ကျန်းမာရေးနဲ့ဆေးပညာ မေးလိုတာရှိပါက

ဒီဘလော့ခ်ထဲကစာတွေကို တခြားနေရာမှာ ကျွန်တော့်ခွင့်ပြုချက်မပါဘဲ ကူးယူပြီး မတင်ဘို့ စည်းကမ်း သတ်မှတ်ထားပါတယ်။

ကျန်းမာရေး နဲ့ ဆေးပညာ မေးလိုတာရှိပါက
• ဖြစ်တဲ့သူရဲ့ အသက်၊ ကျား-မ ပြောပါ။ ရောဂါလက္ခဏာ ၁-၂-၃။ တခုတိုင်းက ဘယ်လောက် ကြာပြီ။
• လိုအပ်ရင် ကျန်းမာရေးရာဇဝင်၊ ဓါတ်မှန်၊ (အာလ်ထွာဆောင်း)၊ ဆေးစစ်ချက်၊ လိုအပ်ရင် အိမ်ထောင်၊ ကလေး၊ ရှိ-မရှိ။ နေတဲ့တိုင်းပြည်၊ မြို့ထည့်ရေးပါ။ လူနာမည်၊ နေရပ်လိပ်စာအတိအကျ ကိစ္စမရှိပါ။
• ဆေးနာမည်ရေးရင် Trade name ကုမ္ပဏီကပေးတဲ့နာမည်သာမက Generic name ဆေးနာမည် ထည့်ရေးပါ။
• ဆေးစာ၊ ဆေးစစ်ချက်၊ ဝေဒနာတွေကို စကန်လုပ်ပြီးဖြစ်ဖြစ်၊ ဓါတ်ပုံရိုက်လို့ဖြစ်ဖြစ် ပို့နိုင်ပါတယ်။ ဓါတ်ပုံကို ခွင့်မယူဘဲ အသုံးမချပါ။
• အိမ်ထောင်ရေးနဲ့ လိင်ပိုင်းဆိုင်ရာမေးခွန်းတွေကို Facebook ကနေ မမေးပါနဲ့ မဖြေပါ။ တိုက်ရိုက်သာမေးပါ။
• အီးမေးလ် အခက်အခဲရှိလို့ Facebook message မှာဖြစ်ဖြစ် Chat box မှာဖြစ်ဖြစ်ရေးရင်လဲ အားသလား၊ မေးလို့ရလား ရေးမနေဘဲ၊ တခါတည်း မေးခွန်းသာရေးလိုက်ပါ။
• Facebook Comment ကနေမေးတာ-ဖြေတာ အဆင်မပြေပါ။
စာရှည်ရေးမရပါ။ သူများတွေကို အနှောင့်အယှက်ဖြစ်နိုင်ပါတယ်။
• နာမ်စားသုံးတာမှာ ကိုယ်ကိုယ်ကို ‘သား’၊ ‘သမီး’ လို့ သုံးရင် မေးတဲ့သူရဲ့ သားသမီးလား ထင်မှတ်မှားနိုင်တာသတိပြုပါ။
• SMS အရေးအသားမျိုးကို မဖတ်ပါ။ မြန်မာစကားကို အင်္ဂလိပ်စာလုံးနဲ့ရေးတာကို မဖတ်ပါ။
• ဘလော့ခ် နဲ့ ဖေ့စ်ဘွတ်မှာ အမေး-အဖြေတွေကိုသုံးတဲ့အခါ မေးတဲ့သူရဲ့ ကိုယ်ရေး အချက်အလက်တွေ မပါစေရပါ။
• ဖုန်းဆက်ပြီးမေးရင် Time zone မတူတာရော၊ အသံထွက် လွဲနိုင်တာရောကြောင့် အဆင်မပြေပါ။ ကျွန်တော့်မှာ Viber မရှိပါ။ ဖေ့စ်ဘွတ် ဖုန်း-ဗီဒီယို အဆင်မပြေပါ။ Skype ကိုတော့ နိုင်ငံရေးနဲ့ မိသားစုအတွက်သာသုံးပါတယ်။
drswe01@gmail.com ကို (အီးမေးလ်) ပို့ပါ။

