ကျန်းမာရေးနဲ့ဆေးပညာ မေးလိုတာရှိပါက

ဒီဘလော့ခ်ထဲကစာတွေကို တခြားနေရာမှာ ကျွန်တော့်ခွင့်ပြုချက်မပါဘဲ ကူးယူပြီး မတင်ဘို့ စည်းကမ်း သတ်မှတ်ထားပါတယ်။

ကျန်းမာရေး နဲ့ ဆေးပညာ မေးလိုတာရှိပါက
• ဖြစ်တဲ့သူရဲ့ အသက်၊ ကျား-မ ပြောပါ။ ရောဂါလက္ခဏာ ၁-၂-၃။ တခုတိုင်းက ဘယ်လောက် ကြာပြီ။
• လိုအပ်ရင် ကျန်းမာရေးရာဇဝင်၊ ဓါတ်မှန်၊ (အာလ်ထွာဆောင်း)၊ ဆေးစစ်ချက်၊ လိုအပ်ရင် အိမ်ထောင်၊ ကလေး၊ ရှိ-မရှိ။ နေတဲ့တိုင်းပြည်၊ မြို့ထည့်ရေးပါ။ လူနာမည်၊ နေရပ်လိပ်စာအတိအကျ ကိစ္စမရှိပါ။
• ဆေးနာမည်ရေးရင် Trade name ကုမ္ပဏီကပေးတဲ့နာမည်သာမက Generic name ဆေးနာမည် ထည့်ရေးပါ။
• ဆေးစာ၊ ဆေးစစ်ချက်၊ ဝေဒနာတွေကို စကန်လုပ်ပြီးဖြစ်ဖြစ်၊ ဓါတ်ပုံရိုက်လို့ဖြစ်ဖြစ် ပို့နိုင်ပါတယ်။ ဓါတ်ပုံကို ခွင့်မယူဘဲ အသုံးမချပါ။
• အိမ်ထောင်ရေးနဲ့ လိင်ပိုင်းဆိုင်ရာမေးခွန်းတွေကို Facebook ကနေ မမေးပါနဲ့ မဖြေပါ။ တိုက်ရိုက်သာမေးပါ။
• အီးမေးလ် အခက်အခဲရှိလို့ Facebook message မှာဖြစ်ဖြစ် Chat box မှာဖြစ်ဖြစ်ရေးရင်လဲ အားသလား၊ မေးလို့ရလား ရေးမနေဘဲ၊ တခါတည်း မေးခွန်းသာရေးလိုက်ပါ။
• Facebook Comment ကနေမေးတာ-ဖြေတာ အဆင်မပြေပါ။
စာရှည်ရေးမရပါ။ သူများတွေကို အနှောင့်အယှက်ဖြစ်နိုင်ပါတယ်။
• နာမ်စားသုံးတာမှာ ကိုယ်ကိုယ်ကို ‘သား’၊ ‘သမီး’ လို့ သုံးရင် မေးတဲ့သူရဲ့ သားသမီးလား ထင်မှတ်မှားနိုင်တာသတိပြုပါ။
• SMS အရေးအသားမျိုးကို မဖတ်ပါ။ မြန်မာစကားကို အင်္ဂလိပ်စာလုံးနဲ့ရေးတာကို မဖတ်ပါ။
• ဘလော့ခ် နဲ့ ဖေ့စ်ဘွတ်မှာ အမေး-အဖြေတွေကိုသုံးတဲ့အခါ မေးတဲ့သူရဲ့ ကိုယ်ရေး အချက်အလက်တွေ မပါစေရပါ။
• ဖုန်းဆက်ပြီးမေးရင် Time zone မတူတာရော၊ အသံထွက် လွဲနိုင်တာရောကြောင့် အဆင်မပြေပါ။ ကျွန်တော့်မှာ Viber မရှိပါ။ ဖေ့စ်ဘွတ် ဖုန်း-ဗီဒီယို အဆင်မပြေပါ။ Skype ကိုတော့ နိုင်ငံရေးနဲ့ မိသားစုအတွက်သာသုံးပါတယ်။
drswe01@gmail.com ကို (အီးမေးလ်) ပို့ပါ။

