ကျန်းမာရေးနဲ့ဆေးပညာ မေးလိုတာရှိပါက

ဒီဘလော့ခ်ထဲကစာတွေကို တခြားနေရာမှာ ကျွန်တော့်ခွင့်ပြုချက်မပါဘဲ ကူးယူပြီး မတင်ဘို့ စည်းကမ်း သတ်မှတ်ထားပါတယ်။

ကျန်းမာရေး နဲ့ ဆေးပညာ မေးလိုတာရှိပါက
• ဖြစ်တဲ့သူရဲ့ အသက်၊ ကျား-မ ပြောပါ။ ရောဂါလက္ခဏာ ၁-၂-၃။ တခုတိုင်းက ဘယ်လောက် ကြာပြီ။
• လိုအပ်ရင် ကျန်းမာရေးရာဇဝင်၊ ဓါတ်မှန်၊ (အာလ်ထွာဆောင်း)၊ ဆေးစစ်ချက်၊ လိုအပ်ရင် အိမ်ထောင်၊ ကလေး၊ ရှိ-မရှိ။ နေတဲ့တိုင်းပြည်၊ မြို့ထည့်ရေးပါ။ လူနာမည်၊ နေရပ်လိပ်စာအတိအကျ ကိစ္စမရှိပါ။
• ဆေးနာမည်ရေးရင် Trade name ကုမ္ပဏီကပေးတဲ့နာမည်သာမက Generic name ဆေးနာမည် ထည့်ရေးပါ။
• ဆေးစာ၊ ဆေးစစ်ချက်၊ ဝေဒနာတွေကို စကန်လုပ်ပြီးဖြစ်ဖြစ်၊ ဓါတ်ပုံရိုက်လို့ဖြစ်ဖြစ် ပို့နိုင်ပါတယ်။ ဓါတ်ပုံကို ခွင့်မယူဘဲ အသုံးမချပါ။
• အိမ်ထောင်ရေးနဲ့ လိင်ပိုင်းဆိုင်ရာမေးခွန်းတွေကို Facebook ကနေ မမေးပါနဲ့ မဖြေပါ။ တိုက်ရိုက်သာမေးပါ။
• အီးမေးလ် အခက်အခဲရှိလို့ Facebook message မှာဖြစ်ဖြစ် Chat box မှာဖြစ်ဖြစ်ရေးရင်လဲ အားသလား၊ မေးလို့ရလား ရေးမနေဘဲ၊ တခါတည်း မေးခွန်းသာရေးလိုက်ပါ။
• Facebook Comment ကနေမေးတာ-ဖြေတာ အဆင်မပြေပါ။
စာရှည်ရေးမရပါ။ သူများတွေကို အနှောင့်အယှက်ဖြစ်နိုင်ပါတယ်။
• နာမ်စားသုံးတာမှာ ကိုယ်ကိုယ်ကို ‘သား’၊ ‘သမီး’ လို့ သုံးရင် မေးတဲ့သူရဲ့ သားသမီးလား ထင်မှတ်မှားနိုင်တာသတိပြုပါ။
• SMS အရေးအသားမျိုးကို မဖတ်ပါ။ မြန်မာစကားကို အင်္ဂလိပ်စာလုံးနဲ့ရေးတာကို မဖတ်ပါ။
• ဘလော့ခ် နဲ့ ဖေ့စ်ဘွတ်မှာ အမေး-အဖြေတွေကိုသုံးတဲ့အခါ မေးတဲ့သူရဲ့ ကိုယ်ရေး အချက်အလက်တွေ မပါစေရပါ။
• ဖုန်းဆက်ပြီးမေးရင် Time zone မတူတာရော၊ အသံထွက် လွဲနိုင်တာရောကြောင့် အဆင်မပြေပါ။ ကျွန်တော့်မှာ Viber မရှိပါ။ ဖေ့စ်ဘွတ် ဖုန်း-ဗီဒီယို အဆင်မပြေပါ။ Skype ကိုတော့ နိုင်ငံရေးနဲ့ မိသားစုအတွက်သာသုံးပါတယ်။
drswe01@gmail.com ကို (အီးမေးလ်) ပို့ပါ။

(ဘလော့ခ်) တွေထဲ ဝင်ဖတ်ဘို့ အကြံပြုပါတယ်။
- http://dts-medicaleducation.blogspot.in/ ဆေးပညာစာများ
- http://yamuna-online-clinic.blogspot.in ယမုန်နာ ဆေးခန်း
- http://my-sayawun-life.blogspot.in/ ဆရာဝန်ဘဝ အမှတ်ရတာတွေ
- http://dts-political-page.blogspot.in/ နိုင်ငံရေး စာမျက်နှာ
- http://www.facebook.com/pages/Dr-Tint-Swe/490031307758025?skip_nax_wizard=true ဖေ့စ်ဘွတ်
- https://tintswe.wordpress.com/ Dr. Tint Swe ဒေါက်တာတင့်ဆွေ ဆေးပညာစာများ

