ကျန်းမာရေးနဲ့ဆေးပညာ မေးလိုတာရှိပါက

ဒီဘလော့ခ်ထဲကစာတွေကို တခြားနေရာမှာ ကျွန်တော့်ခွင့်ပြုချက်မပါဘဲ ကူးယူပြီး မတင်ဘို့ စည်းကမ်း သတ်မှတ်ထားပါတယ်။

ကျန်းမာရေး နဲ့ ဆေးပညာ မေးလိုတာရှိပါက
• ဖြစ်တဲ့သူရဲ့ အသက်၊ ကျား-မ ပြောပါ။ ရောဂါလက္ခဏာ ၁-၂-၃။ တခုတိုင်းက ဘယ်လောက် ကြာပြီ။
• လိုအပ်ရင် ကျန်းမာရေးရာဇဝင်၊ ဓါတ်မှန်၊ (အာလ်ထွာဆောင်း)၊ ဆေးစစ်ချက်၊ လိုအပ်ရင် အိမ်ထောင်၊ ကလေး၊ ရှိ-မရှိ။ နေတဲ့တိုင်းပြည်၊ မြို့ထည့်ရေးပါ။ လူနာမည်၊ နေရပ်လိပ်စာအတိအကျ ကိစ္စမရှိပါ။
• ဆေးနာမည်ရေးရင် Trade name ကုမ္ပဏီကပေးတဲ့နာမည်သာမက Generic name ဆေးနာမည် ထည့်ရေးပါ။
• ဆေးစာ၊ ဆေးစစ်ချက်၊ ဝေဒနာတွေကို စကန်လုပ်ပြီးဖြစ်ဖြစ်၊ ဓါတ်ပုံရိုက်လို့ဖြစ်ဖြစ် ပို့နိုင်ပါတယ်။ ဓါတ်ပုံကို ခွင့်မယူဘဲ အသုံးမချပါ။
• အိမ်ထောင်ရေးနဲ့ လိင်ပိုင်းဆိုင်ရာမေးခွန်းတွေကို Facebook ကနေ မမေးပါနဲ့ မဖြေပါ။ တိုက်ရိုက်သာမေးပါ။
• အီးမေးလ် အခက်အခဲရှိလို့ Facebook message မှာဖြစ်ဖြစ် Chat box မှာဖြစ်ဖြစ်ရေးရင်လဲ အားသလား၊ မေးလို့ရလား ရေးမနေဘဲ၊ တခါတည်း မေးခွန်းသာရေးလိုက်ပါ။
• Facebook Comment ကနေမေးတာ-ဖြေတာ အဆင်မပြေပါ။
စာရှည်ရေးမရပါ။ သူများတွေကို အနှောင့်အယှက်ဖြစ်နိုင်ပါတယ်။
• နာမ်စားသုံးတာမှာ ကိုယ်ကိုယ်ကို ‘သား’၊ ‘သမီး’ လို့ သုံးရင် မေးတဲ့သူရဲ့ သားသမီးလား ထင်မှတ်မှားနိုင်တာသတိပြုပါ။
• SMS အရေးအသားမျိုးကို မဖတ်ပါ။ မြန်မာစကားကို အင်္ဂလိပ်စာလုံးနဲ့ရေးတာကို မဖတ်ပါ။
• ဘလော့ခ် နဲ့ ဖေ့စ်ဘွတ်မှာ အမေး-အဖြေတွေကိုသုံးတဲ့အခါ မေးတဲ့သူရဲ့ ကိုယ်ရေး အချက်အလက်တွေ မပါစေရပါ။
• ဖုန်းဆက်ပြီးမေးရင် Time zone မတူတာရော၊ အသံထွက် လွဲနိုင်တာရောကြောင့် အဆင်မပြေပါ။ ကျွန်တော့်မှာ Viber မရှိပါ။ ဖေ့စ်ဘွတ် ဖုန်း-ဗီဒီယို အဆင်မပြေပါ။ Skype ကိုတော့ နိုင်ငံရေးနဲ့ မိသားစုအတွက်သာသုံးပါတယ်။
drswe01@gmail.com ကို (အီးမေးလ်) ပို့ပါ။