(ဘလော့ခ်) တွေထဲ ဝင်ဖတ်ဘို့ အကြံပြုပါတယ်။
- http://dts-medicaleducation.blogspot.in/ ဆေးပညာစာများ
- http://yamuna-online-clinic.blogspot.in ယမုန်နာ ဆေးခန်း
- http://my-sayawun-life.blogspot.in/ ဆရာဝန်ဘဝ အမှတ်ရတာတွေ
- http://dts-political-page.blogspot.in/ နိုင်ငံရေး စာမျက်နှာ
- http://www.facebook.com/pages/Dr-Tint-Swe/490031307758025?skip_nax_wizard=true ဖေ့စ်ဘွတ်
- https://tintswe.wordpress.com/ Dr. Tint Swe ဒေါက်တာတင့်ဆွေ ဆေးပညာစာများ

Friday, December 9, 2011

Q and A November 2011 (6)

၁။ ဘယ်ဘက်နားမှာ ခဏခဏ အောင့်တဲ့ ဝေဒနာတစ်ခု ဖြစ်လာနေပါတယ်။
၂။ သားဥအိမ်တွင် အကျိတ်ရှိသည်ဟု ပြောပါသည်။
၃။ အသိ အမျိုးသမီးမှာ PSY ဖြစ်နေသလိုဖြစ်နေပါတယ်။
၎။ ဆရာဝန်တွေကို ပြတော့လည်း မသက်သာဘူး။

Tue, Nov 22, 2011 at 3:56 PM
ကျွန်တော့် အသက်က (၃၄)နှစ်ထဲမှာပါ။ အရပ် ၅ ပေ၊ ၄ လက်မ။ ကိုယ်အလေးချိန် ၁ဝဝ ပေါင်လောက်။ AB သွေး၊ အိမ်ထောင်သက် ၈ နှစ်။ ကလေးတစ်ဦးရှိ။ ၁ဝ တန်း နှစ်လောက်မှာပါ အဆုတ် TB လို့တော့ပြောတာပါပဲ။ ဓါတ်မှန်ဘာညာ စစ်ဆေးပြီးတော့ (့) ဆရာဝန်မကပြောပြီး ၆ လလောက်တော့ ဆေးသေသေချာချာ သောက်ခဲ့ပါတယ်။ ၆ လလောက်ပြည့်ပြီးတဲ့အခါ ဓါတ်မှန်ပြန်ရိုက်ပြီးစစ်တာ အားလုံး ကောင်းသွားတဲ့အတွက် ဆေးလည်း အခုချိန်ထိ မသောက်ရတော့ပါဘူး။ ဒါပေမယ့် အခုအခါမှာ ဝမ်းဗိုက် ချက်ဘေးနားမှာ ၂ လက်မအကွာလောက် ဘယ်ဘက်နားမှာ ခဏခဏ အောင့်တဲ့ ဝေဒနာတစ်ခု ဖြစ်လာနေပါတယ်။ ၃ လလောက်ရှိနေပါပြီ။ အမြဲတန်းလည်း မနာပါဘူး။ အတွင်းထဲကနေ အပ်နဲ့ ထိုးသလိုကို နာတာပါ။ နောက်ပြီး တစ်ခါတစ်ရံ ဆီးအောင့်တက်ပါတယ်။ ဆီးသွားတဲ့အခါ ဆီးလမ်းကြောင်းကနေ နာတက်ပါတယ်။ အမြဲတမ်းတော့ မဟုတ်ပါဘူး။ အခုဖြစ်နေတဲ့ ဗိုက်အောင့်နေတဲ့ရောဂါကို ဘယ်လိုဆေးစစ်သင့်လည်း။ ဘယ်လိုရောဂါအခြေအနေဖြစ်နိုင်သလဲနဲ့ အသက်အန္တရာယ် စိုးရိမ်ရသလား။ ခွဲစိတ် ကုသဖို့ လို-မလို။ ဘယ်လိုဆရာဝန်နဲ့ပြသင့်သလဲ။ ဘာကြောင့်ဖြစ်တက်သလဲဖြစ်ရတာလဲ သိချင်တာပါ။ လိုအပ်လျှင် CT scan ရိုက်ပေးပါ့မယ်။

