ကျန်းမာရေး နဲ့ ဆေးပညာ မေးလိုတာ ရှိပါက

ကျန်းမာရေး နဲ့ ဆေးပညာ မေးလိုတာရှိပါက
ဖြစ်တဲ့သူရဲ့ အသက်၊ ကျား-မ ပြောပါ။ ဖြစ်နေတဲ့ လက္ခဏာ ၁-၂-၃။ တခုတိုင်းက ဘယ်လောက် ကြာပြီ။ လိုအပ်ရင် ကျန်းမာရေးရာဇဝင်၊ ဓါတ်မှန်၊ (အာလ်ထွာဆောင်း)၊ အိမ်ထောင်၊ ကလေး ရှိ-မရှိ။ နေတဲ့တိုင်းပြည်။ "လူနာမည်၊ နေရပ်လိပ်စာ အတိအကျ ကိစ္စမရှိပါ။" ဆေးနာမည်ရေးရင် Trade name ကုမ္ပဏီကပေးတဲ့နာမည် သာမက Generic name ဆေးနာမည် ထည့်ရေးပါ။ ဖုန်းဆက်ပြီးမေးရင် Time zone မတူတာရော၊ အသံထွက် လွဲနိုင်တာရောကြောင့် အဆင်မပြေပါ။ Facebook ကနေ မေးတာလဲ ပြန်ရှာရတာမလွယ်လို့ အဆင်မပြေပါ။ drswe01@gmail.com ကို (အီးမေးလ်) ပို့ပါ။ ဆေးပညာစာတွေ ဖတ်လိုပါရင် မာတိကာ အောက်ဆုံးမှာ ရှိပါတယ်။
- http://dts-medicaleducation.blogspot.in/ ဆေးပညာစာများ
- http://dts-medicaleducation-adult.blogspot.in/ အသက် (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာများ
- http://yamuna-online-clinic.blogspot.in ယမုန်နာ ဆေးခန်း
- http://my-sayawun-life.blogspot.in/ ဆရာဝန်ဘဝ အမှတ်ရတာတွေ
- http://dts-political-page.blogspot.in/ နိုင်ငံရေး စာမျက်နှာ
- http://yamunaclinic.org/ ယမုန်နာ ဆေးခန်း
- http://facebook.com/tint.swe.dr Facebook

Saturday, January 7, 2012

Urethral Polyp ဆီးထွက်ပြွန်မှာ အညှာပါ အသီးလေးဖြစ်နေခြင်း

Sat, Jan 7, 2012 at 1:53 AM
ကျွန်တော့် နာမည် (့) ပါခင်ဗျာ။ အသက်က ၂၇ ဖြစ်ပါတယ်။ ယခုလက်ရှိ (့) မှာ အလုပ်လုပ်ကိုင်နေပါတယ်။ ကျွန်တော် ၂ဝ၁၁ မှာ ၄ လပိုင်းမှာ အိမ်ထောင်ကျပါတယ်။ ကျွန်တော်အရင်က လိင်ကိစ္စတွေနဲ့ မပါတ်သက်ဖူးသလို လိင်နဲ့ ပါတ်သက်တဲ့ ကျန်းမာရေး အသိပေးတွေ လေ့လာဖတ်ရှုမေးစမ်းတာမျိုးလည်း မလုပ်ခဲ့မိပါဘူး။ ယခု ကျွန်တော့်မှာ Urethra ဆီးပြွန်မှာ Polyps အသားပိုဖြစ်တယ်လို့ ယူစရတဲ့ရောဂါ ဖြစ်နေပါတယ်။ သုံးပါတ်လောက်ရှိနေပါပြီ။ ဆီးသွားတဲ့ လမ်းကြောင်းထဲကနေ အပြင်ဘက်ကို အသားစလေး တဖြည်းဖြည်းနဲ့ ထွက်လာပါတယ်။

အသားစလေးဆိုပေမယ့် သွေးဥလေးတွေလို အလုံးလုံးလေးတွေ ငါးဥလေးတွေ ပုံစံမျိုးပါ။ အရောင်က အနီရောင်ပါ။ အဲဒါ ထွက်ကျမလာခင်က သုတ်လွှတ်ရင် နောက်ဆုံးမှာ သွေးပါလာပါတယ်။ တဖြည်းဖြည်း ပိုထွက်လာတဲ့အတွက် ဆီးလမ်းကြောင်း ပိတ်သွားမှာကိုလည်း စိုးရိမ်နေသလို ကင်ဆာဖြစ်နေမှာကိုလည်း စိုးရိမ်နေမိပါတယ်။ ဇနီးနဲ့ နှစ်ပါတ်လောက် အတူနေပြီး နောက်ပိုင်းမှာ တန်းဖြစ်တာပါ။ ဒီနိုင်ငံမှ ဆရာဝန် သွားပြကြည့်ပါတယ် ရောဂါဖြစ်ပုံကိုပဲ မေးပြီးတော့ မကြည့်ဘဲ (ပိုးသတ်ဆေး)ဘဲ ပေးလိုက်ပါတယ်။