(ဘလော့ခ်) တွေထဲ ဝင်ဖတ်ဘို့ အကြံပြုပါတယ်။
- http://dts-medicaleducation.blogspot.in/ ဆေးပညာစာများ
- http://yamuna-online-clinic.blogspot.in ယမုန်နာ ဆေးခန်း
- http://my-sayawun-life.blogspot.in/ ဆရာဝန်ဘဝ အမှတ်ရတာတွေ
- http://dts-political-page.blogspot.in/ နိုင်ငံရေး စာမျက်နှာ
- http://www.facebook.com/pages/Dr-Tint-Swe/490031307758025?skip_nax_wizard=true ဖေ့စ်ဘွတ်
- https://tintswe.wordpress.com/ Dr. Tint Swe ဒေါက်တာတင့်ဆွေ ဆေးပညာစာများ

Sunday, April 22, 2012

Q and A 2012 April (2)

1. ကျွန်မ အသက်က ၃၇ နှစ်၊ အိမ်ထောင်မရှိပါ။
2. အသဲရောင် စီ ပိုး ရှိတဲ့ သူဟာ ဆေးကုလို့ လုံးဝ ပျောက်ကင်းနိုင်ပါသလား။
3. ကျမက ကိုယ်ဝန်သည်၊ ၆ လထဲမှာပါ။
4. ယောက်ျား ဒူလာ၊ မိန်းမ မီးယပ်တဲ့။ အဲဒါ ဘာကိုဆိုလိုကြတာလဲဆရာ။
5. ကျွန်တော်က အူကျနေတာပါ။
6. တချို့လူတွေဟာ ဘာ့ကြောင့်နှာခေါင်းသွေးလျှံတတ်ကြတာလဲ။
7. ကျွန်တော့်မှာ အသဲရောင် စီ ပိုးရှိနေတယ်လို့ ဆရာဝန်က ပြောပါတယ်။

Fri, Apr 20, 2012 at 10:03 AM
ကျွန်မ အသက်က ၃၇ ပါ။ အိမ်ထောင်မရှိ။ VOA ကနေ ဆရာ့ website အကြောင်း သိလိုက်ရတယ်။ သိချင်တာတွေမေးပါရစေ။ (့) ကို ပြောင်းရွေ့တာဝန်ထမ်းဆောင်တဲ့အချိန် (၂ဝ၁ဝ) ကစပြီး အစာအိမ် သိပ်မကောင်းတော့ပါဘူး။ ခုထိပါပဲ။ ညနေစာ ဝအောင်စားလို့ မရဘူး။ များများစားရင် ညမှာဗိုက်ကနေ ရင်ဘတ်ထိ ခါးကနေ လက်ပျဉ်ထိ တောင့်နေပါတယ်။ လက်ဇက်၊ ဂေါ်ဇီထုပ်စားရင် ပိုဆိုးတယ်။ ဘာဇြစ်တာလဲ။

• Peptic ulcer လေနာ ဆိုတာ ဘုရင်မှာလည်း ဖြစ်သည် http://dts-medicaleducation.blogspot.com/2010/05/peptic-ulcer.html
• Peptic Ulcer Diagnosis လေနာရောဂါကို ဆေးစစ်ခြင်း http://dts-medicaleducation.blogspot.com/2010/09/peptic-ulcer-diagnosis.html

Thu, Apr 19, 2012 at 11:05 PM
အသဲရောင် စီ ပိုး ရှိတဲ့ သူဟာ ဆေးကုလို့ လုံးဝ ပျောက်ကင်းနိုင်ပါသလား။ ဆေးမကု ဆေး မစားရင် ရောဂါ အခြေအနေ ဘယ်လောက် ဆိုးဝါးနိုင်ပါသလဲ။ ဘယ်လိုဝေဒနာတွေကို ခံစားရနိုင်ပါသလဲ။ သက်တမ်းစေ့ နေနိုင်ပါသလား။ အခု မိန်းမယူဖို့ လုပ်နေလို့ မိန်းမယူရင် မိန်းမကို ကူးစက်နိုင်ပါသလား။ ကလေးယူရင် ကလေးကို ကူးစက်နိုင်ပါသလား။

