Tuesday, March 27, 2012

Q and A March 2012 (2)

1. ဖြစ်ပြီဆိုရင် သွေးကတော်တော်နှင့် မတိတ်ပါ။
2. ကြောက်လို့ ဖျက်ချထားတယ်ဆိုတာ မပြောဘူး။
3. ကျွန်မမှာများ ဆီးလမ်းပိုးဝင်ခြင်းဖြစ်နေတာလားလို့
4. ရာသီသွေးပေါ်တဲ့ရက်က တဖြည်းဖြည်း နောက်ဆုတ်လာနေတာကို စိုးရိမ်ဖို့လိုလား
5. ဆေးရပ်လိုက်တော့ ပြန်ယားပါတယ်။
6. အသားမာလိုလို ခပ်မဲမဲဖြစ်နေပါတယ်။

Sun, Mar 18, 2012 at 8:35 PM
၂ဝဝ၇ ခုနှစ်လောက်ကစပြီး ကပ်ပယ်အိတ်မှာ အပ်နှင့်ထိုးထားသလို အပေါက်ကလေးကနေ သွေးထောင်ပန်းတတ်တာပါ၊ ရေပိုက်ပျော့တွေမှာ အပေါက်သေးသေးလေးရှိရင် ရေပန်းနေသလိုမျိုးပါ။ ဖြစ်ပြီဆိုရင် သွေးကတော်တော်နှင့် မတိတ်ပါ။ မသိလိုက်တဲ့အခါမျိုး၊ အိပ်ပျော်နေတဲ့အခါမျိုးဆိုရင် ပုဆိုးတစ်ထည်လုံးသွေးကွက်တွေအများကြီးပါ။ သိတဲ့အခါမျိုး ဆိုရင်တော့ လက်နဲ့ပိတ်ထားလိုက်ပါတယ်။ တစ်နှစ်ကို (၁)ခါ၊ (၂)ခါလောက်ဖြစ်နေပါတယ်။ အခုလောလောဆယ် ဖြစ်နေတာက ဦးခေါင်းပိုင်းပါ။ ခေါင်းက ဘာဖြစ်နေမှန်းမသိပါဘူး။ (၁)ပတ်လောက်ရှိပါပြီ၊ ခေါင်းကိုက်တာလည်း မဟုတ်၊ ခေါင်းမူးတာလည်းမဟုတ်၊ ခေါင်းထဲမှာလေးတေးတေးကြီးနဲ့ မကြည်မလင်ဖြစ်နေပါတယ်။ ကျွန်တော်က စာရင်းကိုင် ဆိုတော့ စာရင်းစစ်လိုက်၊ ကွန်ပျူတာ ကိုင်လိုက်နဲ့ လုပ်ရပါတယ်။ အခုဆိုရင် စာရင်းစစ်တာ အကြောင်းရေ (၁ဝဝ) လောက်ဆိုရင် ခေါင်းကဖောက်ချင်လာပါပြီ။ ကွန်ပျူတာကိုင်ရင်လည်း ကြာကြာ မကြည့်နိုင်တော့ပါ။ အရင်ကလုပ်ခဲ့တဲ့ ဒဏ်တွေကြောင့်ပါလား။ ဆောင်းပါးရေးရင် ကျွန်တော့်နာမည်ကိုတော့ ပြောင်းပေးပါ။ အသက် ၄၄ နှစ်၊ လူပျို။

၁။ သွေးမတိတ်တဲ့လက္ခဏာဖြစ်နေတယ်။ သေခြာအောင် Bleeding time သွေးယိုချိန် နဲ့ Clotting time သွေးခဲချိန် စစ်သင့်တယ်။ သူများတွေထက် ကြာနေရင် ဆေးကုရမယ်။ သွေးက ထောင်ပန်းသလိုထွက်ရင် သွေးလွှတ်ကြောကနေ ထွက်တာ။ Artery သွေးလွှတ်ကြောဆိုတာ အတွင်းထဲမှာနေလို့ တော်တော်နဲ့ မထိခိုက်စေဘူး။ အခုဖြစ်နေတာက သွေးလွှတ်ကြောသေးသေးက ပုံမှန်မဟုတ်ဘဲ အပေါ်ယံရှိနေတာ ဖြစ်နိုင်တယ်။ သွေးထွက်ရင် လက်နဲ့၊ လက်ကိုင်ပုဝါ သန့်သန့်နဲ့ ဖိထားပါ။ အနည်းဆုံး ၅-၁ဝ မိနစ်အထိ ဖိထားရနိုင်တယ်။ ဆေးမစစ်အားခင် ဗီတာမင် စီ ၅ဝဝ အား နေ့တိုင်းသောက်ပါ။ ချဉ်တဲ့ အသီးတွေစားပါ။
၂။ ခေါင်းဖြစ်တာအတွက် Blood pressure (BP) သသွေးဖိအား တိုင်းဘူးသလား။ များသလား။ ဒါမှမဟုတ် နည်းနေသလား။ သွေးယိုတတ်သူက သွေးအားနည်းနေနိုင်သလို သွေးဖိအား များနေလို့လဲ သွေးယိုနိုင်တယ်။
၃။ နှာစေးတတ်တာ အလာဂျီရတတ်လို့ဖြစ်နိုင်တယ်။ မတည့်တာရှာကြည့်ပြီး ရှောင်ပါ။ အလာဂျီအကြောင်း ရေးထားပါတယ်။ လိင်ဆက်ဆံတာနဲ့ တိုက်ရိုက် မပါတ်သက်နိုင်ပါ။
၎။ ကျွန်တော့်စာတွေမှန်သမျှ လူနာမည် တခုမှ မပါစေရပါ။

Mon, Mar 19, 2012 at 8:02 AM
ကျနော့် အမျိုးသမီးက သားအိမ်ထဲ ဆေးထည့်ပြီး ကိုယ်ဝန်ဖျက်ချခဲ့ပါတယ်။ အခု သွေးဆင်းတာလည်း ပြီးသလောက် ဖြစ်သွားပါပြီ။ မနေ့က ကျနော်တို့ ကိုယ်ဝန်တားဆေး ထိုးဖို့ ဆေးခန်းကိုအသွား ဆီးစစ်တော့ ၁ လိုင်း အပြင် နောက် တလိုင်းက ရေးရေးလေး ပေါ်နေတယ်။ ဆရာဝန်က ထိုးမပေးဘူး။ ကျနော်တို့လည်း ကြောက်လို့ ဖျက်ချထားတယ်ဆိုတာ မပြောဘူး။ အကုန်လုံး အလုံးစုံကျတယ် ဆိုတာတော့ သေချာပါတယ် ဆရာ။ ဒါပေမယ့် အနည်းငယ် သွေးဆင်းနေတဲ့ အချိန်မှာ ဆေးထိုးလို့ မရဘူးလား။ အဲဒီလို အချိန်မှာ ဆီးစစ်ရင် ကိုယ်ဝန်ရှိနိုင်တယ် ဆိုတဲ့သဘော ရှိပါသလား။ ဒီက ဆရာဝန် ပြောတာကတော့ နောက် ၁၅ ရက်လောက် စောင့်ကြည့်ပြီး ပြန်လာလို့ပြောပါတယ်။ ပြီးတော့ ဆေးတွေလည်း ပေးလိုက်ပါတယ်။ အဲဒီ ဆေးတွေ အခုသောက်ရင် ရပါသလား။ ဘာကြောင့် ပေးပါသလဲ။ ကိုယ်ဝန်ပျက်ကျပြီး Folic Acid, Remedica, Enervit, Vit C, Neuromin ဒီဆေးတွေကို အခု သောက်စရာ လိုပါသလား။

