ကျန်းမာရေးနဲ့ဆေးပညာ မေးလိုတာရှိပါက

ဒီဘလော့ခ်ထဲကစာတွေကို တခြားနေရာမှာ ကျွန်တော့်ခွင့်ပြုချက်မပါဘဲ ကူးယူပြီး မတင်ဘို့ စည်းကမ်း သတ်မှတ်ထားပါတယ်။

ကျန်းမာရေး နဲ့ ဆေးပညာ မေးလိုတာရှိပါက
• ဖြစ်တဲ့သူရဲ့ အသက်၊ ကျား-မ ပြောပါ။ ရောဂါလက္ခဏာ ၁-၂-၃။ တခုတိုင်းက ဘယ်လောက် ကြာပြီ။
• လိုအပ်ရင် ကျန်းမာရေးရာဇဝင်၊ ဓါတ်မှန်၊ (အာလ်ထွာဆောင်း)၊ ဆေးစစ်ချက်၊ လိုအပ်ရင် အိမ်ထောင်၊ ကလေး၊ ရှိ-မရှိ။ နေတဲ့တိုင်းပြည်၊ မြို့ထည့်ရေးပါ။ လူနာမည်၊ နေရပ်လိပ်စာအတိအကျ ကိစ္စမရှိပါ။
• ဆေးနာမည်ရေးရင် Trade name ကုမ္ပဏီကပေးတဲ့နာမည်သာမက Generic name ဆေးနာမည် ထည့်ရေးပါ။
• ဆေးစာ၊ ဆေးစစ်ချက်၊ ဝေဒနာတွေကို စကန်လုပ်ပြီးဖြစ်ဖြစ်၊ ဓါတ်ပုံရိုက်လို့ဖြစ်ဖြစ် ပို့နိုင်ပါတယ်။ ဓါတ်ပုံကို ခွင့်မယူဘဲ အသုံးမချပါ။
• အိမ်ထောင်ရေးနဲ့ လိင်ပိုင်းဆိုင်ရာမေးခွန်းတွေကို Facebook ကနေ မမေးပါနဲ့ မဖြေပါ။ တိုက်ရိုက်သာမေးပါ။
• အီးမေးလ် အခက်အခဲရှိလို့ Facebook message မှာဖြစ်ဖြစ် Chat box မှာဖြစ်ဖြစ်ရေးရင်လဲ အားသလား၊ မေးလို့ရလား ရေးမနေဘဲ၊ တခါတည်း မေးခွန်းသာရေးလိုက်ပါ။
• Facebook Comment ကနေမေးတာ-ဖြေတာ အဆင်မပြေပါ။
စာရှည်ရေးမရပါ။ သူများတွေကို အနှောင့်အယှက်ဖြစ်နိုင်ပါတယ်။
• နာမ်စားသုံးတာမှာ ကိုယ်ကိုယ်ကို ‘သား’၊ ‘သမီး’ လို့ သုံးရင် မေးတဲ့သူရဲ့ သားသမီးလား ထင်မှတ်မှားနိုင်တာသတိပြုပါ။
• SMS အရေးအသားမျိုးကို မဖတ်ပါ။ မြန်မာစကားကို အင်္ဂလိပ်စာလုံးနဲ့ရေးတာကို မဖတ်ပါ။
• ဘလော့ခ် နဲ့ ဖေ့စ်ဘွတ်မှာ အမေး-အဖြေတွေကိုသုံးတဲ့အခါ မေးတဲ့သူရဲ့ ကိုယ်ရေး အချက်အလက်တွေ မပါစေရပါ။
• ဖုန်းဆက်ပြီးမေးရင် Time zone မတူတာရော၊ အသံထွက် လွဲနိုင်တာရောကြောင့် အဆင်မပြေပါ။ ကျွန်တော့်မှာ Viber မရှိပါ။ ဖေ့စ်ဘွတ် ဖုန်း-ဗီဒီယို အဆင်မပြေပါ။ Skype ကိုတော့ နိုင်ငံရေးနဲ့ မိသားစုအတွက်သာသုံးပါတယ်။
drswe01@gmail.com ကို (အီးမေးလ်) ပို့ပါ။