• Hepatitis C (1) (စီ) ပိုး (၁) http://dts-medicaleducation.blogspot.com/2011/11/hepatitis-c.html
• Hepatitis C (2) စီ ပိုး နောက်ဆက်တွဲ http://dts-medicaleducation.blogspot.com/2011/03/hepatitis-c.html
• Hepatitis C Vaccine အသဲရောင် (စီ) ကာကွယ်ဆေး အလားအလာရှိ http://dts-medicaleducation.blogspot.com/2012/01/hep-c-vaccine.html
• Hepatitis C (3) (စီ) ပိုး (ဗိုင်ရယ်လ်-လုဒ်) http://dts-medicaleducation.blogspot.in/2012/02/hepatitis-c-2.html

Thu, Apr 19, 2012 at 11:25 AM
ကျမက ကိုယ်ဝန်သည်၊ ၆ လထဲမှာပါ။ ခုတလော ခါးတွေနာပြီး ရင်ညွှန့်အလယ်က အောင့်နေတတ်ပါတယ်။ အသက်ရူမဝသလို ခံစားရပါတယ်။ ပထမမေးချင်တာတစ်ခုက ကလေးစောမွေးတာ ဘာကြောင့်လဲဆိုတာပါ။ ကျမ ကြားဖူးတာ ကလေးက ၆ လမှာမွေးရင် အသေ၊ ၇ လဆို အသက်ရှင်တယ်တဲ့။ ၈ လမှာမွေးရင်လည်း သေတတ်တယ်၊ ၉ လမှသာ ရှင်တယ်ဆိုတာ ဟုတ်ပါသလား။ ကျမ ယောက်မက ၇ လမှာ ကလေးမွေးဖူးပါတယ်။ မွေးတုန်းက ကလေးက သေးသေးလေး။ ခုအဲဒီကလေးက ဥာဏ်ရည်ကော အရွယ်အစားပါပုံမှန်ပါပဲ။ ကျမက စောမွေးမှာကြောက်နေလို့ပါ။ နောက်တခုက ကျမက အလှအပကြိုက်ပါတယ်။ ကလေးကိုယ်ဝန်ဆောင်နေတုန်း မိတ်ကပ် လိုးရှင်းမလိမ်းရတာတို့၊ ဆံပင် ကောက်တာ ဆေးဆိုးတာတို့လုပ်ရင် ကလေးပျက်စီးတတ်တယ်ဆိုတာ ဟုတ်ပါသလား။ ဆံပင်ဆေးဆိုးတာလုပ်မိလို့ စိတ်ပူနေပါတယ်။ ကလေးမှာ အန္တရယ်ရှိနေနိုင်လား။

