ကျန်းမာရေးနဲ့ဆေးပညာ မေးလိုတာရှိပါက

ဒီဘလော့ခ်ထဲကစာတွေကို တခြားနေရာမှာ ကျွန်တော့်ခွင့်ပြုချက်မပါဘဲ ကူးယူပြီး မတင်ဘို့ စည်းကမ်း သတ်မှတ်ထားပါတယ်။

ကျန်းမာရေး နဲ့ ဆေးပညာ မေးလိုတာရှိပါက
• ဖြစ်တဲ့သူရဲ့ အသက်၊ ကျား-မ ပြောပါ။ ရောဂါလက္ခဏာ ၁-၂-၃။ တခုတိုင်းက ဘယ်လောက် ကြာပြီ။
• လိုအပ်ရင် ကျန်းမာရေးရာဇဝင်၊ ဓါတ်မှန်၊ (အာလ်ထွာဆောင်း)၊ ဆေးစစ်ချက်၊ လိုအပ်ရင် အိမ်ထောင်၊ ကလေး၊ ရှိ-မရှိ။ နေတဲ့တိုင်းပြည်၊ မြို့ထည့်ရေးပါ။ လူနာမည်၊ နေရပ်လိပ်စာအတိအကျ ကိစ္စမရှိပါ။
• ဆေးနာမည်ရေးရင် Trade name ကုမ္ပဏီကပေးတဲ့နာမည်သာမက Generic name ဆေးနာမည် ထည့်ရေးပါ။
• ဆေးစာ၊ ဆေးစစ်ချက်၊ ဝေဒနာတွေကို စကန်လုပ်ပြီးဖြစ်ဖြစ်၊ ဓါတ်ပုံရိုက်လို့ဖြစ်ဖြစ် ပို့နိုင်ပါတယ်။ ဓါတ်ပုံကို ခွင့်မယူဘဲ အသုံးမချပါ။
• အိမ်ထောင်ရေးနဲ့ လိင်ပိုင်းဆိုင်ရာမေးခွန်းတွေကို Facebook ကနေ မမေးပါနဲ့ မဖြေပါ။ တိုက်ရိုက်သာမေးပါ။
• အီးမေးလ် အခက်အခဲရှိလို့ Facebook message မှာဖြစ်ဖြစ် Chat box မှာဖြစ်ဖြစ်ရေးရင်လဲ အားသလား၊ မေးလို့ရလား ရေးမနေဘဲ၊ တခါတည်း မေးခွန်းသာရေးလိုက်ပါ။
• Facebook Comment ကနေမေးတာ-ဖြေတာ အဆင်မပြေပါ။
စာရှည်ရေးမရပါ။ သူများတွေကို အနှောင့်အယှက်ဖြစ်နိုင်ပါတယ်။
• နာမ်စားသုံးတာမှာ ကိုယ်ကိုယ်ကို ‘သား’၊ ‘သမီး’ လို့ သုံးရင် မေးတဲ့သူရဲ့ သားသမီးလား ထင်မှတ်မှားနိုင်တာသတိပြုပါ။
• SMS အရေးအသားမျိုးကို မဖတ်ပါ။ မြန်မာစကားကို အင်္ဂလိပ်စာလုံးနဲ့ရေးတာကို မဖတ်ပါ။
• ဘလော့ခ် နဲ့ ဖေ့စ်ဘွတ်မှာ အမေး-အဖြေတွေကိုသုံးတဲ့အခါ မေးတဲ့သူရဲ့ ကိုယ်ရေး အချက်အလက်တွေ မပါစေရပါ။
• ဖုန်းဆက်ပြီးမေးရင် Time zone မတူတာရော၊ အသံထွက် လွဲနိုင်တာရောကြောင့် အဆင်မပြေပါ။ ကျွန်တော့်မှာ Viber မရှိပါ။ ဖေ့စ်ဘွတ် ဖုန်း-ဗီဒီယို အဆင်မပြေပါ။ Skype ကိုတော့ နိုင်ငံရေးနဲ့ မိသားစုအတွက်သာသုံးပါတယ်။
drswe01@gmail.com ကို (အီးမေးလ်) ပို့ပါ။