(ဘလော့ခ်) တွေထဲ ဝင်ဖတ်ဘို့ အကြံပြုပါတယ်။
- http://dts-medicaleducation.blogspot.in/ ဆေးပညာစာများ
- http://yamuna-online-clinic.blogspot.in ယမုန်နာ ဆေးခန်း
- http://my-sayawun-life.blogspot.in/ ဆရာဝန်ဘဝ အမှတ်ရတာတွေ
- http://dts-political-page.blogspot.in/ နိုင်ငံရေး စာမျက်နှာ
- http://www.facebook.com/pages/Dr-Tint-Swe/490031307758025?skip_nax_wizard=true ဖေ့စ်ဘွတ်
- https://tintswe.wordpress.com/ Dr. Tint Swe ဒေါက်တာတင့်ဆွေ ဆေးပညာစာများ

Sunday, September 4, 2011

Q and A September 2011 (4)

၁။ ကျမမှာ အမျိုးသမီးရောဂါတွေ ခံစားနေရပါတယ်။
၂။ ရာသီဓမ္မတာလည်း သိပ်မလာပါဘူး။
၃။ အသက်ရှူမဝသလို ခံစားနေရပါတယ်။
၎။ အနည်းဆုံး ဘယ်နှစ်ရက် ရှောင်ရမှာလဲ။

2011/9/13
ကျွန်မက (့) ပါ။ (့) မှာပါ။ အသက် ၂၄ ပါ။ အိမ်ထောင်ကျတာ ၁ နှစ်ရှိပါပြီ။ ကျမမှာ အမျိုးသမီးရောဂါတွေ ခံစားနေရပါတယ်။ ဒါပေမယ့် ဘာသာစကား အခက်အခဲကြောင့် ရောဂါရဲ့ ဇစ်မြစ်ကို နားမလည်သည့်အပြင်၊ ပျေက်ကင်းခြင်းလည်း မရှိပါ။ ကျမ မိန်းမကိုယ်သည် အမြဲလိုလိုစိုစွတ်နေပါသည်။ အဖြူလည်း ခဏခဏ ဆင်းပါသည်။ အဖြူဆင်းချိန်တွင် တခါတလေ ငံပြာရည်ကဲ့သို့ အနံ့ပြင်းပြင်း ရှိပါသည်။ တခါတလေ ဒိန်ချဉ်ကဲ့သို့ အဖတ်များရှိ၍ ယားယံပါသည်။ အိမ်ထောင်ကျပြီး ပိုဆိုးလာသည်မှာ တခါတလေ အဖြူဆင်းချိန်တွင် ဆီးပါအောင့်ပါသည်။ ဆီးခဏခဏ သွားပြီး၊ ပူပြီးအောင့်ပါသည်။ တခါတလေ လိင်ဆက်ဆံပြီး၊ ရေဆေးချိန်တွင် စပ်ပါသည်။ အပျိုစဖြစ်ကတည်းက အဖြူဆင်းတတ်ခြင်း ဖြစ်ပါသည်။ အပျိုဘဝတွင် မိန်းမကိုယ် (စအို) ဘက်အခြမ်း မိန်းမကိုယ် နှုတ်ခမ်းတွင် အဖုသေးသေးလေး ၁ ဖု၊ ၂ ဖု၊ ၃ ခါလောက် ပေါက်ဖူးပါသည်။ ထိုအဖုလေးများသည် ယားယံပါသည်။ ၅ ရက်၊ ၆ ရက်နေလျှင် အလိုလို ပျောက်ကင်းသွားပါသည်။ ယခု ဆီးစစ်သော်လည်း ရောဂါမရှိ၊ ultrasound ရိုက်သော်လည်း ရောဂါမရှိ၊ အဖြူကိုယူ၍ စစ်သော်လည်း ရောဂါမရှိပါ။ သို့သော် အဖုလေးများ ထပ်ပေါက်လာချိန်တွင် ထိုအဖုလေးဖြတ်၍ စစ်သောအခါ ရောဂါပိုး တွေ့သည်ဟု ပြောပါသည်။ သွေးစစ်သောအခါတွင်လည်း ထိုရောဂါပိုးတွေ့သည်ဟု ပြောပါသည်။ Virus ဟုသာ ပြော၍ စိုးရိမ်စရာမလိုကြောင်း၊ မိန်းကလေးတိုင်းတွင် အနည်းနှင့် အများရှိသည် ဟုပြောပါသည်။ မိန်းမကိုယ်တွင် ထည့်သည့် ဆေးသာ ပေးပါသည်။ ၇ ရက် ထည့်ခိုင်းပါသည်။ ပျောက်သွားပြီး၊ ၁ လ လောက် နေလျှင် ပြန်ဖြစ်ပါသည်။ ဆေးခန်းပြောင်းပြသော်လည်း၊ ဒီအတိုင်းပြော၍ ဒီဆေးသာ ပေးပါသည်။ ဆေးနံမည်မှာ (့) လိုရေးထားပါသည်။ 100 mg ပါ။ English ဖြင့်ရေးထားသော နံမည် ၁ ခုပါရှိပါသည်။ ထိုနံမည်မှာ B- Streptococcus 2+ ပါ။ ဖြစ်နိုင်မည်ဆိုလျှင် ကျွန်မဆီသို့ reply အမြန်ဆုံးလုပ်ပေးပါဟု တောင်းဆိုပါသည်။ ယခုလည်း၊ ပြီးခဲ့သော ၂ ရက်က ဆီးအောင့်၍၊ ဆေး ၂ ရက်ဆက်တိုက် ဆေးထည့်လိုက်သောအခါ၊ ဆီးအောင့်ပျောက်သွားပြီး အခုယားယံနေပါသည်။ ဆေးကို ဆက်ထည့်နေပါသည်။ ဆေးခန်း သွားမပြရသေးပါ။ ကလေးလည်း လိုချင်နေပါသည်။ အရင်က အစွပ်သုံး၍၊ အခု ကလေးယူနေသည်မှာ ၄ လရှိပါပြီ။ အခုထိမရသေးပါ။

