ကျန်းမာရေးနဲ့ဆေးပညာ မေးလိုတာရှိပါက

ဒီဘလော့ခ်ထဲကစာတွေကို တခြားနေရာမှာ ကျွန်တော့်ခွင့်ပြုချက်မပါဘဲ ကူးယူပြီး မတင်ဘို့ စည်းကမ်း သတ်မှတ်ထားပါတယ်။

ကျန်းမာရေး နဲ့ ဆေးပညာ မေးလိုတာရှိပါက
• ဖြစ်တဲ့သူရဲ့ အသက်၊ ကျား-မ ပြောပါ။ ရောဂါလက္ခဏာ ၁-၂-၃။ တခုတိုင်းက ဘယ်လောက် ကြာပြီ။
• လိုအပ်ရင် ကျန်းမာရေးရာဇဝင်၊ ဓါတ်မှန်၊ (အာလ်ထွာဆောင်း)၊ ဆေးစစ်ချက်၊ လိုအပ်ရင် အိမ်ထောင်၊ ကလေး၊ ရှိ-မရှိ။ နေတဲ့တိုင်းပြည်၊ မြို့ထည့်ရေးပါ။ လူနာမည်၊ နေရပ်လိပ်စာအတိအကျ ကိစ္စမရှိပါ။
• ဆေးနာမည်ရေးရင် Trade name ကုမ္ပဏီကပေးတဲ့နာမည်သာမက Generic name ဆေးနာမည် ထည့်ရေးပါ။
• ဆေးစာ၊ ဆေးစစ်ချက်၊ ဝေဒနာတွေကို စကန်လုပ်ပြီးဖြစ်ဖြစ်၊ ဓါတ်ပုံရိုက်လို့ဖြစ်ဖြစ် ပို့နိုင်ပါတယ်။ ဓါတ်ပုံကို ခွင့်မယူဘဲ အသုံးမချပါ။
• အိမ်ထောင်ရေးနဲ့ လိင်ပိုင်းဆိုင်ရာမေးခွန်းတွေကို Facebook ကနေ မမေးပါနဲ့ မဖြေပါ။ တိုက်ရိုက်သာမေးပါ။
• အီးမေးလ် အခက်အခဲရှိလို့ Facebook message မှာဖြစ်ဖြစ် Chat box မှာဖြစ်ဖြစ်ရေးရင်လဲ အားသလား၊ မေးလို့ရလား ရေးမနေဘဲ၊ တခါတည်း မေးခွန်းသာရေးလိုက်ပါ။
• Facebook Comment ကနေမေးတာ-ဖြေတာ အဆင်မပြေပါ။
စာရှည်ရေးမရပါ။ သူများတွေကို အနှောင့်အယှက်ဖြစ်နိုင်ပါတယ်။
• နာမ်စားသုံးတာမှာ ကိုယ်ကိုယ်ကို ‘သား’၊ ‘သမီး’ လို့ သုံးရင် မေးတဲ့သူရဲ့ သားသမီးလား ထင်မှတ်မှားနိုင်တာသတိပြုပါ။
• SMS အရေးအသားမျိုးကို မဖတ်ပါ။ မြန်မာစကားကို အင်္ဂလိပ်စာလုံးနဲ့ရေးတာကို မဖတ်ပါ။
• ဘလော့ခ် နဲ့ ဖေ့စ်ဘွတ်မှာ အမေး-အဖြေတွေကိုသုံးတဲ့အခါ မေးတဲ့သူရဲ့ ကိုယ်ရေး အချက်အလက်တွေ မပါစေရပါ။
• ဖုန်းဆက်ပြီးမေးရင် Time zone မတူတာရော၊ အသံထွက် လွဲနိုင်တာရောကြောင့် အဆင်မပြေပါ။ ကျွန်တော့်မှာ Viber မရှိပါ။ ဖေ့စ်ဘွတ် ဖုန်း-ဗီဒီယို အဆင်မပြေပါ။ Skype ကိုတော့ နိုင်ငံရေးနဲ့ မိသားစုအတွက်သာသုံးပါတယ်။
drswe01@gmail.com ကို (အီးမေးလ်) ပို့ပါ။

(ဘလော့ခ်) တွေထဲ ဝင်ဖတ်ဘို့ အကြံပြုပါတယ်။
- http://dts-medicaleducation.blogspot.in/ ဆေးပညာစာများ
- http://yamuna-online-clinic.blogspot.in ယမုန်နာ ဆေးခန်း
- http://my-sayawun-life.blogspot.in/ ဆရာဝန်ဘဝ အမှတ်ရတာတွေ
- http://dts-political-page.blogspot.in/ နိုင်ငံရေး စာမျက်နှာ
- http://www.facebook.com/pages/Dr-Tint-Swe/490031307758025?skip_nax_wizard=true ဖေ့စ်ဘွတ်
- https://tintswe.wordpress.com/ Dr. Tint Swe ဒေါက်တာတင့်ဆွေ ဆေးပညာစာများ

