ကျန်းမာရေးနဲ့ဆေးပညာ မေးလိုတာရှိပါက

ဒီဘလော့ခ်ထဲကစာတွေကို တခြားနေရာမှာ ကျွန်တော့်ခွင့်ပြုချက်မပါဘဲ ကူးယူပြီး မတင်ဘို့ စည်းကမ်း သတ်မှတ်ထားပါတယ်။

ကျန်းမာရေး နဲ့ ဆေးပညာ မေးလိုတာရှိပါက
• ဖြစ်တဲ့သူရဲ့ အသက်၊ ကျား-မ ပြောပါ။ ရောဂါလက္ခဏာ ၁-၂-၃။ တခုတိုင်းက ဘယ်လောက် ကြာပြီ။
• လိုအပ်ရင် ကျန်းမာရေးရာဇဝင်၊ ဓါတ်မှန်၊ (အာလ်ထွာဆောင်း)၊ ဆေးစစ်ချက်၊ လိုအပ်ရင် အိမ်ထောင်၊ ကလေး၊ ရှိ-မရှိ။ နေတဲ့တိုင်းပြည်၊ မြို့ထည့်ရေးပါ။ လူနာမည်၊ နေရပ်လိပ်စာအတိအကျ ကိစ္စမရှိပါ။
• ဆေးနာမည်ရေးရင် Trade name ကုမ္ပဏီကပေးတဲ့နာမည်သာမက Generic name ဆေးနာမည် ထည့်ရေးပါ။
• ဆေးစာ၊ ဆေးစစ်ချက်၊ ဝေဒနာတွေကို စကန်လုပ်ပြီးဖြစ်ဖြစ်၊ ဓါတ်ပုံရိုက်လို့ဖြစ်ဖြစ် ပို့နိုင်ပါတယ်။ ဓါတ်ပုံကို ခွင့်မယူဘဲ အသုံးမချပါ။
• အိမ်ထောင်ရေးနဲ့ လိင်ပိုင်းဆိုင်ရာမေးခွန်းတွေကို Facebook ကနေ မမေးပါနဲ့ မဖြေပါ။ တိုက်ရိုက်သာမေးပါ။
• အီးမေးလ် အခက်အခဲရှိလို့ Facebook message မှာဖြစ်ဖြစ် Chat box မှာဖြစ်ဖြစ်ရေးရင်လဲ အားသလား၊ မေးလို့ရလား ရေးမနေဘဲ၊ တခါတည်း မေးခွန်းသာရေးလိုက်ပါ။
• Facebook Comment ကနေမေးတာ-ဖြေတာ အဆင်မပြေပါ။
စာရှည်ရေးမရပါ။ သူများတွေကို အနှောင့်အယှက်ဖြစ်နိုင်ပါတယ်။
• နာမ်စားသုံးတာမှာ ကိုယ်ကိုယ်ကို ‘သား’၊ ‘သမီး’ လို့ သုံးရင် မေးတဲ့သူရဲ့ သားသမီးလား ထင်မှတ်မှားနိုင်တာသတိပြုပါ။
• SMS အရေးအသားမျိုးကို မဖတ်ပါ။ မြန်မာစကားကို အင်္ဂလိပ်စာလုံးနဲ့ရေးတာကို မဖတ်ပါ။
• ဘလော့ခ် နဲ့ ဖေ့စ်ဘွတ်မှာ အမေး-အဖြေတွေကိုသုံးတဲ့အခါ မေးတဲ့သူရဲ့ ကိုယ်ရေး အချက်အလက်တွေ မပါစေရပါ။
• ဖုန်းဆက်ပြီးမေးရင် Time zone မတူတာရော၊ အသံထွက် လွဲနိုင်တာရောကြောင့် အဆင်မပြေပါ။ ကျွန်တော့်မှာ Viber မရှိပါ။ ဖေ့စ်ဘွတ် ဖုန်း-ဗီဒီယို အဆင်မပြေပါ။ Skype ကိုတော့ နိုင်ငံရေးနဲ့ မိသားစုအတွက်သာသုံးပါတယ်။
drswe01@gmail.com ကို (အီးမေးလ်) ပို့ပါ။

