ကျန်းမာရေးနဲ့ဆေးပညာ မေးလိုတာရှိပါက

ဒီဘလော့ခ်ထဲကစာတွေကို တခြားနေရာမှာ ကျွန်တော့်ခွင့်ပြုချက်မပါဘဲ ကူးယူပြီး မတင်ဘို့ စည်းကမ်း သတ်မှတ်ထားပါတယ်။

ကျန်းမာရေး နဲ့ ဆေးပညာ မေးလိုတာရှိပါက
• ဖြစ်တဲ့သူရဲ့ အသက်၊ ကျား-မ ပြောပါ။ ရောဂါလက္ခဏာ ၁-၂-၃။ တခုတိုင်းက ဘယ်လောက် ကြာပြီ။
• လိုအပ်ရင် ကျန်းမာရေးရာဇဝင်၊ ဓါတ်မှန်၊ (အာလ်ထွာဆောင်း)၊ ဆေးစစ်ချက်၊ လိုအပ်ရင် အိမ်ထောင်၊ ကလေး၊ ရှိ-မရှိ။ နေတဲ့တိုင်းပြည်၊ မြို့ထည့်ရေးပါ။ လူနာမည်၊ နေရပ်လိပ်စာအတိအကျ ကိစ္စမရှိပါ။
• ဆေးနာမည်ရေးရင် Trade name ကုမ္ပဏီကပေးတဲ့နာမည်သာမက Generic name ဆေးနာမည် ထည့်ရေးပါ။
• ဆေးစာ၊ ဆေးစစ်ချက်၊ ဝေဒနာတွေကို စကန်လုပ်ပြီးဖြစ်ဖြစ်၊ ဓါတ်ပုံရိုက်လို့ဖြစ်ဖြစ် ပို့နိုင်ပါတယ်။ ဓါတ်ပုံကို ခွင့်မယူဘဲ အသုံးမချပါ။
• အိမ်ထောင်ရေးနဲ့ လိင်ပိုင်းဆိုင်ရာမေးခွန်းတွေကို Facebook ကနေ မမေးပါနဲ့ မဖြေပါ။ တိုက်ရိုက်သာမေးပါ။
• အီးမေးလ် အခက်အခဲရှိလို့ Facebook message မှာဖြစ်ဖြစ် Chat box မှာဖြစ်ဖြစ်ရေးရင်လဲ အားသလား၊ မေးလို့ရလား ရေးမနေဘဲ၊ တခါတည်း မေးခွန်းသာရေးလိုက်ပါ။
• Facebook Comment ကနေမေးတာ-ဖြေတာ အဆင်မပြေပါ။
စာရှည်ရေးမရပါ။ သူများတွေကို အနှောင့်အယှက်ဖြစ်နိုင်ပါတယ်။
• နာမ်စားသုံးတာမှာ ကိုယ်ကိုယ်ကို ‘သား’၊ ‘သမီး’ လို့ သုံးရင် မေးတဲ့သူရဲ့ သားသမီးလား ထင်မှတ်မှားနိုင်တာသတိပြုပါ။
• SMS အရေးအသားမျိုးကို မဖတ်ပါ။ မြန်မာစကားကို အင်္ဂလိပ်စာလုံးနဲ့ရေးတာကို မဖတ်ပါ။
• ဘလော့ခ် နဲ့ ဖေ့စ်ဘွတ်မှာ အမေး-အဖြေတွေကိုသုံးတဲ့အခါ မေးတဲ့သူရဲ့ ကိုယ်ရေး အချက်အလက်တွေ မပါစေရပါ။
• ဖုန်းဆက်ပြီးမေးရင် Time zone မတူတာရော၊ အသံထွက် လွဲနိုင်တာရောကြောင့် အဆင်မပြေပါ။ ကျွန်တော့်မှာ Viber မရှိပါ။ ဖေ့စ်ဘွတ် ဖုန်း-ဗီဒီယို အဆင်မပြေပါ။ Skype ကိုတော့ နိုင်ငံရေးနဲ့ မိသားစုအတွက်သာသုံးပါတယ်။
drswe01@gmail.com ကို (အီးမေးလ်) ပို့ပါ။

(ဘလော့ခ်) တွေထဲ ဝင်ဖတ်ဘို့ အကြံပြုပါတယ်။
- http://dts-medicaleducation.blogspot.in/ ဆေးပညာစာများ
- http://yamuna-online-clinic.blogspot.in ယမုန်နာ ဆေးခန်း
- http://my-sayawun-life.blogspot.in/ ဆရာဝန်ဘဝ အမှတ်ရတာတွေ
- http://dts-political-page.blogspot.in/ နိုင်ငံရေး စာမျက်နှာ
- http://www.facebook.com/pages/Dr-Tint-Swe/490031307758025?skip_nax_wizard=true ဖေ့စ်ဘွတ်
- https://tintswe.wordpress.com/ Dr. Tint Swe ဒေါက်တာတင့်ဆွေ ဆေးပညာစာများ

