ကျန်းမာရေးနဲ့ဆေးပညာ မေးလိုတာရှိပါက

ဒီဘလော့ခ်ထဲကစာတွေကို တခြားနေရာမှာ ကျွန်တော့်ခွင့်ပြုချက်မပါဘဲ ကူးယူပြီး မတင်ဘို့ စည်းကမ်း သတ်မှတ်ထားပါတယ်။

ကျန်းမာရေး နဲ့ ဆေးပညာ မေးလိုတာရှိပါက
• ဖြစ်တဲ့သူရဲ့ အသက်၊ ကျား-မ ပြောပါ။ ရောဂါလက္ခဏာ ၁-၂-၃။ တခုတိုင်းက ဘယ်လောက် ကြာပြီ။
• လိုအပ်ရင် ကျန်းမာရေးရာဇဝင်၊ ဓါတ်မှန်၊ (အာလ်ထွာဆောင်း)၊ ဆေးစစ်ချက်၊ လိုအပ်ရင် အိမ်ထောင်၊ ကလေး၊ ရှိ-မရှိ။ နေတဲ့တိုင်းပြည်၊ မြို့ထည့်ရေးပါ။ လူနာမည်၊ နေရပ်လိပ်စာအတိအကျ ကိစ္စမရှိပါ။
• ဆေးနာမည်ရေးရင် Trade name ကုမ္ပဏီကပေးတဲ့နာမည်သာမက Generic name ဆေးနာမည် ထည့်ရေးပါ။
• ဆေးစာ၊ ဆေးစစ်ချက်၊ ဝေဒနာတွေကို စကန်လုပ်ပြီးဖြစ်ဖြစ်၊ ဓါတ်ပုံရိုက်လို့ဖြစ်ဖြစ် ပို့နိုင်ပါတယ်။ ဓါတ်ပုံကို ခွင့်မယူဘဲ အသုံးမချပါ။
• အိမ်ထောင်ရေးနဲ့ လိင်ပိုင်းဆိုင်ရာမေးခွန်းတွေကို Facebook ကနေ မမေးပါနဲ့ မဖြေပါ။ တိုက်ရိုက်သာမေးပါ။
• အီးမေးလ် အခက်အခဲရှိလို့ Facebook message မှာဖြစ်ဖြစ် Chat box မှာဖြစ်ဖြစ်ရေးရင်လဲ အားသလား၊ မေးလို့ရလား ရေးမနေဘဲ၊ တခါတည်း မေးခွန်းသာရေးလိုက်ပါ။
• Facebook Comment ကနေမေးတာ-ဖြေတာ အဆင်မပြေပါ။
စာရှည်ရေးမရပါ။ သူများတွေကို အနှောင့်အယှက်ဖြစ်နိုင်ပါတယ်။
• နာမ်စားသုံးတာမှာ ကိုယ်ကိုယ်ကို ‘သား’၊ ‘သမီး’ လို့ သုံးရင် မေးတဲ့သူရဲ့ သားသမီးလား ထင်မှတ်မှားနိုင်တာသတိပြုပါ။
• SMS အရေးအသားမျိုးကို မဖတ်ပါ။ မြန်မာစကားကို အင်္ဂလိပ်စာလုံးနဲ့ရေးတာကို မဖတ်ပါ။
• ဘလော့ခ် နဲ့ ဖေ့စ်ဘွတ်မှာ အမေး-အဖြေတွေကိုသုံးတဲ့အခါ မေးတဲ့သူရဲ့ ကိုယ်ရေး အချက်အလက်တွေ မပါစေရပါ။
• ဖုန်းဆက်ပြီးမေးရင် Time zone မတူတာရော၊ အသံထွက် လွဲနိုင်တာရောကြောင့် အဆင်မပြေပါ။ ကျွန်တော့်မှာ Viber မရှိပါ။ ဖေ့စ်ဘွတ် ဖုန်း-ဗီဒီယို အဆင်မပြေပါ။ Skype ကိုတော့ နိုင်ငံရေးနဲ့ မိသားစုအတွက်သာသုံးပါတယ်။
drswe01@gmail.com ကို (အီးမေးလ်) ပို့ပါ။

(ဘလော့ခ်) တွေထဲ ဝင်ဖတ်ဘို့ အကြံပြုပါတယ်။
- http://dts-medicaleducation.blogspot.in/ ဆေးပညာစာများ
- http://yamuna-online-clinic.blogspot.in ယမုန်နာ ဆေးခန်း
- http://my-sayawun-life.blogspot.in/ ဆရာဝန်ဘဝ အမှတ်ရတာတွေ
- http://dts-political-page.blogspot.in/ နိုင်ငံရေး စာမျက်နှာ
- http://www.facebook.com/pages/Dr-Tint-Swe/490031307758025?skip_nax_wizard=true ဖေ့စ်ဘွတ်
- https://tintswe.wordpress.com/ Dr. Tint Swe ဒေါက်တာတင့်ဆွေ ဆေးပညာစာများ

