Sunday, January 29, 2012

Liver blood tests အသဲအခြေအနေ သိချင်ရင် သွေးစစ်ပါ

Sat, Jan 28, 2012 at 3:28 PM
ကျွန်တော်သည် နိုင်ငံခြားသွားရန် ဆေးစစ်တဲ့အခါ Liver GPT တွင် 54 ဖြစ်နေပါသည်။ သူ့သတ်မှတ်ချက်မှာ 47 ထက် ကျော်လို့မရပါ။ ဒါကြောင့် ကျွန်တော် ဆေးမအောင်ပဲ ဖြစ်သွားပါသည်။ Liver GOT တွင် အောင်မြင်ပါသည်။ GPT ကျမှ သတ်မှတ်ချက် ကျော်လွန်သွားပါသည်။ ဘာရောဂါ ဖြစ်ပါသလဲ။

သွေးစစ်ကြတယ်ဆိုတာထဲမှာ အသဲအခြေအနေကိုသိဘို့ Liver blood tests စစ်တာဟာ သမားရိုးကျဖြစ်တယ်။ Liver functions အသဲအလုပ်လုပ်နိုင်ပုံနဲ့ Liver injury အသဲကိုထိခိုက်မှုတွေကို သိနိုင်လို့ပါ။ အရင်ဆုံး သွေးထဲမှာ Liver enzymes (အင်ဇိုင်းမ်) ခေါ်တဲ့ (ပရိုတင်း) တွေ ရှိနေတာကို စစ်ရတယ်။

နေကောင်းနေတဲ့အချိန်မှာ ဒါတွေက အသဲရဲ့ (ဆဲလ်) တွေထဲမှာသာရှိနေကြတယ်။ တခုခုဖြစ်လာမှသာ အသဲထဲကနေ သွေးထဲကို ရောက်လာကြတယ်။ အများဆုံးစစ်နည်းဟာ Aminotransferases (အမိုင်နိုထရန်စဖါရေ့စ်) တွေ ဖြစ်တယ်။ Transaminase လို့လဲခေါ်သေးတယ်။ Glycogen (ဂလိုင်ကိုဂျင်) လို့ခေါ်တဲ့ (အင်နာဂျီ) (မော်လီကျူး) တွေ အသဲထဲမှာ သိုလှောင်ထားဘို့ရာ ဓါတ်ပြောင်းလဲရေးအတွက် လုပ်ပေးကြတယ်။ အတိအကျဆိုရင် Aminotransferase (AST = SGOT) နဲ့ Alanine aminotransferase (ALT = SGPT) လို့ခေါ်တယ်။

ဒီ ၂ မျိုးအပြင် တခြား (အင်ဇိုင်းမ်) တွေလဲ ရှိသေးတယ်။ Alkaline phosphatase, 5'-nucleotidase, Lactate dehydrogenase (LDH) နဲ့ Gamma-glutamyl transpeptidase (GGT) ဆိုတာတွေလဲ ရှိသေးတယ်။

နေကောင်းနေသူမှာလဲ AST (SGOT) တွေက အသဲအပြင် နှလုံး၊ ကျောက်ကပ်၊ သရက်ရွက်၊ ဦးနှောက် နဲ့ ကြွက်သားတွေထဲမှာလဲ ရှိနေတယ်။ ဒီ (တစ်ရှူး) တွေ ထိခိုက်မှုရှိရင်လဲ သွေးထဲ ရောက်လာမယ်။ ဒါ့ကြောင့် သွေးစစ်လို့ ဒါတွေ များနေတိုင်း အသဲတခုထဲကို စဉ်းစားရင် မှန်ချင်မှမှန်မယ်။ အသဲမှာရှိတာက ပိုများလို့ အသဲကို အရင်စဉ်းစားတယ်။

လူတယောက်နဲ့ တယောက်မတူနိုင်ဘူး။ BMI ခေါ်တဲ့ အရပ်နဲ့ အလေးချိန် အချိုးအပေါ်မူတည်တယ်။
• ပုံမှန် AST (SGOT) = 5 to 40 units/L ရှိတယ်။
• ပုံမှန် ALT (SGPT) = 7 to 56 units/L ရှိတယ်။
တချို့ ဓါတ်ခွဲခန်းနည်းက
• ပုံမှန် AST (SGOT) = 2-45 IU/L သတ်မှတ်ပြီးတယ်။
• ပုံမှန် ALT (SGPT) = 2-40 IU/L သတ်မှတ်တယ်။

ဒါတွေများနေတိုင်း အသဲတခုထဲကို အပြစ်ရှာလို့မရသလို အသဲဖြစ်နေအုံးတော့ များတာနဲ့ ရောဂါဆိုးတာ လို့ပြောလို့ ရချင်မှရတယ်။ လူတွေအများကြီးဖြစ်လေ့ရှိတဲ့ အသဲရောင် (အေ) ဖြစ်နေသူတယောက်မှာ ထောင်ဂဏန်း ရှိနေနိုင်တယ်။ (အေ) က ဆေးမကုဘဲလဲ ပျောက်နိုင်တယ်။ (စီ) ပိုးရှိနေသူတယောက်မှာ ဒီဟာတွေက နဲနဲသာတက်ပေမဲ့ တချိန်မှာ အသက်ကိုပါ ထိခိုက်စေနိုင်တယ်။

ALT and AST levels တွေစစ်တာကို Liver function tests (LFT) လို အသဲအလုပ်ပြစစ်ဆေးခြင်းလို့ ခေါ်ကြပေမဲ့ ထိခိုက်မှုရှိလို့ ရောင်ရမ်းခြင်း ရှိ-မရှိကိုသာသိစေတယ်။ ဒါတွေများနေပေမဲ့ အသဲက အလုပ်ကောင်းကောင်း လုပ်နိုင်နေသေးတာလဲ ရှိတယ်။

Liver function အသဲအလုပ်ကို တကယ်တန်း သိစေနိုင်တဲ့စစ်နည်းတွေကတော့ -
• Coagulation panel ခေါ်တယ်။ Prothrombin time (PT) နဲ့ International normalized ratio (INR) တွေ ဖြစ်တယ်။ သွေးရဲ့ခဲနိုင်စွမ်းကို ပြတယ်။ သွေးဆိုတာ သွေးကြောထဲကနေ ထွက်တာနဲ့ ခဲသွားရမယ်။ ဒါမှသာ သွေးဆက်မယိုနိုင်တော့ဘူး။ သွေးကို ခဲစေနိုင်စွမ်းရှိတဲ့ Clotting factors တွေကို အသဲကနေ ထုတ်ပေးနေတာ ဖြစ်တယ်။ အဥမကောင်းရင် နည်းနေမယ်။
• သွေးထဲမှာ Albumin (အယ်လ်ဗြူမင်) ဆိုတာက အလုပ်တွေ အများကြီးနဲ့ ဆိုင်တယ်။ အသဲကနေ လုပ်ပေးနေတယ်။ ဒါတွေသွေးထဲမှာ နည်းနေရင် Chronic liver disease နာတာရှည်အသဲရောင်နေတယ်လို့ ပြောနိုင်တယ်။
• သွေးနီဥတွေ ပျက်စီးတာ၊ အသစ်လဲတာကနေ ဘေးထွက်ပစ္စည်းအဖြစ် Bilirubin (ဘီလီရူဘင်) ဆိုတာ ထွက်လာတယ်။ အသဲကနေ Bile သည်းခြေရည်ထဲမှာပါနေမယ်။ ဒါတွေများနေတာကလဲ အသဲ ကောင်းကောင်း အလုပ်မလုပ်တာကို ပြနေတာဘဲ။
• Platelet count သွေးမှုံအရေအတွက် နည်းနေတာကလ အသဲရောဂါ နောက်ပိုင်းရောက်နေတာကို ပြတာဘဲ။

လူကောင်းတွေကို အမှတ်မထင်စစ်ရင်းနဲ့ Liver enzymes တွေ နည်းနည်းကနေ အသင့်အတင့်အထိ များနေတာ တွေ့ရနိုင်တယ်။ ရောဂါရယ်လို့ မခေါ်နိုင်သေးတဲ့ Fatty liver အသဲအဆီဖုံးလို့ခေါ်တာဆိုရင် ပုံမှန်ရှိရမဲ့ အများဆုံး ဂဏန်းထက် ၂ ဆကနေ ထောင်ဂဏန်းအထိ ရှိနိုင်တယ်။ အရက်သောက် များသူတွေမှာ ဖြစ်ကြတယ်။ နောက်ပြီး ဆီးချို ရှိသူနဲ့ လူအဝလွန်သူတွေမှာလဲ ရှိနိုင်တယ်။ အရေးကြီးတဲ့ နာတာရှည် Chronic hepatitis B နာတာရှည် အသဲရောင် (ဘီ) နဲ့ Hepatitis C (စီ) တွေဆိုရင်လဲ အဲလိုပြမယ်။

ဒါတွေအပြင် ဆေးတွေကြောင့်လဲ များနေနိုင်တယ်။
• အနာ-အကိုက်-အဖျားသက်သာဆေးတွေဖြစ်တဲ့ Aspirin, Acetaminophen, Ibuprofen, Naproxen, Diclofenac နဲ့ Phenylbutazone တွေဖြစ်တယ်။
• အတက်ကျဆေးတွေဖြစ်တဲ့ Phenytoin , Valproic acid, Carbamazepine နဲ့ Phenobarbital တွေ၊
• ပဋ္ဋိဇီဝဆေးတွေ Tetracyclines, Sulfonamides, Isoniazid, Sulfamethoxazole, Trimethoprim, Nitrofurantoin, Fluconazole နဲ့ Anti-fungals မှိုဆေးတွေ၊
• Cholesterol (ကိုလက်စထော) ကျဆေးတွေ = Lovastatin, Pravastatin, Atorvastatin, Fluvastatin, Rosuvastatin, Simvastatin နဲ့ Niacin
• နှလုံးရောဂါသုံးဆေးတွေ = Amiodarone (Cordarone), Hydralazine နဲ့ Quinidine
• Antidepressant drugs စိတ်ကျဆေး Tricyclic type အမျိုးအစားတွေ။

Acute viral hepatitis A or B အသဲရောင် (အေ) နဲ့ (ဘီ) ရက်တိုအတွင်းမှာ ဖြစ်နေတာဆိုရင် အသဲ (ဆဲလ်) တွေ အများကြီး အမြန်ပျက်စီးကြလို့ AST နဲ့ ALT တွေ အများကြီးတက်နေမယ်။ ၁ဝ ဆကနေ ထောင်ဂဏန်းအထိရှိနိုင်တယ်။ Paracetamol (ပါရာစီတမော) ဆေး အဆိပ်သင့်တာနဲ့ မှိုဆိပ်သင့်တာတွေကြောင့်လဲ များနေနိုင်တယ်။ အသဲကို သွေးလုံလောက်အောင် မရောက်စေနိုင်တဲ့ အခြေအနေမျိုးမှာလဲ ဖြစ်နိုင်တယ်။ ကြွက်သားရောဂါ ဆိုးဝါးသူတွေမှာလဲ အဲလိုဘဲ။ အဖြစ်နည်းတဲ့ ရောဂါတွေကတော့ မွေးရာပါ Hemachromatosis, မွေးရာပါ Wilson's disease, မွေးရာပါ Alpha-1-antitrypsin deficiency, Celiac disease, Crohn's disease, Ulcerative colitis နဲ့ Autoimmune hepatitis တွေဖြစ်တယ်။

• Hepatitis C (စီ) က Hepatitis B (ဘီ) ထက်ပိုပြီး (အင်ဇိုင်းမ်) များနေတာဖြစ်နိုင်တယ်။ တခြားအသဲရောင် (ဒီ) နဲ့ (အီး) တွေကနေလဲ များနေနိုင်တယ်။
• Hepatocellular carcinoma or Hepatoma အသဲကင်ဆာရှိလို့ (အင်ဇိုင်းမ်) များနေတာက ရှားတယ်။
• အရက်ကြောင့်အသဲမှာဖြစ်နေရင် AST က 300 units/liter အောက်နဲ့ ALT က 100 units/ liter အောက် ရှိတတ်တယ်။ ဒါ့ကြောင့် အရက်၊ ဆေးဝါး နဲ့ လူအဝလွန်တာတွေကိုလဲ စဉ်းစား ကုသရမယ်။
• အဲဒါတွေမဟုတ်ရင် Hepatitis B နဲ့ C virus ကိုစစ်ရမယ်။
• အဲဒါလဲမဟုတ်ရင် Iron သွေးထဲက သံဓါတ်ကိုလဲစစ်ရမယ်။ များနေရင် Hemachromatosis ရောဂါ ဖြစ်မယ်။
• သွေးထဲမှာ Ceruloplasmin နည်းနေရင် Wilson's disease ဖြစ်နိုင်တယ်။
• Autoimmune hepatitis ရောဂါဆိုရင် Anti-nuclear antibody, Anti-smooth muscle antibody နဲ့ Anti-liver and kidney microsome antibody တွေ များနေမယ်။
• Ultrasound and CT scan ရိုက်ရင် ကင်ဆာ ရှိရင်တွေ့မယ်။
• Gallstones သည်းခြေကျောက် နဲ့ ကင်ဆာအကျိတ်ကနေ သည်းခြေပြွန်ကိုပိတ်နေတာ ရှိနေရင်လဲ တွေ့မယ်။
• Liver biopsy အသဲက အစလေးထုတ်စစ်တာလဲ လိုအပ်ရင်လုပ်မယ်။

AST:ALT အချိုးချကြည့်ရင် အကြမ်းဖျဉ်း ၁ ဖြစ်နေရတယ်။
AST:ALT ratio အချိုးက 2:1 ထက်များနေရင် အရက်ကြောင့် အသဲထိခိုက်နေတယ်။
AST:ALT အချိုးက ၁ ဖြစ်နေပေမဲ့ AST က ALT ထက်များနေရင် Cirrhosis အရက်မသောက်ဘဲ အသဲခြောက်နေတာ ဖြစ်နိုင်တယ်။

ဒီသွေးစစ်နည်းကို ဆရာဝန်တွေက -
၁။ ဆေးကုဘို့ပြင်ဆင်တာ၊
၂။ ဆေးကုသနည်းရဲ့ထိရောက်မှု နဲ့
၃။ ဘယ်လောက်အထိ ပျက်စီးနေတာသိဘို့အတွက် လုပ်တယ်။

မေးတဲ့သူပြောသလို နိုင်ငံခြားသွားဘို့ ဆေးစစ်တာမှာလဲ လုပ်ပါသတဲ့။

Dr. တင့်ဆွေ
၂၉-၁-၂ဝ၁၂

Tuesday, January 24, 2012

Neonatal jaundice မွေးစကလေး အသားဝါခြင်း

January 23, 2012 6:59 PM
ဆရာရှင့် သမီးအစ်မက ၂ဝ ရက်နေ့က မန္တလေးက (့) ဆေးရုံမှာ ယောက်ျားလေး မွေးခဲ့ပါတယ်ရှင့်။ ဘေးအခန်းနဲ့ မျက်နှာချင်းဆိုင်အခန်းက ကလေးတွေက အသားဝါ ပါလို့ ဓါတ်ကင်တာကို တွေ့ ရပါတယ်။ အစ်မရဲ့ ကလေးကတော့ ၃ ရက်နေမှ သွေးဖောက်ကြည့်တော့ အသားဝါပါလို့ သွေးလဲရပါတယ်ရှင့်။ အဲဒါဟာ ဘာကြောင့်ပါလဲရှင့်။ ကိုယ်ဝန်ဆောင်ချိန်အတွင်းမှာ စားသောက်နေထိုင်မှုနဲ့ ဆိုင်ပါသလားရှင့်။ ဒါမှမဟုတ် ကူးစက်မှုတစ်ခုလား။ မွေးလာမယ့် ကလေးမှာ အသားဝါ မပါအောင် ဘယ်လို လုပ်သင့်ပါသလဲရှင့်။

အသားဝါကို ခေါ်တဲ့ Jaundice (ဂျွန်းဒစ်) ဆိုတာ ပြင်သစ်စကားကနေလာတယ်။ ကလေးအရေပြားမှာ Bilirubin (ဘီလီရူဘင်) ခေါ်တဲ့ အရောင်ရှိ ဓါတ်တွေ များနေလို့ ဖြစ်တယ်။ လူတိုင်းမှာ ရှိတာပါဘဲ၊ ကလေးမှာ များနေလို့။ ကလေးတိုင်း ၅ဝ-၆ဝ% က မွေးပြီး တပါတ်အတွင်းမှာ အသားဝါကြတယ်။ မွေးစကလေး အသားဝါတာကို ဆေးစာနဲ့ Neonatal jaundice ခေါ်တယ်။ သွေးစစ်ကြည့်ရင် Bilirubin level က 85 umol/l (5 mg/dL) ထက် များနေတာ ဖြစ်တယ်။ လူကြီးတွေမှာတော့ 34 umol/l (2 mg/dL) ဆိုရင် အသားဝါနေတယ်လို့ ပြောတယ်။

Causes ဖြစ်စေတဲ့ အကြောင်းတွေက -
1. Increase bilirubin load on liver cells: အသဲ (ဆဲလ်) တွေမှာ (ဘီလီရူဘင်) များလာလို့၊
2. Defective hepatic uptake of bilirubin from blood plasma: သွေးထဲက (ဘီလီရူဘင်) တွေကို အသဲကနေ လုံလောက်အောင် မယူနိုင်လို့၊
3. Defective billirubin conjugation: (ဘီလီရူဘင်) ကို အသဲကနေ ပေါင်းစပ်ပေးမှုမှာ ချို့ယွင်းလို့၊
4. Defective bilirubin excretion (ဘီလီရူဘင်) တွေကို စွန့်ထုတ်ပြစ်တာ မနိုင်လို့ ဆိုတဲ့အကြောင်းတရားတွေကြောင့် အသားဝါရတယ်။

မွေးစကလေး အသားဝါတာ (၄) မျိုးရှိတယ်။
(၁) Physiological jaundice ဇီဝကမ္မဖြစ်စဉ်အရ ဖြစ်လာတာမျိုး၊ ဆေးကုစရာ မလိုပါ။ သန္ဓေသားဘဝက သွေးတွေကို အသစ်လဲရာကနေ သွေးနီဥတွေ ပျက်စီးတဲ့အခါ (ဟီမိုဂလိုဘင်) ထဲက (ဘီလီရူဘင်) တွေထွက်လာပြီး၊ သွေးထဲရောက်မယ်။ အသဲမှာ ပြောင်းလဲမှုတွေ လုပ်တယ်။ မလိုတာတွေ ဝမ်းထဲကနေ စွန့်ထုတ်တယ်။ အသဲကနေ (ဘီလီရူဘင်) ကို နိုင်အောင် မရှင်းနိုင်သေးလို့ ၂-၃ ရက်ဆို ဝါလာမယ်။ ၁-၂ ပါတ်နေရင် ကောင်းသွားမယ်။
(၂) Blood group incompatibility (Rh or ABO problems) သွေးအုပ်စုမတည့်လို့ဖြစ်တာ၊ မိခင်သွေးက မတူရင် ကလေးရဲ့သွေးနီဥတွေကို ဖျက်ဆီးတာမျိုးဖြစ်စေတယ်။ အဲလိုဖြစ်ရင် ကလေးသွေးထဲမှာ (ဘီလီရူဘင်) တွေ များလာတယ်။ ဆိုးတယ်။ ၂၄ နာရီအတွင်းမှာ သိသာလာမယ်။ Rh ကြောင့်ဖြစ်တာအတွက် အခုခေတ်မှာ မိခင်ကို ကလေးမွေးပြီး ၇၂ နာရီအတွင်း RhoGAM ထိုးပေးတယ်။ နောက်ကလေးတွေအတွက် ကာကွယ်ပြီးသား ဖြစ်သွားမယ်။
(၃) Breast-feeding jaundice နို့ဗူးတိုက်လို့ဖြစ်တဲ့ အသားဝါ၊ ကလေးကို နို့လိုသလောက် မတိုက်ရင်ဖြစ်မယ်။ အဲဒါမျိုးက ၅-၁ဝ% ရှိတယ်။ မွေးကာစကလေးတွေမှာ လူကြီးတွေလို အူထဲမှာ (ဗက်တီးရီးယား) မရှိသေးဘူး။ လူကြီးတွေဆိုရင် ပိုးတွေကနေ Conjugated bilirubin ဆိုတာကို Stercobilinogen အဖြစ်ပြောင်းပေးမယ်။ နောက်ဆုံး Stercobilin အနေနဲ့ ဝမ်းထဲမှာ ပါသွားတယ်။ ကလေးငယ်လေးတွေမှာ အဲလိုဖြစ်မလာနိုင်သေးဘူး။
(၄) Breast-milk jaundice မိခင်နို့တိုက်ရာကနေဖြစ်တာ ၁-၂% ရှိတယ်။ ၄-၇ ရက်မှာပြတယ်။ ၃-၁ဝ ပါတ်အထိ ကြာတယ်။ အန္တရာယ် မရှိပါ။ တချို့ မိခင်တွေရဲ့နို့ထဲမှာ Progesterone (ပရိုဂျက်စတီရုန်း) ဟော်မုန်းနဲ့ဆိုင်တာ ပါနေတယ်။ ကလေးအူကနေ (ဘီလီရူဘင်) တွေကို ပြန်စုပ်ယူစေလို့ ဖြစ်ရတယ်။ နောက်ပြီး နို့ထဲမှာ Lipoprotein lipase ခေါ်တဲ့ (အင်ဇိုင်းမ်) ပါနေတယ်။ ဒါကနေ Bilirubin ဖြစ်စဉ်ကို ထိခိုက်စေတယ်။ ကလေးဝမ်းချုပ်ရင်လဲ ရှင်းထုတ်တာ နှေးလို့ ဖြစ်နိုင်တယ်။ ဗိုက်ထဲတုံးကတော့ အချင်းကတဆင့် စွန့်ထုတ်တာ လုပ်ပေးတယ်။

လမစေ့ဘဲမွေးတာနဲ့ ကိုယ်အလေးချိန် မပြည်တဲ့ကလေးတွေမှာ ပိုဖြစ်ကြရှာတယ်။ ကလေးအသားဝါရင် သွေးကို အချိန်တန်တိုင်း Bilirubin levels စစ်နေရမယ်။ သွေးထဲမှာ Unconjugated bilirubin ဆိုတဲ့ အသဲကနေ ပေါင်းစပ်ပေးတာ မလုပ်ရသေးတဲ့ (ဘီလီရူဘင်) အမျိုးအစားတွေ များနေမယ်။ မွေးကာစကလေးတိုင်း ပဌမပါတ်မှာ 30 µmol/L (1.8 mg/dL) မက ရှိကြတယ်။ များနေတာကို Hyperbilirubinemia ခေါ်တယ်။ ကလေးကို ထိခိုက်စေနိုင်တယ်။ ဆေးကုဘို့လို-မလို ကလေးအထူးကု ဆရာဝန်ကနေ ဆုံးဖြတ်ပါမယ်။

Pathological jaundice ဆေးကုစရာလိုတဲ့ အသားဝါဆိုတာ ၂၄-၄၈ နာရီအတွင်း တွေ့ရမယ်။ သွေးဆက်စစ်နေတဲ့အခါ -
- Total bilirubin က တနာရီမှာ 8.5 umol/l (0.5 mg/dL) ထက်များနေတာ၊
- Total bilirubin က ၂၄ နာရီမှာ (85 umol/l) 5 mg/dL ရှိနေတာ၊
- Total bilirubin 331.5 umol/l (19.5 mg/dL) မကရှိနေတာ၊
- Direct bilirubin 34 umol/l (2.0 mg/dL) မကရှိနေတာတွေဆိုရင် ဆေးကုရမယ်။

တခြားဖြစ်နိုင်ခြေတွေလဲ ထည့်တွက်ရမယ်။
- ဗိုက်ထဲမှာ ကလေးက ချို့ယွင်းချက် တခုခုရှိတာ။ ရောဂါပိုးဝင်တာ၊ Biliary atresia, PFIC, Bile duct paucity, Alagille's syndrome, Alpha 1 နဲ့ Cystic fibrosis or hepatitis အသဲရောဂါရှိနေရင်၊
- Hemolytic anemia, polycythemia သွေးအားနည်းရောဂါတွေနဲ့ သွေးရောဂါတွေ၊ Abnormal RBC သွေးနီဥ ပုံစံမမှန်ရင်၊
- Cephalohematoma မွေးတုံးက ခက်ခဲလို့ ခေါင်းထဲမှာ သွေးခဲတာ ဖြစ်နေရင်၊
- Rubella ဂျာမန် ဝက်သက်၊ Syphilis (ဆစ်ဖလစ်) စတဲ့ကူးစက်ရောဂါတွေ၊
- မိသားစုထဲမှာလဲ အဲလိုမျိုးရှိဘူးတာ၊ မအေမှာ ဆီးချိုရှိနေရင်၊ (ဆာလ်ဖါ) ဆေး၊ ငှက်ဖျားဆေး၊ လိင်ဟော်မုန်းတွေနဲ့ စိတ်ရောဂါဆေးတွေ၊ (ကလေး ၂ လအောက်ကို (ဆာလ်ဖါ) ပါတဲ့ဆေး မပေးရပါ။)

ဆေးစစ်ရင်
- Complete blood count
- Coomb's test
- Reticulocyte count တွေကို စစ်ဆေးနိုင်တယ်။

မွေးစကလေးတွေမှာ အသားဝါတိုင်း စိုးရိမ်စရာမလိုပါ။ ဆေးကုစရာမလိုတာ များတယ်။ ၃ ရက်နေရင် စသိသာပြီး ၁၄-၁၅ ရက်နေရင် ပျောက်သွားတာတယ်။ မျက်နှာကစ သိသာတယ်။ နောက် ရင်ပတ်၊ ဗိုက်၊ ခြေ-လက်၊ အကုန်ပါဘဲ။ မျက်လုံးကို ကြည့်ရင် သိမယ်။ လက်နဲ့အသာလေးဖိပြီး စစ်ဆေးရင် ဝါတာကို ပိုမြင်သာတယ်။ ရေတိုက်တာနဲ့ နေရာင် ပြပေးတာနဲ့ လုံလောက်ကြတာ များတယ်။ ၂-၃ နာရီတခါ၊ တနေ့မှာ ၁၂ ကြိမ် နို့တိုက်ပါ။ တချို့အခြေအနေမှာ မိခင်နို့ကို အတိုက်မခိုင်းဘူး။ ရေခဏခဏတိုက်ပေးပါ။ ဝမ်းသွားများတာ ကောင်းတယ်။ လိုအပ်ရင် ဝမ်းခြူပေးပါ။