(ဘလော့ခ်) တွေထဲ ဝင်ဖတ်ဘို့ အကြံပြုပါတယ်။
- http://dts-medicaleducation.blogspot.in/ ဆေးပညာစာများ
- http://yamuna-online-clinic.blogspot.in ယမုန်နာ ဆေးခန်း
- http://my-sayawun-life.blogspot.in/ ဆရာဝန်ဘဝ အမှတ်ရတာတွေ
- http://dts-political-page.blogspot.in/ နိုင်ငံရေး စာမျက်နှာ
- http://www.facebook.com/pages/Dr-Tint-Swe/490031307758025?skip_nax_wizard=true ဖေ့စ်ဘွတ်
- https://tintswe.wordpress.com/ Dr. Tint Swe ဒေါက်တာတင့်ဆွေ ဆေးပညာစာများ

Monday, February 20, 2012

Q and A February 2012 (2)

၁။ ခုကနံနေတော့ ကင်ဆာများဖြစ်နေမလား ဆိုတာသိချင်လို့ပါ။
၂။ Ultrasound ကို ကလေးငယ်သေးတဲ့အချိန် မရိုက်သင့်ဘူးလို့တွေ့လို့ စိတ်ပူရပါတယ်။
၃။ ဒီရက်ပိုင်း နှလုံးအရမ်းတုန်လို့ပါ။
၎။ အကြောင်းကတော့ သမီး ကိုယ်အလေးချိန် ကျလာတယ်။
၅။ ရင်ခေါင်းနားက တော်တော်အောင့်တယ်လို့ ပြောတယ်။


Sun, Feb 19, 2012 at 8:57 PM
ကျွန်မ အသက်က ၃ဝ ပါ။ ခုပြည်ပမှာ ရောက်နေတာပါ။ အိမ်ထောင်ရှိပါတယ်။ ၄ လလောက်တော့ တားဆေးကဒ် သောက်ဖူးပါတယ်။ တားဆေးဖြတ်ပြီး ၁ လကျော်လောက်မှာ အဖြူတွေဆင်းနေလို့ပါ။ အရည်က အဝါလိုဖြစ်ပြီး နံပါတယ်။ ဓမ္မတာလဲလာတာ ၂ခါလောက်ရှိနေပါပြီ။ အရင်ကလဲ အဖြူဆင်းလို့ ဆရာဝန်နဲ့ပြဖူးပါတယ်။ ဆရာဝန်ကတော့ မှိုစွဲလို့ဆိုပြီး ပိုးသတ်ဆေးတွေ တိုက်ပါတယ်။ တပတ်လောက်တော့ ပျောက်သွားပါတယ်။ အဲ့တုန်းကတော့ မနံပါဘူး။ ခုကနံနေတော့ ကင်ဆာများဖြစ်နေမလား ဆိုတာသိချင်လို့ပါ။ ပြီးတော့ ကင်ဆာရဲ့လက္ခဏာလေးလဲ သိချင်ပါတယ်။
• Vaginal Discharge မွေးလမ်းကြောင်းမှ အဖြူဆင်းခြင်း
• Vaginal infections မွေးလမ်းကြောင်း ပိုးဝင်ခြင်း
• Cervical Cancer (Ca Cx) သားအိမ်အဝ ကင်ဆာ
• Cervical cancer test DIY သားအိမ်ဝ-ကင်ဆာကို ကိုယ့်ဖါသာ စမ်းသပ်နည်း
• Cervical Cancer vaccine (HPV) သားအိမ်အ၀ ကင်ဆာ ကာကွယ်ဆေး
• Cervical intraepithelial neoplasia (CIN) သားအိမ်ဝ ရောဂါတမျိုး

Mon, Feb 20, 2012 at 1:19 PM
ကျွန်တော့် အမျိုးသမီးမှာ အခု ကိုယ်ဝန် ၂ လရှိပါပြီ။ အိုဂျီနဲ့ပြကြည့်တော့ ဆရာမက ultrasound ရိုက်ဖို့ ပြောပါတယ်။ ကျွန်တော့် စာအုပ်တစ်အုပ်ထဲမှာ Ultrasound ကို ကလေးငယ်သေးတဲ့အချိန် မရိုက်သင့်ဘူးလို့တွေ့လို့ စိတ်ပူရပါတယ်။ အဲလို ရိုက်ရင် ဗိုက်ထဲက ကလေးကိုထိခိုက်တက်ပါသလား။ ဆရာအရင် ဆိုဒ်က အသစ်လိပ်စာကို ရှာမရဖြစ်နေပါတယ်။
စိုးရိမ်စရာမရှိပါ။ (အာလ်ထွာဆောင်း) က ဓါတ်မှန်နဲ့ မတူပါ။ လူကြီး-ကလေးကို မထိခိုက်စေနိုင်ပါ။
• Pregnancy and Ultrasound ကိုယ်ဝန်ဆောင် နှင့် (အာလ်ထွာ-ဆောင်း)