ကိုယ်ဝန်ရှိပြီးချိန်ကစပြီး သွေးထဲ-ဆီးထဲမှာ hCG ဟော်မုန်းရှိနေတယ်။ စစ်လို့တွေ့တာကို ကိုယ်ဝန်ရှိတယ်လို့ ခေါ်တယ်။ ကိုယ်ဝန်က ဆက်ရှိတာရော ပျက်သွားတာရော၊ ဖျက်ချတာရော ဘာလုပ်လုပ် ဆီးစစ်ရင် အပေါင်းဆက်ပြနေအုံးမယ်။ ကြာမှ အနုတ်ပြတယ်။ တားဆေးထိုးလို့ရပါတယ်။ ဆရာဝန်ကို မပြောရဲတာ နားလည်ပါတယ်။ ပျက်သွားတယ်လို့ ပြောလဲ ဖြစ်နိုင်မယ်ထင်ပါတယ်။ ဘဝမှာ တခါတလေ မုသားသုံးရတဲ့ အခြေအနေကို ရှောင်ဘို့ခက်ခဲတတ်တယ်။ အမျိုးသမီးတိုင်း သံဓါတ်ဆေးကို ကိုယ်ဝန်ရှိရှိ မရှိရှိ သောက်သင့်တယ်။ ဖေါလစ်အက်စစ်ကတော့ ကိုယ်ဝန်ရှိရင် လိုတယ်။ အထဲက ကလေးအတွက် ဖြစ်တယ်။ ဗီတာမင် ဘီ အုပ်စုက ယောက်ျား-မိန်းမ သောက်ရင် သောက်နိုင်တယ်။ ကိုယ်ဝန် ဆိုရင်တော့ သေခြာပေါက် သောက်သင့်တယ်။ ဆေးတွေထဲမှာ ဘာပါသလဲ ဖတ်ပါ။ ထပ်နေတာလဲရှိတတ်တယ်။

Mon, Mar 19, 2012 at 10:45 PM
ကျွန်မ ဆရာ့ ဆေးစာတွေထဲမှာ ဆီးလမ်းပိုးဝင်ခြင်းအကြောင်းကို ဖတ်ရပါတယ်။ ကုန်ခဲ့တဲ့ ၈ ရက်လောက်ကတည်းက ဆီးသွားတိုင်း vagina က နာနေပါတယ်။ ဆီးသွားပြီးပြီးခြင်း ခဏနာပါတယ်။ အကြာကြီးတော့ မဟုတ်ပါဘူး။ မနေ့က အလုပ်လုပ်နေချိန်မှာ ဆီးစပ်ရဲ့ ညာဘက်ခြမ်းနားက အပ်နဲ့ထိုးထိုးနေသလိုမျိုး နာတာကို ၃ နာရီလောက် ခံစားခဲ့ရပါတယ်။ ကျွန်မက waitress ဆိုတော့ အမြဲလမ်းလျှောက်နေရပါတယ်။ နောက်ပိုင်း သက်သာသွားတာနဲ့ ဆေးခန်း မသွားဖြစ်တော့ပါဘူး။ ကုန်ခဲ့တဲ့ ၃ ရက်လောက်က ဆီးသွားတော့ ဆီးထဲမှာ သွေးနဲနဲလေးပါတယ်လို့ ထင်ပါတယ်။ တော်တော် ပမာဏနည်းလို့ မသေချာပါဘူး။ ခုတော့ ဆီးသွားတိုင်း သူဘာသာသူ အနာလည်းနည်းနည်းတော့ သက်သာသွားပါပြီ။ ဆီးစပ်ညာဘက်ခြမ်းက နာတာလည်းမခံစားရတော့ပါဘူး။ ဒါပေမယ့် ဆရာရေးထားတာဖတ်ရတော့မှ ကျွန်မမှာများ ဆီးလမ်းပိုးဝင်ခြင်းဖြစ်နေတာလားလို့ သံသယဖြစ်မိလို့ မေးပို့ရတာပါ။

မိန်းကလေးတွေမှာ ဆီးအောင့်တာ၊ ဆီးလမ်းပိုးဝင်တာ အဖြစ်များတယ်။ တခါဖြစ်ဘူးရင်လဲ ထပ်ဖြစ်နိုင်သေးတယ်။ ဆေးကုလို့လဲ မခက်လှပါ။ ဆီးသွားတိုင်းနာမယ်။ ဆီးပူမယ်။ ခဏခဏသွားချင်မယ်။ သွားချင်လာရင် မြန်မန်ြပြေးရတယ်။ ဆီးထဲ သွေးပါနိုင်တယ်။ တခါတလေ ကိုယ်ပူနိုင်တယ်။ ဒီလက္ခဏာတွေ အားလုံးကိုဖြစ်ဖြစ် တချို့ကိုဖြစ်ဖြစ် ခံစားရနိုင်တယ်။ သေခြာအောင် ဆီးကို စစ်ရတယ်။ ပိုး၊ သွေး၊ ပြည် တွေ့နိုင်တယ်။

အများဆုံး သုံးတဲ့ ဆေး ၂ မျိုးကတော့ -
(၁) Norfloxacin = Noroxin® 400 mg တနေ့ ၂ ကြိမ်၊ ၅-၇-၁ဝ ရက်။
(၂) Septrin (Co-trimoxazole) = (400 mg Sulfamethoxazole and 80 mg Trimethoprim) တခါသောက် ၂ ပြား၊ တနေ့ ၂ ကြိမ်၊ ၅-၇-၁ဝ ရက်။ ဆေးတမျိုးထဲနဲ့ရနိုင်တယ်။ ရေများများသောက်ပါ။ ဆီးမပူအောင်လုပ်ပါ။ စာထဲမှာ ရေးထားပါတယ်။

Tue, Mar 20, 2012 at 9:21 AM
ကျမရဲ့ ရာသီသွေးပေါ်တဲ့ရက်က တဖြည်းဖြည်း နောက်ဆုတ်လာနေတာကို စိုးရိမ်ဖို့လိုလား သိချင်ပါတယ်ဆရာ။ အရင်က လရဲ့အစောပိုင်းရက်တွေမှာလာပြီး ခုနောက်ပိုင်းမှာ လလယ် ၁၇ ရက်လောက်မှ လာနေပါတယ်။ ပုံမှန်တော့ ဆင်းနေတာပါ။ ရက်နောက်ကျလာတာပဲ ရှိပါတယ်။

မစိုးရိမ်ပါနဲ့။ ရောဂါမဟုတ်ပါ။ ဆေးလဲမလိုပါ။ ပုံမှန် အားဆေး နဲ့ ပုံမှန်အစားအစာသာ လိုပါတယ်။ မိန်းကလေး၊ အမျိုးသမီး အတော်များများ အဲလိုဖြစ်တတ်ပါတယ်။

Tue, Mar 20, 2012 at 10:37 PM
Metronidazole သောက်ပါတယ်။ သောက်တဲ့ရက်မှာ တရက် တစ်ကြိမ်လောက်ပဲယားပြီး ဆေး ၅ ရက်လောက်သောက်ပြီး ဆေးရပ်လိုက်တော့ ပြန်ယားပါတယ်။ တစ်နေ့ ၂ ကြိမ် ၃ ကြိမ်၊ တချို့ရက်တွေဆိုရင် ၁ဝ ကြိမ်လောက် ယားယား လာပါတယ်။ ဘာဆေးများ ဆက်သောက်ရမလဲဆိုတာ ညွန်းပေးပါဦးဆရာရှင့်။