Phototherapy အလင်းရောင်ပေး ကုသနည်းကို အင်္ဂလန် Rochford Hospital ဆေးရုံကနေ စသုံးခဲ့တယ်။ လမစေ့မွေးတဲ့ ကလေးတွေကို ပြုစုပေးတဲ့ သူနာပြုဆရာမကြီးကနေ စတာဖြစ်ပါတယ်။ နောက်ပိုင်းမှာ အရောင်ပါတဲ့ မီးချောင်းတွေ သုံးလာတယ်။ အပြာရောင်ကို အသုံးအများဆုံးဘဲ။ ကလေးမျက်စိကို ဖုံးထားရမယ်။ တနေ့မှာ ၁ဝ-၁၂ ကြိမ်၊ တခါလုပ်ရင် ၂-၃ နာရီကြာတယ်။ အလင်းရောင်ပေးကုသနေတုံးလဲ နို့တိုက်နိုင်တယ်။ တချို့ဆေးရုံတွေက ဒီအချိန်မှာ သွေးကြောထဲကနေ အဟာရဖြည့်တာသာ လုပ်ပေးတယ်။

သိပ်မဆိုးရင် အိမ်မှာတင် Biliblanket ကိုသုံးနိုင်တယ်။ Fiber optics နဲ့လုပ်ထားတယ်။ သဘာဝ နေရောင်ထဲက Ultraviolet light therapy ခရမ်းလွန်ရောင်ခြည်ကနေ မှဲ့ပေါက်မလား စိုးရိမ်ရတယ်။ Total serum bilirubin 428 umol/l (25 mg/dL) ထက် များတဲ့ကလေးကို Exchange transfusions သွေးလဲ ကုသပေးရတယ်။

ကလေးမှာ အသားဝါတာ သိပ်ကြာနေရင် Kernicterus ဦးနှောက်ထိခိုက်တဲ့ရောဂါ ဖြစ်နိုင်တယ်။ အမေရိကားမှာ ကလေး နှစ်သိန်းရှိရင် Kernicterus ဖြစ်တဲ့ကလေး ၃ ယောက်ရှိတယ်။ ယောက်ျားလေးတွေမှာ ပိုဖြစ်တယ်။ ကိုယ်ပူမယ်၊ တက်နိုင်တယ်။ ကလေးက တအား ငိုမယ်။ အသဲ နဲ့ ဘေလုံးကြီးနေမယ်၊ သွေးခြည်ဥလေးတွေ တွေ့မယ်၊ ခေါင်း (ဦးနှောက်) ငယ်နေမယ်။ တချို့လေးတွေမှာ Cerebral palsy မျက်နှာလေဖြတ်တာ နဲ့ Deafness နားမကြားတာလဲ ဖြစ်နိုင်တယ်။

မွေးမဲ့ကလေး ဆေးကုရမဲ့ အသားဝါ မဖြစ်အောင် ကိုယ်ဝန်ဆောင်တိုင်း Blood type သွေးအုပ်စု နဲ့ Unusual antibodies တွေ့နေကျ မဟုတ်တဲ့ (အင်တီဘော်ဒီ) တွေရှိ-မရှိ စစ်ထားသင့်တယ်။ သွေးအုပ်စုက O+ ဖြစ်နေတာလဲ သတိထားရတယ်။ Rh negative ဖြစ်နေရင် ကလေး ချက်ကြိုးကနေ စစ်တာ လုပ်သင့်တယ်။

Dr. တင့်ဆွေ
၂၃-၁-၂ဝ၁၂

Monday, January 23, 2012

ASO ဆိုတာ

Sun, Jan 22, 2012 at 2:01 PM
ဆရာ ကျွန်မက အသက်က ၂၉ နှစ် ကိုယ်ဝန်ဆောင်မိခင်ပါ။ အရင်က လေးဘက်နာပိုး 400 ရှိပါတယ်။ ကိုယ်ဝန်ရှိမှန်း သိသိချင်းမှာပဲ လေးဘက်နာ ပြနေကြဆရာဝန်နဲ့ ပြကြည့်ပါတယ်။ ပန်နဆီလင်ထိုးလို့ရတယ်ဆိုလို့ ၁ လုံးထိုးထားပါတယ်ဆရာ။ ၁ လတစ်ခါ ထိုးဖို့ပြောပါတယ်။ ကျွန်မ ကိုယ်ဝန်အတွက်စိတ်ပူလို့ပါဆရာ။

လေးဘက်နာပိုးဆိုတာ အခေါ်မမှန်ပါ။ ပိုးကတခြား၊ ၄ဝဝ ဆိုတာတခြား ဖြစ်ပါတယ်။ ပိုးဆိုတာ Streptolysin O ဗက်တီးရီးယား ဖြစ်တယ်။ Group A အုပ်စုဝင်ပိုးမျိုးဖြစ်ပြီး O ဆိုတာ အောက်စီဂျင် ဒါ့ကြောင့် Oxygen-labile hemolytic toxin ခေါ်တဲ့ အဆိတ်အတောက်တွေ ထုတ်ပေးတဲ့ပိုမျိုး ဖြစ်တယ်။ ဆေးစာမှာ ASO ကို ASLO လို့လဲ ခေါ်တယ်။ Anti-streptolysin O ဖြစ်တယ်။ သူ့ကို တန်ပြန်တဲ့ဓါတ် Antibody (အင်တီဘော်ဒီ) ဖြစ်တယ်။

ASO ဆိုတာ ဘာအရေးပါသလဲ
လူကိုယ်ထဲကို ပိုးတခုခု ဝင်လာရင် ကိုယ်ခန္ဓာကနေ ဆန့်ကျင်တဲ့ Antibody (အင်တီဘော်ဒီ) ကိုထုတ်ပေးတယ်။ သွေးထဲမှာ ASO များနေတယ်ဆိုတာ ဒီလူနာမှာ ဒီပိုးမျိုး အရင်ကဖြစ်ဖြစ်၊ အခုဘဲဖြစ်ဖြစ် ကူးစက်ခံထားရတယ်လို့ ပြောနိုင်တယ်။ ဆေးပညာသမိုင်းမှာ ပဌမဆုံးအသုံးပြုတဲ့ အမှတ်အသားတခု ဖြစ်လာတယ်။ Rheumatism (ရူမက်တစ်) အဖျားနဲ့ Scarlet fever (စကားလက်) အဖျားရောဂါတွေအတွက် Diagnosis ရောဂါဟုတ်-မဟုတ်နဲ့ follow up နလံထမှာ စစ်ဆေးဘို့ အသုံးပြုတယ်။
ပိုးဝင်လာပြီးနောက် ၁-၃ ပါတ်နေရင် ASO titre တက်တက်လာမယ်။ ၃-၅ ပါတ်မှာ အများဆုံးဖြစ်နေမယ်။ ၆ လကြာရင် နဂိုအနေပြန်ရောက်မယ်။

Normal value ပုံမှန်ဘယ်လောက် ရှိရမယ်ဆိုတာ
- သတ်မှတ်ချက် ထားလို့ မရဘူး။
- ဒါ့ကြောင့် ASO ရှိတယ်ဆိုယုံနဲ့ ရောဂါသည်လို့ မပြောနိုင်ပါ။
- သတ်မှတ်ထားတာက လူကြီးတွေမှာ >200 units/mL ထက်နည်းရင်၊ ကလေးတွေမှာ >300 units/mL ထက်နည်းရင် ဘာဆေးမှ မပေးပါ။

Serological methods စမ်းသပ်နည်းတွေထဲမှာ Latex agglutination နည်းနဲ့ Slide agglutination နည်းတွေရှိတယ်။ ELISA နည်းနဲ့ Exact titre value အတိအကျ လုပ်ယူနိုင်တယ်။ False negatives မှားပြီး မရှိဘူး ပြနိုင်တာ ၂ဝ-၃ဝ% ရှိနိုင်တယ်။ မှားတယ်ထင်ရင် Anti-DNase B titre နည်းလုပ်ရတယ်။ Liver disease အသဲရောဂါနဲ့ Tuberculosis (TB) တီဘီရောဂါတွေကြောင့် False positives မှားပြီး အပေါင်းပြနိုင်တယ်။ Corticosteroids (ကော်တီကိုစတီရွိုက်) ဆေးကြောင့် နည်းတာပြနိုင်တယ်။ တချို့ Antibiotics (အင်တီဘိုအောတစ်) ပဋ္ဋိဇီဝဆေးတွေကြောင့်လဲ နည်းနေနိုင်တယ်။

Rheumatic fever (ရူမက်တစ်) အဖျားရောဂါကို အများက လေးဘက်နာလို့သာ ခေါ်ကြတယ်။ Acute rheumatic fever အခုဖြစ်နေတဲ့ (ရူမက်စတစ်) အဖျားဆိုတာဖြစ်နေရင် ရောဂါလက္ခဏာတွေကတော့ -
- Fever ကိုယ်ပူမယ်၊
- Sore throat လည်ချောင်းနာမယ်၊
- Joint swelling and pain in more than one joint အဆစ်တခုမကနာမယ်၊ ရောင်မယ်၊ အဆစ်တွေ နေရာရွေ့ဖြစ်မယ်၊ အဆစ်နာတာက ဒူး၊ ခြေချင်းဝတ်က စတာများပြီး လက်ကောက်ဝတ်၊ တဒေါင့်တစ် စသဖြင့် ပြောင်းမယ်။ ဘယ်-ညာ ပြောင်းမယ်။ ဖြစ်တဲ့အဆစ်မှာ ပူနေ၊ နာနေ၊ ရောင်နေမယ်။ ၂၄ နာရီကြာ နာတာဆိုးနေပြီး၊ ၂-၆ ရက် ကြာတတ်တယ်။
- Small, painless nodules under the skin အရေပြားအောက်မှာ မနာတဲ့ အကျိတ်လေးတွေ ထွက်မယ်၊
- Skin rash အရေပြားမှာ အနီပြင်တွေထွက်မယ်၊
- Rapid, jerky movements အဆစ်ကို ခေါက်တံနဲ့စမ်းရင် တုံ့ပြန်မှုက မြန်နေမယ်၊
- Carditis တခါတလေမှာ နှလုံးရောင်နေမယ်၊ ဒါပေမဲ့ ရင်တုံတာနဲ့ အသက်ရှူမဝတာလောက်သာ ခံစားရမယ်။

Glomerulonephritis ကျောက်ကပ်ရောင်တာပါဖြစ်ရင်
- Decreased urine output ဆီးများမယ်၊
- Bloody urine ဆီးထဲသွေးပါမယ်၊ (စမ်းသပ်မှသိရတာလဲရှိတယ်)၊
- Swelling (edema) ကိုယ်ရောင်မယ်၊
- High blood pressure သွေးဖိအားတက်မယ်။
- Fatigue, decreased energy အားယုတ်မယ်၊

ASO များနေယုံနဲ့တော့ Rheumatic arthritis (ရူမက်တစ်) အဆစ်နာ-အဖျား ရောဂါရှိတယ်လို့ ပြောမရပါ။ အစိုးရိမ်များပြီး Long term penicillin (ပနယ်စလင်) တာရှည်ပေးနေစရာလဲ မလိုပါ။ သမားတော်က ဆုံးဖြတ်ပါလိမ့်မယ်။ Rheumatologist ဆရာဝန်တွေက ဒီရောဂါမျိုးမှာ (အိတ်စပတ်) ဖြစ်တယ်။

Dr. တင့်ဆွေ
၂၃-၁-၂ဝ၁၂

Friday, January 20, 2012

Laptop computer ကို ပေါင်ပေါ်မှာ တင်ပြီးသုံးရင်

Wed, Jan 18, 2012 at 7:55 PM
Laptop computer ကို ပေါင်ပေါ်မှာ တင်ပြီး သုံးရင် ဘာဆိုးကျိုးရှိနိုင်သလဲ။ ကျွန်တော် ကြားဘူးတာ ကလေးမရနိုင်ဘူးလို့ ကြားဘူးတယ်။ အဲဒါ ဟုတ်ပါသလား။

Laptop computers may affect male fertility (လက်ပ်တော့) ကနေ ကလေးမရစေမှာဖြစ်နိုင်သလား ဆိုပြီး ရေးထားတာ ရှိပါတယ်။ ယောက်ျားတွေအတွက်သာ ဖြစ်တယ်။ Laptop ဆိုတာ ပေါင်ပေါ်တင်တဲ့ ကွန်ပြူတာလို့ တိုက်ရိုက်အဓိပ္ပါယ် ဖွင့်ပါတယ်။ ကလေး မရစေတာနဲ့ ဆက်စပ်မှုကို သုတေသန သိရသလောက် မကျယ်ပြန့်လှသေးပါ။ နောက်ပိုင်း Laptop အစား Notebook computer တွေလို့ ခေါ်လာတယ်။ အပူချိန်ပိုများတယ်။ ဒီအချက်ဟာ (ကွန်ပြူတာ) က သုံးတဲ့သူအရင် ပျက်စီးမယ်လို့ ယူဆနိုင်တယ်။

ဆေးပညာအရ မှန်းဆနိုင်တာတော့ ရှိတယ်။ ယောက်ျား Scrotum ကပ်ပဲအိတ်ထဲက Testis အစိ နှစ်လုံးဟာ Sperm သုက်ပိုး ဖြစ်စေဘို့ရာမှာ အလွန်မတန် အရေးပါတယ်။ အပူချိန်များတာကို မကြိုက်ဘူး။ နောက်တချက် (လက်ပ်-တော့ပ်) တွေရဲ့ (ဘက်ထရီ) ကသာ ပူစေတယ်။ အတော်များများ (လက်ပ်တော့ပ်) တွေက (ဘက်ထရီ) မကောင်းလို့ ခဏနဲ့ပူကြတာမို့ ပေါင်ပေါ်မှာ ကြာကြာ မတင်နိုင်ပါ။

(လက်ပ်တော့ပ်) သုံးလို့ သတိထားစရာတွေကို (အင်တာနက်) မှာ အမေ-အဖြေ နဲ့ ဆွေးနွေးတာတွေ ဖတ်ချင်ဖတ်နိုင်ပါတယ်။ အကောင်းဆုံး အဖြေဖြစ်နိုင်တာက "Yes and No" ဖြစ်ပါမယ်။

Fertility experts မျိုးပွါးအထူးကု ဆရာဝန်တွေက ကလေးမရနိုင်သေးသူတွေကို ပူတာတွေအရှောင်ခိုင်းတယ်။ Sperm သုက်ပိုးအရေအတွက် မနည်းအောင်ပြောတာဖြစ်တယ်။ သုတေသနအရ ကပ်ပဲ့အိတ် အပူချိန် ၁ ဒီဂရီ (စီ) တက်တိုင်း သုက်ပိုး အရေအတွက် ၄ဝ% နည်းစေတယ်။ State University of New York ကနေထပ်ပြောတာက (လက်ပ်တော့ပ်) ကို တနာရီ ဆက်တိုက် ပေါင်ပေါ်မှာတင်ပြီးသုံးရင် ကွန်ပြူတာအောက်ခြေမှာ အပူချိန် ၄ဝ ဒီဂရီ (စီ) တိုးလာတယ်။ Stony Brook study အဆိုအရ ဒီလိုကနေ ကပ်ပဲ့အိတ် အပူချိန် ၂့၇ ဒီဂရီ (စီ) တိုးစေမယ်။

သိပ်စိုးရိမ်စရာမလိုတာ ဆက်တွေ့ရပြန်ပါတယ်။ အသက် ၂၁-၃၅ ကြား (ဗဗ်ာလန်တီယာ) ၂၉ ယောက်ကို ပေါင်စိထားစေပြီး (လက်ပ်တော့ပ်) မပါဘဲ တနာရီကြာ အထိုင်ခိုင်းတော့ ပေါင်ကြားအပူချိန်က ၂့၁ ဒီဂရီ တက်တာတွေ့ရတယ်။ ဒါ့ကြောင့် (လက်ပ်တော့ပ်) ကနေ ပိုတိုးတယ်ဆိုတာ မဖြစ်စလောက်ပါ။ နောက်ပြီး အခုစမ်းသပ်မှုက အပူချိန်ကိုသာဖြစ်ပြီး သုက်ပိုး အရေအတွက်ကို စမ်းထာ မဟုတ်ဘူး။

Cell phones (ဆဲလ်-ဖုန်း) ကနေလဲ သုံးနေတုံးဖြစ်ဖြစ် စကားပြောမနေချိန်မှာဖြစ်ဖြစ် Transmitter (ထရန်စမစ်တာ) ကို အမြဲ လိုက်ရှာနေတာမို့ Radiation (ရေဒီယေးရှင်း) ထုတ်နေတယ်။ Headset နဲ့သုံးတာက ဦးနှောက်နဲ့ ဝေးစေတယ်။ ကလေးတွေကို ပိုသတိထားဘို့ အကြံပေးတယ်။ နောက်ပြီး (ဆဲလ်-ဖုန်း) ကို ရင်ပတ် နှလုံးနဲ့နီးရာမှာ မထားသင့်ဘူးလဲ အကြံပေးတယ်။ ကွန်ပြူတာတွေကို အဲလိုသဘောထားသင့်တယ်။ (လက်ပ်တော့ပ်) ကနေ ထွက်နေတဲ့ Radiation (ရေဒီယေးရှင်း) ဟာ (ဆဲလ်-ဖုန်း) ထက် နဲနဲတော့ ပိုတယ်။ အန္တရာယ်ဆိုတာက မပြောပလောက်ပါ။

Electronic device (အီလက်ထရောနစ်) ပစ္စည်းမှန်သမျှကနေ ထုတ်လွတ်နေတဲ့ Electromagnetic field (EMF) ဆိုတာ Radiation ဖြစ်တယ်။ Uranium (ယူရေနီယမ်) နဲ့ Plutonium (ပလူတိုနီယမ်) တွေက လာတာနဲ့တော့ မတူပါ။ Non-ionizing radiation အမျိုးအစားလို့ ခေါ်တယ်။ သုတေသနတွေ လုပ်တာ မနည်းပါ။ သတ်မှတ်ချက် 2.5 mG ထက် ကျော်တယ်။ 150 mG ရှိတယ်။ ဒါပေမဲ့ သုံးဘို့မသင့်ဘူးဆိုတဲ့ ကောက်ချက် ဘယ်ကနေမှ မထွက်ပါ။

တချို့ကလည်း EMF exposure နဲ့ ကင်ဆာနဲ့ ဆိုင်မလားဆိုတာလဲ လေ့လာကြတယ်။ EMF ကနေ အပူချိန် တက်စေတယ်။ (ဆဲလ်) တွေရဲ့အလုပ်တိုင်းဟာ အပူချိန် သတ်သတ်မှတ်မှတ်မှာ လုပ်တယ်။ ဒါ့ကြောင့် Premature cell division (ဆဲလ်) ကွဲပွါးခြင်းကို စောပြီးဖြစ်စေမယ်။ DNA ကို Mutation မူပြောင်းစေနိုင်မလား။ ဒီလိုစိုးရိမ်မှုတွေကြောင့် (လက်ပ်တော့ပ်) အောက်ခံ ဆိုတာတွေပေါ်လာတယ်။ ဥပမာ HARApad ဆိုတာမျိုး။

Infertility ကလေး မရနိုင်သေးသူတိုင်းကိုတော့ Hot baths ရေနွေးစိမ်ချိုးတာ၊ Sauna (ဆော်နာ) အပူငွေနဲ့ချိုးတာမျိုးအတွက် အရှောင်ခိုင်းပါတယ်။ (လက်ပ်တော့ပ်) ပေါင်ပေါ်တင် သုံးတာကိုလဲ အရှောင်ခိုင်းစားရင်းထဲ ထည့်ပါသေးတယ်။ ဒါပေမဲ့ ဆရာဝန်တိုင်းကနေ အဲလိုပြောတာတော့ မဟုတ်ပါ။

မျိုးပွါးမှုဆိုတာ အခြေခံအချက်တွေ တသီကြီးရှိပါတယ်။ အပူချိန်နဲ့ မျိုးပွါးမှု အဆက်အစပ်ဆိုတာ ယေဘုယျ ဆန်နေတယ်။ အေးလွန်းတဲ့ အရပ်မှာလဲ လူဦးရေ ပိုမများသလို ပူတဲ့အရပ်မှာလဲ မနည်းဘူး။ (လက်ပ်-တော့ပ်) အများဆုံးသုံးတဲ့ နိုင်ငံတွေမှာ လူဦးရေ ကျသွာတယ်လို့လဲ မကြားမိပါ။ ပုဆိုးဝတ်တဲ့အရပ်က လူဦးရေပိုများတယ်လို့လဲ ပြောမရပါ။

Dr. တင့်ဆွေ
၂ဝ-၁-၂ဝ၁၂

A glass of water ရေတစ်ဖန်ခွက်ဟာ

၁။ ရေတစ်ဖန်ခွက်ဟာ ဘယ်လောက် မီလီလီတာနဲ့ ညီမျှပါသလဲ။
၂။ နှာခေါင်း နောက်ကနေ ချွဲတွေ အာခေါင်ထဲကို ခဏခဏ စီးကျနေပါတယ်။
၃။ အဲတာတွေပျောက်အောင် ဘယ်လိုလုပ်ရပါလဲ။
၎။ ကျွန်မတို့ အိမ်ထောင်ကျတာ ၃ လရှိပါပြီ။
၅။ ကျွန်တော် အိပ်မရတာ ၂ ရက်ရှိပါပြီ။
၆။ ဆံပင်တွေ မကျွတ်ပဲ အကွက်လိုက် ပျောက်ကုန်တယ်။

January 19, 2012 1:36 PM
ရေတစ်ဖန်ခွက်ဟာ ဘယ်လောက်မီလီလီတာနဲ့ ညီမျှပါသလဲ ဆရာ။

ဇွန်းကစပြောပါရစေ။ လက်ဖက်ရည်ဇွန်းတွေက အရွယ်အစား အမျိုးမျိုး 25 mL ကနေ 6 mL အထိရှိတယ်။

ဇွန်း (ယူအက်စ်) သုံး
လက်ဖက်ရည် 1 ဇွန်း = 1/3 ဟင်းခပ်ဇွန်း = 49 mL (milliliters မီလီလီတာ) = 1⁄6 US oz (အောင်စ) = 1⁄48 cup ခွက် = 1⁄768 US gallon (ဂါလံ)

ဇွန်း ဗြိတိန် သုံး
- Teaspoon လက်ဖက်ရည်ဇွန်း = ¼ tablespoon ဟင်းခပ်ဇွန်း = 35 milliliters မီလီလီတာ
- Tablespoon ဟင်းခပ်ဇွန်း = 1/2 ounce အောင်စ = 142 milliliters မီလီလီတာ

စဖိုချောင်သုံး အတိုင်းအတာတွေ
1 liter = 34 ounces = 423 cups
1 cup = 8 ounces
1 tsp = 1/6 fl oz = 1/3 Tbsp
1 Tbsp = ½ fl oz = 3 tsp
1 cup = 8 fl oz = ½ pint
1 pint = 16 fl oz = 2 cups
1 quart = 32 fl oz = 2 pints
1 gallon = 128 fl oz = 4 quarts

၁၆၁၈ မှာ ပဌအဆုံး ဆေးဝါးသုံး Tablespoon ဟင်းခပ်ဇွန်း (မိုးရေ = ပေါင်းခံရေ) = 12 milliliters လို့ သတ်မှတ်ခဲ့တယ်။

ခွက်တွေက ပိုမတူကြသေးတယ်။ "ငါတော့ အရက်ကို တနေ့မှ တခွက်ဘဲ သောက်တယ်" လို့ ပြောရင် "ပေပါကို ကိုင်းတပ် သောက်တာလား" မေးကြတယ်။

ထုံးစံခွက် = 237 ml
Metric cup (မက်ထရစ်) ခွက် = 250 ml = ¼ liter
Metric teaspoon (မက်ထရစ်) လက်ဖက်ရည်ဇွန်း = 5 ml
Metric tablespoon (မက်ထရစ်) ဟင်းခပ်ဇွန်း = 15 ml

2012/1/19
Q: အမည် (့)၊ အသက် ၂ဝ၊ နေရပ်လိပ်စာ ရန်ကုန်၊ ဝေဒနာ နှာခေါင်း နောက်ကနေ ချွဲတွေ အာခေါင်ထဲကို ခဏခဏ စီးကျနေပါတယ်။ ပျောက်လိုက် ပြန်ဖြစ်လိုက်နဲ့ပါ။ အဲဒါနဲ့တွဲပြီး ခံတွင်းနံဆိုးတွေလဲ ထွက်ပါတယ်။ ရေခဏခဏ
သောက်ရလွန်းလို့ အပေါ့ခဏခဏသွားနေရပါတယ်။ ဆေးညွှန်းလိုချင်ပါတယ်။ ပြန်မဖြစ်အောင် ကာကွယ်လို့ရပါသလား။ အရှေ့ ဘက် နှာစီးတာတော့ မဖြစ်ပါဘူး။ အာခေါင်ထဲမှာ တခုခုရှိနေသလို ခံစားနေရပါတယ်။ စီးနေတာကိုလဲ သိနေရပါတယ်။

A: ဖြစ်တာ ဘယ်လောက်ကြာပြီလဲ။ ဘယ်ဆေးတွေသုံးနေသလဲ။ ဆရာဝန်ကိုပြဘူးသလား။ ဆေးစစ်သေးလား။ ဥပမာ ဓါတ်မှန်၊ အာလ်ထွာဆောင်း။

