Fri, Apr 13, 2012 at 7:25 PM
I'm (့), single and 21 years old. I’m from (့) which is also known as ruby land. Please would you give me some advice? သွားဖုံးတွေက နည်းနည်းမည်းနေတယ်။ သိတာတော့ တစ်နစ်လောက်ရှိပြီ။ ဘာကြောင့်ပါလဲ။
ပါးစပ်ဟလိုက်ပြီး အပြုံးမျက်နှာက လှနေတယ်ဆိုတာ ဖြူဖွေးညီညာနေတဲ့သွားနဲ့ မပြည့်စုံပါ။ သွားဖုံးတွေလဲ ပန်းရောင် တညီတညာတည်း သန်းနေရအုံးမယ်။ သွားဖုံးအရောင်နဲ့ အသားရောင်က ယေဘုယျတူကြတယ်။
Periodontal Disease သွားဖုံးရောဂါ
သွားဖုံးကိုရော၊ အရိုးနဲ့ ဘေးနားက (တစ်ရှူး) တွေကိုပါ ရောဂါရစေတယ်။ Plaque (ပလိပ်) ခေါ်တာကနေ စဖြစ်တယ်။ ပိုးမွှားတွေကနေ ဖြစ်စေတယ်။ (ပလိပ်) ဖြစ်လာရင် အဲဒီအထဲမှာ ပိုးတွေအောင်းနေမယ်။ သွားဖုံး အရောင်ပြောင်းစေတယ်။
• သွားဖုံးအရောင်မဲတိုင်း ကျန်းမာရေးကြောင့် မဟုတ်ပါ။ မျိုးရိုးလိုက်ပြီး သွားဖုံးမဲတာလဲ ရှိတယ်။
• အရောင် ညိုလာ၊ မဲလာတာဟာ Melanin (မယ်လနင်) ခေါ်တဲ့ ရောင်ချယ်တွေ ရှိသင့်တာထက် များလာလို့ ဖြစ်တယ်။
• Melanin ဆိုတာ နေရောင်ထိရင် ပိုလာတယ်။ Addison’s disease, peutz jeghers syndrome, von recklinghausen’s disease ရောဂါတွေ ရှိနေရင်လဲ (မယ်လနင်) များနေမယ်။
• ဆေးလိပ်သောက်သူတွေမှာ အရောင် ရင့်နေမယ်။
• ခံတွင်းရောဂါတွေကနေလဲ သွားဖုံးအရောင် ပြောင်းလဲစေ၊ မဲစေနိုင်တယ်။
• ခံတွင်းသန့်ရှင်းရေး လိုရင်လဲ ဖြစ်မယ်။
• Minocycline ပိုးသေးဆေး၊ Antimalarial agents ငှက်ဖျားဆေး၊ Tricyclic antidepressants စိတ်မကျဆေးတွေကနေလဲ ဖြစ်စေနိုင်တယ်။
ဆေးကုလို့ရပါတယ်။
၁။ အမဲရောင်ပြောင်းတာဟာ အပေါ်ယံမှာသာဖြစ်တယ်။ အပေါ်လွှာကို ခွဲစိတ်နည်းနဲ့ ဖယ်ထုတ်လိုက်ရင် နဂိုပန်းရောင် ပြန်ပေါ်လာမယ်။ ဒီနည်းကို အများဆုံးလုပ်တယ်။ ထုံဆေးနဲ့လုပ်မယ်၊ ဆေးရုံတက်စရာ မလိုပါ။ ၁-၂ ရက်နဲ့ ကောင်းလာတာ တွေ့ရမယ်။ ၅-၆ လနေရင် အမဲရောင် ၂ဝ-၃ဝ% ပြန်ပေါ်လာတတ်တယ်။ လိုအပ်ရင် ထပ်လုပ်နိုင်တယ်။
၂။ သွားဖုံးအရောင် မဲနေတာက ရောဂါကြောင့် မဟုတ်ရင် Laser-based gum lightening treatments လေဆာသုံး ကုသနည်း ဆိုတာရှိတယ်။ တနာရီသာကြာမယ်။ တခါတည်းနဲ့ရတယ်။ ပြန်မပေါ်ဘူး။
၃။ Scaling and root planning ဆိုတဲ့ကုသနည်းနဲ့ Tartar (တာတာ) နဲ့ (ပလိပ်) ကို သွားဖုံးအနားသတ် အောက်ကနေ ဖယ်ရှားပေးတယ်။
၎။ တခြားဆေးပေးကုသနည်းတွေက မသေခြာပါ။
Dr. တင့်ဆွေ
၁၄-၄၂ဝ၁၂
ESL အင်္ဂလိပ်စာ
ကျောင်းစဖွင်ပြီလို့ရေးတော့ မေးပါတယ်။ ဘာသင်တဲ့ကျောင်းလဲ ဆရာတဲ့။ ကျောင်းအကြောင်း နည်းနည်း နည်းနည်း ရေးထားပြီး။ တယောက်က မေးဖူးတယ်။ အခုမှ...


-
(ယမုန်နာ ဆေးခန်းလက်ထောက်များအတွက် သင်ခန်းစာသာဖြစ်သည်၊) History taking ရောဂါအကြောင်း မေးမြန်းခြင်း လူနာ၏ ရောဂါအကြောင်းကို သေသေခြာခြာ၊ တိတိ...
-
Wed, Jan 4, 2012 at 12:54 AM ကျွန်မ အဖေမှာ ကင်ဆာရောဂါ ရှိနေတာ (၃) နှစ်ကြာပါပြီ။ ပထမဆုံး ဆေးစစ်ရင်း အဆုတ်မှာ အနာဖြစ်တာတွေ့တော့ စင်္ကာပူမှာ သ...
-
Apr 15, 2011 at 11:45 AM ကျွန်တော်က ယခု (့) တွင် အလုပ် လုပ်နေပါတယ်။ (၁၃-၃-၂ဝ၁၁) ကစပြီး နားကိုက်နေပါသည်။ ပထမခံစားရတဲ့ နေ့က နားထဲက ယားလို...