ကိုယ်ဝန်အတွက် စာတွေ အများကြီး ရေးထားပါတယ်။ သိချင်တာ ရွေးဖတ်နိုင်ပါတယ်။ ယေဘုယျပြောရရင် ၇ လ ပြည့်မှ ကလေးရှင်နိုင်တယ်။ အချိန်စောမွေးတာရော ကိုယ်အလေးချိန်မပြည့်တာရော မွေးကတည်းက ဂရုစိုက်ပေးရတယ်။ စောမွေးစေတဲ့အကြောင်းတွေ တခုမက ရှိတယ်။ နည်းပါတယ်။ ကြိုတင် စိုးရိမ်မနေသင့်ပါ။ ကိုယ်ဝန်ကို အသေအခြာအပ်ထားပါ။ ဆေးသောက်ခိုင်းတာ၊ အစာစားခိုင်းတာ လိုက်နာပါ။
အလှအပ လုပ်လို့ရပါတယ်။ ရေးထားတာလဲ ရှိပါတယ်။ ဆံပင်ဆိုးဆေးက ကိုယ်နဲ့တည့်ရင် ကလေးအတွက် ကိစ္စမရှိပါ။
• Pregnancy and Ejaculation ကိုယ်ဝန် နဲ့ သုက်လွှတ်ခြင်း http://dts-medicaleducation-adult.blogspot.in/2012/03/pregnancy-and-ejaculation.html
• Pregnancy Signs ကိုယ်ဝန်ရှိခြင်း လက္ခဏာ (၂ဝ) http://dts-medicaleducation-adult.blogspot.in/2012/03/pregnancy-signs.html
• Pregnancy Stages ကိုယ်ဝန်ဆောင် အဆင့်များ http://dts-medicaleducation-adult.blogspot.in/2012/03/stages-of-pregnancy.html
• Pregnancy after tubes are tied သားကြောဖြတ်ပြီး ကလေးပြန်ရချင်တယ် http://dts-medicaleducation.blogspot.com/2010/10/how-to-get-pregnant-after-tubes-are.html?zx=4d40125ad408d815
• Pregnancy and Air Travel ကိုယ်ဝန်နဲ့ လေယာဉ်ခရီး http://dts-medicaleducation.blogspot.com/2011/01/pregnancy-and-air-travel.html
• Pregnancy and Exercise ကိုယ်ဝန်ဆောင် လေ့ကျင့်ခန်း http://dts-medicaleducation.blogspot.com/2011/01/exercising-during-pregnancy.html
• Pregnancy and Hepatitis C အသဲရောင် (စီ) နဲ့ ကိုယ်ဝန် http://dts-medicaleducation.blogspot.com/2011/11/pregnancy-and-hepatitis-c.html
• Pregnancy and Prednisolone ကိုယ်ဝန်နှင့် (ပရက်နဆိုလုံး) http://dts-medicaleducation.blogspot.com/2011/11/pregnancy-and-prednisolone.html
• Pregnancy and Rheumatic disease ကိုယ်ဝန်ဆောင်နဲ့ လေးဘက်နာ http://dts-medicaleducation.blogspot.in/search?q=Pregnancy+and+Rhumatoid+arthritis
• Pregnancy and Rubella (ရူဘဲလား) နဲ့ ကိုယ်ဝန် http://dts-medicaleducation.blogspot.com/2010/12/pregnancy-and-rubella.html
• Pregnancy and Sleeping pills အိပ်ဆေးနဲ့ ကိုယ်ဝန် http://dts-medicaleducation.blogspot.com/2011/01/sleeping-pills-and-pregnancy.html
• Pregnancy and Vomiting ကိုယ်ဝန်နှင့် အန်ခြင်း http://dts-medicaleducation.blogspot.in/2011/11/pregnancy-and-vomiting.html
• Pregnancy after tubes are tied သားကြောဖြတ်ပြီး ကလေးပြန်ရချင်တယ် http://dts-medicaleducation.blogspot.com/2010/10/how-to-get-pregnant-after-tubes-are.html
• Pregnancy and Ultrasound ကိုယ်ဝန်ဆောင် နှင့် (အာလ်ထွာ-ဆောင်း) http://dts-medicaleducation.blogspot.com/2010/09/pregnancy-and-ultrasound.html
• Pregnancy Tests ကိုယ်ဝန် ရှိ-မရှိ စမ်းသပ်ခြင်း http://dts-medicaleducation.blogspot.com/2010/11/pregnancy-tests.html
• Pregnancy, CS and Anesthesia ဗိုက်ခွဲမွေးတာ ဘယ်မေ့ဆေး သုံးမှာလဲ http://dts-medicaleducation.blogspot.com/2011/11/pregnancy-cs-and-anesthesia.html
• Oscar Test နဲ့ Triple Test ကိုယ်ဝန်ဆောင်စဉ် စစ်ဆေးနည်းများ http://dts-medicaleducation.blogspot.in/2012/04/oscar-test-triple-test.html
• Prenatal Tests ကိုယ်ဝန်ဆောင်စဉ် စမ်းသပ်ရမဲ့ စစ်ဆေးနည်းများ http://dts-medicaleducation.blogspot.in/2012/03/prenatal-tests.html
• Third trimester of pregnancy ကိုယ်ဝန်ဆောင် နောက်ဆုံး (၃) လ http://dts-medicaleducation.blogspot.in/2012/03/third-trimester-of-pregnancy.html
• Foods for Healthy Hair ဆံပင် အာဟာရ http://dts-medicaleducation.blogspot.in/2012/03/foods-for-healthy-hair.html
• Hair & Health ဆံပင်က သင့်ကျန်းမာရေးကို ပြောနေတယ် http://dts-medicaleducation.blogspot.in/2012/03/hair-health.html
• Beauty Product Dangers အလှအပသုံးပစ္စည်းတွေရဲ့ အမှန်တရား http://dts-medicaleducation.blogspot.in/2012/03/beauty-product-dangers.html
• Beauty Questions လှချင်ရက် စက်စက်ယို (၁) http://dts-medicaleducation.blogspot.in/2012/03/beauty-questions.html