(ဘလော့ခ်) တွေထဲ ဝင်ဖတ်ဘို့ အကြံပြုပါတယ်။
- http://dts-medicaleducation.blogspot.in/ ဆေးပညာစာများ
- http://yamuna-online-clinic.blogspot.in ယမုန်နာ ဆေးခန်း
- http://my-sayawun-life.blogspot.in/ ဆရာဝန်ဘဝ အမှတ်ရတာတွေ
- http://dts-political-page.blogspot.in/ နိုင်ငံရေး စာမျက်နှာ
- http://www.facebook.com/pages/Dr-Tint-Swe/490031307758025?skip_nax_wizard=true ဖေ့စ်ဘွတ်
- https://tintswe.wordpress.com/ Dr. Tint Swe ဒေါက်တာတင့်ဆွေ ဆေးပညာစာများ

Friday, October 7, 2011

Q and A October 2011 (7)

၁။ မနက် ၄ နာရီခွဲမှာ ချွေးပြန်အောင် အောင့်တယ်
၂။ လောလောဆယ် Oramin-F သောက်နေပါတယ်။
၃။ ရင်ကျပ်ရောဂါနဲ့ ပက်သက်ပြီး ရှောင်ရန်၊
၎။ အဖြူ ခဏခဏ ဆင်းရင် မကောင်းဘူးဆိုပြီး

2011/10/24
ဖေဖေက လွန်ခဲ့တဲ့ တပတ်အတွင်းမှာ ရင်ပတ်နဲနဲ အောင့်နေတယ်။ တအားအောင့်တာက ၂၁ ရက် မနက် ၄ နာရီခွဲမှာ ချွေးပြန်အောင် အောင့်တယ် ပြောတယ်။

အဖြစ်နိုင်ဆုံးက Myocardial infarction (MI) ဒါမှမဟုတ် Acute myocardial infarction (AMI) ရောဂါခေါ်တယ်။ Heart attack ရတာလို့ ပြောကြတာများတယ်။ နှလုံးသား တနေရာရာမှာ Blood supply သွေးစီးလျှောက်မှု ရပ်တန့်သွားခဲ့တာ ဖြစ်တယ်။ Heart cells နှလုံးက (ဆဲလ်) တွေ သေသွားတယ်။ သေတာမှန်သမျှ ကြာရင် ပုပ်သွားတတ်လို့ အဲလို ခေါ်ကြတာ နေမယ်။ အခေါ်က တနေရာနဲ့ တနေရာတော့ မတူပါ။ Infarction ဆိုတာ Damage ပျက်စီးတယ်၊ Death သေတယ်လို့ အဓိပ္ပါယ်ရတယ်။ Coronary artery ခေါ်တဲ့ နှလုံးသွေးလွှတ်ကြောဟာ အစကတည်းက ထူပြီး၊ ကျဉ်းနေခဲ့မယ်။ fatty acids အဆီနဲ့ White blood cells သွေးဖြူဥတွေစုဝေးနေတဲ့ Atherosclerotic plaque ဆိုတာက ပေါက်ထွက်သွားရာကနေ သွေးကြော ပေါက်သွားမယ်။ Ischemia ခေါ်တဲ့ သွေးမလုံလောက်တာ ဖြစ်တော့ အောက်စီဂျင်မ၀ဖြစ်လာမယ်။ လူနာမှာ Sudden chest pain ရင်ပတ်နေရာ အတင်းနာတော့တယ်။ ရင်ပတ်တင်မကဘဲ ဘယ်ဘက်လောက်မောင်း၊ လည်ပင်းနေရာအထိပါ နာမယ်။ အသက်ရှူမ၀-မရဖြစ်မယ်၊ ပျို့မယ်၊ အန်မယ်၊ ရင်တုန်မယ်၊ ချွေးပြန်မယ်။ လေးပုံတပုံလောက်က အဲလောက် မခံစားရဘူး။ အထဲမှာတော့ မကောင်းတာတွေ ဖြစ်နေမယ်။ နှလုံးအထူးကုဆရာဝန်နဲ့ ကုသနေပြီ ဖြစ်လို့ ဒီလောက်ဘဲ ရေးပါမယ်။

2011/10/24
ဟုတ်ကဲ့ဆရာ တခြားခံစားရတာတော့မရှိပါဘူး။ မျက်နှာ နည်းနည်းကျနေတာပဲ ရှိတယ်။ ပါးချောင်ကျနေသလိုပါဆရာ။ ကိုယ်ထည်ကတော့ ပုံမှန်ပါပဲ။ cypon တော့ မသောက်ဖြစ်သေးဘူးဗျ။ လောလောဆယ် Oramin-F သောက်နေပါတယ်။ Oramin-F သောက်တာကော ကောင်းပါသလားဆရာ။ သူ့ကိုမေးကြည့်တော့လည်း အားဆေးလို့သာ သောက်နေတဲ့ပုံပြောပါတယ်ဆရာ။ ကျွန်တော့်အထင် သိပ်မထူးခြားဘူးထင်တယ်ဆရာ။ လမ်းညွန်ပေးပါ။

