ကျန်းမာရေးနဲ့ဆေးပညာ မေးလိုတာရှိပါက

ဒီဘလော့ခ်ထဲကစာတွေကို တခြားနေရာမှာ ကျွန်တော့်ခွင့်ပြုချက်မပါဘဲ ကူးယူပြီး မတင်ဘို့ စည်းကမ်း သတ်မှတ်ထားပါတယ်။

ကျန်းမာရေး နဲ့ ဆေးပညာ မေးလိုတာရှိပါက
• ဖြစ်တဲ့သူရဲ့ အသက်၊ ကျား-မ ပြောပါ။ ရောဂါလက္ခဏာ ၁-၂-၃။ တခုတိုင်းက ဘယ်လောက် ကြာပြီ။
• လိုအပ်ရင် ကျန်းမာရေးရာဇဝင်၊ ဓါတ်မှန်၊ (အာလ်ထွာဆောင်း)၊ ဆေးစစ်ချက်၊ လိုအပ်ရင် အိမ်ထောင်၊ ကလေး၊ ရှိ-မရှိ။ နေတဲ့တိုင်းပြည်၊ မြို့ထည့်ရေးပါ။ လူနာမည်၊ နေရပ်လိပ်စာအတိအကျ ကိစ္စမရှိပါ။
• ဆေးနာမည်ရေးရင် Trade name ကုမ္ပဏီကပေးတဲ့နာမည်သာမက Generic name ဆေးနာမည် ထည့်ရေးပါ။
• ဆေးစာ၊ ဆေးစစ်ချက်၊ ဝေဒနာတွေကို စကန်လုပ်ပြီးဖြစ်ဖြစ်၊ ဓါတ်ပုံရိုက်လို့ဖြစ်ဖြစ် ပို့နိုင်ပါတယ်။ ဓါတ်ပုံကို ခွင့်မယူဘဲ အသုံးမချပါ။
• အိမ်ထောင်ရေးနဲ့ လိင်ပိုင်းဆိုင်ရာမေးခွန်းတွေကို Facebook ကနေ မမေးပါနဲ့ မဖြေပါ။ တိုက်ရိုက်သာမေးပါ။
• အီးမေးလ် အခက်အခဲရှိလို့ Facebook message မှာဖြစ်ဖြစ် Chat box မှာဖြစ်ဖြစ်ရေးရင်လဲ အားသလား၊ မေးလို့ရလား ရေးမနေဘဲ၊ တခါတည်း မေးခွန်းသာရေးလိုက်ပါ။
• Facebook Comment ကနေမေးတာ-ဖြေတာ အဆင်မပြေပါ။
စာရှည်ရေးမရပါ။ သူများတွေကို အနှောင့်အယှက်ဖြစ်နိုင်ပါတယ်။
• နာမ်စားသုံးတာမှာ ကိုယ်ကိုယ်ကို ‘သား’၊ ‘သမီး’ လို့ သုံးရင် မေးတဲ့သူရဲ့ သားသမီးလား ထင်မှတ်မှားနိုင်တာသတိပြုပါ။
• SMS အရေးအသားမျိုးကို မဖတ်ပါ။ မြန်မာစကားကို အင်္ဂလိပ်စာလုံးနဲ့ရေးတာကို မဖတ်ပါ။
• ဘလော့ခ် နဲ့ ဖေ့စ်ဘွတ်မှာ အမေး-အဖြေတွေကိုသုံးတဲ့အခါ မေးတဲ့သူရဲ့ ကိုယ်ရေး အချက်အလက်တွေ မပါစေရပါ။
• ဖုန်းဆက်ပြီးမေးရင် Time zone မတူတာရော၊ အသံထွက် လွဲနိုင်တာရောကြောင့် အဆင်မပြေပါ။ ကျွန်တော့်မှာ Viber မရှိပါ။ ဖေ့စ်ဘွတ် ဖုန်း-ဗီဒီယို အဆင်မပြေပါ။ Skype ကိုတော့ နိုင်ငံရေးနဲ့ မိသားစုအတွက်သာသုံးပါတယ်။
drswe01@gmail.com ကို (အီးမေးလ်) ပို့ပါ။