Wednesday, February 29, 2012

Q and A Fabruary 2012 (3)

1. တီဘီရောဂါ လက္ခာဏာတွေက ဘယ်လိုပြလဲ။
2. ဟန်းနီးမွန်းကလည်း သွားမှာမို့ ရာသီပြန်လာမယ့်နေ့နဲ့ တိုက်ဆိုင်နေပါတယ်။
3. သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးထိုးချင်ရင်ဘယ်လို လုပ်ရမလဲ။
4. သားအိမ်ကျလို့ ချုပ်ထားတာပါ။
5. ဘေးအတွေ့ကြုံရှိတဲ့သူကို မေးပြီးလဲ စမ်းတဝါးဝါးမလုပ်ချင်ပါဘူး။
6. ဝမ်းသွားပြီး ပြန်ရှုံ့ရင်တော့ သေမတတ်ခံရပါတယ်။
7. ခေါင်းကိုက်တာ ဘာကြောင့်ကိုက်တာလဲ။
8. ဟာ ဘာလို့ လေဖြတ်ရမှာလဲ။

Wed, Feb 29, 2012 at 2:50 PM
ကျွန်တော်တို့ (့) မှာ အလုပ် လုပ်ပါတယ်။ လွန်ခဲ့တဲ့ ၂ ပတ်လောက်က အသိတစ်ယောက် တီဘီဖြစ်လို့ ဆေးရုံတင်ရပါတယ်။ အဲဒီမတိုင်ခင် လေးငါး လလောက်က ချောင်းဆိုးလိုက် နေမကောင်းလိုက် ဆေးခန်းပြလိုက် သက်သာလိုက် တရှောင်ရှောင်ဖြစ်နေပါတယ်။ ရိုးရိုးဖြစ်တယ်ပဲ ထင်ပါတယ်။ အခုတစ်ခါ ဆေးရုံရောက်မှ တီဘီ ပိုးမှန်း သိရပါတယ်။ အကောင်းပကတိကနေ ရုပ်ချည်း အဲလို ဖြစ်သွားပါတယ်။ ဆေးရုံက အပြင်ကလူတွေနဲ့ ပေးမတွေ့ပါဘူး။ လူတွေနဲ့တွေ့ဖို့ ဆေးနှစ်ပတ် သောက်ရမယ်ပြောပါတယ်။ ဆေးနှစ်ပတ်စာသောက်ပြီးမှ တွေ့ချင်တဲ့လူနဲ့ တွေ့နိုင်တယ်။ ရောဂါပျောက်ဖို့က ခြောက်လလောက် ဆေးသောက်ရမယ် ပြောပါတယ်။ ကျွန်တော်တို့ သိထားတာ တီဘီ ပိုးဟာ လေထဲကနေ ကူးစက်တယ်လို့ပဲ သိထားပါတယ်။ တစ်ချို့ ကလည်း ကိုယ်ခံအားနည်းရင် ကူးနိုင်တယ်လို့ ပြောပါတယ်။ ကျွန်တော်က ကောင်းကောင်း အိပ်မရဖြစ်နေတာ သုံးနှစ်ကျော်လောက်ရှိပါပြီ။ အခုတော့ ဆရာစာတွေ ဖတ်ပြီး အိပ်ပျော်အောင် ကျန်းမာရေးကို ဂရုစိုက်နေတဲ့အတွက် အရင်ထက်စာ သက်သာလာပါပြီ။ ကိုယ်ခံအားဆိုတာ ဘာကို ပြောတယ်ဆိုတာ ကောင်းကောင်းမသိသေးပါ။ သွေးဖြူဥ အနည်းအများကို ပြောတာလား။ အိပ်မပျော်တဲ့အတွက် ကိုယ်ခံအား နဲ့ပတ်သက်ပြီး ရောဂါတစ်ခုခု ဝင်မှာစိုးလို့ပါ။ နောက်ပြီး အဆီတွေ စားတယ့်အခါ၊ အဲကွန်းလေလို အေးတဲ့ နေရာတွေမှာ သလိပ်မပါတယ့် ချောင်းခြောက်ဆိုးလို့ပါ။ တီဘီ ပိုးဘယ်လိုကနေ ကူးစက်နိုင်တယ်၊ တီဘီရောဂါ ဘယ်လိုကနေ ဖြစ်နိုင်တယ်ဆိုတာသိပါစေ။ တီဘီရောဂါ လက္ခာဏာတွေက ဘယ်လိုပြလဲ။ တီဘီ ပိုးရှိပြီ ဆိုတာနဲ့ တမ်းသိနိုင်ပါသလား။ ရှောင်ရန် ဆောင်ရန်တွေကို သိပါစေ။