Q: ကျွန်တော်ဖြစ်နေတာ သုံးလလောက်ရှိပါပြီ။ ဆေးခန်းတစ်ခါမျှ မပြဖူးပါ နှာခေါင်းနဲ့ပတ်သက်ပြီးတော့ပါ။ Enervon-C သောက်နေပါတယ်။ ဓါတ်မှန်၊ အာလ်ထွာဆောင်း မရိုက်ဖူးပါတယ်။

A: မေးခွန်းလာတုံးကလဲ Spam ထဲကိုဝင်လာတယ်။ စာပြန်ရေးတာလဲ ၂ ခါလုံး မရောက်လို့ ဒီနေရာမှာဘဲ တင်လိုက်ပါတယ်။
• Enervon C ဆေးဟာ Multivitamins ဗီတာမင်မျိုးစုံပါတဲ့ဆေးဖြစ်ပါတယ်။
• Sinusitis သို့မဟုတ် ကိုရီးယားကလာသည့် မေးခွန်းအား ဖြေကြားခြင်း
• Respiratory tract infections (1) အသက်ရှူလမ်း အပေါ်ပိုင်း ပိုးဝင်ခြင်းတွေကို ဖတ်နိုင်ပါတယ်။

Thu, Jan 19, 2012 at 9:29 PM
ဆရာရေးထားတဲ့ ဝက်ခြံအကြောင်းထဲမှာ ဝက်ခြံအပိတ် (မည်းနေတဲ့ဟာ) အဲတာတွေ ပျောက်အောင် ဘယ်လိုလုပ်ရပါလဲ။ ဘယ်ဆေးသောက်ရပါသလဲခင်ဗျာ။

Thu, Jan 19, 2012 at 9:29 PM
နောက်ပြီးတော့ ဆရာ့ရဲ့ အသစ်ပြောင်းသွားတဲ့ ဝက်ဆိုက်လိပ်စာကိုလည်း သိချင်ပါတယ်။

Acne and Antibiotics ဝက်ခြံအတွက် ပဋိဇီဝဆေးများ

2012/1/19
ကျွန်မက အသက် ၂၈ နှစ်ပါ။ အမျိုးသားကတော့ ၂၅ နှစ်ပါ။ ကျွန်မတို့ အိမ်ထောင်ကျတာ ၃ လရှိပါပြီ။ အတူနေဖြစ်တာက ၁ လခွဲလောက်ပဲ ရှိပါတယ်။ အခုကျတော့ သူကလည်း ဝန်ထမ်း ကိုယ်ကလည်း ဝန်ထမ်းဆိုတော့ တယောက်တနေရာစီမှာပါ။
ကလေး မြန်မြန်လိုချင်လို့ပါ။ လက်ထပ်ပြီးကာစမှာ နေ့တိုင်း အတူနေပေမယ့် ကိုယ်ဝန်မရတာ စိတ်ပူလို့ပါ။ သူငယ်ချင်းရဲ့ ညီမဆရာဝန်မလေး ပြောတာကတော့ Clomiphene သောက်ရတယ် ပြောလို့ ဘယ်လို သောက်ရတာလဲ ဆိုတာရယ် Side effect ရယ်ကို သိချင်လို့ပါ။ အမျိုးသားနဲ့က နောက် ၃ လလောက်နေမှ တွေ့ရမှာ။ တွေ့ရင်လည်း တလလောက်ပဲ ခွင့်ရတယ် ဆိုတော့ သားသမီးရဖို့ အခွင့်အရေး ရအောင် ဘယ်လို ဆေးသောက်ရမလဲ သိချင်လို့ပါရှင်။ နောက်ပြီး ကျွန်မက ဓမ္မတာလည်း မမှန်တတ်တာမို့လို့ ကလေးရနိုင်ချေကို သိချင်တာပါ။ အခုဆိုရင် ကျမတို့ နှစ်ယောက်လုံး ကလေး တော်တော်လေး လိုချင်နေကြပါတယ်။ ဒါကြောင့်မို့ အထမြောက်သွားအောင် ဆရာ့အနေနဲ့ လမ်းညွှန်ပေးပါနော်။

- Clomiphene Citrate ကလေးမရနိုင်သူများအတွက်ဆေး
- Infertility (1) ကလေးမရနိုင်သေးခြင်း (၁) အသက် ၁၈ နှစ်ပြည့်မှ ဖတ်ပါ (၇၈)
- Mid Cycle Bleeding and Ovulation Test ကြားရက်သွေးဆင်းတာ နဲ့ မျိုးဥထွက်တာ သေခြာချင်တယ်

2012/1/19
ကျွန်တော် အိပ်မရတာ ၂ ရက်ရှိပါပြီ။ အိမ်မက်တွေတော့ မက်ပြီး စိတ်ကသိနေတယ်။ ဦးနှောက်တွေက အလုပ်လုပ်နေသလိုဘဲ။ နှစ်နှစ်ခြိုက်ခြိုက် အိပ်လို့မရဘူးဖြစ်နေပါတယ်။ ဘယ်ဆေးသောက်ရမလဲဆရာ။ အသက်က ၂၉ ပါ။

- Sleeping မအိပ်ဘဲနေ အသက်မရှည်
- Sleeping မအိပ်ဘဲနေ အသက်မရှည်
- Sleep disorders မအိပ်ဘဲနေ အသက်မရှည် (၂)

Wed, Jan 18, 2012 at 9:08 PM
ကျွန်တော့ ဆံပင်တွေ မကျွတ်ပဲ အကွက်လိုက် ပျောက်ကုန်တယ်။ လူတွေကတော့ စုန်းစုတ်တယ်လို့ ပြောကြတယ်။ နောက် ၃ လလောက်ကြာတော့ ပြန်ပေါက်လာတယ်။ အခုထပ်ပြီး ပျောက်နေပြန်ပြီ။ သတိထားမိသလောက် တနှစ်တခါလောက် ဖြစ်နေတတ်တယ်။ ဆေးမေးကြည့်တော့လဲ ဘယ်သူမှမပြောနိုင်ကြဘူး။ တခြားနေရာမှဆိုရင် ဆံပင်နဲ့ ဖုံးထားလို့ ပြသနာ မရှိပေမဲ့ နဖူးထိပ်နားမှာဆိုတော့ တော်တော်လေး အကြည့်ရဆိုးပါတယ်။

အောက်ကစာနဲ့ ဆံပင်မှို (ဖန်းဂတ်စ်) ကိုလဲ သတိထားပါ။
- Hair Loss ဆံပင် ကျွတ်ရင်

Dr တင့်ဆွေ
၂ဝ-၁-၂ဝ၁၂

Thursday, January 19, 2012

Amphetamines ယာဘ-ရာဘ-ရာမ-ယာမ

Wed, Jan 18, 2012 at 8:54 PM
အကြောင်းအရာက "ယာမ" ပါ။ ကျနော့် သူငယ်ချင်းတွေ ဆေးသုံးပြီး စာတွေကျက်တယ်။ သူတို့ကိုယ်သူတို့ကတော့ စာတွေ ညသန်းခေါင်ကျော်ကျော်ထိ လုပ်နိုင်တယ်လို့ ပြောတယ်။ အဲဒါမှန်သလား။ အောင်သွားတဲ့ သူတွေတော့ ရှိပါတယ်။ မအောင်တဲ့သူတွေလည်းရှိပါတယ်။ ကျနော်သိချင်တာက အဲဒီဆေးအကြောင်းပါ။ သူက ညတစ်ညလုံးတော့ မအိပ်ဘူး။ ဥပမာ ညနေ ၂ နာရီလောက်မှာ ဆေးသုံးထားတယ်ဆိုရင် အဲဒီည မအိပ်ဘဲနေတယ်။ အာရုံကလည်းတစ်ခုပဲလို့ ပြောတယ်။ တကယ်ဟုတ်သလား။ နောက်နေ့ ၂ နာရီလောက်မှာ တအားအိပ်ချင်တယ်တဲ့။ အိပ်လည်းအိပ်တယ်။ ပြီးရင် မသုံးရရင်လည်း ဘာမှမဖြစ်ဘူးတဲ့။ အရင်လိုပဲတဲ့။ မစွဲဘူးတဲ့။ သုံးလိုက်ရင် ပေါ့သွားတယ်တဲ့။ တကယ်မစွဲဘူးလား။ ဒီဆေးကိုသုံးလို့ ဦးနှောက်ရဲ့ ဘယ်အပိုင်းတွေကို ထိခိုက်သွားလဲ။

Wed, Nov 21, 2012 at 1:02 AM
ကျွန်တော်တို့ မြန်မာနိုင်ငံတွင် ပညာပေးဆောင်းပါး မရှိသလောက်နည်းပါးသည့် YaBa ဆေးပြားခေါ် စိတ်ကြွရူးသွပ်ဆေးပြားများ၏ ဆိုးကျိုးကောင်းကျိုးများကို ရေးသားဖော်ပြပေးရန်တောင်းဆိုအပ်ပါသည်။ ကျွန်တော်တို့မြန်မာနိုင်ငံတွင် ငွေဝင်ဖြောင့်သူတိုင်း အသုံးပြုနေကြပါသည်။ ကျွန်တော်အပါအဝင် သူငယ်များစွာလည်း ရံဖန်ရံခါ သုံးစွဲကြပါသည်။ ထိုဆေးပြား၏ ဆိုးကျိုး ကောင်းကျိုးကို မြန်မာစာဖြင့်ရေးသားထားသည်ကို အွန်လိုင်းတစ်ပုဒ်သာရှိပါသည်။ YaBa & methamphetamine တို့၏ ဆိုကျိုးနှင့်ကောင်ကျိုး အကြောင်းကို တိကျစွာခွဲခြားနားလည်းလိုပါသည်။ ကောင်းကျိုးဟုထည့်ပြီးမေးရခြင်းမှာ ကျွန်တော်အပါအဝင် သူငယ်ချင်းများဟာ ခဏခဏငြင်းခုံကြပြီး ဖြတ်မယ်နားမယ် မဖြတ်ဘူးမနားဘူး အလုပ်တွေအများကြီးလုပ်ရအုံးမယ် စသဖြင့်အကြောင်းပြပြီး ဆက်လုပ်မယ့်သူရော အကြောင်းမပြပဲ ကြုံတဲ့အခါလုပ်မယ်ဆိုသူဆို ဒီလိုနဲ့ပဲ နေ့မခြားလောက်အောင်ကို ကြိုက်နှစ်သက်နေကြပါသည်။ ကျွန်တော်ကိုယ်တိုင်ပင် မလုပ်တော့ဘူးဟုဆုံးဖြတ်ထားသော်လည်း သူငယ်ချင်းများနှင့်ဆုံလျှင် လုပ်ချင်စိတ်ထိမ်းမရသည်များ ခဏခဏကြုံလာသည့်အတွက် ဆရာ၏ ရှင်းလင်းရေးသားမှုကို စောင့်မျှော်နေပါမည်ခင်ဗျား။

"စိတ်ကြွဆေး" ဆိုတာတွေဟာ CNS ဗဟိုအာရုံကြောစနစ်အပေါ် သက်ရောက်စေတဲ့ အမျိုးမျိုးသောဆေးတွေ ဖြစ်တယ်။ "ယာဘ" လို့လူသိများတဲ့ Amphetamines (မင်မ်ဖက်တမင်း) ကို စဖေါ်စပ်ခဲ့တာက ၁၈၈၇ ကတည်းကဖြစ်တယ်။ လူကနေ အလိုလို ထုတ်ပေးနေတဲ့ Adrenaline နဲ့ Noradrenaline တွေနဲ့တူတယ်။ (ရှော့ခ်) ရတာ၊ ပန်းနာထတာတွေအတွက် အလွန်အသုံးဝင်တဲ့ အသက်ကယ်ဆေးတွေ ဖြစ်တယ်။ ရင်ကျပ်လို့ပေးတဲ့ ချောင်းဆိုးပျောက်ဆေးထဲမှာ ထည့်ထားတတ်တယ်။

Euphoric effects ပီတိစိတ်တွေသာ ထင်မြင်နေစေတဲ့ အစွမ်းကြောင့် ပေါ်ပြူလာဖြစ်လာတယ်။ ဆေးသုံးထားသူဟာ စိတ်တက်ကြွနေမယ်၊ တခုခုကို အာရုံစိုက်နေပြီး၊ သူများတွေကို ဂရုမထားတော့ဘူး။ မအိပ်ဘဲ အကြာကြီး နေနိုင်တယ်။ မမောလွယ်ဘူး၊ အားကစားလုပ်ရင် ပိုလုပ်နိုင်တယ်။ ခံနိုင်ရည်ပိုတယ်။ ကိုယ့်ကိုယ်ကို ယုံကြည်စိတ်များစေမယ် ဆိုတဲ့ အစွမ်းတွေ ရစေတယ်။

Methamphetamine (မက်သဖန်တမင်း)၊ Ephedrine (အဖက်ဒရင်း) Cathinone (က်သီနုန်း)၊ MDMA (Ecstasy) (အက်ကတက်စီ) DOM (STP) ဆိုပြီး ဆင်တူတွေ ရှိတယ်။ သူများဆီမှာ Uppers, Bennies, Beans, Speed, and Crank ဆိုတဲ့ အရပ်သုံးနာမည်တွေ ရှိတယ်။ Pills ဆေးလုံး၊ Powder ဆေးမှုံ့ Crystals ဆေးခဲဆိုပြီး အမျိုးမျိုးလာတယ်။ သောက်ဆေး၊ ထိုးဆေး၊ ရှူဆေး နဲ့ ဆေးလိပ်သောက်နည်းတွေနဲ့ သုံးကြတယ်။ တခါသုံးရင် ၄-၆-၁၂-၂၄ နာရီခံတယ်။

ရေရှည်မှာ ဘာတွေဆက်ဖြစ်လာသလဲ။ အရင်ခံစားတာမျိုး ရချင်ရင် ဆေးအဆ ပိုလိုချင်လာမယ်။ နှလုံးအပေါ် ဒဏ်များလာမယ်။ သွေးဖိအားတက်မယ်၊ ဒါ့ကြောင့် Heart disease, Heart attack, Stroke နှလုံးနဲ့ ဆိုင်တဲ့ရောဂါတွေ ပိုပြီး ရလမ်းများစေတယ်။

ဆေးစွဲတယ်ဆိုတာ ရုပ်ပိုင်းနဲ့ စိတ်ပိုင်းစွဲတာဆိုပြီး ရှိတယ်။ ဒီဆေးက ၂ မျိုးလုံးဖြစ်စေနိုင်တယ်။ Addiction ဆေးစွဲနေသူဆိုရင် Psychotic episodes စိတ်ပိုင်းပြောင်းလဲမှုတွေ ဖြစ်နိုင်တယ်။ Overdose ဆေးများသွားရင် နှလုံးခုန် မြန်မယ်။ ဂနာမငြိမ် ဖြစ်မယ်၊ တုံတုံရီရီဖြစ်မယ်။ သူများကို မယုံတာများမယ်၊ ကြောက်တာ၊ ကျိုးကြောင်း မဆီလျှော်တာ၊ စိတ်ရှုတ်ထွေးတာ၊ တလွဲထင်မြင်တာ၊ တက်တာတွေလဲ ဖြစ်နိုင်သေးတယ်။

- Amphetamines နဲ့ Cocaine or Ecstasy ရောတာ အန္တရာယ်များတယ်။ သတ္တိတွေက တူတယ်။
- Amphetamines နဲ့ (MAOIs) စိတ်မကျဆေးတွေရောရင် ဆေးစွမ်းက ၆ ဆ တက်စေမယ်။
- Amphetamines ဆေးသုံးစွဲထားသူကို နောက်ထပ် ၁-၂ ရက်အထိ စစ်ရင်သိတယ်။

ချက်ချင်းဖြစ်တဲ့ ဆေးအဆိပ် လက္ခဏာတွေကတော့ Psychosis စိတ်မူမမှန်တာ၊ Hallucination သူများမမြင်တာတွေ မြင်နေ၊ သူများမထိတွေ့တာကို ထိတွေ့နေတယ်လို့ထင်တာ၊ Anxiety စိုးရိမ်စိတ်များတာတွေ ဖြစ်မယ်။ ဆေးကြောင့် Hyperthermia အပူချိန်လွန်ကဲတာ၊ Heart arrhythmia နှလုံးခုန်မမှန်တာ နဲ့ Stroke (စထုပ်ခ်) တွေကနေ သေဆုံးနိုင်တယ်။

မူးယစ်ဆေးတွေထဲက Methamphetamine (မက်သဖန်တမင်း) ရဲ့ထူးခြားချက်က Neurotoxic အာရုံကြောကို ထိခိုက်စေတယ်။ MDMA ကတော့ ဦးနှောက်ထဲမှာ Glutathione နဲ့ Vitamin E တွေကိုနည်းစေတယ်။ ရေရှည်သုံးရင် Dependence ဆေးစွဲတယ်။ DOM ကတော့ ဆေးမစွဲစေဘူး။ Amphetamine (အင်မ်ဖတမင်း) ဆေးစွဲသူကိုကုရတာက Cocaine (ကိုကိန်း) ဆေးစွဲတဲ့သူတွေကို ကုရသလို အတူဘဲ။ ဆေးစွဲနေသူတွေဟာ စိတ်ဓါတ်ကျမယ်၊ ပျင်းခြောက်နေမယ်၊ ဆေးကြောင့် ကောင်းတယ်လို့ ခံစားခဲ့ဘူးတာတွေကို တသတသ ဖြစ်နေမယ်။

နှလုံးရောဂါ၊ သွေးတိုးရောဂါ၊ သွေးကြောကျဉ်းရောဂါ၊ လည်ပင်းကြီး-ဟော်မုန်းများရောဂါ၊ မျက်စိ-ရေတိမ်ရောဂါ ရှိနေသူတွေ သုံးရင် သူများထက် ဆိုးတယ်။ Asocarboxazid, Tranylcypromine, Phenelzine ဆေးသောက်နေသူတွေနဲ့ အရက်သမားတွေက လုံးဝမသုံးသင့်ကြဘူး။

ဒုတိယ-ကမ္ဘာစစ်တုံးက ဂျာမန် တင့်ကားမောင်း စစ်သားတွေကို မအိပ်ချင်အောင် ပေးတယ်။ စိတ်ဓါတ် ကျနေသူတွေကိုလဲ ပေးတယ်။ ၁၉၉ဝ ကျော်မှာ လူငယ်တွေအကြား MDMA (Ecstasy) ခေတ်စားလာတယ်။ Amphetamine ကို Narcolepsy ရောဂါ နဲ့ ADHD ရောဂါတွေမှာ ကုသဆေးအဖြစ် သုံးတယ်။ Energy drinks အားဆေးလို သောက်ကြတဲ့ ဖျော်ရည်တွေထဲမှာ Amphetamines အနည်းနဲ့အများ ပါနေတယ်။

Amphetamines ဟာ "တရားမဝင်ဆေး" ဖြစ်ပါတယ်။ ဒါပေမဲ့ ၂ဝဝ၇ UNODC ရဲ့ ခန့်မှန်းချက်အရ လူပေါင်း ၁၅-၅ဝ သန်း ဆေးသုံးနေကြတယ်။

Amphetamines ယာဘကို ဘယ်လိုဖြတ်ကြသလဲ http://dts-medicaleducation.blogspot.in/2013/09/amphetamines.html
Methamphetamine (မက်သမ်ဖတမင်း) http://dts-medicaleducation.blogspot.in/2013/09/methamphetamine.html

Dr. တင့်ဆွေ
၁၉-၁-၂ဝ၁၂

Wednesday, January 18, 2012

Skin Pigmentation မျက်နှာ မဲတာ ဘာလုပ်နိုင်သလဲ

Sat, Jan 14, 2012 at 1:41 AM
အသက် ၁၉ နှစ်ပါ။ ကျွန်တော်ရဲ့ အပေါ်နှုတ်ခမ်းနဲ့ အောက်နှုတ်ခမ်း တ၀ိုက်မှာ မဲနေတယ်။ အဲဒါတွေ ပျောက်ပြီး နီနီလေးဖြစ်အောင် ဘယ်လိုဆေးသုံးရမလဲ။ ရှောင်ရန် ဆောင်ရန်ရော ပြောပါ။ နုတ်ခမ်းတွေကလည်း အရမ်းခြောက်တယ်။ မဲတာတွေက တော်တော် ကြည့်ရဆိုးတယ်။

Skin Pigmentation အရေပြားမှာ နဂိုထက် ပိုညိုနေ-မဲနေ-ရဲနေတာမျိုးကို ဆေးစာနဲ့ Hyperpigmentation ခေါ်တယ်။ အရောင်ပိုနုနေရင် Hypopigmentation ခေါ်တယ်။

အရေပြားက (ဆဲလ်) တိုင်းမှာ Melanin (မယ်လနင်) ခေါ်တဲ့ အရောင်ဆိုးဆေး ရှိတယ်။ အဲဒီ (ဆဲလ်) တွေ မကောင်းရင် (မယ်လနင်) မထုတ်နိုင်တာမို့ အရောင်ပြောင်းမယ်။ ရောဂါပိုးဝင်တာ၊ မီးလောင်တာ၊ အပူလောင်တာတွေကြောင့်လဲ အရောင်နုစေမယ်။ (မယ်လနင်) သိပ်များပြန်ရင်လဲ အရောင်ရင့်စေတယ်။ တချို့မှာ ကွက်ဖြစ်တယ်။ တချို့ကြ တကိုယ်လုံး ဖြစ်တယ်။ Vitiligo ခရုသင်း ဆိုတာလဲ အဲဒီရောင်ချယ်တွေ မရှိတော့လို့ ဖြစ်ရတယ်။ Albinism လူတကိုယ်လုံး ဗိုလ်တွေလို ဖွေးဖြူနေတာက မျိုးဗီဇကြောင့် ဖြစ်ရတယ်။

၁။ Chemical Peels ခွဲစိတ်ကုသနည်း
ကိုယ်အပေါ်ပိုင်းမှာ ဖြစ်တာကို ကုနည်းအဖြစ်သုံးတယ်။ ဆေးရည်လိမ်းပေးပြီးရင် အပူဖူးလို ဖြစ်လာမယ်။ နောက် ကွာကျသွားမယ်။ အသစ်ဖြစ်လာမဲ့ အရေပြားက စောစောက ဟာထက် ပိုကောင်းမှာကို မျှော်လင့်တယ်။ ဆေးရည်ကို အမျိုးမျိုးဖေါ်စပ်ကြတယ်။ နေလောင်လို့၊အသက်ရလာလို့ ဖြစ်တဲ့ အရေးအကြောင်း ထင်တာကိုလဲ ဒီနည်းသုံးတယ်။ တော်တော်တန်တန် အမာရွတ်တို့၊ ဝက်ခြံ အမာရွတ်တို့ကိုလဲ လုပ်ပေးတယ်။ Sun spots နေလောင်အစက်၊ Age spots အသက်ကြီးအစက်၊ Liver spots အသဲအစက်တွေကိုလဲ လုပ်ကြတယ်။ Chemical peeling နည်းနဲ့ Laser resurfacing, Dermabrasion or Soft tissue fillers နည်းတွေတွဲ သုံးတာမျိုးလဲ လုပ်တယ်။ မခွဲခင်မှာ အရေပြားကို ပိုးသန့်ပေးမယ်။ နောက် Alpha hydroxy acid (Glycolic acid, Salicylic acid, Lactic acid) Trichloroacetic acid; Carbolic acid (Phenol) တွေ သုံးတယ်။ အမှန်က သတိကြီးကြီးနဲ့ အနာသစ်လုပ်ယူတာပါဘဲ။

၂။ Ermabrasion နည်း ဖြစ်တဲ့နေရာကို အေးခဲလိုက်ပြီး ထုတ်သင့်တာကို ထုတ်ယူပြစ်တယ်။

၃။ Laser Surgery လေးဆာနဲ့ခွဲစိတ်နည်း

Melasma တင်းတိတ်အကြောင်း ရေးထားပါတယ်။ တင်းတိတ်လိုဟာ ယောက်ျားတွေမှာဖြစ်ရင် စိတ်ဖိအား များတာနဲ့ ဆီးချို ရှိနေရင်ကုသပါ။ နေလောင်တာလဲ သတိထားပါ။ တင်းတိတ် မဟုတ်ပေမဲ့ ခပ်ဆင်ခင် ဖြစ်တာတွေကိုလဲ ဆေးနည်းတွေက အကျိုးရှိစေနိုင်ပါတယ်။
• လိမ်းဆေးတွေထဲမှာ Hydroquinone (HQ) 2-4% ကို အများသဘောတူထားတယ်။ (Alphaquin HP, Alustra, Eldopaque, Eldopaque Forte, Eldoquin, Eldoquin Forte, Esoterica, Esoterica Sensitive Skin, Glyquin, Glyquin-XM, Lustra, Melanex, Melanol, Melpaque HP, Melquin HP, Melquin-3, Nuquin HP, Solaquin, Solaquin Forte, Viquin Forte) နာမယ်တွေနဲ့ လာတယ်။
• Tretinoin (Avita, Retin-A) 0.025%, 0.05% 0.1% cream; 0.01%, 0.025%, 0.1% gel; 0.05% solution ခရင်မ်၊ ဂျဲလ်၊ အရည်။
• (FDA) ကနေ လက်ခံတားတာက Triple Combination Cream (Hydroquinone 4%, Tretinoin 0.05%, and fluocinolone acetonide 0.01%) ၃ မျိုးတွဲလိမ်းဆေး တနေ့ ၂ ကြိမ် လိမ်းရတယ်။
• နေကာမျက်မှန်တိုင်း အသုံးမကျပါ။ UV-A and visible radiation 320-700 nm ကို မကာကွယ်နိုင်ရင် မရပါ။
• Cryotherapy, Medium-depth chemical peels, Fraxel Laser treatment တွေနဲ့ကုတာ ဘာဖြစ်လာမလဲ အမှန်းရ မလွယ်လှပါ။ ဆရာဝန် တော်ဘို့လိုတယ်။ လူနာလဲ ကံကောင်းဘို့ လိုတယ်။