Thursday, February 16, 2012

Frequent Urination ဆီးသွားများခြင်း

Thu, Feb 16, 2012 at 6:24 AM
ကျွန်တော့် အသက် ၂၆ နှစ်ပါ။ အခု နိုင်ငံခြားမှာ အလုပ်လုပ်နေပါတယ်။ သွေးချိုနဲ့ ဆီးချိုအကြောင်းသိချင်လို့ပါ။ ကျွန်တော် ညဘက် အိပ်ရင် ဆီးသွားဖို့ ခဏခဏ ထရပါတယ်။ ၅ ခါထက် မနည်းပါ။ အိပ်ရေးလည်း အရမ်းပျက်ပါတယ်။ တစ်ခါတစ်လေ ဆီးသွားတာ များလို့ ကောင်းကောင်းကို မအိပ်လို့ မရပါဘူး။ ရေကိုတော့ နေရောညရော များများ သောက်ဖြစ်ပါတယ်။ ဆေးစစ်ကြည့်တော့လည်း သွေးရော ဆီးရော ပုံမှန်ပါပဲ ကောင်းတယ်လို့ ပြောပါတယ်။ ပိုသေချာအောင်လို့ ကျွန်တော့် ဆီး အနည်းငယ်ကို လျှာနဲ့တို့ကြည့်တော့ ချိုတော့ မချိုပါဘူး ငံတယ့်အရသာပဲ ရပါတယ်။ မျိုးရိုးလည်း မရှိပါဘူး။ အဲရောဂါတွေကဘာကြောင့် ဖြစ်ရတာလဲဆရာ။ မဖြစ်အောင် ဘယ်လို နေထိုင် စားသောက်ရမလဲ။ ဆီးအရမ်းသွားတာက ရေသောက်များတာနဲ့ရော ပတ်သက်နေလား။ နေ့ဘက်မှာလည်း ဆီးခဏခဏ သွားရပါတယ်။

မေးတဲ့သူက ဆီးချိုကို အရင်သံသယရှိတာ မှန်တယ်။ ဆေးစစ်လိုက်တာလဲ ကောင်းတယ်။ ဆီးသွားများခြင်း အကြောင်းခံတွေ များတယ်။
1. Urinary tract infection ဆီးလမ်းပိုးဝင်ခြင်း၊
2. Diabetes ဆီးချို၊
3. Pregnancy ကိုယ်ဝန်၊
4. Prostate gland enlargement ဆိးကျိတ်ကြီး၊
5. Prostatitis ဆီးကျိတ်ရောင်၊
6. Diuretic use ဆီးသွားဆေး၊
7. Stroke or other neurological diseases လေဖြတ်၊
8. Bladder cancer ဆီးအိမ်-ကင်ဆာ၊
9. Bladder dysfunction ဆီးအိမ်အားနည်း၊
10. Radiation therapy ဓါတ်ကင်ရခြင်း၊
11. Beverages အသောက်-အစား၊
12. Bladder stones ဆီးအိမ်-ကျောက်၊
13. Cystocele ဆီးအိမ်ကျ၊
14. Overactive bladder ဆီးအိမ် အလုပ်များခြင်း၊
15. Urinary incontinence ဆီးမလုံခြင်း၊
16. Hheart failure နှလုံး နိုင်အောင် မလုပ်နိုင်ခြင်း၊

ဆေးစစ်ရမယ်။
• Urinalysis and urine culture ဆီးစစ်ခြင်း၊
• Ultrasonography (အာလ်ထွာဆောင်း)၊
• Cystometry ဆီးအိမ် ဖိအားစစ်ခြင်း၊
• Cystoscopy ဆီးအိမ်ထဲ ကရိယာထည့်စစ်ခြင်း၊
• Neurological tests, Urodynamics, Imaging, EEG, and EMG

