ကျန်းမာရေးနဲ့ဆေးပညာ မေးလိုတာရှိပါက

ဒီဘလော့ခ်ထဲကစာတွေကို တခြားနေရာမှာ ကျွန်တော့်ခွင့်ပြုချက်မပါဘဲ ကူးယူပြီး မတင်ဘို့ စည်းကမ်း သတ်မှတ်ထားပါတယ်။

ကျန်းမာရေး နဲ့ ဆေးပညာ မေးလိုတာရှိပါက
• ဖြစ်တဲ့သူရဲ့ အသက်၊ ကျား-မ ပြောပါ။ ရောဂါလက္ခဏာ ၁-၂-၃။ တခုတိုင်းက ဘယ်လောက် ကြာပြီ။
• လိုအပ်ရင် ကျန်းမာရေးရာဇဝင်၊ ဓါတ်မှန်၊ (အာလ်ထွာဆောင်း)၊ ဆေးစစ်ချက်၊ လိုအပ်ရင် အိမ်ထောင်၊ ကလေး၊ ရှိ-မရှိ။ နေတဲ့တိုင်းပြည်၊ မြို့ထည့်ရေးပါ။ လူနာမည်၊ နေရပ်လိပ်စာအတိအကျ ကိစ္စမရှိပါ။
• ဆေးနာမည်ရေးရင် Trade name ကုမ္ပဏီကပေးတဲ့နာမည်သာမက Generic name ဆေးနာမည် ထည့်ရေးပါ။
• ဆေးစာ၊ ဆေးစစ်ချက်၊ ဝေဒနာတွေကို စကန်လုပ်ပြီးဖြစ်ဖြစ်၊ ဓါတ်ပုံရိုက်လို့ဖြစ်ဖြစ် ပို့နိုင်ပါတယ်။ ဓါတ်ပုံကို ခွင့်မယူဘဲ အသုံးမချပါ။
• အိမ်ထောင်ရေးနဲ့ လိင်ပိုင်းဆိုင်ရာမေးခွန်းတွေကို Facebook ကနေ မမေးပါနဲ့ မဖြေပါ။ တိုက်ရိုက်သာမေးပါ။
• အီးမေးလ် အခက်အခဲရှိလို့ Facebook message မှာဖြစ်ဖြစ် Chat box မှာဖြစ်ဖြစ်ရေးရင်လဲ အားသလား၊ မေးလို့ရလား ရေးမနေဘဲ၊ တခါတည်း မေးခွန်းသာရေးလိုက်ပါ။
• Facebook Comment ကနေမေးတာ-ဖြေတာ အဆင်မပြေပါ။
စာရှည်ရေးမရပါ။ သူများတွေကို အနှောင့်အယှက်ဖြစ်နိုင်ပါတယ်။
• နာမ်စားသုံးတာမှာ ကိုယ်ကိုယ်ကို ‘သား’၊ ‘သမီး’ လို့ သုံးရင် မေးတဲ့သူရဲ့ သားသမီးလား ထင်မှတ်မှားနိုင်တာသတိပြုပါ။
• SMS အရေးအသားမျိုးကို မဖတ်ပါ။ မြန်မာစကားကို အင်္ဂလိပ်စာလုံးနဲ့ရေးတာကို မဖတ်ပါ။
• ဘလော့ခ် နဲ့ ဖေ့စ်ဘွတ်မှာ အမေး-အဖြေတွေကိုသုံးတဲ့အခါ မေးတဲ့သူရဲ့ ကိုယ်ရေး အချက်အလက်တွေ မပါစေရပါ။
• ဖုန်းဆက်ပြီးမေးရင် Time zone မတူတာရော၊ အသံထွက် လွဲနိုင်တာရောကြောင့် အဆင်မပြေပါ။ ကျွန်တော့်မှာ Viber မရှိပါ။ ဖေ့စ်ဘွတ် ဖုန်း-ဗီဒီယို အဆင်မပြေပါ။ Skype ကိုတော့ နိုင်ငံရေးနဲ့ မိသားစုအတွက်သာသုံးပါတယ်။
drswe01@gmail.com ကို (အီးမေးလ်) ပို့ပါ။

• (ဘလော့ခ်) တွေထဲ ဝင်ဖတ်ဘို့ အကြံပြုပါတယ်။
- http://dts-medicaleducation.blogspot.in/ ဆေးပညာစာများ
- http://yamuna-online-clinic.blogspot.in ယမုန်နာ ဆေးခန်း
- http://my-sayawun-life.blogspot.in/ ဆရာဝန်ဘဝ အမှတ်ရတာတွေ
- http://dts-political-page.blogspot.in/ နိုင်ငံရေး စာမျက်နှာ
- http://www.facebook.com/pages/Dr-Tint-Swe/490031307758025?skip_nax_wizard=true ဖေ့စ်ဘွတ်