ကျန်းမာရေး နောက်ခံကို ပြည့်ပြည့်စုံစုံရေးပြတာ အထောက်အကူရပါတယ်။ ပဌမဖြစ်ဘူးခဲ့တဲ့ တီဘီ ကနေ ဗိုက်ကို မဖြစ်ဘို့ များပါတယ်။ အူ တီဘီ လက္ခဏာက အဲလိုမဟုတ်ပါ။ ၆ လ ဆေးမှန်မှန်သောက်ရင် ကောင်းပါမယ်။ ချက်ဘေး၊ ဘယ်ဘက်မှာ နာတာဆိုရင် အူအတက်၊ အူမကြီးတွေကို ဖယ်ပြီး စဉ်းစားလို့ရတယ်။ ဆီးအောင့်တာနဲ့ တွဲနေတာမို့ ဆီးလမ်းကို စဉ်းစားရမှာ အမှန်ပါ။ ရောဂါ မသိဘဲနဲ့ အသက်အထိ မစိုးရိမ်သင့်ပါ။ အလုပ်အကိုင်နဲ့လဲ သိပ်ကြီး မဆိုင်ပါ။

ဆေးစစ်တာ အကောင်းဆုံးဖြစ်ပါမယ်။ ဆီးလဲ စစ်ရမယ်။ ဓါတ်မှန်၊ အာလ်ထွာဆောင်း ရိုက်ချင်ရိုက်မယ်။ မစစ်ခင် ဗိုက် စတာကို ကြည့်ချင်-စမ်းချင်သေးတယ်။ ဒါကြောင့် အရင်ဆုံး ဆရာဝန် တဦးဦးနဲ့ ပြသင့်ပါတယ်။ အထွေထွေကုဆရာဝန်ကနေ လိုရင် ဆက်ညွှန်ပါလိမ့်မယ်။ ဆေးစစ်ချက်တွေ ဘာလုပ်မယ်ဆိုတာလဲ ပြောပါလိမ့်မယ်။ ကိုယ်ကနေ ကြိုတင် မလုပ်ပါနဲ့။

ကျွန်တော်က ဘေးကနေ အကူအညီကလေး နည်းနည်းသာ ပေးနိုင်တဲ့နေရာမှာ ရှိပါတယ်။ တကယ်ကူသပေးတဲ့ ဆရာဝန်တွေကနေ ပြောတာ၊ စစ်တာ၊ ညွှန်တာတွေနဲ့ ပတ်သက်ပြီး လိုမယ်ထင်တာမှန်သမျှ လူနာကို ကူညီ ပြောကြားပေးနိုင်ပါတယ်။

ကြားထဲမှာ မှန်းကုသဘော ပြောရရင် မမှားနိုင်တဲ့ Antacid Tablet ဆေး တခါသောက် ၁ ပြား၊ တနေ့ ၂- ကြိမ်သောက်နိုင်တယ်။ တကယ်နာရင် Buscopan/Diclofenic ဆေးပြား နာတဲ့အချိန်မှာ ၁ ပြား သောက်နိုင်တယ်။ Buscopan က နဲနဲ အိပ်ချင်မယ်။ အတင်းနာပြီး မခံနိုင်တာဖြစ်လာရင် အဲဒီဆေးမျိုး ထိုးနိုင်တယ်။ လေကြောင့်နာနာ၊ ဆီးကြောင့်နာနာ၊ ကျောက်ကြောင့်နာနာ သက်သာသွားမယ်။

နောက် မမှားနိုင်တာတခုကလဲ သန်ချဆေး သောက်နိုင်သေးတယ်။ Albendazole/Mebandazole 1 adult dose ညမအိပ်ခင် တခါတည်းသောက်နိုင်တယ်။ ဘေးထွက်ဆိုးကျိုး မစိုးရိမ်ရပါ။