Sun, Apr 22, 2012 at 12:19 PM
ယောက်ျား ဒူလာ၊ မိန်းမ မီးယပ်တဲ့။ အဲဒါ ဘာကိုဆိုလိုကြတာလဲဆရာ။ ဒူလာဆိုတာဘာလဲ။ မီးယပ်ဆိုတာကကော။

ကျွန်တော်က မြန်မာလူမျိုး အစစ်မို့ မြန်မာစာ-မြန်မာစကားလဲ အတော်အတန် နားလည်တယ်။ ဆေးပညာလည်း သင်ထားတယ်။ ဒါပေမဲ့ “ဒူလာ” ကို အဓိပ္ပါယ်ဖွင့်တာ၊ “မီးယပ်” က ဘာဆိုလိုတယ်ဆိုတာကို တိတိကျကျ မသိလှသေးပါ။ အမေးတခုမှာလဲ ဖြေခဲ့ဘူးသေးတယ်။ တိုင်းရင်းဆေးပညာစာ လက်လှမ်းမီတာ ရှာပါသေးတယ်။ ဒူလာကို ကိုက်ခဲနေတာကိုလဲ ပြောတယ်။ လိပ်ခေါင်းကိုလဲ ပြောတယ်။ ဝမ်းကိုက်တာလဲ ပြောတယ်။
“မီးယပ်” ဆိုတာကိုလဲ “ကလေးမီးဖွါးတာ” ပြောတယ်။ “ရာသီနဲ့ဆိုင်တာ” လဲ ပြောတယ် “သွေးဆုံးတာ” လဲ ပြောတယ်။ ကျွန်တော်တို့ ဆေးပညာအရဆိုရင် OG ဆိုတာထဲက Gynacology (G) ကိုသာ ဆိုလိုတယ်။ Obstetrics (O) သားဖွါးတာနဲ့ မဆိုင်ဘဲ ဖြစ်တဲ့ Disease of women အမျိုးသမီး-ရောဂါတွေလို့ ယေဘုယျ ပြောနိုင်တယ်။ ဒါကလဲ သိပ်တိကျတယ် မထင်ဘူး။
“ယောက်ျား ဆီး၊ မိန်းမ မီး” ဆိုတာလဲ ရှိသေးပြန်တယ်။ ယောက်ျားတွေ အသက် သိပ်မကြီးခင်မှာ ဆီးပူ-ဆီးအောင့်တာ၊ အသက်ကြီးရင် ဆီးကျိတ်ကြီးတာ အဖြစ်များတယ်။ မိန်းမတွေက ရာသီနဲ့ဆိုင်တာနဲ့ သွေးဆုံးရောဂါ အဖြစ်များလို့ ပြောတာ။
ဒါကြောင့် ဆရာဝန်တွေက လူနာပြောတာကို (ကွန်ပလိန့်) မေးပြီး ရေားချတဲ့အခါမှာ လူနာကနေ ဖြစ်နေတာ၊ ခံစားနေရတာကိုသာ သိချင်တယ်။ သူတို့ ကိုယ်တိုင်ပြောတဲ့ အသုံးအနှုံးအတိုင်း ပိုလိုချင်တယ်။ ဥပမာ “ဖျားနေတယ်၊ ချမ်းတယ်”။ လူနာကနေ “ငှက်ဖျား” ဖြစ်နေတယ်လို့ ပြောတာကို မယူချင်ဘူး။ စိတ်တိုတဲ့ ဆရာဝန်က စိတ်တိုနိုင်တယ်။ ကျွန်တော်လဲ နုတုံးကတော့ ကျွဲမြီး တိုဘူးတာပါဘဲ။
ဒူလာ ဆိုတာလဲ Diagnosis ရောဂါနာမည်လား။ Complaint (ကွန်ပလိန့်) လား မသိပါ။ “ကိုက်ခဲတယ်” ဆိုရင် ရှင်းတယ်။ “လိပ်ခေါင်းလိုဟာ ထွက်တယ်” ဆို ရှင်းတယ်။ ဒါတောင်မှာ လိပ်ခေါင်းဆိုတာ ရောဂါနာမည်ဖြစ်နေသေးတယ်။ “ဝမ်းသွားရင် တခုခု စအိုကနေ ထွက်လာတယ်၊ တခါတလေ သွေးထွက်တယ်” ဆိုတာမျိုးကို ပို သိချင်တယ်။ ဝမ်းကိုက်တယ်ဆိုတာလဲ ရောဂါနာမည်။ ဗိုက်နာတိုင်း ဝမ်းကိုက်တာ မဟုတ်ဘူး။ တချို့က ဝမ်းချုပ်တာကိုလဲ ဝမ်းကိုက်သလိုပြောတယ်။ ဒါကြောင့် အိမ်သာ ဘယ်နှစ်ခါ တက်ရသလဲ။ ဝမ်းသွားချင်ရင် ဗိုက်နာသလား။ အကျိအချွဲ-သွေး ပါသလား။ စသဖြင့် မေးရတယ်။

