Thursday, April 26, 2012

Q and A April 2012 (4)

1. ခါးက နေ့တိုင်းနာနေတာကို ဘယ်လိုဆေးသုံးရမည်နည်း။
2. အသက် ၂၆ ဝန်းကျင်ရှိ ကျွန်တော့ ကောင်မလေးမှာ ဝမ်းချုပ်တဲ့ရောဂါ ခံစားနေရပါတယ်။
3. သားက အသက် ၁ နှစ်နဲ့ ၆ လ ပါ။ ကိုယ်အလေးချိန် ၁၁ kg ရှိပါတယ်။
4. အသက် ၃၁၊ အိမ်ထောင်သက် ၃ လ၊ အရပ် ၅ ပေ ၁ လက်မ၊ ကိုယ်အလေးချိန် ၁၃ဝ ပါ။
5. မိခင်နို့ တိုက်လို့ ကလေးရဲ့ ပါးမှာ နို့ပွေးလို့ ခေါ်တဲ့ အနီကွက်လေးတွေ ထနေတာ ၁ လကျော်လောက်ရှိပါပြီ။
6. ကျမ အမေက အသက် ၇၉ နှစ်ပါ၊ အိမ်ထောင်မရှိတော့ပါ။


Tue, Apr 24, 2012 at 4:27 PM
ခါးက နေ့တိုင်းနာနေတာကို ဘယ်လိုဆေးသုံးရမည်နည်း။ ခါးနာရတဲ့အကြောင်းကတော့ အလေးအပင်တွေ မတယ်ရယ် ပြီးတော့ တူနဲ့ထုရတာတွေ လုပ်ရပါတယ်။ အဲဒါတွေကြောင့် ဖြစ်တာလာမသိပါဘူး။ အဲဒါကို ပျောက်အောင် ဘယ်လိုများ လုပ်ရပါမလဲရှင်။
• Low Back Pain ခါးနာ သက်သာစေရန်


Tue, Apr 24, 2012 at 10:47 PM
အသက် ၂၆ ဝန်းကျင်ရှိ ကျွန်တော့ ကောင်မလေးမှာ ဝမ်းချုပ်တဲ့ရောဂါ ခံစားနေရပါတယ်။ ဝမ်းနှုတ်ဆေးသောက်လဲ သိပ်မထူးပါဘူး။ ဘာဆေးများ ရေရှည်စွဲသောက်သင့်ပါသလဲ။ သူကသာမန်ထက် ပိုပိန်ပါတယ်။ အဲဒီအတွက် ဝအောင် ဆိုပြီး CYPON လို့ခေါ်တဲ့ဆေးကို အသိတစ်ယောက်က ပြောလိုတော့ သောက်နေပါတယ်။ အဲဒီဆေးကြောင့်ပဲ အခုလို ဖြစ်နေတာလား။ အဲဒီဆေးသောက်ရင် ကြာရင် ဘာတွေဖြစ်နိုင်ပါသလဲ။ အဲဒီဆေးမသောက်ပဲ တခြားနည်းနဲ့ ဝအောင် ဘယ်လို လုပ်ရမလဲဆိုတာလဲ။

Cypon ဆေးကို နာမည်တွေ အများကြီးနဲ့ ရောင်းကြတယ်။ ဆေးနာမည်ရင်း Generic Name ကတော့ Cyproheptadine ဖြစ်တယ်။ ဆေးအမျိုးအစားက Antihistamines ဂအင်တီဟစ်တငမ်း) နဲ့ Decongestants (ဒီကွန်ဂျက်စတင့်) တွေ ရောထာတာ ဖြစ်တယ်။ (အလာဂျီ) ရာတာ၊ Allergic rhinitis စတာတွေအတွက် သုံးတာများတယ်။ အစာစားချင်စိတ်ပိုအောင်လဲ သုံးတတ်တယ်။
လူကြီးတွေကို 05 mg/kg/day ပေးတယ်။ ကလေးတွေကို 2 mg (1/2 tablet) ၂-၃ ခါခွဲပေးမယ်။ Tablet ဆေးပြား၊ Capsule ဆေးတောင့်နဲ့ Syrup ဆေးရည်တွေရှိတယ်။
Side Effects ဘေးထွက်-ဆိုးကျိုးတွေကတော့ -
အိပ်ချင်မယ်၊ အိပ်ရေးပျက်မယ်၊ ခေါင်းမူးမယ်၊ ကိုယ်ကိုထိန်းရခက်မယ်၊ စိတ်ရှုတ်ထွေးမယ်၊ စိတ်လှုတ်ရှားမယ်၊ စိတ်တိုမယ်၊ ဂနာမငြိမ်ဖြစ်မယ်၊ လက်တုန်မယ်၊ အရေပြား အနီပြင်ထွက်မယ်၊ ချွေးထွက်များမယ်၊ မျက်စိကြည့်မကောင်း၊ နားထဲအသံတွေကြားတယ်၊ သွေးဖိအားကျမယ်၊ ရင်တုန်မယ်၊ သွေးအားနည်းတတ်တယ်၊ အသဲသတိထားရမယ်၊ အသာဝါမယ်၊ အာခေါင်ခြောက်မယ်၊ ဗိုက်အောင့်မယ်၊ အစားပျက်မယ်၊ ပျို-အန်မယ်၊ ဝမ်းပျက်မယ်၊ ဝမ်းချုပ်မယ်၊ ဆီးခဏခဏသွားချင်မယ်။ ပန်းနာရှိရင်၊ ရေတိမ်၊ နှလုံးရောဂါ၊ သွေးတိုး၊ အတက်ရောဂါ၊ လည်ပင်းကြီးဟော်မုန်းများရောဂါ ရှိသူတွေကို သတိထားပေးရတယ်။ ဆေးနဲ့ အရက် မတွဲသင့်ဘူး။ ဆေးသောက်နေတုံး နေရာင်ကိုရှောင်သင့်တယ်။ မွေးကာစကလေးတွေနဲ့ နို့တိုက်မိခင်တွေကို မပေးသင့်ဘူး။ ကိုယ်ဝန်ဆောင်အတွက် Category B သတ်မှတ်ထားတယ်။
Constipation ဝမ်းတလုံးကောင်း ခေါင်းမခဲ (၃)

Tue, Apr 24, 2012 at 11:26 PM
သားက အသက် ၁ နှစ်နဲ့ ၆ လ ပါ။ ကိုယ်အလေးချိန် ၁၁ kg ရှိပါတယ်။ (့) မှာ နှာခေါင်းထဲက polys ကို ဖယ်ထုတ်ပြီး နားထဲကို ရာဘာ tube ထည့်ထားပါတယ်။ မနေ့က (့) မှာ နားနဲ့နှာခေါင်းကို ပြန်စစ်ဆေးပါတယ်။ နားထဲက ရာဘာ tube က အနေအထားမှန်တယ်။ ကလေးက ငိုနေတော့ hearing test တော့ မလုပ်ခဲ့ရပါဘူး။ နှားခေါင်းကဟာကို ဖယ်ထုတ်ပြီးပေမယ့် ကလေးကအိပ်ရင် အသံမြည်ပြီး အသက်ရှူခက်တုန်းပဲ ဖြစ်နေတဲ့အတွက် Tonsils အာသီးတွေ ကြီးနေလို့ တဝက်လောက် ဖြတ်ထုတ်ပစ်ရမယ်လို့ ဒီကဆရာဝန်က ပြောပါတယ်ရှင့်။ အာသီးကို (့) ကြရင် ခွဲရမယ်လို့ ပြောပါတယ်။ တကယ်လို့များ အဲတာ ဖြတ်ပြီးနောက် မသက်သာသေးရင် မည်ကဲ့သို့ လုပ်ရပါ့မလဲရှုင့် စိုးရိမ်လို့ပါရှင့်။ အာသီး ဖြတ်ထုတ်ရင် အခြားသော အကျိုးဆက်များ ဖြစ်နိုင်ပါသလား။ အာသီး ခွဲစိတ်ပြီးရင် သိထားသင့်သော အချက်များကိုလည်း ဖော်ပြပေးပါရှင့်။ ခွဲစိပ်မှု တစ်ခုနဲ့ တစ်ခု နီးနေတာ ကလေးအတွက် အန္တရာယ် ရှိနိုင်ပါလား။ သားရဲ့ဥလေးတစ်လုံး (testic) က ဥအိတ်ထဲ မဆင်းသေးလို့လည်း ခွဲရအုံးမယ် date တော့မသိရသေးပါဘူး။

Complications of tonsillectomy and adenoidectomy အာသီးခွဲစိတ်ခြင်းမှာ တခြားခွဲစိတ်မှုတိုင်းမှာလို နောက်ဆက်တွဲဖြစ်နိုင်စရာတွေရှိတယ်။ စာရင်းချရေးပြနေရင် ခြောက်လှန့်သလိုဖြစ်နိုင်တယ်။ သိထားအောင်တော့ ရေးရတော့မှာပေါ့။
၁။ လည်ပင်းနာတာ၊ ဆိုင်းနပ်စ်၊ နားရောဂါတွေ အားသီးခွဲလိုက်ပေမဲ့ အားလုံး ပျောက်သွားချင်မှ ပျောက်တာ ဖြစ်နိုင်တယ်။
၂။ ထပ်ခွဲစိတ်ဘို့ လိုချင်လဲ လိုနိုင်တယ်။
၃။ ခွဲစိတ်အပြီး သွေးယိုတာ၊
၎။ ရောဂါပိုးဝင်တာ၊
၅။ အသံပြောင်းသွားတာ၊
၆။ နှာခေါင်းကနေ အသက်ရှူရခက်တာ၊ အိပ်ရင်ဟောက်တာ။
ကနေ့ခေတ်မှာာ ဆေးပညာမှာ နည်းပညာ -အတတ်ပညာတွေ ပိုကောင်းလာနေပါတယ်။

Undescended Testicles ယောက်ျားလေး ဝှေးစေ့ အောက်ထိမကျတာ မွေးရာပါ ဖြစ်တတ်တယ်။ မွေးပြီး ၆ လသားမှ မကျရင် စစ်ဆေးရမယ်။ ကြီးတဲ့အထိ မခွဲရင် နောင်မှာ သားသမီးမရတာဖြစ်စေနိုင်တယ်။ သူ့နေရာသူ ရှိတာထက် အကျိတ် (ကင်ဆာ) ဖြစ်နိုင်ခြေလမ်း နဲနဲပိုများတယ်။ အူကျတာနဲ့ တွဲဖြစ်တတ်တယ်။ အထဲမှာ အညှာလိမ်တာ ဖြစ်နိုင်တယ်။ သူများနဲ့ မတူလို့ဆိုပြီး ကလေး စိတ်ညစ်နေနိုင်တယ်။ Orchiopexy ခေါ်တဲ့ ခွဲစိတ်နည်းနဲ့ကုသရတယ်။ တချို့ကို ဆေးရုံတောင် တက်စရာမလိုဘဲရတယ်။ တပါတ်နေရင် လူကောင်းလို ဖြစ်လာမယ်။ ဆရာကိုယ်တိုင် တောနယ်မှာ အနည်းဆုံး ၂ ယောက်လောက်ခွဲဖပးရဘူးတယ်။

Thu, Apr 26, 2012 at 12:02 PM
အသက် ၃၁၊ အိမ်ထောင်သက် ၃ လ၊ အရပ် ၅ ပေ ၁ လက်မမှာ ကိုယ်အလေးချိန်က ၁၃ဝ ပါ။ April 5 ရက်နေ့မှာ ရာသီ စလာပြီးတော့ ၁ဝ ရက်နေ့မှာ ပြီးပါတယ်။ ၁ဝ ရက်က စလို့ ၂ဝ ရက်နေ့ထိ အမျိုးသားနဲ့ အတူတူနေပါတယ်။ ကလေးရနိုင် / မရနိုင် သိချင်လို့ပါ။ မျိုးဥကြွေတာဟာ ရာသီလာပြီး ၁၂ ရက်မှ စကြွေတယ်လို့ စာထဲမှာ ဖတ်ဘူးလို့။ သမီးတို့ နောက်ဆုံး အတူတူနေတဲ့နေ့က ရာသီလာပြီးရက်နဲ့တွက်ရင် ၁ဝ ပဲ ဖြစ်နေလို့ အဖြေကို ရှင်းရှင်းလင်းလင်း သိချင်လို့ပါ။

အရပ် 5' 1" မှာ ၁၃ဝ ပေါင်ရှိရင် နဲနဲ ဝတဲ့အစားထဲမှာပါတယ်။ 106-118 ဆိုရင် ပိန်တယ်။ 115-129 ဆိုရင် သင့်တယ်။ 125-140 ဆိုရင် ဝတယ်။ ကိုယ်အလေးချိန် လျှော့ပါ။ စာတပုဒ်ရေးထားတာ ရှိတယ်။ ဝတာနဲ့ ကလေး မရာ ဆက်စပ်မှု ရှိလို့ ဖြစ်တယ်။ အဲဒါလဲ စာတပုဒ် ရေးထားတယ်။
မျိုးဥထွက်ရက်က ယေဘုယျတော့ လလည်ရက် (ရာသီလာပြီး ၁၄ ရက် ဝန်းကျင်) ဖြစ်တယ်။ ဒါပေမဲ့ မတိကျဘူး။ စစ်ဆေးနည်းနဲ့လုပ်မှသာ မှန်တဲ့ရက်သိရမယ်။ ရေးထားပါတယ်။
ကလေးမရတာလဲ ရေးထားတယ်။ (ဘလော့ခ်) အောက်ဆုံးမျာ မာတိကာရှိတယ်။ (ဝက်ဘ်ဆိုက်) မှာလဲ ရှိတယ်။ Search မှာ မြန်မာ-အင်္ဂလိပ် ရိုက်ရှာနိုင်ပါတယ်။
Facts to get pregnant ကိုယ်ဝန်ရအောင် ကြံဆောင်နည်း
Infertility Treatments ကလေးရအောင် ကုသနည်းများ

Wed, Apr 25, 2012 at 6:48 PM
မိခင်နို့ တိုက်လို့ ကလေးရဲ့ ပါးမှာ နို့ပွေးလို့ ခေါ်တဲ့ အနီကွက်လေးတွေ ထနေတာ ၁ လကျော်လောက်ရှိပါပြီ။ လုံးလုံး မပျောက်ပဲ လျှော့သွားလိုက် ပြန်ထူလာလိုက်နဲ့ မပျောက်ပဲ ရှိနေတယ်။ BEPANTHEN Ointment Nappy Rash ဆေးတော့ တနေ့ ၂ ကြိမ်လောက် လူပေးပါတယ်။

Bepanthen ointment လိမ်းဆေးထဲမှာ Pro Vitamin B5 ပါတယ်။ အရေပြားကို ချောမွေ့စေမယ်။ စိုနေစေမယ်။
မေးတဲ့ကလေးမှာ နို့ပွေးဖြစ်နေပုံရတယ်။ မှက္ခရုနာ Thrush (Oral candidiasis) နဲ့ ဖြစ်တဲ့ပိုခြင်းအတူဘဲ။ Fungus မှိုတမျိုးကနေ ဖြစ်တယ်။ မှက္ခရုနာဆိုရင် နို့တိုက်အရွယ် ကလေး ငယ်တွေမှာ လျှာ၊ အာခေါင်၊ ပါးစောင်တွေမယ် အဖြူဖတ်တွေ ဖြစ်ပြီး၊ ဘေးက နီနေတယ်။ နာတယ်၊ နို့စို့၊ အစာစားရ ခက်တယ်။ ကလေးရဲ့ လျှာကို အဝတ် သန့်သန့်လေးကို လက်ညှိုးမှာပါတ်ပြီး အဖြူဖတ်တွေ ရှင်းပေးပါ။ မိခင်နို့ကို အမြဲ သန့်နေပါစေ။ မိခင်နို့ကို Gentian Violet ဆေးပြာ လိမ်းပေးလို့ ရတယ်။ ကလေးပါးစပ် (လျှာ) ကို အခုနောက်ပိုင်း အလိမ်းမခိုင်းကြတော့ပါ။
လိုအပ်ရင် Antifungal antibiotic ဆေးနဲ့ကုသရတယ်။ ကလေးကို Nystatin Oral Suspension 4-6 mL တနေ့ ၄ ကြိမ် တိုက်ပါ။ Mycostatin ဆေးကို လိမ်းဆေး၊ စားဆေးရှိတယ်။ ဆေးနာမည်တွေကတော့ Mycostatin, Mycostatin Filmlok, Mycostatin Pastilles, Nystatin Ointment, Nystat-Rx, Nystop, Pedi-Dri တွေဖြစ်တယ်။
Barrier creams ခေါ်တဲ့ လိမ်းဆေးမျိုးကိုလဲ အထောက်အကူအနေနဲ့ သုံးနိုင်တယ်။ Desitin or A&D ခေါ်တယ်။
နို့ပွေးက သူ့အလိုလိုပျောက်ပါတယ်။ မိခင်နို့ကို ခါတိုင်းထက်ပိုပြီး သန့်ပေးပါ။ ဆေးပြာလိမ်းရင်လဲ ရပါတယ်။ ကလေးမိခင်က (ရောဂတ်) ဒိန်ချဉ် စားပေးတာကောင်းတယ်။