Thu, Nov 24, 2011 at 7:59 PM
ကျွန်တော့် အမျိုးသမီး အသက် ၃၄ နှစ်ဖြစ်ပါတယ်။ အိမ်ထောင်သက် ၁ နှစ်ကျော်မှာ ကိုယ်ဝန် ၆ ပတ်နင့် သားအိမ်ခြစ်လိုက်ရပါတယ်။ ယခုထက်ထိ ကလေး မရသေးပါ။ သားအိမ်ခြစ်ပြီး နောက်ပိုင်း ဗိုက်နာလို့ Ultrasound ရိုက်ကြည့်တော့ သားဥအိမ်တွင် အကျိတ်ရှိသည်ဟု ပြောပါသည်။ ဆရာဝန်က ကလေး အရင်ယူရန် ပြောပါသည်။ ကလေးယူရန် ကြိုးစားရင်း ၁ နှစ်ကျော်လာပါပြီ။ ယခုအခါ ဗိုက်အောင့်ပြီး စစ်စစ်ကိုက်သည်ဟု ပြောပါသည် လမ်းလျောက်များလျင် အမျိုးသမီး အင်္ဂါအဝတွင် တခုခုဆို့သလို ခံစားရပြီး ခြေထောက်ကို ထောင်ထားရပါသည်။ အမျိုးသမီး အင်္ဂါအဝတွင် အနီဖု ၂-၃လုံး ပေါက်နေပါသည်။ ခါတိုင်း ရာသီမှန်ပါသည်။ ယခုတပတ်ရာသီ ပျောက်နေပါသည်။ ရာသီလာရမည့်နေ့မှ ၁ဝ ရက် ကျော်ပါပြီ။ ဆီးစစ်တံမပြသေးပါ။ အကျိတ်ကို စိုးရိမ်ပါသည်။

မျိုးဥအိမ်-အကျိတ်လို့ ပြောတာဟာ Ovarian cyst ဖြစ်မယ် ထင်ရပါတယ်။ တဖက်ထဲလား၊ နှစ်ဖက်လား။ ဘယ်-ညာ ဘယ်ဖက်ကလဲ။ ဘယ်လောက် ကြီးသလဲ။ အရင်ကရော ကလေး-ကိုယ်ဝန်ရဘူးသလား။ ဗိုက်အောင့်တာက ဘယ်နေရာကလဲ ဗိုက်ဘယ်ဘက်၊ ညာဘက်၊ ချက်ရဲ့ ဘယ်နားကလဲ။ ဘယ်လိုနေရင် အောင့်တယ်။ (အာလ်ထွာ-ဆောင်း) ရိုက်ပြီးနောက် ဘယ်လောက် ကြာလာမှ နာတာကို ခံစားရသလဲ။ အခုရေးပြတာတွေ ခံစားရပြီးနောက် ဆရာဝန်ကို ပြန်ပြသေးလား။

မျိုးဥအိမ် အကျိတ်ဟာ အရွယ်ကြီးလာပြီး အညှာသဘောနေရာက လိမ်နေတာမျိုးဖြစ်ရင် နာတတ်တယ်။ အကျိတ်က သေးလို့၊ တခုထဲမို့ ဆရာဝန်က ကလေးအရင်ယူဘို့ အကြံပေးတာဖြစ်နိုင်တယ်။ အခုမေးတာတွေ အဖရြမှ ထပ်ပြောပါမယ်

2011/11/24
ကျွန်တော်၏ အသိ အမျိုးသမီးမှာ PSY ဖြစ်နေသလိုဖြစ်နေပါတယ်။ ၁။ သူ့အား မည်သူမှ ဘာမှမပြောလည်း သူ့နားတွင် တခြားတယောက်မှ လာပြောနေသလို ကြားနေခြင်း၊ ၂။ အပြင်လည်းမထွက်တော့ခြင်း၊ ၃။ ဒေါသလည်းကြီးလာခြင်း၊ အသက်မှာ ၂၉ နှစ်ဖြစ်ပါတယ်။ ဘယ်လိုနေထိုင်၊ ဘယ်လိုဆရာဝန်နှင့် ပြသင့်ပါလဲ။ ဘယ်လို ဆေးဝါးမျိုး သုံးသင့်ပါသလဲ။ တခြား PSY လက္ခဏာများကိုလည်း ပြောပြပေးပါခင်ဗျား။

