ကျန်းမာရေးနဲ့ဆေးပညာ မေးလိုတာရှိပါက

ဒီဘလော့ခ်ထဲကစာတွေကို တခြားနေရာမှာ ကျွန်တော့်ခွင့်ပြုချက်မပါဘဲ ကူးယူပြီး မတင်ဘို့ စည်းကမ်း သတ်မှတ်ထားပါတယ်။

ကျန်းမာရေး နဲ့ ဆေးပညာ မေးလိုတာရှိပါက
• ဖြစ်တဲ့သူရဲ့ အသက်၊ ကျား-မ ပြောပါ။ ရောဂါလက္ခဏာ ၁-၂-၃။ တခုတိုင်းက ဘယ်လောက် ကြာပြီ။
• လိုအပ်ရင် ကျန်းမာရေးရာဇဝင်၊ ဓါတ်မှန်၊ (အာလ်ထွာဆောင်း)၊ ဆေးစစ်ချက်၊ လိုအပ်ရင် အိမ်ထောင်၊ ကလေး၊ ရှိ-မရှိ။ နေတဲ့တိုင်းပြည်၊ မြို့ထည့်ရေးပါ။ လူနာမည်၊ နေရပ်လိပ်စာအတိအကျ ကိစ္စမရှိပါ။
• ဆေးနာမည်ရေးရင် Trade name ကုမ္ပဏီကပေးတဲ့နာမည်သာမက Generic name ဆေးနာမည် ထည့်ရေးပါ။
• ဆေးစာ၊ ဆေးစစ်ချက်၊ ဝေဒနာတွေကို စကန်လုပ်ပြီးဖြစ်ဖြစ်၊ ဓါတ်ပုံရိုက်လို့ဖြစ်ဖြစ် ပို့နိုင်ပါတယ်။ ဓါတ်ပုံကို ခွင့်မယူဘဲ အသုံးမချပါ။
• အိမ်ထောင်ရေးနဲ့ လိင်ပိုင်းဆိုင်ရာမေးခွန်းတွေကို Facebook ကနေ မမေးပါနဲ့ မဖြေပါ။ တိုက်ရိုက်သာမေးပါ။
• အီးမေးလ် အခက်အခဲရှိလို့ Facebook message မှာဖြစ်ဖြစ် Chat box မှာဖြစ်ဖြစ်ရေးရင်လဲ အားသလား၊ မေးလို့ရလား ရေးမနေဘဲ၊ တခါတည်း မေးခွန်းသာရေးလိုက်ပါ။
• Facebook Comment ကနေမေးတာ-ဖြေတာ အဆင်မပြေပါ။
စာရှည်ရေးမရပါ။ သူများတွေကို အနှောင့်အယှက်ဖြစ်နိုင်ပါတယ်။
• နာမ်စားသုံးတာမှာ ကိုယ်ကိုယ်ကို ‘သား’၊ ‘သမီး’ လို့ သုံးရင် မေးတဲ့သူရဲ့ သားသမီးလား ထင်မှတ်မှားနိုင်တာသတိပြုပါ။
• SMS အရေးအသားမျိုးကို မဖတ်ပါ။ မြန်မာစကားကို အင်္ဂလိပ်စာလုံးနဲ့ရေးတာကို မဖတ်ပါ။
• ဘလော့ခ် နဲ့ ဖေ့စ်ဘွတ်မှာ အမေး-အဖြေတွေကိုသုံးတဲ့အခါ မေးတဲ့သူရဲ့ ကိုယ်ရေး အချက်အလက်တွေ မပါစေရပါ။
• ဖုန်းဆက်ပြီးမေးရင် Time zone မတူတာရော၊ အသံထွက် လွဲနိုင်တာရောကြောင့် အဆင်မပြေပါ။ ကျွန်တော့်မှာ Viber မရှိပါ။ ဖေ့စ်ဘွတ် ဖုန်း-ဗီဒီယို အဆင်မပြေပါ။ Skype ကိုတော့ နိုင်ငံရေးနဲ့ မိသားစုအတွက်သာသုံးပါတယ်။
drswe01@gmail.com ကို (အီးမေးလ်) ပို့ပါ။

