ကျန်းမာရေးနဲ့ဆေးပညာ မေးလိုတာရှိပါက

ဒီဘလော့ခ်ထဲကစာတွေကို တခြားနေရာမှာ ကျွန်တော့်ခွင့်ပြုချက်မပါဘဲ ကူးယူပြီး မတင်ဘို့ စည်းကမ်း သတ်မှတ်ထားပါတယ်။

ကျန်းမာရေး နဲ့ ဆေးပညာ မေးလိုတာရှိပါက
• ဖြစ်တဲ့သူရဲ့ အသက်၊ ကျား-မ ပြောပါ။ ရောဂါလက္ခဏာ ၁-၂-၃။ တခုတိုင်းက ဘယ်လောက် ကြာပြီ။
• လိုအပ်ရင် ကျန်းမာရေးရာဇဝင်၊ ဓါတ်မှန်၊ (အာလ်ထွာဆောင်း)၊ ဆေးစစ်ချက်၊ လိုအပ်ရင် အိမ်ထောင်၊ ကလေး၊ ရှိ-မရှိ။ နေတဲ့တိုင်းပြည်၊ မြို့ထည့်ရေးပါ။ လူနာမည်၊ နေရပ်လိပ်စာအတိအကျ ကိစ္စမရှိပါ။
• ဆေးနာမည်ရေးရင် Trade name ကုမ္ပဏီကပေးတဲ့နာမည်သာမက Generic name ဆေးနာမည် ထည့်ရေးပါ။
• ဆေးစာ၊ ဆေးစစ်ချက်၊ ဝေဒနာတွေကို စကန်လုပ်ပြီးဖြစ်ဖြစ်၊ ဓါတ်ပုံရိုက်လို့ဖြစ်ဖြစ် ပို့နိုင်ပါတယ်။ ဓါတ်ပုံကို ခွင့်မယူဘဲ အသုံးမချပါ။
• အိမ်ထောင်ရေးနဲ့ လိင်ပိုင်းဆိုင်ရာမေးခွန်းတွေကို Facebook ကနေ မမေးပါနဲ့ မဖြေပါ။ တိုက်ရိုက်သာမေးပါ။
• အီးမေးလ် အခက်အခဲရှိလို့ Facebook message မှာဖြစ်ဖြစ် Chat box မှာဖြစ်ဖြစ်ရေးရင်လဲ အားသလား၊ မေးလို့ရလား ရေးမနေဘဲ၊ တခါတည်း မေးခွန်းသာရေးလိုက်ပါ။
• Facebook Comment ကနေမေးတာ-ဖြေတာ အဆင်မပြေပါ။
စာရှည်ရေးမရပါ။ သူများတွေကို အနှောင့်အယှက်ဖြစ်နိုင်ပါတယ်။
• နာမ်စားသုံးတာမှာ ကိုယ်ကိုယ်ကို ‘သား’၊ ‘သမီး’ လို့ သုံးရင် မေးတဲ့သူရဲ့ သားသမီးလား ထင်မှတ်မှားနိုင်တာသတိပြုပါ။
• SMS အရေးအသားမျိုးကို မဖတ်ပါ။ မြန်မာစကားကို အင်္ဂလိပ်စာလုံးနဲ့ရေးတာကို မဖတ်ပါ။
• ဘလော့ခ် နဲ့ ဖေ့စ်ဘွတ်မှာ အမေး-အဖြေတွေကိုသုံးတဲ့အခါ မေးတဲ့သူရဲ့ ကိုယ်ရေး အချက်အလက်တွေ မပါစေရပါ။
• ဖုန်းဆက်ပြီးမေးရင် Time zone မတူတာရော၊ အသံထွက် လွဲနိုင်တာရောကြောင့် အဆင်မပြေပါ။ ကျွန်တော့်မှာ Viber မရှိပါ။ ဖေ့စ်ဘွတ် ဖုန်း-ဗီဒီယို အဆင်မပြေပါ။ Skype ကိုတော့ နိုင်ငံရေးနဲ့ မိသားစုအတွက်သာသုံးပါတယ်။
drswe01@gmail.com ကို (အီးမေးလ်) ပို့ပါ။