Mon, Feb 20, 2012 at 3:03 PM
ကျွန်တော် လွန်ခဲ့တဲ့ ၃ လလောက်က နားကပ်ဝတ်ချင်လို့ နားတစ်ဖက်ကို အပ်နဲ့ထိုးပြီး ဖောက်ထားပါတယ်။ အခု နားကပ် မဝတ်ချင်တော့ပါဘူး။ အဲဒါကြောင့် အဲဒီ့နားပေါက်ကိုပြန်ပြီးတော့ ပိတ်သွားအောင်လုပ်ချင်ပါတယ်။ နောက် ၆ လလောက်နေရင် မြန်မာပြည်ကိုပြန်မှာပါ အဲဒါကြောင့် မြန်မာပြည် မပြန်ခင်မှာ နားပေါက်ကို ဖောက်ထားတဲ့အရာက အစမကျန်အောင် နဂိုအတိုင်းလေး ပြန်ပြီးကောင်းစေချင်ပါတယ်။ အိမ်ကဆူမှာစိုးလို့ပါ။ ပြီးတော့ နားကပ်ဝတ်ထားတဲ့ အပေါက်ရဲ့ ဘေးနားလေးမှာ မသိမသာလေး မည်းနေပါတယ်။ နားမှာ အမည်းစက်လေးလိုမျိုးက သိသာနေပါတယ်။ အဲဒါကိုပျောက်ချင်ပါတယ်။ နားအပေါက်ကိုလဲ မြန်မြန် ပြန်ပြီး ပိတ်စေချင်ပါတယ်။ ကိုယ့်ဘာသာလျှာရှည်ပြီး အခုမှ ပြန်ပိတ်ချင်နေလို့ပါ။ ကျွန်တော့မှာ အနာကျက်ဆေး မြန်မာပြည်ကပါလာတဲ့ဘီသာဒိုင်း ဆိုတဲ့ဆေးနဲ့ မြန်မာဆေး ဆရာခို ဆိုတဲ့ အနာကျက်ဆေးတော့ ရှိပါတယ်။ ဒါပေမယ့် လိမ်းလို့ ကောင်းမကောင်း မသိလို့ပါ။ တော်ကြာနေ ရေချိုးတဲ့အခါတို့ ဘာတို့မှာ ရေဝင်နေပြီး အနာတွေဘာတွေ ဖြစ်နေမှာလဲ စိုးပါတယ် မဖြစ်လောက်ဘူးဆိုရင်တော့ သုံးလို့ရမယ်ဆိုရင် သုံးချင်ပါတယ်။
ဆေးလိမ်း-ဆေးသောက်တာနဲ့မရနိုင်ပါ။ နားကပ်ဝတ်တဲ့အပေါက်ဟာ မဝတ်တာကြာရင် တချို့က အလိုလိုပိတ်နိုင်တယ်။ မပိတ်လဲ ကျဉ်းသွားတယ်။ အသက်ကြီးတွေဆိုရင်တော့ အဲလိုမဖြစ်ဘူး။ အဲလိုမဖြစ်သူ၊ မဖြစ်သေးသူတွေက ပိတ်ချင်ရင် ခွဲစိတ်ဆရာဝန်ကနေ ပြန်ပိတ်ပေးရတယ်။ မဲတာလို အမာရွတ်ပါ တခါထဲပျောက်ပါမယ်။ လုပ်ရတာ မကြာပါ။ ထုံဆေးနဲ့ လုပ်မှာပါ။ အနာရင်းနေရင်တော့ ပိုးသေဆေးတခုခု လိမ်း-သောက်ထားနှင့်ရလိမ့်မယ်။ ပိုးမရှိမှ ပြန်ပြင်လို့ကောင်းတယ်။