(ဘလော့ခ်) တွေထဲ ဝင်ဖတ်ဘို့ အကြံပြုပါတယ်။
- http://dts-medicaleducation.blogspot.in/ ဆေးပညာစာများ
- http://yamuna-online-clinic.blogspot.in ယမုန်နာ ဆေးခန်း
- http://my-sayawun-life.blogspot.in/ ဆရာဝန်ဘဝ အမှတ်ရတာတွေ
- http://dts-political-page.blogspot.in/ နိုင်ငံရေး စာမျက်နှာ
- http://www.facebook.com/pages/Dr-Tint-Swe/490031307758025?skip_nax_wizard=true ဖေ့စ်ဘွတ်
- https://tintswe.wordpress.com/ Dr. Tint Swe ဒေါက်တာတင့်ဆွေ ဆေးပညာစာများ

Monday, September 6, 2010

Q and A September 2010 (6)

1. ၁၃ နှစ်သားလောက်တည်းက မျက်တွင်းကျပြီး၊ မျက်ကွင်းညိုပါတယ်
2. သမီး Chickenpox ဖြစ်နေပါတယ်
3: ယောက်ကျား မရှိတော့ပဲနဲ့ လိင်ဆက်ဆံမှု မရှိတော့တဲ့ သူတွေဟာ

Sep 16, 2010 at 8:09 PM
Q 1: ကျနော်က ငယ်ငယ်တည်းက ၁၃ နှစ်သားလောက်တည်းက မျက်တွင်းကျပြီး၊ မျက်ကွင်းညိုပါတယ်။ အခုချိန်ထိပါ။ သူများတန်းတူ အလုပ်လုပ်နိုင် ကစားနိုင်ပါတယ်။ ဒါပေမဲ့ အဲလို ကစားပြီး အလုပ်များများလုပ်ပြီး အပြင်ထွက်တာများရင် ပင်ပန်းတာများရင် တခြား ဘာမှ ထွေထွေထူးထူး မဖြစ်ပဲ။ မျက်တွင်း ပိုကျပြီး မျက်ကွင်းများ ပိုညိုလာပါတယ်။ ကျန်းမာရေးကို အထူးဂရုစိုက်ပါတယ်။ အစားအစာ အိပ်ချိန်လည်း သူများထက် ပိုအိပ်ပါတယ်။ ဒါပေမဲ့ အဲဒါက ပျောက်မသွားပါဘူး။ မနက်ကို အိပ်ရေး ဘယ်လောက်ဝဝ မျက်တွင်းက နည်းနည်းကျပြီး ညိုချင်ပါတယ်။ နေ့လည် ညနေလောက်ဆို ပိုသိသာလာပါပြီ။ ကျန်းမာရေး ကောင်းနေပေမဲ့ အဲလိုဖြစ်နေတော့ စိတ်ညစ်ပါတယ်။ မိန်းမနဲ့ နေစဉ်က ပိုဆိုးပါတယ်။ အခု Overseas ကို ရောက်နေပါတယ်။ ကာမဆန္ဒလည်း အားလျော့ပါတယ်။ တခြား မောင်နှမတွေလည်း ကျနော်လို နည်းနည်းဖြစ်ပါတယ်။ ကျနော် အနေနဲ့ ဓါတ်တခုခု ချို့ယွင်းလိုပဲ ဖြစ်ဖြစ် မျိုးရိုးကြောင့်ပဲ ဖြစ်ဖြစ် အရှင်း ပျောက်မသွားတောင် ဘယ်လို နေထိုင် စားသောက်ရမယ်၊ ဘယ်ဆေးကို စားသောက်ရမယ်၊ နံမည်နှင့်တကွ ဖော်ပြ ပေးစေလိုပါတယ်။

မျက်တွင်းကျတာနဲ့ မျက်ကွင်းညိုတာ ဘာလို့ဖြစ်သလဲကို အထူးပြုရေးထာတဲ့ ဆေးစာမျက်နှာက အကြောင်ရင်းပေါင်း ၄ဝ တိတိ ရေးထားတယ်။ ဒါပေမဲ့ မေးတဲ့သူနဲ့ သက်ဆိုင်မှာ ၁ ခုထဲသာ တွေ့ရပါတယ်။ မျိုးရိုးအရ ဖြစ်နေတာ ထင်ပါတယ်။

