ကျန်းမာရေးနဲ့ဆေးပညာ မေးလိုတာရှိပါက

ဒီဘလော့ခ်ထဲကစာတွေကို တခြားနေရာမှာ ကျွန်တော့်ခွင့်ပြုချက်မပါဘဲ ကူးယူပြီး မတင်ဘို့ စည်းကမ်း သတ်မှတ်ထားပါတယ်။

ကျန်းမာရေး နဲ့ ဆေးပညာ မေးလိုတာရှိပါက
• ဖြစ်တဲ့သူရဲ့ အသက်၊ ကျား-မ ပြောပါ။ ရောဂါလက္ခဏာ ၁-၂-၃။ တခုတိုင်းက ဘယ်လောက် ကြာပြီ။
• လိုအပ်ရင် ကျန်းမာရေးရာဇဝင်၊ ဓါတ်မှန်၊ (အာလ်ထွာဆောင်း)၊ ဆေးစစ်ချက်၊ လိုအပ်ရင် အိမ်ထောင်၊ ကလေး၊ ရှိ-မရှိ။ နေတဲ့တိုင်းပြည်၊ မြို့ထည့်ရေးပါ။ လူနာမည်၊ နေရပ်လိပ်စာအတိအကျ ကိစ္စမရှိပါ။
• ဆေးနာမည်ရေးရင် Trade name ကုမ္ပဏီကပေးတဲ့နာမည်သာမက Generic name ဆေးနာမည် ထည့်ရေးပါ။
• ဆေးစာ၊ ဆေးစစ်ချက်၊ ဝေဒနာတွေကို စကန်လုပ်ပြီးဖြစ်ဖြစ်၊ ဓါတ်ပုံရိုက်လို့ဖြစ်ဖြစ် ပို့နိုင်ပါတယ်။ ဓါတ်ပုံကို ခွင့်မယူဘဲ အသုံးမချပါ။
• အိမ်ထောင်ရေးနဲ့ လိင်ပိုင်းဆိုင်ရာမေးခွန်းတွေကို Facebook ကနေ မမေးပါနဲ့ မဖြေပါ။ တိုက်ရိုက်သာမေးပါ။
• အီးမေးလ် အခက်အခဲရှိလို့ Facebook message မှာဖြစ်ဖြစ် Chat box မှာဖြစ်ဖြစ်ရေးရင်လဲ အားသလား၊ မေးလို့ရလား ရေးမနေဘဲ၊ တခါတည်း မေးခွန်းသာရေးလိုက်ပါ။
• Facebook Comment ကနေမေးတာ-ဖြေတာ အဆင်မပြေပါ။
စာရှည်ရေးမရပါ။ သူများတွေကို အနှောင့်အယှက်ဖြစ်နိုင်ပါတယ်။
• နာမ်စားသုံးတာမှာ ကိုယ်ကိုယ်ကို ‘သား’၊ ‘သမီး’ လို့ သုံးရင် မေးတဲ့သူရဲ့ သားသမီးလား ထင်မှတ်မှားနိုင်တာသတိပြုပါ။
• SMS အရေးအသားမျိုးကို မဖတ်ပါ။ မြန်မာစကားကို အင်္ဂလိပ်စာလုံးနဲ့ရေးတာကို မဖတ်ပါ။
• ဘလော့ခ် နဲ့ ဖေ့စ်ဘွတ်မှာ အမေး-အဖြေတွေကိုသုံးတဲ့အခါ မေးတဲ့သူရဲ့ ကိုယ်ရေး အချက်အလက်တွေ မပါစေရပါ။
• ဖုန်းဆက်ပြီးမေးရင် Time zone မတူတာရော၊ အသံထွက် လွဲနိုင်တာရောကြောင့် အဆင်မပြေပါ။ ကျွန်တော့်မှာ Viber မရှိပါ။ ဖေ့စ်ဘွတ် ဖုန်း-ဗီဒီယို အဆင်မပြေပါ။ Skype ကိုတော့ နိုင်ငံရေးနဲ့ မိသားစုအတွက်သာသုံးပါတယ်။
drswe01@gmail.com ကို (အီးမေးလ်) ပို့ပါ။