Friday, February 17, 2012

Oramin F အားဆေး

၁။ နာမည်ကြီးခေတ်စားနေတဲ့ Oramin F တို့လို သံဓာတ်အားဆေး သောက်ရင် ကိုယ်အလေးချိန်ပါ တိုးလာတတ်ပါသလားရှင့်။
၂။ ကျွန်တော့်မှာ ဘီပိုးရှိနေပါတယ်။
၃။ အိပ်မပျော်တယ့် ရောဂါ ခံစားနေရတာ ကြာပါပြီ။
၎။ Comment; Fatty liver
၅။ အမြန်ဆုံး ပျောက်ကင်အောင် ဘယ်မှာ ကုသမူခံယူရမှာလဲခင်ဗျာ။
၆။ Decolgen ကို ၃ ရက်လောက်သောက်ပါတယ်။

Thu, Feb 16, 2012 at 5:12 PM
အခုလိုမေးသမျှကို စိတ်ရှည်ရှည်နဲ့ ဖြေပေးတာကျေးဇူး အထူးတင်ပါတယ်။ သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးကို ဖြစ်အောင်သွားထိုးပါမယ်။ ကိုယ်ဝန်တား အရေပြားအောက်ထည့်ထားရတဲ့ Contraceptive implant ဆေးချောင်းက ကျွန်မနဲ့ အဆင်ပြေမယ်လို့ ထင်ပါတယ်။ နောက်တခုလောက်ထပ်မေးချင်လို့ပါ။ လက်မထပ်ခင်ကတည်းက ဖောလစ်အက်ဆစ် သံဓာတ်ပါဆေးကို ကြိုတင် သောက်သုံးသင့်ပါသလား။ အခုမြန်မာပြည်မှာ နာမည်ကြီးခေတ်စားနေတဲ့ Oramin F တို့လို သံဓာတ်အားဆေး သောက်ရင် ကိုယ်အလေးချိန်ပါ တိုးလာတတ်ပါသလားရှင့်။ ကျွန်မက ကိုယ်အလေးချိန် ပေါင် ၁၅ဝ ကျော်ရှိပါတယ်။ လုပ်ငန်းခွင်မှာ ကွန်ပျူတာနှင့် တချိန်လုံးအလုပ်လုပ်ရသူဖြစ်လို့ အာရုံကြောအားနည်း၊ ဇက်ကြောတက်တာအပြင် တခြား ရောဂါတော့ဘာမှ မရှိပါဘူးဆရာ။

- Folic acid အကြောင်း ပို့လိုက်ပါတယ်။
- Oramin-F Soft Cap ဆိုတာ ကိုရီးယား တိုင်းရင်းဆေးဖြစ်တယ်။ ကြော်ညာမှာ Vitamins (A, B1, B2, B6, C, D), Amino Acids and Coenzymes ဗီတာမင်သာ ပါပြီး သံဓါတ်မပါဘူး။
- မိန်းကလေးတိုင်း အိမ်ထောင်ပြု-မပြု သံဓါတ်ကပိုလိုတယ်။
- Oramin-F : Korean Ginseng + Royal Jelly + Multivitamins + Minerals Royal Jelly is good for Healing and Rejuvenation of health အားဆေးသဘောသုံးဘို့ညွှန်းထားတယ်။
- Oramin-E : Korean Ginseng + Garlic + Multivitamins + Minerals Garlic is good for High blood pressure သွေးတိုးသမားတွေအတွက် ညွှန်းထားတယ်။
- Oramin-G : Korean Ginseng + Aloe Ext. + Multivitamins + Minerals Aloe is known to revitalize the skin and to avoid the premature aging နုပျိုစေဘို့ ညွှန်းထားတယ်။
- Oramin-F ကို တနေ့ တလုံးသာ သောက်ခိုင်းတယ်။