မွေးလမ်းထဲထည့်ဆေး တခုခုသုံးပါ။ များသောအားဖြင့် တည တခါ၊ ၆ ရက်ကြာထည့်ရတယ်။ ဆေးနာမည် အမျိုးမျိုးနဲ့ လာတယ်။ ခပ်ဆင်ဆင်တွေဖြစ်တယ်။
 Nystatin Vaginal tablet
 Mycostatin Vaginal tablet
 Mycostatin Vaginal Cream
 Nadostine Vaginal tablet
 Nilstat Vaginal Cream
 Nilstat Vaginal Tablet
 Nyaderm Vaginal Cream
 Clotrimazole (Canesten)
 Econazole (Ecostatin)
 Miconazole (Gyno-Daktarin)

Wed, Mar 21, 2012 at 12:51 PM
ကျွန်တော့် ခြေခုံ နှစ်ဘက်စလုံး ခြေမျက်စိရဲ့ ညာဘက်နားမှာ အသားမာလိုလို ခပ်မဲမဲဖြစ်နေပါတယ်။ အခု ကျွန်တော်က ၂၂ နှစ်ပါ။ ဖြစ်တာကတော့ ၂ နှစ်လောက်ရှိပြီ ထင်တာပဲ။ အသားမာလိုလိုဆိုပေမယ့် အရမ်းအမာကြီးတော့ မဟုတ်ပါဘူး။ အသက်ကြီးလာရင်တော့ အသားမာဖြစ်သွားမယ်နဲ့တူတယ်။ မြင်သာအောင်လို့ ပုံပါပို့လိုက်ပါတယ်။ ကျွန်တော့် အဖေရဲ့ ခြေထောက်မှာလဲ အသားမာရှိပါတယ်။ ကျွန်တော်လဲမျိုးရိုးလိုက်တာလားမသိဘူး။ ခြေထောက်မှာ အဲလိုမဲနေတော့ ကိုယ့်ကိုကိုယ် ယုံကြည်မှုနည်းပြီး စိတ်ညစ်တာပေါ့ဆရာရယ်။

အခေါ်ကတော့ မြန်မာလို အတိအကျမရှိပါ။ တယောက်တမျိုးခေါ်တယ်။ အသားမာတော့ မခေါ်တာ များတယ်။ အသားမာက အရေထူ (လက်ဖဝပါး၊ ခြေဖဝါး) မှာသာ ဖြစ်တယ်။ အခုနေရာက အရေပြားရိုရိုးဖြစ်တယ်။ ခေါ်တာ အရေးမကြီးပါ။ ဆိုးတဲ့အနာ မဟုတ်ပါ။ ကူးတာလဲ မရှိပါ။ ဆေးနဲ့ မရပါ။ ခွဲစိတ်ထုတ်ပြစ်ရမယ်။ မခက်ပါ။ ထုံဆေးနဲ့သာ ရတယ်။ ချုပ်ရိုးလဲ နဲနဲသာပါမယ်။ ခြေထောက်ဆိုတော့ အလှအပတွက် သိပ်မှုစရာမလိုပါ။ မခွဲဘဲနေလဲ နဲနဲ ပိုကြီးတာက လွဲရင် ဘာမှမဖြစ်ပါ။ တခါတလေ ပိုးဝင်ရင်တော့ ရင်းနိုင်တယ်။ သွေးထွက်နိုင်တယ်။

Dry Skin Care အရေပြား ခြောက်နေရင်

ဘယ်လို သန့်ရှင်းမလဲ

အိပ်ရာ မဝင်ခင် မျက်နှာသစ်ပါ။ တနေကုန် သုံးခဲ့-ရှိခဲ့တဲ့ Makeup မိတ်ကပ်၊ Sunscreen (ဆန်း-စခရင်မ်)၊ Bacteria (ဗက်တီးရီးယား)၊ Dead cells (ဆဲလ်) အသေတွေ၊ Dirt အညစ်အကြေးတွေနဲ့ Oil အဆီတွေကို သန့်ရှင်းပေးဘို့ လိုတယ်။ ပျင်းရင် မနက်ခင်း မျက်နှာထပ်မသစ်လဲ ရပြီ။

Soap or Non-Soap ဆပ်ပြာ-ဆပ်ပြာမဟုတ်တာ

ဆပ်ပြာ ပြင်းတာသုံးရင် သဘာဝ Natural moisturizing oils အဆီကို ရှင်းထုတ်ရာကျတယ်။
Soap-free cleansers သုံးပါ။
Fragrance ရေမွှေး၊ Chemicals ဓါတုပစ္စည်း နဲ့ Alcohol အရက်ပြန်တွေ မပါတာရှာသုံးပါ။ Retinols ပါရင် တချို့ကို ကလိသလို နေမယ်။
Antibacterial soaps ပိုးသေဆေးပါ-ဆပ်ပြာကိုလဲ မသုံးပါနဲ့။
Scrubbers ပွတ်တိုက်ပစ္စည်းတွေ မသုံးပါနဲ့။
လက်ကို အရင်ဆေးပါ။ စိုနေတဲ့လက်နဲ့ ရေနဲနဲသုံးပြီး မျက်နှာသစ်ပါ။ ရည်ရွယ်တာက အစိုဓါတ်ရချင်တာမို့ မျက်နှာကို ခွဲစိတ်ခန်းမှာ သန့်သလို လုပ်ဘို့ မဟုတ်ပါ။
ဆပ်ပြာခဲကို သေးသေး (၄ ပုံ ၁ ပုံ) ကို လက်ဝါးထဲထည့်ညှစ်ပါ။ လက်ချောင်းလေးတွေသုံးပြီး၊ မျက်နှာမှာ တညီတညာထဲ စက်ဝိုင်းလှည့်သလို နှိပ်ပေးသလိုလုပ်ပါ။
ညင်သာပါစေ။ ကုတ်ဆွဲတာ ပွတ်တိုက်တာ မလုပ်ပါနဲ့။
Rub ပွတ်တိုက်မဲ့အစား Pat ထိကာတို့ကာမျိုး လုပ်ပေးပါ။
Exfoliation ကနေ သေနေတဲ့ (ဆဲလ်) တွေ ဖယ်ပေးမယ်။ ဒါမှ Moisturizers က ထိရောက်တယ်။
ဒါပေမဲ့ တပါတ်မှာ တခါသာလုပ်ပါ။
Fruit scrubs မသီးအနှံနဲ့လုပ်တဲ့ ပွတ်တိုက်စရာ မသုံးပါနဲ့။
Synthetic beads စက်ရုံထုတ် အလုံးလိုဟာ သုံးနိုင်ပါတယ်။
Moisturize ဆိုပေမဲ့ အရေပြားကို စိုထိုင်းစေမှာ မဟုတ်ပါ။ ရှိနေတဲ့ ရေဓါတ်ကို သိုထိန်းပေးမှာ ဖြစ်ပါတယ်။ တနေ့ ၂-၃ ခါ လုပ်နိုင်တယ်။ တိတိကျကျ ၃ ခါ သတ်မှတ်သင့်တယ်။ တခါလုပ် ၃ မိနစ်ကြာပါစေ။ မနက်ထ နဲ့ ညမှာသာ ရေသုံးပါ။
Moisturizer သုံးရင် Creams and oils (ခရင်မ်) နဲ့ အဆီတွေက Lotions (လိုရှင်း) အရည်ထက် သင့်တယ်။
Glycerin နဲ့ Propylene glycol တွေက အောက်က ရေဓါတ်ကို အပေါ်လွှာထိ ဆွဲယူတယ်။
Petrolatum, Lanolin, Mineral oil နဲ့ Dimethicone တွေက ရေဓါတ်ကို ထိန်းချုပ်ပေးထားမယ်။
ရေနွေးနဲဆိုရင် ကြာကြာ မချိုးပါနဲ့။ အရေပြားကို စိုစွပ်နေစေတဲ့ အဆီတွေ မြန်မြန်ခမ်းသွားစေနိုင်တယ်။
အရေပြား ခြောက်မသွားခင်ကတည်းက Moisturize သုံးပါ။ ရေချိုးပြီးရင် Towel နဲ့ ပွတ်တိုက်ပြစ်တာ မလုပ်ဘဲ Pat လုပ်ပါ။ အစိုဓါတ်လဲ ကျန်နေပါစေ။ ရေချိုးပြီးနောက် ၃-၅ မိနစ်အတွင်းမှာ Moisturizer လိမ်းပါ။
Moisturizer ထဲမှာ Ceramides, Dimethicone, Glycerin, Hyaluronic acid, Lanolin, Mineral oil နဲ့ Petroleum jelly တွေပါတယ်။
Sunscreen သုံးရင် SPF 15 ထက်မနည်းတာသုံးပါ။
Cotton and natural fibers (ကော်တွန်)၊ ပင်နီတွေသာ ဝတ်ဆင်ပါ။
အိမ်မှာ Humidifier ဖွင့်ထားပါ။
ရေများများ သောက်ပေးပါ။
Omega-3 foods ပါတဲ့အစားအစာ ရွေးစားပါ။ Salmon, Halibut, Sardines, Flax, Walnuts, Safflower oil တွေမှာ ပါတယ်။
အရေပြား ယားနေရင် ရောင်နေရင် အအေးဝတ်တင်ပေးပါ။ Hydrocortisone cream ရက်မများစေဘဲ လိမ်းပါ။
အရေပြားခြောက်နေရင် Dermatitis အရေပြားရောင်တာဖြစ်စေနိုင်တယ်။
• Seborrheic dermatitis အရေပြား နီနေမယ်၊ ကွာကျမယ်၊ ယားမယ်၊ ဦးရေခွံ၊ မျက်ခုံး၊ နှာခေါင်းဘေးတွေမှာ ဖြစ်တတ်တယ်။
• Allergic contact dermatitis ကိုယ်နဲ့မသင့်တာနဲ့ ထိမိရာကနေဖြစ်တယ်။
• Atopic dermatitis အကြာကြီးဖြစ်နေမယ်။ မိသားစုလိုက်တယ်။ ယားပြီး ခြောက်မယ်။ အရေပြား ပါးနေမယ်။