• (ကိုယ်ခံအား) လို့ အရင်က အလွယ်ပြောခဲ့ကြပေမဲ့ ကနေ့ အဲလိုပြောလိုက်ရင် HIV လို့ တန်းထင်ကြတာမို့ အလွယ်ပြောလို့ မကောင်းတော့ပါ။
• မှန်ပါတယ် သွေးဖြူဥဟာ ခုခံမှုနဲ့ဆိုင်တယ်။ ဒါပေမဲ့ WBC သွေးဖြူဥက နည်းတာလဲ မကောင်း၊ များတာလဲ မကောင်းပြန်ပါ။
• (တီဘီ) ရောဂါ ရေးထားတာ ပို့လိုက်ပါတယ်။ တီဘီက အသက်ရှူလမ်းကနေဝင်တာ များတယ်။ နှာခေါင်းကပေါ့။ နွားနို့ကနေဝင်တာလဲ ရှိသေးတယ်။ တနေရာမှာ ပိုးရှိပြီး တနေရာရောက်တာလဲ ရှိတယ်။ ဥပမာ အရိုးတီဘီ။ (တီဘီ) ရှိတာ စောစောသိအောင် ရင်ပတ်-ဓါတ်မှန်ရိုက်တာနဲ့ ချောင်းပါဆိုးနေရင် သလိပ် ၃ ရက်ဆက် စစ်ရတယ်။ လူက အလေးချိန်မတိုး၊ ချောင်းဆိုးတာ တော်တော်နဲ့ မပျောက်နိုင်၊ ချောင်းဆိုးရင်းသွေးပါဖြစ်သူတွေကို ၂ မျိုးလုံး စစ်ရတယ်။ လက်ဖျံမှာ ဆေးထိုးပြီးစစ်တာလဲ လုပ်တယ်။ (တီဘီ) ရှိသူနဲ့ အတူနေ၊ တအိမ်ထဲနေသူတွေကို အဲလိုစစ်စေတယ်။ (တီဘီ) ပေမဲ့ သလိပ်ထဲမှာ ပိုးမတွေ့သူနဲ့ အတူနေသူတွေကို မကူးစေပါ။
• နောက်တခုက ခုခံအားလို့သာပြောပေမဲ့ ရောဂါပြီး-မပြီးနဲ့ဆိုင်တယ်။ (တီဘီ) ကာကွယ်ဆေး BCG ကို ကလေးတယောက် မွေးလာတာနဲ့ ချက်ချင်းဆိုသလို ထိုးရတယ်။ ဘာလို့လဲဆိုတော့ ဘေးမှာ တီဘီပိုးတွေ ရှိနေနိုင်လို့ဖြစ်တယ်။ ကာကွယ်ဆေးတွေရဲ့သဘောက ဆေးထိုးလိုက်တဲ့နောက် ကိုယ်ကနေ ရောဂါကို ခံတိုက်မဲ့ဓါတ်တွေ အလိုလို ထွက်လာစေအောင် နှိုးဆွပေးတာသာဖြစ်တယ်။ အချိန်တန်တာနဲ့ ရောဂါကိုခုခံနိုင်စွမ်းရလာတော့ ပိုးဝင်လာရင် ခုခံတိုက်ထုတ်ပြစ်နိုင်စွမ်း ရလာစေတယ်။ (တီဘီ) ကာကွယ်ဆေးကို ကြီးတဲ့ကလေး-လူကြီး ထိုးစရာမလိုတော့တာကတော့ သူတို့မှာ ကာကွယ်ဆေး မထိုးပေမဲ့ ပိုးအစစ် ဝင်ဘူးမှာမို့ ခုခံအားတွေထုတ်ပေးပြီး ဖြစ်နေတယ်လို့ယူဆတယ်။ ဒါကြောင့် (ခုခံအား) မဟုတ်ဘဲ (ရောဂါပြီး) နေတယ်လို့ပြောမှ ပိုမှန်တယ်။ မေးတဲ့သူမှာ အဲလိုလဲဖြစ်နေနိုင်တယ်။