Mon, Feb 20, 2012 at 1:02 PM
ကျွန်တော် အသက် ၂ဝ ပါ။ ဒီရက်ပိုင်း နှလုံးအရမ်းတုန်လို့ပါ။ စာမေးပွဲရှိလို့ စိတ်ဖိစီးမှုများတာလားတော့ မသိပါ။ ဝက်ခြံပျောက်ချင်သဖြင့် သောက်သော Tetracycline သာရှိပါသည်။ ထိုဆေးသည် နှလုံးတုန်စေပါသလား။ နှလုံးခုန်သံ အရမ်းမြန်ပါသည်။ အမြဲတမ်းတော့မဟုတ်ပါ။ အိပ်ခါနီးဆိုဖြစ်လာပါသည်။ မနေ့ညက အိပ်ချင်သဖြင့်အိပ်ရာ နှလုံးခုန်မြန်လာပါသည်။ နောက်ပြီးတော့ Abdomen ပိုင်းတွင်ရှိသည့်သွေးကြောများက ပိုတုန်သည်ထင်ရပါသည်။ ထိုကြောင့် ဗိုက်ကြီး တုန်နေသလိုဖြစ်ပြီး အိပ်ရအလွန်ခက်လှပါသည်။ Gastric လည်း ရှိပါသည်။ ဘာတွေလုပ်ဖို့လိုပါမလဲ စာမေးပွဲရှိလို့ပါ သန်ဘက်ခါ။ ဆေးခန်းသွားပြဖို့လိုပါမလား။ ဒီနိုင်ငံမှာ ဆေးကို အပြင်ဆိုင်မှာ မရောင်းလို့ပါ။
• လက်ကောက်ဝတ်နေရာကို ကိုယ့်ဖါသာစမ်းရင် သွေးလွှတ်ကြော ခုန်တာ သိမယ်။ တမိနစ်မှာ ဘယ်လောက်ရှိသလဲ။ သာမန်အချိန်နဲ့ မြန်တဲ့အချိန် ၂ မျိုးလုံးစမ်းပါ။ အလုပ်လုပ်တာ၊ လှေကားတက်တာတွေမှာ သူများထက်ပိုမောသလား။ လူက ပိန်လား-ဝလား။
လူကပိန်ပါတယ်ဆရာ။ သွေးခုန်နှုန်းက နှေးရင် ၇ဝကျော် ၇၂ နဲ့ မြန်ရင် ၉ဝ လောက်ရှိပါတယ်။ အလုပ်လုပ်တာ လှေကားတက်တာ မမောပါဘူး။ ပြောရရင် အကောင်းကြီးပါ။ ဘာရောဂါမှလည်းမရှိပါဘူး။
• Book picture! အားလုံးကောင်းပါတယ်။ ဆေးတောင်မလိုပါ။ စိတ်ကိုအေးအေးဆေးဆေးထားနိုင်အောင် ပြုပြင်ပေးပါ။ အဆင်ပြေတဲ့အခါသာ နှလုံးခုန်သံနားထောင်ဘို့ ဆရာဝန်ပြပါ။ နှုန်းကတော့ ကောင်းတယ်။ လူပိန်လို့လဲ ဗိုက်အလယ်ခေါင်နေရာက အထက်အောက်တန်းရှိနေတဲ့ သွေးလွှတ်ကြောမကြီး Aorta ခုန်နေတာကို စမ်းလို့ရတာပါ။ ရောဂါမဟုတ်ပါ။

