Thursday, October 6, 2011

Q and A October 2011 (6)

၁။ ထိပ်ဖူးဖုံးဖြတ်ရင် ကုန်ကျစရိတ် များလားဗျာ
၂။ ကိုရီးယား ကားတစ်ကား မပြီးခင် ဆီးသွားချင်နေပါတယ်
၃။ အစာမကျေသလို ခဏခဏဖြစ်လို့ G.I specialist နဲ့ ပြပါတယ်
၎။ အမျိုးသမီး တစ်ယောက်ထက် အမျိုးသားတစ်ယောက်နဲ့ ပိုတူပါတယ်

October 23, 2011 6:03 AM
ဆရာခင်ဗျာ ထိပ်ဖူးဖုံးဖြတ်ရင် ကုန်ကျစရိတ် များလားဗျာ။

Phimosis ပန်းငုံတာကို ပြုပြင်တာ သာမန်ခွဲစိတ်မှုသာဖြစ်တယ်။ ထုံဆေးနဲ့ ရတယ်။ ဆေးရုံမတက်ဘဲလဲ ရတယ်။ ကုနကျစရိတ် မများပါ။ အစိုးရဆေးရုံမှာ အခမဲ့ ခွဲပေးနေခဲ့တယ်။ အပြင်ဆေးခန်းတွေကို ဆရာ မသိပါ။

2011/10/23
ကျွန်မ ခုဖြစ်နေတဲ့ ပြဿနာက မကြာခဏ ဆီးသွားနေလို့ပါ။ အလုပ်လုပ်နေတဲ့အချိန်မှာ မကြာခဏ ဆီးသွားနေတော့ စိတ် အနှောက်အရှက် ဖြစ်ရပါတယ်။ တစ်ခါတစ်လေ ကိုရီးယား ကားတစ်ကား မပြီးခင် ဆီးသွားချင်နေပါတယ်။ တစ်ခါတစ်လေ တစ်နာရီကို ၂ ခါ လောက်ဆီးသွားချင်နေတော့ အရမ်းကို စိတ်ညစ်မိပါတယ်။ တစ်နှစ်လောက် ရှိပါပြီ။ ခုလိုဖြစ်တာ ဘာကြောင့်ပါလည်းရှင်။ ပျောက်ကင်းအောင် ကုသနိုင်ပါသလားရှင်။ ကျန်မမှာ တစ်ခြား ကျန်းမာရေး ပြဿနာ မကြုံဖူးပါ။ ဆေးရုံလည်း မတက်ဖူးပါ။ သွေး ငါးကြိမ်ထိ လှူဖူးပါတယ်။ အသက် ၂၈ နှစ်။ အိမ်ထောင် မရှိ။ ကျွန်မ ဖြစ်နေတဲ့ ရောဂါကိုပျောက်ကင်းအောင် ကုသနိုင်ပါသလားရှင်။ ဘာကြောင့် ဖြစ်တယ်ဆိုတာလည်း သိချင်ပါတယ်ရှင်။

Urine sugar ဆီးချို စစ်ပါ။ စစ်ပြီးရင် ပြန်မေးနိုင်ပါတယ်။

2011/10/23
သူငယ်ချင်းတစ်ယောက် အကူအညီတောင်းတာကြောင့် ဆရာ့ဆီ စာရေးအကူအညီ တောင်းလိုက်ပါတယ်။ သူက လေခဏခဏတတ်၊ အစာမကျေသလို ခဏခဏဖြစ်လို့ G.I specialist နဲ့ ပြပါတယ်။ Endoscopy ကြည့်ပြီး biospy လုပ်တာ H-pylori ပိုးတွေ့ လို့  triple therapy Clarithromycin+Amoxicillin+Rebeprazole 10 ရက်သောက်တာ အရင်က ခံစားရတာတွေ မရှိတော့ဘူးပြောပါတယ်။ အရင်ကတော့ ဝမ်းလဲ ခဏခဏပျက်တယ် ပြောတယ်။ တစ်နေ့ကို နှစ်ကြိမ် ပျော့ပျော့တွေ သွားတယ် ပြောပါတယ်။ အခုတော့ ဆေးသောက်ပြီး အဆင်ပြေတယ် ပြောတယ်။ သို့ပေမယ့် တစ်ခါတစ်ခါ ဝမ်းအမည်း ချောင်းတွေသွားတယ် ပြောတယ်။ သွေးအားလဲ နည်းသလိုပဲတဲ့။ အထိုင်အထမူး၊ လက်သည်းခွံအရောင်က တစ်ခါတစ်လေ ပန်းရောင်သန်းသန်း၊ တစ်ခါတစ်ခါ ဖြူနေတယ်ပြောတယ်။ ကျွန်တော်လဲ internet ထဲရှာပေးတော့ h-pylori ပိုးကြောင့် chronic gastritis ဖြစ်ပြီး သွေးယိုတယ်လို့ဖတ်ရတယ်။ သူ့ဆရာဝန် ပြောတာကတော့ gastritis နဲ့ Grade A GERD လို့ပြောတယ်။ ရန်ကုန်မှာရောင်းတဲ့ ferrovit အားဆေး သောက်သင့်ပါသလား။ အသက် ၁၉ နှစ် ယောက်ျားလေး။