Tue, Feb 28, 2012 at 5:05 PM
Q: အသက်က ၃ဝ ပြည့်ပြီးပါပြီ။ ရန်ကုန်မှာနေပါတယ်။ သမီးရာသီလာတာက ရက် ၃ဝ မှာ တခါ လာနေကျပါ။ လတိုင်း ၃ဝ ရက်တခါ မှန်မှန်လာပါတယ်။ ရာသီလာရင် ၅ ရက်ကြာပါတယ်။ သမီးက ၂ဝ၁၂ (့) ရက်နေ့မှာ မင်္ဂလာဆောင်မှာပါ။ ဟန်းနီးမွန်းကလည်း သွားမှာမို့ ရာသီပြန်လာမယ့်နေ့နဲ့ တိုက်ဆိုင်နေပါတယ်။ အဲ့ဒီရက်ပိုင်းမှာ ရာသီလည်း မလာစေချင်သလို ကိုယ်ဝန်လည်း တားချင်ပါတယ်။ ဘာဆေးစားပြီး ဘယ်လိုပြုမူနေထိုင်ရမလဲဆိုတာ သိချင်ပါတယ်ရှင်။ တားဆေးသောက်ရင် ရာသီစလာတဲ့နေ့ကနေ ၅ ရက်အတွင်း သောက်ရတယ်လို့ သိထားပါတယ်။ သမီးက ရာသီလည်းရက် ရွှေ့ချင်တယ်၊ ကိုယ်ဝန်လည်းတားချင်တာမို့ ပြောပြပေးပါဦးနော်။
A: Menstrual Suppression ရာသီမလာအောင်နှိမ်ခြင်း

Wed, Feb 29, 2012 at 11:23 AM
Q: ရာသီရက်ရွှေ့ချင်လို့ တားဆေးကဒ်ကိုသောက်ရင်ရော ကိုယ်ဝန်တားပြီးသား ဖြစ်သွားရောလား ဆိုတာလည်း သိချင်ပါတယ်။
A: ရာသီရွေ့-ထိန်ဆေးမှန်သမျှ တားဆေးတွေဖြစ်ပါတယ်။

Tue, Feb 28, 2012 at 8:18 PM
သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးထိုးချင်ရင်ဘယ်လို လုပ်ရမလဲ။ မြန်မာနိုင်ငံမှာဆိုရင် ကုန်ကျငွေ ဘယ်လောက် ရှိမယ်ဆိုတာ သိချင်ပါတယ်။
ဈေးနှုန်း မသိပါ။ ကျွန်တော်က တိုင်းပြည်ထဲမှာ မနေရလို့ဖြစ်ပါတယ်။
• HPV and Marriage သားအိမ်-ကင်ဆာ ကာကွယ်ဆေး နဲ့ အိမ်ထောင်ပြုခြင်း
• HPV vaccine ယောက်ျားတွေ အထူးသဖြင့် (ဂေး) တွေအတွက် ကာကွယ်ဆေး

Thu, Feb 23, 2012 at 8:04 PM
သမီးအမေက အသက် ၅၁ နှစ်ရှိပါပြီ။ အမေက သားအိမ်ကျလို့ ချုပ်ထားတာပါ။ ဒါပေမယ့် မိန်းမကိုယ်နဲ့စအိုမှာ တစ်ဆို့ဆို့ ဖြစ်နေသေးပါတယ်တဲ့။ ဖင်ညောင့်ရိုးနာတာဆိုးတယ်။ တစ်ကိုယ်လုံးလဲ ထုံကျင်ကိုက်ခဲနေပါတယ်။ အသားလဲပူတယ်။

ခွဲစိတ်တာ ဘယ်လောက်ကြာပြီလဲ။ ရောဂါနာမည် အတိအကျကဘာလဲ။ Uterine prolapse သားအိမ်ကျတာ၊ Cystocele ဆီးအိမ်ကျတာ၊ Rectocele အစာဟောင်းအိမ်ကျတာ။ ခွဲစိတ်နည်းကော သိသလား။ AC, AC-PCP, Hysterectomy သားအိမ်ထုတ်ရသလား။ ခွဲတုံးက Spinal Anesthesia, General Anesthesia ဘယ်မေ့ဆေး-ထုံဆေး သုံးသလဲ။

2005 ခုနှစ်က သားအိမ်ကျလို့ ချုပ်ထားတာပါ။ ရောဂါမရှိလို့ သားအိမ်မထုတ်ပေးပါဘူး။ မေ့ဆေးပေးပြီးခွဲတာပါ။

သားအိမ်ကျတာလို့ အလွယ်ခေါ်တာမှာ (၃) မျိုးရှိတယ်။ အများဆုံးဖြစ်တာက Cystocele ဆီးအိမ်ကျတာ၊ နောက် Rectocele အစာဟောင်းအိမ်ကျတာ နဲ့ Uterine proplapse ကားအိမ်ကျတာ။ ၂ မျိုးတွဲ၊ ၃ မျိုးတွဲလဲဖြစ်နိုင်တယ်။ ခွဲစိတ်နည်းကလဲ ဖြစ်တာ မတူရင် မတူဘူး။