Mon, Feb 20, 2012 at 12:47 PM
ကိုယ်ဝန်ရှိမရှိကို ဆီးစမ်းတာ Negative ပြပါတယ်။ အမျိုးသားနဲ့အတူနေ ဖြစ်တာက ၁၂ ရက်နေ့ နောက်ဆုံးပါ။ ရာသီလာတာကတော့ ပြီးခဲ့တဲ့လကတော့ ၁၅ ရက်ကလာပါတယ်။ ဒီလမှာတော့ ဆီးစပ်တွေသာ ကိုက်ခဲနေပြီ ၂ ရက်လောက်ရှိပါပြီ။ သွေးနဲနဲဆင်းနေပါတယ်။ ခြောက်ခြောက်ကြီး ဖြစ်နေပါတယ်။ (အဖြူကောအနီရော မရှိပဲ) ၃ လလောက်ရှိပါပြီ ရာသီလာတာ ၃ ရက်လောက်တော့ နောက်ကျနေပါတယ်။ ဘာဆေးများသောက်ရပါမလဲ။
• အသက်၊ အိမ်ထောင်ရေး စတာတွေ မသိရပါ။ မရှင်းပါ။ သွေးဆင်းတယ်ဆိုတာ အနီဘဲ မဟုတ်ပါလား။ ကိုယ်ဝန်တော့ မရှိဘူး၊ ရာသီလာ နောက်ကျတာတခုဘဲဖြစ်နေတယ်ပေါ့။ မသေခြာတော့ ဖြေရတာ ခက်နေပါတယ်။ ဗိုက်နာတာအတွက်က Paracetamol/Ibuprofen တမျိုးမျိုးသာသောက်ပါ။ နောကျကျတာသက်သက်အတွက် ဆေး မလိုပါ။ နာတလဲသက်သာ၊ ရာသီရက်လဲ မှန်ချင်ရင် ဟော်မုန်း ၂ မျိုးတွဲပါ ကိုယ်ဝန်တားဆေး သောက်နိုင်ပါတယ်။
အသက် ၂၈ ပါ။ ကိုယ်အလေးချိန် ၁၂၄ ပါ။ အိမ်ထောင်သက် ၃ နှစ်ပါ။ ဆင်းတာက အနီဖြစ်ပေမယ့် ၁ ရက်ကို အနီနဲနဲ သာဆင်းပြီး ခြောက်ခြောက်ကြီး ဖြစ်နေပါတယ်၂ ရက်လောက်ရှိပါပြီ။ တစ်ရှူးလေးနဲ့ သုတ်ကြည့်တော့လဲ သွေးတွေပါ ပါတယ်။ ဆင်းတာက အရမ်းကို နဲနဲလေးပါ။ ဒီနေ့ စစ်ထားတာပါ။ အမျိုးသားနဲ့ လောလောဆယ် အတူတူ မနေကျတော့ တားဆေးမထိုးဖြစ်တော့ပါဘူး။ လက်ထက်ခါစကတော့ ၁ နှစ်လောက်ဆေးသောက်ဖြစ်ပါတယ်။ ခုတော့ တားဆေး မစားပါဘူး။ တခါတရံ ရက်ရှောင်လို့ ရရင်ရက်ရှောင်ပြီးနေပါတယ်။ တခါတရံ အရေးပေါ် တားဆေး သောက်ပါတယ်။ ကိုယ်ဝန်ဆီးစစ်တာက ဘယ်အချိန်မှာ စစ်လို့ရပါသလဲ။ အခုက ကျမက ၁၂ ရက်နောက်ပိုင်း လိင်ကိစ္စ ကင်းရှင်းပါတယ်။ နောက်ဆုံး ရာသီလာထားတဲ့ရက်ကတော့ ၁၅ ရက်နေ့ ၁၇ ရက် ၁၈ ရက်ထိပါ။ ဆီးစပ်နေတွေက ကိုက်နေလို့ ကိုယ်ဝန်ဆိုရင် ပျက်ကျမှာစိုးလို့ပါဆရာ။ ဒါပေမယ့် Negative ဖြစ်နေလို့တွေဝေနေရပါတယ်။ အကယ်လို့ မဟုတ်ဘူးဆိုရင်လဲ။ ဘာဆေးသောက်ရမလဲ ဆရာ။
• Pregnancy Tests ကိုယ်ဝန် ရှိ-မရှိ စမ်းသပ်ခြင်း