Dr. တင့်ဆွေ
၂၇-၃-၂ဝ၁၂

Sunday, March 25, 2012

Foods for Healthy Hair ဆံပင် အာဟာရ

Shampoo and Conditioner Alone Won't Give You Healthy Hair ဘယ်လောက် ကောင်းပါတယ်ဆိုတဲ့ ခေါင်းလျှော်ရည်နဲ့ (ကွန်ဒီရှင်နာ) တွေ သုံးပေမဲ့လဲ ဆံပင်အတွက် မပြည့်စုံသေးပါ။

“Lather, rinse, repeat အမြှုတ်ထအောင်လုပ်ပါ၊ လျှော်ပြစ်ပါ၊ ထပ်ပြီးလုပ်ပါ” ဆိုတာ ကောင်းတဲ့ ခေါင်းလျှော်နည်း အကြံပြုချက် ဖြစ်ပေမဲ့ ခေါင်းလျှော်ရည်နဲ့ (ကွန်ဒီရှင်နာ) တွေချည်းနဲ့တော့ ဆံပင် ကျန်းမာရေးအတွက် မပြည့်စုံသေးပါ။ ဆံပင်တွေဟာ တလမှာ ၁/၄ လက္မကနေ ၁/၂ လက္မအထိ ရှည်လာရမယ်။ အသားအရေ၊ ကေသာ နဲ့ ခြေသည်း-လက်သည်းတွေ ကောင်းမွန် ကျန်းမာနေအောင် အာဟာရ ပြည့်ဝပြည့်ဝ စားသုံးတတ်ကြဘို့ လိုသေးတယ်။

1: Salmon (ဆယ်လ်မွန်) ငါး
(အိုမီဂါ-သရီး) ကြွယ်ဝတဲ့ (ဆော်လ်မွန်) ငါးမှာ အရည်အသွေးမီ (ပရိုတင်း) လဲ များတယ်။ ဗီတာမင် ဘီ ၁၂ နဲ့ သံဓါတ်လဲ ပါတယ်။ (အိုမီဂါ-သရီး) က ဆံပင်ကို ကောင်းစေတယ်။ ဒီဓါတ်နည်းနေရင် ဆံပင်မွဲခြောက်ခြောက်နေမယ်။ အသားမစားသူဆိုရင် Ground flaxseed နှမ်းဆီ ၁-၂ ဇွန်းစားရမယ်။

2: Dark Green Vegetables စိမ်းစိုလတ်ဆတ်တဲ့ ဟင်းသီးဟင်းရွက်တွေ
ဆံပင်ကောင်းချင်လို့ မဟုတ်ပေမဲ့ အားရှိချင်တဲ့ Popeye the Sailor သင်္ဘောသား (ပေါ့ပိုင်) က Spinach ဟင်းနုနွယ်ရွက် စားတယ်။ အလားတူ Broccoli and Swiss chard စတဲ့ စိမ်းမှောင်နေအောင် အရောင်ရှိတဲ့ ဟင်းသီးဟင်းရွက်တွေမှာ ဗီတာမင် (အေ) နဲ့ (စီ) တွေ ကြွယ်ဝကြတယ်။ ကိုယ်ခန္ခာကနေ Sebum (စီဘမ်) ထုတ်ပေးဘို့ လိုတာတွေဖြစ်တယ်။ ဒီဓါတ်ဟာ ဆံပင်ပေါက်တဲ့ Hair follicles အိတ်လေးတွေမှာ ပါတဲ့အဆီမျိုး ဖြစ်တယ်။ တနည်းပြောရင် သဘာဝ (ကွန်ဒီရှင်နာ) ဖြစ်တယ်။ သံဓါတ်နဲ့ (ကယ်လ်စီယမ်) တွေလဲ ပါနေတယ်။

3: Beans ပဲသီး
ဆံပင်အတွက် ပဲသီးစားတာကောင်းတယ်။ Legumes ပဲတောင့်ရှည်တွေ ဥပမာ Kidney beans ဗိုလ်စားပဲ၊ Lentils ပဲနီလေး၊ စတဲ့ ပဲအမျိုးမျိုးဟာ ဆံပင်-ကျန်းမာရေး ကို ကောင်းမွန်စေလို့ Hair-care diet ကေသာ-အာဟာရ ခေါ်တယ်။ ဆံပင်ဖြစ်လာစေဘို့ လိုအပ်တဲ့ (ပရိုတင်း) အပြင် သံဓါတ်၊ သွပ်ဓါတ်၊ (ဘိုင်အိုတင်) ဓါတ်တွေလဲ ရစေမယ်။