(ဘလော့ခ်) တွေထဲ ဝင်ဖတ်ဘို့ အကြံပြုပါတယ်။
- http://dts-medicaleducation.blogspot.in/ ဆေးပညာစာများ
- http://yamuna-online-clinic.blogspot.in ယမုန်နာ ဆေးခန်း
- http://my-sayawun-life.blogspot.in/ ဆရာဝန်ဘဝ အမှတ်ရတာတွေ
- http://dts-political-page.blogspot.in/ နိုင်ငံရေး စာမျက်နှာ
- http://www.facebook.com/pages/Dr-Tint-Swe/490031307758025?skip_nax_wizard=true ဖေ့စ်ဘွတ်
- https://tintswe.wordpress.com/ Dr. Tint Swe ဒေါက်တာတင့်ဆွေ ဆေးပညာစာများ

Monday, December 19, 2011

HIV victims in Myanmar မြန်မာ့ HIV-AIDS တိုက်ဖျက်ရေး၏ သားကောင်များ

မစိုးစိုးကြည်ရဲ့ အရိုးပဒေသာဟာ သူခြုံထားတဲ့စောင်အပြင်ကနေကို ထင်းထင်းကြီး သိသာနေပါတယ်။ မျက်လုံးကို ဖွင့်လောက်အောင်ကို အားမရှိရှာပါ။ ကယ်သူမဲ့တဲ့အလား သူ့ယောက်ျားကလဲ ယင်ကောင်တွေကို လက်နဲ့ ရမ်းဖယ်ပေးနေပါတယ်။ စိုးစိုးကြည်ဟာ HIV ပိုးရှိနေသူပါ။ နောက်ဆုံးကျမှ သူမဟာ ရန်ကုန်၊ ပုဂ္ဂလိက ဆေးခန်းတခုကနေ အကူအညီနဲ့ ဆေးဝါး ရရှိလာသူဖြစ်ပါတယ်။

ကိုရာဇာကတော့ ဒီဆေးခန်းကို စထူတောင်သူတွေထဲက တယောက်ပါ။ (စီအင်န်အင်န်) သတင်းဌာနကို သူပြောတာက သူတို့လုပ်ငန်းတွေကို ဟိုနေရာကိုရွေ့ရ၊ ဒီနေရာကိုရွေ့ရ လုပ်ရပါသတဲ့။ ရောက်တဲ့ နေရာမှာလဲ လှို့ဝှက်သလို နေရပါသေးတယ်။ တော်ကြာ ဘယ်အချိန် ရက်စက်လှတဲ့ စစ်အစိုးရကနေ လာပိတ်မလဆိုတဲ့ အကြောက်တရားကလဲ ရှိနေတယ်။

“ဒီဆေးဆန်းမျိုးသာမရှိရင် ဒီလူနာတွေ သေကုန်ကြမှာပေါ့ဗျာ" သူက ပြောပါတယ်။

ဒီဆေးခန်းကို စခဲ့သူကတော့ ဒီမိုကရေစီလှုတ်ရှားမှု ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပါတီ (အင်န်နယ်လ်ဒီ) ပါ။ စေတနာရှင်တွေရဲ့ တတ်အားသမျှ အလှူဒါနအပေါ်မှာသာ မှီခိုကြရပါတယ်။ ပုဂ္ဂလိက လုပ်ငန်းရှင်တွေ၊ တဦးချင်း အလှူရှင်တွေ နဲ့ နယ်ခြားမဲ့ ဆရာဝန်များရဲ့ လက်တံတခုဖြစ်တဲ့ (ဒတ်ခ်ျ) က AZG တို့ ဖြစ်ပါတယ်။

