Wednesday, September 1, 2010

Q and A September 2010 (1)

1. မောင်လေးကို Blood pressure တိုင်းလိုက်တော့ ၁၄ဝ နဲ့ ၈၄ ဖြစ်နေပါတယ်
2. ညအိပ်ရာဝင်လျှင် ခြေသလုံးများ (အထူးသဖြင့် ဘယ်ဘက်) တောင့်တင်းနေသဖြင့် အလွယ်တကူ အိပ်မပျော်ပါ
3. သမီးအကြီး ငယ်တုန်းကကော ခုကော မိန်းကလေးရုပ်ပဲ
4. အသားပို ခွဲပြီးနောက် ထိုနေရာတွင်

Q: မောင်လေးကို Blood pressure တိုင်းလိုက်တော့ ၁၄ဝ နဲ့ ၈၄ ဖြစ်နေပါတယ်ဆရာ။ အသက်က ၂၉ နှစ်ပါ ကျောင်းသားပါ။ အိပ်ချိန်က သူအတွက် ၂ နာရီအိပ်ပြီး၊ ၉ နာရီထတာပါ။ Heart rate 85 per min ပါ။

A (1) ဒီအတိုင်းဆိုရင် BP ထပ်တိုင်းဘို့ လိုတယ်။ အခုထိက ရောဂါ မဟုတ်သေးပါ။ Pulse rate ခေါ်တဲ့ လက်ကောက်ဝတ်က စမ်းရတဲ့ သွေးခုန်နှုန်း တမိနစ်မှာ ၇ဝ-၈ဝ ထက် မများရင် ကောင်းတယ်။ ငန်တာကို စားတာ လျှော့ပါ-ရှောင်ပါ။ BP တပါတ်တခါလောက် စစ်ပါ။ လူက ခံစားနေရတာ ရှိရင် ပြောပါ။ ဥပမာ ခေါင်းကိုက်၊ ခေါင်းမူး။ အသက် ၂၉ ယောက်ျားလေး၊ HR 85/min က နည်းနည်း များနေတယ်။ ဒါပေမဲ့ HR ဆိုတာ မိနစ်တိုင်း ပြောင်းနေတာပါ။ ပင်ပန်းရင်၊ ဒေါသထွက်ရင်၊ များလာပြီး၊ အိပ်နေရင် နည်းတယ်။ အားကစားလုပ်သူတွေက သူများထက်နည်းတယ်။ BP လဲများ၊ HR လဲ များသူတွေကို Paropranolol (Inderal) ဆေးပေးတယ်။ 10 mg ကနေ 120 mg အထိ ပေးတယ်။ တနေ့ကို ၁ ကြိမ်နဲ့ ၂ ကြိမ်ပေးတယ်။

ဒီဆေးက HR ရော BP ပါ ကျစေတဲ့အပြင် Stage fright လို ကြောက်စိတ် ဝင်တာမျိုးပါ ပေးနိုင်တယ်။ Hypertension သွေးတိုး၊ Angina Pectoris နှလုံးသွေးကြောကျဉ်း၊ Cardiac Arrhythmias နှလုံးခုန်မမှန်၊ Ventricular tachycardia နှလုံးခုန်မြန်၊ Migraine မိုင်ဂရင်း ခေါင်းမူး-ခေါင်းကိုက်ရောဂါ၊ Essential Tremor ခြေတုံ-လက်တုံရောဂါ တွေအတွက်ပါ သုံးတယ်။

ကြည့်ရတာ စိုးရိမ်စရာမရှိလောက်ပါ။ ဒါပေမဲ့ သူ့ကို ဆေးတိုက်ဘို့ မညွှန်းလိုသေးပါ။ BP နဲ့ HR ထပ် စစ်ဘို့ လိုသေးတယ်။ အအိပ်-အစား ဆင်ခြင်ပါစေ။ သွေးတိုးလို့ မပြောနိုင်သေးပါ။ အငန်၊ အဆီ (Trans fat, Junk food) လျှော့စားပါစေ။ ကိုယ်အလေးချိန် ထိန်းပါစေ။ လူရွယ်၊ လူလတ်တို့သဘာဝ နောက်ဆို အထာကျသွားမှာပါ။ တချို့ ပင်ကိုယ်စိတ်မျိုးက အပြင်ရခက်တယ်။

Q (2) ကျွန်တော့် အသက်မှာ ၅၂ နှစ် ဖြစ်ပါသည်။ ကျန်းမာရေးနှင့် ဆေးရုံ တစ်ခါမှ မတက်ရဘူးပါ၊ ကြာရှည် ဖျားနာခြင်း မရှိပါ။ သို့ရာတွင် ညအိပ်ရာဝင်လျှင် ခြေသလုံးများ (အထူးသဖြင့် ဘယ်ဘက်) တောင့်တင်းနေသဖြင့် အလွယ်တကူ အိပ်မပျော်ပါ။ အိပ်ပျော်သွားလျှင်လည်း ပြန်နိုးတတ်ပါသည်။ ASO မှာ ၂ဝဝ အထိ ရှိခဲ့ဘူးပါသည်။ အဆီကြိတ်များ ရှိပါသည်။ ဝမ်းကျန်တတ်ပြီး၊ ဝမ်းမှာ စေးကပ်မှု များပါသည်။ တစ်ပါတ် ၂ ကြိမ်ခန့် MOM ၅လုံး စားပါသည်။ အလုပ်မှာ အထိုင်များ ပါသည်။ အသက် ၁၆ နှစ် လောက်က စပြီး ညောင်းကိုက်ပါသည်။ ကူညီဖြေကြားပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