(ဘလော့ခ်) တွေထဲ ဝင်ဖတ်ဘို့ အကြံပြုပါတယ်။
- http://dts-medicaleducation.blogspot.in/ ဆေးပညာစာများ
- http://yamuna-online-clinic.blogspot.in ယမုန်နာ ဆေးခန်း
- http://my-sayawun-life.blogspot.in/ ဆရာဝန်ဘဝ အမှတ်ရတာတွေ
- http://dts-political-page.blogspot.in/ နိုင်ငံရေး စာမျက်နှာ
- http://www.facebook.com/pages/Dr-Tint-Swe/490031307758025?skip_nax_wizard=true ဖေ့စ်ဘွတ်
- https://tintswe.wordpress.com/ Dr. Tint Swe ဒေါက်တာတင့်ဆွေ ဆေးပညာစာများ

Monday, October 3, 2011

Q and A October 2011 (3)

၁။ ဝက်ခြံလည်း မဟုတ်ပါဘူး
၂။ မျက်နှာမှာ ပေါက်တဲ့ ငါးမျက်စိအကြောင်း
၃။ ပန်းအဖျား လှီးဖြတ်ပေးခြင်း ဆိုတာကို
၎။ I felt lower stamina & enlarged breasts.
၅။ ကလေးမွေးပြီးတဲ့ မိခင်တစ်ယောက်လို နေထိုင်ရမယ်လို့ ပြောပါတယ်။
၆။ တခြားသူတွေရဲ့ အမာရွတ်လိုမျိုးမဟုတ်ပဲ

2011/10/15
မျက်နှာနဲ့ Body မှာ အဆီကျိတ်လို အဖုလေးတွေထွက်နေပါတယ်။ တော်တော်ကြာပါပြီ။ အရင်တုန်းက နည်းတော့ သတိမထားမိပါဘူး၊ ကိုယ့်ကိုယ်ကို ဂရုမစိုက်မိတာလည်း ပါပါတယ်။ အခုတော်တော်ပွားလာပါတယ်။ သူက ဝက်ခြံလည်း မဟုတ်ပါဘူး ညှစ်လို့မရပါဘူး အသားနဲ့တစ်သားတည်း ဖြစ်နေတာပါ။ အသားအောက်က အပေါ်ကို ထွက်နေသလိုမျိုးပါ။ နည်းတုန်းက ကြည့်ရမဆိုးပေမဲ့ များလာတော့ ရှိတာသိသာလာပါတယ်။ ဆေးခန်းတွေသွားပြတော့လည်း သူတို့က လေဆာနဲ့မှရမယ်လို့ ပြောကြပါတယ်။ တစ်ချို့က သွေးသားပြောင်းမှ အလိုလိုပျောက်တယ်တဲ့ သွေးလှူဖို့ကလည်း အခက်အခဲရှိနေပါတယ်။ သွေးအားနည်းလို့ပါ။ ငါးမျက်စိလည်းမဟုတ်ပါဘူး။ ကူညီပေးပါဦးနော်။
၁။ Lumps or Bumps အလုံး-အကျိတ်
၂။ Cysts (ဆစ်စ်) တွေကို ဖတ်ပါ။
၃။ ကျန်းမာရေး နဲ့ ဆေးပညာ မေးလိုတာ ရှိပါက အတိုင်း မေးပါ။

2011/10/14
မျက်နှာမှာ ပေါက်တဲ့ ငါးမျက်စိအကြောင်း သိချင်လို့ပါ။ ငယ်ငယ်တုန်းကတော့ မျက်လုံးထောင့်စွန်း အောက်မှာ ပေါက်ပါတယ်။ အများကြီးတော့ မဟုတ်ပါဘူး။ ၃-၄ ဖုလောက်ပါပဲ။ အမြဲတမ်းလဲ မပေါက်ပါဘူး။ ဝက်ခြံလိုပဲ ဒါပေမဲ့ အရေပြားပေါ် စူပြီး ထွက်မနေပါဘူး။ မာပြီး လက်နဲ့ ညစ်လို့မရပါဘူး။ အပ်နဲ့ ထွင်းပြီး ညစ်ထုတ်မှထွက်ပါတယ်။ အဆံကလည်းဖြူဝါဝါနဲ့ မာပါတယ်။ နောက်တော့ စာအုပ်မှာဖတ်မိတဲ့အတိုင်း သဘောင်္ရိုးနဲ့ ပွတ်လိုက်တာ လုံးဝ ပျောက်သွားပါတယ်။ ဒါပေမဲ့ အစီးလောင်ပြီး နောက်ပိုင်း အညှိကွက်လေးတွေတော့ ကျန်ခဲ့ပါတယ်။ ခုနောက်ပိုင်း နားခေါင်း နားမှာ ထပ်ပေါက်လာပါတယ်။ အပ်နဲ့ ထွင်းပြီးတော့ ထုတ်ပါတယ်။ ဒါပေမဲ့ ပြန်ပြန်ထွက်လာပါတယ်။ သင်္ဘောရိုးနဲ့ ထပ်မပွတ်ရဲလို့ပါ။ စုံစမ်းကြည့်တော့ လေဆာနဲ့ကုမှ ပျောက်မှာလို့ ပြောပါတယ်။ တခြားနည်းလမ်းများ ရှိမလားလို့ သိချင်လို့ပါ။ ပြီးတော့ အဲ့ဒါက ငါးမျက်စိလား၊ အနာတခြား ဆေးတခြား ဖြစ်မှာစိုးလို့ပါ။ငယ်ငယ်ကတော့ အမတစ်ယောက် ပေါက်လို့ လူကြီးတွေက ငါးရိုးနဲ့ဖောက်ပြီး ထုတ်လိုက်တာ ထပ်မပေါက်တော့ပါဘူး။
၁။ Acne Laser treatment ဝက်ခြံကို လေဆာ နဲ့ ကုသခြင်း
၂။ Dermaroller မျက်နှာကို လှအောင် လုပ်တဲ့ကရိယာ
၃။ Scar အမာရွတ် တွေကို ဖတ်ပါ။