- Vaginal Discharge မွေးလမ်းကြောင်းမှ အဖြူဆင်းခြင်း
- Vaginitis မွေးလမ်း-ရောဂါ
- Cervicitis သားအိမ်ဝ ရောင်ခြင်း တွေကို ဖတ်ပါ။

2011/9/14
ဟုတ်ပါတယ် ဆရာ။ ကလေးမရမှာ စိုးပါတယ်။ ကလေးမရရင်တော့ သမီးဘဝဆုံးပါပြီ။ ဒီလိုမိန်းမတယောက်ကို ဘယ်ယောက်ျားက ကြည်ဖြူတော့မှာလဲ ဆရာရယ်။

ဆရာပြောသလို ပေါင်မှာ အကျိတ်ယောင်တာတွေ ယားယံတာတွေ မရှိပါဘူး။ ကိုယ်လဲ မပူဘူး။ မျက်လုံး အသား မဝါဘူး။ ပျို့အံတာလဲ မဖြစ်ပါဘူး။ ဆရာ့ကိုပြတဲ့နေရာမှာ အောင့်သလိုလို ဖြစ်နေတာနဲ့ နို့စိမ်းရောင် ဆင်းတာပဲ ရှိတာပါ။ ယောကျာ်းကတော့ ဘာမှ မဖြစ်တာ။ သူ့ကိုမေးကြည့်ပါတယ်။ ယားလား အဖြူတွေဆင်းလားလို့။ သူက ဘာမှ မဖြစ်ဘူးပြောပါတယ်။ နောက်အဲလိုမဖြစ်အောင် ဘယ်လို ကာကွယ်ရမလဲဆရာ။ ယောကျာ်းကိုရော ဘယ်လို ကျင့်ကြံနေထိုင်ခိုင်းရမလဲ။ ခုရော ဘာဆေးတွေ သောက်ရမလဲ ဆရာ။ ဆက်ဆံတဲ့အခါ ဂျပန်က ထုတ်တဲ့ ကွန်ဒုံ ၁မျိုးထဲပဲ သုံးပါတယ်ဆရာ။

တခါ နှစ်ခါ ဖြစ်တာနဲ့ ကလေးမရ မဖြစ်စေသေးပါ။
လိင်လမ်းကတဆင့်ကူးစက်ရောဂါမှန်သမျှ လိင်ဆက်ဆံရာကနေဖြစ်တယ်။
(ကွန်ဒွမ်) က ကူးစက်ရောဂါ အများကြီးကို ကာကွယ်ပါတယ် (ကွန်ဒွမ်) နဲ့ မရတာတွေ ရေးထားပါတယ်။