မအေးမိစန်းဟာ ကိုယ်ဝန် ၅ လကတည်းက HIV ပိုးရှိခဲ့တာပါ။ သူ့ယောက်ျားဆီကနေကူးလာတာမို့ မိဘတွေက သိတာနဲ့ လင်-မယားကို အတင်းခွဲကြပါသေးတယ်။ နောက်ဆုံးမှာတော့ သူလဲ ဝေဒနာလည်ဘဲလေဆိုပြီး ပြန်ပေါင်းထုတ်ခဲ့ကြတယ်။

"ကျမမှာ HIV ရှိတယ်လဲ သိရော ကျမ သေသွားချင်မိတယ်။" "ကျမမှာ ဘာမှ အားကိုးစရာ မရှိတော့ဘူးလို့ ခံစားရတယ်။ ဘယ်သူကမှလဲ လာကူကြမယ်လို့လဲ ထင်ကိုမထင်မိဘူး။"

HIV ဆိုတာ ဒီတိုင်းပြည်ထဲမှာ သိတဲ့သူ အတော်နည်းပါသေးတယ်။ လူနာအများစုက မိသားစုကနေ စွန့်ပြစ်လိုက်ရင် သွားစရာဆိုလို့ ဘယ်မှာမ မရှိကြပါ။ ကိုရာဇာအဆိုအရ မရေမတွက်နိုင်တဲ့ တခြားသူတွေဟာလဲ ဒါ့ကြောင့် ကိုယ့်မှာ ပိုး-ရောဂါ ရှိနေတာကို ဘယ်တော့မှ ထုတ်မပြောကြတော့ဘူး။ ဒီတော့ တာဝန်ရှိသူတွေကနေ စာရင်းဇယား အတိအကျ ကောက်ရဘို့ဆိုတာ ခက်ခဲလွန်းပါတယ်။

ဆေးခန်းလေးကနေ လူထုကို HIV အကြောင်း ပညာပေးတာတွေလဲ လုပ်နေပါတယ်။ ကိုရာဇာပြောတာက “(ကွန်ဒွမ်) ဝယ်ရတာ ရှက်စရာလို့ ထင်နေကြတုံးဘဲဗျာ။ တချို့ကတော့ ကိစ္စမရှိပါဘူး။”

မကြာသေးခင်ကမှ အာဏာပိုင်တွေကနေ HIV/AIDS ပြဿနာကို ထုတ်ပြော-ဝန်ခံလာပါတယ်။ UNAIDS နဲ့တွဲလုပ်ခဲ့တဲ့ (ဆီမီနာ) မှာ မကြာခင်ကတက်လာတဲ့ အရပ်ဝတ် အစိုးရကနေ ၅ နှစ်စီမံကိန်းတခုကို သဘောတူခဲ့ပါတယ်။ အယူ လွဲမှားတာတွေနဲ့ ရောဂါကူးစက်တာတွေ လျှော့ချဘို့ ဖြစ်ပါတယ်။

ကမ္ဘာ့ကုသမဂ္ဂ ကျန်းမာရေးအဖွဲ့ကြီးအဆိုအရ ၂ဝဝ၉ ခုနှစ်ထဲ မြန်မာနိုင်ငံမှာ HIV ပိုးရှိနေသူပေါင်း ၂ သိန်း၊ ၄ သောင်း လောက် ရှိပါမယ်။ အရှေ့တောင်အာရှတခုလုံးဆိုရင် ၃ သန်းခွဲရှိတယ်။