4: Nuts အစေ့အဆံတွေ
ဦးရေနဲ့ ဆံပင်အတွက် မရှိမဖြစ်တဲ့ ဓါတ်တမျိုးကို Selenium (ဆယ်လ်နီယမ်) ခေါ်တယ်။ သူများတွေဆီမှာတော့ Brazil nuts (ဘရာဇီးလ်-နတ်) ကိုကြော်ညာတယ်။ Walnuts သစ်ကြားသီးထဲမှာ Alpha-linolenic acid ခေါ်တဲ့ Omega-3 fatty acid ပါတယ်။ သွပ်ဓါတ်ပါတာတွေကတော့ Cashews သီဟိုဠ်စေ့၊ Pecans (ပီကင်) စေ့၊ Almonds ဗာဒံစေ့တွေ ဖြစ်တယ်။

5: Poultry အသားတွေ
ဆံပင်အတွက်ကောင်းတာကို ကြက်သား နဲ့ ကြက်ဆင်သားကိုဘဲ သူတို့တိုင်းပြည်မှာ စားကြ၊ ရေးကြတယ်။ လူအများ စားတဲ့အသား သိပ်မခြားပါ။ အမဲသား၊ ဆိတ်သား၊ သိုးသား၊ ဝက်သား။ (ပရိုတင်း) ပါတာတွေ ကျန်းမာရေးအတွက် ကောင်းတာတွေသာ ဖြစ်ပါတယ်။

6: Eggs ဥ
ကြက်ဥ၊ ဘဲဥတွေမှာ ထူးပြီးပါတာက (ပရိုတင်း)၊ ဗီတာမင် (အေ) အပြင် (ဘိုင်အိုတင်) နဲ့ ဗီတာမင် ဘီ-၁၂ လဲ ပါသေးတယ်။

7: Whole Grains အနှံတွေ
Whole grains လို့ ဆေးစာနဲ့ အာဟာရစာတွေမှာ ရေးကြတာတွေက လူစားတဲ့ ပြောင်းနှံအမျိုးမျိုးကို ဖြူဆွတ်နေတဲ့အထိ ချွတ်မထားဘဲ စားလို့ရတာမျိုးကို ပြောတာဖြစ်တယ်။ လွယ်လွယ်ပြောရရင် ဆန်လုံးညို၊ ပေါင်မုံ့ညိုတွေမျိုး။ မောင်းထောင်းဆန်လဲ ထိပ်ကပါတယ်။ သွပ်ဓါတ်၊ သံဓါတ် နဲ့ ဗီတာမင် ဘီအုပ်စု ပါတယ်။

8: Oysters မုတ်ကောင်
ပင်လယ်စာတွေထဲက မုတ်ကောင်က ကျန်းမာရေးအတွက် စားစရာထဲမှာ နာမည်ကြီးတယ်။ လိင်စိတ်အာပေးတာသာမက ဆံပင်ကောင်းစေဘို့လဲ ပါသေးတယ်။ Antioxidant ဖြစ်တယ်လဲ ဆိုပါတယ်။

9: Low-Fat Dairy Products အဆီနည်း နို့ထွက်အစာတွေ
Skim milk အဆီလွတ်နွားနို့၊ အဲဒါမျိုးကနေလုပ်တဲ့ (ရောဂတ်) တွေမှာ (ကယ်လ်စီယမ်) ပါတယ်။ အရိုးအတွက်သာမက ဆံပင်အတွက်လဲကောင်းတယ်။ Whey and casein ပရိုတင်းတွေလဲ ပါသေးတယ်။

10: Carrots မုံလာဥနီ
ဗီတာမင် (အေ) ပေါကြွယ်တယ်။ ကြက်မျက်သင့်တာအတွက်သာမက ဆံပင်အတွက်လဲ ကောင်းတယ်။

Beware of Dietary Supplements သတိထားစရာတွေ
• ဗီတာမင် (အေ) များတာ မကောင်းပါ။
• လူပိန်ချင်လွန်းလို့ Crash diets အစားကို နည်းသင့်တာထက် အရမ်းနည်းစားတာလဲ လူကျန်းမာရေး၊ ဆံပင်ကျန်းမာရေးအတွက် မကောင်းပါ။

Dr. တင့်ဆွေ
၂၅-၃-၂ဝ၁၂

Bipolar Disorder စိတ်အခြေနှစ်ခွရောဂါ

Manic depression လို့လဲ ခေါ်တယ်။ အစွန်းနှစ်ဖက်ကို ပြောင်းပြောင်း သွားတတ်တဲ့ စိတ်အခြေအနေတခု ဖြစ်တယ်။ (ရိုလာ-ကော်စ်တာ) စီးနေရသလိုမျိုး တခါတလေ ထိပ်ဖျားရောက်နေရင် ဘာမဆို သူလုပ်ရင် ဖြစ်မယ်ထင်ပြီး၊ နောက် အောက်ကျပြန်ရင် ရစရာ-နေစရာမရှိ စိတ်ဓါတ် ကျနေမယ်။ ဘယ်လောက်ကြာကြာ အတက်မှာ ရောက်နေမယ်၊ အောက်မှာ ရောက်နေမယ်လို့ ပြောမရဘူး။ မတူကြဘူး။ အနောက်နိုင်ငံတွေမှာ လူကြီးပိုင်း လူဦးရေရဲ့ ၂% မယ် ခံစားနေကြရတယ်။

Depressive Phase Symptoms အကျပိုင်း လက္ခဏာတွေ
ဆေးမကုရင် စိတ်ဓါတ်အကြီးအကျယ် ကျနေမယ်။ ဝမ်းနည်း-ပူဆွေးနေမယ်။ အားအင် ကုန်ခမ်းနေမယ်။ မျှော်လင့်ချက် ကင်းမဲ့နေမယ်။ စိုးရိမ်စိတ်တွေ ကဲနေမယ်။ ဘာကိုမှ အာရုံမစိုက်နိုင်ဘူး။ တချိန်က စိတ်ဝင်တစားရှိခဲ့တာတွေလဲ အာရုံမထားချင်တော့ဘူး။ လူကလဲ ပိန်ချုံးလာမယ်။ အိပ်ရေးပျက်မယ်။ သတ်သေချင်စိတ် ဖြစ်လာမယ်။

Manic Phase Symptoms အတက်ပိုင်း လက္ခဏာတွေဆိုတာ အရာရာ သာယာနေမယ်။ အကောင်းဘဲမြင်-ထင်နေမယ်။ ဘာမဆို ငါလုပ်နိုင်တယ်လို့ သွေးနားထင်ရောက်နေမယ်။ ဘဝင်မြင့်နေမယ်။ စိတ်မြန်-ကိုယ်မြန်ဖြစ်နေမယ်။ အိပ်နေစရာမလိုသလို ဖြစ်နေမယ်။ စကားတွေ ဖေါင်နေအောင် များမယ်။ သူ့ကို တဖက်ဖက်ဆွဲယူလို့ အင်မတန်လွယ်တယ်။ ပြိုင်ဆိုင်မှု အတွေးဘဲ ဝင်နေမယ်။ ဆောက်တည်ရာမရ၊ ဂနာမငြိမ် ဖြစ်နေမယ်။ အချိန်တွေ အရမ်းသုံးမယ်။ လိင်မှုကိစ္စ သိုသိပ်မှုမထားဘူး။ ကားမောင်တာကအစ အမြန် မောင်းမယ်။ မူးယစ်ဆေးဝါးလဲ သုံးစွဲလာမယ်။ အဲလိုလက္ခဏာတွေ တနေ့ထဲမှာ ၃-၄ မျိုးဖြစ်နေမယ်။