Wed, Apr 25, 2012 at 2:54 PM
ကျမ အမေက အသက် ၇၉ နှစ်ပါ၊ အိမ်ထောင်မရှိတော့ပါ။ နေတာက ရန်ကုန်မှာပါ။ သားအိမ်ကျတယ် ပြောပါတယ်။ ရိုးရိုးအိမ်သာနဲ့ သွားရင် ထွက်လာတယ်။ ဘိုထိုင်အိမ်သာနဲ့ဆိုရင်တော့ မထွက်ဘူးပြောပါတယ်။ ဖြစ်တာက (၁)လ

လောက်တော့ရှိပါပြီ။ ခွဲရမယ်ဆိုလို့ ဆေးစစ်ကြည့်တော့ B ပိုးရှိတယ်ပြောပါတယ်၊ HBsAg Positive ပါ။ အသည်း ကြီးတယ်လည်း ပြောပါတယ်။ ခွဲလို့ ကောင်းမကောင်းသိချင်လို့ပါ။ ခွဲလိုက်လို့ အားနည်းသွားတဲ့အချိန်မှာ B ပိုးက ပိုဆိုးလာနိုင်ပါသလား။ ပြီးတော့ မေမေက ကြောက်တတ်တော့ ခွဲလို့ အဆင်ပြေမပြေသိချင်ပါတယ်။ ခွဲတာနဲ့ မခွဲတာ ဘယ်ဟာက ပိုသင့်တော်ပါသလဲ။ ဆေးစစ်ချက်တွေကိုလည်း ထည်းပေးလိုက်ပါတယ်။ • Cystocele ဆိုတာ ဆီးအိမ်ကျတာ၊
• Atrophic uterus with UVP သားအိမ် သေးပြီး သားအိမ်ကျ (ဆီးအိမ်ကျ) နေတယ်။
• Suspicious of mass in POD, ? Rectal mass သားအိမ်နောက်နားကနေရမှာ တခုခုရှိနေတယ်။ အစာဟောင်းလဲ ဖြစ်နိုင်တယ်။
• HBsAg +ve ဆိုတာ အသဲရောင် (ဘီ) ပိုးဝင်တာခံထားရတယ်။
• HCVAb –ve ဆိုတာ အသဲရောင် (စီ) ပိုး မရှိဘူး။
• Suspicious minimal fibrotic Koch's lesion at right upper zone အဆုပ် ညာဘက် အပေါ်ပိုင်းမှာ တီဘီ ကို သံသယ ရှိတယ်။
• Basal chest infection အဆုပ်အောက်ခြေမှာ ပိုးဝင်ထားတယ်။
• Mild cardiomegaly နှလုံး နဲနဲကြီးနေတယ်။
• Stool for Occult blood +ve ဝမ်းထဲမှာ မှန်ဘီလူးနဲ့သာ မြင်ရတဲ့ သွေးပါနေတယ်။

ဆီးအိမ် (သားအိမ်) ကျတာက အနေရ-အထိုင်ရ-အသွားရ မခက်သေးရင် မခွဲဘဲနေနိုင်တယ်။ အဆင့် ၃ ဆင့်ရှိတယ်။ ဆိုးရင်တော့ လမ်းသွားလို့ ခက်စေတယ်။ အသက်ကို ဘယ်လိုမှ ရန်မရှာပါ။

ခွဲရင် အနည်းဆုံး ခါးထုံဆေး၊ ဒါမှမဟုတ် မေ့ဆေးနဲ့ခွဲရတယ်။ လူနာက အဲဒါကို ခံရည်ရှိသလားဆိုတာ မွေဆေး ဆရာဝန်ကနေ စဉ်းစားဆုံးဖြတ်မှသာ ခွဲစေမယ်။
နှလုံး နဲနဲကြီးနေတာ၊ သားအိမ် သေးနေတာတွေ အသက်အရွယ်အရ ဖြစ်တာတွေမို့ စိုးရိမ်စရာ မလိုပါ။
ခွဲပေးမဲ့ဆရာဝန်ကလဲ အကျိုး-အပြစ်ချင့်ချိန်ပါမယ်။ လူနာနဲ့ ဆွေးနွေးပါမယ်။ အကောင်းဆုံးကို ဆုံးဖြတ်လုပ်ဆောင်ပါမယ်။

Wednesday, April 25, 2012

Postmortem changes လူသေရင် ဘယ်လိုဖြစ်လာသလဲ

Wed, Apr 25, 2012 at 9:10 AM
ဒေါက်တာရှင့် မေးစရာလေးရှိလို့ မေးပါရစေရှင့်
သေပြီးသွားသော လူသည် အကြောများ လက်ချောင်းများမှာ ပုံမှန်လူကဲ့သို့ ပျော့ပြောင်းနိုင်ပါသလား။ ရေခဲတိုက်ထဲတွင် ၄၈ နာရီခန့် ထားပြီးနောက် ပျော့ပြောင်းပြီး ပုံမှန် လူအသားအတိုင်း ကွေးနိုင်၊ ဆန့်နိုင် ပျော့ပြောင်းနိုင်ပါသလား။ အရင့်အရင် မြင်ဘူးသော အသုဘများတွင် ပျော့ပြောင်းနေသည်ကို မတွေ့ဘူးပဲ ယခုမှ မြင်ဘူးသဖြင့် သိလို၍ မေးခြင်း ဖြစ်ပါသည်။ လူကဲသို့ အသားမှာ အိစက်နေပြီး နားရွက်များ လက်ချောင်းများမှာ ကွေးနိုင် ဆန့်နိုင်နေသည်ကို တွေ့ရပါသည်။ ရောဂါမှာ ကင်ဆာဖြင့် သေဆုံးခြင်းဖြစ်ပါသည်။

Forensic medicine မှုခင်းဆိုင်ရာ ဆေးပညာမှာ လူသေပြီးဖြစ်လာတဲ့ အပြောင်းအလဲတွေနဲ့ သေဆုံးချိန် ခန့်မှန်းချက် ဆိုတာ ပါတယ်။ လူတွေဟာ နှလုံးခုန် ရပ်သွားတော့တာနဲ့ (၁) Livor mortis သွေးတွေက အောက်ခြေနေရာဆီကို အနည်ထိုင်လာတယ်။ (၂) Rigor mortis ကိုယ်ခန္ခာတခုလုံး တောင့်တင်းလာမယ်။ (၃) Algor mortis တကိုယ်လုံး အေးစက်လာမယ်။

Livor mortis စီးသွားမနေရတော့တဲ့ သွေးတွေက ကမ္ဘာ့ဆွဲအားအရ အနည်ထိုင်တာဖြစ်လာတယ်။ အရေပြားတွေကိုလဲ ကြွက်သားတွေရဲ့ ထိန်းအား လုံးဝမရှိတော့တာမို့ ကမ္ဘာ့ဆွဲအားကိုခံရပြီး ပုံပြောင်းလာမယ်။ သိသာတဲ့ အရိုးနေရာတွေ ပိုမြင်သာမယ်။ ကိုယ်ခန္ခာကြီး အေးစက်လာတာကို သေဆုံးပြီး နာရီဝက်နဲ့ ၄ နာရီကြားမှာ တွေ့ရမယ်။ ၈-၁၂ နာရီမှာ ပြည့်စုံတယ်။

သေသူကို ပက်လက်ထားရင် သွေးတွေက တင်ပါး၊ ခါးစတဲ့ အောက်ပိုင်းနေရာတွေမှာ စုကျလာတယ်။ အနေအထား ပြောင်းသလို လိုက်ပြီး သွေးစုဝေးတာ ပြောင်းမယ်။ အသားအရေက ပန်းရောင်၊ အသားရောင်ကနေ ညိုမဲမဲ ဖြစ်ဖြစ် လာမယ်။ ခရမ်းပြာရောင်ဖြစ်တယ်။ ကြာတာနဲ့အမျှ အောက်စီဂျင် မရတော့တဲ့ သွေးတွေဟာ သွေးကြော ငယ်လေးတွေမှာ မရှိတော့ဘဲ သွေးပြန်ကြော အကြီးတွေမှာသာ ရှိလာမယ်။ အမဲကွက်တွေ ဟိုနေရာ၊ ဒီနေရာတွေမှာ ပေါ်လာမယ်။ သေဆုံးပြီး ၇ ရက်အကြာမှာ လူသေအရောင် လုံးဝပြောင်းသွားပြီး အပူဖူးတွေ ပေါ်လာတယ်။ အရေပြားက ပြော့တွဲပြီး ကွာလာမယ်။

တချို့အခြေအနေတွေမှာ အရောင်မတူတာ ဖြစ်နိုင်တယ်။ Cyanide (စိုင်းယနိုက်) အဆိပ်သင့်တာ နဲ့ (ကာဗွန်မိုနော့ဆိုက်) အဆိပ်သင့်တာ ဖြစ်ရင် ပန်းနီအရာင်၊ ဆေးဝါးကြောင့်ဖြစ်တဲ့ Methemoglobinemia ဆိုရင် အညိုရောင် ဖြစ်မယ်။ အလွန် သွေးအားနည်းသူ သေဆုံးရင် ဒါမှမဟုတ် အသားရောင် မဲနက်သူတွေမှာ ဒီလို အရောင် ပြောင်းတာ မသိသာဘူး။

Rigor Mortis သေရင် ကြွက်သားတွေဟာ လုံးဝတင်းအား မရှိတော့ဘဲ တင်းတောင့်လာမယ်။ မျက်ခွံ၊ လည်ပင်း၊ မေးရိုး တွေကနေ စဖြစ်တယ်။ တခြားကြွက်သားတွေလဲ အဲလို ဖြစ်လာမယ်။ အထဲက ကြွက်သားတွေပါ အဲလို ဖြစ်လာမယ်။ သာမန်အခြေအနေမှာ လူသေဟာ ၂-၄ နာရီကြာရင် သိသာတယ်။ ၁၂-၁၈ နာရီမှာ ပြည့်စုံသွားပြီ။
Secondary laxity အဲလို တောင့်တင်းနေခြင်းကနေ ၂၄-၃၆ နာရီမှာ ပြန်ပျော့လာမယ်။ ၄၈ နာရီဆိုရင် လုံးဝမရှိတော့ဘူး။ အချိန် မတူစေတဲ့ အကြောင်းတရားတွေ ရှိတယ်။ ကလေးတွေ သေဆုံးရင် သိပ်မသိသာဘူး။ ကြွက်သားထုထည် နည်းသူတွေမှာလဲ သိပ်မသိသာဘူး။ ရာသီဥတု သိပ်ပူနေရင်၊ မသေခင် အလှုတ်အရှား များခဲ့ရင်၊ အတက်ရောဂါ ရှိရင်၊ (အယ်လ်ကာလွိုက်) အဆိပ်သင့်တာ ဖြစ်ခဲ့ရင် အဖြစ်မြန်မယ်။ ရာသီဥတု သိပ်အေးနေရင်၊ သွေးယိုထားရင်၊ အသက်ရှူ မဝရာကနေ သေဆုံးရင်၊ (အာဆင်းနစ်) အဆိပ်သင့်လို့ သေဆုံးရင် အဖြစ်နှေးမယ်။ Lactic acid နဲ့ Glycogen အနည်း-အများနဲ့ ကြွက်သား အမျိုးအစားအပေါ် မူတည်တယ်။

• ကိုယ်အပူချိန် နွေးနေသေးတယ် + တင်းတောင့်တာလဲမဖြစ်သေးဘူး = သေတာ ၃ နာရီအတွင်းဖြစ်မယ်။
• ကိုယ်အပူချိန် နွေးနေသေးတယ် + တင်းတောင့်နေပြီ = သေတာ ၃-၈ နာရီအတွင်းဖြစ်မယ်။
• ကိုယ်အပူချိန် အေးနေပြီ + တင်းတောင့်နေပြီ = သေတာ ၈-၃၆ နာရီအတွင်းဖြစ်မယ်။
• ကိုယ်အပူချိန် အေးနေပြီ + တင်းတောင့်မနေတော့ဘူး = သေတာ ၃၆ နာရီ ကျော်သွားပြီ။

Putrefaction ပုတ်ပွခြင်းကို Decomposition လို့လဲ ခေါ်တယ်။ လူတွေ သေတာနဲ့ အမြင်အရသာမက အနုကြည့် မှန်ဘီလူးနဲ့သာ သိရတဲ့ အပြောင်းအလဲတွေ ဖြစ်တယ်။ ဇီဝ-ဓါတု အဆင့်မှာလဲ ဖြစ်တယ်။ Necrosis (ဆဲလ်) တွေ သေတော့ အထဲက Cytoplasm (ဆိုကိုပလာဇမ်) နဲ့ Mitochondria (မိုကိုကွန်းရီးယား) ဆိုတာတွေ ရောင်လာတယ်။ (အင်ဇိုင်းမ်) ဆိုတာတွေ ပျက်စီးလာတယ်။ အပျော့စား (တစ်ရှူး) တွေကုန်တဲ့အထိ ဖြစ်မယ်။ အူမကြီးထဲမှာ ပုံမှန် နေကြတဲ့ (ဗက်တီးရီးယား) တွေရှိတယ်။ လူသေလို့ ပုတ်ပွစေတာမှာ ဒီအကောင်တွေကလဲ ပိုပြီးဖြစ်စေတယ်။ အရောင်ကလဲ စိမ်းရာကနေ ခရမ်းရောင်၊ အမဲရောင် ဖြစ်လာတယ်။ လျှာ ထွက်လာမယ်။ မျက်လုံး စူထွက်လာစေမယ်။ ဗဂျိုင်းနား၊ စအိုကနေထဲ စူထွက်လာနိုင်တယ်။ Putrescine နဲ့ Cadaverine ခေါ်တဲ့ ဓါတ်ငွေ့ ၂ မျိုး ထွက်တယ်။ အပူချိန် ၃၂ (အက်ဖ်) အောက်မှာ မထားရင်ဖြစ်မယ်။ ဓါတ်ငွေ့တွေကြောင့် အနံ့ဆိုးတဲ့ အရည်တွေလဲ နှာခေါင်း၊ ပါးစပ်၊ အပေါက် ရှိသမျှကနေ ထွက်လာမယ်။ အပုပ်နံ့ဟာ (ဆာလ်ဖါ) ပါနေတဲ့ ဓါတ်ငွေ့တွေကြောင့် နဲ့ သွေးနီဥတွေ ပျက်စီးရာကနေ ဖြစ်တယ်။

• သာမန်အခြေအနေမှာ သေပြီး ၂၄-၃၆ နာရီအတွင်းမယ် အရင်ဆုံး ဗိုက်အောက်ပိုင်း ညာဘက် နေရာမှာ ခပ်စိမ်းစိမ်းအရောင် ပြောင်းလာတယ်။ ဗိုက်တပြင်လုံး၊ ရင်ပတ်၊ ပေါင်တွေ ဆက်ဖြစ်မယ်။
• ၃၆-၄၈ နာရီ အတွင်းမှာ မျက်နှာနဲ့ ကိုယ် ဖေါရောင်လာမယ်။ တကိုယ်လုံးဖြစ်ဘို့ ၆ဝ-၇၂ နာရီ အချိန်ကြာတယ်။
• သေဆုံးသူဟာ ရောဂါပိုးဝင်တာ ဆိုးခဲ့ရင် ပုတ်ပွဖြစ်စဉ်က ၉-၁၂ နာရီအတွင်းမှာ ဖြစ်မယ်။
• ၇-၁၄ ရက် အတွင်းမှာ ဗိုက်၊ ကပ်ပယ်အိတ်၊ ရင်သား၊ လျှာတွေ ဖေါင်းပွလာမယ်။ မျက်လုံး စူထွက်လာမယ်။
• အပူချိန်များရင် မြန်မယ်။ အဝတ်နဲ့ပတ်ထားရင် နှေးမယ်။ လေထဲမှာထားရင် မြန်မယ်။ မြေထဲမြှုတ်ရင် နှေးမယ်။
• စိုထိုင်းဆ များရင်၊ အပူချိန်ကျရင် နှေးမယ်။ လူသေကို အဝတ်အထည်နဲ့ ပတ်ထားရင် နှေးမယ်။ လူသေကို ဘယ်ကြမ်းပြင်မှာ ထားသလဲအပေါ်လဲ မူတည်တယ်။ လူသေထားတဲ့အခန်း လေဝင်-လေထွက် အပေါ်လဲ မူတည်တယ်။
• Algor mortis အေးစက်လာမှုကို အပူချိန်တိုင်း သာမိုမီတာတမျိုးနဲ့ တိုင်းရတယ်။ ဥပမာ နားရွက်၊ စအိုတိုင်း သာမိုမီတာ။
• အလောင်း အေးစက်လာတာဟာ အပေါ်ယံကနေ အတွင်းထဲကိုသွားတယ်။ ၁-၂ နာရီမှာ မသိသာသေးဘူး။ ဒိနောက်တော့ ၁ နာရီကြာတိုင်း ၁့၅ ဒီဂရီကျတယ်။ နာရီ ၂ဝ-၃ဝ အကြာမှာ ထားတဲ့ အခန်းအပူချိန်နဲ့ တူလာမယ်။
• မသေခင် ကိုယ်ပူခဲ့သူတွေ၊ ကိုယ်လက်လှုတ်ရှား များသူတွေ၊ (ကိုကိန်း) သုံးသူတွေမှာ အေးတာ နှေးမယ်။
• ၃-၄ ပါတ် အတွင်းမှာ ဆံပင်၊ လက်သည်း-ခြေသည်း၊ သွားတွေ ချောင်လာမယ်။
• အထဲက ဖေါရောင်နေတဲ့ အင်္ဂါတွေ ပေါက်ထွက်လာမယ်။ အရည်လိုဖြစ်သွားမယ်။
• အင်္ဂါတခုနဲ့တခု မတူဘူး။ သားအိမ် နဲ့ ဆီးကျိတ်တွေက အတော် ခံနိုင်ကြတယ်။ ဒါကြောင့် သေးဆုံးပြီး တနှစ်လောက်အထိ လူသေကို ကျား-မ ခွဲခြားဘို့ ဖြစ်နိုင်စေတယ်။
• ဥပဒေသတခုက “လေထဲ ၁ ပါတ် = ရေထဲ ၂ ပါတ် = မြေထဲ ၈ ပါတ်”။