Oramin–F ဆေးဟာ သူ့ကြော်ညာအရ ကိုရီးယားက ထုတ်တဲ့ တိုင်းရင်းဆေး၊ အားဆေးလို့ဆိုတယ်။ Korean ginseng, Royal jelly, Vitamin A1, VitaminD2, Vitamin E, Vitamin B1+2+3+5+6+12, Vitamin C, Ferrous fumarate, Copper sulfate, Magnesium oxide, Zinc oxide, Calcium phosphate, Manganese, Potassium sulfate တွေ ပါတယ်လို့ ဖတ်ရတယ်။ Increase sexual astemia ဖိုမဆက်ဆံရာမှာ အားတိုးစေတယ်လို့လဲ ဆေးညွှန်းက ဆိုပါတယ်။

2011/10/25
ရင်ကျပ်ရောဂါနဲ့ ပက်သက်ပြီး ရှောင်ရန်၊ ဘာဆေးတွေသောက်သင့်လည်း သိချင်လို့ ပါခင်ဗျာ။ ရင်ကျပ်တာ ပျောက်လိုက် ပြန်ဖြစ်လိုက်နဲ့ ဖြစ်နေလို့ပါ။ ရောဂါ ထလာရင် အသက်ရှူပါကျပ်လာတယ်။ အဲဒါလေး ရှင်းပြပေးပါနော်။
၁။ Tightness of chest ရင်ကြပ်ရောဂါ
၂။ Asthma (2) ပန်းနာ အဆက်
၃။ Respiratory tract infections (4) လေပြွန်များ ရောင်ခြင်း တွေကို ဖတ်ပါ။

2011/10/25
ကျွန်တော်တို့  အိမ်ထောင်ကျတာ တစ်နှစ်ကျော်လောက်ရှိပါပြီ။ ကျွန်တော်က နိုင်ငံခြားမှာပါ၊ အမျိုးသမီးက မြန်မာပြည်မှာပါ။ အသက်က ၂၃ ပါ။ အမျိုးသမီးက အိမ်ထောင်မကျခင်နဲ့ ကျခါစတုန်းက ရာသီတစ်ခါလာရင် သုံးရက် ကြာပါတယ်။ အခုနောက်ပိုင်း တစ်ခါလာရင် ၂ ရက်ပဲ လာတော့တာ တစ်နှစ်လောက် ရှိပြီ ပြောပါတယ်။ ပြီးခဲ့တဲ့ အပတ်က အားနည်းသလို ဖြစ်ပြီး နေမကောင်း ဖြစ်တယ် အဖြူလည်း ၄ ရက်လောက် ဆင်းတယ်။ အဲဒါ ပုံမှန်ပြန်ဖြစ်အောင် ဘာတွေ ဆောင်ရမယ် ရှောင်ရမယ် ဖြေကြားပေးပါ။ အဖြူ ခဏခဏ ဆင်းရင် မကောင်းဘူးဆိုပြီး စိုးရိမ်နေပါတယ်။ ညားခါစ တုန်းကတော့ အရေးပေါ်တားဆေးတွေ ၇ ကဒ်လောက် သောက်ဖူးပါတယ်။ နာမည်တွေတော့ မမှတ်မိတော့ပါ။ တစ်ခါသောက်ရင် နှစ်လုံး နှစ်လုံး တွဲသောက်ရတဲ့ ဆေးတွေပါ။
၁။ Vaginal Discharge မွေးလမ်းကြောင်းမှ အဖြူဆင်းခြင်း
၂။ Vaginitis မွေးလမ်း-ရောဂါ အသက် ၁၈ နှစ်ပြည့်မှ ဖတ်ပါ (၆၃)
၃။ Menstruation (1) မိန်းမပီသတာ စိုးရိမ်စရာမရှိပါ (၁)
၎။ Menstruation (2) မိန်းမပီသတာ စိုးရိမ်စရာမရှိပါ (၂)
၅။ Menstruation (3) မိန်းမပီသတာ စိုးရိမ်စရာ မရှိပါ (၃) တွေကို ဖတ်ပါ။