(ဘလော့ခ်) တွေထဲ ဝင်ဖတ်ဘို့ အကြံပြုပါတယ်။
- http://dts-medicaleducation.blogspot.in/ ဆေးပညာစာများ
- http://yamuna-online-clinic.blogspot.in ယမုန်နာ ဆေးခန်း
- http://my-sayawun-life.blogspot.in/ ဆရာဝန်ဘဝ အမှတ်ရတာတွေ
- http://dts-political-page.blogspot.in/ နိုင်ငံရေး စာမျက်နှာ
- http://www.facebook.com/pages/Dr-Tint-Swe/490031307758025?skip_nax_wizard=true ဖေ့စ်ဘွတ်
- https://tintswe.wordpress.com/ Dr. Tint Swe ဒေါက်တာတင့်ဆွေ ဆေးပညာစာများ

Thursday, February 9, 2012

Q and A February 2012 (1)

၁။ အမျိုးသားတွေမှာ Candida Infection (STI) ဖြစ်ရင်ကော ဆရာ။
၂။ အသဲတွင် အစက်အပျောက်လေးများ ဖြစ်နေသည်ဟု ဆေးစစ်ချက် အဖြေအရ သိရှိရပါသည်။
၃။ ဆီးမထိန်းနိုင်သလိုစိတ်ထဲမှာ ခံစားနေရပါတယ်။
၎။ တံတွေးထွေးရင် သွေး နည်းနည်းပါတယ်။
၅။ ခြေခလယ်ထိပ်လေးမှာ ရေကြည်ဖုလေးတွေ ဖြစ်နေပါတယ်။
၆။ ဝမ်းသွားရင်သွေးပါနေတာ ၂ နှစ်လောက်ရှိနေပါပြီ။

Wed, Feb 8, 2012 at 4:16 PM
အမျိုးသားတွေမှာ Candida Infection (STI) ဖြစ်ရင်ကော ဆရာ။ Fluconazole တိုက်ဖို့လိုပါသလား။ Clotrimazole လိမ်းဆေးနဲ့တင် လုံလောက်ပါသလား ခင်ဗျား။ တခြား Antibiotics တွေကော ကာဗာအနေနဲ့ ပေးဖို့လိုပါသလား။
Candidiasis (Yeast infections) လိင်ကတဆင့်ကူးစက်လာတဲ့ မှိုကြောင့် (ကင်ဒီဒိုင်ယေးဆစ်) ရောဂါ ဖြစ်ရင် ယောက်ျား-မိန်းမ ဆေးသုံးရတာ မကွာလှပါ။
• Clotrimazole, Nystatin, Fluconazole, Ketoconazole လိမ်းဆေးတွေသုံးနိုင်တယ်။ ဖြစ်တဲ့နေရာကို တနေ့ ၂ ကြိမ်။
• Fluconazole 150-mg tablet ဆေးတပြားကို တခါထဲသောက်ပါ။ ၉ဝ% ပျောက်မယ်။
• ဒါနဲ့မရရင် Amphotericin B, Caspofungin, Voriconazole တခုခု သောက်ရမယ်။
• Thrush မှက်ခရုကို Chlorhexidine gluconate ဒါမှမဟုတ် Chlorine dioxide နဲ့ ပါးစပ်ကို ဆေးနိုင်တယ်။ Nystatin လိမ်းနိုင်တယ်။ Fluconazole (Diflucan) ဆေးလဲ သောက်နိုင်တယ်။
• အမျိုးသမီးတွေအတွက် မွေးလမ်းကြောင်းထဲထည့်ဘို့ အလွယ်ဝယ်ရတဲ့လိမ်းဆေးတွေ -
o Miconazole (Monistat-Derm, Monistat Vaginal)
o Tioconazole (Vagistat Vaginal)
o Butoconazole (Femstat)
o Clotrimazole (Femizole-7, Gyne-Lotrimin)
• Skin and diaper rash အရေပြားနဲ့ ကလေးတွေ (ဒိုင်ယာပါ) အတွင်းခံကနေဖြစ်တာအတွက် Clotrimazole creams and lotions လိမ်းပါ။ ဖြစ်တဲ့နေရာကို ခြောက်သွေ့အောင်ထားပါ။
• HIV ရှိနေသူတွေမှာလာဖြစ်ရင် ထိုးဆေးသုံးရတယ်။