ခွဲတာလဲကြာပြီ။ မေ့ဆေးသုံးတာမို့ ခါးထုံဆေးဒဏ် မဟုတ်တာကို ဖယ်ထုတ်နိုင်တယ်။ အခုလူနာမှာ စအို-မိန်းမကိုယ်ဆိုတော့ Rectocele အစာဟောင်းအိမ်ကျတာ ဖြစ်နေမလား။ တစ်ဆို့ဆို့ခံစားရမယ်။ ပက်လက် အိပ်နေတုံးမှာ ချောင်းဆိုးကြည့်လိုက်ရင် မွေးလမ်းအဝကို အထဲကနေ စူထွက်လာမယ်။ မွေးလမ်းအောက်ဖက်ကနေ (ဂ) ငယ်ပုံ စူထွက်မယ်။ ဆီးအိမ်ကျတာက အထက်ကနေ (ပ) စောက်ပုံဖြစ်တယ်။ သားအိမ်ကျတာဆိုရင် အလည်ကနေ ပန်းရောင်သားအိမ်ဝက စူထွက်လာမယ်။ တင်ပါးဆုံတွင်း အင်္ဂါတွေ သန်မာစေမဲ့ လေ့ကျင့်ခန်းလုပ်တာ အများကြီး သက်သာစေမယ်။ အမျိုးသမီးတိုင်း လုပ်ရင်တောင် ကောင်းတယ်။ ရေးထားတာ တခု ပို့လိုက်ပါတယ်။
• Pelvic floor exercises အမျိုးသမီးတိုင်းအတွက် လေ့ကျင့်ခန်း

Tue, Feb 28, 2012 at 7:03 PM
ကျွန်တော်က မကြာခင်မှာ လက်ထက်တော့မယ်သူတစ်ယောက်ပါ။ ရည်မှန်းချက်တွေလဲ ရှိနေတော့ သားသမီး မလိုချင်သေးပါဘူး။ အမျိုးသမီးနဲ့ တိုင်ပင်ကြည့်တော့ သူက Planning Pills လို့ခေါ်တဲ့ အရည်သွေးပြည့် ဆေးခန်းတွေမှာ ရနိုင်တဲ့ လက်ညှိုးကဒ် သောက်မယ်လို့ ပြောပါတယ်။ ဒါပေမယ့် ဘယ်လို စသောက်ရမယ် ဆိုတာကိုတော့ နှစ်ယောက်လုံး မသိသေးပါဘူး။ ဘေးအတွေ့ကြုံရှိတဲ့သူကို မေးပြီးလဲ စမ်းတဝါးဝါးမလုပ်ချင်ပါဘူး။
• Birth Control How Decide ကိုယ်ဝန် တားနည်း-တားဆေး ဘယ်လိုရွေးမလဲ
• Different Methods of Contraception ပဋိသန္ဓေတားနည်းများ

Tue, Feb 28, 2012 at 12:41 PM
ကျွန်တော် အသက်က ၂၉ ပါ။ ငယ်ငယ်တုန်းကတည်းက ဝမ်းသွားရင် သွေးပါတယ်။ နာကျင်စွာလည်း ခံရပါတယ်။ ဆေးမြီးတိုလေး သောက်ရင်း ပျောက်လိုက် ပြန်ဖြစ်လိုက်နဲ့ နေနေတာပါ။ ယခု ကျန်တော့်ရဲ့စအိုဝမှာ အဖုထွက်လာပြီး နာကျင်နေပါတယ်၊ အဖုကလည်း မာမာရှည်ရှည်လေးလိုစမ်းမိပါတယ်။ ဘယ်တင်ပဆုံရိုးကလည်း ကိုက်နေပါတယ်။ ထိုင်ပြီးထရတာ၊ ထပြီးထိုင်ရတာ၊ အိပ်ယာကနေထရင်တောင်မှ အရမ်းနာနေပါတယ်။ ဗိုက်လည်း နာနာနေတယ်။ ဆီး၊ ဝမ်းသွားပြီး ပြန်ရှုံ့ရင်တော့ သေမတတ်ခံရပါတယ်။ ဝမ်းသွားပြီး ရေတောင်မဆေးရဲအောင် ဖြစ်နေရတာပါ၊ အဖုရှည်ကလည်း ထိတာနဲ့ နာတယ်။
Tue, Feb 28, 2012 at 1:28 PM
အခုဘယ်လိုမှမခံနိုင်လို့ပါ။ ကျွန်တော်က (့) မှာ အလုပ်လုပ်နေတာပါ။ အလုပ်ကလည်း အကြာကြီးပျက်လို့မရဘူး။