2011/9/15
သမီး အသက်က ၂၅ နှစ်ပါ။ မျက်နှာမှာ ဝက်ခြံတွေ အများကြီး ရှိပါတယ်။ ရာသီဓမ္မတာလည်း သိပ်မလာပါဘူး။ လာတာလည်း နည်းတယ်။ လာရင်လည်း သွေးက မသန့်ပါဘူး။ နီညစ်ညစ်နဲ့ နည်းလည်း နည်းပါတယ်။ ဝက်ခြံပေါက်တာ အဲဒါနဲ့လည်း ဆိုင်မယ်ထင်လို့ပါ။ အစား ရွေးတော့ ထမင်းသိပ်မစားနိုင်ဘူး။ အဲဒါကြောင့် စိုင်ပရိုတွန် ဆေးရည် သောက်နေတယ်။ ထမင်းတော့ အရင်ကထက် ပိုစားနိုင်တယ်။ ဒါပေမယ့် ဝတော့ မဝသေးဘူး။ ဝလည်း ဝချင်တယ်။ တွေ့တဲ့ လူတိုင်းက ပြောတယ်။ အရမ်းပိန်တယ်တဲ့။ အဲဒါကြောင့် ဝချင်တယ်။ ဝချင်တာ မဟုတ်ဘူး၊ ပြည့်ပြည့် ဖြိုးဖြိုးလေး ဖြစ်ချင်တာ။ ပြီးတော့ အသားအရေက မျက်နှာကတော့ အဆီပြန်တယ်။ လက်နှင့် ခြေထောက် အသားအရေကြတော့ ခြောက်သွေ့ တယ်။ အရင်တုန်းကတော့ မျက်နှာကို Moisturizer လိမ်းတယ်။ အခုတော့ မလိမ်းတော့ဘူး။ Moisturizer က အဆီပိုပြန်တယ်ဆိုလို့။ အဲဒီတော့မျက်နှာကို ဘာလိမ်းပေးသင့်သလဲ ဆိုတာ ပြောပြပေးပါဆရာ။
သမီး ကမြန်မာနိုင်ငံ (့) မြို့ မှာ အလုပ်လုပ်နေတာပါ။ အလုပ်ကတော့ စာရင်းကိုင်ပါ။ -မနက် ရှစ် နာရီကနေ ညနေငါးနာရီအထိ ကွန်ပြူတာရှေ့ မှာ တနေကုန်ထိုင်ပြီး လုပ်ရတာပါ။ အိမ်ထောင် မရှိပါဘူး။ ရုပ်လည်းဆိုးပါတယ်။ ရုပ်ဆိုးရတဲ့အထဲ ဝက်ခြံတွေကြောင့် တော်တော်လေးကို စိတ်ညစ်ရပါသည်။ သောက်တဲ့ ဆေးတော့ မရှိပါဘူး အရင်ကတော့ Doxycycline 100 mg သောက် ဖူးပါတယ် ဘာမှမထူးခြားလို့ပါ။ ဘယ်လို ဆက်လုပ်သင့်သလဲဆရာ။