Thu, Feb 9, 2012 at 10:47 AM
ကျွန်မ၏ အစ်ကို တစ်ယောက်သည် အသဲတွင် အစက်အပျောက်လေးများ ဖြစ်နေသည်ဟု ဆေးစစ်ချက် အဖြေအရ သိရှိရပါသည်။ ထိုသို့ဖြစ်လျှင် စိုးရိမ်ရပါသလား။ သူလက်ရှိနေသည်မှာ (့) တွင်ဖြစ်ပါသည်။ သူ့ရောဂါ သက်သာစေဖို့ ဘယ်လိုအစားအစာတွေကို ရှောင်သင့်ပါသလဲ။ စားသင့်သော အစားအစာများကိုလဲ ပြောပြပေးစေချင်ပါတယ်ရှင့်။ သူက အရက်၊ ဆေးလိပ် လုံးဝ မသောက်ပါ။ အစားအသောက်လဲ ဆင်ခြင်ပါတယ်။ ထိုအစ်ကိုမှာ အသက်က (၄ဝ) ကျော်ရှိပါပြီ။
အစက်အပျောက်ဆိုတာကို အင်္ဂလိပ်လို ဘယ်လိုရေးသလဲ။ အမျိုးမျိုးဖြစ်နိုင်လို သေခြာမှ ပြောရတာ ကောင်းတယ်။ ဘယ်လိုစစ်လို့သိရတာလဲ Ultrasound လား။

2012/2/9
ဒီနေ့တော့ ရာသီပေါ်သွားပါပြီဆရာ။ ဒါပင်မဲ့ ဆီးမထိန်းနိုင်သလိုစိတ်ထဲမှာ ခံစားနေရပါတယ်။ အမြဲစိုတိုတို ဖြစ်နေပါတယ်။ အဲ့ဒါဘာ့ကြောင့်ပါလဲဆရာ။ စိတ်ထဲမှာ မလုံသလိုခံစားနေရပါတယ်။ အရင်လိုလဲ ဆီးကို ထိန်းထားလို့ မရဘူးလို့ ထင်မိလို့ပါဆရာ။
Urine Dribbling ဆီး တစက်တစက် ထွက်နေခြင်း

Thu, Feb 9, 2012 at 9:09 AM
ဆရာရှင့် ကျွန်မအသက်က (၃၁)နှစ်ပါ။ (့) ပြည်နယ်မှာ နေပါတယ်။ ကျွန်မမှာ ဘီပိုးရှိပါတယ်။ အသက် (၂၇) နှစ်လောက်မှာသိတာပါ။ ကျန်းမာရေး ဆိုးဆိုးဝါးဝါးတော့ တခါမှမဖြစ်ဘူးပါဘူး။ ယခု လေး ငါးရက်မှာ ကျွန်မ ပါးစပ်နှင့် သွားတွေချဉ်တယ်လို့ ခံစားနေရပါတယ်။ ပြီးတော့ ချောင်းမဆိုးဘဲ မနက်အစော တံတွေးထွေးရင် သွေး နည်းနည်းပါတယ်။ ဆရာဝန်နှင့်မပြရသေးပါဘူး။ ကျွန်မခံစားနေရတာ ဘာရောဂါများလဲဆရာ။ ဘာဆေးတွေ သောက်ပြီး ဘာတွေရှောင်ရမလဲဆိုတာကို ကျေးဇူးပြုပီးဖြေပေးပါဆရာ။
ဖြစ်နိုင်တာက ပါးစပ်မှာချဉ်တယ်ဆိုတုံးကတည်းက သွေးနဲနဲထွက်နေပြီ။ သွားဖုံးကနေဖြစ်ဘို့များတယ်။ ချောင်းဆိုး-သွေးပါ မဟုတ်လောက်ပါ။ ချောင်းဆိုးသွေးပါက သွေးနဲနဲချင်း အနီရောင်၊ ထွေးထုတ်ရင် အမြှုပ်ထဲမှာ သွေးရောပါလာတယ်။ ပါးစပ်ထဲကနေသာ သွေးထွက်လာတယ်ဆိုရင် သွေးအရောင်နီမယ်။ အမြှုပ်နဲ့ မဟုတ်ဘူး သွေးအရည်လိုနေမယ်။ ဘီ ပိုးရှိထားသူဟာ အသဲအလုပ်ကို ကြည့်နေရတယ်။ အသဲရဲ့ အလုပ်တွေထဲမှာ သွေးနဲ့ဆိုင်တာပါတယ်။ သွေးယိုစေနိုင်တယ်။
Liver function test နဲ့ သွေးစစ်မှ သေခြာမယ်။