A (2) အရွယ်အရ ဖြစ်တတ်တဲ့ အခြေအနေတခုပါ။ Cramps သဘော ဖြစ်နေပုံရပါတယ်။ ရေးပြီးသား စာကို ထည့်ပေးလိုက်ပါတယ်။ Vitamin B complex, Calcium ကို ပုံမှန်သောက်ပါ။ MOM ကို မသိပါ။

ဝမ်းက စားတဲ့ အစာအပေါ် မူတည်တယ်။ ကိစ္စမရှိပါ။ အကြိမ်မှန်ရင် ကောင်းတယ်။ ဝမ်းကျန်တာကြောင့် အနေရခက်ရင် တခါတလေ မြန်မာဆေး သောက်ပါ။ ဆေးရုံ-ဆေးခန်းက ပေးသုံးတဲ့ဆေးမျိုးက Constipation ဝမ်းမသွားမှ သုံးတာ ကောင်းတယ်။ ထမင်းစားပြီး အသီးတခုခု စားပေးပါ။ ရေများများသောက်ပါ။

အအိပ်အနေကတော့ အသက်ရလာသူတိုင်း ဖြစ်လေ့ ရှိပါတယ်။ တချို့က အရက်တမျိုးမျိုးသောက်တယ်။ ကျန်းမာအရ ပြောရရင် စာဖတ်တဲ့အလေ့အထ၊ တရားထိုင်တာဖြစ်ဖြစ် ကိုယ်စိတ်ကို တည်ငြိမ်အောင်လုပ်တာဖြစ်ဖြစ် ကောင်းပါတယ်။ ဒါတောင် အအိပ်ပျက်လောက်အောင် ဖြစ်တတ်သေးပြန်တယ်။ အိပ်ချင်စေတဲ့ဆေးက တခါတလေ သောက်တာ ကောင်းပါတယ်။ ဥပမာ Valium (Diazepam) 5 mg အကောင်းဆုံးပါ။ Antihistamine (Chlorpheniramine) 25-50 mg ကလည်း အိပ်ချင်စေပြီး ဆေးမစွဲတတ်ဘူး။
Cramps ကြွက်တက်ခြင်း

Q (3) ဆရာ့ လူပျိဖြစ်ပြီ ပို့စ် ဖတ်ပြီးတော့ သမီးအကြီးအကြောင်း မေးချင်လို့။ ငယ်တုန်းကကော ခုကော မိန်းကလေးရုပ်ပဲ။ ဒါပေမဲ့ သူအပျိုဖြစ်လာပြီးထဲက လမ်းလျှောက်တာတွေ အမူအရာတွေ စိတ်ဓာတ်တွေက မိန်းမထက် ယောက်ျားဘက် ပိုဆန်နေလားလို့။ သမီးကြီးက စကားပြောရင်တော့ သမီးတွေ ကျွန်မတွေပဲ သုံးတယ်။ ယောက်ျားရှာ ပြောလဲ သူမကြိုက်။ ခန္ဓာကိုယ်ကလဲ အပျိုမိန်းကလေး ကိုယ်ခန္ဓာပဲ။ ဒါပေမယ့် သူ သမီးတွေ ရှင့်တွေ ဘယ်လိုသုံးသုံး သူ့ပုံစံက ယောက်ျား အမူအရာ ကျားပုံစံ ပေါက်နေတယ်။ စကားနည်းတာ အနေတည်တာ မမှန်တာ မပြောတာတွေကြောင့် ကလေးကို ငယ်ပေမယ့် လူလေးစားကြပါတယ်။ ဆရာ့ပို့စ် ဖတ်ပြီး ကျနော့်စိတ်ထဲ ကလေးဟာ ကျားဟိုမုန်းတွေ ပိုထွက်နေလို့ ဒီလိုဖြစ်တာလား သိချင် လာလို့။ မဟိုမုန်းဆေးတွေ တိုက်ဖို့ လိုမလားဆရာ။

A (3) သူ့အသက် ဘယ်လောက်လဲ။ သမီးဖြစ်နေတာမျိုး ကလေးမလေးတွေ အတော်များများ ဖြစ်တတ်ပါတယ်။ အခုအထိ ကြည့်ရတာ ဟော်မုန်းပေးဘို့ မလိုပါ။ ဟော်မုန်းဆိုတာတွေကလည်း အတော်ကြီး သတိထားပေးရတယ်။ တောက်လျှောက် စောင့်ကြည့်နေရသေးတာ။ ဘေးထွက်ဆိုးကျိုး မရှိတဲ့ဆေးမျိုး ပေးနိုင်ပါတယ်။ Vitamin B and E သောက်ခိုင်းပါ။ မိန်းကလေးတိုင်း လိုမဲ့ Iron supplement နဲ့ Folic acid တွဲထားတဲ့ဆေးလည်း ပုံမှန်သောက်စေပါ။ Vitamin E က အကြာကြီးတော့ လိုမယ်မထင်ပါ။