Friday, January 13, 2012

Ca Liver အသဲကင်ဆာ အမေး-အဖြေ

ဘီပိုးအကြောင်းထဲမှာ အသဲကင်ဆာနဲ့ ပတ်သက်ပြီး ကျွန်တော်က “ရောဂါနာမယ် တပ်ပြီးတဲ့နောက် ၆ လထက် ပိုမနေရပါ” လို့ ရေးခဲ့ပါတယ်။ ဒီရေးသားချက်ဟာ ပညာရှင် သိပ်မဆံတာကို ဝန်ခံရမှာပါ။ အတွေ့အကြုံအရ ရေးလိုက်တာပါ။

ကျွန်တော့် လုပ်သက် အခုဆို အနှစ် ၃ဝ တော့ ကျော်ပြီပေါ့။ နေရာဒေသလဲ စုံတယ်ပေါ့။ လူနာအားလုံးကတော့ မြန်မာပြည်သား ချည်းပါ။ အသဲကင်ဆာ လူနာပေါင်းက ၁ဝဝ မကျော်ပါ။ ကျွန်တော်သိတဲ့ အသဲကင်ဆာလူနာတွေထဲမယ် ဆင်းရဲတဲ့လူရော၊ ချမ်းသာသူရော၊ ဆရာဝန်ပါ ပါတယ်။ သုတေသန တခုဆိုတာ ဒီလောက်နဲ့ မရသင့်ပါ။ သေခြောတာက ယောက်ျားက လုံးဝ အများစု ဖြစ်တယ်။ ကုသကြတာကလဲ တိုင်းပြည် ၃ ခု(မြန်မာပြည်၊ အိန္ဒိယ နဲ့ ထိုင်း)တွေမှာ ဖြစ်ပေမဲ့ အားလုံး ၅ နှစ်မခံကြပါ။

ပညာရှင်ဆံအောင် ပြန်ရေးရရင် အသဲကင်ဆာဆိုတာ သူ့မှာစဖြစ်တာနဲ့ သူ့ဆီကို တခြားနေရာတခုကနေ ရောက်လာပြီး အသဲမှာ ကင်ဆာဖြစ်ရတာနှစ်မျိုးက အသက်ရှည်မှာခြင်း မတူကြပါ။ တခြားနေရာကနေ အသဲကို ရောက်လာတာက ပိုဆိုးတယ်။ တချို့က ၃ လ ကနေ ၄ နှစ်ခံတယ်လို့ ခြုံပြောတာလဲရှိတယ်။ USA မှာဆိုရင် ၁၉၉၉ သုတေသနအရ လူနာ ၁၂၃၈၂ ထဲက ၇% ဟာ ၅ နှစ်အထိ ရှင်တယ်။ ၁၉၉၂-၁၉၉၉ အရဆိုရင် ၅% ဟာ ၅ နှစ်အထိရှင်တယ်။ ၁၉၈၃-၁၉၉ဝ အရဆိုရင် ၆%။ သူတို့သုတေသန မှာလဲ အမျိုးသမီးတွေက ပိုကြာကြာနေရတယ်။ ဥပမာ လူဖြူအမျိုးသမီးတွေက ၁ဝ့၆% ၅ နှစ်ရှည်တယ်။

သုတေသနစာတွေကို လေ့လာရင် အများကြီးနဲ့ အမျိုးမျိုးတွေ့ပါမယ်။ ဒါပေမဲ့ ထပ်သိဘို့လိုတာတခု ရေးရအုံးမယ်။ “အသဲကင်ဆာ ကုသရေး” ဆိုတာ “ဘီလျံဒေါ်လာစီးပွါးရေး” ဖြစ်ပါသတဲ့။ စီးပွါးရေးသမားတွေက ကြော်ညာ အင်မတန် ကောင်းတာကလား။