ထူးခြားချက်တွေ
• တချို့လူသေတွေ Rigor mortis တောင့်တင်းတာ မသိသာတာလဲ ရှိပါတယ်။ ဒါကို Supernatural powers သဘာဝလွန် (ပါဝါ)လို့ ပြောလေ့ရှိတယ်။ Limber corpses လို့လဲ ခေါ်တယ်။
• Heat stiffening ဆိုတာ မီးလောင်ပြီး သေဆုံးရရင် ကြွက်သားတွေ ချက်ပြုတ်ခံရသလိုနေတယ်။
• Cold stiffening ဆိုတာ အပူချိန် ၄ဝ ဒီဂရီအောက်ကျနေရင် အဆီနဲ့ ကြွက်သားတွေ အေးခဲပြီး ဖြစ်တယ်။
• Adipocere ဆိုတာ ကိုယ်ထဲက အဆီတွေ ဓါတ်ပြောင်းလဲလို့ဖြစ်တယ်။ စိုထိုင်းတဲ့ ပါတ်ဝန်းကျင်မှာ ဖြစ်တယ်။ လနဲ့ကြာတယ်။ အဆီတွေက ပိုမာပြီး ဖယောင်းလို ဖြစ်လာတယ်။
• Mummification (မမ်မီ) ဖြစ်စဉ်ဆိုတာ လေဝင်-လေထွက်ကောင်းနေမယ်၊ ပတ်ဝန်းကျင်က ခြောက်သွေ့ပြီး နွေးနေမယ်ဆိုရင် သေဆုံးပြီး ၁ ပါတ်အကြာမှာ (မမ်မီ) ဖြစ်စဉ် အစောဆုံးဖြစ်နိုင်တယ်။ ဒီအတိုင်းထားရင် ၃-၆ ပါတ်မှာ ပြည့်စုံသွားမယ်။ ပေါ်နေတဲ့ လက်ချောင်းတွေ၊ ခြေချောင်းတွေမှာ သိသာတယ်။ ရှေးဟောင်း အီဂျစ်မှာ တမင်တကာ Embalming the body လုပ်ပေးရတာမျိုးသဘော အလိုလို ဖြစ်လာတာမျိုးကို ပြောတာဖြစ်တယ်။ မြန်မာပြည်မှာ အဲလိုဖြစ်တော့ ကွယ်လွန် (ပျံလွန်) ပြီးတော့ တန်ခိုးပိုကြီးစေတယ်။
• Cadaveric Spasm ဆိုတာ ရှားတယ်။ လက်ထဲဆုပ်ထားတဲ့ ဒါးကို ဖြေယူလို့မရဖြစ်တာမျိုး။ Rigor mortis နဲ့မတူဘူး။ The last act of life ခေါ်တယ်။ မသေခင် ကြမ်းတမ်းမှုရှိခဲ့လို့ ဖြစ်ရတာလို့ ယူဆတယ်။ စိတ်ရော ရုပ်ပါကြောင့်ဖြစ်စေနိုင်တယ်။ ဥပမာ ရေနစ်သူလက်ထဲ ရေမှော်ပင် ဆုပ်ထားမယ်။ ဒီနာမည်နဲ့ (ဖီလာဒဲလ်ဖီးယား) မှာ ဂီတဝိုင်းတခုလဲ ရှိတယ်။

Dr. တင့်ဆွေ
၂၅-၄-၂ဝ၁၂

Tuesday, April 24, 2012

Q and A April 2012 (3)

1. ကျွန်တော် ချစ်သူက သူ့ နာခေါင်းက မလှလို့ဆိုပြီး
2. Aqueous Crystaline Penicillin (G) နှင့် Aqueous Crystaline Penicillin (V) ထိုးဆေးနှစ်မျိုးဟာ
3. ကျမလည်း ဒီအလာဂျီနှာခေါင်းနဲ့ပတ်သက်ပြီး ဖြစ်လာတာ
4. ကျနော့်ခြေထောက်မှာ ပွေးရောဂါလိုဖြစ်တာကြာပြီ၊
5. ခါးက နေ့တိုင်းနာနေတာကို ဘယ်လိုဆေးသုံးရမည်နည်း။

Tue, Apr 24, 2012 at 7:12 AM
ကျွန်တော် ချစ်သူက သူ့ နာခေါင်းက မလှလို့ဆိုပြီး ခွဲစိတ်ခွဲသချင်ပါတယ်တဲ့။ အဲဒီလို နာခေါင်း ခွဲစိတ်ကုသထားတဲ့လူမှာ ကျမ်းမာရေးနဲ့ပါတ်သက်ပြီး ဘာတွေများ စိုးရိမ်ရပါသလည်း။ မျက်နှာခွဲစိတ်ကုသတဲ့ လူတယောက်ရဲ့ နောက်ပိုင်း ဆိုးကျိုးက ဘာတွေဖြစ်ပါသလည်း။ အဲဒီလို နားခေါင်း ခွဲစိတ်ကုသထားတဲ့ လူတယောက်ရဲ့ နားခေါင်း အနံ့ခံတဲ့အပိုင်း ကရောပုံမှန်ပဲလား။ ချက်တဲ့အခါ ကြော်တဲ့အခါ ညှော်နံ့တွေရတဲ့အခါ အန္တရာယ်ရှိပါသလား။ တခြားဘာတွေများ ဖြစ်နီုင်ပါသေးလည်း။

• Nose Plastic Surgery နှာခေါင်း လှချင်သူ http://dts-medicaleducation.blogspot.com/2011/02/nose-plastic-surgery.html

Tue, Apr 24, 2012 at 10:04 AM
ကျမလည်း ဒီအလာဂျီနှာခေါင်းနဲ့ပတ်သက်ပြီး ဖြစ်လာတာ ၁ နှစ်ခွဲလောက်ရှိပြီ။ ကျမဆေးရုံသွားပြတော့ ဆရာဝန်က FENAFEX ဆေးပေးလာတယ်။ သောက်လိုက်ရင်သက်သာတယ်။ ဒါပေမဲ့ ဆေးကုန်သွားတဲ့အခါ ပြန်ဖြစ်တယ်။ တခါတခါ နာချီရင် နေ့တ၀က်လောက် ကြာတယ်။ ပြီးတော့ နှာရည် (အဖြူရောင်) ပါယိုတယ်။ ဒီလိုနဲ့ဘဲ သံသရာလည်လာတာ ၁ နှစ်ခွဲပြီ။ ဒါကြောင့် ဒီရောဂါအမြစ်ပြတ်တဲ့ဆေးရှိပါသလား။ ဘယ်လိုမှ မပျောက်နိုင်တဲ့အတွက် ဆရာညွန်ကြားတဲ့ဆေးကို ပြောင်းသောက်ကြည့်ချင်တယ်။ တကယ်လို့ သောက်မယ်ဆိုရင် Cetirizine hydrochloride ဆေးတမျိုးတည်း သောက်ရင်ကော ရပါသလား။

အလာဂျီနှာခေါင်းကို ဖတ်ပြီးပြီလားတော့ မသိပါ။ ဆေးက ၃ မျိုးလိုတယ်။ ဆေးတွေကလဲ စားဆေး၊ နှာခေါင်းထည့်ဆေး နဲ့ မျက်စဉ်းတွေရှိတယ်။ ဒါတင်မက လူနေမှုပုံစံ ပြောင်းဘို့လဲ လိုနိုင်တယ်။
• Allergic rhinitis အလာဂျီ နှာခေါင်း http://dts-medicaleducation.blogspot.com/2010/08/allergic-rhinitis.html
• Allergy medications (အလာဂျီ) ကို ဘယ်လို ကုသမလဲ http://dts-medicaleducation.blogspot.com/2011/05/allergy-medications.html
• Allergy သို့မဟုတ် မတည့်အတူနေ http://dts-medicaleducation.blogspot.com/2010/05/allergy.html

Tue, Apr 24, 2012 at 6:40 AM
Aqueous Crystaline Penicillin (G) နှင့် Aqueous Crystaline Penicillin (V) ထိုးဆေးနှစ်မျိုးဟာ ကွာခြားမှုရှိပါသလဲ။ (G) အစား (V) ကို အစားထို၍သုံးလို့ ရပါသလား။

Penicillin ဆိုတာ G ဆိုရင် ထိုးဆေး၊ V ဆိုရင် စားဆေးဖြစ်တယ်။ ဆေးစာကို အသေအခြာ ဖတ်ပါအုံး။
Procaine penicillin G 600,000 U mixed with crystalline penicillin G 200,000 U IM
Aqueous crystalline penicillin G 1,000,000 U IM mixed with procaine penicillin G 600,000 U IM
Penicillin V tablet ဆိုပြီးလာတယ်။ လိုအပ်ရင် ထပ်မေးပါ။

Mon, Apr 23, 2012 at 2:58 PM
ကျနော့်ခြေထောက်မှာ ပွေးရောဂါလိုဖြစ်တာကြာပြီ၊ ၂ နှစ်ကျော်နေပြီ။ ဆေးလိမ်လည်း မသက်သာဘူး။ ဆေးသောက်ရင်လည်း မသက်သာဘူး။ Griseofullavin ဆေးလည်း ၃ ပတ်လောက်သောက်ပြီးပြီ မသက်သာဘူး။ Clotrimazone ရယ် Hydrocontisone လိမ်းဆေးတွေလည်း လိမ်လာခဲ့တာကြာပြီး မသက်သာနိုင်ဘူး။ အရေပြားကင်ဆာ ဖြစ်သွားမှာကိုလည်း စိုးရိမ်လို့။

• Ringworm ပွေး http://dts-medicaleducation.blogspot.com/2011/11/ringworm.html
• Fungal infections မှိုအမျိုးမျိုး ဆေးအမျိုးမျိုး http://dts-medicaleducation.blogspot.com/2010/10/fungus.html
• Allergy Relief Kit (အလာဂျီ) ရှေးဦးသူနာပြု ဆေးအိတ် http://dts-medicaleducation.blogspot.in/2012/04/allergy-relief-kit.html

Tue, Apr 24, 2012 at 4:27 PM
ခါးက နေ့တိုင်းနာနေတာကို ဘယ်လိုဆေးသုံးရမည်နည်း။ ခါးနာရတဲ့အကြောင်းကတော့ အလေးအပင်တွေ မတယ်ရယ် ပြီးတော့ တူနဲ့ထုရတာတွေ လုပ်ရပါတယ်။ အဲဒါတွေကြောင့် ဖြစ်တာလာမသိပါဘူး။ အဲဒါကို ပျောက်အောင် ဘယ်လိုများ လုပ်ရပါမလဲရှင်။

• Low Back Pain ခါးနာ သက်သာစေရန် http://dts-medicaleducation.blogspot.in/2012/02/low-back-pain.html

Monday, April 23, 2012

Allergy Relief Kit (အလာဂျီ) ရှေးဦးသူနာပြု ဆေးအိတ်

(အလာဂျီ) ဆိုတာ မတည့်တာနဲ့ ပတ်သက်ပြီး ခံစားရတာကို ခေါ်တယ်။ သာမန်ကာရှန်ကာ အဆင့်လောက်ကနေ ဆေးရုံတက်ရတဲ့အထိလဲဆိုးနိုင်တယ်။ လူ့အသက်အန္တရာယ်ပါ ထိခိုက်စေနိုင်တယ်။ ချက်ချင်းကုသရင် ခဏနဲ့ ပျောက်တယ်။ ဆရာဝန်မပါဘဲ ကုလို့ရနိုင်တာတွေ ရှိပါတယ်။ အိမ်မှာတင် အဆင်သင့်ဆောင်ထားပါ။ သွားလေရာ ယူသွားပါ။ (အလာဂျီ) ရှေးဦးသူနာပြု ဆေးအိတ်ထဲမှာ ဘာတွေပါရမလဲဆိုတော့ -

• Skin Creams and Lotions လိမ်းဆေး
အရေပြားမှာ ယားယံပြီး အနီပိန့်တွေအတွက် Moisturizer နဲ့ Hydrocortisone cream ကိုဆောင်ထားပါ။ Moisturizers ကနေ အရေပြားကို ယားတာ၊ နေမထိထိုင်မသာဖြစ်တာကို သက်သာစေမယ်။ Hydrocortisone ကနေ ရောင်ရမ်းခြင်း ဖြစ်စဉ်ကို သက်သာစေမယ်။ Calamine lotion ကောင်းပါတယ်။ Zinc oxide (ZnO) + 0.5% Ferric oxide (Fe2O3) ရောထားတဲ့ဆေးဖြစ်တယ်။

• Injectable Epinephrine (အပီနက်ဖရင်း) ထိုးဆေး
Adrenaline လို့လဲခေါ်တယ်။ Hormone ဟော်မုန်း တမျိုး နဲ့ Neurotransmitter ဖြစ်တယ်။ ဆိုးဝါးတဲ့ (အလာဂျီ) ရရင် ဆေးထိုးမှ မြန်မြန်သက်သာမယ်။ တချို့ အခြေအနေတွေက အသက်ကိုပါ ရန်ရှာနိုင်တယ်။ Anaphylaxis (Shock) ခေါ်တယ်။ အလွယ်ထိုးလို့ရတဲ့ Epinephrine (အပီနက်ဖရင်း) ထိုးဆေးကို EpiPen or Twinject နာမည်နဲ့ ဝယ်လို့ရတယ်။ ဆေးမတည့်တာ၊ အစာမတည့်တာ၊ အကောင်ကိုက်တာကနေ (အလာဂျီ) ရတာတွေကို ချက်ချင်းသက်သားစေမယ်။ ဆိုးဝါးတဲ့အဆင့်ဆိုတာ အသက်ရှူလမ်းကြောင်း ရောင်လာလို့ အသက်ရှူ ခက်လာမယ်၊ သွေးဖိအား ကျလာမယ်၊ ဂနာမငြိမ်ဖြစ်လာမယ်။

• Decongestants (ဒီကွန်ဂျက်စတင့်) ဆေး
(အလာဂျီ) ရရင် Congestion (ကွန်ဂျက်ရှင်း) ဆိုတာဖြစ်လာမယ်။ နှာခေါင်းက တင်ရှူးတွေမှာ သွေးကြောတွေကျယ်လာလို့ ရောင်ရမ်း နီရဲလာတာ ဖြစ်တယ်။ ဒီလိုဖြစ်စဉ်ကို သက်သာအောင် (ဒီကွန်ဂျက်စတင့်) ဆေးပေးရတယ်။ ဒီဆေး တမျိုးထဲလဲ ရှိတယ်။ (အင်တီဟစ်တမင်း) နဲ့ တွဲလာတာလဲ ရှိတယ်။

• Nasal Sprays နှာခေါင်းထည့်ဆေး
(ဒီကွန်ဂျက်စတင့်) ဆေးက နှာခေါင်းထည့်ဆေးအနေနဲ့လဲ ရှိတယ်။ ဒါပေမဲ့ ရက်ကြာကြာ မသုံးရပါ။

• Antihistamines (အင်တီဟစ်တမင်း)
ဒီဆေးမျိုးက စားဆေးနဲ့ အရင်က အသုံးများတယ်။ နှာခေါင်းထည့်ဆေးအနေနဲ့လဲ ရတယ်။ (ဒီကွန်ဂျက်စတင့်) နဲ့ ရောထားတာလဲ ရှိတယ်။

• Medical alert bracelet ဆေးလက်ကောက်
(အလာဂျီ) ဖြစ်ဖူးသူတိုင်း ကိုယ့်ကျန်းမာရေး ရာဇဝင် မှတ်တမ်း အမြဲဆောင်ထားရမယ်။ အသက်ကိုပါ ရန်ရှာနိုင်တဲ့ အဆင့်အထိ ရှိသူဆိုရင် လက်မှာပတ်ထားလို့ရတဲ့၊ အချက်အလက်တွေအစုံပါတဲ့ လက်ကောက်ကို အမြဲပတ်ထားသင့်တယ်။ ကိုယ်နဲ့မတည့်တဲ့ ဆေး နဲ့ အစားအစာစာရင်း၊ သုံးနေတဲ့ဆေးစာရင်း၊ ကုသပေးနေတဲ့ ဆရာဝန်-ဆေးခန်း၊ အရေးပေါ်ဌာန စတာတွေ ပါရတယ်။

• Bronchodilators လေပြွန်ကျယ်ဆေး
(အလာဂျီ) ဖြစ်စေတာတွေကနေ Asthma ပန်းနာအထိ ဖြစ်သွားတတ်တယ်။ ပန်းနာထတာဟာ လေပြွန်လေးတွေကျဉ်းလို့ အသက်ရှူမဝ ဖြစ်တာသာ ဖြစ်တယ်။ လေပြွန်ကျယ်ဆေး ပေးရတယ်။ စားဆေး၊ ထိုးဆေးရှိတယ်။ အလွယ်ဆုံးက ရှူဆေးဘဲ။ ဒီဆေးမျိုးသက်သက် ပါတာက နဲနဲဖြစ်ရင် တခါနှစ်ခါသာ ရှူတာနဲ့ သက်သာစေတယ်။ Steroids ပါတဲ့ရှူဆေးက ချက်ချင်းဖြစ်တာအတွက် မကောင်းဘူး။ ရေရှည်အတွက် သုံးသင့်တယ်။