Medical Treatment ဆေးနည်းများ
• Urinary tract infection ဆီးလမ်းပိုးဝင်နေရင် ဆီးခဏခဏသွားမယ်၊ ဆီးပူမယ်၊ ဆီးသွားရင် နာမယ်၊ ဆီးစပ်နေရာနာမယ်။ Antibiotics ဆေးပေးမယ်။ ရေ-အရည် များများသောက်ရမယ်။
• Diabetes ဆီးချိုဖြစ်ရင် ကုသနည်းအတိုင်းကုသ၊ လိုက်နာရမယ်။
• Prostate problems ဆီးကျိတ်ရောဂါအတွက် 5ARIs (5-alpha-reductase inhibitors) ဆေးနဲ့ Alpha blockers ဆေးတွေသုံးရတယ်။ လိုအပ်ရင် ခွဲစိတ်ရမယ်။
• Pregnancy ကိုယ်ဝန်ဆောင်ချိန်မှာ ဆီးများတာဖြစ်ရင် အစား-အသောက်ဆင်ခြင်ခိုင်းတာကလွဲရင် သိပ်လုပ်မပေးနိုင်ဘူး။
• Interstitial cystitis ဆီးအိမ်ရောင်ရောဂါတမျိုးအတွက် Pentosan polysulfate sodium (Elmiron), Tricyclic antidepressants ဆေးတွေ၊ Pain medications ဆေးတွေနဲ့ Antihistamines ဆေးတွေသုံးတယ်။ လိုအပ်ရင် ခွဲစိတ်ရမယ်။
• Stroke or other neurological diseases လေဖြတ် စတာတွေဆိုရင် သူ့နည်းလမ်းနဲ့သူ ကုသမှုခံယူရမယ်။
• Bladder cancer ဆီးအိမ်-ကင်ဆာ Chemotherapy, Radiation, and/or Surgery နည်းတွေနဲ့ကုသမယ်။
• Overactive bladder syndrome ဆီးအိမ်က အလုပ်လုပ်တာ များလွန်းနေတာဆိုရင် Bladder retraining လေ့ကျင့်ခန်းလုပ်ရမယ်။ Tolterodine (Detrol LA), Oxybutynin (Ditropan), Darifenacin (Enablex), Transdermal oxybutynin (Oxytrol), Trospium (Sanctura XR), Imipramine (Tofranil) နဲ့ Solifenacin (VESIcare) ဆေးတွေပေးမယ်။

Self-Care at Home ကိုယ့်ဖါသာ ဂရုစိုက်ခြင်း
(၁) Bladder retraining ဆီးအိမ် လေ့ကျင့်ခန်း၊ Overactive bladder syndrome ဖြစ်နေသူအတွက် လိုအပ်တယ်။ ဆီးအိမ်မှာ ဆီးရှိ-တင်းလာလို့ သွားချင်စိတ်ဖြစ်လာတာကို စိတ်နဲ့ထိန်းပေးရမယ်။ ခါတိုင်းသွားမဲ့အချိန်ကို နောက်ဆုတ်နိုင်သလောက် ဆုတ်နည်းဖြစ်တယ်။ တဖြေးဖြေးနဲ့ အချိန်ဆန့်တာ ပိုရှည်ကြာလာရမယ်။ ၁၂ ပါတ် (၃ လ) အထိ အချိန်ယူနိုင်တယ်။

(၂) Kegel exercises (ကီဂယ်လ်) လေ့ကျင့်ခန်း၊
ဆီးသွားနေတုံး ဆီးမကုန်ခင် ရပ်ဘို့ ကြိုးစားတဲ့အခါ အတွင်းထဲက Pelvic floor muscles သက်ဆိုင်တဲ့ ကြွက်သားတွေနဲ့ အရွတ်တွေကို တင်း-ကျုံ့ပေးမှ ရတယ်။ ဒီလို ကြွက်သားနဲ့ အရွတ်တွေကို စိတ်နဲ့သိသွားရင် တကယ်ဆီးမသွားပေမဲ့ နေရင်ထိုင်ရင်း Squeeze တင်းလိုက်၊ Relax လျှော့လိုက်လုပ်ပေးနည်းဖြစ်တယ်။ Tone ကောင်းလာစေမယ်။ တကြိမ်မှာ ၃ စက္ကန့် တင်းလိုက်၊ ၃ စက္ကန့် လျှော့လိုက်နဲ့ ၁ဝ-၁၅ ခါလုပ်ပါ။ တနေ့ ၃ ခါလုပ်ပါ။

(၃) Modify your diet အစား-အသောက်ဆင်ခြင်ပါ။ Caffeine (ကေဖင်း)၊ Alcohol (အရက်)၊ Carbonated drinks (ကာဗွန်ထည့်ထားတဲ့အရည်တွေ၊ Artificial sweeteners ပိုချိုအောင်လုပ်ထားတဲအရည်တွေ၊Tomato-based products ခရမ်းချဉ်းသီးနဲ့လုပ်ထားတဲ့အရည်တွေ၊ Chocolate (ချော့ကလက်) နဲ့ Spicy foods စပ်ပူတာတွေ ရှောင်ပါ။ High-fiber diet အသီးအရွက် များများစားပါ။ ဝမ်းချုပ်တာက ပိုဆိုးစေတယ်။

(၄) Monitor fluid intake ရေ-အရည်သောက်တာ လျှော့ပါ။

Dr. တင့်ဆွေ
၁၆-၂-၂ဝ၁၂