Bipolar I vs. Bipolar II အမျိုအစား (၁) နဲ့ (၂) ရှိတယ်။ အမျိုအစား (၁) ရှိနေသူဟာ အတက်ပိုင်း လက္ခဏာတွေ ရှိမယ်၊ ဒါမှမဟုတ် ရောထွေးနေတာမျိုး နဲ့ အကျပိုင်းဖြစ်တာ ရောထွေးနေမယ်။ အမျိုအစား (၂) ရှိနေသူဟာ စိတ်ဓါတ် အကြီးအကျယ်ကျနေပြီး အတက်ပိုင်းဖြစ်တာ နည်းမယ်။ နောက်ပြီး Hypomania ခေါ်တဲ့ အပြော့စား တက်ကြွမှုမျိုး ရှိတတ်တယ်။ သူ့အဖို့တော့ (ပါတီ) ချိန်ဘဲ။ ပျော်စရာ ရီစရာတွေ များနေမယ်။ မိသားစုဝင်တွေ အပေါင်အသင်တွေကတော့ သူ စိတ်မူပြောင်နေတာ သတိထားမိကြတယ်။

Mixed Episode နှစ်မျိုးတွဲ အခြေအနေ
တပြိုင်နက်ထဲမှာ စိတ်တက်ရော စိတ်ကျပါ တွဲနေတယ်။ ခန့်မှန်းရခက်တာ ဖြစ်လာနိုင်တယ်။ ဥပမာ သူနှစ်သက်တာမျိုးကို အားတက်သရော လုပ်နေရချိန်မှာ ဝမ်းနည်းပက်လက် ဖြစ်လာမယ်။ ငယ်ငယ်ရွယ်ရွယ်နဲ့ ဒီ စိတ်အခြေနှစ်ခွ ရောဂါ ခံစားရသူတွေမှာ ပိုဖြစ်ကြတယ်။ တချို့တွက်ဆတာက လူနာ ၇ဝ% မှာ အဲလိုဖြစ်တယ်တဲ့။

Causes of Bipolar Disorder ဘာလို့ ဒီရောဂါ ဖြစ်လာသလဲ
ဆရာဝန်တွေက အတိအကျ မသိကြပါ။ အများသဘောတူတဲ့ ဖြစ်နိုင်ချေ (သီအိုရီ) တခုကတော့ ဦးနှောက်မှာ ဓါတ်ပစ္စည်းတွေ အနည်း-အများ ပုံမှန်မဟုတ်လို့ ဖြစ်မယ်လို့ ယူဆတယ်။ ဓါတ်ပစ္စည်းတွေ များနေချိန်မယ် စိတ်တက်ကြွနေပြီး နည်းနေရင် စိတ်ကျမယ်။

Who's at Risk? ဘယ်လိုလူတွေမှာ လာဖြစ်သလဲ
ယောက်ျား-မိန်းမ အတူတူဖြစ်တယ်။ အသက် ၁၅ နဲ့ ၃ဝ ကြားမှာ စတယ်။ မိသားစုထဲမှာ တယောက်မက ရှိနေတတ်တယ်။ ဒါပေမဲ့ မျိုးဗီဇတခုထဲကြောင့်တော့ မဖြစ်နိုင်ဘူး။ စိတ်သောကရောက်စရာ၊ မူးယစ်ဆေးဒဏ်၊ စတာတွေကနေ အတက်-အကျကို စေ့ဆော်နိုင်တယ်။

Bipolar Disorder and Daily Life
အိမ်မှာ၊ ကျောင်းမှာ၊ အလုပ်ခွင်မှာ နေ့တဓူဝအလုပ်တွေကို ထိခိုက်စေတယ်။ ၈၈% မှာ အလုပ်မယ် တိုးတက်လမ်းတွေ အတားအဆီး ဖြစ်ကြရတယ်။

Bipolar Disorder and Substance Abuse
၆ဝ% သော လူနာတွေက ဆေးဝါး၊ အရက်သေစာ သုံးစွဲကြတယ်။ Reckless manic phase ဆောက်တည်ရာမရ အဆင့်မှာ လုပ်ကြတာ များတယ်။

Bipolar Disorder and Suicide
တခြား ဒီရောဂါ မရှိသူတွေထက် သေကြောင်းကြံစီတာ ၁ဝ-၂ဝ ဆ ပိုဖြစ်ကြတယ်။ မကြံစီခင်မှာ သတ်သေချင်တဲ့ စကားမျိုး ပြောတတ်ကြတယ်။ သတ်သေဘို့ အစီအစဉ်တွေ တခုပြီးတခု လုပ်လာမယ်။

Diagnosing Bipolar Disorder
ဒီရောဂါဆိုတာ သေခြာအောင် လုပ်ရမယ်။ Extreme mood swings စိတ်မူပြောင်းခြင်း အပြင်စား နဲ့ ခွဲခြားရမယ်။ Neurological disorders အာရုံကြောရောဂါ၊ Substance abuse မူးယစ်ဆေးသုံးစွဲတာ၊ Thyroid problem လည်ပင်းကြီးဟော်မုန်းများရောဂါ၊ HIV (အိတ်ခ်ျအိုင်ဗွီ)၊ ADHD ပါတ်ဝန်းကျင် သတိမမူရောဂါ၊ တချို့ဆေးတွေရဲ့ Side effects ဘေးထွက်-ဆိုးကျိုး နဲ့ Psychiatric disorders တခြားစိတ်ရောဂါတွေနဲ့ ခွဲခြားရမယ်။

Medications for Bipolar Disorder
ဆေးပေးတာ အများကြီးသက်သာစေတယ်။ Mood stabilizers ဆေးမျိုးသုံးတယ်။ Antipsychotic drugs စိတ်ရောဂါဆေးတွေ နဲ့ Anticonvulsant drugs အတက်သက်သာဆေး တွေလဲ ပေးတယ်။ ဆေးကြာကြာ သောက်နေရတယ်။

Talk Therapy for Bipolar Disorder
စကားပြောနည်းနဲ့ ကုသတာလဲ လုပ်တယ်။ Cognitive behavioral therapy နည်းလဲလုပ်တယ်။ Interpersonal therapy နည်းလဲရှိတယ်။ Social rhythm therapy နည်းလဲရှိတယ်။

Lifestyle Tips for Bipolar Disorder
လူနေမှုပုံစံ ပြုပြင်ပေးတာ ကောင်းတယ်။ လုပ်ရမဲ့အလုပ်တွေကို အချိန်ဇယားချပြီး လုပ်စေတာကောင်းတယ်။ အိပ်ချိန်၊ အလုပ်ချိန်၊ စားချိန်၊ လေ့ကျင့်ခန်းလုပ်ချိန်တွေ တိတိကျကျ သတ်မှတ်ထားရတယ်။ အရက်၊ ဆေးဝါး မသုံးစေအောင် လုပ်ရမယ်။ မဟုတ်ရင် ရောဂါလက္စဏာတွေကို ပိုဆိုးစေနိုင်တယ်။

Electroconvulsive Therapy (ECT)
လျှပ်စစ်သုံး ကုသနည်း။ တချို့လူနာတွေအတွက် ကောင်းတယ်။ ဆိုးဝါးတဲ့ အခြေအနေအတွက် မြန်မြန် သက်သာစေတယ်။ ဆေးပေးနည်း၊ စိတ်ကုနည်းနဲ့ မရသူတွေအတွက်လဲ သုံးနိုင်တယ်။