• Dust-Proof Pillowcase ခေါင်းအုန်း
ခေါင်းအုန်းကို အမှုံမထစေနိုင်တာမျိုး သုံးပါ။ အထူးသဖြင့် ခရီးထွက်ရဖန်များသူတွေ တပါတည်းဆောင်သွားသင့်တယ်။ Dust mite-proof, zippered pillow covers အမျိုးအစားကို သုံးပါ။

• Allergy Relief Kit ဘယ်မှာထားမလဲ
အစုံပါနေ-မနေ စစ်ဆေးပါ။ ဆေးရက်လွန်သွားတာတွေ အစားထိုးပါ။ သွားလေရာ သယ်သွားပါ။ အိမ်မှာလဲ ရှာလို့လွယ်ရာမှာ ထားပါ။

• Eye Drops မျက်စဉ်း
(အလာဂျီ) ကြောင့် မျက်စိမှာ ယားပြီး မျက်ရည်တွေ ကျနိုင်တယ်။ Allergy Eyedrops (အလာဂျီ) သုံး မျက်စဉ်းအမျိုးမျိုး ရှိတယ်။ (အလာဂျီ) မျက်စဉ်းထဲမှာ မျက်စိကျိန်းတာသုံးရတဲ့ ပိုးသေဆေး မျက်စဉ်းတွေ၊ ဗိုင်းရပ်စ်ကြောင့် ဖြစ်တာအတွက် သုံးတာမျိုးတွေ၊ မှိုအတွက် သုံးရတာမျိုးတွေ မပါဘူး။ ကျန်းမာရေး သုတအတွက် ထည့်ရေးပါရစေ။
- Antihistamine eye drops (အင်တီဟစ်တမင်း) မျက်စဉ်း = Alergoftal; Azelastine (Optivar); Cromolux; Ketotifen (Zaditor); Patanol (Olopatadine); Emedastine (Emadine); Pheniramine (Opcon-A);
- Decongestant eye drops (ဒီကွန်ဂျက်စတင့်) မျက်စဉ်း = Tetrahydrozoline hydrochloride (Visine, Murine Plus, Eyesine); Naphazoline hydrochloride (Albalon, Vasocon, Allerest);
- Antihistamine/decongestant combination eye drops (အင်တီဟစ်တမင်း) + (ဒီကွန်ဂျက်စတင့်) မျက်စဉ်း = Visine-A; Opcon-A; Naphcon-A;
- Nonsteroidal anti-inflammatory drug (NSAID) eye drops အနာ-အကိုက်သာက်သာစေတဲ့ မျက်စဉ်း = Nepafenac (Nevanac); Acular (Ketorolac);
- Corticosteroid eye drops (စတီရွိုက်) မျက်စဉ်း = Flomex (Fluorometholone, FML); Loteflam (Loteprednol etabonate, Lotemax, Alrex); Pred Forte (Prednisone acetate, EconoPred);
- Mast cell stabilizers (MCS) and MCS combination eye drops (မတ်စ်ဆဲလ်) + အခြား မျက်စဉ်း = Azelastine (Astelin); Cromal (Cromolyn, Crolom); Emedastine (Emadine); Epina; Ketotifen (Zaditor); Lodoxamide (Alomide); Nedocromil (Alocril); Olopatadine hydrochloride (Patanol); Pemirolast (Alamast);
- Artificial tears/saline solution/ointment eye drops မျက်ရည်တု မျက်စဉ်း = Vision White Petroleum Mineral Oil; Tears Renewed; Refresh; Liquifilm Tears; Adsorbotear;
- Antibiotic eye drops ပဋိဇီဝမျက်စဉ်း = Brulamycin; Cipmox (Ciprofloxacin, Cipro, Ciplox); Erythromycin (Erycette, Akne-Mycin); Gentamicin (Garamycin, Genoptic, Cidomycin); Ocuflox (Ofloxacin, Floxin); Sulfacetamide (Sulfex, Cetamide); Tobrex (Tobramycin); Vigamox (Monofloxacin); Zymar (Gatafloxin);
- Antiviral eye drops (ဗိုင်းရပ်စ်) အတွက် မျက်စဉ်း = Trifluridine (Viroptic); Trifluorothymidine; Idoxuridine (Herplex Liquifilm); Adenine arabinoside (Vira-A);
- Glaucoma eye drops ရေတိမ်ရောဂါအတွက် မျက်စဉ်း = Allergan; Alphagan; Azopt; Betagan (Levobunolol, AKBeta); Betoptic (Betaxolol, Kerlone); Combigan; Dorzox (Dorzolamide, Trusopt); Isopto; Lumigan; Latim (Latanoprost, Xalatan); Metipranolol (OptiPranolol); Timolol (Cosopt, Timoptic, Blocadren); Travatan; Pilagan (Pilocarpine, Pilocar, Carpine);

Allergy medications (အလာဂျီ) ကို ဘယ်လို ကုသမလဲ http://dts-medicaleducation.blogspot.in/2011/05/allergy-medications.html
• Allergic rhinitis အလာဂျီ နှာခေါင်း http://dts-medicaleducation.blogspot.com/2010/08/allergic-rhinitis.html
• Allergy and Worm နာတာရှည် (အလာဂျီ) နှင့် သန်ကောင် http://dts-medicaleducation.blogspot.com/2010/09/chronic-allergies.html
• Allergy သို့မဟုတ် မတည့်အတူနေ http://dts-medicaleducation.blogspot.com/2010/05/allergy.html

Dr. တင့်ဆွေ
၂၄-၄-၂ဝ၁၂

Sunday, April 22, 2012

Q and A 2012 April (2)

1. ကျွန်မ အသက်က ၃၇ နှစ်၊ အိမ်ထောင်မရှိပါ။
2. အသဲရောင် စီ ပိုး ရှိတဲ့ သူဟာ ဆေးကုလို့ လုံးဝ ပျောက်ကင်းနိုင်ပါသလား။
3. ကျမက ကိုယ်ဝန်သည်၊ ၆ လထဲမှာပါ။
4. ယောက်ျား ဒူလာ၊ မိန်းမ မီးယပ်တဲ့။ အဲဒါ ဘာကိုဆိုလိုကြတာလဲဆရာ။
5. ကျွန်တော်က အူကျနေတာပါ။
6. တချို့လူတွေဟာ ဘာ့ကြောင့်နှာခေါင်းသွေးလျှံတတ်ကြတာလဲ။
7. ကျွန်တော့်မှာ အသဲရောင် စီ ပိုးရှိနေတယ်လို့ ဆရာဝန်က ပြောပါတယ်။

Fri, Apr 20, 2012 at 10:03 AM
ကျွန်မ အသက်က ၃၇ ပါ။ အိမ်ထောင်မရှိ။ VOA ကနေ ဆရာ့ website အကြောင်း သိလိုက်ရတယ်။ သိချင်တာတွေမေးပါရစေ။ (့) ကို ပြောင်းရွေ့တာဝန်ထမ်းဆောင်တဲ့အချိန် (၂ဝ၁ဝ) ကစပြီး အစာအိမ် သိပ်မကောင်းတော့ပါဘူး။ ခုထိပါပဲ။ ညနေစာ ဝအောင်စားလို့ မရဘူး။ များများစားရင် ညမှာဗိုက်ကနေ ရင်ဘတ်ထိ ခါးကနေ လက်ပျဉ်ထိ တောင့်နေပါတယ်။ လက်ဇက်၊ ဂေါ်ဇီထုပ်စားရင် ပိုဆိုးတယ်။ ဘာဇြစ်တာလဲ။

• Peptic ulcer လေနာ ဆိုတာ ဘုရင်မှာလည်း ဖြစ်သည် http://dts-medicaleducation.blogspot.com/2010/05/peptic-ulcer.html
• Peptic Ulcer Diagnosis လေနာရောဂါကို ဆေးစစ်ခြင်း http://dts-medicaleducation.blogspot.com/2010/09/peptic-ulcer-diagnosis.html

Thu, Apr 19, 2012 at 11:05 PM
အသဲရောင် စီ ပိုး ရှိတဲ့ သူဟာ ဆေးကုလို့ လုံးဝ ပျောက်ကင်းနိုင်ပါသလား။ ဆေးမကု ဆေး မစားရင် ရောဂါ အခြေအနေ ဘယ်လောက် ဆိုးဝါးနိုင်ပါသလဲ။ ဘယ်လိုဝေဒနာတွေကို ခံစားရနိုင်ပါသလဲ။ သက်တမ်းစေ့ နေနိုင်ပါသလား။ အခု မိန်းမယူဖို့ လုပ်နေလို့ မိန်းမယူရင် မိန်းမကို ကူးစက်နိုင်ပါသလား။ ကလေးယူရင် ကလေးကို ကူးစက်နိုင်ပါသလား။

• Hepatitis C (1) (စီ) ပိုး (၁) http://dts-medicaleducation.blogspot.com/2011/11/hepatitis-c.html
• Hepatitis C (2) စီ ပိုး နောက်ဆက်တွဲ http://dts-medicaleducation.blogspot.com/2011/03/hepatitis-c.html
• Hepatitis C Vaccine အသဲရောင် (စီ) ကာကွယ်ဆေး အလားအလာရှိ http://dts-medicaleducation.blogspot.com/2012/01/hep-c-vaccine.html
• Hepatitis C (3) (စီ) ပိုး (ဗိုင်ရယ်လ်-လုဒ်) http://dts-medicaleducation.blogspot.in/2012/02/hepatitis-c-2.html

Thu, Apr 19, 2012 at 11:25 AM
ကျမက ကိုယ်ဝန်သည်၊ ၆ လထဲမှာပါ။ ခုတလော ခါးတွေနာပြီး ရင်ညွှန့်အလယ်က အောင့်နေတတ်ပါတယ်။ အသက်ရူမဝသလို ခံစားရပါတယ်။ ပထမမေးချင်တာတစ်ခုက ကလေးစောမွေးတာ ဘာကြောင့်လဲဆိုတာပါ။ ကျမ ကြားဖူးတာ ကလေးက ၆ လမှာမွေးရင် အသေ၊ ၇ လဆို အသက်ရှင်တယ်တဲ့။ ၈ လမှာမွေးရင်လည်း သေတတ်တယ်၊ ၉ လမှသာ ရှင်တယ်ဆိုတာ ဟုတ်ပါသလား။ ကျမ ယောက်မက ၇ လမှာ ကလေးမွေးဖူးပါတယ်။ မွေးတုန်းက ကလေးက သေးသေးလေး။ ခုအဲဒီကလေးက ဥာဏ်ရည်ကော အရွယ်အစားပါပုံမှန်ပါပဲ။ ကျမက စောမွေးမှာကြောက်နေလို့ပါ။ နောက်တခုက ကျမက အလှအပကြိုက်ပါတယ်။ ကလေးကိုယ်ဝန်ဆောင်နေတုန်း မိတ်ကပ် လိုးရှင်းမလိမ်းရတာတို့၊ ဆံပင် ကောက်တာ ဆေးဆိုးတာတို့လုပ်ရင် ကလေးပျက်စီးတတ်တယ်ဆိုတာ ဟုတ်ပါသလား။ ဆံပင်ဆေးဆိုးတာလုပ်မိလို့ စိတ်ပူနေပါတယ်။ ကလေးမှာ အန္တရယ်ရှိနေနိုင်လား။

ကိုယ်ဝန်အတွက် စာတွေ အများကြီး ရေးထားပါတယ်။ သိချင်တာ ရွေးဖတ်နိုင်ပါတယ်။ ယေဘုယျပြောရရင် ၇ လ ပြည့်မှ ကလေးရှင်နိုင်တယ်။ အချိန်စောမွေးတာရော ကိုယ်အလေးချိန်မပြည့်တာရော မွေးကတည်းက ဂရုစိုက်ပေးရတယ်။ စောမွေးစေတဲ့အကြောင်းတွေ တခုမက ရှိတယ်။ နည်းပါတယ်။ ကြိုတင် စိုးရိမ်မနေသင့်ပါ။ ကိုယ်ဝန်ကို အသေအခြာအပ်ထားပါ။ ဆေးသောက်ခိုင်းတာ၊ အစာစားခိုင်းတာ လိုက်နာပါ။
အလှအပ လုပ်လို့ရပါတယ်။ ရေးထားတာလဲ ရှိပါတယ်။ ဆံပင်ဆိုးဆေးက ကိုယ်နဲ့တည့်ရင် ကလေးအတွက် ကိစ္စမရှိပါ။
• Pregnancy and Ejaculation ကိုယ်ဝန် နဲ့ သုက်လွှတ်ခြင်း http://dts-medicaleducation-adult.blogspot.in/2012/03/pregnancy-and-ejaculation.html
• Pregnancy Signs ကိုယ်ဝန်ရှိခြင်း လက္ခဏာ (၂ဝ) http://dts-medicaleducation-adult.blogspot.in/2012/03/pregnancy-signs.html
• Pregnancy Stages ကိုယ်ဝန်ဆောင် အဆင့်များ http://dts-medicaleducation-adult.blogspot.in/2012/03/stages-of-pregnancy.html
• Pregnancy after tubes are tied သားကြောဖြတ်ပြီး ကလေးပြန်ရချင်တယ် http://dts-medicaleducation.blogspot.com/2010/10/how-to-get-pregnant-after-tubes-are.html?zx=4d40125ad408d815
• Pregnancy and Air Travel ကိုယ်ဝန်နဲ့ လေယာဉ်ခရီး http://dts-medicaleducation.blogspot.com/2011/01/pregnancy-and-air-travel.html
• Pregnancy and Exercise ကိုယ်ဝန်ဆောင် လေ့ကျင့်ခန်း http://dts-medicaleducation.blogspot.com/2011/01/exercising-during-pregnancy.html
• Pregnancy and Hepatitis C အသဲရောင် (စီ) နဲ့ ကိုယ်ဝန် http://dts-medicaleducation.blogspot.com/2011/11/pregnancy-and-hepatitis-c.html
• Pregnancy and Prednisolone ကိုယ်ဝန်နှင့် (ပရက်နဆိုလုံး) http://dts-medicaleducation.blogspot.com/2011/11/pregnancy-and-prednisolone.html
• Pregnancy and Rheumatic disease ကိုယ်ဝန်ဆောင်နဲ့ လေးဘက်နာ http://dts-medicaleducation.blogspot.in/search?q=Pregnancy+and+Rhumatoid+arthritis
• Pregnancy and Rubella (ရူဘဲလား) နဲ့ ကိုယ်ဝန် http://dts-medicaleducation.blogspot.com/2010/12/pregnancy-and-rubella.html
• Pregnancy and Sleeping pills အိပ်ဆေးနဲ့ ကိုယ်ဝန် http://dts-medicaleducation.blogspot.com/2011/01/sleeping-pills-and-pregnancy.html
• Pregnancy and Vomiting ကိုယ်ဝန်နှင့် အန်ခြင်း http://dts-medicaleducation.blogspot.in/2011/11/pregnancy-and-vomiting.html
• Pregnancy after tubes are tied သားကြောဖြတ်ပြီး ကလေးပြန်ရချင်တယ် http://dts-medicaleducation.blogspot.com/2010/10/how-to-get-pregnant-after-tubes-are.html
• Pregnancy and Ultrasound ကိုယ်ဝန်ဆောင် နှင့် (အာလ်ထွာ-ဆောင်း) http://dts-medicaleducation.blogspot.com/2010/09/pregnancy-and-ultrasound.html
• Pregnancy Tests ကိုယ်ဝန် ရှိ-မရှိ စမ်းသပ်ခြင်း http://dts-medicaleducation.blogspot.com/2010/11/pregnancy-tests.html
• Pregnancy, CS and Anesthesia ဗိုက်ခွဲမွေးတာ ဘယ်မေ့ဆေး သုံးမှာလဲ http://dts-medicaleducation.blogspot.com/2011/11/pregnancy-cs-and-anesthesia.html
• Oscar Test နဲ့ Triple Test ကိုယ်ဝန်ဆောင်စဉ် စစ်ဆေးနည်းများ http://dts-medicaleducation.blogspot.in/2012/04/oscar-test-triple-test.html
• Prenatal Tests ကိုယ်ဝန်ဆောင်စဉ် စမ်းသပ်ရမဲ့ စစ်ဆေးနည်းများ http://dts-medicaleducation.blogspot.in/2012/03/prenatal-tests.html
• Third trimester of pregnancy ကိုယ်ဝန်ဆောင် နောက်ဆုံး (၃) လ http://dts-medicaleducation.blogspot.in/2012/03/third-trimester-of-pregnancy.html
• Foods for Healthy Hair ဆံပင် အာဟာရ http://dts-medicaleducation.blogspot.in/2012/03/foods-for-healthy-hair.html
• Hair & Health ဆံပင်က သင့်ကျန်းမာရေးကို ပြောနေတယ် http://dts-medicaleducation.blogspot.in/2012/03/hair-health.html
• Beauty Product Dangers အလှအပသုံးပစ္စည်းတွေရဲ့ အမှန်တရား http://dts-medicaleducation.blogspot.in/2012/03/beauty-product-dangers.html
• Beauty Questions လှချင်ရက် စက်စက်ယို (၁) http://dts-medicaleducation.blogspot.in/2012/03/beauty-questions.html