လိပ်ခေါင်းရှိနေသူက ရုတ်တရက် မခံနိုင်အောင်နာရင် သွေးကြောလေးပိတ်တာ ဖြစ်နိုင်တယ်။ ထိုင်လို့မရအောင် နာမယ်။ အနာသက်သာဆေးသောက်လဲ သက်သာရုံသာရှိတယ်။ ထုံဆေးလေးနဲ့ ခွဲထုတ်လိုက်ရင် ချက်ချင်းပျောက်တယ်။ ဆေးရုံတောင် တက်စရာမလိုတတ်ဘူး။
• Piles (Hemorrhoids) Treatment လိပ်ခေါင်းကုနည်းများ

Mon, Feb 27, 2012 at 1:07 PM
ခေါင်းကိုက်တာ ဘာကြောင့်ကိုက်တာလဲ။ နေပူရင်လည်း ကိုက်တယ်။ အလင်းရောင် ကြာကြာခံရင်လည်းကိုက်ပါတယ်။ မျက်လုံးကြောင့် ကိုက်တာလား။ ဦးနှောက်ထဲ သွေးမသွားလို့ ကိုက်တာလား။ ဘာဆေးတွေသောက်သင့်ဘာသလဲ။ မိန်းကလေးဖြစ်ပါတယ်။ အသက်ကတော့ ၂၉နှစ် ရှိပါပြီ။ ခေါင်းကိုက်ပြီဆိုရင် ခေါင်းတစ်ခုလုံး အုံလာပြီးတော့ မျက်လုံးတွေ လေးလာပါတယ်။ အရမ်းပြင်းပြင်းကိုက်ရင် အန်လည်းအန်ပါတယ်။ ဆေးမသောက်ဘူးလို့ တင်းထားပြီး အိပ်ရေးဝဝအိပ်ရင် ပျောက်မယ်လို့ထင်ထားပြီး အိပ်လိုက်ပြီး မနက်ရောက်ရင်လည်း ဆက်ကိုက်နေပါတယ်။ ဆေးသောက်ပြီးတော့ နာရီဝက်၊ တစ်နာရီလောက် အိပ်လိုက်ရင်တော့ ခေါင်းကိုက်တာ သက်သာပါတယ်။ ခေါင်းကိုက်ပျောက်ဆေးကတော့ (Cipla) Cofen ဆေးသောက်ပါတယ်။ အမြဲတမ်းကိုက်နေတာတော့ မဟုတ်ပါ။ ယောက်က်ျားမရှိပါ။ အပျိုဖြစ်ပါတယ်။ နောက်ပြီး ကွန်ပျူတာနဲ့ လုပ်ရတဲ့ အလုပ်လုပ်ပါတယ်။ မျက်မှန်လည်း အလုပ်လုပ်ရင် တပ်ပါတယ်။ ဆေးမစစ်ဘူးပါ။ ဘာဆေး သောက်ရင်၊ ဘာလုပ်ရင် ခေါင်းမကိုက်တော့မလဲဆိုတာ ပြောပေးစေချင်ပါတယ်။ အဲ့ဒီလိုခေါင်းကိုက်တဲ့ ဝေဒနာကတော့ နှစ်ချီနေပါပြီခင်ဗျာ။

Cofen ဆေးဟာ pain killer ဖြစ်တယ်။ ဒီစာ ၂ ပုဒ် မဖတ်ရသေးရင်ဖတ်ပါ။ လိုသေးရင် မေးပါ။
• Migraine (2) မိုင်ဂရင်း ခေါင်းမူး-ခေါင်းကိုက်ရောဂါ
• Migraine (1) မိုင်ဂရင်း

Tue, Feb 28, 2012 at 8:31 AM
သမီးအသက် ၂၈ နှစ်ပါ။ မကြာခဏဆိုသလို နှုတ်ခမ်းဘေးတွင် ရေယုံပေါက်တတ်ပါသည်။ ပေါက်လာလျှင် generlog oral ဆေးကို လိမ်းပါသည်။ ဆေးကို အမြဲပင်အိတ်ထဲတွင်ဆောင်ထားနေရပါသည်။ ၂ လတခါ ဖြစ်စေ ၃ လ တခါဖြစ်စေ ပေါက်တတ်ပါသည်။ ဆေးမှာသုံးရတာလည်း အဆင်ပြေပါသည်။ သိရှိလိုသည်မှာ နှုတ်ခမ်းတွင်ပေါက်တတ်သောရေယုံကို အပြီးသတ် အရှင်းပျောက်ကင်းနိုင်ရန် လိမ်းဆေး (or) သောက်ဆေး တမျိုးမျိုးဖြင့်ကုသနိုင်ပါသလားဟု သိချင်ပါသည်။ ပျောက်ကင်းနိုင်ပါက ဆေးညွန်းပေးစေချင်ပါသည်ရှင်။