Educating Friends and Family
မိတ်ဆွေ အပေါင်းအသင်နဲ့ မိသားစုဝင်တွေကို ဒီရောဂါအကြောင်း ပြောပြ-သင်ပြပေးထားသင့်တယ်။ ရောဂါ အတက်-အကျအကြောင်း၊ စိတ်မပျက်ကြဘို့လိုကြောင်း၊ မကြောက်ဘို့လိုကြောင်း၊ ထောက်ကူမှုပေးတာ အရေးပါကြောင်း။ ဝေဒနာသည်တွေဟာ သူတို့မှာ ရောဂါရှိနေတာကို မသိကြ၊ လက်မခံကြဘူး။ သန်းပေါင်းများစွာ အဲလိုဖြစ်နေတာ၊ ဆေးကုရင် သက်သာကောင်းမွန်မှာ၊ ကိုယ့်အပြစ် မဟုတ်ပါဘူး ဆိုတာတွေ ဖျောင်းဖျ-နာချ ဆေးကုဘို့ တိုက်တွန်းကြရပါမယ်။

Dr. တင့်ဆွေ
၂၅-၃-၂ဝ၁၂

Friday, March 23, 2012

Foods for Heart နှလုံးအတွက် အာဟာရ

ဆေးပညာစာတွေကို အနောက်နိုင်ငံတွေကနေ သုတေသနလုပ်ကြ၊ ရေးကြတာများလို့ သူတို့စားတာတွေ။ သူတို့သိတာတွေသာ ပါတတ်တယ်။ ဒါကြောင့် ဒီအစားအစာ ၂ ဒါဇင်ကသာ ကောင်းတယ်လို့ မထင်ပါနဲ့။ ဒီလို ကောင်းတာတွေရော ဒိထက် ကောင်းတာတွေပါ ကိုယ့်ဆီမှာလဲ ရှိနေ စားနေကြတယ်လို့ ယူဆစေချင်ပါတယ်။ ဆိုပါစို့ ကျွန်တော်တို့ စားသုံးနေကြတဲ့ နာမည် အမျိုးမျိုးနဲ့ ပဲတွေလဲ သူတို့ပြောတဲ့ ပဲနက်လိုကောင်းပါမယ်။ သူတို့ဆီမှာ ဝိုင်အနီကို မသောက်သူမရှိတဲ့ပြင် ဒေါ်လာ သန်းပေါင်း များစွာတန်တဲ့ စီးပွါးရေးလဲဖြစ်လို့ ကောင်းတာကို လိုက်ရှာရေးနေကြတယ်။ ဝိုင်ကို မြင်တောင် မမြင်ဘူးသူတွေက ဝိုင်သောက်နေသူတွေထက် နှလုံးကျန်းမာရေး ကောင်းနေတာတွေ ရှိပါတယ်။

1. Fresh Herbs ဆေးဘက်ဝင် အရွက်များ
ဆား၊ အဆီ နဲ့ (ကိုလက်စထော) တွေကို ကျစေတာမှန်သမျှ နှလုံး-ကျန်းမာရေး အတွက် ကောင်းတယ်။ အစေ့အဆံတွေ၊ အမွှေးနံ့သာအတွက် သုံးတာတွေ၊ ဘယ်ရီသီးတွေနဲ့ ကော်ဖီ၊ လက်ဖက်ရည်အထိ ကောင်းတာတွေလို့ အကြမ်းပြောရင် ရတယ်။ Heart disease နှလုံးရောဂါ၊ Stroke နှလုံးနဲ့ဆက်ဖြစ်တဲ့ ဦးနှောက်-သွေးကြောရောဂါ၊ Blood pressure သွေးတိုးရောဂါ၊ နှလုံးကို ဒုက္ခပေးနိုင်တဲ့ (ကိုလက်စထော) များတာနဲ့ ဆီးချိုရောဂါအတွက်ပါ ကောင်းမှာ ဖြစ်တယ်။ Rosemary ဟင်းခပ်အမွှေးအကြိုင်တမျိုး၊ Sage သာဂူရွက်၊ Oregano တောရုံးပင် နဲ့ Thyme စမုန်ဖြူတွေထဲမှာ Antioxidants (အင်တီ-အောက်စီဒင့်) တွေပါနေတယ်။ သပ်သပ်ရေးထားပါသေးတယ်။

2. Black Beans ပဲနက်
Folate (ဖေါလိတ်) နဲ့ Antioxidants (အင်တီ-အောက်စီဒင့်) ဓါတ်တွေပါတယ်။ Magnesium (မက်ဂနီဆီယမ်) ဓါတ်က သွေးတိုးကျစေတယ်။ Fiber (ဖိုက်ဘာ) လဲပါတယ်။ ဒီဓါတ်က (ကိုလက်စထော) နဲ့ သကြားဓါတ်တွေကို ကျစေမယ်၊

3. Red Wine ဝိုင်နီ
များရင်တော့ မကောင်းပါ။ Resveratrol နဲ့ Catechins ခေါ်တဲ့ Antioxidants (အင်တီ-အောက်စီဒင့်) တွေပါနေတယ်။ Alcohol အရက်ရဲ့သဘောက HDL ခေါ်တဲ့ ကောင်းတဲ့ (ကိုလက်စထော) ကို အားပေးတယ်။ သောက်ဘို့ အားမပေးပါ။

4. Salmon (ဆယ်လ်မွန်) ငါး
နာမည်ကြီး (အိုမီဂါ-သရီး) တွေ ပါနေတယ်။ Omega-3s EPA နဲ့ DHA ကနေ Rhythm disorders နှလုံးခုန်မမှန်တာကို သက်သာစေတယ်။ Triglycerides (ထရွိုင်ဂလစ်စထရွိုက်) တွေကိုလဲ နည်းစေလို့ ရောင်တာကိုပါ သက်သာစေတယ်။

5. Tuna (ကျူနာ) ငါး
ဒီငါးထဲမှာလဲ (အိုမီဂါ-သရီး) တွေပါတာဘဲ။ ဈေးလဲချိုတယ်။ Albacore အဖြူမျိုးမှာ ပိုပါတယ်။ Mackerel (မက်ကရယ်လ်) ငါး၊ Herring (ဟာရင်) ငါးသလောက်တမျိုး၊ Lake trout (ထရောက်) ရေချိုငါးတမျိုး၊ Sardines (ဆာဒင်း) ငါးသေတ္တာငါး၊ Anchovies ငါးပါးနီတွေကလဲ အဲလိုဘဲ ကောင်းတယ်။

6. Virgin Olive Oil (အောလစ်ဖ်) ဆီ
သံလွင်ဆီမှာ Polyphenols (ပေါ်လီဖီနောလ်) ခေါ်တဲ့ Antioxidants (အင်တီအောက်စီဒင့်) တွေ ပါတယ်။ ကျန်းမာရေးအတွက်ကောင်းတဲ့ Monounsaturated fats အဆီအမျိုးအစားလဲ ပါတယ်။

7. Walnuts သစ်ကြားသီး
တနေ့မှာ လက်တကုပ်စာ တအောင်စခွဲလောက် စားပေးပါ။ (ကယ်လိုရီ) ၃ဝဝ ရမယ်။ Cholesterol (ကိုလက်စထော) ကျစေမယ်၊ နှလုံးက သွေးကြောလေးတွေ ရောင်နေတာလဲ သက်သာစေမယ်။ သစ်ကြားသီးမှာ Omega-3s, Monounsaturated fats တွေနဲ့ Fiber တွေပါတယ်။