သူ့ အပေါင်းအသင်းတွေကနေလည်း ပြုပြင်မှု ရှိလာနိုင်တယ်။ မိန်းကလေးပီသတဲ့ လိမ်မာ ယဉ်းကျေးသူတွေနဲ့ တွဲပါစေ။ သိပ်ကြီးတော့ လမ်းမညွှန်နဲ့ပေါ့။ ဒီအရွယ်တွေ ထိမ်းကွပ်ရတာဟာ ခြုတ်ခြယ်လွန်းရင်လဲ မကောင်း။ လျှော့လွန်းရင်လဲမရ၊ အင်မတန် သတိကြီးရတယ် မဟုတ်လား။

အစာစားတာလည်း Balance diet မျှတတဲ့အစားမျိုး စားချင်အောင် ပြင်ပေးပါ။ Junk food ကို သိပ်မစားစေဘဲ၊ သဘာဝ အသားငါး၊ အသီးအရွက် ပဲ၊ စုံအောင် စားပါစေ။ ကျန်းမာ-ချမ်းသာကြပါစေ

31 Aug 10, 13:02
ကျွန်တော်ရဲ့ မိန်းမမှာ မျက်စေ့အောက် နှာခမ်းအတွင်း အသားပိုခွဲပြီးနောက် ထိုနေရာတွင် ပြန်ပြီးဖြစ်လာသဖြင့် ဒုတိယအကြိမ် ပြန်ခွဲရပါသည်။ မျက်စိကတော့ သက်သာသွားပြီး ဘယ်ဘက် ခေါင်းတခြမ်း ကိုက်သည့် ဝေဒနာ ထပ်ဖြစ်လာပါသည်။ ထိုဆေးခန်းသို့ ပြန်ပြသောအခါ မျက်စိခွဲစဉ်က ထုံဆေးအရှိန်ကြောင့်ဟုဆိုကာ သောက်ဆေး ၂ ပါတ်စာ စားဆေး ပေးလိုက်ပါသည်။ ဒုတိယအကြိမ် မသက်သာသဖြင့် ပြန်ပြသောအခါ ၂ ပါတ်စာစားဆေးပြောင်းပြီး ပေးလိုက်ပြီး ဒီတခါ မသက်သာလျှင် ဦးခေါင်းကို ဓါတ်မှန်ရိုက်ရမည်ဟု ပြောလာပါတယ်ဆရာ။ ကျွန်တော်က ပြည်ပတွင် အလုပ်လုပ်ပြီး မိန်းမက မြန်မာပြည်တွင်နေပါတယ်။ တနေရာဆီ ဖြစ်နေသောကြောင့် ဘာလုပ်ပေးရမည်ကို စဉ်းစား နေရပါတယ် ဆရာ။ ဆရာအနေနဲ့ ကျွန်တော်မိန်းမအတွက် လိုအပ်သည်များကို စီစဉ်ညွှန်ကြားပေးစေလိုပါသည်။ ဘန်ရိမ်းကျူးမား ဆိုလားပဲ ဆရာရယ် (ခေါင်းကိုက်တာတော့ ၁လခွဲ ရှိပြီ) အဲဒီရောဂါလည်း ဖြစ်မှာစိုးပါတယ် ခင်ဗျ။

ခေါင်းကိုက်တာရဲ့ အကြောင်းတွေက သေးသေးလေးကနေ အကြီးကြီးအထိ ရှိနိုင်တယ်။ စိုးရိမ်စိတ် များမသွားနဲ့အုံးနော်။ ခေါင်းကို MRI, X-Ray ရိုက်စစ်တာ အကောင်းဆုံးပါ။ ရောဂါအမည် Diagnosis သိရရင် ပြောပါအုံး။ တတ်နိုင်တာ ပြောပေးပါမယ်။ ထုံဆေးကြောင့် အဲလောက်ထိ မဖြစ်တတ်ပါ။ လတ်တလောက သက်သာအောင် Ibuprofen, Diclofenic, Paracetamol စတဲ့ အနာ-အကိုက်ပျောက်ဆေး သောက်ပါစေ။ ဆေးကို အစာနဲ့ နီးနီးသောက်ခိုင်းပါ။

Wooing the Generals ပြင်သစ်အမြင်

ပြင်သစ်အသင်းကဗိုလ်စွဲသွားတဲ့ ဘောလုံးပွဲသတင်းတွေကနေ အမှတ်ရတာတခုရှိသေးတယ်။ ကျွန်တော် ပြည်ပနိုင်ငံရေးကာလ နယူးဒေလီမှာနေစဉ်က ပြင်သစ်လူမျိုး သုတေသ...