ဝမ်းကိုစစ်လို့ သွေးနီဥတွေ့တာဆိုရင် ဝမ်းထဲမှာ သွေးပါနေလို့ဖြစ်တယ်။ သွေးက အစာလမ်း တနေရာဂာကနေ လာနိုင်တယ်။ အသဲကြောင့်၊ အရက်ကြောင့်ဆိုရင် အစာအိမ်နဲ့ အစာမြိုပြွန်ဆက်ရာနေရာကနေလာမယ်။ အစာအိမ်လေနာဆိုရင် အစာအိမ်ဖြစ်တဲ့ နေရာက လာမယ်။ ရှားပါးတဲ့ အူလမ်းကနေလဲ လာနိုင်တယ်။ ဘာအနာမှ မရှိဘဲ အကိုက်အခံပျေက်ဆေးတွေကြောင့်လဲ သွေးယိုနိုင်တယ်။ သွေးရောဂါကြောင့်လဲ သွေးယိုနိုင်တယ်။ သွေးခဲချိန်ကြာတဲ့ ရောဂါလဲရှိတယ်။ ဆေးစစ်ရင် သိမယ်။ သံဓါတ်အားဆေး နဲ့ ဗီတာမင် စီ တွေက ကောင်းပါတယ်။

2011/10/23
ကျွန်တော် အိမ်ထောင်ကျတာ ၂ နှစ်ရှိပါပြီ။ အသက်က ၃၄ ပါ။ အမျိုးသမီးက ၂၉ ပါ။ ကျွန်တော်တို့ ရင်သွေးမရသေးတဲ့အတွက် ဆရာဝန်ကြီး တစ်ဦးထံမှာ နှစ်ကြိမ် ပြဖူးပါတယ်။ ဆရာကြီးက အလုပ်များတာကြောင့် ကျွန်တော့်အမျိုးသမီးနဲ့ ပတ်သက်တာတွေကို တွေ့ရတဲ့ အခိုက်အတန့်လေးမှာ စုံလင်အောင် မပြောပြနိုင်ခဲ့ပါဘူး။ သားအိမ်ကို စကန်ဖတ်တာလည်း ၂ ခါရှိပါပြီ။ သားအိမ် ကောင်းတယ်လို့ အဖြေရပါတယ်။ ကျွန်တော်လည်း ဆီမန်း စစ်တာ အောင်ပါတယ်။ အမျိုးသမီးက ရာသီမမှန်ပါဘူး။ အခု ရတာ ၂ နှစ် အတွင်းမှာ ပုံမှန်သူဖာသူလာတာဆိုလို့ သုံးကြိမ်လောက်ပဲ ဖြစ်ပြီးတော့ ဆရာဝန်ကြီးက တားဆေးနှစ်ကြိမ်သောက်ခိုင်းလို့ လာတာက ၂ ကြိမ်နဲ့ ဆို စုစုပေါင်း ၅ ကြိမ်လောက်သာဖြစ်ပါတယ်။ တစ်ခါတစ်လေ ဝက်ခြံတွေပေါက်တဲ့အချိန်မှာ ဗိုက်ထဲက လာချင်သလို ဖြစ်ဖြစ်ပြီးတော့ မလာပါဘူး။ အစားအသောက်လည်း သိပ်မစားပဲနဲ့ သူဟာ မပိန်ပဲ ဝဝလာနေပါတယ်။ ရာသီမလာပေမယ့် သူ့မှာ ရာသီမလာလို့ ဖြစ်တတ်တဲ့ သဘောသဘာဝတွေ မရှိပါဘူး။ ယောက်ျားတစ်ယောက်လိုပဲ ပြောကြပါစို့ခင်ဗျာ။ မေးချင်တာက ရာသီမှန်မှ မျိုးဥကြွေနိုင်တာလား(ဝါ) ရင်သွေးရနိုင်တာလား။ အမျိုးသမီးမှာ ကျားဟိုမုန်းများနေရင် မျိုးဥကြွေဖို့ ရာသီလာဖို့ ခက်ခဲပါသလား။ အမျိုးသမီးဟာ စိတ်မြန်ပါတယ်၊ သာမာန် ယောက်ျားတွေထက်ကို စိတ်မာပါတယ်၊ နေတာထိုင်တာ ပြောတာဆိုတာက အမျိုးသမီး တစ်ယောက်ထက် အမျိုးသားတစ်ယောက်နဲ့ ပိုတူပါတယ်၊ စိတ်ရှုပ်ထွေးမှု များပါတယ် တစ်ယောက်နဲ့ တစ်ယောက် အမြင်မတူတာတွေ များပါတယ်။ သူ ရာသီလာဖို့အတွက် အရင်ဆရာဝန်ကြီး သောက်ခိုင်းတဲ့ တားဆေးကို သောက်ရင် အနီလုံးလေးတွေရောက်ရင် ရာသီလာမယ် ဆိုတာတော့ သိထားပါတယ်ခင်ဗျာ။ ဒါပေမယ့် ကျွန်တော်က မသောက်စေချင်ဘူး။ ဘာလို့လဲဆိုတော့ အဲဆေးတွေ သောက်တာများရင်လည်း ရင်သွေးရဖို့ ခက်ခဲတတ်တယ်လို့လည်း ဖတ်ရဖူးလို့ပါ။ ကျွန်တော့်အမြင်လွဲရင်လည်း တောင်းပန်ပါတယ်။ ဒီအရာနဲ့ ပတ်သက်ပြီးတော့ တားဆေးကဒ်ကလွဲပြီး တခြားဆေး မသောက်ဖူးသေးပါဘူးခင်ဗျ။ ခက်နေတာက ကျွန်တော်တို့နေတာက နယ်စပ်မှာဆိုတော့ အရင်ပြခဲ့တဲ့ ဆရာကြီးဆီကိုလည်း လုပ်ငန်းအနေအထားအရ မအားလပ်တာများတာကြောင့် မရောက်ဖြစ်ပါဘူး။ လိုအပ်တာလေးတွေကို ညွှန်ကြားပေးစေလိုပါတယ်။

ကလေးရဘို့ရာ ရာသီမှန်ဘို့က အရေးကြီးတယ်။ ရာသီလာပေမဲ့ မျိုးဥမထွက်တာဖြစ်နိုင်တယ်။ ရာသီမလာဘဲ မျိုးဥမထွက်ပါ။
ဟော်မုန်းတွေ အဆချိုအဆ ပြောင်းနေရင် မျိုးဥ၊ ရာသီ မမှန်ဖြစ်နိုင်တယ်။ (အိုဂျီ) က ညွှန်တာကို ယုံယုံကြည်ကြည် လိုက်နာသင့်ပါတယ်။ မဖတ်ရသေးရင် ဖတ်ဘို့ စာတွေ ပါးလိုက်ပါတယ်။

၁။ Infertility (1) ကလေးမရနိုင်သေးခြင်း (၁) အသက် ၁၈ နှစ်ပြည့်မှ ဖတ်ပါ (၇၈)
၂။ Infertility (2) ကလေးမရနိုင်သေးခြင်း (၂) အသက် ၁၈ နှစ်ပြည့်မှ ဖတ်ပါ (၃၈)
၃။ Weight and Fertility ကိုယ်အလေးချိန်နဲ့ ကလေးမရနိုင်ခြင်း
၎။ Clomiphene Citrate ကလေးမရနိုင်သူများအတွက်ဆေး တွေကို ဖတ်ပါ။

ရတနာ ဘယ်နှစ်ပါးရှိသလဲ

ကျွန်တော့်မှာသာ ဖရင်းပေါတာမဟုတ်။ ဒေါ်မြမြအေးမှာလည်း ဖရင်းများတယ်။ သူ့မှာက လူအစစ်တွေ။ ကျွန်တော့်ဖရင်းစာရင်းမှာ လူကိုယ်တိုင်မတွေ့ဖူးသူကများတယ...