Thu, Feb 16, 2012 at 3:47 PM
ကျွန်တော် အသက်က ၃၁ ထဲ ရောက်ပါပြီ။ အရပ် ၅ ပေ၊ ၅ လက်မ နဲ့ ကိုယ်အလေးချိန် ပေါင် ၁၄ဝ ရှိပါတယ်။ ကျွန်တော့်မှာ ဘီပိုးရှိနေပါတယ်။ DNA Test အကောင်ရေ စစ်လိုက်တော့ ၇၁ ကောင်ပဲ ရှိပါတယ်။ ကျန်းမာရေးလည်း အလွန် ကောင်းပါတယ်။ ကျွန်တော့် ကောင်မလေးက ဘီပိုးကာကွယ်ဆေး ထိုးထားပြီးပါပြီ။ ကျွန်တော်တို့က လာမယ့် မေလထဲမှာ မင်္ဂလာဆောင်မလို့ပါ။ အဲ့ဒါ ကျွန်တော်တို့ အနေနဲ့ ကလေးယူဖို့အတွက် ကြိုတင်ကာကွယ်မှုတွေ ဘာတွေ လုပ်ဖို့လိုမလဲ၊ ဘယ်ဆေးတွေကို ထိုးဖို၊ သောက်ဖို့လိုမလဲ သိချင်လို့ပါ။ ဆောင်ရန်၊ ရှောင်ရန်လေးတွေကို အသေးစိတ် ရေးပေးစေချင်ပါတယ်။
• Hepatitis B (1) အသဲရောင် ဘီ ပိုး (၁)
• Hepatitis B (2) အသဲရောင် ဘီ ပိုး (၂)
• Hepatitis B Vaccine ဘီပိုးကာကွယ်ဆေးထိုးနည်း
• Hepatitis B Immune Globulin အသဲရောင်-ဘီ (ဂလိုဗျူလင်) ထိုးဆေး
• Hepatitis B and breastfeeding အသဲရောင် ဘီ ပိုးရှိသူ မိခင် နဲ့ ကလေးနို့တိုက်ခြင်း

Thu, Feb 16, 2012 at 9:34 AM
ကျွန်တော် အိပ်မပျော်တယ့် ရောဂါ ခံစားနေရတာ ကြာပါပြီ။ ၄ နှစ်လောက်ရှိပြီထင်ပါတယ်။ အသက်က ၂၅ ပါ။ တစ်ခါတစ်လေ အိပ်မပျော်တာ များတယ့်အတွက် သေသွားမလားလို့ တောင် ခံစားမိပါတယ်။ အိပ်မပျော်တယ့် ရောဂါ ခံစားရတယ့် လူတွေဟာ နဂိုမူလအတိုင်း ပြန်ကောင်းနိုင်ပါသလား။ အိပ်မပျော်တယ့် ရောဂါကို ပျောက်ကင်းအောင် ကုသနိုင်ပါသလား။ အဲရောဂါဟာ လုံးဝ မူလ အတိုင်းပြန်ကောင်းတယ်လိုရော ရှိပါသလား။ အိပ်မပျော်တယ့်အတွက် အသက်အန္တရာယ်ဖြစ်နိုင်ပါသလား။ ကျွန်တော် အရမ်းကို စိုးရိမ်ပါတယ်။ ဘာမှလည်း လုပ်လို့ အဆင်မပြေ အနှောက်ယှက် ဖြစ်နေပါတယ်။
• Sleep disorders မအိပ်ဘဲနေ အသက်မရှည် (၂) http://dts-medicaleducation.blogspot.com/2011/12/sleep-disorders.html
• Sleeping pills အိပ်ဆေး http://dts-medicaleducation.blogspot.com/2011/03/sleeping-pills.html
• Sleeping မအိပ်ဘဲနေ အသက်မရှည် (၁) http://dts-medicaleducation.blogspot.com/2010/10/sleeping.html

Thu, Feb 16, 2012 at 11:52 AM
အာလ်ထွာဆောင်း ရိုက်ပြီးပြီ။ အဲဒီထဲမှာ ရေးထားတာက -
USG (Abdomen & Pelvis)
Liver is enlarged in size & increased echo. No SOL seen. PV measure 11mm, contains no thrombus. Gall bladder wall is normal, contains no stone CBD, both IHDs are not dilated. IVC& IHV are no prominent Pancreas is normal, no SOL. Spleen is not enlarged. No gastric mass is seen. Rt kidney measures 9.7x4.3 cm, normal cortical echo and intact pelvicaliceal system. No renal stones are seen.Lt kidney measures 9.8x5.1cm, normal cortical echo and intact pelvicaliceal system. No renal stones are seen. No evidence of adrenal mass seen.Bladder wall is normal,contains no stone & mass lesion. No lymphnode enlargement seen. No free fluid seen. Pelvis is clear. Prostate gland is not enlarged.
Comment; Fatty liver
ဆိုပြီး ပါရှိပါတယ်။ တက်စတိုရုန်းလဲ စစ်ခိုင်းပါတယ်။ အဲ့ဒါကတော့ အဖြေမရသေးပါဘူး။ စာထဲမှာပါတဲ့ အကြောင်းတွေကို ပြောပြပေးစေလိုပါတယ်။ ပြီးတော့ အပြစ်ရှိတဲ့ အစိတ်ပိုင်းတွေကိုလဲ ပြောပြပေးပါ။

Fatty liver တခုထဲသာ တွေ့ပါတယ်။ ကျန်တာတွေ အားလုံးကောင်းပါတယ်။
• Fatty Liver Disease (FLD) အသဲအဆီဖုံးခြင်း