Sun, Apr 22, 2012 at 12:19 PM
ယောက်ျား ဒူလာ၊ မိန်းမ မီးယပ်တဲ့။ အဲဒါ ဘာကိုဆိုလိုကြတာလဲဆရာ။ ဒူလာဆိုတာဘာလဲ။ မီးယပ်ဆိုတာကကော။

ကျွန်တော်က မြန်မာလူမျိုး အစစ်မို့ မြန်မာစာ-မြန်မာစကားလဲ အတော်အတန် နားလည်တယ်။ ဆေးပညာလည်း သင်ထားတယ်။ ဒါပေမဲ့ “ဒူလာ” ကို အဓိပ္ပါယ်ဖွင့်တာ၊ “မီးယပ်” က ဘာဆိုလိုတယ်ဆိုတာကို တိတိကျကျ မသိလှသေးပါ။ အမေးတခုမှာလဲ ဖြေခဲ့ဘူးသေးတယ်။ တိုင်းရင်းဆေးပညာစာ လက်လှမ်းမီတာ ရှာပါသေးတယ်။ ဒူလာကို ကိုက်ခဲနေတာကိုလဲ ပြောတယ်။ လိပ်ခေါင်းကိုလဲ ပြောတယ်။ ဝမ်းကိုက်တာလဲ ပြောတယ်။
“မီးယပ်” ဆိုတာကိုလဲ “ကလေးမီးဖွါးတာ” ပြောတယ်။ “ရာသီနဲ့ဆိုင်တာ” လဲ ပြောတယ် “သွေးဆုံးတာ” လဲ ပြောတယ်။ ကျွန်တော်တို့ ဆေးပညာအရဆိုရင် OG ဆိုတာထဲက Gynacology (G) ကိုသာ ဆိုလိုတယ်။ Obstetrics (O) သားဖွါးတာနဲ့ မဆိုင်ဘဲ ဖြစ်တဲ့ Disease of women အမျိုးသမီး-ရောဂါတွေလို့ ယေဘုယျ ပြောနိုင်တယ်။ ဒါကလဲ သိပ်တိကျတယ် မထင်ဘူး။
“ယောက်ျား ဆီး၊ မိန်းမ မီး” ဆိုတာလဲ ရှိသေးပြန်တယ်။ ယောက်ျားတွေ အသက် သိပ်မကြီးခင်မှာ ဆီးပူ-ဆီးအောင့်တာ၊ အသက်ကြီးရင် ဆီးကျိတ်ကြီးတာ အဖြစ်များတယ်။ မိန်းမတွေက ရာသီနဲ့ဆိုင်တာနဲ့ သွေးဆုံးရောဂါ အဖြစ်များလို့ ပြောတာ။
ဒါကြောင့် ဆရာဝန်တွေက လူနာပြောတာကို (ကွန်ပလိန့်) မေးပြီး ရေားချတဲ့အခါမှာ လူနာကနေ ဖြစ်နေတာ၊ ခံစားနေရတာကိုသာ သိချင်တယ်။ သူတို့ ကိုယ်တိုင်ပြောတဲ့ အသုံးအနှုံးအတိုင်း ပိုလိုချင်တယ်။ ဥပမာ “ဖျားနေတယ်၊ ချမ်းတယ်”။ လူနာကနေ “ငှက်ဖျား” ဖြစ်နေတယ်လို့ ပြောတာကို မယူချင်ဘူး။ စိတ်တိုတဲ့ ဆရာဝန်က စိတ်တိုနိုင်တယ်။ ကျွန်တော်လဲ နုတုံးကတော့ ကျွဲမြီး တိုဘူးတာပါဘဲ။
ဒူလာ ဆိုတာလဲ Diagnosis ရောဂါနာမည်လား။ Complaint (ကွန်ပလိန့်) လား မသိပါ။ “ကိုက်ခဲတယ်” ဆိုရင် ရှင်းတယ်။ “လိပ်ခေါင်းလိုဟာ ထွက်တယ်” ဆို ရှင်းတယ်။ ဒါတောင်မှာ လိပ်ခေါင်းဆိုတာ ရောဂါနာမည်ဖြစ်နေသေးတယ်။ “ဝမ်းသွားရင် တခုခု စအိုကနေ ထွက်လာတယ်၊ တခါတလေ သွေးထွက်တယ်” ဆိုတာမျိုးကို ပို သိချင်တယ်။ ဝမ်းကိုက်တယ်ဆိုတာလဲ ရောဂါနာမည်။ ဗိုက်နာတိုင်း ဝမ်းကိုက်တာ မဟုတ်ဘူး။ တချို့က ဝမ်းချုပ်တာကိုလဲ ဝမ်းကိုက်သလိုပြောတယ်။ ဒါကြောင့် အိမ်သာ ဘယ်နှစ်ခါ တက်ရသလဲ။ ဝမ်းသွားချင်ရင် ဗိုက်နာသလား။ အကျိအချွဲ-သွေး ပါသလား။ စသဖြင့် မေးရတယ်။

Sun, Apr 22, 2012 at 6:21 PM
ကျွန်တော်က အူကျနေတာပါ။ ရှက်လို့ မပြောတာ အခု ၄ နှစ်လောက်တော့ ရှိပြီထင်ပါတယ်။ ပြန်ပြန်ပြီး လက်နဲ့ တင်တင် ပေးရင် နည်းနည်း ပျောက်ပြီး ကြာရင် ပြန်ဖြစ်တယ်။ အဲဒါ ဖြစ်မှန်းသိကတဲက အောက်ခံ ဘောင်းဘီးကို အမြဲတမ်း ဝတ်တော့ အရမ်းကြီးတော့ မဆိုးပါဘူး။ ကျွန်တော် ကုတော့ကုချင်ပါတယ်။ ဒါပေမယ့် မခွဲစိတ်ချင်ဘူး။ ဆေးပဲသောက်ရင် ပျောက်နိုင်လား။ ပျောက်နိုင်ရင် ဆေးနာမည်လေး ပြောပြပေးပါ။ တကယ်လို့ ခွဲစိတ်မယ်ဆိုရင်ရော ချုပ်ရိုးရာ ကျန်ခဲ့မှာ ကြောက်တယ်။ ချုပ်ရိုးပြောက် ခွဲစိတ်လို့ရတယ်လို့ ကြားတယ်။ အဲတာ မြန်မာနိုင်ငံမှာ ရပါသလား။ ဖြစ်နိုင်ရင်တော့ ဆေးပဲသောက်ချင်တယ်။

Hernia အူကျရောဂါကို အကောင်းဆုံးက ခွဲစိတ်နည်းဖြစ်တယ်။ အခွဲမခံနိုင်သူတွေ၊ ခွဲမဖြစ်သူတွေ ဥပမာ အသက်ကြီးလွန်းသူ၊ နှလုံး-ဆီးချို ရှိသူတွေကို ခါးပတ်နဲ့ ထိန်းထားစေရတယ်။ ပျောက်သွားအောင်လုပ်တာ မဟုတ်ပါ။ ဒီခွဲစိတ်နည်းဟာ အလတ်းစားခွဲစိတ်နည်းသာဖြစ်တယ်။ ကျနေတဲ့အူက ပြန်မဝင်တာမျိုး ဖြစ်လာတတ်တယ်။ ဖြစ်ရင် ပြန်မလျှော့ဘူး။ နာမယ်။ အူလမ်းပိတ်လာမယ်။ အရေးပေါ် ခွဲရမယ်။ အဲဒီအချိန်မှာ မခွဲလို့ မဖြစ်တော့ဘူး။ ခွဲစိတ်တာမှာ ချုပ်ရိုးကို သက်သာအောင် လုပ်နည်းတွေ မြန်မာပြည်မှာလဲ ရှိမှာပါ။ ခွဲစိတ်ဆရာဝန်နဲ့ တိုင်ပင်ပါ။ Sat, Apr 14, 2012 at 1:26 PM
၁။ တချို့လူတွေဟာ ဘာ့ကြောင့်နှာခေါင်းသွေးလျှံတတ်ကြတာလဲ။ မကြာခဏနှာခေါင်းသွေးလျှံတတ်တဲ့သူတွေကို အမြဲတွေ့နေရတတ်လို့ပါ။ ဒါဟာရောဂါလား။ မိန်းခလေး၊ ယောက်ျားလေးတွေမှာ ဘယ်သူက ပိုအဖြစ်များလဲ။ ဘယ် အသက်အရွယ်မှာဖြစ်တာလဲ။ မျိုးရိုးနှင့်ဆိုင်ပါသလား။
၂။ နှာစေးနေတဲအချိန်မှာ တစ်ခါတစ်ခါမှာ အသက်ရှုမရလောက်အောင် ပိတ်နေတတ်ပါတယ်။ ဘာကြောင့်ပါလဲ။ နောက်ပြီး နှပ်တွေကကော ဘယ်ကနေဘယ်လိုဖြစ်တည်သွားတာလဲ။ အထဲမှာ သူ့အတွက် သိုလှောင်တဲ့အိပ်ရှိလား။

နံပါတ် (၁) မေးခွန်းအတွက်
• Nosebleed (1) နှာခေါင်းသွေးယိုခြင်း (၁)
• Nosebleed (2) နှာခေါင်းသွေးယိုခြင်း (၂) တွေကို ဖတ်ပါ။

နံပါတ် (၂) မေးခွန်း။ နှပ်ဆိုတာ နှာခေါင်းထဲက အညစ်အကြေးလို့ခေါ်တယ်။ အမှန်က နှာခေါင်းထဲမှာ အချွဲရည်ရှိနေတယ်။ တခုခုဖြစ်ရင် (ရောဂါပိုးဝင်တာ၊ အလာဂျီရတာ) ဆိုရင် ပိုများလာတယ်။ ကိုယ်နဲ့ မသင့်တာ၊ ကိုယ့်ပစ္စည်း မဟုတ်တာ)င်ရင် ပိုများတယ်။ ဝင်လာတာနဲ့ အချွဲရည်နဲ့ ရောထးတာကို နှပ်လို့ခေါ်ကြတယ်။ အချွဲရည်ထွက်တဲ့ နေရာတွေက ရောင်ရမ်းလာရင် အသီးလိုဖြစ်လာနိုင်တယ်။ အသက်ရှူလမ်းကို ပိတ်စေတယ်။

Mon, Apr 16, 2012 at 10:45 AM
ကျွန်တော့်မှာ အသဲရောင် စီ ပိုးရှိနေတယ်လို့ ဆရာဝန်က ပြောပါတယ်။ ဒီရောဂါ ရဲ့ ဆိုးကျိုးများကို သိချင်ပါတယ်။ ဘာတွေကို ရှောင်သင့်သလဲ သိချင်ပါတယ်။

Hepatitis C (1) (စီ) ပိုး (၁)
Hepatitis C (2) စီ ပိုး နောက်ဆက်တွဲ
Hepatitis C (3) (စီ) ပိုး (ဗိုင်ရယ်လ်-လုဒ်)

Thursday, April 19, 2012

Q and A 2010 April (1)

1. ကျွန်တော် အသက် ၂၇ ပါ။ ကွန်ပျူတာသမားဆိုတော့
2. ကျွန်တော် နာမည် (့) ပါ။ (့) မှာ အလုပ်လုပ်နေပါတယ်။
3. ခုလူငယ် တွေကြားမှာခေတ်စားတဲ့ Y ခေါ် ရာမ အဲဒါတွေကို အလွန့်အကျွံသုံးရင်
4. ကျမ မြင်ဖူးတဲ့ ကွန်ပြူတာ အသုံးများတဲ့ မျက်စိအသုံးများတဲ့သူတွေ မျက်လုံး ၂ လုံးက
5. တစ်ခါတစ်လေမှာ လက်ဖျားထိပ်နှင့်တစ်ခုခုကို အမှတ်တမဲ့ လှမ်းထိမိလိုက်တဲ့အခါမှာ ဖျတ်ခနဲဆို ဓါတ်လိုက်သလို ကျင်ခနဲဖြစ်ပြီး လန့်လန့်သွားတယ်။
6. ကျွန်တော် (့) ကပါ။ ဂျပန်မှာဆေးစစ်ခဲ့ပါတယ်။
7. ကျွန်တော့ သားလေးက တစ်လရှိပါပြီ။
8. ကျွန်တော့် ပြဿနာကတော့ အသားအရေ ပြဿနာပါပဲ။
Thu, Apr 19, 2012 at 7:02 AM
ကျွန်တော် အသက် ၂၇ ပါ။ ကွန်ပျူတာသမားဆိုတော့ တစ်နေကုန်ထိုင်ရလို့ ညောင်းတယ့်အခါ လက်ဆစ် ခြေဆစ်၊ဇက်နဲ့ခါးကို ချိုးတဲ့အကျင့် အမြဲလိုလိုရှိပါတယ်။ အသိတစ်ယောက်က အသက်ကြီးလာရင် ခြေဆစ်လက်ဆစ်တွေ ကပ်ပြီး ကောက်နေတတ်တယ်။ ကျီးပေါင်းတက်တယ်ပြောလို့ မကောင်းဘူးဆိုတာတော့ သိထားပါတယ်။ ဆေးပညာ ဘက်ကနေပြီးတော့ ဘယ်လို မကောင်းတယ်ဆိုတာနဲ့ ဘာတွေဖြစ်တတ်တယ်ဆိုတာ ပြည့်စုံစွာ သိပါရစေ။ လေး ငါး နှစ်သား အရွယ်မှာ သွားခြေတွေကနေ သွေးထွက်ပါတယ်။ မြန်မာဆေးတွေ လိမ်းပြီးပျောက်သွားတာ ခုချိန်ထိပါပဲ။ အခုဖြစ်နေတာက သွားခြေတွေ ယားတာပါ။ အထူးသဖြင့် အောက်သွား သွားခြေတွေပါ။ သွေးလည်း မထွက်ပါဘူး။ သွားလည်း တစ်နေ့နှစ်ကြိမ် ပုံမှန်တိုက်ပါတယ်။ အသားဟင်းတွေစားတာများတဲ့အခါမှာ အဲလို ဖြစ်တတ်ပါတယ်။ ဒါပေမယ့် အသားစားများတယ့် အခါတိုင်း ဖြစ်နေတာတော့မဟုတ်ပါ။ တစ်ခါဖြစ်ရင် နှစ်ရက် လောက်ကြာပါတယ်။ အဲနှစ်ရက်အတွင်း ရပ်လိုက် ယားလိုက် ဖြစ်ပါတယ်။ ညအိပ်ယာဝင်တယ့် အချိန်ပိုသိသာပါတယ်။ ဘယ်လိုပျောက်အောင် လုပ်ရမလဲ။
၁။ အဆစ်တွေ ချိုးတာ သက်သက်ကနေ အရိုကျီးပေါင်းတက်တာ မဖြစ်ပါ။ ဒါပေမဲ့ ချိုးတာမှာ ဂရုစိုက်သင့်တယ်။ လွန်သွားရင် ထိခိုက်မှု အနည်းနဲ့ အများဖြစ်စေမယ်။ ထိခိုက်သလိုဖြစ်တာက ပျောက်စေအောင် အမာရွတ် ဖြစ်စဉ် လာရတယ်။ (တစ်ရှူး) တွေ ပွါး-ထူလာရတယ်။ ပုံစံပြောင်းစေနိုင်တယ်။ ၂။ သွားဖုံးဖြစ်နေတာက ရောဂါကြီးတော့ မဖြစ်လောက်ပါ။ သွားအခြေ သွေးထွက်တာက ဗီတာမင် (စီ) နဲ့ (ဖလိုရိုက်) နည်းတာတွေနဲ့ ဆိုင်တယ်။ ဆက်ဖြစ်နိုင်တဲ့ ပိုးဝင်တာလဲ တခါတခါရှိခဲ့နိုင်တယ်။ ရောင်သလိုဖြစ်ချိန်မှာ Antibiotic pills ပိုးသေဆေးသောက်ပါ။ Use of a mouth rinse containing Chlorhexidine ပါတဲ့ ပါးစပ်ဆေးတဲ့အရည်သုံးပါ။
Education to improve brushing and flossing habits သွားတိုက်-သန့်ရှင်းရေးပိုသတိပြုပေးပါ။ ဗီတာမင် (စီ) ၅ဝဝ အားသောက်ပါ။ ပါးစပ်ကို ဆားရည်နဲ့ ဆေးတာကောင်းတယ်။ မနက်ခင်း ချင်းပါတဲ့ လက်ဘက်ရည် သောက်နိုင်တယ်။ လိုမယ်ထင်ရင် သွား-အထူးကုဆရာဝန်ပြပါ။