အရင်ရေးတာအပြင် နောက်နည်းတွေ ရေးပါမယ်။
• Bleaching cream (Hydroquinone with Tretinoin cream) (ခရင်မ်) လိမ်းဆေး၊
• Laser treatment လေဆာနည်း၊
• Sunscreen lotions (SPF-30) လိမ်းဆေး၊
• Mild soap or mild cleanser ဆပ်ပြာကအစ အပြင်းစားတွေ မသုံးပါနဲ့။ (ကလေးအတွက်တွေက မပြင်းပါ)
• Fruit cream (Lactic acid, Glycolic acid) ပါတဲ့ အသီးကထုတ်တဲ့လိမ်းဆေး၊
• Camouflage ရုပ်ဖျက်နည်း၊
• Castor oil ကြက်ဆူဆီကို ရေမချိုးခင် နာရီဝက်ကြိုတင် လိမ်းပါ။
• အရင်သုံးဘူးတဲ့ Creams, Lotions, Facial cleanser တွေက မသင့်ဘူးထင်ရင် မသုံးပါနဲ့တော့။
• Multani meetti with rose water (ရွံ့ဝါ) ခေါ်တာကို ပန်း (နှင်းဆီ) ရေနဲ့ရောလိမ်းပေးပါ။
• Aloe Vera ရှားစောင်းလက်ပပ်၊
• မျက်နှာကို ရေရိုးရိုး၊ ဒါမှမဟုတ် နှင်းဆီရေနဲ့ သစ်ပေးပါ။
• Raw papaya juice or Ripe papaya pulp သင်္ဘောသီးစိမ်း၊ သဘောင်္သီးမှည့် အရည် လိမ်းပေးပါ။
• Lime သုံပုရာ-ရှောက်သီး အဝိုင်းလှီးပြီး ကပ်ပေးပါ။
• ရေများများ သောက်ပေးပါ။ ချွေးထဲ၊ ဆီးထဲကနေ မကောင်းတာတွေ ပိုထွက်သွားစေမယ်။

ရေးပြီးသားစာတွေ -
• Melasma တင်းတိပ် http://www.yamunaclinic.org/index.php?option=com_content&view=article&id=223:melasma-&catid=30:medical-writings-&Itemid=46
• Dark lips နှုတ်ခမ်းတွေ မဲနေတာ ဘာလုပ်ရမလဲရှင် http://www.yamunaclinic.org/index.php?option=com_content&view=article&id=2992:dark-lips-&catid=30:medical-writings-&Itemid=46
• Chapped lips ခြောတ်နေတဲ့ နှုတ်ခမ်း http://www.yamunaclinic.org/index.php?option=com_content&view=article&id=126:chapped-lips-&catid=30:medical-writings-&Itemid=46

Dr. တင့်ဆွေ
၁၈-၁-၂ဝ၁၂

Tuesday, January 17, 2012

Cellulite (ဆဲလူလိုက်)

I Have A Saggy Bum, Cellulite "ကျမ "တင်" က တွဲကျနေတယ်ရှင့်၊ (ဆဲလူလိုက်) ပေါ့" လို့ (ဘောလီဝုဒ်) ရုပ်ရှင်မင်းသမီး Sonam Kapoor (ဆိုနမ်-ကပူးရ်) ကနေ ပြောလိုက်တာကို ၁၇-၁-၂ဝ၁၂ ထုတ် (တိုင်းမ်-အော့ဖ်-အင်ဒီယား) သတင်းစာမှာ ရေးလိုက်ပါတယ်။

Cellulite (ဆဲလူလိုက်) ဆိုတာ ဘာလဲ။ တိတိကျကျပြောရရင် "မိန်းကလေး အတော်တော်များများမှာ အပျိုဖြစ်ပြီးနောက် အသားအရေ တွဲပျော့လာတာမျိုးကို စေ့စေ့ငုငုကြည့်ရင် သိနိုင်တဲ့ အခြေအနေမျိုး" ကို ခေါ်ပါတယ်။

နောက်တမျိုးက မင်းသမီးပြောတာမျိုနဲ့ အတူတူဘဲ။ "အထူးသဖြင့် အမျိုးသမီးတွေမှာ ဗိုက်၊ တင်၊ ခြေ-လက်တွေမှာ အဆီတွေ ပိုများလာလို့ ပုံပန်းသဏ္ဌာန်ပြောင်းလာတာမျိုး" ဖြစ်တယ်။ ဒီအင်္ဂလိပ်စကားလုံးသမိုင်းက ၁၉၂ဝ ကစတယ်။ အလှအပ-ကုမ္ပဏီတွေကနေ သုံးကြပေမဲ့ ဆရာဝန်တွေကတော့ ရောဂါစာရင်းထဲ မထည့်ပါ။ လှချင်သူတွေအတွက်ကတော့ တကယ့်ပြဿနာ ဖြစ်နေတယ်။

အပျိုဖြစ်လာရင် မိန်းကလေး ၈ဝ-၉ဝ% မှာ အဲလိုဖြစ်ကြပါတယ်။ ယောက်ျားလေးတွေမှာ မဖြစ်ကြတာများတယ်။ ဒါပေမဲ့ Klinefelter's syndrome, Hypogonadism ဟော်မုန်းနည်းရောဂါတွေ ရှိရင် ဖြစ်မယ်။ Postcastration သင်းကွပ်ထားရင်၊ ဆီးကျိတ်-ကင်ဆာကြောင့် Estrogen therapy ဆေးပေးနေရင် ယောက်ျားတွေမှာလဲ ဖြစ်မယ်။ Androgen deficiency ဟော်မုန်း နည်းလေဖြစ်လေ။

ဖြစ်စေနိုင်တဲ့ စာရင်းထဲမှာ ဟော်မုန်း၊ အစားအသောက်၊ မျိုးရိုး၊ စတဲ့အချက်တွေပါမယ်။ ဟော်မုန်းထဲမှာ Estrogen (အီစထိုဂျင်) က အရေးပါမယ် ထင်ရတယ်။ တခြား Insulin, Adrenaline, Noradrenaline, Thyroid hormones, Prolactin ဟော်မုန်းတွေကိုလဲ စဉ်းစားကြတယ်။

ကုသနည်းတွေ အများကြီးရှိတယ်။ ဒါပေမဲ့ အားလုံးကောင်းတယ်လို့ မပြောနိုင်ပါ။
• Cellulite creams (ခရင်မ်) လိမ်းဆေးတွေထဲမှာ Methylxanthines (Aminophylline, Caffeine, Theophyilline) တွေပါတယ်။
• Dietary supplements အစာအာဟာရ ဆိုတာတွေထဲမှာ Ginkgo biloba, Sweet clover, Grape-seed bioflavinoids, Bladder wrack extract, Evening primrose oil, Fish oil, Soy lecithin) တွေပါတယ်။ Pentoxifylline, Beta-agonists, Adrenaline, Alpha-antagonists, Amino acids, Rutin, Indian chestnut ဆေးတွေလဲ သုံးတယ်။
• Massage treatments နှိပ်နယ်နည်းကို စက်တွေအမျိုးမျိုးနဲ့ လုပ်ကြတယ်။
• Laser or light therapy လေဆာနည်းလဲ ရှိတာဘဲ။
• Mesotherapy ခေါ်တဲ့ ဆေးထိုးပေးနည်းကို အငြင်းပွါးတယ်။ Collagenase (အင်ဇိုင်းမ်) ကိုထိုးပေးတာဖြစ်တယ်။
• Wraps ကပ်ပေးရတာမျိုးတွေလဲသုံး ကြတယ်။
• Liposuction (လစ်ပိုဆပ်ရှင်) ခေါ်တဲ့ အဆီပိုတွေ စုပ်ထုတ်ပေးနည်း ခေတ်စားနေတယ်။ ဆရာဝန်တိုင်းကတော့ သဘောမတူပါ။
• Pneumatic massages လေသုံးနှိပ်နည်း၊ Heat therapy အပူပေးနည်း၊ Ultrasound (အာလ်ထွာဆောင်း)၊ Radio frequency therapy ရေဒီယိုလှိုင်းနည်း၊ Magnetic therapy သံလိုက်ဓါတ်နည်း၊ Radial waves therapy လှိုင်းနည်း၊ Electrical stimulation လျှပ်စစ်နည်း၊
• FDA ကနေ အသိအမှတ်ပြုထားပြီးသားက Massage and combined laser/massage therapies တွေဖြစ်တယ်။

Grade 1 အဆင့် (၁) ဘာမှ မဖြစ်သေးဘူး၊ အနုကြည့်မှန်ဘီလူးနဲ့ကြည့်မှသာ မတူတော့တာတွေမြင်နိုင်တယ်။
Grade 2 အဆင့် (၂) အရောင်ဖျော့လာမယ်၊ ပိုအေးနေမယ်၊ ဆန့်နိုင်ကျုံ့နိုင်စွမ်း နည်းလာမယ်၊
Grade 3 အဆင့် (၃) သိသာမြင်သာနေပြီ။ လိမ်မော်ခွံနဲ့တူလာမယ်။

အချုပ်ပြောရရင်
၁။ Healthy diet ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစာကိုသာစားသောက်ပါ။ အဆီနည်းပါစေ၊ ဟင်းသီးဟင်းရွက်ကရတဲ့အဆီသာသုံးပါ။ အသီးမျိုးစုံစားပါ။ ဟင်းသီးဟင်ရွက် စိုစိုစိမ်းစိမ်း စားပါ။
၂။ Regular exercise ပုံမှန် ကိုယ်လက်-လေ့ကျင့်ခန်းလုပ်ပါ။ ကိုယ်အလေးချိန် ထိန်းပါ၊ လျှော့ပါ။
၃။ Special clothing အထူးလုပ်ထားတဲ့ Compression garments အဝတ်အစားမျိုး ဝတ်ဆင်နိုင်ကြပါတယ်။
၎။ ခွဲတာစိတ်တာ၊ အစာဖြည့်တာမျိုး စားသုံးတာတွေကို သတိကြီးကြီးထားပါလေ။

အမေရိကားနဲ့ ဥရောပက အမျိုးသမီးတွေရဲ့ ၉ဝ% မှာဖြစ်နေတဲ့ အဲလို အသားအရေ တွဲကျ-အိပျော့နေတာကို "Cottage cheese syndrome ဒိန်ခဲလို ပျော့စိစိ"၊ "Orange peel skin လိမ်မော်ခွံ" ဆိုပြီး စိတ်ဝင်စားစရာ နာမည်မျိုး ပေးထားတယ်။

Mon, Jun 18, 2012 at 8:32 AM
ယောက်ကျားလေးတယောက်က သူ့သာမန်ရှိသင့်ရှိထိုက်တဲ့ တင်ပါးဆုံတက် ပိုကြီးနေပါတယ်။ အဲတာ သာမန် သူများ ယောက်ကျားလေးတွေလို အနေအထားမျိုးဖြစ်အောင် ဘယ်လိုပြုပြင်လို့ရနိုင်ပါသလဲ။ ခွဲစိတ်ဖြတ်ထုပ်လို့ ရနိုင်ပါသလား။ ဒါမှမဟုတ် အားကစားနည်းနဲ့ သေးအောင်လုပ်နိုင်ပါသလား။ ဒီလို တင်ပါးကြီးနေတဲ့အတွက် ငယ်ငယ်ထဲက ဆိုက်ကိုလို ဖြစ်နေခဲ့ရပါတယ်။

ဘယ်လို အခြေအနေတွေအတွက်ဖြစ်ြဖစ် ကုသနည်းတွေရှိပါတယ်။ အခုလို ခန္ဓာကိုယ် အောက်ပိုင်း-နောက်ပိုင်း ပြုပြင်ချင်တာအတွက်လဲ ရောဂါတော့ မဟုတ်ပေမဲ့ ပြုပြင်နည်းတွေ ရှိတယ်။ ကုသနည်းမှာ ဆရာဝန်တွေကတော့ ခွဲစိတ်နည်းကိုသာ လမ်းညွှန်လေ့ရှိတယ်။ လေ့ကျင့်ခန်းနည်း၊ တခြားနည်းတွေကိုလဲ ကြော်ညာတွေ၊ ဆေးရောင်းတာတွေ မနည်းပါ။ အလှအပအတွက်နည်းဖြစ်လေတော့ တယောက်တမျိုးရှိတယ်။

လူ့ခန္ဓာမှာ အဆီပိုဖြစ်တာကို Cellulite (ဆဲလူးလိုက်) ခေါ်တယ်။ စာတပုဒ် ရေးထားပါတယ်။ (အင်တာနက်) မှာ ရှာရင်လဲ များသလားမမေးနဲ့။
1. Anti-Cellulite Exercises
2. Butt Minimizing Exercises
3. Butt Reduction & Cardio
4. Cellulite Solution Exercises
5. Cellulite-Reducing Exercises
6. Do Butt Exercises Really Work?
7. Exercise Tips for Hips
8. Exercise to Lose Butt Fat
9. Exercises That Target Glute Cellulite
10. Exercises to Get Rid of Your Butt
11. Exercises to Reduce Cellulite in the Butt
12. Exercises to Reduce the Stomach, Butt & Thighs
13. How Do Men Get Rid of Butt Fat?
14. How Does Your Butt Get Flat?
15. How to Get Rid of Fat Folds Under the Butt
16. How to Get Rid of Love Handles & Get a Bigger Butt
17. How to Get Rid of Pelvis Fat
18. How to Get Rid of the Fat Rolls Under Your Butt
19. How to Lift & Tone the Butt 20. How to Lose a Butt for Guys

အခြေခံသဘောကတော့ ခပ်ဆင်ဆင်ပါဘဲ။ အဆီလျှော့စားခိုင်းမယ်။ တင်ပါးနေရာ သန်မာစေမဲ့ ကိုယ်လက်လေ့ကျင့်ခန်း လုပ်ခိုင်းမယ်။
• Buttocks Reduction နည်းဟာ Plastic surgery နည်းဖြစ်တယ်။
• Liposuction အဆီစုပ်ထုတ်နည်းဖြစ်တယ်။ ဒါးနဲ့ပြုပြင်တာလဲ လုပ်ရတယ်။ ခွဲစိတ်တာ ၂-၃-၄ နာရီကြာမယ်။
• Tumescent liposuction နည်းမှာ ဆေးရည်သွင်းထည့်ပြီး လုပ်တယ်။
• Super wet liposuction method ဆိုတာလဲရှိတယ်လို့ ဖတ်ရတယ်။
• UAL နည်းမှာ Ultrasound assisted liposuction (အာလ်ထွာဆောင်း) ကိုလဲသုံးတယ်။
• Power assisted liposuction (PAL) နည်းမှာ Special cannula ကိုသုံးတယ်။
• အမေရိကားမှာ $7,000 ကုန်တယ်။ Costa Rica မှာ $2,300 ကုန်တယ်။

ခွဲစိတ်နည်း ကြော်ညာတွေလဲ မနည်းပါ။
1. Buttock Reduction $2.5k
2. Buttock Reduction, Buttock Reduction Surgical Procedure - PlacidWay
3. Butt Reduction. - YouTube
4. Butt Reduction South Africa - Check Prices and Compare Reviews
5. Butt Reduction France - Check Prices and Compare Reviews
6. Butt Reduction Chennai - Check Prices and Compare Reviews
7. Buttocks Reduction Surgery & Butt Augmentation in Austin, TX
8. Butt Reduction Surgery. | Flickr - Photo Sharing!
9. Liposuction - Boston - Cosmetic and Plastic Surgery Boston
10. Buttock Reduction | Find and Compare Cost of Buttocks Contouring

Dr. တင့်ဆွေ
၁၇-၁-၂ဝ၁၂

Stomach cancer အစာအိမ်ကင်ဆာ

2011/6/2
ကျွန်တော့် အမေရဲ့ အစာအိမ်ကင်ဆာနဲ့ ပါတ်သက်လို့ မေးချင်ပါတယ်။ လိုအပ်တဲ့ document တွေကိုပါ attach လုပ်ပေးလိုက်ပါတယ်။ အမေက ပြီးခဲ့တဲ့လက အစာအိမ် ထုတ်ထားပါတယ်။ Chemo ဆေးတွေနဲ့ ပါတ်သက်လို့ လက်ရှိ အနေအထားကနေ Chemotherapy မလုပ်သင့်၊ လုပ်သင့် ဆရာ့ရဲ့အမြင်ကို သိချင်ပါတယ်။ ခွဲတဲ့ဆရာကလုပ်ပါ၊ မလုပ်နဲ့ အတင်း မတိုက်တွန်းပါ၊ OT note ထဲကအတိုင်း ဆိုရင် လုပ်သင့်တယ်၊ စာထဲမှာပါတယ်ဘဲ ပြောပါတယ်။ သူခွဲခဲ့ဘူးတဲ့သူတွေထဲမှာ တစ်ယောက်ကလည်း အမေ့လိုဘဲ ၇ဝ ကျော်ပါပြီ။

လွန်ခဲ့တဲ့ ၆ နှစ်က ခွဲခဲ့တာ၊ Chemotherapy မလုပ်ဘဲ ဒီအတိုင်းနေတာ ခုထိ ကောင်းနေပါတယ်တဲ့။ Diagnosis လုပ်တဲ့ ဆရာမကတော့ အခုဆေးမသွင်းသေးဘဲနဲနဲ fit ဖြစ်လာတော့မှ Chemo Pill ပေးမယ် ပြောပါတယ်။ ဆရာရေးတဲ့`အစာအိမ်ကင်ဆာ´ဆေးစာကိုဖတ် ပြီးပါပြီ။ ကံတရားနဲ့ နောင်တကြားထဲမှာ မဝေခွဲနိုင်ပါ။ Side Effet နဲတဲ့ ဆေးတွေတော့ လက်လှမ်းမှီပါတယ်။ ဆရာရဲ့ အမြင်ကို သိချင်ပါတယ်။

· အစာအိမ်-ကင်ဆာ လူနာ အများစုကို Chemotherapy ဆေးပေးကုသမှု လုပ်တယ်။ ကင်ဆာ (ဆဲလ်) တွေကို သတ်ပြစ်ဘို့ပါ။
· မခွဲခင် ပေးတာရှိသလို ခွဲပြီးမှလဲ ပေးတယ်။
· အများအားဖြင့် သွေးပြန်ကြောထဲကနေ သွင်းပေးနည်းဖြစ်တယ်။
· ဆေး ၁ မျိုးထဲမကလဲ တွဲသုံးတယ်။
· အပြင်လူနာ၊ အတွင်းလူနာ အနေနဲ့ လုပ်နိုင်တယ်။
· ဆေးတွေရဲ့ ဘေးထွက်-ဆိုးကျိုးဆိုတာ ဆေးအမျိုးအစား နဲ့ ဆေး အနည်း-အများအပေါ်မှာ မူတည်တယ်။
· ကင်ဆာဆဲလ်တွေကို သေစေသလို မသေစေချင်တဲ့ အလျင်အမြန် ပွါးတတ်တဲ့ ဆဲလ်တွေကိုလဲ ထိခိုက်စေတယ်။
· သွေးဥတွေကို ပျက်စီးစေတာမို့ ရောဂါပိုး ဝင်လွယ်မယ်။ ထိခိုက်ရင် သွေးခြည်ဥတာ ပိုဖြစ်မယ်။ သွေးပိုထွက်မယ်။ မောပန်းပြီး အားကုန်သလို ခံစားရမယ်။
· ဆံပင်ကျွတ်မယ်။
· အစားပျက်မယ်၊ ပျို့ချင်-အန်ချင်မယ်။ ဝမ်းပျက်မယ်။ ပါးစပ်မှာ အနာပေါက်မယ်။
· တချို့ဆေးတွေကြောင့် အရေပြားမှာ အနီပြင်ထွက်တယ်။ ခြေ-လက် ထုံကျင်နေမယ်။
· 5-fluorouracil နဲ့ Cisplatin ဆေးတွေကို အသုံးများတယ်။
· Paclitaxel, Docetaxel နဲ့ Irinotecan တွေလဲသုံးတယ်။
· ဆေးသစ်တွေကိုလဲ စမ်းသပ်နေတယ်။
· ရောဂါရဲ့ အလားအလာဟာ ဆေးကုတဲ့အချိန်မှာ ဘယ်အဆင့်ရောက်နေပြီလဲ ဆိုတာအပေါ် မူတည်တယ်။
· Localized distal gastric cancer ၅ဝ% ကျော်ကျော့ပျောက်သွားနိုင်တာက အကောင်းဆုံး အလားအလာ ဖြစ်တယ်။
· ကံမကောင်းတာက အမေရိကားမှာတောင် ၁ဝ-၂ဝ% လောက်သာ အဲဒီအဆင့်မှာ သိကြရတယ်။
· ကျန်တဲ့အဆင့်တွေဆိုရင် ၅ နှစ်နေနိုင်နှုန်းက
o Disseminated disease တခြားဆီပြန့်နေသူ ဝ% ကနေ
o Localized distal gastric cancers confined to resectable regional disease နေရာလေး မှာသာရှိပြီး၊ ခွဲစိတ်ထုတ်လို့ရသူ ၅ဝ% ရှိတယ်။
o Proximal gastric cancer ဆိုရင် ၁ဝ-၁၅% ရှိတယ်။
· ကင်ဆာဆေးနဲ့အတူ လိုအပ်ရင် (ခွဲစိတ်လို့ အကုန်မထုတ်နိုင်ရင်) ဓါတ်ကင်တာလဲ လုပ်နိုင်တယ်။
· ကျွန်တော့်အနေနဲ့ မေးတဲ့သူရဲ့ မိခင်ကို Chemotherapy လုပ်ပါ-မလုပ်ပါလို့ တိုက်တွန်းလိုခြင်း မရှိပါ။ ကျန်းမာရေး သုတကိုသာ ပေးပါရစေ။

Dr. တင့်ဆွေ
၂-၆-၂ဝ၁၁

Friday, January 13, 2012

Ca Liver အသဲကင်ဆာ အမေး-အဖြေ

ဘီပိုးအကြောင်းထဲမှာ အသဲကင်ဆာနဲ့ ပတ်သက်ပြီး ကျွန်တော်က “ရောဂါနာမယ် တပ်ပြီးတဲ့နောက် ၆ လထက် ပိုမနေရပါ” လို့ ရေးခဲ့ပါတယ်။ ဒီရေးသားချက်ဟာ ပညာရှင် သိပ်မဆံတာကို ဝန်ခံရမှာပါ။ အတွေ့အကြုံအရ ရေးလိုက်တာပါ။

ကျွန်တော့် လုပ်သက် အခုဆို အနှစ် ၃ဝ တော့ ကျော်ပြီပေါ့။ နေရာဒေသလဲ စုံတယ်ပေါ့။ လူနာအားလုံးကတော့ မြန်မာပြည်သား ချည်းပါ။ အသဲကင်ဆာ လူနာပေါင်းက ၁ဝဝ မကျော်ပါ။ ကျွန်တော်သိတဲ့ အသဲကင်ဆာလူနာတွေထဲမယ် ဆင်းရဲတဲ့လူရော၊ ချမ်းသာသူရော၊ ဆရာဝန်ပါ ပါတယ်။ သုတေသန တခုဆိုတာ ဒီလောက်နဲ့ မရသင့်ပါ။ သေခြောတာက ယောက်ျားက လုံးဝ အများစု ဖြစ်တယ်။ ကုသကြတာကလဲ တိုင်းပြည် ၃ ခု(မြန်မာပြည်၊ အိန္ဒိယ နဲ့ ထိုင်း)တွေမှာ ဖြစ်ပေမဲ့ အားလုံး ၅ နှစ်မခံကြပါ။

ပညာရှင်ဆံအောင် ပြန်ရေးရရင် အသဲကင်ဆာဆိုတာ သူ့မှာစဖြစ်တာနဲ့ သူ့ဆီကို တခြားနေရာတခုကနေ ရောက်လာပြီး အသဲမှာ ကင်ဆာဖြစ်ရတာနှစ်မျိုးက အသက်ရှည်မှာခြင်း မတူကြပါ။ တခြားနေရာကနေ အသဲကို ရောက်လာတာက ပိုဆိုးတယ်။ တချို့က ၃ လ ကနေ ၄ နှစ်ခံတယ်လို့ ခြုံပြောတာလဲရှိတယ်။ USA မှာဆိုရင် ၁၉၉၉ သုတေသနအရ လူနာ ၁၂၃၈၂ ထဲက ၇% ဟာ ၅ နှစ်အထိ ရှင်တယ်။ ၁၉၉၂-၁၉၉၉ အရဆိုရင် ၅% ဟာ ၅ နှစ်အထိရှင်တယ်။ ၁၉၈၃-၁၉၉ဝ အရဆိုရင် ၆%။ သူတို့သုတေသန မှာလဲ အမျိုးသမီးတွေက ပိုကြာကြာနေရတယ်။ ဥပမာ လူဖြူအမျိုးသမီးတွေက ၁ဝ့၆% ၅ နှစ်ရှည်တယ်။

သုတေသနစာတွေကို လေ့လာရင် အများကြီးနဲ့ အမျိုးမျိုးတွေ့ပါမယ်။ ဒါပေမဲ့ ထပ်သိဘို့လိုတာတခု ရေးရအုံးမယ်။ “အသဲကင်ဆာ ကုသရေး” ဆိုတာ “ဘီလျံဒေါ်လာစီးပွါးရေး” ဖြစ်ပါသတဲ့။ စီးပွါးရေးသမားတွေက ကြော်ညာ အင်မတန် ကောင်းတာကလား။