Dr. တင့်ဆွေ
၃ဝ-၈-ဝ၉

Jun 3, 2011 at 6:32 PM
ကျွန်တော့် အကိုကြီးသည် အသည်းတွင် အလုံးတွေ့သဖြင့် 2.4.2011 နေ့က ခွဲလိုက်ပါသည်။ အသည်း ကင်ဆာ အဆင့် 2 ဟု ပြောပါသည်။ သည်းခြေအိတ်တွင်လဲ ကျောက်တည်သဖြင့် သည်းခြေအိတ် ထုတ်လိုက်ပါသည်။ ယခု 2 လ ကျော် လာသောအခါ အတ်ထာစောင်း ထပ်ရိုက်ရာ အသည်းတွင် အလုံးတစ်လုံး ထပ်တွေ့ပါသည်။ ဆရာဝန်က ထပ်ခွဲဖို့ မသင့်တော်ဟု ပြောပါတယ်။ ဆေးဖြင့် ပိတ်လို့ရရင်ရ ဓါတ်ကင်လို့ရရင်ရ နောက်ဆုံးအဆင့် အသည်း လဲဖို့ ပြောပါတယ်။ အသည်း ကင်ဆာ ဒီလောက် မြန်မြန် အလုံး ပြန်ထွက်တက်ပါသလား။ ယခုအချိန်ထိ ခွဲတုန်းက ဗိုက်တွင် ပလတ်စတစ် ဗူးလေးဖြင့် ပိုက်တပ်ထားရာ အထဲက အရည်သည် သွေးရောင် အနှောက်ပြစ်ပြစ်တွေ ထွက်နေသဖြင့် မဖြုတ်ရသေးပါ။ အသည်း ကင်ဆာ အစားအသောက် နေထိုင်ပုံများ ရှိရင် တဆင့် ပို့ပေးရန် အကူအညီတောင်းပါတယ်။ ဆရာရေးသော ပို့စ်များကို လေ့လာဖတ်ပါတယ်။ အသည်းအကြောင်း ရေးထားသော ပို့စ်များကို တစ်စုထဲ တင်ထားသော နေရာ ရှိပါသလား။ အကိုကြီးသည် စီပိုး ဘီပိုးလဲ ရှိပါသည်။ နောက်ဆုံးသိလိုသည်မှာ ဆက်ကုလို့ အဆင်ပြေမပြေ သိချင်ပါသည်။ ယခု သူက တချက်တချက် အောင့်နေပါတယ်။

• အသဲ-ကင်ဆာဟာ ကင်ဆာထဲမှာ ဆိုးတဲ့ အမျိုးအစားထဲမှာ ထိပ်ကရှိတယ်။ ဆောရီး။
• ကျွန်တော့် အတွေ့အကြုံအရ ရောဂါအမည် တပ်ပြီးနောက် ၆ လ သာခံတယ်။ အတွေ့အကြုံဆိုတာ လွန်ခဲ့တဲ့ ၂ဝ နှစ်ကသာ ဖြစ်ပါတယ်။ အဲဒီကာလတုံးက ဆေးတွေ၊ ဆေးအထောက်အကူတွေ၊ စမ်းသပ်နည်းတွေ အတော် နောက်ကျနေခဲ့တာပါ။ တိုင်းပြည် ကျန်းမာရေး အခြေအနေကလဲ အခု ပိုကောင်းနေ-မနေ အထဲကလူတွေက ပိုသိမှာပါ။ အသဲလဲတယ်ဆိုတာ မြန်မာပြည်မှာ မရှိသေးဘူး။ အခုဆို ကျွန်တော်နေတဲ့ တိုင်းပြည်ကို လာပြီး အသဲ လာလဲနေသူတွေ တရက်မှ မပြတ်ရှိနေတယ်။
• ခွဲစိတ်အပြီး အရည်ထုတ်ပြွန်ကို ထွက်စရာကုန်မှ ဖြုတ်ပါမယ်။
• အစားအသောက်ကတော့ ခွဲစိတ်ပြီးရင် မေ့ဆေးလဲ ပျယ်ရင် စားနိုင်ပြီလို့ ခွဲစိတ်ဆရာဝန်က ညွှန်ရင် ရှောင်စရာ များများမရှိပါ။ အသဲဆိုတာ အဆိပ်အတောက် မှန်သမျှ ချေဖျက်ပေးတယ်။ အစားထဲကနဲ့ ဆေးဝါးထဲက မသင့်တာတွေကို ချေဖျက်တယ်။ ဆေးလိပ်-အရက်ကတော့ ပြောစရာမလိုဘူးပေါ့။ ဆေးကိုလဲ ဆေးရုံက ညွှန်ရင် ကိစ္စမရှိပါ။ သည်းခြေအိတ်ပါ ဆက်နေတာမို့ ဆီ-အဆီကို နည်းစေရမယ်။
• နောက်အရေးကြီးတာ ပြောပါရစေ။ ဒီလိုမျိုး ဆိုးဝါးတဲ့ ဝေဒနာရှိသူတိုင်း ကံတရားနဲ့ စိတ်အားတွေကို အားကိုးသင့်ကြတယ်။ လူနာ စိတ်ချမ်းသာအောင်၊ စိတ်အားတက်အောင်၊ ကူညီသင့်ကြတယ်။ ကံတရား ဆိုတာတော့ ဆရာဝန်ကနေ တရားဟောစရာ မလိုလောက်ပါ။
• နောက်တချက် တိုင်းရင်းဆေး၊ မြန်မာဆေး စတာကို စမ်းရင် အသဲက အလုပ်ကောင်းကောင်း မလုပ်နိုင်တာမို့ ဆေး-ဓါတ်စာ မပြင်းစေသင့်ပါ။
• ဘီပိုး၊ စီပိုး၊ အသဲရောင် A, B, C, D, E တွေ ရေးထားပါတယ်။ ကျွန်တော့် (ဘလော့ခ်) မှာ Search လုပ်လိုက်ရင် တွေ့မှာပါ။ အောက်ဆုံးမှာလဲ မာတိကာ ရှိပါတယ်။