8. Almonds ဗာဒံစေ့
Vitamin E ဗီတာမင်-အီး၊ Plant sterols (စတာရောလ်)၊ Fiber ဖိုက်ဘာ နဲ့ Fats နှလုံးအတွက် ကောင်းတဲ့ အဆီတွေ ပါတယ်။ LDL cholesterol မကောင်းတဲ့ (ကိုလက်စထော) ကျစေမယ်။ ဆီးချိုကို ကာကွယ်မယ်။
9. Edamame ပဲပုပ်
Soybean ပဲပုပ် မရင့်သေးတာကို ပြောတာပါ။ Cholesterol (ကိုလက်စထော) ကျစေတဲ့ Fiber (ဖိုင်ဘာ) ပါတယ်။ သွေးဆုံးချိန်အတွက် ကောင်းတာကို ရေးထားပါတယ်။

10. Tofu တို့ဖူး
အသားမစားသူ၊ မသင့်သူတွေ တို့ဖူးစားရင် (ပရိုတင်း) ရစေမယ်။ ဓါတ်တားတွေ၊ Fiber ဖိုက်ဘာ နဲ့ Polyunsaturated fats ကောင်းတဲ့အဆီလဲရမယ်။

11. Sweet Potatoes ကန်စွန်းဥ
ဆီးချိုရှိသူ အားလူးအစား ကန်စွန်းဥစားနိုင်တယ်။ Fiber ဖိုက်ဘာ၊ Vitamin A ဗီတာမင်-အေ၊ Lycopene (လိုင်ကိုပိန်း) ဓါတ်တွေက ကောင်းတယ်။ (ဆရာဝန်တိုင်းကတော့ သဘောမတူပါ။)

12. Oranges လိမ်မော်သီး
(ကိုလက်စထော) ကိုနိုင်တဲ့ Fiber pectin (ပက်ပ်တင်-ဖိုက်ဘာ) ပါတယ်။ Potassium (ပိုတက်ဆီယမ်) ပါလို့ သွေးတိုးနဲ့ တည့်တယ်။

13. Swiss Chard (ဆွစ်-ချတ်) အရွက်
အစိမ်းရင့်ရောင် အရွက်ဖါးဖါး အမျိုးအစားဖြစ်တယ်။ Potassium (ပိုတက်စီယမ်) နဲ့ Magnesium (မက်ဂနီစီယမ်) တွေပါတယ်။ သွေးတိုးအတွက် ကောင်းတယ်။ Fiber (ဖိုင်ဘာ)၊ Vitamin A (ဗီတာမင်-အေ)၊ နောက်ပြီး Lutein (လူတိန်း) နဲ့ Zeaxanthin (ဇိယာဇန်သင်) ခေါ်တဲ့ (အင်တီအောက်စီဒင့်) တွေ ပါသေးတယ်။

14. Carrots မုံလာဥနီ
သကြားဓါတ်ကို ထိန်းနိုင်မယ်လို့ ယူဆတယ်။ (ကိုလက်စထော) ကိုလဲကျစေတယ်။

15. Barley (ဘာလီ)
ဖြူနေအောင် ချွတ်မထားတဲ့ အစေ့အဆံက ပိုကောင်းတယ်။ (ကိုလက်စထော) ကို ကျစေတယ်။ သကြားဓါတ် နည်းစေတယ်။

16. Oatmeal အုတ်စပါး
LDL (ကိုလက်စထော) ကို ကျစေမယ်။ ဆီးချိုသမား စားသင့်တယ်။

17. Flaxseed နှမ်း
နှမ်းကြပ်လဲခေါ်တယ်။ အမှန်က အပင်တွေကရတဲ့ အဆီတွေက အသားကနေရတာထက် ကျန်းမာရေးအတွက် ကောင်းတယ်။ Fiber (ဖိုက်ဘာ)၊ Lignans (လစ်ဂနင်) ခေါ်တဲ့ Phytochemicals ဓါတ်ပါတယ်။ ALA ခေါ်တဲ့ (အိုမီဂါ-သရီး) ပါတယ်။

18. Low-Fat Yogurt အဆီနည်း (ရောဂတ်)
အရိုးအတွက် ကောင်းတယ်။ သွေးတိုးလဲ ကောင်းတယ်။ Calcium (ကယ်လ်စီယမ်) နဲ့ Potassium (ပိုတက်စီယမ်) တွေ ပါတယ်။

19. Foods Fortified With Sterols (စတာရောလ်) ပါအစာ
Margarine (မာဂရင်း) Soy milk ပဲနို့ နဲ့ Orange juice လိမ်မော်ရည်တွေ ကောင်းတယ်။ (ကိုလက်စထော) ကို ချပေးမဲ့ (စတာနောလ်) ဆိုတာ ပါလို့ ဖြစ်တယ်။

20. Coffee and tea ကော်ဖီ နဲ့ လက်ဖက်ရည်
ဆီးချိုကာကွယ်ဘို့ သကြားမပါဘဲ သောက်ပါ။ ဆီးချို နဲ့ သွေးတိုးရှိနေပြီးသူတွေတော့ Caffeine (ကေဖင်း) က မသင့်ပါ။

21. Cayenne Chili Pepper ငရုတ်သီး (အရောင်တင်မှုံ့ အစစ်)
(အင်စူလင်) ဟော်မုန်း တိုးစေလို့ ဆီးချိုအတွက်ကောင်းတယ်။ အဝလွန်သူတွေလဲ သုံးသင့်တယ်။

22. Kosher Salt (ကိုရှာ) ဆား
သွေးတိုးနေသူတွေ ငန်တာ မစားရပါ။ ငန်တာနဲ့တူတဲ့ (ကိုရှာ) ဆားသုံးနိုင်ပါတယ်။ (ဆိုဒီယမ်) နည်းနည်းသာပါတယ်။ ငန်မယ်။ လူတယောက်မှာ (ဆိုဒီယမ်) 1,500 mg ထက်မများသင့်ဘူး။ Kosher salt ဇွန်းလေးတဇွန်းထဲမှာ (ဆိုဒီယမ်) 1,120-2,000 mg ပါတာ သတိထားပါ။

23. Cherries ချယ်ရီသီး
Anthocyanins (အင်သိုစိုင်ယာနင်) ခေါ်တဲ့ (အင်တီ-အောက်စီဒင့်) ပါတယ်။

24. Blueberries (ဘယ်ရီ) သီး
Anthocyanins (အင်သိုစိုင်ယာနင်) ခေါ်တဲ့ (အင်တီ-အောက်စီဒင့်) ပါတယ်။ Ellagic acid (အယ်လားဂျစ်-အက်စစ်)၊ Beta-carotene (ဘီတာ-ကယ်ရိုတင်း)၊ Lutein (လူတိန်း)၊ Vitamin C (ဗီတာမင်-စီ) Folate (ဖေါလိတ်)၊ Magnesium (မက်ဂနီစီယမ်)၊ Potassium (ပိုတက်စီယမ်) နဲ့ Fiber (ဖိုက်ဘာ) တွေလဲ ပါတယ်။

Dr. တင့်ဆွေ
၂၃-၃-၂ဝ၁၂

ESL အင်္ဂလိပ်စာ

ကျောင်းစဖွင်ပြီလို့ရေးတော့ မေးပါတယ်။ ဘာသင်တဲ့ကျောင်းလဲ ဆရာတဲ့။  ကျောင်းအကြောင်း နည်းနည်း နည်းနည်း ရေးထားပြီး။ တယောက်က မေးဖူးတယ်။ အခုမှ...