Wed, Apr 18, 2012 at 7:03 PM
ကျွန်တော် နာမည် (့) ပါ။ (့) မှာ အလုပ်လုပ်နေပါတယ်။ ပြီးခဲ့တဲ့ ဧပြီ ၇ ရက်နေ့ မနက် ခြောက်နာရီလောက်မှာ ဗိုက်နာတာကြောင့် အိပ်ယာက နိုးလာပါတယ်။ ဆီးသွားတော့လဲ ကျင်တင်တင်ဖြစ်ပြီး နဲနဲလေးပဲ ထွက်ပါတယ်။ ၇ နာရီ လောက်မှာ အရေဝါဝါတွေသာ အန်ပါတယ်။ ဆေးရုံကိုသွားတော့ အာထရာစောင်း ရိုက်ပါတယ်။ ဘာမှ ထူးထူးခြားခြား မတွေ့ဘူး ပြောပါတယ်။ ဆီးထဲမှာသွေးတွေ့တယ် ပြောပါတယ်။ အဲ့အချိန်အထိ ဆီးက ကောင်းကောင်းမသွားနိုင်ပါဘူး။ သွားတိုင်း ကျင်ပါတယ်။ နဲနဲပဲ ထွက်ပါတယ်။ အရောင်ကလဲ ဝါပါတယ်။ ကျောကိုလဲ လိုက်ထုကြည့်ပြီး နာသလားဟု မေးပါသည်။ ဗိုက်ကအတော်နာနေသောကြောင့် ကျောထုတာတောင် နာမှန်း မနာမှန်း မခံစားနိုင်ပါ။ ဓာတ်မှန် ရိုက်ခိုင်းပါတယ်။ ကျောက်မတွေ့ဘူးလို့တော့ ပြောပါတယ်။ သေးသေးလို့လဲ ဖြစ်နိုင်တယ်လို့ပြောပါတယ်။
1. Famotidine 20mg (one tablet 2 times daily)
2. Diclofenac sodium 50mg (one tablet 3 times daily)
3. Paracetamol 450mg and Orphenadrine 35mg (one tablet 3 times daily)
4. ဆေးရည်ပုလင်းတစ်လုံး (100ml) တစ်နေ့သုံးကြိမ် တစ်ကြိမ် 10ml သောက်ခိုင်းပါတယ်။
ပြီးခဲ့တဲ့ လေးလလောက် ကနေစပြီး Omega 3 တစ်နေ့တစ်လုံးသောက်ဖြစ်ပါတယ်။ ဆိုးကျိုးရှိပါသလား။ ဘာမှဖြစ်လို့ သောက်တာတော့ မဟုတ်ပါ။ ငါးကြီးဆီသောက်ရင် မှတ်ဥာဏ်မချို့တဲ့ဘူးဆိုလို့ ဝယ်သောက်ကြည့်ချင်းသာ ဖြစ်ပါသည်။ လွန်ခဲ့တဲ့ နှစ်နှစ်လောက်က စပြီး ခါးနာတာ ခံစားရတယ်။ ခါးဆီကလိုလို နောက်ကျောကလိုလို အောင့်တယ်ဟု ခံစားရတယ်။ ပစ္စည်းအလေးတစ်ခုခု မလျှင် ပိုပြီးသိသိသာသာနာပါသည်။ ဆယ့်ငါးမိနစ်လောက် ထိုင်လျှင်ပင် ခြေထောက်များ ကျင်ပါသည်။ ခဏခဏ ခြောက်ထောက်အနေအထား ပြောင်းပေးနေရပါသည်။ သူငယ်ချင်းက မင်းမျက်နှာက ဝလာတာလား ဖောလာတာလား တစ်ခုခုတော့ တစ်ခုခုပဲဟု ပြောပါသည်။ ထူးထူးခြားခြားမခံစားရပါ။

Famotidine ဆေးဟာ Histamine-2 blocker ဖြစ်တယ်။ အစာအိမ်က အက်စစ်ထွက်မျာကို နည်းစေမယ်။
“အစားတစ်ခုခုစားပြီး ထိုင်တာ နဲနဲကြာလျှင် ညာဖက်အောက်နား ဝမ်းဗိုက်နေရာမှ အောင့်သည်ဟု ခံစားရပါသည်။ ထမင်းစားလျှင် ဗိုက်နဲနဲအောင့်သလို ခံစားရပါသည်။ အများကြီးလဲ မစားနိုင်တော့ပါ။ တော်တော်နဲနဲသာ စားနိုင်ပါသည်။ ” ဆိုတာအတွက် ပေးတာ ဖြစ်ပါမယ်။
ကျန်တဲ့ဆေး ၂ မျိုးက အနာသက်သာဆေးတွေ ဖြစ်တယ်။
ခါးနာတိုင်း ကျောက်ဟုတ်ချင်မှ ဟုတ်ပါမယ်။
ဆေးရုံလဲပြပြီးပြီ။ (အာလ်ထွာဆောင်း) လဲ ရိုက်ပြီးပြီ။ ဓါတ်မှန်လဲရိုက်ပြီးပြီ။ ဘာမှ ထူးထူးခြားခြားမတွေ့ဘူးပြောပါတယ်။ “ဆီးထဲမှာသွေးတွေ့တယ်ပြောပါတယ်။ ” အတွက် ဆေးတော့ မတွေ့ပါ။ ခုချိန်လောက်မှာ ပျောက်ကောင်း ပျောက်နေနိုင်ပါတယ်။
“မင်းမျက်နှာက ဝလာတာလား ဖောလာတာလား” အတွက် သွေးဖိအား တိုင်းမယ်ထင်ပါတယ်။ မျက်နှာပြည့်တာဟာ ဆီးလမ်း နဲ့ သွေးတိုး စစ်ရတယ်။ ကောင်းနေလို့သာ ဆေးရုံက မပြောလိုက်တာ ဖြစ်နိုင်ပါတယ်။
ဆီးထဲ သွေးတွေ့တာက ပို နဲ့ ကျောက်ကနေဖြစ်စေနိုင်တယ်။ ဆီးသွာချိန်မှာ နာတာ-အောင့်တာဖြစ်ရင် ဆီးလမ်း ပိုးသေဆေး လိုမယ်။ ရေးထားတာရှိပါတယ်။
ခြုံလိုက်ရင် စိုးရိမ်စရာ မရှိပါ။ အာအိမ်အတွက် အစာကို မှန်မှန်စားပါ။ အချိန်ရော အမျိုးအစားပါ မှန်သင့်တယ်။ အစာခြေရည် များမယ်ထင်ရင် ပေးလိုက်တဲ့ဆေး (၁) သောက်နိုင်ပါတယ်။ ကျော-ခါး နာရင် အနာသက်သာဆေး သောက်နိုင်တယ်။ ဒါပေမဲ့ လေနာနဲ့ မသင့်လို့ ဆေးသောက်ရင် အစာနဲ့သာသောက်ပါ။ စွဲသောက်သလို မသောက်ပါနဲ့။

Wed, Apr 18, 2012 at 9:41 AM
ခုလူငယ် တွေကြားမှာခေတ်စားတဲ့ Y ခေါ် ရာမ အဲဒါတွေကို အလွန့်အကျွံသုံးရင် ဘာတွေဖြစ်တက်သလဲ။ ကျွန်တော်ရဲ့ သူငယ်ချင်းတွေကို ပညာ ပေးချင်လို့ပါ အဲဒါရဲ့ မကောင်းတဲ့ အချက်တွေကို ဆရာသိသမျှ ဖြေ ကြားပေးစေလိုပါတယ်။
Amphetamines ယာဘ-ရာဘ-ရာမ-ယာမ

Tue, Apr 17, 2012 at 11:22 PM
ကျမ မြင်ဖူးတဲ့ ကွန်ပြူတာ အသုံးများတဲ့ မျက်စိအသုံးများတဲ့သူတွေ မျက်လုံး ၂ လုံးက မညီသလို ကြည့်ရတာ တဖက်ကယောင်နေသလိုလို နဲ့မျက်အိပ်လဲ နီနေ ညိုနေသလို တွေ့ ရလို့ပါ။ အထူးသဖြင့် မြန်မာတွေ မှာပို သတိထားမိပါတယ်။ ကျမမျက်စိလဲ တဖက် ကအစ်နေ သလိုလို ယောင်နေသလိုလို ဖြစ်နေစပြုနေသလိုပါဘဲ။ အထူးသဖြင့် အလုပ်မှာလဲ မျက်စိကို များများသုံးခဲ့ ပြီး အိမ်ရောက်တော့လဲ ဘလော့လည်နေမိတဲ့ညတွေဆို မနက်မှာ ပိုသိသာပါတယ်။ နာနေ ယားနေတာမျိုးမရှိပေမယ့် အလုပ်ထဲကလူတွေက နင့်မျက်စိ နဲနဲ နီနေတယ်။ မျက်စိဘာဖြစ်လဲလို့ မေးကြပါတယ်။ ကျမကမျက်မှန်တော့တတ်ပါတယ် တဖက်ကို အနီး ၂ဝဝ နဲ့အဝေးကို ၁ဝဝ ရှိပါတယ်။ အဲဒါ ဘာဖြစ်လို့ဖြစ်နိုင်မလဲ။

Computer Eye Strain ကွန်ပြူတာနဲ့ မျက်စိ
မျက်လုံးနေရာ ရောင်နေတာကိုဖြစ်စေတဲ့ အကြောင်းတရားတွေကတော့ -
• Swelling around eyes မျက်လုံးတ၀ှိုက် ရောင်နေခြင်း = Cellulitis (တစ်ရှူး) ရောင်ခြင်း၊ Dacryoadenitis, Dacryocystitis မျက်ရည်အိတ်ရောင်ခြင်း၊ Eye tumor မျက်စိ ကင်ဆာ၊ Sinusitis (ဆိုင်းနပ်စ်) ထိပ်ခတ်နာ၊ Trauma ထိခိုက်မိခြင်း၊
• Swelling eye မျက်လုံးရောင်ခြင်း = Chemosis တခုခုကြောင့် မျက်စိ ကလိသလိုနေခြင်း၊ Fungal keratitis eye infection (ဖန်းဂတ်စ်) မှိုပိုးဝင်ခြင်း၊ Trauma ထိခိုက်မိခြင်း၊
• Swelling eyelid မျက်ခွံရောင်ခြင်း = Allergy (အလာဂျီ) ရခြင်း၊ Blepharitis မျက်ခွံပိုးဝင်ခြင်း၊ Canaliculitis မျက်ရည်ထွက် ပြွန်ရောင်ခြင်း၊ Cellulitis (တစ်ရှူး) ရောင်ခြင်း၊ Chalazion မျက်စိအတွင်းစွန်ခြင်း၊ Contact lens problem မျက်ကပ်မှန် အထာမကျခြင်း၊ Dacryoadenitis မျက်ရည်အိတ်ရောင်ခြင်း၊ Eye tumor မျက်စိ ကင်ဆာ၊ Meibomianitis မျက်စိ အဆီအိတ်ရောင်ခြင်း၊ Sinusitis (ဆိုင်းနပ်စ်) ထိပ်ခတ်နာ၊ Sty မျက်စိစွန်ခြင်း၊ Trauma ထိခိုက်မိခြင်း၊ Vascular problem သွေးကြောပြဿနာ၊

Tue, Apr 17, 2012 at 12:42 PM
တစ်ခါတစ်လေမှာ လက်ဖျားထိပ်နှင့်တစ်ခုခုကို အမှတ်တမဲ့ လှမ်းထိမိလိုက်တဲ့အခါမှာ ဖျတ်ခနဲဆို ဓါတ်လိုက်သလို ကျင်ခနဲဖြစ်ပြီး လန့်လန့်သွားတယ်။ သေချာပြန်ကိုင်ကြည့်ပြန်တော့လည်းဘာမှမဖြစ်ဘူး လျှပ်စစ်လည်း စီးမနေပါဘူး။ အဲဒါဘာဖြစ်တာလဲ။ ဗဟုသုတပေါ့။ (သတိထားမိ သလောက်ကတော့ သံကိုထိမိတဲ့ အချိန်မှာပါ)။

Static electricity လို့ ခေါ်တယ်။ အရာဝတ္ထု ၂ ခု ထိတဲ့အခါဖြစ်နိုင်တယ်။ Electrons (အီလက်ထရွန်) ဆိုတာလေးတွေက တခုကနေ နောက်တခုဆီ ကူးပြောင်းကြတယ်။ တခုနဲ့ တခု မတူညီမှုကို Electrical potential လို့ ရူပဗေဒအရခေါ်တယ်။ ဘယ်လောက် ကူးပြောင်းမှုရှိသလဲဆိုတာ လျှပ်ဓါတ် စီးနိုင်စွမ်းရှိတဲ့ အရာတခုနဲ့ အနီး-အဝေးအပေါ်မှာလဲ မူတည်တယ်။ Humidity လေထုရဲ့ စိုထိုင်းမှုအပေါ်မှာလဲ မူတည်တယ်။ တခြားအချက်တွေလဲ ရှိသေးပါတယ်။ လူတယောက်ကနေ လျှပ်စစ်ဓါတ်ထုတ်နိုင်စွမ်းရှိပါတယ်။ ဒီလျှပ်စစ်ဟာ Voltage (ဗို့လ်တ်) က မြင့်နေပေမဲ့ Current လျှပ်စီးကြောင်းက သိပ်နည်းနေလို့ အန္တရာယ်မရှိစေပါ။ နောက်ပြီး Coulombs of electricity ခေါ်တဲ့ (အီလက်ထရွန်) အရေအတွက်ကလည်း နည်းနေတယ်။
လေထဲမှာ Sparks မီးပွါးလေးတွေကို မမြင်နိုင်ကြပေမဲ့ လျှပ်စစ်ဓါတ်က ဝင်နေပါတယ်။ ဒါကြောင့် ကိုယ်ထဲမှာ Static electricity လျှပ်စစ်က တည်းဆောက်ပွါးများလာဘို့ အချိန်အများကြီးလိုပါမယ်။
တချို့ အဝတ်အထည်၊ အဝတ်အစားတွေကနေ လျှပ်စစ်ဓါတ် ပိုထုတ်လုပ်နိုင်တယ်။ ပွတ်တိုက်မှု များရင်ဖြစ်မယ်။
ဒီလိုဖြစ်နိုင်စွမ်းရှိတဲ့၊ တခါတလေထုတ်လုပ်ပေးနေတဲ့ လျှပ်စစ်ကြောင့် ကျန်းမာရေးကို မထိခိုက်စေပါ။ ဒါပေမဲ့ ပေါက်ကွစြေနိုင်တဲ့ အရာအနီးအနားမှာရှိနေရင်တော့ သတိထားရပါမယ်။ ပေါက်ကွဲမှု ဖြစ်စေနိုင်တယ်။
နိုင်လွန် ဝတ်ပြီး ကားတခါး အဖွင့်-အပိတ်မှာဖြစ်ဖြစ် တခါးဘုကို ကိုင်တဲ့အခါဖြစ်ဖြစ် လျှပ်စစ်လိုက်တာမျိုး ကြုံဘူးကြပါလိမ့်မယ်။
လျှပ်စစ်ဆိုတာ မြေထဲစီးဝင်ရင်ဖြစ်ဖြစ် ဓါတ်မရှိအောင်လုပ်ခံရလို့ဖြစ်ဖြစ် ရပ်တန့်သွားမယ်။

Tue, Apr 17, 2012 at 10:13 AM
ကျွန်တော် (့) ကပါ။ ဂျပန်မှာဆေးစစ်ခဲ့ပါတယ်။ ဆေးစစ်ထားတဲ့အဖြေကိုထည့်ပေးလိုက်ပါတယ်။ Liver Blood test ဖြစ်ပါတယ်။

ဂျပန်စာတွေတော့ နားမလည်ပါ။ အင်္ဂလိပ်လိုပါတာတွေကတော့ အသဲအလုပ်၊ ဆီးချို နဲ့ (တစ်ရှူး) ပျက်စီးနေမှုတွေကို စမ်းထားတာဖြစ်တယ်။ စိတ်တော့ မပျက်ပါနဲ့ အသဲအလုပ် ထိခိုက်နေတယ်။ ဆီးချိုလဲရှိနေတယ်။ ဆေးကုသရပါမယ်။ ရောက်တဲ့နေရာမှာ သမားတော်ကို ပြပါ။ ရောဂါ အများစုဟာ ဆေးကုရင် ကောင်းသွား၊ ပျောက်သွားပါတယ်။

Mon, Apr 16, 2012 at 9:23 PM
ကျွန်တော့ သားလေးက တစ်လရှိပါပြီ။ မျက်လုံးနဲ့ အသားနည်းနည်း ဝါနေလို့ပါ။ မွေးတုန်းက ဝါလို့ မီးပြရပါသေးတယ်။ ရေမွှာပေါက်ပြီးမှ ခွဲမွေးရလို့ ပိုးဝင်တယ်ဆိုပြီး ဆေးတစ်ပတ် ထိုး၊ ဆေးတစ်ပတ်စားရပါတယ်။ သုံးပတ်ပြည့်တော့ အသားဝါလို့ ဆရာဝန်ကိုပြန်ပြတော့ စမ်းသပ်ပြီး အသဲလဲ မကြီးဘူး ကိုယ်အောက်ပိုင်းကလဲမဝါဘူး တဖြေးဖြေး ဝါတာ ပျောက်သွားမှာပါလို့ပဲ ပြောပါတယ်။ ကလေးအမေက အိုသွေး မိုလို့ဝါတာလို့လဲ ပြောပါတယ်၊ ဟုတ်ပါသလား။ ကျွန်တော်က အေသွေးပါ။ ကလေးကတော့ လန်းလန်းဆန်းဆန်း ရှိပါတယ်။ မိခင်နို့လဲ အရမ်း စို့ပါတယ်။ ဆီး၊ဝမ်းလဲ မှန်ပါတယ်။

နေတဲ့နိုင်ငံ၊ မြို့နာမည်တွေ မပါလို့ ဆေးရုံအခြေအနေကို မှန်းမရပါ။ မိခင်ရဲ့ သွေးအုပ်စု နဲ့ ကလေး သွေးအုပ်စု မတူရင် (အင်တီဘော်ဒီ) ဆိုတာတွေဖြစ်လာမယ်။ အဲဒီကနေ Hemolytic Disease of the Newborn or Erythroblastosis fetalis ဆိုတာဖြစ်တယ်။ သွေးနီဥတွေပျက်စီးရာကနေ အသားဝါစေတယ်။ ဆရာဝန်က စိုးရိမ်စရာမရှိလို့ဆိုရင် မစိုးရိမ်ပါနဲ့။ ကလေးကို ရေများများတိုက်ပါ။ မနက်ခင်း နေရောင်ပြပေးပါ။