လောလောဆည် ဗီတာမင် (စီ) ၅ဝဝ အား တနေ့ ၂ လုံးသောက်ပါ။ အသဲအားပေးမဲ့ဆေး ဥပမာ Liv-52 ဆေး သောက်ပါ။ ချဉ်တဲ့ အသီး-အရွက်တွေစားပါ။ ဥပမာ သံပုရာသီး၊ ရှောက်သီး၊ ခရမ်းချဉ်သီး၊ ဆီးဖြူသီး။

Sun, Feb 12, 2012 at 4:00 PM
ဆရာရှင့် လွန်ခဲ့သော ၁ဝလခန့် ကကျွန်ရဲ့ ခြေခလယ်လေးဟာ ခလုတ်တိုက်မိပါတယ်။ နာရုံပဲနာတာကြောင့် ကျွန်မလဲ ဘာမှမလိမ်းပဲ မေ့ပျောက်နေခဲ့ပါတယ်။ သတိရလို့ ကြည့်မိတဲ့အချိန်မှာ ခြေခလယ်ထိပ်လေးမှာ ရေကြည်ဖုလေးတွေ ဖြစ်နေပါတယ်။ ကျွန်မဖောက်လိုက်ပြီး ဆေးတွေလိမ်းပေမယ့် မပျောက်ပဲ ခြေသည်းလေးက အသားနဲ့ ကွာလာပါတယ်။ ကျွန်မလဲ ခြေသည်းကုန်သွားရင်အသစ်ပြန်ပေါက်ပြီး ပျောက်သွားမယ်ထင်ကာ အကုန်ညှပ်လိုက်ပါတယ်။ အခုခြေသည်းလေးကပြန်တော့ ပေါက်ပါတယ်။ အသားနဲ့ ကွာနေတုန်းပါပဲ။ ရေကြည်ဖုလေးတွေလဲ ပျောက်မသွားပါဘူး။ အဲဒါ ခြေသည်းပိုးစားတာလားဆိုတာ သိချင်ပါတယ်။ ပျောက်နိုင်မယ့် ဆေးလေးလဲ ညွှန်ပြပေးစေချင်ပါတယ်။ ကျွန်မခြေသည်းလေး အရင်လိုပြန်လှနိုင်ပါ့မလား ဆိုတာလဲ သိချင်ပါတယ်။ အသက်က ၂၅နှစ်ပါ။ ပုံကဖုန်းနဲ့ ရိုက်လိုက်တာပါ။ ပုံမသဲကွဲရင်သီးခံပါဆရာ။

ထိခိုက်ဒဏ်ရာကနေ အထဲမှာ သွေးနဲနဲယိုခဲ့တယ်။ အနာကျက်ဖြစ်စဉ်အရ အထွင်းထဲမှာ အသားနုတက်တယ်။ ထိခိုက်တုံးက ဒဏ်တချို့က ရင်းစားပြန်မရ ဖြစ်နေတယ်။ ဒါကြောင့် ကပ်နေရမဲ့ ခြေသည်းနဲ့ အောက်က အရေပြားကြားမှာ အသားနုတက်တဲ့ဖြစ်စဉ်က ကြားခံသွားတယ်။ တော်တော်နဲ့ မပျောက်ရာကနေ တခါတလေ ပိုးဝင်တာမျိုး ရင်းလာတာမျိုးဆက် ဖြစ်နေခဲ့တယ်။ ဖြစ်တဲ့နေရာကို ယုယပါ။ သန့်နေစေပါ။ ပိုးသေဆေးတခုခု လိမ်းထားပေးပါ။ အမြဲတော့ ပတ်တီးစည်းထားစရာ မလိုပါ။ လမ်းတွေပေါ်က ရေထဲ ဗွက်ထဲ မဆင်းပါနဲ့။ ရင်းတယ်ဆိုရင် ပိုးသေဆေး တခုခုသောက်ပါ။ ရောင်တာ-နာတာဖြစ်ရင် အနာသက်သာဆေး တခုခု သောက်ပေးပါ။ ဗီတာမင် စီ ၅ဝဝ အားသောက်ပေးပါ။ ဆီးချို မရှိတာသေခြာပါစေ။