ဒီအသက်အရွယ်၊ အိမ်ထောင်မကျသေးသူတွေ ဖြစ်ကြဖြစ်တာပါ။ ဘာမှ မစိုးရိမ်ပါနဲ့။ အပျိုရွယ်လကဏာတွေသာဖြစ်တယ်။ ဝက်ခြံအကြောင်းရေးတာတွေထဲက လိုက်နာနိုင်တာ လုပ်ပါ။ Doxycycline ကြာကြာသောက်ရတယ်။ မျက်နှာသန့်ရှင်းရေးကို ရိုးရိုးလေးနဲ့ မကြာမကြာလုပ်ပါ။
ရာသီမမှန်ချင်တာလဲ ဘာမှ ပူစရာမဟုတ်ပါ။ ရာသီမမှန်တဲ့အကြောင်းရေးထားတာတွေ ရှိပါတယ်။ သွေးအရောင်ကို မကြောင့်ကျပါနဲ့။ ရောဂါမဟုတ်ပါ။ အနည်း-အများလဲ ဒီလိုဘဲ။
နည်းလမ်းတခုကတော့ ကိုယ်ဝန်တား ဟော်မုန်း ၂ မျိုးတွဲ အများဆုံး သုံနေကြတဲ့ စာဆေး သောက်ရတယ်။ ၃-၄-၅ လ သောက်တာ ကောင်းတယ်။ လလဲ မှန်မယ်။ ဆင်းတာလဲ မှန်မယ်။ ဝက်ခြံပေါက်တာကိုလဲ သက်ရောက်စေနိုင်တယ်။ ဘေးထွက်-ဆိုးကျိုး ဆိုတာတွေလဲ အရင်ဖတ်ပါ။ လိုရင်တော့ ထပ်မေးပေါ့။ မနေ့တနေ့ကဘဲ တယောက်ကို ဖြေထားရသေးတယ်။ ရှာတွေ့မှာပါ။
ပိန်တာလဲ စိတ်မပျက်နဲ့။ နေကောင်းဘို့က ပိုအရေးကြီးတယ်။ အသားအရေဆိုတာ အစားအစာနဲ့ ပတ်ဝန်းကျင်ပေါ် မူတည်တတ်တယ်။ မျှတတဲ့ အစာစားပါ။ အဆီပိုလိုတယ်။ လူက မဝတော့ အဆီကို သိပ်ရှောင်စရာမလိုတာ ကံကောင်းတာပေါ့။ အဆီမှာလဲ အသီးအနှံ-အစေ့အဆံထွက်ဆီက ပိုကောင်းတယ်။
ရုပ်ဆိုးတယ်ဆိုတာ ဘာနဲ့တိုင်းမလဲ။ လူဆိုတာ တနေရာရာ အားနည်းကြသူချည်းဘဲ။ တခြားနေရာမှာ အားသာအောင် လုပ်လို့ရတယ်။

2011/9/15
သမီး အခုတလော အသက်ရှူမဝ သလိုခံစားနေရပါတယ်။ အိပ်ငိုက်လို့မဟုတ်ဘဲ ခဏခဏ သန်းဝေချင်နေပါတယ်။ 12/9/2011 နှင့် 13/9/2011 ၂ ရက် ဆက်တိုက် လေ့ကျင့်ခန်း ညပိုင်းမှာ လုပ်ဖြစ်ပါတယ်။ ပိန်ချင်လို့ လုပ်တာပါ။ အစားအသောက်တော့ ပုံမှန်ပဲ စားပါတယ်။ 14/9/2011 ရက်နေ့မှာပဲ အဲဒီလို ဝေဒနာခံစားရပါတယ်။ သန်းဝေတာ တဝက်တပျက်လိုမျိုး ဖြစ်နေရင် ချောင်းခြောက် ဆိုးပါတယ်။ အပြည့်အဝ သန်းဝေမိရင် အသက်ရှူဝသွားသလိုမျိုး နေလို့ကောင်းပါတယ်။ အဲဒါလဲ ခဏလေးပါပဲ ဒီနေ့ 15/9/2011 ရက်နေ့မှာတော့ သန်းဝေတာ သိပ်မဖြစ်တော့ပေမယ့် အသက်ရှူမဝတာ ပိုဖြစ်လာပါတယ် ဖျားနာခြင်းလဲမရှိပါ။ ခေါင်းကိုက်တာတွေလဲ မရှိပါ။ အဲဒါဘာဖြစ်လို့လဲဟင်။ ဘာဆေးတွေ သောက်ရမလဲ။ ဘာလုပ်ရမလဲဆိုတာ ပြောပြစေချင်ပါတယ်။ သမီးအသက်က ၂၇ နှစ်ပါ အခု (့) နိုင်ငံမှာပါ။ ဆေးခန်းသွားပြချင်ပေမယ့် ကြောက်လဲကြောက်နေလို့ပါဆရာ။

အိမ်ထောင်ရေး၊ အမြဲ အားဆေး သောက်-မသောက်၊ သောက်ရင် ဆေးနာမည်၊ အင်္ဂလိပ်စာလုံးပေါင်း၊ ဆေးစစ်ဘူးလား၊ ဥပမာ (ဟီမိုဂလိုဘင်)။ ရာသီ မှန်-မမှန်။ အဲဒါတွေပြောပါအုံး။