PSY ဆိုတာကို ဆရာဝန်တွေ အသုံးမများလို့ ဘာကိုပြောချင်သလဲ မှန်းမရပါ။ စိတ်ရောဂါကိုပြောချင်တာလား ထင်တယ်။ ကျန်းမာရေးမိုလို့ မရေရာဘဲ မပြောသင့်ပါ။ ဘယ်လိုပုဂ္ဂိုလ်ကနေပြောတာပါလဲ။

(သူ့နားတွင် တခြားတယောက်မှ လာပြောနေသလို ကြားနေခြင်း) ဆိုတာတော့ စိတ်ရောဂါလက္ခဏာ ဖြစ်နေပါတယ်။ မျိုးရိုးထဲမှာ ရှိသလား။ အရင်ကကော ဖြစ်ခဲ့ဘူးသလား။ ဒါမျိုး စိတ်ရောဂါဆိုရင် ပြန်ဖြစ်တတ်တယ်။ ဆရာဝန်နဲ့ပြပြီးပြီလား၊ တကယ်လို့ စိတ်နဲ့ပတ်သက်တာဖြစ်ရင် စိတ်အထူးကုဆရာဝန်ကို အသေအခြာ ပြရပါမယ်။ ခွဲခြားဆက်ဆံမှု မလုပ်ရပါ။ တခြား ဖြတ်လမ်း ကုသနည်းတွေက ပိုဆိုးစေနိုင်တယ်။ စိတ်ရောဂါကို ဆေးကုရင် အများကြီး သက်သာပါမယ်။

Thu, Nov 24, 2011 at 9:40 AM
ကျမ ဆောင်းရာသီရောက်တိုင်း နှာခေါင်းနဲ့ ပတ်သက်တဲ့ ရောဂါကို ဆိုးဆိုးဝါးဝါး ခံစားနေရတယ်။ ဆရာဝန်တွေကို ပြတော့လည်း မသက်သာဘူး။ ကျမ ဘာဆေးသောက်ရမှန်းတောင် မသိဘူး။ နှာခေါင်းနဲ့ ပတ်သက်တဲ့ ဆရာဝန်ကို လိုက်ရှာနေပါတယ်။ ဒါပေမဲ့ ကျမ ရှာလို့မရသေးဘူး။ ကျမက (့) ကပါ။ အစကတော့ ရာသီဥ ပြောင်းလဲလို့ Allergic ဖြစ်တယ်၊ နောက်ပြီးတော့ ဆောင်းရာသီဆိုတော့ ဖုန်တွေလည်းများတယ်။ ဖုန်များတဲ့နေရာကို မသွားဖြစ်အောာင် ရှောင်နိုင်သလောက် ရှောင်ပါတယ်။ ဒါပေမဲ့ မရဘူး။ ဒီက ဆရာဝန်တွေကို ပြတော့ ကျမကို ရေအေးမချိုးနဲ့ မသောက်နဲ့လို့ ပြောပါတယ်။ ကျမ အဲလိုလုပ်ပါတယ်။ ပေးတဲ့ဆေးကိုလည်း ပုံမှန်သောက်တယ်။ ဆေးလည်းထိုးပါတယ်။ လုံးဝ မသက်သာဘူး။ ညဘက်ဆိုရင် ခန္ဒာကိုယ်က အရမ်းပူပေမဲ့ နှာခေါင်းက ပိတ်နေပါတယ်။ စောင်ကို ခေါင်းမြီးခြုံပြီးအိပ်မှ နှာခေါင်းတဖက်ပွင့်တယ်။ ညဘက်အိပ်ရင်လည်း အခန်းတံခါး အလုံပိတ် ခေါင်းစွပ်ပြီးအိပ်တယ်။ ပရုပ်ဆီကို ရေနွေးထဲထည့်ပြီး အငွေ့ရူပါတယ်။ ခဏဘဲသက်သာတယ်။ ဘာလုပ်လုပ် လုံးဝမရပါဘူး။

၁။ Allergic rhinitis အလာဂျီ နှာခေါင်း
၂။ Allergy သို့မဟုတ် မတည့်အတူနေ
၃။ Allergy medications (အလာဂျီ) ကို ဘယ်လို ကုသမလဲ တွေ ပို့လိုက်ပါတယ်။