(ဘလော့ခ်) တွေထဲ ဝင်ဖတ်ဘို့ အကြံပြုပါတယ်။
- http://dts-medicaleducation.blogspot.in/ ဆေးပညာစာများ
- http://yamuna-online-clinic.blogspot.in ယမုန်နာ ဆေးခန်း
- http://my-sayawun-life.blogspot.in/ ဆရာဝန်ဘဝ အမှတ်ရတာတွေ
- http://dts-political-page.blogspot.in/ နိုင်ငံရေး စာမျက်နှာ
- http://www.facebook.com/pages/Dr-Tint-Swe/490031307758025?skip_nax_wizard=true ဖေ့စ်ဘွတ်
- https://tintswe.wordpress.com/ Dr. Tint Swe ဒေါက်တာတင့်ဆွေ ဆေးပညာစာများ

Monday, October 10, 2011

Q and A October 2011 (10)

၁။ သမီးအခု ဝိတ်လျော့ချင်တယ်။
၂။ သမီးကတော့ အသက် ၂၅နှစ်၊ မ(့) ပါ။
၃။ ဆရာရေ မင်္ဂလာပါ၊ ကျွန်တော်သိချင်တာက
၎။ ကျွန်တော်လျှာ နောက်ဘက်ပိုင်းမှာ

2011/11/1
ဆရာရှင် သမီးက အလေးချိန် ပေါင် 180 လောက်ရှိပါတယ်။ အရပ်ကတော့ ၅ ပေ ၆ လက်မ။ သမီးအခု ဝိတ်လျော့ချင်တယ်။ လေ့ကျင့်ခန်းလည်း လုပ်တာ သိပ်မသိသာဘူး။ အစားအသောက်နဲ့ ပတ်သတ်ပြီးတော့လည်း ထမင်းတနပ်ပဲ စားတယ်။ ညနေပိုင်းဆို အသီးအနှံစားဖြစ်တယ်။ လေ့ကျင့်ခန်းအနေနဲ့တော့ သိပ်မလုပ်ဖြစ်ဘူး။ အဲတာ ဆရာအနေနဲ့ ကူညီပေးပါအုံးရှင်။ ကျေးဇူးပြုပြီးတော့ ဝိတ်လျော့အောင် ဆရာအနေနဲ့ ကူညီပေးပါအုံးရှင့်။

၁။ Weight loss ပိန်ချင်သလား
၂။ တားမြစ်ထားပေမဲ့ ဝယ်ချင်သူများနေဆဲ ပိန်ဆေး
၃။ Orlistat an Effective Weight loss Pill တွေကိုဖတ်ပါ။ လိုက်နာပါ။

2011/11/1
သမီးကတော့ အသက် ၂၅နှစ်၊ မ(့) ပါ။ လစဉ်လတိုင်း အမျိုးသမီး ဓမ္မတာလတိုင်း အမြဲတမ်းလိုလို နာကျင် ကိုက်ခဲနေပါတယ်။ အဲလို့ အချိန်မှာ မြန်မာဆေးမှီဝဲသုံးစွဲပါတယ်။ ဆေးအမည်က (မေတ္တာရှင်သွေးဆေး) သောက်လိုက်တဲ့အချိန် ခဏတော့ သက်သာပါတယ်။ ဒါပေမဲ့ မကြာပါဖူး ပြန်ကိုက်ပါတယ်။ အဲလို ဓမ္မတာဆင်းတဲ့အချိန်မှာ တစ်ခါတစ်လေ မေ့ပြီးတော့ ခေါင်းလျှော်မိပါတယ်။ အခု သမီးက (့) မှာ ပညာသင်ကြားနေပါတယ်။ ဆရာအနေနဲ့ သမီးကို ကူညီပေးပါအုံးရှင့်။

Menstruation (2) မိန်းမပီသတာ စိုးရိမ်စရာမရှိပါ (၂) ကိုဖတ်ပါ။

2011/11/1
ဆရာရေ မင်္ဂလာပါ၊ ကျွန်တော်သိချင်တာက ဦးနှောက်အမှေးရောင်ရောဂါအကြောင်းပါဆရာ။ အဲ့ဒီရောဂါ ဖြစ်ရတဲ့ အကြောင်းတွေ၊ အဲ့ဒီရောဂါရဲ့ လက္ခဏာတွေကို ရှင်းပြပေးစေချင်ပါတယ်။ တလောက အသိတစ်ယောက် အဲ့ဒီရောဂါနဲ့ ဆုံးသွားလို့ အဲ့ဒီရောဂါအကြောင်း သိချင်လာလို့ပါဆရာ။ ကျေးဇူးတင်ပါတယ်။

၁။ Meningitis (1) (မင်နင်ဂျိုက်တစ်)
၂။ Encephalitis ဦးနှောက်ရောင်ရောဂါ တွေကို ပို့လိုက်ပါတယ်။