2011/9/15
အိမ်ထောင်မရှိပါဘူး ဆရာ အားဆေးလဲ မသောက်ပါဘူး အရင်က enervon-c တော့ သောက်ဖူးတယ်။ ရာသီလဲ မှန်ပါတယ်။ ဆေးတစ်ခါမှ မစစ်ဖူးပါဘူး။ နေမကောင်းဖြစ်ခဲပါတယ်။ ကိုယ်ပူ ဖျားနာ ချောင်းဆိုးနှာစီးဆိုတာ မဖြစ်တာ နှစ်နဲ့ချီနေပြီ ဆရာ။ ခေါင်းကိုက်တာမျိုး အားမရှိတာမျိုးလောက်ပဲ ဖြစ်တယ်။

အသက်ရှူမဝသလို ခံစားနေရပါတယ်ဆိုတာ သွေးအားနည်းတာကို အရင်သံသယရှိတယ်။ (ဟီမိုဂလိုဘင်) နည်းနေတတ်တယ်။ မိန်းကလေးတိုင်း သံဓါတ်အားဆေး အမြဲသောက်သင့်ကြတယ်။ ဖေါလစ်အက်စစ်လဲ ပါသင့်တယ်။ ၂ မျိုးတွဲလာတဲ့ ဆေးတွေ ရှိတယ်။ ဈေးသိပ်ကြီးစရာ မလိုဘဲ ဆေးကောင်းသာ ရှာဝယ်သောက်ပါ။

BP သွေးဖိအား သိသလား။ Heart rate/Pulse rate နှလုံးခုန်နှုန်း သိသလား။

လေ့ကျင့်ခန်းလုပ်ခါစမှာလဲ အဲလိုဖြစ်တတ်တယ်။ မကြာခင် ကျင့်သားရနိုင်ပါတယ်။ ပိန်ချင်လို့ဖြစ်ဖြစ် လေ့ကျင့်ခန်းလုပ်တာ ကျန်းမာရေးအတွက်ပါ ကောင်းတယ်။

ပြောပြတာတွေအရ ကျန်းမာရေး အတော်ကောင်းတယ်။ သီလအကျိုး၊ ကံအကျိုးပေါ့။

2011/9/15
ကျေးဇူးတင်ပါတယ်ဆရာ။ အခုမှပဲ စိတ်အေးသွားတော့တယ်။ (BP သွေးဖိအား သိသလား။ Heart rate/Pulse rate နှလုံးခုန်နှုန်း သိသလား။) အဲဒါတွေမသိဘူးဆရာ။ ဆရာပြောတဲ့အတိုင်း ဆေးရှာဝယ်လိုက်ဦးမယ်။ ကျေးဇူးအထူးတင်ပါတယ်ရှင်။

2011/9/15
ဆရာပြောသလို စမ်းကြည့်တယ် ၇ဝ ပြည့်ရုံလေးပဲ ၂ ခါလောက်စမ်းကြည့်တယ် ရဝ မကျော်ဘူး

It is call book-picture. Perfect!

2011/9/15
သားအိမ်ခြစ်ပြီး ဖိုမ ဆက်ဆံရေးကို အနည်းဆုံးဘယ်နှစ်ရက် ရှောင်ရမှာလဲ။ သားအိမ်ခြစ်ထားပြီး ကျန်းမာရေး ကောင်း-မကောင်းကို ဘယ်လိုသိနိင်မလဲ။ အစားအသောက် ရှောင်စရာလိုပါသလားဆရာ။ သားအိမ်ခြစ်ပြီးတာ ၃ ပတ်တော့ရှိပြီ။ ဆောင်ရန်-ရှောင်ရန်ရှိရင် ဖြေပေးပါဆရာ။

သားအိမ်ခြစ်ရတာက ကိုယ်ဝန်ပျက်လို့ဖြစ်မယ်ထင်ပါတယ်။ တခြားအကြောင်းတွေလဲရှိတတ်လို့ပါ။
ကျန်းမာရေးကောင်း-မကောင်းက လူနာက ဘယ်လိုနေသလဲ။ သွေးဆင်းသေးလား BP ကောင်းသလား စတာတွေအပေါ် မူတည်တယ်။
နေကောင်းရင် အတူနေလို့ရပါပြီ။
သံဓါတ်ပါ သွေးအားကောင်းဆေး ကြာကြာ သောက်ပါ။ အစာအစာ မျှတအောင်စားပါ။