တခြား အကြောင်းရင်းတွေကို ကြည်ပါအုံး။ ဝမ်းလျှော-အန်လို့ Dehydration ရေ-ဆားဓါတ် နည်းတာ၊ အအိပ်ပျက်တာ၊ နာတာရှည် ဝေဒနာ ခံစားနေရတာ၊ အစာ အာဟာရ ချို့တဲ့တာ၊ ပင်ပန်းလွန်းတာ၊ ကိုယ်အလေးချိန် အလွန်ကျတာ၊ မျက်စိ ခိုက်မိတာ၊ Rhyns syndrome မွေးရာပါ မျက်စိ-ကျောက်ကပ်-အရိုး တွဲပြီး ချို့ယွင်းနေတာ၊ Cockayne syndrome မွေးရာပါ အရပ်ပု-နေရောင်မခံနိုင်-အရွယ် စောပြီးအိုစာတဲ့ ရောဂါ၊ Krause syndrome ရက်မစေ့မွေးပြီး မွေးရာပါရောဂါ၊ Whistling face syndrome မွေးရာပါ ဦးနှောက်ပါ ချို့ယွင်းတဲ့ရောဂါ၊ မျက်ရည်အိတ်-အကြိတ်ရောဂါ၊ Horner Syndrome အာရုံကြော ရောဂါ၊ မေးတဲ့သူနဲ့ ဘာတခုမှ မဆိုင်ဘူး ထင်ပါတယ်။

ကျန်းမာရေး ကောင်းနေတာ ကုသိုလ်ပါ။ စိတ်မကျစေချင်ပါ။ ကျစရာအကြောင်း မရှိပါ။ မျက်ကွင်းညိုတဲ့ ကျွန်တော့် သား တယောက်ကို ငယ်ငယ်လေးက ဆရာတော်တပါးကနေ၊ ကြီးလာတော့ မိတ်ဆွေတယောက်ကနေ နိမိတ် ဖတ်ကြတယ်။ ဖတ်ပုံက အတူတူလောက်ဘဲ။ ထူးခြား-ထူးချွန်မယ်တဲ့။ တခြားကလေးတွေထက် ထူးခြားတာတော့ အမှန်ဘဲ။

ဒိထက် အကြံပေးရရင် အအိပ်-အစားမှန်ပါစေ။ ORS ဓါတ်ဆားရည် သောက်ပေးပါ။ ဗီတာမင် ဘီ အုပ်စုဆေး ပုံမှန် သောက်ပါ။ ဇနီးနဲ့ ပြန်ဆုံချိန်မှာ ကာမဆန္ဒကိစ္စ လိုနေသေးရင် ထပ်ပြောကြသေးတာပေါ့။ ထပ်ပြောချင်တာက စိတ်ဓါတ် ကျစရာ အလျဉ်းမရှိပါ။

Q 2: သမီး ခု Chickenpox ဖြစ်နေပါတယ်။ အသက်က၂၄ ပါ။ သမီးခု့ ကို လာလည်တာပါ။ မြန်မာနိုင်ငံမှာ သမီး အဲဒါမျိုး တစ်ခါမှ မကြုံဖူးပါဘူး ဆရာ။ သမီး ဆေးခန်းတော့ ပြထားပါတယ်။ သူတို့ ပေးတာတွေက
Acyclovir 400 mg 2 tablets 5 times daily after food
Chlorpheniramine meleate 4 mg 1 tablets 1 day
Mefenamic Acid 500 mg 1 tablets 3 days
Calamine Lotion တွေပါဆရာ။ သမီး ဘာတွေများ ရှောင်သင့်ပါသလဲ။ ဆောင်ရန်-ရှောင်ရန်လေးတွေ သိချင်လို့ပါ။ ဒီက ဆရာဝန်ကို သမီးမေးတော့ ရေများများ သောက်လို့ပဲ ပြောပါတယ်။ သမီး တစ်ကယ်စိတ်ညစ်နေလို့ပါ။ သမီး စာတွေ လိုက်ဖတ်တော့ လူကြီးတွေမှာ အဲဒါက သေတတ်တယ်လို့ ပြောလို့ပါ။