Tue, Nov 1, 2011 at 11:51 AM
ကျွန်တော်လျှာ နောက်ဘက်ပိုင်းမှာ အဖြူရောင် အမွှေးတွေ ထောင်နေပါတယ်။ ဘယ်လိုလုပ်ရင် ပျောက်ကင်းနိုင်ပါသလဲ သိချင်ပါတယ်။ ကျေးဇူးတင်ပါတယ်။

ကျန်းမာရေး နဲ့ ဆေးပညာ မေးလိုတာ ရှိပါက အတိုင်းမေးပါ။
Delivery to the following recipient failed permanently: bluishcornea@gmail.com

2011/10/31
Thanks for your kind reply doc. Last night also I cant sleep so I went to the doc today again. But still the same they thought because of the stress and give me sleeping pills and some sweets for sore throat. By the way doctor do you know the meaning of TSH for thyroid screen. Because that day I did test for my thyroid test and the result was Free T4 was 18.97 and Triiodothryonine (T3) was 1.71. Both within the range but TSH is higher than normal range 5.38 mLU/L. Normal range for TSH is 0.27-4.20. So I just want to ask you if you can explain so that I can control myself for healthy body.

စာရိုက်တာမှာ Full stop ပြီးရင် Space ခြားရမယ်။ အင်္ဂလိပ်လိုရိုက်တာထဲမှာ Point ဒဿမ နဲ့ Full stop တွေ ရောထွေးနေတော့ Values ကိန်းဂဏန်းတွေကို မှားစေမယ်။ ဖြစ်နိုင်ရင် Capital letter (Upper case) ကို အမှန်အတိုင်း ရိုက်သင့်တယ်။ ဖတ်တဲ့သူတွေကို လေးစားရမှာမို့ စာတွေကို Website မှာ တင်ဘို့ ပြန်ပြင်နေရလို့ အချိန်ပိုကုန်ပါတယ်။ သူငယ်ချင်းတွေအကြား ရေးတာတော့ ရေးပေါ့။ ဆေး-ကျန်းမာရေးအတွက်တော့ ဆင်ခြင်ဘို့ အကြံပြုပါရစေ။ (ဆောရီး)။

TSH ဆိုတာ Thyroid Stimulating Hormone သွေးထဲမှာ (သိုင်းရွိုက်) လည်ပင်းကြီး ကို နိုးဆွပေးတဲ့ ဟော်မုန်း အခြေအနေကို စမ်းသပ်တာ ဖြစ်တယ်။ Hypothyroidism ဟော်မုန်း နည်းနေတဲ့ရောဂါလား၊ Hyperthyroidism ဟော်မုန်း များနေတဲ့ရောဂါလာ၊ ပုံမှန်လား သိချင်လို့ စမ်းသပ်တာ ဖြစ်ပါတယ်။

၂ဝဝ၂ ခုနှစ်အထိ TSH normal range ပုံမှန်ဟာ 0.5 ကနေ 5.0 အထိလို့ တရားဝင် သတ်မှတ်ခဲ့တယ်။ ဒိနောက်ပိုင်းကစပြီး American Association of Clinical Endocrinologists (AACE) အမေရိကန် ဟော်မုန်းဆိုင်ရာ ဆေးပညာအသင်း က .3 ကနေ 3.0 အထိသာ ပုံမှန် ဖြစ်တယ်လို့ ပြောင်းလဲ သတ်မှတ်လာတယ်။

ရောဂါအခြေအနေကို ဒီမှာ စစ်ဆေးနိုင်တယ်။
TSH T4 T3 Interpretation
High Normal Normal Mild hypothyroidism
High Low Low or normal Hypothyroidism

လည်ပင်းကြီး ဟော်မုန်းနည်းနေတာ ဖြစ်နိုင်တယ်။ အရင်သောက်ရတဲ့ဆေး Sotalol (β-blocker) နဲ့ မသင့်ပါ။ စစ်ဆေး-ကုသပေးနေတဲ့ ဆရာဝန်က ညွှန်ပါလိမ့်မယ်။ ဆေးပညာ သုတအတွက် ရေးထားတာကို ဖတ်နိုင်ပါတယ်။

၁။ Hypothyroidism လည်ပင်းကြီး ခွဲပြီးသည့်နောက် (၁)
၂။ Thyrosit လည်ပင်းကြီး-ဟော်မုန်းဆေး
၃။ Iodine ပင်လယ်နဲ့မနီး လည်ပင်းကြီး တွေကိုလဲ ဖတ်နိုင်ပါတယ်။

Dr. တင့်ဆွေ
၁-၁၁-၂ဝ၁၁