မြန်မာနိုင်ငံမှာ HIV နှိမ်နင်းရေးကို ပိုပြီး ဆိုးဝါး-ခက်ခဲစေတာကတော့ ပဝေသဏီကတည်းက ငွေကြေး လုံလောက်အောင် ချထားခြင်း မရှိတဲ့ အားနည်းလှတဲ့ ကျန်းမာရေးစနစ်ပါဘဲ။ ကမ္ဘာမှာ ကျန်းမာရေး အသုံးစရိတ် အနည်းဆုံး နိုင်ငံတွေထဲမှာ ပါတယ်။ WHO အရ တနှစ်မှာ ၂၃ ဒေါ်လာသာ ရှိပါတယ်။ ယှဉ်ကြည့်ရင် ထိုင်းနိုင်ငံက ၃၄၅ ဒေါ်လာ သုံးနိုင်ပါတယ်။

ဒေသခံတွေ အဆိုအရ ကောင်းမွန်သင့်မြတ်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုဆိုတာ ချမ်းသူသူတွေအတွက်သာဖြစ်ပြီး ပြည်သူ့ ဆေးရုံတွေမှာ လိုအပ်တာတွေ ဆေးဝါးကရိယာတွေ ဘာမှမရှိပါ။ တောနယ်တွေနဲ့ နယ်စပ်ဒေသတွေမှာဆိုရင် ပိုပြီး ဆိုးဝါးလွန်းလှပါတယ်။ အစိုးရနဲ့ လက်နက်ကိုင်အဖွဲ့တွေ (ဥပမာ ကရင်) နှစ်ပေါင်းရှည်ကြာ တိုက်ပွဲတွေ ဖြစ်နေလို့ ဖြစ်ပါတယ်။

Victims of Myanmar's HIV/AIDS struggle
By Paul Hancocks, CNN
December 19, 2011 -- Updated 0246 GMT (1046 HKT)

Yangon, Myanmar (CNN) -- Ma Soe Soe Kyi's skeletal frame is visible above her blanket; she is too weak to keep her eyes open. Her husband waves away the flies and looks on helplessly.

Kyi is HIV positive and finally getting help and medication from a private HIV clinic in Yangon, Myanmar. There are 60 patients here -- the oldest is 70 years old, the youngest just three months.

Ko Yar Zar is one of the founders of the clinic and tells CNN they used to have to move the operation from house to house and stay secret for fear of being shut down by the brutal military junta.

"Without this clinic, these people would die," he says.

The clinic was started by pro-democracy leader Aung San Syi Kyi's party, the National League for Democracy. It relies heavily on donations from private enterprises, individuals and AZG, the Dutch arm of Doctors without borders. Ma Aye Mi San is HIV positive and five months pregnant. Infected by her husband, her parents forced them apart when they found out. She has since reconciled with him, saying he is suffering too.

"After I heard I have HIV, I wanted to die," she says. "I felt it was hopeless, I never knew anyone could help me."

HIV is little understood in this country, many of the patients here have nowhere else to go after being ostracized by their families.

Countless others, according to Zar, never admit to carrying the disease for that reason, making an accurate assessment of the scale of the problem in Myanmar very difficult.

The clinic holds seminars to try and educate the public about HIV. Zar says there is shame attached to buying condoms, so most people don't bother.

Only recently have authorities in Myanmar admitted to an HIV/AIDS problem in the country. At a seminar jointly held with UNAIDS, the joint United Nations Programme on HIV/AIDS, officials from the newly installed civilian government agreed on a five year plan to reduce stigma and spread of the disease.

According to the World Health Organization (WHO), around 240,000 people were HIV positive in Myanmar in 2009 -- from an estimated 3.5 million across South East Asia.

Dealing with HIV in Myanmar is exacerbated by a weak health system chronically under-funded for decades. Spending on health in this country is among the lowest in the world -- just $23 spent per capita, according to the World Health Organization. That compares to $345 per capita in neighboring Thailand.

Local residents say decent healthcare is reserved for the rich and the civilian hospitals lack basic facilities and equipment. The health situation is even more dire in rural areas and the tense border areas -- which has suffered from years of conflict between government forces and Karen insurgents.

http://edition.cnn.com/2011/12/18/world/asia/myanmar-hiv/index.html?hpt=ias_t2