Dr. တင့်ဆွေ
၃ဝ-၈-ဝ၉

Jun 3, 2011 at 6:32 PM
ကျွန်တော့် အကိုကြီးသည် အသည်းတွင် အလုံးတွေ့သဖြင့် 2.4.2011 နေ့က ခွဲလိုက်ပါသည်။ အသည်း ကင်ဆာ အဆင့် 2 ဟု ပြောပါသည်။ သည်းခြေအိတ်တွင်လဲ ကျောက်တည်သဖြင့် သည်းခြေအိတ် ထုတ်လိုက်ပါသည်။ ယခု 2 လ ကျော် လာသောအခါ အတ်ထာစောင်း ထပ်ရိုက်ရာ အသည်းတွင် အလုံးတစ်လုံး ထပ်တွေ့ပါသည်။ ဆရာဝန်က ထပ်ခွဲဖို့ မသင့်တော်ဟု ပြောပါတယ်။ ဆေးဖြင့် ပိတ်လို့ရရင်ရ ဓါတ်ကင်လို့ရရင်ရ နောက်ဆုံးအဆင့် အသည်း လဲဖို့ ပြောပါတယ်။ အသည်း ကင်ဆာ ဒီလောက် မြန်မြန် အလုံး ပြန်ထွက်တက်ပါသလား။ ယခုအချိန်ထိ ခွဲတုန်းက ဗိုက်တွင် ပလတ်စတစ် ဗူးလေးဖြင့် ပိုက်တပ်ထားရာ အထဲက အရည်သည် သွေးရောင် အနှောက်ပြစ်ပြစ်တွေ ထွက်နေသဖြင့် မဖြုတ်ရသေးပါ။ အသည်း ကင်ဆာ အစားအသောက် နေထိုင်ပုံများ ရှိရင် တဆင့် ပို့ပေးရန် အကူအညီတောင်းပါတယ်။ ဆရာရေးသော ပို့စ်များကို လေ့လာဖတ်ပါတယ်။ အသည်းအကြောင်း ရေးထားသော ပို့စ်များကို တစ်စုထဲ တင်ထားသော နေရာ ရှိပါသလား။ အကိုကြီးသည် စီပိုး ဘီပိုးလဲ ရှိပါသည်။ နောက်ဆုံးသိလိုသည်မှာ ဆက်ကုလို့ အဆင်ပြေမပြေ သိချင်ပါသည်။ ယခု သူက တချက်တချက် အောင့်နေပါတယ်။

• အသဲ-ကင်ဆာဟာ ကင်ဆာထဲမှာ ဆိုးတဲ့ အမျိုးအစားထဲမှာ ထိပ်ကရှိတယ်။ ဆောရီး။
• ကျွန်တော့် အတွေ့အကြုံအရ ရောဂါအမည် တပ်ပြီးနောက် ၆ လ သာခံတယ်။ အတွေ့အကြုံဆိုတာ လွန်ခဲ့တဲ့ ၂ဝ နှစ်ကသာ ဖြစ်ပါတယ်။ အဲဒီကာလတုံးက ဆေးတွေ၊ ဆေးအထောက်အကူတွေ၊ စမ်းသပ်နည်းတွေ အတော် နောက်ကျနေခဲ့တာပါ။ တိုင်းပြည် ကျန်းမာရေး အခြေအနေကလဲ အခု ပိုကောင်းနေ-မနေ အထဲကလူတွေက ပိုသိမှာပါ။ အသဲလဲတယ်ဆိုတာ မြန်မာပြည်မှာ မရှိသေးဘူး။ အခုဆို ကျွန်တော်နေတဲ့ တိုင်းပြည်ကို လာပြီး အသဲ လာလဲနေသူတွေ တရက်မှ မပြတ်ရှိနေတယ်။
• ခွဲစိတ်အပြီး အရည်ထုတ်ပြွန်ကို ထွက်စရာကုန်မှ ဖြုတ်ပါမယ်။
• အစားအသောက်ကတော့ ခွဲစိတ်ပြီးရင် မေ့ဆေးလဲ ပျယ်ရင် စားနိုင်ပြီလို့ ခွဲစိတ်ဆရာဝန်က ညွှန်ရင် ရှောင်စရာ များများမရှိပါ။ အသဲဆိုတာ အဆိပ်အတောက် မှန်သမျှ ချေဖျက်ပေးတယ်။ အစားထဲကနဲ့ ဆေးဝါးထဲက မသင့်တာတွေကို ချေဖျက်တယ်။ ဆေးလိပ်-အရက်ကတော့ ပြောစရာမလိုဘူးပေါ့။ ဆေးကိုလဲ ဆေးရုံက ညွှန်ရင် ကိစ္စမရှိပါ။ သည်းခြေအိတ်ပါ ဆက်နေတာမို့ ဆီ-အဆီကို နည်းစေရမယ်။
• နောက်အရေးကြီးတာ ပြောပါရစေ။ ဒီလိုမျိုး ဆိုးဝါးတဲ့ ဝေဒနာရှိသူတိုင်း ကံတရားနဲ့ စိတ်အားတွေကို အားကိုးသင့်ကြတယ်။ လူနာ စိတ်ချမ်းသာအောင်၊ စိတ်အားတက်အောင်၊ ကူညီသင့်ကြတယ်။ ကံတရား ဆိုတာတော့ ဆရာဝန်ကနေ တရားဟောစရာ မလိုလောက်ပါ။
• နောက်တချက် တိုင်းရင်းဆေး၊ မြန်မာဆေး စတာကို စမ်းရင် အသဲက အလုပ်ကောင်းကောင်း မလုပ်နိုင်တာမို့ ဆေး-ဓါတ်စာ မပြင်းစေသင့်ပါ။
• ဘီပိုး၊ စီပိုး၊ အသဲရောင် A, B, C, D, E တွေ ရေးထားပါတယ်။ ကျွန်တော့် (ဘလော့ခ်) မှာ Search လုပ်လိုက်ရင် တွေ့မှာပါ။ အောက်ဆုံးမှာလဲ မာတိကာ ရှိပါတယ်။

Wednesday, January 11, 2012

Cancer and Diet ကင်ဆာ နဲ့ အစားအစာ

Wed, Jan 11, 2012 at 10:36 AM
အရင်တခါက ရင်သား-ကင်ဆာအကြောင်း မေးခဲ့ဖူးပါတယ်။ အခု 16-12-2011 ရက်နေ့ကစပြီး ဆေးရုံတက်ကာ ဆေးသွင်း ကုသနေပါတယ်။ ဇန်နဝါရီ ၅ ရက်နေ့မှာ ဒုတိယအကြိမ် တက်ရောက်ကုသပြီးနေပါတယ်။ ကင်ဆာရောဂါသည် အမေအတွက် အစားအစာနဲ့ ပါတ်သတ်ပြီး ရှောင်သင့်တာလေးတွေ၊ စားသင့်တာလေးတွေ ပြောပြပေးပါ။ နောက်ပြီး ကုသနေစဉ်အတွင်း ခုခံအားကောင်းအောင် ဆေးရုံကပေးတဲ့ ဆေးသာမက အခြားဘာဆေးများ တိုက်နိုင်သေးလဲဆိုတာ ညွှန်ကြားပေးပါဦး။

"ကင်ဆာ နဲ့ အစားအစာ ဆက်စပ်တယ်" လို့ ပြောသူတွေ မနည်းပါ။ အတိအကျတော့ ဆရာဝန်တွေကမှ မပြောနိုင်ပါ။ ကင်ဆာကို ဖြစ်စေတဲ့ အကြောင်းတရားကိုလဲ အသေအခြာမသိရဘဲ (သီအိုရီ) ကသာ များနေသလို အတူတူပါဘဲ။

တချို့လေ့လာမှုတွေက ကင်ဆာကို ဖြစ်စေတာထဲမှာ ပါတ်ဝန်းကျင် အကြောင်းခံတွေက ၈ဝ-၉ဝ% ပါမယ်လို့ ဆိုတယ်။ အဲဒီအထဲမှာ အစားအစာက ၃ဝ-၄ဝ% သက်ဆိုင်တယ်လို့ ပြောထားတယ်။ များသောအားဖြင့် သုတေသနတွေဟာ ကင်ဆာ မဖြစ်အောင် ကာကွယ်ရေးမှာသာ လုပ်ကြတာ ဖြစ်ပြီး၊ အစားအစာနဲ့ ကင်ဆာကုဘို့ရာလဲ အနည်းအပါးတော့ ရှိတယ်။

ကင်ဆာဖြစ်စေတာတွေထဲမှာ Obesity လူအဝလွန်တာနဲ့ Alcohol အရက်သေစာဟာ တရားခံစာရင်းမှာ ထိပ်ကနေတယ်။ Fruits အသီးတွေနဲ့ Vegetables အသီးအရွက် အစားနည်းပြီး Red meat အသားစား ကဲတာတွေကလဲ နောက်ကလိုက်တယ်။ ကော်ဖီလဲ ပါသေးတယ်။ အသားစားများတာနဲ့ Breast cancer ရင်သားကင်ဆာ၊ Colon cancer အူမကြီးကင်ဆာ၊ Pancreatic cancer သရက်ရွက်-ကင်ဆာတွေနဲ့ ဆက်စပ်နေတယ်လို့ ပြောတာရှိတယ်။

အကောင်းဆုံးလို့ အများဆုံး ပြောတာတွေကတော့ Vegetables ဟင်းသီးဟင်းရွက်တွေ၊ Fruit သစ်သီးတွေ၊ Whole grain သိပ်ဖြူနေအောင် ချွတ်မတားတဲ့ အနှံတွေ နဲ့ Fish ငါးတွေ ဖြစ်တယ်။

ဟင်းသီးဟင်းရွက်တွေကို Fibre (ဖိုက်ဘာ) ပါတဲ့ အစာတွေလို့ သတ်မှတ်ပြီး၊ Antioxidant (အင်တီ-အောက်စီဒင့်) တွေပါတယ်။ အသီးအရွက်တွေမှာပါတဲ့ Flavonoids (ဖလဘိုနွိုက်) နဲ့ Catechins (ကက်တ်ချင်) ဓါတ်တွေဟာ "ခါးတဲ့အရသာ" ရှိတယ်။ အလွန် ကောင်းတဲ့ ကင်ဆာ-ကာကွယ်ဆေးတွေ ဆိုပြီးတောင်မှ ပြောကြတယ်။ Catechins ဟာ ဗီတာမင် (စီ) ထက် အဆ ၁ဝဝ သာသတဲ့။ (အီး) ထက် ၂၅ ဆ သာသတဲ့။ Flavonoids နဲ့ Catechins အတူတွဲရင် (ဆဲလ်) တွေကို X-ray damage ဓါတ်မှန်ရဲ့ ဒဏ်ကနေ ကာကွယ်နိုင်တယ်လို့ ဆိုပါသေးတယ်။

Flavonoids များတဲ့ အစာတွေထဲမှာ Garlic ကြက်သွန်ဖြူ၊ Onions ကြက်သွန်နီ၊ Shallots ကြက်သွန်နီကလေး၊ Leeks ကြက်သွန်မြိတ်တွေ ပါတယ်။ ဒါတွေထဲမှာ Vitamin C ဗီတာမင် (စီ)၊ Selenium (ဆယ်လ်နီယမ်) နဲ့ Sulfur compounds (ဆာလ်ဖါ) ဓါတ်ပေါင်းတွေလဲ ပါတာမို့ အားလုံးပေါင်းကနေ ကင်ဆာဖြစ်မှာကို တားဆီးနိုင်တယ်လို့ အာဟာရ သုတေသနက ယူဆတယ်။

Probiotics ဆိုတာ အစာလမ်းကြောင်းမှာ ရှိနေကြတဲ့ ဗက်တီးရီးယား အကောင်းတွေကို ခေါ်တယ်။ အစာခြေရာမှာ အသုံးကြတယ်။ ဒါ့အပြင် အစာတွေကနေ ကင်ဆာဖြစ်စေမှာကိုလဲ တားနိုင်တယ်လို့ ဆိုပါတယ်။ ဇီဝ-ဓါတုဗေဒလိုပြောရရင် b-glucuronidase နဲ့ Nitro-reductase ခေါ်တဲ့ (အင်ဇိုင်းမ်) တွေကနေ ကင်ဆာဖြစ်စေမှာမျိုး ပြောင်းလဲမသွားစေဘို့ရာ လုပ်ပေးနိုင်တယ်။ ကိုယ်ခန္ဓာရဲ့ ခုခံအားစနစ် တခုထဲကနေ ဒီတာဝန်ယူနေရတာကို ဒါတွေကနေ အကူညီပေးတယ်။

စောစောပိုင်း သုတေသနတွေမှာ လူတွေစားသုံးတဲ့ အဆီကို အာရုံစိုက်ခဲ့ကြတယ်။ နောက်ပိုင်းမှာ ဒီအချက်ကို ကျယ်ကျယ်ပြန့်ပြန့် လက်ခံလို့ မသင့်တာတွေ့ရတယ်။ အရွယ်ရောက်ချိန်မှာ အာဟာရ မျှတတာနဲ့ ကြီးလာလို့ ကိုယ်အလေးချိန် တက်လာတာတွေကို အာရုံစိုက်လေ့လာကြတယ်။ Breast ရင်သား-ကင်ဆာ နဲ့ Colon အူမကြီး-ကင်ဆာတွေအတွက် ဖြစ်တယ်။ ငယ်ရွယ်တုံးမှာ ကိုယ်လက် လေ့ကျင်ခန်း-အားကစား မလုပ်တာဟာ အချက်တခုဆိုတာ သိလာရတယ်။

အသီးအနှံ၊ အသီးအရွက်တွေက ကောင်းတယ်ပေမဲ့ ချက်ပြုတ်တာမှာ ကြာကြာ ချက်တာ မကောင်းဘူး။ ဟင်းချက်တဲ့ထဲမှာ အရောအနှောတွေ များတာ မကောင်းဘူး။ ပင်ကိုယ်သဘာဝနဲ့ နီးလေလေ ကောင်းလေလေ။ Dairy products နို့ထွက်အစာတွေ၊ Fish ငါးတွေ နဲ့ Meat အသားတွေကို စားတာထဲက ၃ ပုံ ၁ ပုံထက် မများသင့်ဘူး။ ဒါပေမဲ့ သက်သတ်လွတ်စားပါလို့ မဆိုလိုပါ။ စက်နဲ့ ပြုပြင်ထားတာကို တတ်နိုင်သလောက် လျှော့စားပါ။ ဥပမာ ပန်းသီးဖျော်ရည်အစား ပန်းသီးကိုဘဲ စားပါ။

"အသီးအရွက် စားတာကနေ ကင်ဆာကို ကာကွယ်နိုင်တယ် ဆိုတာဟာ လိုတာထက် ပိုပြောနေတယ်" လို့လဲ နောက် လေ့လာမှုတွေက ထောက်ပြလာတယ်။ Folic acid (ဖေါလစ်-အက်စစ်) က Breast ရင်သား-ကင်ဆာ နဲ့ Colon အူမကြီး-ကင်ဆာတွေအတွက် ကောင်းတယ်လို့ အဲဒီသုတေသနက ဆိုလာတယ်။ (ဖေါလစ်-အက်စစ်) အကြောင်း ရေးထားပါတယ်။ များတိုင်းလဲ မကောင်းပါ။

ကင်ဆာ ကာကွယ်ရေးအတွက် ကောင်းတဲ့ အစားအစာ စာရင်းထဲမှာ ဒါတွေလဲ ပါသေးတယ်။
- Soy ပဲပုတ်၊
- Vitamin E ဗီတာမင် (အီး)၊
- Vitamin D ဗီတာမင် (ဒီ)၊
- Flaxseeds နှမ်းတမျိုး၊
- Selenium (ဆဲလ်နီယမ်) ဓါတ်ပါတဲ့ အစာတွေ Nuts အစေ့အဆံ၊ Cereals ဆန်-ဂျုံ-ပြောင်း-ပြောင်ဖူး၊ Meat အသား၊ Mushrooms မှို၊ Fish ငါး၊ eggs ဥတွေ၊
- Green tea လဖက်ရည်ကြမ်း၊
- Organic (အော်ဂဲနစ်) အစာ ဒါမှမဟုတ် Local produce ဒေသထွက် အစာတွေကို တတ်နိုင်သလောက် စားသုံးပါ။

• Lung Cancer and Papaya အဆုပ်-ကင်ဆာ နဲ့ သင်္ဘောရွက် http://dts-medicaleducation.blogspot.com/2012/01/lung-cancer.html ကိုလည်း တွဲဖတ်ပါ။

Dr. တင့်ဆွေ
၁၁-၁-၂ဝ၁၂

Monday, January 9, 2012

Q and A January 2012 (1)

၁။ နှစ်နှစ်ခြိုက်ခြိုက် အိပ်မပျော်ပါ။ သတိလည်း အရမ်းမေ့တတ်လာပါသည်။ ခြေထောက်နှင့် လက်များ ထုံနေတတ်ပါသည်။
၂။ ဝမ်းအမြဲတမ်း ချုပ်တယ်။ နှာခေါင်းနှိုက်နေလို့ မနှိုက်ပဲ နေတာ့လဲ
၃။ အဲဒီ မတိုင်ခင် ၃ ရက်ခန့်က ပျော်ပါးမိခဲ့ပါတယ်။
၎။ ခုဆေးပေးလိုက်တာ သောက်ဆေးလား မသေခြာလို့ပါဆရာ။

Sun, Jan 8, 2012 at 7:15 PM
Q: ကျွန်မ အသက် ၃ဝ ရှိပါပြီ။ အိမ်ထောင်မရှိ-အပျိုပါ။ (့) သင်တန်းဖွင့်ပြီး စာသင်ပါသည်။ နေ့စဉ် အလုပ်ချိန်မှာ နံနက် ၇ နာရီမှ ည ၉ နာရီအထိ ဖြစ်ပါသည်။ အစားသောက်မှာ ကိုယ်တိုင် မချက်နိုင်သဖြင့် ဖြစ်သလိုစားပါသည်။ ကျွန်မ၏ ကျန်းမာရေး ပြဿနာမှာ ညပိုင်းတွင် နှစ်နှစ်ခြိုက်ခြိုက် အိပ်မပျော်ပါ။ နံနက်လင်း အိပ်ယာနိုးလျှင် ခြေထောက်နှင့် လက်များ ထုံနေတတ်ပါသည်။ လန်းလန်း ဆန်းဆန်းမရှိပဲ ခေါင်းအနောက်ပိုင်း ကိုက်နေပါသည်။ သတိလည်း အရမ်းမေ့တတ်လာပါသည်။ တစ်ခုခုပြောမလို့ စဉ်းစားရင် ပြောမယ့်အကြောင်းအရာကို မျက်လုံးမှာမြင်ပြီး စိတ်ကသိနေသော်လည်း ပါးစပ်ကထုတ်ဖော်ပြောဖို့ ကြန့်ကြာနေပါသည်။ ချက်ချင်း မပြောနိုင်ပါ။ အရင်က အဲလိုမဟုတ်ပါ။ မြန်မြန်ဆန်ဆန် ပြောတတ်ပါသည်။ အကြောလည်း အရမ်းတက်ပါသည်။ တက်လျှင် ဇက်ကြောမှ မတက်ပဲ ပခုံးကြောသာ တတ်ပါသည်။ ကျွန်မက ဘာပလက်အရည်နှင့် မတည့်ပါ။ TV ကြည့်လျှင် တစ်ခါတစ်ရံ အာရုံစိုက်မရဘဲ စာတွေ ဝါးနေတတ်ပါသည်။

A: မိန်းကလေးဖြစ်လို့ ရာသီမှန်ပါသလား။ အိပ်ဆေး သောက်နေပါသလား။ ဆေးနာမည် သိသလား။ ထုံနေတာကိုရော ဆေးသောက်သလား။ ဆေးနာမည်။ ဆရာဝန်နဲ့ ပြဘူး၊ ဆေးစစ်ဘူးသလား။ မျက်မှတ်တပ်ရသလာ။ ဒါတွေစုံမှ ပြန်ဖြေပါမယ်။ သွေးထိအားပြောတာ ၉ဝ-၆ဝ ကိုပြောချင်တာ ဟုတ်ပါသလား။ နှလုံးခုန်နှုန်းကောသိသလား ဆရာဝန်နဲ့ မစမ်းဘူးရင် ကိုယ့်ဖါသာ လက်ကောက်ဝတ်နေရာ လက်မဘက်မှာ စမ်းပါ။ တမိနစ်မှာ ဘယ်လောက်လဲ။ ပုံမှန်က ၇ဝ-၈ဝ ရှိတယ်။ သံဓါတ်ပါ အားဆေး သောက်သလား။

Mon, Jan 9, 2012 at 3:43 PM
Q: ကျွန်မ လစဉ် ရာသီ အတိအကျ မှန်ပေမယ့် အဲအချိန်တိုင်း အရမ်းနာကျင်-ကိုက်ခဲတတ်ပါတယ်။ ဆီးစပ် တင်ပါးဆုံနေရာက ကိုက်ပါတယ်။ အစာမကြေဖြစ်ပါတယ်။ စာချဥ့်လည်းပြန်တတ်ပါတယ်။ လစဉ် Dofinal လိုဆေးမျိုး သောက်ပါတယ်။ လေဆေး သောက်ပါတယ်။ အိပ်ဆေးကို လွန်ခဲ့တဲ့ တစ်နှစ်လောက်က သောက်ပါတယ်။ အခု မသောက်တော့ပါ။ ဆရာဝန်နဲ့ အခုဖြစ်တာတော့ မပြဖူးပါဘူးရှင်။ ရာသီကိုက်ခဲတာကို နေရာစုံပြဖူးပါတယ်။ ဆေးထိုး-ဆေးသောက်စဉ် ပျောက်သလိုပဲ၊ အရှင်းတော့ မပျောက်ပါရှင့်။ လစဉ်တော့ အမြဲကိုက်ခဲတာပါပဲရှင်။ ရက်နီးရင် စိတ်တိုတယ်။ ရင်ဘတ်နာတတ်ပါတယ်။ ဆေးတော့ မသောက်ဖြစ်ပါဘူးရှင့်။ ဟုတ်ကဲ့ သွေးပေါင်ချိန် ၉ဝ-၆ဝ လောက် အချိန်တော်တော်များများမှာ ဖြစ်ပါတယ်။ များလွန်းတာက ၁၁ဝ-၇ဝ ပါပဲ။ အိပ်ရေးပျက်တာ မခံနိုင်ပါရှင့်။ အအိပ်ပျက်ရင် အစားပါပျက်ပြီး သွေးပေါင်ချိန် 80-50 လောက် ဖြစ်တတ်ပါတယ်ရှင့်။ အကြောဆေးလည်း ခဏခဏ မသွင်းချင်ပါဘူး။ နှလုံးခုန်းနှုန်းက အခုစမ်းလိုက်တာ ၇၇ ရှိပါတယ်။ မျက်မှန်ကို အရင်က တပ်ပါတယ်။ ၆ လလောက်ပဲ တတ်ပါတယ်။ မုန်လာဥနီကို သုံးလလောက် စွဲစားလိုက်တာ မျက်မှန်မတပ်ရတော့ပါဘူးရှင်။ မျက်မှန်တောင် သူများကို ပေးလိုက်ပါပြီ။ မျက်မှန်တပ်ရတာ စိတ်ရှုပ်လို့ပါ။

A: လက်ကောက်ဝတ် နှလုံးခုန်နှုန် ၇၇ ဆိုတာ (ဘွတ်ခ်-ပစ်ချာ) လို့ပြောနိုင်တယ်။ သိပ်ကောင်းတယ်။ သွေးဖိအား ၉ဝ-၆ဝ ဆိုတာ နည်းနည်းတော့ နည်းတယ်။ ဒါပေမဲ့ တချို့က ပုံမှန်လို နည်းနေတာလဲရှိတယ်။ ရုတ်တရက် နည်းတာကမှ ဆေးကုဘို့ အရေးကြီးတယ်။ သွေးသွတ်၊ သွေးယို၊ ဝမ်းလျှော စတာမျိုးဖြစ်ရင် ရုတ်တရက်နည်းသွားတာက အရေးပေါ် လုပ်ရတယ်။ မှန်တယ် Drip သွေးကြောထဲ ဆေးသွင်းတာက ခဏသာ သွေးဖိအားတက်မယ်။ အားဖြစ်လှတယ် မရှိပါ။ ဆေးပုလင်းထဲမှာ ရေ ၅ဝဝ စီစီ၊ သကြား ၅% သာပါတယ်။ ဗီတာမင်တွေပါထည့်ရင် တရက်စာရမယ်။

• Premenstrual syndrome (PMS) ရာသီမလာခင် ဖြစ်ချင်တာတွေ နဲ့
• Menstrual mood swings ရာသီလာခြင်းနှင့် စိတ်ပြောင်းလဲမှု ရေးထားတာတွေကို ပို့လိုက်ပါတယ်။

အိပ်ဆေးအမျိုးမျိုးလဲရှိသေးတယ် နဲ့
• Sleeping pills အိပ်ဆေး နဲ့
• Sleeping မအိပ်ဘဲနေ အသက်မရှည် တွေကိုလဲ ပို့လိုက်ပါတယ်။

ခြေ-လက်ထုံနေတာတော့ ဆေးလိုမယ်။ နှစ်ဘက်လုံး၊ အထက်-အောက်ဆိုရင် ဗီတာမင် ဘီ (၁) လိုနိုင်တယ်။ တခြားဟာလေးတွေရောပေါ့။ ဝယ်လို့လွယ်မယ် ထင်ပါတယ်။ (ဘာပလက်စ်) နဲ့ မတည့်သူတွေက စားဆေး မတည့်သူ၊ ထိုးဆေးမတည့်သူ ရှိတယ်။ အရည်ကလဲ တမျိုးပေါ့။ အားလုံးကို မတည့်တာတော့ မဟုတ်ဘူး။ အရင်ဆုံး Neurobion, Neurobion forte တခုခုကို စမ်းသောက်ကြည့်ပါ။ တည့်ရင်တော့ တခါသောက် ၁ လုံး၊ တနေ့ ၂ ကြိမ်၊ ကြာကြာ သောက်ပါ။ တခြား ဗီတာမင် ဘီအုပ်စုပါတဲ့ ဆေးတွေလဲ အများကြီးရှိတယ်။ တမျိုးမျိုးကို စမ်းသောက်လို့လဲ ရပါတယ်။ ဘယ်ဆေးမှ မတည့်ရင်တော့ တမင်းရေခမ်းချက်စား၊ ဒါမှမဟုတ် ထမင်းရည်သောက်ပေတော့။