• Herpes Simplex ရိုးရိုး ရေယုံ

Sat, Feb 25, 2012 at 5:38 PM
အမည် (့)၊ အသက် ၂ဝ၊ နေရပ် ရန်ကုန်၊ Bromhexine hydrochloride က decongestant ဆေးဟုတ်ပါသလား။ နှာရည် အာခေါင်ထဲကို စီးကျနေလို့ Decongestant ဆေးသောက်ရင် သက်သာတယ်ဆိုလို့ ဟုတ်ပါသလား။ ရန်ကုန်မှာ ဝယ်ချင်ရင် decongestant ဆေးက ဘာနာမည်နဲ့ ရနိုင်ပါသလဲ။
Bromhexine hydrochloride ဟာ Mucolytic agent အမျိုးအစားဆေးဖြစ်တယ်။ ချွဲပျော်ဆေးလို့ ပြောလို့ရတယ်။ အသက်ရှူလမ်းမှာ ရောဂါတခုခုရလို့ ထွက်လာတဲ့ အချွဲတွေက စေးပျစ်နေရင် ပျော်စေအောင် ပေးရတဲ့ဆေးမျိုးဖြစ်တယ်။ ဒါမှသာ ချွဲတွေအထဲကနေ ထုတ်ဘို့လွယ်ကူစေမယ်။
Decongestants ဆေးမျိုးကတော့ အအေးမိတဲ့အခါ နှာခေါင်းမှာ ဖြစ်လာတာတွေကို သက်သာစေဘို့ သုံးရတယ်။ Cold virus အအေးမိတာ၊ Flu (Influenza) တုပ်ကွေး၊ Sinusitis (ဆိုင်းနပ်စ်) Allergies (အလာဂျီ) ရလို့ နှာခေါင်း အနေရခက်တာကို stuffy nose လို့ခေါ်တယ်။ ဆေးဆိုင်မှာ အလွယ်ဝယ်ရတဲ့ ဆေးတွေ အများကြီးရှိတယ်။ ဥပမာ Phenylephrine (Sudafed PE) နဲ့ Pseudoephedrine (Sudafed 12 Hour) စားဆေးတွေ ဖြစ်တယ်။ Nasal sprays နှာခေါင်းထဲပန်းဆေး နဲ့ Nasal drops အစက်ချဆေးတွေလဲ ရှိတယ်။ ဆေးသုံးလိုက်ရင် နှာခေါင်းက သွေးကြောလေးတွေ ကျဉ်းသွားစေပြီး၊ ဖြစ်နေတာကို သက်သာစေမယ်။
သတိထားဘို့က ဒီဆေးမျိုးတွေကို ၃-၅ ရက်ထက်ပိုမသုံးသင့်ဘူး။ ဆေးသုံးနေမှ ဖြစ်တော့မလို အခြေအနေကို ပြောင်းသွားစေနိုင်တယ်။ အဲလိုဖြစ်လာရင် ဆေးမတိုးနိုင်တော့ဘူး။ အနေရပိုခက်တော့မယ်။ Narrow-angle glaucoma ဒေါင့်ကျဉ်း-ရေတိမ်၊ သွေးတိုးများနေတာ၊ နှလုံးသွေးကြောကျဉ်းရောဂါရှိနေသူတွေက ဒီဆေးမျိုး မသုံးသင့်ကြဘူး။ စားဆေးသောက်ရင် သွေးဖိအား တက်စေမယ်။ နှလုံးခုန်မမှန်တာကို ပိုဆိုးစေမယ်။ အားယုတ်မယ်။ အိပ်ချင်မယ်။
ဆေးနာမည်တွေ တချို့ရေးပါမယ်။ Drixoral Non-Drowsy, Sudafed Nasal Decongestant, Children's Dimetapp Decongestant Infant, Acutrim 16 Hour, Acutrim II, Maximum Strength, Acutrim Late Day, AH-Chew D, Cenafed, Chlor Trimeton Nasal Decongestant, Contac-D, Contac Cold, Control, Dexatrim, Dimetapp Toddler's Drops Decongestant, Drixoral Decongestant Non-Drowsy, ElixSure Congestion, Elixsure Decongestant, Empro, Entex, Genaphed, Gilchew IR, Kid Kare Drops, Little Colds Decongestant, Lusonal, Mega-Trim, Nasofed, Nasop, Nasop12, Neo-Synephrine, PediaCare Children's Decongestant, Phenyl-T, Phenyldrine, Propagest, Propan, Rhindecon, Ricobid-D, Seudotabs, Silfedrine, Sudafed 12-Hour, Sudafed 24-Hour, Sudafed Children's Nasal Decongestant, Sudafed PE Children's Nasal Decongestant, Sudafed PE Nasal Decongestant, Sudodrin, SudoGest, SudoGest 12 Hour, Sudogest PE, Suphedrine, Triaminic Thin Strips Cold with Stuffy Nose, Unifed, Westrim, Westrim LA
မြန်မာပြည့် ဆေးဈေးကွက်မှာ ဘယ်နာမည်တွေနဲ့ ဝယ်ရသလဲ မသိပါ။