Sun, Apr 15, 2012 at 8:35 PM
ကျွန်တော့် ပြဿနာကတော့ အသားအရေ ပြဿနာပါပဲ။ ကျွန်တော်က အသက် ၃ဝ အရွယ်ပါ။ ဒါ့ကြောင့် အသားအရေ ကတော့ ဗမာအသားအရေ ခပ်ညိုညိုပါ။ ကျွန်တော် အသား ဖြူချင်ပါတယ်။ ကျွန်တော်ဘာများ လုပ်ရမလဲ။ အခု လောလောဆယ်တော့ စားဆေးရော၊ လိမ်းဆေးမျိုးစုံကိုရော လုပ်ပါတယ်။ အရောင်က တောက်ပြီး မမွဲပါဘူး။ ဒါပေမယ့် ကျွန်တော် တက်နိုင်သမျှ ဖြူချင်ပါတယ်။ ဖြစ်နိုင်ပါရဲ့လား။ ခုလောလောဆယ် ဆေးတစ်ခု စားနေပါတယ်။ အဲဒါကတော့ http://www.hibeau.com/aloemultiple.html
နောက် ပုံမှန် Aloe Vera Skin Gel လိမ်းပါတယ်။ Body Scrub လုပ်ပါတယ်။ Body Butter လိမ်းပါတယ်။ နောက် SUN BLOCK SPF 50 သုံးပါတယ်။ ဆေးထိုးလို့ရတယ် ဆိုတာလည်း အင်တာနက်မှာတွေ့ပါတယ်။ ဒါပေမယ့် ဒီတိုင်းတော့ မလုပ်ရဲလို့ မလုပ်ဖြစ်သေးပါဘူး။ နောက် ဘာဆေးပုံမှန် စားလို့ ရမလဲဆိုတာလည်း သိလိုပါတယ်။ ခုတော့ Vitamin E & Vitamin B2 နဲ့ Vitamin A လည်း ပုံမှန်စားပါတယ်။ လွန်ခဲ့တဲ့ ၂ လတုန်းကလည်း ရန်ကုန်ပြန်တော့ ဒေါက်တာ (့) နဲ့ ပြခဲ့တာပါ။ စားဆေးတစ်မျိုးပေးလိုက်တယ်။ ဒါလည်း VITALENE ဆေးပါ။ လိမ်းဆေးကတော့ ညဖက်အတွက် GEL တစ်မျိုးနဲ့ SUN BLOCK တစ်မျိုးပေးလိုက်ပါတယ်။

အခြေခံအချက်ကတော့ မိမွေးတိုင်း ကောင်းနေတာ၊ ဆိုးနေတာမှန်သမျှ အပြင်ရ အလွန်မတန် ခက်ပါတယ်။ တချို့အခြေအနေတွေကို ပြင်လို့မရပါ။
အင်တာနက်က ဆေးကြော်ညာတိုင်းကို တကယ့်ဆရာဝန်တွေက အားလုံးက ထောက်ခံချက် မပေးပါ။ အကုရခက်လေလေ ဆေးကြော်ညာများလေလေဖြစ်တယ်။
ဆရာဝန်တဦးကိုပြထားတာမို့ အခြေအနေကိုကြည့်-သိတဲ့ဆရာဝန်ပြောတာ အသင့်ဆုံးဖြစ်မှာပါ။
သောက်နေ-သုံးနေတဲ့ဆေးတွေက (အလာဂျီ) ဖြစ်တာ၊ ဘေးထွက်-ဆိုးကျိုးဖြစ်တာ မရှိရင်တော့ ဆက်သုံးနိုင်ပါတယ်။
အချိန်အတော်လဲ ယူရစရာရှိပါတယ်။

Dr. တင့်ဆွေ
၁၉-၄-၂ဝ၁၂

Wednesday, April 18, 2012

Xenical ဆေးရဲ့ အသုံးပြုပုံလေး သိချင်လို့ပါ

Wed, Apr 18, 2012 at 4:47 PM
ဘယ်လိုသောက်ရမည် ဆိုတာရယ် ဘယ်အသက်အရွယ်လောက်မှ စသောက်ရမလဲ ဆိုတာရယ် Side effect ရှိ-မရှိ ဆိုတာရယ် သိချင်လို့ပါ။ ကျွန်မတို့ဆီက ဆရာဝန်က သောက်ဖို့ ညွှန်းလို့ပါ။ သူငယ်ချင်းတွေလဲ သောက်ကြလို့၊ နောက်ပြီး သမီးလဲ Weight က တက်လာလို့ပါ။ အသက်က ၄ဝ ပေါင်ချိန်က ၁၄ဝ လောက် တက်လာလို့ပါ။

• Orlistat ဆေးကို Xenical နဲ့ Alli နာမည်တွေနဲ့ ရောင်းတယ်။ Tetrahydrolipstatin ဆေးဖြစ်တယ်။ Obesity ကိုယ်အလေးချိန် များနေသူတွေအတွက် ပေးတယ်။
• စားလိုက်တဲ့ အစာထဲမှာ အဆီပါနေတာကို ကိုယ်ကနေ စုပ်ယူတာ မလုပ်အောင် တားပေးမယ်။ (ကယ်လိုရီ) မများစေဘူး။
• ကိုယ်အလေးချိန်ချတာမှာ ဒီဆေးက ထိရောက်တယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ အသင့်အတင့်သာ ရမယ်။
• ဆေးချည်း မဟုတ်ဘဲ ဆရာဝန်ကနေညွှန်သလို အစားအစာ စားနည်းနဲ့ပါတွဲမှ ထိရောက်တယ်။ ကိုယ်လက်လေ့ကျင့်ခန်းလဲ တွဲသင့်တယ်။
• အဲလိုလုပ်နိုင်သူတွေ တနှစ်နေတဲ့အခါ ကိုယ်အလေးချိန် ၂-၃ ကေဂျီ လျှော့စေတယ်လို့ လေ့လာမှုတွေအရ သိရတယ်။ သွေးဖိအား (သွေးတိုး) ကိုလဲ အသင့်အတင့် ချပေးသေးတယ်။ ဆီးချိုဖြစ်လာမှာကိုလဲ တာဆီးတဲ့သဘော ရှိတယ်။
• လေ့လာမှုတခုအရ ဆေးသောက်သူထဲက ၃၅့၅-၅၄့၈% မှာ ကိုယ်ခန္ဓာထုထည် ၅% ကျတယ်။ ၁၆့၎-၂၄့၈% မှာ ကိုယ်ခန္ဓာထုထည် ၁ဝ% ကျတယ်။ ဆေးဖြတ်လိုက်ရင်တော့ ၃၅% မှာ ကိုယ်အလေးချိန်ပြန်တက်တယ်။
• Malabsorption အစာမချက်နိုင်တဲ့ရောဂါ၊ Hypersensitivity ဆေးမတည့်ခြင်း၊ Gallbladder သည်းခြေအိတ် အလုပ်နည်းနေသူ၊ ကိုယ်ဝန်ဆောင်နဲ့ ကလေးနို့တိုက်ချိန်တွေမှာ ဒီဆေးမပေးရပါ။
• Obstructed bile duct သည်းခြေလမ်း မကောင်းသူ၊ Impaired liver function အသည်း မကောင်းသူ နဲ့ Pancreas သရက်ရွက် မကောင်းသူတွေကို သတိထားပေးရတယ်။
• Side effects ဘေးထွက်-ဆိုးကျိုးကတော့ ဆိုးတယ်လို့ ပြောပါရစေ။ ဒါကြောင့် ဆေးကုခြင်းရဲ့ အကျိုးလို့တောင် ပြောကြရတယ်။ ဆိုးကျိုးတွေက ဆေးသောက်စမှာ ပိုသိသာတယ်။ နောက်ဆိုရင် သက်သာလာနိုင်တယ်။
o Steatorrhea ဝမ်းသွားတဲ့အထဲ အဆီတွေပါနေမယ်။ သက်သာအောင် အဆီပါတာ ရှောင်ရမယ်။
o ကျောက်ကပ်ကို ထိခိုက်စေနိုင်သလား ဆန်းစစ်နေတယ်။
o အတွင်းခံ အဝတ်အစားမှာ အဆီစက်ထင်နိုင်တယ်။
o ဝမ်းသွားတဲ့အကြိမ် များနိုင်တယ်။ ပျို့-အန်တာ၊ ဗိုက်အောင့်တာ ဖြစ်နိုင်တယ်။
o ဆီးအရောင်ရင့်နိုင်တယ်။
o အစားပျက်နိုင်တယ်။
• Insulin or diabetes medications ဆီးချိုဆေးတွေ၊ Cyclosporine (Gengraf, Neoral, Sandimmune) ဆေး၊ Digoxin (digitalis, Lanoxin, Lanoxicaps) ဆေး၊ Levothyroxine (Synthroid, Levoxyl, Levothroid) ဆေး၊ Warfarin (Coumadin) ဆေးတွေနဲ့ တွဲသောက်နေရရင် ဆရာဝန်ပြောပါ။
• သိထားဘို့ တခုကတော့ ဗီတာမင်တွေထဲမှာ (အေ)၊ (ဒီ)၊ (အီး) နဲ့ (ကေ) တွေဟာ အဆီမှာ ပျော်ဝင်ကြတယ်။ ဒါကြောင့် Vitamin A, D, E, K နဲ့ beta-carotene ပါတဲ့အားဆေး တနေ့တလုံး ညစဉ်သောက်နေသင့်တယ်။

Dr. တင့်ဆွေ
၁၈-၄-၂ဝ၁၂

Monday, April 16, 2012

Eye Allergies မျက်စိနာ မဟုတ်တဲ့ မျက်စိ (အလာဂျီ)

မျက်စိ နီနေ၊ ရောင်နေ၊ မျက်ရည်ကျနေတိုင်း Conjunctivitis မျက်စိကျိန်းတာ မဟုတ်ပါ။
Eye Allergies မျက်စိ (အလာဂျီ) ဖြစ်နေနိုင်တာ သတိထားပါ။
• Eye Allergy Symptoms ရောဂါလက္ခဏာတွေ
မျက်စိရဲ့ ဖြူနေရမဲ့ နေရာက နီရဲနေမယ်။ မျက်ခွံယားမယ်။ မျက်ရည်ကျမယ်။ ပူလောင်နေသလို ခံစားရမယ်။ မျက်ခွံမို့နေမယ်။ အလင်းရောင်ကို အရင်လို မကြည့်နိုင်ဘူး။ (အလာဂျီ) ရတာက မျက်စိတခုတည်းမှာလဲ ရနေနိုင်တယ်။ nose allergy နှာခေါင်းပါ ဖြစ်တာနဲ့လဲ တွဲတတ်တယ်။ အရေပြား (အလာဂျီ) တခုဖြစ်တဲ့ Eczema နှင်းခူနာနဲ့လဲ တွဲနိုင်သေးတယ်။
• Why Allergies Make Eyes Red ဘာလို့ နီရသလဲ
မျက်စိ (အလာဂျီ) ဆိုတာ (အလာဂျီ) ရစေနိုင်တာနဲ့ ထိတွေ့မှုကနေဖြစ်ရတယ်။ တိရစ္ဆာန်အမှုံတွေ၊ ပန်းဝတ်မှုံတွေကကနေ အဖြစ်များတယ်။ အဲလိုဖြစ်လာရင် မျက်စိမှာရှိတဲ့ Mast cells (မတ်စ်-ဆဲလ်) ဆိုတာတွေကနေ Histamine (ဟစ်တမင်း) စတဲ့ ဓါတ်တွေကို ထုတ်ပေးလိမ့်မယ်။ ဒါကြောင့် ဖြစ်တဲ့နေရာမှာ နီရဲ၊ ယားယံပြီး မျက်ရည်ပါ ကျလာမယ်။

• Don't Rub Your Eyes မျက်လုံးကို မပွတ်ပါနဲ့
ပွတ်ချင်စိတ်တော့ ပေါက်နေမှာ အမှန်ဘဲ။ ပွတ်ရင် ပိုဆိုးမယ်။ (မတ်စ်-ဆဲလ်) တွေကနေ ဓါတ်ပစ္စည်းတွေ ထပ်ထုတ်ပေး လိမ့်မယ်။ Contact lenses မျက်ကပ်မှန် သုံးသူဆိုရင် အဲဒါကို ထုတ်ထားပါ။ Eye makeup မသုံးပါနဲ့။ Cool compresses အအေးဝတ်တင်ပေးပါ။ Wash your hands လက်ကို မကြာခဏဆေးပေးပါ။

• Eye Allergy Triggers ဘာတွေကနေ ဖြစ်စေသလဲ
Pollen ပန်းဝတ်မှုံ၊ Grass မြက်၊ Tree သစ်ပင်၊ Weed ပေါင်းပင်တွေကနေ ဖြစ်စေနိုင်တယ်။ အိမ်တွင်းအောင်းနေပါ။ ပြူတင်းပေါက်တွေ ပိတ်ထားပါ။
• Indoor Eye Allergens အိမ်ထဲက (အလာဂျင်) တွေ
Pet Dander တိရစ္ဆာန်အမှုံတွေ၊ Dust mites မွှားကောင်လေးတွေ၊ Molds မှိုတွေကနေဖြစ်စေနိုင်တယ်။ အိမ်မွေး တိရစ္ဆာန်တွေ သတိထားပါ။ အိပ်ခန်းထဲ မဝင်စေနဲ့။

• Mop Away Allergens ဘယ်လို ရှင်းထုတ်မလဲ
Dust mites ကြောင့်ဖြစ်တာဆိုရင် အိပ်ရာခင်း၊ ခေါင်အုံးဖုံး စတာတွေ အသစ်လဲပါ၊ လျှော်ဖွတ်ပါ။ အိမ်ခန်းရဲ့ Humidity levels စိုထိုင်းဆကို 30% နဲ့ 50% ကြာထားပါ။
တံမြက်စည်းနဲ့ မလှည်းဘဲ အစိုနဲ့ ကြမ်းတိုက်ပါ။

• Eye Allergies and Mold မှို
ရေချိုးခန်း၊ မီဖို ပုံမှန်သန့်ရှင်းရေးလုပ်ပါ။ မြေအောက်ခန်းရှိရင်လဲ သန့်ရှင်းပေးပါ။ Dehumidifier စက်သုံးပါ။ High efficiency particulate air (HEPA) filter လေစစ်တာသုံးပါ။


• Treating Eye Allergies ဖြစ်လာရင် ဘယ်လိုကုသမလဲ
Antihistamines (အင်တီ-ဟစ်တမင်း)၊ Decongestants (ဒီကွန်ဂျက်စတင့်)၊ Mast cell stabilizers (မတ်စ်ဆဲလ်) ဆေးတွေပါတဲ့ မျက်စဉ်း သုံးနိုင်တယ်။

• Eye Allergy Drops (အလာဂျီ) မျက်စဉ်း
Tear substitutes မျက်ရည်အတုလို့ ခေါ်နိုင်တဲ့ မျက်စဉ်းသုံးရင် (အလာဂျီ) ရစေတာတွေကို ဖယ်ထုတ်ပေးနိုင်တယ်။ မျက်စိကိုလဲ စိုစွပ်နေစေမယ်။
• Decongestant drops ကနေ မျက်စိမှာရှိတဲ့ သွေးကြောလေးတွေ ကျဉ်းစေလို့ နီရဲတာ သက်သာစေမယ်။ တာရှည်သုံးတာတော့ မကောင်းပါ။

• Oral Medicines for Eye Allergies စားဆေးတွေ
Oral antihistamines (အင်တီ-ဟစ်တမင်း) စားဆေးနဲ့ Decongestants (ဒီကွန်ဂျက်စတင့်) စားဆေးတွေသုံးနိုင်တယ်။ ဒါပေမဲ့ Antihistamines ဆေးကြောင့် မျက်စိကို ခြောက်သွေ့စေနိုင်တယ်။ Decongestants ဆေးမှာ မူးဝေတာ၊ စိတ်လှုတ်ရှားတာဆိုတဲ့ ဘေးထွက်-ဆိုးကျိုးတွေရှိတယ်။

• Other Kinds of Eye Drops တခြားမျက်စဉ်းတွေ
တချို့မျက်စဉ်းတွေမှာ Antihistamine ရော Mast cell stabilizer သတ္တိပါ ရောပါတယ်။ Non-steroidal anti-inflammatory drug eye drops နဲ့ Steroid-based eye drops တွေလဲ သုံးတယ်။

• Allergy Shots ထိုးဆေး
အသုံးကျတယ်။ Immunotherapy ခေါ်တယ်။ ကိုယ်ခန္ဓာကနေ (အလာဂျီ) ရစေတာကို ယဉ်းပါးလာစေအောင် လုပ်ပေးတာ ဖြစ်တယ်။ လူတိုင်းကို လုပ်မရဘူး။ အချိန်ယူရမယ်။


• Eye Allergy Cover Up Tips သူများမသိအောင် ဖုံးနည်း
Hypoallergenic concealer သုံးနိုင်တယ်။ မိတ်ကပ်ထူထူတော့ မလုပ်ပါနဲ့။ နှုတ်ခမ်းနီလှလှလေး ဆိုးပေးနိုင်တယ်။ နေကာမျက်မှန် တပ်ထားပါ။