သတိမေ့တာအတွက် မကြာသေးဘူး စာတပုးရေးထားတာကိုလဲ ပို့လိုက်ပါတယ်။ စာသင်ပေးတဲ့ ဆရာမ ကျောင်းသူ ပြန်ဖြစ်တာပေါ့။ စာဖတ်စရာတွေ များလိမ့်မယ်။
• Memory loss သတိမေ့ခြင်း

TV ကြည့်လို့ ဝါးတာဆိုရင် အဝေးကြည့် မျက်မှန် လိုတာ ဖြစ်နိုင်ပြန်တယ်။ အချိန်ရရင် မျက်စိဆရာဝန်ကို ပြပါ။ မျက်မှန် စမ်းပေးတဲ့ ဆိုင်ကို အရင် သွားမပြပါနဲ့။ မျက်မှန်ကို မုံလာဥနီနဲ့ ချွတ်နိုင်လိုက်တာ ကောင်းပါတယ်။ ဒါပေမဲ့ မုံလာဥနီမှာ ဗီတာမင် (အေ) ပါတာမှန်တယ်။ (အေ) က မျက်စိအားပေးတယ်လို့ ယေဘုယျ နားလည်ကြတယ်။ အမှန်က ဗီတာမင် (အေ) ဟာ ကြက်မျက်သင့်တာကိုသာ ကာကွယ်နိုင်တယ်။ ကြက်မျက်သင့်တယ်ဆိုတာ ညနေခင်း အလင်းရောင်နည်းလာချိန်မှာ ကောင်းကောင်း မမြင်တာကို ပြောတာ ဖြစ်တယ်။ ကောင်းသွားပြီ ဆိုတာကလဲ တကယ်ကောင်းတာပါဘဲ။

Peptic ulcer လေနာ ဆိုတာ ဘုရင်မှာလည်း ဖြစ်သည် ကိုတော့ မပို့တော့ပါဘူး။ သိပ်များနေအုံးမယ်။

Mon, Jan 9, 2012 at 8:40 PM
ကျွန်တော့် အသက် က ၃ဝ ကျော်ကျော်လေးပါ။ လူက တော်တော် ပိန်တယ်။ ဝမ်းလဲ အမြဲတမ်း ချုပ်တယ်။ မြန်မာဝမ်းနှုတ်ဆေး အမြဲတမ်း စားနေရတယ်။ အသက် ၂ဝ လောက် ငှက်ဖျား တော်တော်လေး ဖြစ်ခဲ့ပါတယ်။ ငှက်ဖျား ဆေးတွေလဲ စားရပါတယ်။ ကွီနိုင်းတွေကောပေါ့။ ခုက ဝမ်းအမြဲတမ်း ချုပ်တယ်။ ရေကို ဂရုစိုက်ပြီး သောက်တော့လဲ မကြာဘူး ဆီးသွားချင်တာတာပဲရှိပြီး ဝမ်းချုပ် တာကတော့ ဒီအတိုင်းပဲ။ ပြီးတော့ ကျွန်တော့် အောက်နှုတ်ခမ်းတွေဆို ကွဲနေ ခြောက်နေတာ များတယ်။ ရေသောက် များလည်း အတူတူပဲ။ ပြီးတော့ ခုစိတ်ညစ်နေတာက နှပ်ချေးခြောက် ထွက်တာများနေလို့။ ကျွန်တော့် ကြည့်လိုက်ရင် နာခေါင်းနှိုက်နေတာ များတယ်။ နာခေါင်းထဲမှာလဲ အလယ်က အရိုးပေါ်မှာ နှစ်ဘက်လုံး အနာလိုလို ဖြစ်တယ်။ ပျောက်လိုက် ဖြစ်လိုက်ပဲ။ ကျွန်တော့် ခုအလုပ်လုပ်နေရတာက စားသောက်ဆိုင်မှာ ချက်ရပြုတ်ရတာဆိုတော့ ခဏခဏ အပြောခံ ရတယ်။ နှာခေါင်းနှိုက်နေလို့ မနှိုက်ပဲ နေတာ့လဲ နှပ်ချေးခြောက်က ရှိနေတော့ ယားနေတာ့ နှိုက်မိနေတယ်။ အဲဒါ ဘယ်လို ကျင်ါကြံ နေထိုင်ရမယ် ဆိုတာနဲ့ ဘာဆေးတွေ သုံးရင် အဆင်ပြေပါမလဲ။ ခုက (့) မှာပါ။

ဝမ်းနဲ့ပတ်သက်တာ စာတပုဒ် ပို့လိုက်ပါတယ်။ လိုက်နာပါ။ Constipation ဝမ်းတလုံးကောင်း ခေါင်းမခဲ (၃)။

ဗီတာမင် ဘီ အုပ်စုဆေးလဲ ပုံမှန် သောက်ပါ။ တခါသောက် ၁ ပြား၊ တနေ့ ၂ ခါ သောက်ပါ။ အစာထဲမှာ ဗီတာမင် စီ ပါမဲ့ စိုစိမ်းပြီး ချဉ်တာမျိုးလဲ စားပါ။

နှာခေါင်းထဲမှာ ဖုံ-အမှုံ ဝင်ရင် နှာခေါင်းထဲက ချွဲကျိကျိအရည်နဲ့ တွေရင် နှပ်ဆိုတာ ဖြစ်လာတယ်။ လေထဲမှာ မသန့်တာ များနေချိန်မှာ နှပ်ပိုများမယ်။ နှာခေါင်းကို ခဏခဏနှိုက်ဖန်များရင် ထိခိုက်တာကြောင့် အနာဖြစ်မယ်။ တတ်နိုင်သလောက် ဆင်ခြင်ပါ။ ကြာရင် အကျင့်ဖြစ်လာလို့ သိပ်မလိုဘဲလဲ နှိုက်မိနေတာကို ပြင်ပါ။ ဖြစ်နိုင်ရင် နှာခေါင်းစည်းသုံးပါ။ ပတ်ဝန်းကျင် ပြင်ပါ။ တနေ့ ၃-၄ ခါ အချိန် လုပ်ထားပြီး လက်ဆေးခွကှ်ေရ့မှာ နှာခေါင်းထဲကို ရေနဲနဲ ရှူလိုက်ပြီး ခြောက်နတာတွေ စိုစေပြီးနောက် နှပ်ကုန်အောင် ညှစ်ထုတ်ပေးပါ။ အဲဒီအချိန်ဟာ ဘေးလူနဲ့ ဝေးနေတာ ဖြစ်ရင် ပိုကောင်းမယ်။ ဥပမာ ရေချိုးခန်းထဲ။ ကျန်တဲ့အချိန်မှာ ဆင်ခြင်ပါ။

Mon, Jan 9, 2012 at 6:37 PM
အရေးကြီးပါသဖြင့် အမြန်ပြန်လည်ဖြေကြားပေးပါခင်ဗျာ။ ကျွန်တော့် လိင်အင်္ဂါမှ ပြည်ကဲ့သို့ အရည်များ စိမ့်ထွက်နေပြီး ဆီးသွားတိုင်း နာကျင် ခက်ခဲနေပါတယ်။ ဆေးဆိုင်မှာ ပြောပြီး ဝယ်သောက်သော်လည်း ဆေးလေးခွက်စာ ခန့်သောက်ပြီးသော်လည်း မထူးခြားပါ။ အဲဒီ မတိုင်ခင် ၃ ရက်ခန့်က ပျော်ပါးမိခဲ့ပါတယ်။ ဘာများဖြစ်နိုင်ပါသလဲခင်ဗျား။ ဘာဆေးသောက်ရမလည်း ပြီးတော့ သောက်ရမယ့် ဆေးအမည်ကို ရေးပေးစေချင်ပါတယ်။ ဖြစ်နိုင်ရင် အခုဖြေ ကြားပေးပါခင်ဗျား။ ပြန်စာကို စောင့်နေပါ့မယ်။

• STDs/STIs General Recommendations လိင်ကတဆင့် ကူးစက်ရောဂါများ အခြေခံ ဥပဒေသ
• Urethritis in Men ယောက်ျားတွေ ဆီးအောင့်ရင် တွေကို ချက်ချင်းပို့လိုက်ပါတယ်။ ချက်ချင်းဆေးကုပါ။

2012/1/13
ဆရာရှင့် ခုပဲ ဆေးခန်းကပြပြီး ပြန်လာတာပါ။ လိပ်ခေါင်းလို့ပြောပါတယ်။ ခုဆေးပေးလိုက်တာ သောက်ဆေးလား မသေခြာလို့ပါဆရာ။ ဓာတ်ပုံရိုက် ပြီးပို့လိုက်ပါတယ်။

Duphalac ဆေးထဲမှာ Lactulose ပါတယ်။ သကြားတမျိုးဖြစ်တယ်။ အူမကြီးထဲရောက်ရင် အက်စစ်ဓါတ်တွေ အဖြစ်ပြောင်းမယ်။ ရေကိုပိုပြီး စုပ်ယူစေတာမို့ ၀မ်းပျော့စေမယ်။ နာတာရှည် ၀မ်းချုပ်သူတွေကိုပေးတယ်။ ဆီးချိုရှိသူနဲ့ မသင့်ဘူး။ Lactulose powder ပေါင်ဒါအနေနဲ့လဲလာတယ်။ Antacids ဆိုတဲ့လေနာဆေးကို ဆရာဝန်မပေးပဲ တွဲမသောက်ပါနဲ့။ ဘေးထွက်ဆိုးကျိုး = လေထနိုင်တယ်။ ရင်ပြည့်မယ်။ ဗိုက်အောင့်မယ်။ ၀မ်းပျက်မယ်။ ပျို့-အန်ဖြစ်နိုင်တယ်။

Sunday, January 8, 2012

Muscle weakness ကြွက်သား အားနည်းခြင်း

Fri, Jan 6, 2012 at 10:06 AM
ကျွန်တော်က (့) မှာ နေပါတယ်။ အသက် ၂၄ ပါ။ Testosterone Deficiency အကြောင်းကို သိချင်ပါတယ်။ သူရဲ့ ဖြစ်ပေါ်တတ်တဲ့ လက္ခဏာတွေနဲ့ ယခု ကျွန်တော် ခံစားနေရတာတွေနဲ့ တိုက်ဆိုင်မှု ရှိနေပါတယ်။ လိင်စိတ်အားနည်းပိုင်းမှာတော့ ပြသာနာမရှိဘူး ထင်ပါတယ်။ ကျန်တာတွေတော့ တူပါတယ်။ အဆိုးဆုံး ခံစားရတာတော့ ခန္ဓာကိုယ်မှာ အင်မတန် ပိန်ပြီး လက်မောင်း ကြွက်သားများ သာမန်လူများလောက် မဖွံဖြိုးခြင်းဖြစ်ပါတယ်။ တကယ်လို့ ရောဂါဖြစ်မဖြစ် သိရှိဖို့ ဘယ်လို ဆရာဝန်မျိုးဆီ သွားရောက်ပြသင့်ပါသလဲ။ ဆရာဝန်နဲ့ မပြဘဲ ကိုယ်တိုင် ကုသရင်ကော ရနိုင်ပါသလား။ ကုသမှုကို အများဆုံး ဘယ်လောက်ကြာအောင် ကုသရပါသလဲ။ ကုသနိုင်မယ့် အခွင့်အလမ်းကော ရှိနိုင်ပါသေးလား။ ဆေးရဲ့ ကောင်းကျိုးနဲ့ ဘေးထွက် ဆိုးကျိုး အကြောင်းကိုလည်း ပြည့်စုံစွာ သိချင်ပါတယ်။

မေးတာထဲမှာ ကိုယ်ခန္ဓာပိန်တာနဲ့ ကြွက်သားတွေ သူများလောက် မဖွံ့ဖြိုးဘူးဆိုတဲ့အချက်သာ တွေ့ပါတယ်။ သေခြာဘို့ အများကြီး လိုသေးပါတယ်။ ပိန်တယ်ဆိုတာနဲ့ ကြွက်သားဖွံ့ထွားမှုက ခွဲစဉ်းစားရမယ်။ ပိန်တဲ့သူတိုင်း ကြွက်သား၊ အဆီ နည်းနေမှာပါ။ ပိန်တဲ့လူတွေ အများကြီးပါ။ ဆေးကုစရာ မလိုသူတွေက များတယ်။ နေကောင်းပါရက်နဲ့ ဝချင်သူတွေအတွက် စာတပုဒ် ရေးထားပါတယ်။

ကြွက်သားအကြောင်းကို အလွယ်နဲ့ပြောမရပါ။ ကြွက်သား လှီတယ်၊ သေးကြုံ့တယ်ဆိုတာကို ဆေးစာနဲ့ပြောရင် ရောဂါတွေ ဖြစ်တယ်။ ကုသရတာလဲ ခက်ခဲတာမျိုးတွေရှိသေးတယ်။ Muscular dystrophy (MD) ဆိုတာရှိတယ်။ နောက် Muscle atrophy (Disuse atrophy) ဆိုတာက တမျိုးရှိတယ်။ အသုံးမပြုတာများလို့ ကြွက်သားတွေ လှီလှီလာတာမျိုး။

ကြွက်သား သိပ်မထွားတာနဲ့တော့ Testosterone နည်းနေတယ်လို့ မတွက်ပါနဲ့အုံး။ Testosterone နည်းတာက ဘယ်လိုလူမျိုးတွေမှာ လာဖြစ်သလဲဆိုရင် -
• ဟော်မုန်းထွက်ရာနေရာမှာ ကင်ဆာဆေးကုတာ၊ ဓါတ်ကင်တာ လုပ်နေရတာ၊
• (ခရိုမိုဇုမ်း) ပုံမှန် မဟုတ်တာ၊
• ဦးနှောက် ထိခိုက်မိရင်၊ ရောဂါရတာ၊
• ကိုယ်ခန္ဓာကြီးထွားအောင် (စတီရွိုက်) ဆေးတွေ တလွဲသုံးတာ၊
• ပသိရောင်နဲ့တွဲတဲ့ ကျားအကျောရောင်ရောဂါဖြစ်တာ၊
• အမျိုးသမီးမှာ မျိုးဥအိမ် အလုပ်မလုပ်တော့ရင်၊ ခွဲစိတ်ထုတ်လိုက်ရတာ၊
• ကျားအစေ့က သူနေရာ ကပ်ပဲ့အိတ်မှာ ရှိမနေ-ကျမနေတာ၊
• ကပ်ပဲ့အိတ် ထိခိုက်မိတာ၊
• ဇရာထောင်းလာတာ နဲ့
• အဝလွန်တာတွေဖြစ်တယ်။

Testosterone အစွမ်းက ၂ မျိုးရှိတယ်။
၁။ (အင်ဒရိုဂျင်းနစ်) သတ္တိလို့ ခေါ်တာတွေကတော့ ပင်မ (လိင်အင်္ဂါတွေ) နဲ့ ဒုတိယ-လိင်အင်္ဂါတွေ ဖွံ့ထွားစေတယ်။ အသံသြလာမယ်၊ အမွှေးပေါက်တာ ထူးခြားလာမယ်၊
၂။ (အင်နာဘောလစ်) သတ္တိလို့ ခေါ်တာတွေကတော့ ကြွက်သားတွေ ထွားလာစေမယ်။

(တက်စတိုစတီရုံး) နည်းနေသူတွေမှာ -
• ယောက်ျား ပန်းညှိုး-ပန်းသေဖြစ်မယ်၊ (မေးတဲ့သူက ပုံမှန်ဖြစ်တယ်)
• (ကိုလက်စထော) များမယ်၊ အဝလွန်မယ်၊ (မေးတဲ့သူက ပိန်နေတယ်)
• လိင်စိတ်နည်းမယ်၊ (မေးတဲ့သူက ပုံမှန်ဖြစ်တယ်)
• စိတ်ဓါတ်ကျမယ်၊ စိုးရိမ်စိတ်ကဲနေမယ်၊ စိတ်မူပြောင်းမယ်၊
• အာရုံစိုက်ရတာ ခက်မယ်၊ မှတ်ဥာဏ်လျှော့မယ်၊
• အရိုးအားနည်းနေမယ်။ ဒါ့ကြောင့် ကြွက်သားတခုထဲနဲ့ (တက်စတိုစတီရုံး) နည်းတယ်လို့ သံသယမရှိသင့်ပါ။

အထူသတိထားပြီး အထူးကု ဆရာဝန် ညွှန်ကြားချက်နဲ့သာ သောက်သင့်တဲ့ ဆေးတွေထဲမှာ ဟော်မုန်းတွေ ပါတယ်။ Testosterone ဆေးရဲ့ ဘေးထွက်ဆိုးကျိုးတွေက မနည်းဘူး။ ပျို့-အန်၊ ဝက်ခြံပေါက်၊ ခေါင်းကိုက်၊ အစားစားချင်စိတ်များ၊ စိတ်မူပြောင်း၊ အသဲ ထိခိုက်၊ ခြေထောက်ရောင်။ လိင်တံမာတင်းနေတာ ပြန်မလျှော့၊ နှလုံးရောဂါရှိနေသူ၊ (ကိုလက်စထော) များနေသူ၊ ဆီးကျိတ်-ကင်ဆာ ဖြစ်နေသူတွေကို မပေးသင့်ပါ။ ဆေးများသွားရင် စိတ်ကြမ်းဝင်တတ်တယ်။ စိတ်မူပြောင်းတတ်တယ်။

Muscular dystrophy (MD) ရောဂါဆိုတာ ကြွက်သား အုပ်စုလိုက် ဖြစ်တယ်။ သွားလာ လှုတ်ရှားမှုကို ထိခိုက်တယ်။ ကြာလေ ဆိုးလေ ဖြစ်တယ်။ ကိုယ်ကို မထိန်းနိုင်ဖြစ်လာမယ်။ တခါတခါ လဲကျမယ်။ အပေါ်မျက်ခွံ အောက်ကျလာမယ်။ ကြွက်သားတွေ ကြာလေ သေးငယ်လေ ဖြစ်မယ်။ ခြေ-လက် ပုံပန်းကအစ ပြောင်းမယ်။ အသက်ရှူ ခက်လာမယ်။

ရောဂါ ဟုတ်-မဟုတ် Muscle biopsy, Electromyography, Electrocardiography DNA analysis ဆိုတာတွေ စစ်ဆေးရမယ်။
Creatine phosphokinase (CpK3) သွေးထဲမှာ များနေမယ်။

Muscle weakness ကြွက်သားအားနည်ခြင်းဆိုတာလဲ ရောဂါတခုဖြစ်တယ်။ Myasthenia လို့ခေါ်တယ်။ Muscle strength ကြွက်သားရဲ့ စွမ်းအားကိုက နည်းနေတာပါ။ တကယ်နည်းတာနဲ့ ထင်တာဆိုပြီး ဆရာဝန်တွေက ခွဲခြားရတယ်။ Muscular dystrophy နဲ့ Inflammatory myopathy တွေကသာ တကယ်အားနည်းနေတာတွေ ဖြစ်တယ်။

(ပိုတက်စီယန်) ဓါတ်ဆားနည်းနေချိန်မှာ ကြွက်သားမှန်သမျှ အားနည်းနေတယ်။ ကလေးငယ်တွေ ဝမ်းလျှောဖန်များတော့ ဗိုက်ဖေါင်းလာတယ်။ အူကကြွက်သားလေးတွေ အားနည်းလို့။ သိသာတဲ့ တကယ်ကြွက်သား-အားနည်ရောဂါဆိုတာ Myasthenia gravis ဖြစ်တယ်။ မျက်ခွံက မျက်လုံးကို ပိတ်နေအောင် အောက်ကျမယ်။ ကိုယ့်ခွန်အားထက် ပိုပြီး အားသန်ချင်နေသူတွေက ကြွက်သား အားနည်းရောဂါ ရှိနေတယ်လို့ ထင်တတ်ကြတယ်။ Chronic fatigue syndrome လို့ ခေါ်တယ်။

Muscular dystrophy ကြွက်သား မဖွံ့ဖြိုးခြင်းဟာ ဟော်မုန်းကြောင့် မဟုတ်ပါ။

Dr. တင့်ဆွေ
၈-၁-၂ဝ၁၂

Hepatitis C Vaccine အသဲရောင် (စီ) ကာကွယ်ဆေး အလားအလာရှိ

Hep C Vaccine Shows Promise In First Trial
နာတာရှည် အသဲရောင်ရောဂါကို ဖြစ်စေကြတဲ့ထဲက (ဘီ) ပိုးအတွက် ကာကွယ်ဆေး ရှိနေပြီဖြစ်ပေမဲ့ (စီ) ပိုး ကာကွယ်ဆေး မရှိသေးပါ။ အခု အသဲရောင် (စီ) ကာကွယ်ဆေး ပဌမအဆင့်မှာ စမ်းသပ်မှု အလားအလာ ရှိနေတယ်လို့ University of Oxford, UK (ယူကေ) မှာရှိတဲ့ (အောက်စ်ဖို့ဒ်) တက္ကသိုလ် သုတေသီတွေက ဆိုလိုက်ပါတယ်။ Science Translational Medicine (အွန်လိုင်း) မှာ ၄-၁-၂ဝ၁၂ နေ့က တွေ့ရှိချက်တွေကို ရေးထားတာ ဖြစ်ပါတယ်။ ဒါပေမဲ့ လူတွေကို လက်တွေ့ သုံးနိုင်ဘို့တော့ ဝေးပါသေးတယ်လို့လဲ အသိပေးထားပါတယ်။

(စီ) ပိုးကို လူတယောက်ကနေ တယောက် သွေးကတဆင့် ကူးစက်ခံနေရသူပေါင်း သန်း ၁၇ဝ ရှိနေတယ်။ လူအတော်များများက ဘာမှလဲ မခံစားရလို့ သူတို့မှာ ရောဂါပိုးရှိနေတာကို မသိကြပါ။ အနောက်နိုင်ငံတွေမှာ အသဲအစားထိုးနေကြရတဲ့ အများဆုံး ရောဂါလဲဖြစ်ပါတယ်။

ဒီပိုးရဲ့ထူးခြားတာတခုကတော့ ဘယ်လိုပြီး ဘယ်လိုဖြစ်မယ်ဆိုတာ ဆရာဝန်တွေအတွက် အတော် အမှန်းရခက်တာဖြစ်ပါတယ်။ တချို့မှာ ရောဂါပိုးဝင်၊ ဘာမှမခံစားရဘဲနေ၊ နောက် နာတာရှည်အသဲရောင်ဖြစ်၊ အသဲပျက်စီးကြတယ်။ တချို့ကြတော့ ခံနိုင်ရည် ကောင်းနေကြပြန်တယ်။ ပိုးပျောက်သွားတာလဲ ရှိတယ်။ အဲလို ကံကောင်းသူတွေမှာ သဘာဝရောဂါပြီးစနစ်ကနေ ဘယ်လို လုပ်သလဲကို လေ့လာပြီး ကာကွယ်ဆေးထုတ်နိုင်ဘို့ လုပ်နေတာဖြစ်ပါတယ်။ သုတေသနလုပ်သူတွေက ကာကွယ်ဘို့ရော ကုသမှုအတွက်ပါ မျှော်မှန်းထားပါတယ်။ အချိန်တွေ၊ အဆင့်တွေ အများကြီး လိုပါသေးတယ်။

"ရောဂါပြီးစနစ်ရဲ့တုံ့ပြန်မှု ရလဒ်တွေက စိတ်အားတက်ကြွစရာကောင်းပါတယ်။ ဒါပေမဲ့ ခရီးရှည်ကြီး သွားရပါအုံးမယ်" လို့ (အောက်စ်ဖို့ဒ်) တကသိုလ်၊ Nuffield Department of Clinical Medicine ဌာန၊ ပါမောက Paul Klenerman (ပေါလ်-ကလီနာမင်) က ပြောပါတယ်။

ဒီစမ်းသပ်မှုကို (အောက်စ်ဖို့ဒ်) တက္ကသိုလ်အပြင် အီတလီ (ဘိုင်အို-တက်ခ်) ကုမ္ပဏီတခု နဲ့ (ယူကေ) က University of Birmingham (ဘာမင်ဂမ်) တက္ကသိုလ်တွေ ပူးတွဲလုပ်နေကြတာဖြစ်ပါတယ်။ မတူတဲ့နည်းတွေ သုံးကြရပါတယ် ဘာလို့လဲဆိုတော့ ဒီပိုးဟာ အတော် ပုံပြောင်းတတ်လို့ပါ။ ဒီအချက်က HIV နဲ့သွားတူနေပါတယ်။

ထုံးစံက ပိုးရဲ့ မျက်နှာပြင်က တနေရာရာကို ပြစ်မှတ်ထားပြီး ကာကွယ်ဆေး ထုတ်ရတာပါ။ အခုပိုးက ပြောခဲ့သလို ခဏခဏ ပုံပြောင်းတတ်လို့ အပြောင်အလဲ နည်းလောက်တဲ့ အထဲကနေရာကို ပြစ်မှတ်ထားကြရပါတယ်။

(ပေါလ်-ကလီနာမင်) က ရှင်းပြတာက "အသဲရောင် (စီ) ပိုး အထဲပိုင်းက ပိုတည်ငြိမ်တယ်။ ပိုးရဲ့ အင်ဂျင်လိုပေါ့ဗျာ။ ကျွန်တော်တို့က စက်ပိုင်းတနေရာရာကို ဦးတည်ပြီး အောင်မြင်အောင် လုပ်ကြည့်နေပါတယ်။"

အဲလို ပိုးရဲ့ တည်ငြိမ်တဲ့ အတွင်းပိုင်းကို ဦးတည်လုပ်ခြင်းကြောင့် အရင်က HCV vaccine ကာကွယ်ဆေး သုတေသနအရ ရောဂါပြီးစနစ် တုံ့ပြန်မှုနဲ့ မတူတာကို ရနိုင်မယ်ဖြစ်ပါတယ်။