Sun, Apr 22, 2012 at 6:21 PM
ကျွန်တော်က အူကျနေတာပါ။ ရှက်လို့ မပြောတာ အခု ၄ နှစ်လောက်တော့ ရှိပြီထင်ပါတယ်။ ပြန်ပြန်ပြီး လက်နဲ့ တင်တင် ပေးရင် နည်းနည်း ပျောက်ပြီး ကြာရင် ပြန်ဖြစ်တယ်။ အဲဒါ ဖြစ်မှန်းသိကတဲက အောက်ခံ ဘောင်းဘီးကို အမြဲတမ်း ဝတ်တော့ အရမ်းကြီးတော့ မဆိုးပါဘူး။ ကျွန်တော် ကုတော့ကုချင်ပါတယ်။ ဒါပေမယ့် မခွဲစိတ်ချင်ဘူး။ ဆေးပဲသောက်ရင် ပျောက်နိုင်လား။ ပျောက်နိုင်ရင် ဆေးနာမည်လေး ပြောပြပေးပါ။ တကယ်လို့ ခွဲစိတ်မယ်ဆိုရင်ရော ချုပ်ရိုးရာ ကျန်ခဲ့မှာ ကြောက်တယ်။ ချုပ်ရိုးပြောက် ခွဲစိတ်လို့ရတယ်လို့ ကြားတယ်။ အဲတာ မြန်မာနိုင်ငံမှာ ရပါသလား။ ဖြစ်နိုင်ရင်တော့ ဆေးပဲသောက်ချင်တယ်။