ပေးထားတဲ့ ဆေးတွေ အတော်ကို စုံလင်ပါတယ်။ ဘာမှ မစိုးရိမ်ပါနဲ့။ လူကြီးမှာ အဖြစ်နည်းပေမဲ့ နဲနဲပိုဆိုးတတ်တယ်။ တချို့မှာ ဗက်တီးရီးယား ထပ်ဝင်လို့ အနာ၊ အနာရင်းတာတွေ ဖြစ်တတ်တယ်။ ယားလို့ ကုပ်တာနေ ဝင်တာပါ။ အားနဲ နေသူတွေနဲ့ ကိုယ်ဝန်ဆောင်နေသူများ နူမိုးနီးယားဖြစ်တတ်တယ်။ HIV လို ခုခံအား မကောင်းရင် အသဲရောင်၊ ဦးနှောက်ရောင်၊ ကျောက်ကပ်ရောင် ဖြစ်တတ်တယ်။ ရေအေးနဲ့ တနေ့ ၂-၃ ကြိမ်ချိုးပါ။ အယား သက်သာချင်ရင် ချိုးရေထဲ baking soda ထည့်ချိုးပါ။ လက်သည်း တိုနေပါစေ။ အပူ-အစပ် ရှောင်ပါ။ လိမ်မော်ရည် မသင့်ပါ။ တကိုယ်ရေ သန့်ရှင်းရေး ပိုဂရုစိုက်ပါ။

September 18, 2010 3:13 PM
Q 3: ယောက်ကျား မရှိတော့ပဲနဲ့ လိင်ဆက်ဆံမှု မရှိတော့တဲ့ သူတွေဟာ မိန်းမအင်္ဂါ အပျိုအတိုင်း ပြန်ဖြစ်တယ်ဆိုတာ ဟုတ်လားဆရာ။

“မ-အင်္ဂါ အပျိုအတိုင်း” ဆိုတာကို ဘယ်လို နားလည်သလဲ၊ ဘယ်လို လက်ခံသလဲ။ အရင်က ဆက်ဆံဘူးမှတော့ Medical Anatomy ဆေးပညာအရရော Forensic science မှုခင်းအရပါ အပျိုလို့ မပြောနိုင်တော့ပါ။ Society and Culture လူမှုရေးပိုင်းမှာတော့ “မအိုသေးတဲ့သူ အပျိုလေးနဲ့တူ” ဆိုတာကို လက်ခံကြပါတယ်။

“ပြန်ဖြစ်တယ်” ဆိုတာ ခန္ဓာဗေဒပိုင်းနဲ့ စိတ်ပိုင်း နှစ်မျိုးမှာ သက်ရောက်မှု ရှိနိုင်တာတော့ အမှန်ပါ။ အပျိုစစ် လက္ခဏာတွေ ထဲက တချို့အပိုင်းတွေ ပြန်အားကောင်းလာစေနိုင်တယ်။ ဥပမာ (ဗဂျိုင်းနား) နံရံတွေဟာ အထဲကို လိင်အင်္ဂါဖြစ်ဖြစ် Toy ဖြစ်ဖြစ် ထိုးသွင်းတာ မလုပ်တာ ကြာရင် ကျဉ်းလာမယ်။ နောက်ပြီး Vagina မွေးလမ်းကြောင်း၊ Uterus သားအိမ်၊ Bladder ဆီးအိမ်၊ Rectum အစာဟောင်းအိမ်တွေကို ခုခံ၊ ပင့်တင်ပေးနေတဲ့ ကြွက်သားတွေနဲ့ အရွတ်ပြားတွေ ပြန်ပြီး အားကောင်း လာနိုင်တယ်။ Pelvic floor exercise လေ့ကျင့်ခန်း လုပ်သူဆိုရင် နဂိုအနေ လောက်အထိ ပြန်ရှိလာနိုင်တယ်။

အိမ်ထောင်သည်များ တဦးနဲ့တဦး မဆက်ဆံတာကြာရင် အထူးသဖြင့် အသက်ရလာတဲ့ အမျိုးသမီးတွေမှာ ပြန်ပြီး ဆက်ဆံတဲ့အခါ နာကျင်တဲ့အထိ သူ့လမ်းကြောင်းက ကျဉ်းနေတတ်တယ်။ တကယ် အပျိုရည် ပျက်ခဲ့တုံးကလိုမျိုး ပြန်ဖြစ်တယ်လို့ ပြောရင် မမှားတန်ရာဘူး။

စိတ်ပိုင်းကလဲ နုပျိုမှု ဖြစ်စေနိုင်ပါတယ်။ “ငါ အပျိုမှ မဟုတ်တော့တာဘဲ” လို့ သဘောထားသူနဲ့ မထားသူ မတူကြပါ။

DTS
18-9-2010