"ဗိုင်းရပ်စ်ရဲ့ အတွင်းပိုင်းကို သက်ရောက်စေဘို့ရာ ကျွန်တော်တို့အတွက် T cells လိုတာပါ။ antibodies (အင်တီဘော်ဒီ) မဟုတ်ပါ။"
ဒါကြောင့် (ပေါလ်-ကလီနာမင်) နဲ့ အဖွဲ့ဟာ HCV-specific T cells စီပိုးနဲ့သာဆိုင်တဲ့ (တီ-ဆဲလ်) တွေကို အားဖြည့်နိုင်အောင် ကြိုးပမ်းကြရတယ်။ သူတို့သုံးတဲ့နည်းကို recombinant adenoviral vector strategy ဗျူဟာလို့ ခေါ်တယ်။ ကျန်းမာနေသူ (ဗော်လန်တီယာ) လူ ၄၁ ယောက်မှာ စမ်းသပ်ပါတယ်။

သူတို့ စာတမ်းထဲမှာ ရေးထားတာက HCV genotype 1B ကနေ ယူထားတဲ့ Nonstructural (NS) (ပရိုတင်း) ကို သယ်ပို့ပေးမဲ့ Adenoviruses (အဒီနို-ဗိုင်းရပ်စ်) ၂ ခုကို ဘယ်လို အသုံးပြုထားတယ်ဆိုတာ ပါတယ်။ တခုက ရှားပါးတဲ့ လူ့ (ဆီရို-တိုက်ပ်) (Ad6) ကနေရပြီး၊ နောက်တခုကတော့ (ချင်ပန်ဇီ) (ChAd3) ကရတယ်။

ဒီ (ဖက်တာ) နှစ်ခုလုံးကနေ HCV proteins ကိုဆန့်ကျင်တဲ့ T cell တုံ့ပြန်မှုကို ရစေတယ်။ သူတို့ကနေတခါ (ပရိုတင်း) အမျိုးမျိုးကို ပြစ်မှတ်ထားကြတယ်။ ဒါတွေကနေ (Genotypes 1A and 3A) ဆိုတဲ့ Heterologous strains အမျိုးအစားတွေကို သိစေနိုင်မယ်။
တုံ့ပြန်မှုကနေ ထွက်ပေါ်လာတဲ့ HCV-specific cells စီပိုးသပ်သပ် (ဆဲလ်) တွေကနေ အမျိုးမျိုးဖြစ်စေတယ်။ ဒါတွေထဲမှာ (CD4+) နဲ့ (CD8+) ဆိုတဲ့ အုပ်စုငယ်တွေလဲ ပါဝင်တယ်။ Interleukin-2, Interferon-[gamma] နဲ့ Tumor necrosis factor-[alpha] တွေကို ထွက်လာစေတယ်။

Adenoviral vector strategy (အဒီနို-ဗက်တာ) ဗျူဟာကို သုံးနည်းဟာ တာရှည်ခံမဲ့ (တီ-ဆဲလ်) တုံ့ပြန်မှုကို ရစေနိုင်တယ်လို့ ကောက်ချက်ချတယ်။ ဒါဟာ ခုခံအားဖြစ်စေအောင် လုံလောက်တဲ့ အရွယ်အစားနဲ့ အရည်အသွေးကို ရစေနိုင်တယ်။ ဒါ့ကြောင့် HCV ကာကွယ်ဆေး ထုတ်နိုင်လောက်တဲ့ တံခါးပွင့်သွားစေတော့တယ်။

ဒီပဌမအဆင့်စမ်းသပ်မှုဟာ ကာကွယ်ဆေး စိတ်ချရမှု နဲ့ ရောဂါပြီးစနစ်အမျိုးအစားကို သိနားလည်စေဘို့ ဖြစ်တယ်။စမ်းသပ်ခံသူတွေမှာ သိသာတဲ့ ဘေးထွက်-ဆိုးကျိုးမရှိကြတာတွေ့ရတယ်။ အခု စမ်းသပ်မှု နောက်တဆင့် တက်နေကြပါပြီ။

(အောက်စ်ဖို့ဒ်) အုပ်စုက ရောဂါပိုး ဝင်နေပြီးသူတွေကိုလဲ ကုသလို့ ရမလားဆိုတာလဲ စမ်းနေပါတယ်။ ပိုးရှိနေသူတွေမှာ T cell responses (တီ-ဆဲလ်) တုံ့ပြန်မှုက တခါတလေမှာ အားနည်းတတ်လို့ ကုသတဲ့အခါမှာ တခြားဆေးနဲ့ပါ တွဲရနိုင်တယ်။ အမေရိကန် အုပ်စုကတော့ ပိုးကျယ်ပြန့်တဲ့ ရောဂါထူပြောရာတွေမှာ ကာကွယ်နိုင်မလားဆိုတာ စမ်းနေပါတယ်။

ဒီစမ်းသပ်သုတေသနကို European Commission ဥရောပ-ကော်မရှင်၊ UK Medical Research Council (ယူကေ-သုတေသန-ကောင်ဆယ်လ်)၊ Wellcome Trust (ဝဲလ်ကမ်း-ထရပ်စ်)၊ Oxford Biomedical Research Centre (အောက်စ်ဖို့ဒ်-ဘိုင်အို-မယ်ဒီကယ်) သုတေသနဌာန၊ နဲ့ Martin School at the University of Oxford (အောက်စ်ဖို့ဒ်-မာတင်-စကူးလ်) တွေကနေ ထောက်ပံ့ပါတယ်။

• Hepatitis C (1) စီ ပိုး နဲ့
• Hepatitis C (2) စီ ပိုး နောက်ဆက်တွဲ တွေကိုလည်း တွဲဖတ်ပါ။

Dr. တင့်ဆွေ
၈-၁-၂ဝ၁၂

Saturday, January 7, 2012

Urethral Polyp ဆီးထွက်ပြွန်မှာ အညှာပါ အသီးလေးဖြစ်နေခြင်း

Sat, Jan 7, 2012 at 1:53 AM
ကျွန်တော့် နာမည် (့) ပါခင်ဗျာ။ အသက်က ၂၇ ဖြစ်ပါတယ်။ ယခုလက်ရှိ (့) မှာ အလုပ်လုပ်ကိုင်နေပါတယ်။ ကျွန်တော် ၂ဝ၁၁ မှာ ၄ လပိုင်းမှာ အိမ်ထောင်ကျပါတယ်။ ကျွန်တော်အရင်က လိင်ကိစ္စတွေနဲ့ မပါတ်သက်ဖူးသလို လိင်နဲ့ ပါတ်သက်တဲ့ ကျန်းမာရေး အသိပေးတွေ လေ့လာဖတ်ရှုမေးစမ်းတာမျိုးလည်း မလုပ်ခဲ့မိပါဘူး။ ယခု ကျွန်တော့်မှာ Urethra ဆီးပြွန်မှာ Polyps အသားပိုဖြစ်တယ်လို့ ယူစရတဲ့ရောဂါ ဖြစ်နေပါတယ်။ သုံးပါတ်လောက်ရှိနေပါပြီ။ ဆီးသွားတဲ့ လမ်းကြောင်းထဲကနေ အပြင်ဘက်ကို အသားစလေး တဖြည်းဖြည်းနဲ့ ထွက်လာပါတယ်။

အသားစလေးဆိုပေမယ့် သွေးဥလေးတွေလို အလုံးလုံးလေးတွေ ငါးဥလေးတွေ ပုံစံမျိုးပါ။ အရောင်က အနီရောင်ပါ။ အဲဒါ ထွက်ကျမလာခင်က သုတ်လွှတ်ရင် နောက်ဆုံးမှာ သွေးပါလာပါတယ်။ တဖြည်းဖြည်း ပိုထွက်လာတဲ့အတွက် ဆီးလမ်းကြောင်း ပိတ်သွားမှာကိုလည်း စိုးရိမ်နေသလို ကင်ဆာဖြစ်နေမှာကိုလည်း စိုးရိမ်နေမိပါတယ်။ ဇနီးနဲ့ နှစ်ပါတ်လောက် အတူနေပြီး နောက်ပိုင်းမှာ တန်းဖြစ်တာပါ။ ဒီနိုင်ငံမှ ဆရာဝန် သွားပြကြည့်ပါတယ် ရောဂါဖြစ်ပုံကိုပဲ မေးပြီးတော့ မကြည့်ဘဲ (ပိုးသတ်ဆေး)ဘဲ ပေးလိုက်ပါတယ်။

အညှာပါ အသီးလေးမှန်သမျှ ဘယ်နေရာမှာဖြစ်နေနေ (ပေါလစ်ပ်) ခေါ်တယ်။ ယောက်ျား ဆီးထွက်ပြွန်မှာလဲ ဖြစ်နိုင်တယ်။ ရှားတော့ ရှားတယ်။ ကင်ဆာ မဟုတ်တဲ့ အသားပိုတမျိုးဖြစ်တယ်။

ဖြစ်စေနိုင်တဲ့ အကြောင်းခံတွေ ရှိတယ်။ ဆီးလမ်းကြောင်း ပိုးဝင်တာ၊ ပြည်တည်နာ၊ ဂနိုးရီးယား၊ နီးတဲ့အရိုးကို ထိခိုက်မိတာ၊ ဆီးပိုက် ထည့်ထားရတာတွေကနေ ဖြစ်စေတယ်။

မိန်းမတွေမှာက ယောက်ျားတွေထက် ပိုအဖြစ်များတယ်။ များသောအားဖြင့် မွေးကတည်းကပါတယ်။ ယောက်ျားတွေမှာ ဖြစ်ရင် အောင့်မယ်၊ နာမယ်၊ သူ့အလုပ် ၂ မျိုးဖြစ်တဲ့ ဆီးသွားတာနဲ့ သုက်လွှတ်တာတွေမှာ အခက်အခဲဖြစ်နိုင်တယ်။ ဆီးသွာချင်ရင် အမြန်ပြေးရတယ်။ ဆီးကလဲ အနယ်ပါတတ်တယ်။ သွေးလဲပါနိုင်တယ်။ သွေးခဲဆို့နေရင် ဆီးသွားရတာ ခက်မယ်။

Posterior urethral polyps ဆီးသွားပြွန်ရဲ့ နောက်ပိုင်းမှာလာဖြစ်တာကို သပ်သပ်ခေါ်တယ်။ ကင်ဆာ မဟုတ်ပါ။ Voiding cystourethogram နဲ့ Cystoscopy သုံးပြီး သေခြာစေနိုင်ပါတယ်။ ကလေးငယ်လေးတွေမှာ ဖြစ်တယ်။

Urethral Caruncle ဆိုတာကတော့ သွေးဆုံးပြီး အမျိုသမီးတွေမှာ အဖြစ်များတယ်။ သေးသေးလေးဘဲ။ ၁-၂ စင်တီမီတာလောက် ပတ်လည်ရှိနိုင်တယ်။ အမျိုးသမီးကြီးတွေမှာဖြစ်ရင် Urethral prolapse နဲ့ဆင်တူတယ်။ ကင်ဆာ မဟုတ်ပါ။ ယောက်ျားလဲ ဖြစ်နိုင်ပါတယ်။ Urethral carcinoma ကင်ဆာ၊ Urethral diverticulum, Urethral prolapse, Periurethral gland abscesses တွေနဲ့ ခွဲခြားရမယ်။

Urethral polyps ကို ကလေးတွေမှာတွေ့ရင် မွေးရာပါဖြစ်နိုင်တယ်။ ကြီးတဲ့အထိလဲ နေနိုင်တယ်။ ဆီးသွးပြွန်အရင် ဆီးအိမ်နဲ့ နီးတဲ့နေရာမှာ ရှိတာများတယ်။ ဒါဆိုရင် ဆီးအသွားရခက်စေမယ်။ ဆီးထဲလဲ သွေးပါမယ်။ ခပ်ရှည်ရျည်၊ အညှာလေးနဲ့ ဖြစ်တာများတယ်။ လှုတ်ရှားနေမယ်။ ဆီး-ကျောက်၊ ပြင်ပ-ပစ္စည်း၊ တခြားနေရာကလာတဲ့ သွေးခဲစတာနဲ့ ခွဲခြားရမယ်။

Urologists ဆီးအထူးကု ဆရာဝန်ကနေ Cystoscopy လုပ်တာနဲ့သိမယ်။ ဖြစ်တဲ့အကြောင်းရင်း သိမှကုရတာလွယ်တယ်။
များသောအားဖြင့် ခွဲစိတ်ကုသရတယ်။ ဖြစ်နိုင်ရင် Minimally-invasive procedure ထိခိုက်ဒဏ်ရာ အနည်းဆုံးနည်းနဲ့ လုပ်ပေးမယ်။
Cystourethroscopy ကင်မရာတပ်ထားတဲ့ ကရိယာလေးနဲ့ ကောင်းကောင်းကြည့်နိုင်သေးတယ်။ လိုသေးရင် ဆေးသွင်းပြီး ဓါတ်မှန်ရိုက်နိုင်တယ်။ ခွဲတာမဟုတ်ဘဲ Antibiotics ပိုးသေဆေးတွေနဲ့ Analgesics အနာသက်သာဆေးတွေ ပေးရတယ်။

Sperm Color သုက်၏အရောင် နှင့် Hematospermia သုက်ထဲသွေးပါခြင်း ပို့လိုက်ပါတယ်။ ဖတ်ပြီး လိုရင် ထပ်ပြောပါ။ မစိုးရိမ်ပါနဲ့။

Dr. တင့်ဆွေ
၇-၁-၂ဝ၁၂

Wednesday, January 4, 2012

Lung Cancer and Papaya အဆုပ်-ကင်ဆာ နဲ့ သင်္ဘောရွက်

Wed, Jan 4, 2012 at 12:54 AM
ကျွန်မ အဖေမှာ ကင်ဆာရောဂါ ရှိနေတာ (၃) နှစ်ကြာပါပြီ။ ပထမဆုံး ဆေးစစ်ရင်း အဆုတ်မှာ အနာဖြစ်တာတွေ့တော့ စင်္ကာပူမှာ သွားခွဲပါတယ်။ အဆုတ်ရဲ့ ၃ ပုံ ၁ ပုံကို ခွဲထုတ်ပြီး အကုန် ကောင်းသွားပါတယ်။ ဒါပေမယ့် ၃ လ တစ်ခါဆေးသွားစစ်ရင်း ၉ လကြာမှာ ကီမို (၆) လုံး ၁၂ ကြိမ် စင်္ကာပူမှာ ထိုးရပါတယ်။ ၆ လကျော်ကျော်ကြာသွားပါတယ်။ သွေးစစ်ခါနီး သင်္ဘောရွက်ရည် သောက်ပါတယ်။

ပြန်လာပြီး ၈ လလောက်ကြာတဲ့အခါမှာ ချုပ်ရိုးမှာ အကျိတ်ထွက်လို့ (့) မှာ ပြန်ခွဲပါတယ်။ ခွဲပြီး ၆ လကြာတဲ့အခါ ချိုင်းမှာ အကျိတ်ထွက်လာပါတယ်။ ဒါပေမယ့် အဖေက ထပ်မခွဲတော့ဘူး ဆိုပြီး အခု ၁ နှစ်ကြာတော့ အလုံးက ဂေါက်သီးလုံးလောက် ကြီးလာပါတယ်။ ဆရာဝန်နဲ့ပြတဲ့အခါ ခွဲရမယ် ၂ လ ကြာရင် ခွဲမရတော့ဘူး ပြောပါတယ်။. အဖေက မခွဲချင်ဘူးဖြစ်နေတယ်။ အသိဆရာဝန်တွေနဲ့ တိုင်ပင်တော့ ဘယ်သူမှ မခွဲခိုင်းတော့ မတိုက်တွန်းရဲဘူး။ အဖေက ဘာမှမလုပ်ချင်ဘူးပြောတယ်။ ဘယ်လို လုပ်ရမလဲ ဓါတ်ကင်ရင် မြန်မာပြည်မှာ တန်းဆီရတယ် ဆိုတော့ စင်္ကာပူ သွားဓာတ်ကင်ချင်တယ်။ ဒါပေမယ့် သူတို့ဆီမှာ ဘာမှမကုရသေးဘူး ဆေးစစ်တာနဲ့တင် သိန်း ၆ဝ လောက် ကုန်သွားတယ်။ သိချင်တာက ဘာမှမစစ်နဲ့ ဓါတ်ကင်ပေးပါဆိုရင် လုပ်ပေးပါ့မလား။ ဘယ်လို လုပ်ရင်ကောင်းမလဲ။ အဖေ အသက်က ၆၇ နှစ်ရှိပါတယ်။ အခု အဖေက ကြည့်လိုက်ရင် လူကောင်း အတိုင်းဘဲ နည်းနည်းမောတယ်၊ ကျင်တယ်၊ အစားမပျက်သေးပေမယ့် ပိန်သွားတယ်။ တရားကိုတနေ့ ၂ ကြိမ် ထိုင်ပါတယ်။

ကင်ဆာ ဖြစ်နေတာအတွက် (ဆောရီး) ပါ။ လူမှုရေး အားပေးစကား မဟုတ်လို့ ဆရာဝန့်အပြောဟာ အားမနာတတ်သူက စကားပြောတာလိုတော့ ဖြစ်နေမယ်။ နောက်ထပ် (ဆောရီး) ပေါ့ဗျာ။

အမေရိကားမှာတော့ ယောက်ျား-မိန်းမ ကင်ဆာကြောင့် သေဆုံးရတဲ့ စာရင်းမှ ထိပ်ကရှိတယ်။ သူတို့ဆီမှာ ၅ နှစ်အထိ အသက်ရှင်နှုန်း ၁၆% ရှိတယ်။ ယှဉ်ကြည့်ရင် ရင်သား-ကင်ဆာ = ၈၉%၊ အူမကြီး-ကင်ဆာ = ၆၅%၊ ဆီးကျိတ်-ကင်ဆာ = ၉၉% ရှိကြတယ်။ ဆေးလိပ်နဲ့ သိသိသာသာ ဆက်စပ်မှုရှိတယ်။

ဘယ်လောက်အထိ ကောင်းနေမလဲဆိုတာ ကင်ဆာ အမျိုးအစား၊ ဘယ်နေရာမှာ စဖြစ်တယ်။ ဘယ်အထိ ပြန့်နေတယ်၊ ဘာတွေ ခံစားနေရတယ်။ လူနာရဲ့ ကိုယ်ခံကျန်းမာရေး ဆိုတဲ့အချက်တွေအပေါ် မူတည်တယ်။

Small cell lung cancers (SCLC) နဲ့ Non-small cell lung cancers (NSCLC) ဆိုပြီး ၂ မျိုးရှိတယ်။ SCLC က ပိုဆိုးတယ်။ ရောဂါနာမည်တပ်ပြီး ဆေးမကုရင် ၃-၄ လအထိသာခံတယ်။ ဓါတ်ကင်တာနဲ့ ဆေးပေးတာကို သက်ရောက်မှု ကောင်းတယ်။ ပြန့်တာ မြန်လို့ ဆရာဝန်ဆီရောက်ချိန်မှာ တခြားနေရာတွေထိ ရောက်နေတာမို့ ခွဲစိတ်လဲ မထူးတာများတယ်။ ၅ နှစ်မက နေရသူ ၅-၁ဝ% ရှိတယ်။

NSCLC က ပိုသက်သာတယ်။ ဒါပေမဲ့ ဆေးကုသတာကို တုံ့ပြန်မှုတော့ သိပ်မကောင်းဘူး။ သေးသေးလေးဆိုရင် ခွဲစိတ်ထုတ်ပြစ်မယ်။ ၅ နှစ်မကရှင်သူ ၇၅% ရှိတယ်။ ဓါတ်ကင်လို့ ကောင်းသွားသူ အနည်းအပါးရှိတယ်။ ခံစားနေရတာရှိရင်လဲ သက်သာစေမယ်။ အသက်လဲကြီးလို့ ဆေးဘဲပေးရသူတွေအတွက် အသင့်အတင့်သာ တိုးတက်စေနိုင်တယ်။

သင်္ဘောရွက်ကို ဆေးအဖြစ် အသုံးချခြင်း
၁။ Acne ဝက်ခြံပျောက်ချင်ရင် သင်္ဘောရွက်ကို နေမှာအခြောက်လှန်းပြီး ချေပေးပါ၊ ရေနဲ့ရောပြီး မျက်နှာမှာ လိမ်းပေးပါ။

၂။ Digestion အစာချေ အားပေးတယ်။ သင်္ဘောရွက်မှာပါတဲ့ Karpain ဓါတ်ဟာ အစာချေရာမှာ အနှောက်အယှက်ပြုတဲ့ ပိုးမွှားတွေကို သေစေတယ်။ သင်္ဘောရွက်ထဲမှာပါတဲ့ Papain နဲ့ Chymopapain ဓါတ်တွေက Pepsin (အင်ဇိုင်းမ်) နဲ့တူလို့ အစာချေအားပေးတယ်။ အစာချေ ကောင်းစေချင်လို့ သင်္ဘောရွက်-ရေနွေးကြမ်းလုပ်ရင် အပူချိန် ၁၅ဝ ဒီဂရီ ဖါရင်ဟိုက်သာ ရှိစေသင့်တယ်။ ရေဆူမှတ်ဆိုတာ ၂၁၂ ဒီဂရီဖြစ်တယ်။

၃။ Appetite အစာ စားချင်စိတ်ပိုစေမယ်၊ အထူးသဖြင့် ကလေးတွေ၊ သင်္ဘောရွက်အစိမ်းကို ရေနွေးထဲမှာ ဆားနဲနဲထည့်ပြီး သောက်စေပါ။

၎။ Dengue fever သွေးလွန်တုပ်ကွေး သက်သာစေမယ်၊ သင်္ဘောရွက် ၅ ရွက်ကို ရေလီတာဝက်နဲ့ ပြုတ်သောက်ပါ။

၅။ Menstrual pain ရာသီလာချိန် နာတာ-ကိုက်တာ သက်သာစေမယ်၊ သင်္ဘောရွက် + မန်ကျီးရွက် + ဆား + ရေ ရောပြီး ပြုတ်သောက်ပါ။

၆။ Cancer ကင်ဆာအတွက် သင်္ဘောပင်ကထွက်တဲ့ အစေးဟာ ဆေးတန်ခိုးရှိတယ်။ ရင်သား၊ အဆုပ်၊ သရွက်ရွက်၊ သားအိမ်ဝ၊ အသဲကင်ဆာတွေအတွက် သုံးနိုင်ကြတယ်လို့ ဖလော်ရီဒါ တက္ကသိုလ်က သုတေသန လုပ်သူတွေက ဆိုပါတယ်။ ကင်ဆာအတွက် သုံးသူတွေက သင်္ဘောရွက်ခြောက်ကို ပြုတ်ပြီး ရေနွေးကြမ်းလုပ် သောက်ရတယ်။ ကင်ဆာအတွက် Dried papaya leaf extract အရွက်ခြောက်က Papaya leaf tea အရည်ထက် ပိုစွမ်းတယ်လို့ ဆိုသူတွေကဆိုတယ်။

၇။ Mentally alert စိတ်ပိုင်းမှာ ပိုပြီး လန်းဆန်းနေတယ်။ ဘာအစာမှ စားမထားချိန်သုံးရင် Euphoric စိတ်ထဲမှာ ပိုပျော်နေမယ်။

သွေးကျဲဆေးတွေဖြစ်တဲ့ Coumadin, Aspirin တွေသောက်နေရသူတွေနဲ့ သင်္ဘောရွက် မသင့်ဘူး။ ကိုယ်ဝန်ရချင်သူတွေနဲ့လဲ သင်္ဘောရွက် မသင့်ဘူး။

ဆေးကုဌာနတွေ အခြေအနေကို ဝေဖန်တာသာ တတ်နိုင်ပါတယ်။ လူနာအတွက် အားမဖြစ်လို့ မပြောချင်လှပါ။ အခမဲ့ကုသနိုင်တဲ့ ကျန်းမာရေး စောင့်ရှောက်မှု မဟုတ်လို့ ငွေရေးကြေးရေးက ထိပ်ကနေတဲ့ ခေတ်ကြီးမှာ ဆေးရုံပိုင်သူတွေရော လူနာတွေပါ အတူတူ လူဖြစ်နေကြရတယ်။

ဒီအဆင့်မှာ ချင့်ချိန်စရာတွေ ပိုလာတယ်။ ဆရာဝန်တွေက ဆေးပညာတခုထဲ ကြည့်မယ်။ လူနာရှင်တွေက မိဘ-ဆွေမျိုး သံယောဇဉ်နဲ့ ဝတ္တရားတွေကို ကြည့်ကြရတယ်။ လူနာကိုယ်တိုင်က သူခံစားနေရတာတွေ သိမယ်၊ သူ့ သား-သမီး-ဆွေမျိုးတွေရဲ့ ဝတ္တရားတွေကိုလဲ တွက်ဆမယ်။ သူ့တရားကိုလဲ အားကိုးပါလိမ့်မယ်။

• Lung Cancer (1) အဆုပ် ကင်ဆာ (၁) http://dts-medicaleducation.blogspot.com/2011/11/lung-cancer.html
• Lung Cancer (2) အဆုပ် ကင်ဆာ (၂) http://dts-medicaleducation.blogspot.in/2012/07/lung-cancer.html
• Diet and cancer ကင်ဆာ နဲ့ အစားအစာ http://dts-medicaleducation.blogspot.com/2012/01/diet-and-cancer.html ကိုလည်း တွဲဖတ်ပါ။

Dr. တင့်ဆွေ
၎-၁-၂ဝ၁၂

Monday, January 2, 2012

Q and A December 2011 (5)

၁။ နှာခေါင်းနောက်ကနေ ချွဲတွေ အာခေါင်ထဲကို ခဏခဏ စီးကျနေပါတယ်။
၂။ ဘယ်လိုအားဆေးမျိုး သောက်ရမလဲ။ ပြီးတော့ ကျနော်က ပိန်တယ်
၃။ ဇနီး ဝမ်းချုပ်တာ ၁ ပတ်လောက်ရှိပါပြီ။
၎။ ကျွန်တော့် မျက်လုံးက ဘယ်ဘက်ကို စောင်းကြည့်၊
၅။ အူကျတာလို့ ထင်တာဘဲ။
၆။ My body got red spots.