Tue, Feb 14, 2012 at 6:22 PM
ကျွန်တော် အသက် ၃၃ ပါ။ (၁) ဝမ်းသွားရင်သွေးပါနေတာ ၂ နှစ်လောက်ရှိနေပါပြီ။ ဝမ်းလဲ အမြဲလိုလို ချုပ်နေပါတယ်။ ဝမ်းပျော့ဆေး အမြဲ စားပေးနိုင်ပါမှသွားပါသည်။ သွေးကျချိန်တွင် ပူစပ်နာကျင်မှု ဘာမှ မခံစားရပါ။ သွေးညစ်သွေးပုတ် မဟုတ်ပါ။ လတ်ဆပ်သောသွေးသာလျှင်ကျပါသည်။ ဝမ်းသွားစဉ် အားနှင့် မညှစ်ဘဲနှင့်လဲသွေးပါတတ်ပါသည်။ (၂) အစာစားပြီးတိုင်း အစာမချက်ပါ ၇င်ခေါင်းတွင်းတင်းကျပ်နေပြီးတော့ ပါစပ်မှ လေအမြဲထုတ်နေရပါသည်။ (၃) လွန်ခဲ့သောလ လောက်မှစပြီး ဘယ်ရင်အုံမှအောင့်အောင့်နေပါသည်။ အထူးသဖြင့် အစာစားချိန်ဖြစ်ပါသည်။ ညဘက် အိပ်မပျော်ပါ။ ဆေးခန်းပြသရန် ခက်ခဲသော နိုင်ငံတွင် ရောက်နေသောကြောင့် ဆောင်ရန် ရှောင်ရန် နှင့် စားရန်ဆေးတို့အား ကျေးဇူးပြုပြီး ညွန်ကြားပေစေလိုပါသည်။

ပို့တဲ့စာတွေ ဖတ်ရင် ကိုယ်နဲ့ဆိုင်တာတွေ့ပါမယ်။ ကုသနည်းတွေလဲ လိုက်နာနိုင်ပါတယ်။
• Piles လိပ်ခေါင်းရောဂါ အမေး-အဖြေများ http://dts-medicaleducation.blogspot.com/2010/07/q-and-on-piles.html
• Piles (Hemorrhoids) Treatment လိပ်ခေါင်းကုနည်းများ http://dts-medicaleducation.blogspot.com/2012/01/hemorrhoids-treatment.html
• Peptic Ulcer Diagnosis လေနာရောဂါကို ဆေးစစ်ခြင်း http://dts-medicaleducation.blogspot.com/2010/09/peptic-ulcer-diagnosis.html
• Peptic ulcer လေနာ ဆိုတာ ဘုရင်မှာလည်း ဖြစ်သည် http://dts-medicaleducation.blogspot.com/2010/05/peptic-ulcer.html

Fri, Feb 17, 2012 at 7:03 AM
ဆရာရှင့် ဟောက်ခြင်းသည် နှလုံးနဲ့ဆိုင်ပါသလား။ မိတ်ဆွေတယောက်က ပြောပါတယ် သူအရမ်းဟောက်တဲ့အတွက် ဆရာဝန်သွားပြပါတယ်တဲ့ ဆရာဝန်ကပြောလိုက်တယ်တဲ့ နှလုံးသွေးကြောကျဉ်းလို့ ဟောက်တာ၊ ဟောက်ရင်းနဲ့ သေသွားနိုင်တယ်လို့ ပြောပါတယ်။ အဲဒါ မမှန်ဘူးလို့ ထင်လို့ပါ။ ဟုတ်နိုင်ပါသလားဆရာ။
• Snoring အိပ်ဟောက်ခြင်း