2011/10/13
ကျွန်တော့် အသက် ၂၂ ပြည့်ပြီးပါပြီ။ ဆရာ့ရဲ့ Circumcision ပန်းအဖျား လှီးဖြတ်ပေးခြင်း ဆိုတာကို ဖတ်ခဲ့ပြီးပါပြီ။ ကျနော်ရဲ့ လိင်အင်္ဂါ ထိပ်ဖျားပိုင်း အရေပြားက ခုထိဖုံးနေသေးတဲ့အတွက် အရေးပြားလှီးဖြတ်ချင်ပါတယ်။ ကျွန်တော်က ရန်ကုန်မှာပါ။ ရန်ကုန်မှာ ဘယ်ဆေးခန်းမှာ ဖြတ်လို့ရလဲ။ သူ့အတွက် သီးသန့်ဆေးခန်းများရှိလား ဆိုတာလဲ သိချင်ပါတယ်။ အကယ်၍ လှီးဖြတ်ပြီးပြီဆို ပုံမှန် အခြေအနေပြန်ကောင်းလာဖို့ အချိန်ဘယ်လောက်ယူရလဲ ဆိုတာလေးလဲ သိချင်ပါတယ်။

၁။ ဒီလိုခွဲစိတ်မှုဟာ အသေးစားသာဖြစ်လို့ ခွဲစိတ်ဆရာဝန်တိုင်းက လုပ်ပေးနိုင်ပါတယ်။
အချိန်လဲ မကြာပါ။ ဆေးရုံမတက်ဘဲလဲ ခွဲလို့ရပါတယ်။
၂။ ကျွန်တော်က ရန်ကုန်မှာ မနေရပါ။ ကုန်ကျစရိတ်လဲ မသိပါ။

October 16, 2010 12:42 PM
Q: I want to know how to check hormone level. I am 28 years old male and single. Now I am working in Singapore. I felt lower stamina & enlarged breasts. I am waiting for your reply.
A: There are two types: Blood and Saliva. All you do is (1) obtain the appropriate home hormone test kit, (2) collect your saliva sample and send it to the laboratory, (3) visit a laboratory and tell what you want.
Q: I received blood test from laboratory yesterday. My testosterone hormone level is 12.3 nmoI/L and ref. range is (6 ~ 30). I forgot to ask them female hormone level. Could I got any advice from u, Sayar? My age is enough for this level or not?
A: Range means between two figures indicates normal. So you are absolutely within normal range. Don't worry!
A: Please read:
1. Men’s medicines ယောက်ျားသုံးဆေးများ အသက် ၁၈ နှစ်ပြည့်မှ ဖတ်ပါ (၆၇)
2. Masturbation (မာစတာဘေးရှင်း) အသက် ၁၈ နှစ်ပြည့်မှ ဖတ်ပါ (၂၅)
3. Aphrodisiac လိင်စိတ်အားပေး အစာနဲ့ ဆေးများ အသက် ၁၈ နှစ်ပြည့်မှ ဖတ်ပါ (၃ဝ)