Mon, Feb 20, 2012 at 6:20 PM
သမီးအသက် ၂၅ပါ။ အိမ်ထောင်မရှိပါဘူး။ ရာသီကပုံမှန်ပါဘဲ။ အကြောင်းကတော့ သမီး ကိုယ်အလေးချိန် ကျလာတယ်။ အရင်က အဝကြီးမဟုတ်ပေမယ့် အသင့်အတင့်တော့ ဝပါတယ်။ အဲဒါနဲ့ အစားအသောက်လျှော့စား အိမ်အလုပ်လုပ်ရင်းနဲ့ နေခဲ့တာ အခုဆို သိသိသာသာ ပိန်လာပါတယ်ဆရာ။ အဲလို အလေးချိန်ကျလာတာရဲ့ နောက်ဆက်တွဲ ခေါင်းတွေ မူးလာတယ်။ အသက်ရူကြပ်လာတယ်။ သမီးက ဆယ်တန်းဂိုက်တယောက်ပါ။ စာမေးပွဲနီးလို့ ပင်ပန်းပြီး အားနည်းတာလဲ ပါမလားပေါ့။ တနေ့ ဆရာဝန်နဲ့ သွားပြဖြစ်တယ်။ Hyperthyroid စစ်စေချင်တယ်လိ့ ပြောတယ်။ တကယ်တော့ Hyperthyroid ဆိုတာ သမီးအနေနဲ့ အဆန်းတကြယ်ဖြစ်မိတယ်။ စေ့စေ့ပေါက်ပေါက် မသိတော့ ပိုလို့လဲ ဆိုးလာလို့ပါ။ Hyperthyroid ဟာ ဘာကြောင့်ဖြစ်ရတာလဲ မသိပါဘူး။ သူ့ကိုစစ်ရင် သွေးဖောက်စစ်တာလား။ တခြားနည်းတွေနဲ့လားလဲ သိချင်ပါတယ်။ အကယ်လို့ ရှိရင် ဘယ်လို ဆေးတွေသင့်လျှော်တယ်။ ဘယ်လိုနေထိုင်ရမလဲကို လမ်းညွှန်ပေးပါဦး။
• Toxic goiter Q and A လည်ပင်းကြီး ဟော်မုန်းများနေခြင်း
• Thyrosit လည်ပင်းကြီး-ဟော်မုန်းဆေး
စာ ၂ ပုဒ်ပို့ထားပါတယ်။ အရင်ဆုံး ကိုယ့်လက်ကောက်ဝတ်နေရာကို စမိးပါ။ လက်မဘက်က ခုန်နေတဲ့ သွေးခုန်တာ တ မိနစ်မှာ ဘယ်လောက်လဲ။ ၇ဝ-၈ဝ အထိကောင်းပါတယ်။ လည်ပင်းကြီးဟော်မုန်းများနေရင် မြန်မယ်။ ရင်တုံမယ်။

Mon, Feb 20, 2012 at 6:51 PM
သမီးအဖေက ကားမောင်းပါတယ်။ မိုးကုတ် မန်းလေး မောင်းတာပါ။ သူအခုတလော ကားမောင်းရင်းနဲ့ ရင်ခေါင်းနားက တော်တော်အောင့်တယ်လို့ ပြောတယ်။ အဲ့ဒါဘာဖြစ်တယ်လို့ဆိုမလဲဆရာ။ ကားအရမ်းမောင်းတာနဲ့များဆိုင်မလားရှင်။ ပြီးတော့ သမီးဖေဖေက ဆီးချိုလည်း ရှိတယ်။ အသက်က ၄၆ ရှိပါပြီ။ ဟိုး လွန်ခဲ့တဲ့ တစ်လလောက်က အသဲမှာ ကျောက်တည် ဖူးတယ်။ အဲဒါ ဘာဖြစ်နိုင်မလဲ ပြောပေးပါနော်။
ရင်ခေါင်းဆိုတာ နေရာသေခြာသိချင်တယ်။ Chest ရင်ပတ်လား၊ ဗိုက်အလည်အဖက်နာက ရင်ခေါင်းလား။ နာပုံ-နာနည်းကကော အတင်းနာတာလား။ အောင့်တာလား၊ ပူလောင်တာလား၊ ဘယ်နှစ်ခါနာသလဲ။ လေတက်သလား။ မခံနိုင်အောင်၊ ချွေးပြန်အောင် အောင့်နာသလား။ ၄၆ နှစ်ဆိုတာ မကြီးလှသေးပါ။ လူက ဝသလား-ပိန်သလား။ ဘယ်ဆေးသောက်လိုက်တာ သက်သာသွားသလဲ။ အဲဒါတွေသိပြီး ရောဂါနာမည်မှန်းပြီးမှ အလုပ်အကိုင်နဲ့ ဆိုင်-မဆိုင်ပြောနိုင်ပါမယ်။ အသဲမှာ ကျောက်တည်တယ်ဆိုတာ နဲနဲမရေမရာဖြစ်နေတယ်။ သည်းခြေအိတ်မှာသာ ကျောက်တည်တယ်။ ကျေက်ကပ်မှာလဲ ကျောက်တည်တယ်။