတယ်။ လွန်ခဲ့တဲ့ နှစ်လလောက်ကစပြီတော့ တစ်လမှာနှစ်ခါလောက်ဖြစ်လာပါတယ်။ ဒီလကျတော့ သုံးခါရှိပြီလို့ပြောတယ်။ အိမ်ထောင်ကျတာ သုံးနှစ်ကျော်လေးနှစ်နီးပါရှိပါပြီ။ ကလေးလဲမယူးရသေးပါ။ တားဆေးတော့ သောက်ပါတယ်။ သူအသက်ကတော(၂၉)နှစ်၊ ကျွန်တော်ကတော(၂၈)ပါ။သူက သူရောဂါအတွက် ဆေးထိုးချင်တယ်လို့ ပြောပါတယ်။ အဲဒါ ထိုးသင့်မထိုးသင့်၊ ပြီတော့ ဘယ်လိုဆေးမျိုးကို သောက်သင်သလဲဆိုတာ အကြံပြုပေးပါလို့ အကူညီတောင်ပါရစေ။

၁။ UTI ဆီးလမ်းရောဂါ ပိုဖြစ်နေကြတယ်
၂။ Dysuria ဆီးခဏခဏအောင့်လို့ပါရှင်
၃။ Acidic Urine (2) ဆီး အက်စစ်ဓါတ်များနေခြင်း တွေ ပို့လိုက်ပါတယ်။

2011/11/21
ကျွန်တော်မှာ ထိပ်ကပ်နာဖြစ်နေတာ ကြာပါပြီ။ ၁၆ နှစ်လောက်ကတည်းကစပြီး ဖြစ်ခဲ့တာပါ။ စာမေးပွဲတွေ လိုက်ဖြေရင်း ပုဂံကို ဘုရားဖူးသွားရင်း နှာစေး၊ ချောင်းဆိုးရင်း ဖြစ်တာကစ အသံတွေပါ ပြောင်းသွားပါတယ်။ နှာခေါင်းပိတ်ပြီး အသံပြောင်းသွားတာကို မိဘများ သိပေမယ့် စာတွေ ကျက်တာများသွားလို့ ထင်ကြေးပေးကြရင်း သတိမမူခဲ့ဘူး။ အခု ဒီရောဂါကို ဘယ်လို ကုသရမယ်ဆိုတာကို မေးပါရစေဗျာ။ ဆေးနည်းလေး ပါလားဗျာ။

၁။ Sinusitis သို့မဟုတ် ကိုရီးယား ကလာသည့် မေးခွန်းအား ဖြေကြားခြင်း
၂။ Allergic rhinitis အလာဂျီ နှာခေါင်း တွေ ပို့လိုက်ပါတယ်။