Saturday, February 18, 2012

Infant Acetaminophen Dosage ကလေးငယ်လေးတွေကို ဆေးတိုက်ရင် အထူးသတိထားပါ

• Know concentration before giving Acetaminophen to infants အခါလည်ကလေးငယ်လေးတွေကို (ပါရာစီတမော)၊ (တိုင်လင်နော) နာမည်ပါတဲ့ အဖျား-အနာ-အကိုက် သက်သာဆေးဖြစ်တဲ့ (အစီတာမိုင်နိုဖင်န်) အရည်-အစက်ချဆေး တိုက်ရင် ဆေးအလေးချိန် (မီလီ-လီတာ) ဘယ်လောက်ပါတဲ့ ဆေးလဲဆိုတာ အရင် စစ်ဆေးပါလို့ FDA အစားအေoာက်နဲ့ ဆေးဝါး အာဏာပိုင်အဖွဲ့ကနေ လတ်တလော သတိပေးချက် ထုတ်လိုက်ပါတယ်။
• နာမည်ရပြီးဖြစ်တဲ့ ကလေးသုံး ဆေးဝါး၊ အသုံးအဆောင်မှန်သမျှ တကမ္ဘာလုံးမှာ ထုတ်လုပ်ရောင်းချနေတဲ့ (ဂျွန်ဆင်-အင်န်-ဂျွန်ဆင်န်) ကုမ္ပဏီကနေ Tylenol Oral Suspension 1 oz. Grape ဆေးပုလင်းပေါင်း ၅၇၄ဝဝဝ ကို ပြန်ပို့ပါလို့ ၁၇-၂-၂ဝ၁၂ နေ့က တောင်းပန်လွှာနဲ့အတူ ထုတ်ပြန်ချက် ထုတ်လိုက်ပါတယ်။
• ဆေးပုလင်းမှာ ဆေးတခါသောက် လိုသလောက်ဖြစ်အောင် စီမံထားတဲ့ flow restrictor အထဲက အဖုံးလိုဟာလေးက ပြဿနာရှိနေတယ်။ အတားပစ္စည်းလေးက အထဲကိုဝင်သွားနိုင်လို့ ဆေးများသွားတာ၊ ဆေးနည်းသွားတာ ဖြစ်စေနိုင်တာကြောင့်လို့ ဆိုပါတယ်။ ဆေးဘိုးလဲပြန်လျှော်ပါလိမ့်မယ်။
• အရင်ကလဲ ဒီဆေးကုမ္ပဏီကနေထုတ်တဲ့ အဆစ်နာ၊ အအေးမိ၊ (အလာဂျီ)၊ (ဆိုင်နပ်စ်) ဆေး Rolaids ကို ပြန်ပို့ဘို့ လုပ်ခဲ့ရဘူးပါသေးတယ်။
• အထဲမှာပါတဲ့ဆေးကလည်း Tylenol ပါဘဲ။ (တိုင်လင်နောလ်) ဆိုတာ မြန်မာပြည်မှာတော့ (ပါရာစီတမော) လို့သာ လူသိများတယ်။ တကယ့်ဆေးနာမည်ဟာ Acetaminophen (အစီတာမိုင်နိုဖင်န်) ဖြစ်ပါတယ်။
• FDA ကနေ ၂၃-၁၂-၂ဝ၁၁ နေ့ကလဲ ကလေးတွေကို (အစီတာမိုင်နိုဖင်န်) ဆေးရည်မတိုက်ခင် ဆေးတဇွန်းမှာ ဘယ်လောက်ပါတာမျိုးလဲ အသေအခြာစစ်ဆေးပါလို့ သတိပေးချက် ထုတ်ခဲ့ရပါသေးတယ်။ ဒီဆေးက လူသုံး အများဆုံးမို့ နိုင်ငံတခုထဲမှာကို ဆေးနည်မည်အမျိုးမျိုးနဲ့ရှိတယ်။ စာရင်းချရေးရင် နေရာလောက်မှာ မဟုတ်ဘူး။
• ကိုယ်ပူကျမယ်၊ နာတာကိုက်တာသက်သာမယ်၊ ရောင်တာကျစေမယ်။ ဒါကြောင့် အအေးမိရင်၊ ခေါင်းကိုက်ရင်၊ လည်ချောင်းနာရင်၊ သွားကိုက်ရင် စတာတွေအတွက် သုံးနေကြရတယ်။
• ဒီဆေးကို နည်းနည်းပေးမိရင် ဘာမှထိရောက်မှာမဟုတ်သလို များသွားရင် ကလေးဆုံးပါးတဲ့အထိ ဖြစ်စေနိုင်တယ်။
• ဆေးထုတ်လုပ်သူတွေက 80 mg per 1 mL ထုတ်ရာကနေ 80 mg per 0.8 mL ဆိုတာထုတ်လိုက်တယ်။ 160 mg per 5 mL ဆိုတာလဲ လာသေးပြန်တယ်။ သတိမထားမိရင် ဆေးများသွားနိုင်တယ်၊ ဆေးနည်းသွားနိုင်တယ်။ ကလေးမိဘတွေကို စိတ်ရှုတ်အောင်လုပ်သလိုဘဲ။
• ဆေးများရင် ကလေးရဲ့အသဲကိုထိခိုက်နိုင်တယ်။
• ၂ နှစ်အောက်ကလေးကို ဆေးဘယ်လောက်ပေးရမလဲဆိုတာ တိကျတဲ့ သတ်မှတ်ချက် မရှိပါ။ ကလေး အထူးကု ဆရာဝန် ပြောတာကိုသာ အတိအကျတိုက်ဘို့ လိုပါတယ်။

Dr. တင့်ဆွေ
၁၈-၂-၂ဝ၁၂