Hernia အူကျရောဂါကို အကောင်းဆုံးက ခွဲစိတ်နည်းဖြစ်တယ်။ အခွဲမခံနိုင်သူတွေ၊ ခွဲမဖြစ်သူတွေ ဥပမာ အသက်ကြီးလွန်းသူ၊ နှလုံး-ဆီးချို ရှိသူတွေကို ခါးပတ်နဲ့ ထိန်းထားစေရတယ်။ ပျောက်သွားအောင်လုပ်တာ မဟုတ်ပါ။ ဒီခွဲစိတ်နည်းဟာ အလတ်းစားခွဲစိတ်နည်းသာဖြစ်တယ်။ ကျနေတဲ့အူက ပြန်မဝင်တာမျိုး ဖြစ်လာတတ်တယ်။ ဖြစ်ရင် ပြန်မလျှော့ဘူး။ နာမယ်။ အူလမ်းပိတ်လာမယ်။ အရေးပေါ် ခွဲရမယ်။ အဲဒီအချိန်မှာ မခွဲလို့ မဖြစ်တော့ဘူး။ ခွဲစိတ်တာမှာ ချုပ်ရိုးကို သက်သာအောင် လုပ်နည်းတွေ မြန်မာပြည်မှာလဲ ရှိမှာပါ။ ခွဲစိတ်ဆရာဝန်နဲ့ တိုင်ပင်ပါ။ Sat, Apr 14, 2012 at 1:26 PM
၁။ တချို့လူတွေဟာ ဘာ့ကြောင့်နှာခေါင်းသွေးလျှံတတ်ကြတာလဲ။ မကြာခဏနှာခေါင်းသွေးလျှံတတ်တဲ့သူတွေကို အမြဲတွေ့နေရတတ်လို့ပါ။ ဒါဟာရောဂါလား။ မိန်းခလေး၊ ယောက်ျားလေးတွေမှာ ဘယ်သူက ပိုအဖြစ်များလဲ။ ဘယ် အသက်အရွယ်မှာဖြစ်တာလဲ။ မျိုးရိုးနှင့်ဆိုင်ပါသလား။
၂။ နှာစေးနေတဲအချိန်မှာ တစ်ခါတစ်ခါမှာ အသက်ရှုမရလောက်အောင် ပိတ်နေတတ်ပါတယ်။ ဘာကြောင့်ပါလဲ။ နောက်ပြီး နှပ်တွေကကော ဘယ်ကနေဘယ်လိုဖြစ်တည်သွားတာလဲ။ အထဲမှာ သူ့အတွက် သိုလှောင်တဲ့အိပ်ရှိလား။

နံပါတ် (၁) မေးခွန်းအတွက်
• Nosebleed (1) နှာခေါင်းသွေးယိုခြင်း (၁)
• Nosebleed (2) နှာခေါင်းသွေးယိုခြင်း (၂) တွေကို ဖတ်ပါ။

နံပါတ် (၂) မေးခွန်း။ နှပ်ဆိုတာ နှာခေါင်းထဲက အညစ်အကြေးလို့ခေါ်တယ်။ အမှန်က နှာခေါင်းထဲမှာ အချွဲရည်ရှိနေတယ်။ တခုခုဖြစ်ရင် (ရောဂါပိုးဝင်တာ၊ အလာဂျီရတာ) ဆိုရင် ပိုများလာတယ်။ ကိုယ်နဲ့ မသင့်တာ၊ ကိုယ့်ပစ္စည်း မဟုတ်တာ)င်ရင် ပိုများတယ်။ ဝင်လာတာနဲ့ အချွဲရည်နဲ့ ရောထးတာကို နှပ်လို့ခေါ်ကြတယ်။ အချွဲရည်ထွက်တဲ့ နေရာတွေက ရောင်ရမ်းလာရင် အသီးလိုဖြစ်လာနိုင်တယ်။ အသက်ရှူလမ်းကို ပိတ်စေတယ်။

Mon, Apr 16, 2012 at 10:45 AM
ကျွန်တော့်မှာ အသဲရောင် စီ ပိုးရှိနေတယ်လို့ ဆရာဝန်က ပြောပါတယ်။ ဒီရောဂါ ရဲ့ ဆိုးကျိုးများကို သိချင်ပါတယ်။ ဘာတွေကို ရှောင်သင့်သလဲ သိချင်ပါတယ်။

Hepatitis C (1) (စီ) ပိုး (၁)
Hepatitis C (2) စီ ပိုး နောက်ဆက်တွဲ
Hepatitis C (3) (စီ) ပိုး (ဗိုင်ရယ်လ်-လုဒ်)