အညှာပါ အသီးလေးမှန်သမျှ ဘယ်နေရာမှာဖြစ်နေနေ (ပေါလစ်ပ်) ခေါ်တယ်။ ယောက်ျား ဆီးထွက်ပြွန်မှာလဲ ဖြစ်နိုင်တယ်။ ရှားတော့ ရှားတယ်။ ကင်ဆာ မဟုတ်တဲ့ အသားပိုတမျိုးဖြစ်တယ်။

ဖြစ်စေနိုင်တဲ့ အကြောင်းခံတွေ ရှိတယ်။ ဆီးလမ်းကြောင်း ပိုးဝင်တာ၊ ပြည်တည်နာ၊ ဂနိုးရီးယား၊ နီးတဲ့အရိုးကို ထိခိုက်မိတာ၊ ဆီးပိုက် ထည့်ထားရတာတွေကနေ ဖြစ်စေတယ်။

မိန်းမတွေမှာက ယောက်ျားတွေထက် ပိုအဖြစ်များတယ်။ များသောအားဖြင့် မွေးကတည်းကပါတယ်။ ယောက်ျားတွေမှာ ဖြစ်ရင် အောင့်မယ်၊ နာမယ်၊ သူ့အလုပ် ၂ မျိုးဖြစ်တဲ့ ဆီးသွားတာနဲ့ သုက်လွှတ်တာတွေမှာ အခက်အခဲဖြစ်နိုင်တယ်။ ဆီးသွာချင်ရင် အမြန်ပြေးရတယ်။ ဆီးကလဲ အနယ်ပါတတ်တယ်။ သွေးလဲပါနိုင်တယ်။ သွေးခဲဆို့နေရင် ဆီးသွားရတာ ခက်မယ်။

Posterior urethral polyps ဆီးသွားပြွန်ရဲ့ နောက်ပိုင်းမှာလာဖြစ်တာကို သပ်သပ်ခေါ်တယ်။ ကင်ဆာ မဟုတ်ပါ။ Voiding cystourethogram နဲ့ Cystoscopy သုံးပြီး သေခြာစေနိုင်ပါတယ်။ ကလေးငယ်လေးတွေမှာ ဖြစ်တယ်။

Urethral Caruncle ဆိုတာကတော့ သွေးဆုံးပြီး အမျိုသမီးတွေမှာ အဖြစ်များတယ်။ သေးသေးလေးဘဲ။ ၁-၂ စင်တီမီတာလောက် ပတ်လည်ရှိနိုင်တယ်။ အမျိုးသမီးကြီးတွေမှာဖြစ်ရင် Urethral prolapse နဲ့ဆင်တူတယ်။ ကင်ဆာ မဟုတ်ပါ။ ယောက်ျားလဲ ဖြစ်နိုင်ပါတယ်။ Urethral carcinoma ကင်ဆာ၊ Urethral diverticulum, Urethral prolapse, Periurethral gland abscesses တွေနဲ့ ခွဲခြားရမယ်။

Urethral polyps ကို ကလေးတွေမှာတွေ့ရင် မွေးရာပါဖြစ်နိုင်တယ်။ ကြီးတဲ့အထိလဲ နေနိုင်တယ်။ ဆီးသွးပြွန်အရင် ဆီးအိမ်နဲ့ နီးတဲ့နေရာမှာ ရှိတာများတယ်။ ဒါဆိုရင် ဆီးအသွားရခက်စေမယ်။ ဆီးထဲလဲ သွေးပါမယ်။ ခပ်ရှည်ရျည်၊ အညှာလေးနဲ့ ဖြစ်တာများတယ်။ လှုတ်ရှားနေမယ်။ ဆီး-ကျောက်၊ ပြင်ပ-ပစ္စည်း၊ တခြားနေရာကလာတဲ့ သွေးခဲစတာနဲ့ ခွဲခြားရမယ်။

Urologists ဆီးအထူးကု ဆရာဝန်ကနေ Cystoscopy လုပ်တာနဲ့သိမယ်။ ဖြစ်တဲ့အကြောင်းရင်း သိမှကုရတာလွယ်တယ်။
များသောအားဖြင့် ခွဲစိတ်ကုသရတယ်။ ဖြစ်နိုင်ရင် Minimally-invasive procedure ထိခိုက်ဒဏ်ရာ အနည်းဆုံးနည်းနဲ့ လုပ်ပေးမယ်။
Cystourethroscopy ကင်မရာတပ်ထားတဲ့ ကရိယာလေးနဲ့ ကောင်းကောင်းကြည့်နိုင်သေးတယ်။ လိုသေးရင် ဆေးသွင်းပြီး ဓါတ်မှန်ရိုက်နိုင်တယ်။ ခွဲတာမဟုတ်ဘဲ Antibiotics ပိုးသေဆေးတွေနဲ့ Analgesics အနာသက်သာဆေးတွေ ပေးရတယ်။

Sperm Color သုက်၏အရောင် နှင့် Hematospermia သုက်ထဲသွေးပါခြင်း ပို့လိုက်ပါတယ်။ ဖတ်ပြီး လိုရင် ထပ်ပြောပါ။ မစိုးရိမ်ပါနဲ့။

Dr. တင့်ဆွေ
၇-၁-၂ဝ၁၂