Mon, Feb 27, 2012 at 3:16 PM
Q: ဆရာဆီ ပို့ထားတယ်။ ဦးနောက်သွေးကြောပိတ်တယ်ဆိုပြီး ရေးထားတာလေဆရာ။
A: ဦးနောက်သွေးကြောပိတ်တာ ဟုတ်ရဲ့လား။ အဲဒါဆိုရင် လေဖြတ်မယ်။ ဗိုက်အရမ်းအောက်တယ် ဆိုတာ အောင့်တယ်လို့ ပြောချင်တာလား။ နလုံးအောက်တယ် ဆိုတာလဲ အောင့်တာလား။ နှလုံးလို့ပြောတာ ဘယ်နေရာပါလဲ။

Mon, Feb 27, 2012 at 4:25 PM
Q: ဟာ ဘာလို့ လေဖြတ်ရမှာလဲ။ ရန်ကုန်မှာ scan ဖတ်လာတာ အဖြေက အဲလိုပဲထွက်တာလေ။ သေးပြွန်ဆေး သောက်ရတာပေါ့။ သူတို့ပေးတဲ့ဆေးလေ။ နှလုံးအောက်တာက ဘယ်ဘက်ရင်အုံအပေါ်ဘက်က အောက်တာပါ။ ငုတ်လိုက်ရင် အောက်တယ် အမြဲတမ်းမဟုတ်ဘူး။ တခါတလေပါ ဗိုက်အောက်တာကတော့ မပြောပြတော့ဘူးနော်။ ဆရာဖြေပေးတာကလည်း ကြိမ်ပြောသလိုပဲ လေဖြတ်မယ်တဲ့ စကားပြောတာကလည်း တုံးတိကြီး ဘယ်လိုလဲဆရာရယ်။
A: ဦးနှောက်သွေးကြောပိတ်တာကို တိုက်ရိုက် အင်္ဂလိပ်လိုပြန်ရင် Narrowing of the small arteries within the brain လို့ဖြစ်တယ်။ ဘာဖြစ်နိုင်သလဲ ဆက်ရေးတာက -
Narrowing of the small arteries within the brain can cause a lacunar stroke လို့ ဆေးစာမှာပါတယ်။ Stroke ကို မြန်မာ အဘိဓာန်လှန်ရင် -
Stroke = လေဖြတ် (v) suffer form paralytic stroke. လေဖြန်း (v) 1 [of a part of the body] swell [as if it were caused by internal gaseous pressure]. / လို့ တွေ့ရမယ်။
ဦးနောက်သွေးကြောပိတ်တယ်ဆိုလို့သာ လေဖြတ်တာနဲ့ ဆက်ရေးခဲ့တာဖြစ်တယ်။
ဆရာသိတာ ကိုယ့်ဆီလာတဲ့ (အီးမေးလ်) ထဲက စာလုံးတွေသာဖြစ်တယ်။ အပို-အလို ဘာတခုမှ မသိလို့ တိတိကျကျ တိုက်ရိုက် ဘာသာပြန်ဖြေရတယ်။ ဒါကြောင့် မေးတဲ့သူတွေ ဘာတွေထည့်ရေးပါလို့ (ဘလော့ခ်) ထိပ်ဆုံးမှာ ရေးထားပါတယ်။ မပြည့်စုံတဲ့မေးခွန်းမျိုးကို မဖြေချင်ပါ။ ဆေးကြောင်း၊ ကျန်းမာရေး အကြောင်း ပြောတဲ့၊ ရေးတဲ့အခါ တိတိကျကျ လိုတယ်။ Scan လုပ်ထားသူဆိုရင် ဆေးစာရွက်ထဲမှာ အင်္ဂလိပ်လို ပါမယ်။ စာလုံးပေါင်းနဲ့ပြောရင် အသေအခြာ သိရတာပေါ့။