Eyedrops မျက်စဉ်း အမျိုးမျိုးရှိတယ်။ မျက်စိကျိန်းလို့ သုံးရတာလို ပိုးသေဆေး မပါဘူး။
ဒီလို မျက်စဉ်းမျိုးတွေသုံးရင် မျက်စိနီနေတာ၊ ယားနေတာ၊ မျက်ရည်ကျနေတာတွေ သက်သာစေမယ်။ (အလာဂျီ) မျက်စိအတွက်ရော Allergic rhinitis (အလာဂျီ) နှာခေါင်းအတွက်လဲ သုံးနိုင်တယ်။ ဆေးတိုင်းမှာ ဘေးထွက်-ဆိုးကျိုးတွေ ရှိတယ်။ ဒီမျက်စဉ်းတွေကို သုံးရတာ ဆိုးကျိုးတွေက မဖြစ်စလောက်သာရမယ်။ ဆေးမသုံးတော့ရင် ဘာမှ မဖြစ်တော့ဘူး။ ကိုယ်ဝန်ဆောင်နေချိန်၊ ကလေး နို့တိုက်နေချိန်တွေမှာတော့ ဆရာဝန်က ညွှန်မှသာ သုံးသင့်တယ်။
• Decongestant eyedrops (ဒီကွန်ဂျက်စတင့်) မျက်စဉ်း = Naphazoline (Visine, Naphcon) မျက်စိရေတိမ် ရှိနေသူကို မပေးရပါ။ နှလုံးရောဂါ၊ သွေးတိုးရှိနေသူကို သတိနဲ့ပေးရတယ်။
• Antihistamine plus decongestant eyedrops (ဒီကွန်ဂျက်စတင့်) + (အင်တီ-ဟစ်တမင်း) မျက်စဉ်း = Naphazoline/Pheniramine (Visine-A, Naphcon-A)
• Antihistamine eyedrops (အင်တီ-ဟစ်တမင်း) မျက်စဉ်း = Emedastine (Emadine) (Ketotifen = Alaway, Zaditor) (Alcaftadine = Lastacaft; Epinastine = Elestat; Olopatadine = Patanol)
• Mast cell stabilizer eye drops (မတ်စ်-ဆဲလ်-စတေဘယ်လိုက်ဇာ) မျက်စဉ်း = (Cromolyn sodium = Crolom; Lodoxamide tromethamine = Alomide) Nedocromil (Alocril), Lodoxamide (Alomide) and Pemirolast (Alamast)
• Anti-histamine + Mast cell stabilizer dual-action eye drops (အင်တီ-ဟစ်တမင်း) + (မတ်စ်-ဆဲလ်-စတေဘယ်လိုက်ဇာ) မျက်စဉ်း = Olopatadine (Patanol®), Azelastine (Optivar®), Epinastine (Elestat®) and Ketotifen (Zaditor®)
• Non-steroidal anti-inflammatory eye drops (စတီရွိုက်) မပါတဲ့ အနာသက်သာ မျက်စဉ်း = Ketorolac (Acular®)
• Corticosteroid eye drops (စတီရွိုက်) မျက်စဉ်း = Loteprednol (Alrex)

Oral anti-histamines (အင်တီ-ဟစ်တမင်း) စားဆေးများ
• ပဌမမျိုးဆက် (အင်တီ-ဟစ်တမင်း) ဆေး = Benadryl
• နောက်ပေါ် (အင်တီ-ဟစ်တမင်း) ဆေး Loratadine (Claritin/Alavert), Cetirizine (Zyrtec), Fexofenadine (Allegra) and Desloratadine (Clarinex)

Dr. တင့်ဆွေ
၁၆-၄-၂ဝ၁၂

Tremor လက်တုန်ခြင်း

Mon, Apr 16, 2012 at 3:49 PM
ကျနော့မှာ လက်တုန်တတ်တဲ့ အကျင့်တစ်ခုရှိတယ်။ ၁၉ နှစ်သားလောက်မှာ စတင်သတိထားမိလာတယ်။ ခုဆိုရင် ကျနော့ အသက်က ၂၉ နှစ်ပါ။ မိဘ ဆွေမျိုးတွေမှာလည်း ဒီလို မရှိပါဘူး။ အရင်ကဘာမှ မဖြစ်သလို အရေးမကြီးသလို နေခဲ့ပေမဲ့ ခုဓါတ်ပုံရိုက်တော့ လက်ကတုန်နေတော့ သိပ်အဆင်မပြေဘူး ဖြစ်လာတယ်။

လက်၊ လက်ချောင်းနဲ့ ကိုယ်ခန္ဓာ ဘယ်နေရာမဆို တုန်တာကို Tremor ခေါ်တယ်။ အသံတုန်တာလဲ ပါတယ်။ အဓိက (၃) မျိုးရှိတယ်။
1. Resting tremor ငြိမ်နေတုံးတုန်တာကို Static tremor လို့ပါခေါ်တယ်။ ငြိမ်တယ်ဆိုတာ ကြွက်သားတွေ မလှုတ်ဘဲနေတာကို ပြောတာပါ။ လှုတ်လိုက်တာနဲ့ မတုန်တော့ဘူး။
2. Intention tremors တမင်တကာတုန်တာကို Kinetic tremors လို့လဲ ခေါ်တယ်။ စိတ်ကနေ တမင် လုပ်စရာ ကိုင်စရာတခုခု လုပ်အပြီးမှာ တွန့်တာမျိုး၊ ခလုပ်နှိပ်သလိုမျိုး၊ တခုခုဆီ ရောက်သွားတတ်တာမျိုး ဖြစ်တယ်။ နားလိုက်ရင် ပြန်ကောင်းသွားမယ်။
3. Postural or action tremors အနေအထားအရ တုန်တယ်ဆိုတာ ကမ္ဘာ့ဆွဲအားကို ဆန့်ကျင်ပြီး အနေအထား တခုခုမှာ ခြေဖြစ်ဖြစ် လက်ဖြစ်ဖြစ်ထားရတာ ကြာလာရင် တုန်တာမျိုးဖြစ်တယ်။ ခွက်တခုခုကိုင်နေရင်း၊ စာရေးနေရင်း၊ မတ်မတ်ရပ်နေရင်း ဖြစ်နိုင်တယ်။

အသက်အရွယ်မရွေး ဖြစ်နိုင်တယ်။ အသက်ကြီးရင် ပိုဖြစ်တယ်။ စိတ်ဖိအားများနေချိန်၊ ပင်ပန်းနေချိန်၊ ကြောက်စိတ်ဝင်နေချိန်၊ ကော်ဖီ-ဆေးလိပ် သောက်တာ များချိန်တွေမှာ ယာယီ တုန်တတ်တယ်။ အဲလိုမဟုတ်တာမျိုးကို အခြေခံရောဂါ ရှိ-မရှိ စစ်ဆေးကုသရမယ်။ Essential tremor လို့ခေါ်တာလဲ အဖြစ်မနည်းပါ။ လက်ကို အသုံးမပြုဘဲနေရင် တုန်တာမျိုး။ တခုခုလုပ်တော့မယ် စိတ်ကူးလိုက်တာနဲ့ တုန်လာမယ်။ ရောဂါ မဟုတ်ပါ။ မိသားစုထဲမှာ တယောက်မက ရှိတတ်တယ်။

1. Alcohol abuse or withdrawal အရက်စွဲခြင်း နဲ့ အရက်ဖြတ်ခြင်း၊
2. Brain tumor ဦးနှောက် အကျိတ်၊ Brainstem ဦးနှောက်အခြေ နဲ့ Cerebellum (ဆယ်ရီဘယ်လန်) နေရာတွေ ထိခိုက်ခြင်း၊
3. Chronic kidney disease နာတာရှည် ကျောက်ကပ်ရောဂါ၊
4. Dystonia နဲ့ Charcot-Marie-Tooth disease မွေးရာပါရောဂါတွေ၊
5. Liver failure အသဲအလုပ်မလုပ်တော့ခြင်း၊
6. Low blood sugar သွေးထဲ သကြားဓါတ်နည်းနေခြင်း၊
7. Magnesium (မက်ဂနီဆီယမ်) နဲ့ Thiamine ဗီတာမင် ဘီ-၁ နည်းခြင်း
8. Mercury poisoning ပြဒါးအဆိပ်သင့်ခြင်း၊
9. Multiple sclerosis (မာလ်တီပယ်-စကယ်လရိုးဆစ်) ရောဂါ၊
10. Muscle tiredness or weakness ကြွက်သား ပင်ပန်းသွားခြင်း၊
11. Overactive thyroid လည်ပင်းကြီး ဟောမုန်းများရောဂါ၊
12. Parkinson's disease (ပါကင်ဆိုနဇင်) ရောဂါ၊
13. Phenylketonuria (PKU) ကလေးရောဂါ၊
14. Spider bites ပင့်ကူရှပ်ခြင်း၊
15. Stroke (စထုပ်ခ်) ရောဂါ၊
16. Drug-induced tremor ဆေးဝါးတွေကြောင့် တုန်ခြင်း
• Anticonvulsants အတက်ရပ်ဆေးများ Valproic acid (Depakote), Sodium valproate (Depakene) ဆေး၊
• Bronchodilators လေပြွန်ကျယ်ဆေးများ Theophylline and Albuterol ဆေး၊

• Immunosuppressants ခုခံအားဆေးများ Cyclosporine ဆေး၊
• Mood stabilizers စိတ်မူပြောင်းကုသဆေးများ Lithium carbonate ဆေး၊
• Stimulants စိတ်ကျွစေသည့်ဆေး Caffeine (ကေဖင်း)၊
• Psychostimulant drug စိတ်ကိုပြောင်းလဲစေသည့်ဆေးများ Amphetamines ဆေး၊
• Corticosteroids (စတီရွိုက်) ဆေးများ၊
• Antidepressants (SSRI) စိတ်မကျဆေးများ။

Tremor ဆိုတာ Involuntary စိတ်ကနေ ထိန်းမရာတမျိုး ဖြစ်တယ်။ Rhythmic စည်းချက်ကျကျလိုလဲ ဖြစ်နေမယ်။ Muscle contraction and relaxation ကြွက်သားတွေ ညှစ်လိုက်-လျှောလိုက်ဖြစ်နေတယ်။ To-and-fro movements ရှေ့-နောက် လှုတ်ရှားမှု ဖြစ်နေမယ်။ Oscillation တုန်ခါနေမယ်။ Twitching ဆတ်ဆတ်ခါ နေမယ်။ ခေါင်း၊ လက်-ခြေ၊ မျက်နှာ-မျက်ခုံး တကိုယ်လုံးမှာ ဖြစ်နိုင်တယ်။

အတုန်ရောဂါ တခုချင်း
• Cerebellar tremor (ဆယ်ရီဘယ်လာ) တုန်ခြင်းဟာ Intention tremor ဖြစ်တယ်။ Cerebellum resulting from stroke (စထုပ်ခ်) ဖြစ်လိုက်လို့ Cerebellum (ဆယ်ရီဘယ်လမ်) ကို ထိခိုက်လို့ ဖြစ်တယ်။ Multiple sclerosis (မာလ်တီပယ်-စကယ်လရိုးဆစ်) ရောဂါကနေလဲ ဖြစ်နိုင်တယ်။ မွေးရာပါရောဂါ တချို့ကနေလဲ ဖြစ်နိုင်တယ်။ အရက်ကြောင့်လဲ ဖြစ်မယ်။ ဆေးဝါးတချို့ကြောင့်လဲဖြစ်မယ်။ ဦးနှောက်ထဲ ရောဂါရရင် ဖြစ်တဲ့ ဘက်မှာသာ တုန်မယ်။
• Dystonic tremor ဆိုတာ အရွယ်မရွေးဖြစ်တယ်။ အနေအထားတခုခုမှာ ဖြစ်တယ်။ တခါတလေ နားလိုက်ရင် သက်သာတယ်။
• Essential tremor အများဆုံးဖြစ်တယ်။ အဆိုးကြီးမဟုတ်ပါ။ ကိုယ်ခန္ဓာ တဖက်တည်းဖြစ်ဖြစ် နှစ်ဘက်လုံး ဖြစ်ဖြစ် ဖြစ်နိုင်တယ်။ လက်တုန်တာအဖြစ်များပြီး အသံတုန်တာလဲပါတယ်။ တချို့မှာ လမ်းလျှောက်တာလဲ ခါတိုင်းလို မငြိမ်ဘူး။ အသက်ရလာရင် အဖြစ်နည်းလာတတ်ပေမဲ့ ဖြစ်တာက ဆိုးလာနိုင်တယ်။ စိတ်လှုတ်ရှားတာ၊ စိတ်ဖိအားများတာ၊ ကိုယ်ပူတာ၊ သကြားဓါတ်နည်းတာတွေကနေ ဆက်ဖြစ်နိုင်တယ်။ အသက် ၄ဝ ကျော်မှာ ဖြစ်တာများတယ်။ အမျိုးထဲမျာလဲ ရှိနေတတ်တယ်။
• Orthostatic tremor အမျိုးအစားက တုန်နေတာ မြန်တယ်။ မတ်တတ်ရပ်လိုက်တာနဲ့ ကိုယ်နဲ့ ခြေထောက်ပိုင်းမှာ ဖြစ်လာမယ်။ နာနေတာလဲဖြစ်လို့ အရပ်ခိုင်းလို့မရဘူး။
• Parkinsonian tremor ဦးနှောက်ရောဂါကနေဖြစ်စေတယ်။ နားနေတုံးမှာ တုန်တယ်။
• Physiologic tremor အခြေခံရောဂါကြောင့်မဟုတ်ဘဲ စိတ်ကြောင့်ဖြစ်တယ်။ ဖြစ်နေတာ တခါတလေ မမြင်ရဘူး။ စိတ်လှုတ်ရှားမှုများတာ၊ သကြားဓါတ်နည်းတာ၊ အားကုန်နေတာ၊ လည်ပင်ကြီးဟော်မုန်းနည်းတာ၊ အရက်၊ ဖျားတာတွေကနေ ဖြစ်နိုင်တယ်။
• Hysterical tremor ကလည်း စိတ်ကြောင့်ဖြစ်တယ်။
• Rubral tremor ဆိုတာ နားနေတုံးမှာ ခပ်ကြမ်းကြမ်းဖြစ်တယ်။ အနေအထားတခုခုမှာဖြစ်တယ်။

Diagnosis ရောဂါသေခြာအောင် လုပ်ရမယ်။
1. Physical exam ရောဂါ မေးမြန်းစစ်ဆေးခြင်း၊
2. Family history မိသားစု ကျန်းမာရေး ရာဇဝင်မေးခြင်း၊
3. Diagnostic imaging using CT or MRI imaging ရိုက်ခြင်း၊
4. Neurological examination အာရုံကြောစစ်ခြင်း၊
5. Electromyogram ရိုက်ခြင်း။

Treatment ဘယ်လိုကုသမလဲ
• ခက်ပါတယ်။ မပျောက်နိုင်တာလဲရှိပါတယ်။
• Medications ဆေးတွေထဲမှာ Symptomatic drug therapy ရောဂါလက္ခဏာကို သာသက်သာစေတယ်။
• Parkinsonian tremor အတွက် L-DOPA and/or Pergolide, Bromocriptine and Ropinirole တွေပေးတယ်။ ဘေးထွက်-ဆိုးကျိုး သတိထားရတယ်။
• Essential tremor အတွက် Beta blockers (Propranolol and Nadolol) or Primidone, Anticonvulsant တွေပေးတယ်။
• Cerebellar tremor အတွက် ဆေးမရှိသေးပါ။
• Rubral tremor အတွက် L-DOPA or Anticholinergic drugs ဆေးနဲ့ Surgery ခွဲစိတ်ကုသနိုင်တယ်။
• Dystonic tremor အတွက် Diazepam, Anticholinergic drugs ပေးတယ်။ Botulinum toxin ထိုးနိုင်တယ်။
• Primary orthostatic tremor အတွက် Diazepam + Primidone တွဲပေးတယ်။
• Enhanced physiologic tremor အမျိုးအစားက ဖြစ်စေတာပြင်ရင် ပျောက်တယ်။ လိုအပ်ရင် Beta blockers ပေးတယ်။
• Essential tremor အတွက် Ethanol ဂအင်စနောလ်) နည်းနည်းပေးတာ သက်သာတယ်။ အနုတ်သဘော ဖြစ်တာကိုလဲ သတိထားရတယ်။
• Physical therapy ကုသနည်းသုံးနိုင်တယ်။
• Surgery ခွဲစိတ်ကုသနည်း တချို့အတွက် ရှိတယ်။ ဥပမာ Thalamotomy နည်း။
• Deep brain stimulation (DBS) လျှပ်စစ်နည်း။
• Biomechanical loading ကုသနည်းလဲရှိတယ်။
• Lifestyle ဘဝပုံစံပြောင်းပါ။ Caffeine (ကေဖင်း) နဲ့ Stimulants စိတ်ကြွစေတာတွေ ရှောင်ပါ။ အရက်-ဆေးလိပ် ဖြတ်ပါ။

Dr. တင့်ဆွေ
၁၆-၄-၂ဝ၁၂

ESL အင်္ဂလိပ်စာ

ကျောင်းစဖွင်ပြီလို့ရေးတော့ မေးပါတယ်။ ဘာသင်တဲ့ကျောင်းလဲ ဆရာတဲ့။  ကျောင်းအကြောင်း နည်းနည်း နည်းနည်း ရေးထားပြီး။ တယောက်က မေးဖူးတယ်။ အခုမှ...