Wed, Feb 15, 2012 at 1:54 PM
စာပြန်ပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ။ ကျွန်တော် သိချင်တာလေးတစ်ခုကတော့ အမြန်ဆုံး ပျောက်ကင်အောင် ဘယ်မှာ ကုသမူခံယူရမှာလဲခင်ဗျာ။ အခုလက်ရှိတော့ (့) ဆေးရုံကြီးမှ ကုသနေပါတယ်။ ဘယ်နိုင်ငံမဆို ကျွန်တော် သွားလို့ အဆင်ပြေပါတယ်ခင်ဗျာ့။ ဆေးကုသမူအတွက် ကုန်မယ်စရိတ် အားလုံးကိုလည်း ကျွန်တော် အဆင်ပြေပါတယ်ခင်ဗျာ့။ ကျေးဇူးပြုပြီး လမ်းညွန်းပေးပါခင်ဗျာ့။
(၁) ဆေးရုံကပြောပါလိမ့်မယ်။ (၂) စာတွေထဲမှာလဲ ပါပါတယ်။

Fri, Feb 17, 2012 at 4:24 AM
ကျွန်တော်နာမည် (့) ပါ။ အသက် ၂၃ ပါ။ ကျွန်တော် အအေးမိ ချောင်းဆိုးကနေစတာ အခုဆိုရင် ခေါင်းကိုက်၊ လည်ပင်းမှာ အပူ အကျိတ်လိုမျိုး ရောင်နေပါတယ်။ ရိုးရိုးဖျားလို့ ထင်ထားပေမဲ့ ၁၅ ရက်လောက်ရှိနေပါပြီ။ ညဆိုရင် အပူကန်ပါတယ်။ အရင်တုံးကတော့ အပူကန်မှာ ကြောက်လို့ ခြေထောက် ဆေးပြီးမှ အိပ်ပေမဲ့ အခုဖျားလာသောကြောင့် မဆေးရဲတော့ပါဘူး။ ကျွန်တော် သောက်ခဲ့တဲ့ ဆေးတွေက Decolgen ကို ၃ ရက်လောက်သောက်ပါတယ်။ မပျောက်ပါဘူး။ Amoxicil ပြောင်းသောက်နေပါတယ်။
Decolgen (Phenylpropanolamine hydrochloride) ဆေးဟာ အအေးမိသူ အတော်များများ သောက်ကြတယ်။ အရှေ့တောင်အာရှနိုင်ငံတွေမှာသာ သုံးတော့တယ်။ ဒီဆေးက Stimulant စိတ်ကို အိပ်ချင်စိတ် နည်းစေတယ်၊ Decongestant နှာခေါင်းမှာ သွေးများနေတာ သက်သာစေတယ်၊ နောက်ပြီး Anorectic agent စားချင်စိတ် နည်းစေတယ်။
Amoxicillin ကတော့ ဗက်တီးရီးယားတွေကိုနိုင်တဲ့ ပဋ္ဋိဇီဝဆေးဖြစ်တယ်။ အအေးမိတယ်ဆိုတာ ဗိုင်းရပ်ကြောင့်ဖြစ်ပြီး ပိုးကိုနိုင်တဲ့ဆေးမရှိလို့ ရောဂါလက္ခဏာတွေကို သက်သောစေမဲ့ဆေးမျိုးတွေ သုံးကြရတယ်။ တခါတလေ ဗိုင်းရပ်စရော ဗက်တီးရီးယားပါ တွဲတတ်တယ်။
လည်ပင်းအကျိတ်ဆိုတာလဲ အဲဒီ ပိုး ၂ မျိုးလုံးကြောင့်ဖြစ်နိုင်တယ်။ ဖျားတာလဲ အဲလိုဘဲ။ ဖြစ်စတဲ့ပိုးကို ခွဲသိဘို့က အတော်အရေးကြီးတယ်။ ဆေးသုံးတာ လုံးဝမတူလို့။ အအေးမိတာက တခါတလေ တော်တော်နဲ့ မပျောက်တတ်ဘူး။ စိတ်မရှည်စရာကောင်းတယ်။
• Allergic rhinitis အလာဂျီ နှာခေါင်း http://dts-medicaleducation.blogspot.com/2010/08/allergic-rhinitis.html
• Allergy medications (အလာဂျီ) ကို ဘယ်လို ကုသမလဲ http://dts-medicaleducation.blogspot.com/2011/05/allergy-medications.html
• Allergy သို့မဟုတ် မတည့်အတူနေ http://dts-medicaleducation.blogspot.com/2010/05/allergy.html
• Amoxicillin အမောက်ဆာစလင် http://dts-medicaleducation.blogspot.com/2009/07/amoxicillin.html
တွေကို ဖတ်နိုင်ပါတယ်။