2011/12/29
အမည် (့)၊ အသက် ၂ဝ၊ နေရပ်လိပ်စာ ရန်ကုန်၊ ဝေဒနာ ကျွန်တော် နှာခေါင်းနောက်ကနေ ချွဲတွေ အာခေါင်ထဲကို ခဏခဏ စီးကျနေပါတယ်။ ပျောက်လိုက် ပြန်ဖြစ်လိုက်နဲ့ပါ။ အဲဒါနဲ့တွဲပြီး ခံတွင်းနံဆိုးတွေလဲထွက်ပါတယ်။ ရေခဏခဏ သောက်ရလွန်းလို့ အပေါ့ခဏခဏသွားနေရပါတယ်။ ဆေးညွှန်းလိုချင်ပါတယ်။ ပြန်မဖြစ်အောင်ကာကွယ်လို့ရပါသလား။ အရှေ့ ဘက် နှာစီးတာတော့ မဖြစ်ပါဘူး။ အာခေါင်ထဲမှာ တခုခုရှိနေသလို ခံစားနေရပါတယ်။ စီးနေတာကိုလဲ သိနေရပါတယ်။

ဖြစ်တာ ဘယ်လောက်ကြာပြီလဲ။ ဘယ်ဆေးတွေသုံးနေသလဲ။ ဆရာဝန်ကိုပြဘူးသလား။ ဆေးစစ်သေးလား။ ဥပမာ ဓါတ်မှန်၊ အာလ်ထွာဆောင်း။
Delivery to the following recipient failed permanently:
(့)

2011/12/30
ကျနော် အသက် ၂၂ ပါ။ ကျနော်က ကိုယ့်ကို အသာဖြေပြီးရင် အားတော်တော်ကုန်တယ်။ တပတ်ကျော်ကျော် လောက်မှ အားပြန်ပြည့်လာပါတယ်။ ခြေထောက်တွေလည်း လှေကားတက်ရင် ညောင်းပါတယ်။ အဲဒါ ကျနော်အားမရှိလို့လား။ ဘယ်လိုအားဆေးမျိုး သောက်ရမလဲ။ ပြီးတော့ ကျနော်က ပိန်တယ် နည်းနည်းလေးဝချင်တယ်။

၁။ Weight gain လှရုံမက ဝချင်သေးရင် နဲ့
၂။ Tonics အားဆေး တွေကို ပို့လိုက်ပါတယ်။

2012/1/1
ခုဆို ကျတော့် ဇနီး မီးဖွားတာ ၂ ပတ်ကျော်ရှိပါပြီ။ ရိုးရိုးပဲ မွေးတာပါ။ မိခင်ရော ကလေးပါ ကျန်းမာကြပါတယ်။ ဒါပေမဲ့ ဇနီး ဝမ်းချုပ်တာ ၁ ပတ်လောက်ရှိပါပြီ။ ကလေးကိုလည်း နို့တိုက်နေတော့ ဆေးတွေလည်း မသောက်ရဲဖူး။

ဝမ်းချုပ်တာ မကောင်းပါ။ ရေ-အရည် များများသောက်စေပါ။ အသီအရွက် များများ စားပါ။ ဝမ်းလွယ်စာတွေတော့ သိမှာပေါ့။
Ducolax suppository ဝမ်းခြူတောင့်သုံးနိုင်တယ်။ ကလေးနို့တိုက်ရင်လဲ ကလေးဆီမရောက်နိုင်ဘူး။ Enema အဆီကို တခါသုံး ပလပ်စတစ်အိတ်လေးနဲ့လဲ လာတယ်။ ကောင်းပါတယ်။

2012/1/2
ကျွန်တော့် မျက်လုံးက ဘယ်ဘက်ကို စောင်းကြည့်၊ ညာဘက်ကို စောင်းကြည့်ရင် အောင့်တယ်။ ၂ဝ နှစ်ပါ။ ဖြစ်တာ ၃ ရက်ရှိပါပြီ။ ဘာဆေးသောက်ရမလဲ။

အောင့်တာသက်သက်ဆိုရင် Pain killer (NSAID) အနာ-အကိုက် ပျောက်ဆေး တခုခုကိုသာသောက်ပါ။ မျက်ရည်-မျက်ဝတ် ထွက်ရင် Antibiotic eye drop ခက်ပါ။ မျက်စိအကြည့်ရ အရင်လိုမကောင်းတရင် မျက်စိဆရာဝန်ပြပါ။

2011/12/27
ကျွန်တော်က (့) မှာ အလုပ်လုပ်နေတာ ကြာပါပြီ။ အလုပ်က အလေးအပင်တွေ မရပါတယ်။ လွန်ခဲ့တဲ့ ၁ နှစ်လောက်က စပြီး ကျွန်တော့် ဘောက အောင့်အောင့် လာပါတယ်။ အစကတော့ မနေနိုင်အောင် အောင့်ပါတယ်။ ကြာလာတော့ သိပ်ပြီး မအောင့်တော့ပါ။ မနေနိုင်အောင် မအောင့်ဘူးလို့ ပြောတာပါ။ အခုလည်း နေ့တိုင်း အောင့်နေတာပါဘဲ။ ဒါပေမဲ့ နေနိုင်ပါတယ်။ ကျွန်တော့် စိတ်ထဲမှာ ဘောက လေးနေတယ်လို့ အမြဲတန်း ခံစားနေရတယ်။ ဘောအောက် တည့်တည့်မှာ အကြော ၁ ချောင်းက အခွေလိုက်လေး ထောင်နေတယ်။ အကြောက သိသိသာသာကြီး ပေါ်နေတာလို့ ပြောတာပါ။ အူကျ (ဘောကျ) တာလို့ ထင်တာဘဲ။ ဘောကကြီးတာ မဟုတ်ဘူးနော်။ အဲ့ဒါ ဘာရောဂါလို့ ခေါ်ပါသလဲ။ ခွဲစိပ်ရမယ့် အနေအထားလား။ ဆေးထိုးဆေးသောက်တာနဲ့ ပျောက်နိုင်ပါသလား။ မခွဲနိုင်သေးရင် ဘယ်လောက် ကြာကြာ နေနိုင်ပါသလဲ။ ဘယ်လို ကာကွယ်ထားသင့်သလဲ။

အောင့်တယ်ဆိုရင် အူကျတာ မဟုတ်ဘို့များပါတယ်။ အူကျတာက ခွဲစိတ်ရမယ်။ အရေးပေါ်မဟုတ်ရင် ဘယ်အချိန်ကျမှ ခွဲခွဲရပါတယ်။ တဘက်ထဲဖြစ်တာများတယ်။ လှဲလိုက်ရင်၊ အိပ်လိုက်ရင် အကောင်းပကတိပြန်ဝင်တယ်။ ကပ်ပဲ့အိတ် တဖက် ဒါမှမဟုတ် နှစ်ဘက် တဖြေးဖြေးနဲ့ ကြီးကြီးလာရင် မုတ်ရောဂါဖြစ်မယ်။ ဘယ်လောက်ကြီးကြီး မနာပါ။ အိပ်ပေမဲ့ ငယ်မသွားပါ။ ခွဲရမှာပါဘဲ။ နာတယ်ဆိုတာ များသောအားဖြင့် အကြော-အစေ့ရောင်တာနေမယ်။ နဲနဲလောက်သာ ပိုကြီးနေမယ်။ ပျောက်လိုက် ပေါ်လိုက်ဖြစ်နိုင်တယ်။ ပိုးကြောင့်ဖြစ်လို့ ပိုးသေဆေး နဲ့ အနာ-အရောင်သက်သာဆေးတွေပေးရတယ်။ Hernia, Hydrocele, Varicocele, Orchitis အားလုံးရေးထားပါတယ်။ ရှာဖတ်ပါ။ မတွေ့ရင် အနီးစပ်ဆုံးထင်တာကို ပြောပါ။ ပို့ပေးပါမယ်။

On Tue, Jan 3, 2012 at 9:20 AM,
My body got red spots. What's it? I took Burmeton. Some said it's allergic (အင်ပြင်). But it's happened to me since yesterday. Thanks!

၁။ Urticaria (Hives) အင်ပြင် ထွက်ခြင်း
၂။ Allergy medications (အလာဂျီ) ကို ဘယ်လို ကုသမလဲ

Piles (Hemorrhoids) Treatment လိပ်ခေါင်းကုနည်းများ

ကျွန်တော့် လက်ရှိအလုပ်ကတော့ အလေးအပင်တွေကို မရပါတယ်။ အခု ဝမ်းသွားရင် သွေးပါနေပါတယ်။ နောက်ပြီး ဝမ်းချုပ်တဲ့အခါမှာလည်း လိပ်ခေါင်းထွက်လာတတ်ပါတယ်။ ဝမ်းသွားနေရင်း လိပ်ခေါင်းက ၅ စင်တီမီတာလောက် ထွက်ပါတယ်။ လက်နဲ့ပြန်ထည့်လိုက်ရင် အဆင်ပြေသွားပါတယ်။ အဲဒီလိပ်ခေါင်းက အမြဲတမ်း အချိန်တိုင်းတော့ မထွက်ပါ။ ဝမ်းချုပ်တဲ့အခါတိုင်း ထွက်ပါတယ်။ ဝမ်းပျော့နေရင် ထွက်တဲ့အခါထွက်တယ်။ အောင့်ခြင်း နာခြင်းလည်း မဖြစ်ပါ။ ဝမ်းသွားရင် သွေးပါပါနေတာ ၁ဝ ရက် ခန့်ရှိပါပြီ။

လွန်ခဲ့တဲ့ ၅ နှစ်တုန်းက မြန်မာပြည်မှာ စက်ပြင်တဲ့အလုပ် လုပ်တုန်းက ဝမ်းသွားရင် သွေးပါခဲ့ဘူးပါတယ်။ အဲဒီတုန်းကတော့ သွေးလေးငါးရက် လာပြီး ပျောက်သွားတယ်။ အဲလိုမျိုး ၃-၄ ကြိမ်လောက် ဖြစ်ဘူးပါတယ်။ အခု ကျွန်တော် (့) မှာ အလုပ်လုပ်နေတာ ၅ နှစ် ပြည့်တော့မယ်။ အခုမှ တစ်ခါပြန်ပြီး ဖြစ်တာပါ။ အရက်၊ ဆေးလိပ်၊ ကွမ်းမစားပါဘူး၊ ဘီယာတော့ တစ်ခါတစ်ရံ သောက်တတ်ပါတယ်။ စအိုကိုသုံးပြီး လိင်မဆက်ဆံမှု မပြုလုပ်ပါ။ဘယ်လို ကုသမှု ခံယူရမလည်း ဆိုတာကို အကြံပေးပါ။ ဆရာရဲ့  လိပ်ခေါင်းနဲ့ပတ်သတ်တဲ့ Post တွေကို ဖတ်ပါတယ်။

လိပ်ခေါင်းကို ဆရာဝန်လို့ အခေါ်မခံရတဲ့ ဆေးကုသူများ၊ သမားတော်များ၊ အာယုဗေဒ၊ ဟိုမီယိုနည်းတွေ ရှိလို့ ဆရာဝန်တွေ သုံးတာ သက်သက်ကိုသာ ရေးပါမယ်။ တခြားနည်းတွေနဲ့ကုလို့ ဆရာဝန်ဆီရောက်လာသူတွေ မနည်းလှဘူး။ ဆရာဝန်တွေ ကုတယ် ဆိုတာလဲ ဖြစ်နေတာကို သက်သာစေမယ်။ ဖြစ်စေတတ်တဲ့ အခြေခံတွေ မပြင်ရင် ထပ်ဖြစ်နိုင်တာလဲ သတိပြုရမယ်။ (လိပ်ခေါင်းအကြောင်း ရေးထားပါတယ်။)

အရင်ဆုံး ဆရာဝန်ကညွှန်ပြီး ဆရာဝန်မလိုတဲ့နည်းတွေ ပြောပါရစေ။
• ဆေးဆိုင်တွေမှာ အလွယ်ဝယ်ရတဲ့ Corticosteroid creams (စတီရွိုက်) ပါတဲ့ လိမ်းဆေး (ခရင်မ်) တွေက နာတာ၊ ရောင်တာတာကို သက်သာစေမယ်။
• Lidocaine ပါတဲ့ (ခရင်မ်) ဆိုတာ ထုံဆေးဖြစ်လို့ အနာသက်သာစေမယ်။
• Witch hazel ဆိုတာ ယားနေတာကို သက်သာစေမယ်။
• Cotton undergarments အတွင်းခံကို (ကော်တွန်) ကိုသာဝတ်ဆင်ပါ။
• ရေမွှေးပါတဲ့၊ အရောင်တွေလဲ လှအောင်လုပ်ထားတဲ့ Toilet tissue ရေအိမ်သုံး စက္ကူမျိုး မသုံးပါနဲ့။ Baby wipes ကလေးငယ်လေးတွေအတွက် ထုတ်လုပ်တာမျိုးက သက်သာမယ်။
• ရေကိုသာ သုံးတာ အကောင်းဆုံးဖြစ်တယ်။
• စအိုအဝကို မကုပ်မိပါစေနဲ့။
• Sitz baths ရေနွေးနွေးထဲမှာ ၁ဝ-၁၅ မိနစ်ကြာ စိမ်နေတာ အများကြီးသက်သာစေမယ်။ တခြားနည်းတွေလုပ်လဲ ဒီနည်းပါ တွဲလုပ်သင့်တယ်။
• High-fiber diet (ဖိုင်ဘာ) များ အစားအစာတွေ များများစားပါ။ Fiber ဆိုတာ အပင်တွေကရတယ်။ သစ်သီးဝလံ၊ ဟင်းသီးဟင်ရွက်။ အမေရိကန် အာဟာရအသင်းကနေညွှန်တာက တနေ့မှာ ယောက်ျား 38 grams နဲ့ မိန်းမ 25 grams စားသင့်တယ်လို့ ဆိုတယ်။
• Psyllium (Metamucil) နဲ့ Methylcellulose (Citrucel) တွေက Bulk stool softener ဝမ်းပျော့ဆေးတွေ ဖြစ်တယ်။ အမှန်က Fiber supplement (ဖိုင်ဘာ) အပိုဆောင်းပေးတာ ဖြစ်တယ်။
• တနေ့ကို ရေ-အရည် (အရက် မဟုတ်တာ) ၈ အောင်စခွက်နဲ့ ၈ ခွက်သောက်ပါ။
• Exercising ကိုယ်လက်လှုတ်ရှားမှု လုပ်ပေးပါ။
• Not straining ဝမ်းသွားရင် မညှစ်ပါနဲ့။

ဆရာဝန်တွေ လုပ်ပေးမဲ့နည်းတွေ
• Infrared coagulation (အင်ဖရာ-ရက်တ်) နည်း၊
• Surgery ခွဲစိတ်ကုသနည်းတွေ အမျိုးမျိုးရှိတယ်။
o Rubber band ligation သားရေကွင်းစွပ်နည်း၊
o Hemorrhoidectomy ခွဲစိတ်ဖြတ်တောက်နည်းကို အများဆုံးသုံးတယ်။ ခါးထုံဆေး၊ မေ့ဆေး၊ ထုံဆေး သုံးပြီး လုပ်ရတယ်။
o Sclerotherapy ထိုးဆေးနည်း၊
o Laser therapy လေဆာနည်း၊
o Stapled hemorrhoidectomy နောက်ပေါ်နည်းဖြစ်တယ်။ ဆိုးနေတာမျိုးအတွက် အကောင်းဆုံးလို့ ဆိုတယ်။ မိနစ် ၃ဝ သာကြာတယ်။

Prolapsed Internal Hemorrhoids အတွင်းလိပ်ခေါင်း ထွက်ကျနေရင် အသာအယာ ဖိအားတညီထဲထား သွင်းပေးပါ။ ပြန်မဝင်တဲ့ လိပ်ခေါင်းဟာ ပိုးဝင်တာနဲ့ သွေးမလျှောက်တာ ဖြစ်လာနိုင်တယ်။ Thrombosed Hemorrhoids သွေးခဲပိတ် လိပ်ခေါင်း ဖြစ်လာရင် နာမယ်။ ထွက်နေတာကို ပြန်သွင်းလို့ မရဘူး။ ကောင်းကောင်း မထိုင်နိုင်ဘူး။ ထုံဆေးပေးပြီး ခွဲရမယ်။ ချက်ချင်း ပျောက်ပါတယ်။

Sitz baths ရေနွေးနွေးထဲမှာ စိမ်နေတာလုပ်ဘို့ ထပ်ပြောပါရစေ။

• Piles လိပ်ခေါင်းရောဂါ အမေး-အဖြေများ ကိုလည်း တွဲဖတ်ပါ။

Dr. တင့်ဆွေ
၁-၁-၂ဝ၁၂

Sunday, January 1, 2012

Kidney Diseases in Children ကလေး ကျောက်ကပ်ရောဂါတွေ

Sun, Jan 1, 2012 at 10:32 AM
ကျွန်တော့် မိန်းမ ကိုယ်ဝန်ဆောင်တာ ၉ လရှိနေပါပြီ။ ကလေးဟာ ကျောက်ကပ်တလုံးအရွယ် ကြီးနေတယ်ဆိုတာ ကိုယ်ဝန် ၄လ အရွယ်မှာ သိခဲ့ရပါတယ်။ အဲဒီအချိန်က (့) က အိုဂျီ နဲ့ ပြခဲ့ပါတယ်။ နောက် ၅လမှာ တခါပြန်ပြပါတယ်။ အဲဒီအချိန်မှာ ကျောက်ကပ် ပုံမှန်ပြန်ဖြစ်သွားပြန်ပြီး ဆီးအိပ်ကြီးနေပြန်ပါတယ်။ ၆ လပိုင်းမြောက်မှာတော့ အရွယ်က နည်းနည်း ပုံမှန်ပြန်ဖြစ်လာပါတယ်။ ၇ လမြောက်မှာ မြန်မာပြန်ကို ပြန်သွားပါတယ်။ ရန်ကုန်က နာမည်ကြီး ဆရာမကို ကိုယ်ဝန်အပ်ပါတယ်။

အဲဒီမှာ ဖြစ်ချင်တော့ ဆရာမက ၁ လခွဲလောက် ECG မရိုက်ပဲ နေခဲ့ပါတယ်။ ၉ လမြောက်မှာ ရိုက်တော့ ကျောက်ကပ် ၂လုံး အရွယ်ကြီးနေတာ သိခဲ့ရပါတယ်။ ဆရာမ ပြောချက်အရ မြန်မာပြည်မှာ စက်ကိရိယာ မပြည့်စုံလို့ စင်္ကာပူနဲ့ ထိုင်းမှာ သွားလုပ်ရမယ်လို့ပြောပါတယ်။ အခုလက်ရှိ ကျွန်တော့် မိန်းမက ထိုင်းဖက်သွားဖို့ အားသန်နေပါတယ်။ ကျွန်တော်ကတော့ (့) ကို လာဖို့ခေါ်ပါတယ်။ သူက လေယာဉ် စီးရမှာမယ့် အချိန်ကြာလို့ ခံနိုင်ရည်မရှိနိုင်ကြောင်း ပြောပါတယ်။ ဘယ်လိုလုပ်သင့်တယ်ဆိုတာ အကြံဥာဏ်ပေးပါ။

- ECG မဟုတ်ပါ၊ Ultrasoung ဖြစ်မှာပါ။
- Pregnancy and Air Travel ကိုယ်ဝန်နဲ့ လေယာဉ်ခရီး စာတပုဒ် ပို့လိုက်ပါတယ်။
- ကျောက်ကပ်-ဆီးလမ်းရောဂါ ရှိချင်ရှိနေနိုင်ပေမဲ့ ကလေးကို မွေးဖွါးတာက ပုံမှန်ဖြစ်မှာပါ။
- ရောဂါနာမည်သိရင် ကလေးအထူးကုနဲ့ ဆီးလမ်းအထူးကုဆရာဝန်ကို တိုင်ပင်ရင် ဘယ်တော့ကျမှ ခွဲရမယ်။ ဆေးပေးရမယ်ဆိုတာ သိနိုင်ပါလိမ့်မယ်။
- ချက်ချင်းခွဲရ-မခွဲရဆိုတာ ရောဂါအပေါ်မှာ မူတည်ပါတယ်။ စာတပုဒ်ထပ်ရေးပြီး ပို့လိုက်ပါတယ်။ ချင်ချိန်လို့ရမှာပါ။

Childhood Kidney Diseases ကလေးငယ်လေးတွေမှာဖြစ်တတ်တဲ့ ကျောက်ကပ်ရောဂါတွေ
၁။ Posterior urethral valve obstruction: ဆီးထွက်ပြွန်ရဲ့ နောက်ဖက်က အထိန်း ပိတ်နေခြင်း၊ ယောက်ျားလေးတွေမှာသာ ဖြစ်တယ်။ ခွဲစိတ်ကုသရမယ်။

၂။ Fetal hydronephrosis: (ဟိုက်ဒရို-နဖရိုးဆစ်) ကျောက်ကပ်ကြီးရောဂါ၊ တဖက်-နှစ်ဖက် ဖြစ်နိုင်တယ်။ ကုသနည်း အမျိုးမျိုး ရှိတယ်။ တချို့ကို ခွဲစိတ်ကုသရတယ်။

၃။ Polycystic kidney disease (PKD): (ပေါ်လီဆစ်စတစ်) ရောဂါ၊ နှစ်ဖက်လုံးမှာဖြစ်တယ်။ အရည်အောင်းနေတဲ့ အိတ်ကလေးတွေ အများကြီးဖြစ်နေတာ။ တချို့ဘာမှ မ ခံစားရသေးဘူး တချို့မှာ ပိုးဝင်မယ်၊ ကျောက်တည်မယ်၊ သွေးတိုးမယ်။ တချို့ကို အစားအသောက် ဆင်ခြင်စေရမယ်။ တချို့ကို ကျောက်ကပ်အစားထိုးပေးရမယ်။ Dialysis ကျောက်ကပ်စစ်တာ လုပ်နေရမယ်။

၎။ Multicystic kidney disease (MKD): (မာလ်တီဆစ်စ်တစ်) ကျောက်ကပ်ရောဂါ၊ တဖက်မှာဖြစ်တယ်။ ကောင်းတဲ့တဖက်က အလုပ်လုပ်ပေးနိုင်တယ်။ prenatal ultrasound ကိုယ်ဝန်မှာကတည်းက (အာလ်ထွာဆောင်း) ရိုက်ရင်သိမယ်။ တချို့ကိုသာ ခွဲစိတ်ပေးဘို့လိုမယ်။

၅။ Renal tubular acidosis: (ရနယ်လ်-ကျူဗြူလာ-အက်ဆီဒိုဆစ်) ရောဂါ၊ အက်စ်ဓါတ်အထိန်းနိုင်ဘူး။ ဆေးနဲ့ကုရမယ်။ ကျောက်တည်တတ်တယ်။

၆။ Wilms tumor: (ဝီလ်-ကျူးမား) ရောဂါ၊ ကင်ဆာဖြစ်တယ်။ ကလေး ၂ နှစ်သားကျမှသိတယ်။ ခွဲစိတ်တာနဲ့ ဆေးပေးနည်း လုပ်ရမယ်။

၇။ Glomerulonephritis: (ဂလိုမာရူလိုတဖရိုက်တစ်) ရောဂါ၊ ကျောက်ကပ်ထဲက သွေးကြောလေးတွေစုဝေးရာမှာ ပိုးဝင်တာ။ စစ်တဲ့အလုပ်မလုပ်နိုင်ဘူး။ ကိုယ်ရောင်မယ်၊ ဆီးထဲသွေးပါမယ်၊ ဆီးနည်းမယ်။ ဆေးနဲ့ကုရတာများတယ်၊ တချို့ Dialysis ကျောက်ကပ်စစ်တာ နဲ့ Kidney transplant ကျောက်ကပ်လဲတာလုပ်ရမယ်။

၈။ Nephrotic syndrome: (နဖရောတစ်-ဆင်ဒရုမ်း)၊ ဆီးထဲမှာ (ပရိုတင်း) ဓါတ်တွေပါနေမယ်။ ကလေး ၁ နှစ်သားမှာ သိမယ်။ မျက်နှာ-ဗိုက်-ခြေ-လက် ရောင်လာမယ်။ ဆေးနဲ့သာကုတယ်။

၉။ Congenital problems with the urinary tract: မွေးရာပါ ဆီးလမ်းချို့ယွင်းချက်များ၊
(က) ကျောက်ကပ်ကနေ ဆီးအိမ်ဆီသွားတဲ့ ဆီးပြွန် ၂ ခုပါနေတာ၊ ပိုးဝင်နိုင်တယ်။ ဆေးပေးကုတာနဲ့ ခွဲစိတ်တာလုပ်မယ်။
(ခ) Horseshoe kidney ကျောက်ကပ် မြင်းခွါပုံဖြစ်နေတာ၊ ကျောက်ကပ် နှစ်ခုက ပူးနေတာ၊ အလုပ်တော့ လုပ်နိုင်နေမယ်။ အသက်ကြီးရင် တခုခုဖြစ်လာနိုင်တယ်။

၁ဝ။ ဆက်စပ်နေနိုင်တဲ့ ရောဂါတွေ
(က) High blood pressure သွေးတိုးရောဂါ၊
(ခ) Kidney stones ကျောက်ကပ် ကျောက်တည်ခြင်း၊
(ဂ) Nephritis ကျောက်ကပ်ရောင်ခြင်း၊
(ဃ) Urinary tract infections (UTI) ဆီးလမ်းပိုးဝင်ခြင်း၊

Dr. တင့်ဆွေ
၁-၁-၂ဝ၁၂

ESL အင်္ဂလိပ်စာ

ကျောင်းစဖွင်ပြီလို့ရေးတော့ မေးပါတယ်။ ဘာသင်တဲ့ကျောင်းလဲ ဆရာတဲ့။  ကျောင်းအကြောင်း နည်းနည်း နည်းနည်း ရေးထားပြီး။ တယောက်က မေးဖူးတယ်။ အခုမှ...