2011/10/11
ကျွန်တော့် အမျိုးသမီး ၉-၁ဝ-၂ဝ၁၁ရက်နေ့ နံနက်က လမ်းထိပ်မှာ မုန့်စားပြီးအပြန် စက်ဘီးတစ်စီး ဝင်တိုက်မိပြီး ကတ္တရာလမ်းပေါ် ဖင်ထိုင်လျက် ကျသွားလို့ ကိုယ်ဝန်ပျက်ကျသွားပါတယ်။ ကိုယ်ဝန်က (၁၇)ပတ်တိတိပါ။ အမျိုးသမီးက အသက်(၂၆)နှစ်၊ အမည် (့)၊ သားဦးပါ။ စက်ဘီးသမားက ထွက်ပြေးသွားပါတယ်။ (့) ဆေးရုံမှာ သားအိမ်ခြစ်ရပါတယ်။ ဒီနေ့ ဆေးရုံဆင်းပါမယ်။ ဆောင်ရန် ရှောင်ရန်လေးသိချင်လို့ပါခင်ဗျား။ ဆေးရုံကတော့ ကလေးမွေးပြီးတဲ့ မိခင်တစ်ယောက်လို နေထိုင်ရမယ်လို့ ပြောပါတယ်။ သိပ်သဘောမပေါက်လို့ပါ။

Sorry! သိပ်စိုးရိမ်စရာမရှိပါ။ သွေးဆင်းလို့ သွေးအားနည်းနေလိမ့်မယ်။ သူများတွေလောက် အပင်ပန်းမခံနိုင်ဘူး။ လှုတ်ရှားတာ သိပ်များသွားရင် မောတာ၊ မူးတာဖြစ်နိုင်တယ်။ သက်တောင့်သက်သာနေပါ။ ရေများများသောက်၊ အစားအစာ လုံလောက် မျှတအောင်စားပါ။ သံဓါတ်ပါအားဆေး နဲ့ ဖေါလစ်အက်စစ် သောက်ပါ။ ရောဂါပိုးတော့ ဝင်စရာမရှိလောက်ပါ။ ဆေးရုံက ပေးလိုက်ပြီးဖြစ်မယ် ထင်ပါတယ်။ ၂-၃ ပါတ်နေရင် အတူနေလို့လဲ ရပါတယ်။ ရင်သားတင်းတာမျိုးဖြစ်ရင်လဲ ပါရာစီတမော သောက်နိုင်တယ်။ ဗိုက် (ဆီးစပ်) နေရာနာရင် Ibuprofen သောက်နိုင်တယ်။ တခါသောက် ၁ ပြား၊ အစာနဲ့သောက်၊ တနေ့ ၂-၃ ကြိမ်၊ မနာတော့ရင် မသောက်ဘဲ ရပ်နိုင်တယ်။ သွေးဆင်းတာ တပါတ်နဲ့ မရပ်ရင် ပြန်ပြပါ။ ဖျားရင် ပြန်ပြပါ။ ထိခိုက်မိလို့ ပျက်ရတာက နောက်ကိုယ်ဝန်တွေမှာ မထိခိုက်ရင် အကောင်းဖြစ်မှာပါ။

2011/10/11
ကျွန်တော့်၏ ခန္ဓာကိုယ်မှာ အနာ (သို့) ဒဏ်ရာ တစ်ခုခုဖြစ်ပြီးရင် အမာရွတ်ကျန်ခဲ့ပါတယ်။ အဲဒီအမာရွတ်က တခြားသူတွေရဲ့ အမာရွတ်လိုမျိုးမဟုတ်ပဲ အသားပိုကဲ့သို့ အဖုဖြစ်လာတတ်ပါတယ်။ အဲဒီလိုအမာရွတ်က ကျွန်တော့်အဖေနဲ့ ကျွန်တော့်အကိုမှာရော
ဖြစ်ပါတယ်။ အဲဒါဘာရောဂါလို့ ခေါ်ပါသလဲ။ ပြီးတော့ ဘာကြောင့်ဖြစ်တာလဲ ဆိုတာပါရှင်းပြပေးပါ။ အဲဒီအမာရွတ်တွေကို ခွဲစိပ်လိုက်ရင်ရော နဂိုအသားအတိုင်းပြန်ရနိုင် ပါသလားဆရာ။ကျေးဇူးပြုပြီး ဒီအီးမေးကို ပို့ ပြီးဖြေပေးစေချင်ပါတယ်။
၁။ Scar အမာရွတ်
၂။ Keloid အရုပ်ဆိုးတဲ့ အမာရွတ် တွေကို ဖတ်ပါ။