ကျန်းမာရေးနဲ့ဆေးပညာ မေးလိုတာရှိပါက

ဒီဘလော့ခ်ထဲကစာတွေကို တခြားနေရာမှာ ကျွန်တော့်ခွင့်ပြုချက်မပါဘဲ ကူးယူပြီး မတင်ဘို့ စည်းကမ်း သတ်မှတ်ထားပါတယ်။

ကျန်းမာရေး နဲ့ ဆေးပညာ မေးလိုတာရှိပါက
• ဖြစ်တဲ့သူရဲ့ အသက်၊ ကျား-မ ပြောပါ။ ရောဂါလက္ခဏာ ၁-၂-၃။ တခုတိုင်းက ဘယ်လောက် ကြာပြီ။
• လိုအပ်ရင် ကျန်းမာရေးရာဇဝင်၊ ဓါတ်မှန်၊ (အာလ်ထွာဆောင်း)၊ ဆေးစစ်ချက်၊ လိုအပ်ရင် အိမ်ထောင်၊ ကလေး၊ ရှိ-မရှိ။ နေတဲ့တိုင်းပြည်၊ မြို့ထည့်ရေးပါ။ လူနာမည်၊ နေရပ်လိပ်စာအတိအကျ ကိစ္စမရှိပါ။
• ဆေးနာမည်ရေးရင် Trade name ကုမ္ပဏီကပေးတဲ့နာမည်သာမက Generic name ဆေးနာမည် ထည့်ရေးပါ။
• ဆေးစာ၊ ဆေးစစ်ချက်၊ ဝေဒနာတွေကို စကန်လုပ်ပြီးဖြစ်ဖြစ်၊ ဓါတ်ပုံရိုက်လို့ဖြစ်ဖြစ် ပို့နိုင်ပါတယ်။ ဓါတ်ပုံကို ခွင့်မယူဘဲ အသုံးမချပါ။
• အိမ်ထောင်ရေးနဲ့ လိင်ပိုင်းဆိုင်ရာမေးခွန်းတွေကို Facebook ကနေ မမေးပါနဲ့ မဖြေပါ။ တိုက်ရိုက်သာမေးပါ။
• အီးမေးလ် အခက်အခဲရှိလို့ Facebook message မှာဖြစ်ဖြစ် Chat box မှာဖြစ်ဖြစ်ရေးရင်လဲ အားသလား၊ မေးလို့ရလား ရေးမနေဘဲ၊ တခါတည်း မေးခွန်းသာရေးလိုက်ပါ။
• Facebook Comment ကနေမေးတာ-ဖြေတာ အဆင်မပြေပါ။
စာရှည်ရေးမရပါ။ သူများတွေကို အနှောင့်အယှက်ဖြစ်နိုင်ပါတယ်။
• နာမ်စားသုံးတာမှာ ကိုယ်ကိုယ်ကို ‘သား’၊ ‘သမီး’ လို့ သုံးရင် မေးတဲ့သူရဲ့ သားသမီးလား ထင်မှတ်မှားနိုင်တာသတိပြုပါ။
• SMS အရေးအသားမျိုးကို မဖတ်ပါ။ မြန်မာစကားကို အင်္ဂလိပ်စာလုံးနဲ့ရေးတာကို မဖတ်ပါ။
• ဘလော့ခ် နဲ့ ဖေ့စ်ဘွတ်မှာ အမေး-အဖြေတွေကိုသုံးတဲ့အခါ မေးတဲ့သူရဲ့ ကိုယ်ရေး အချက်အလက်တွေ မပါစေရပါ။
• ဖုန်းဆက်ပြီးမေးရင် Time zone မတူတာရော၊ အသံထွက် လွဲနိုင်တာရောကြောင့် အဆင်မပြေပါ။ ကျွန်တော့်မှာ Viber မရှိပါ။ ဖေ့စ်ဘွတ် ဖုန်း-ဗီဒီယို အဆင်မပြေပါ။ Skype ကိုတော့ နိုင်ငံရေးနဲ့ မိသားစုအတွက်သာသုံးပါတယ်။
drswe01@gmail.com ကို (အီးမေးလ်) ပို့ပါ။

(ဘလော့ခ်) တွေထဲ ဝင်ဖတ်ဘို့ အကြံပြုပါတယ်။
- http://dts-medicaleducation.blogspot.in/ ဆေးပညာစာများ
- http://yamuna-online-clinic.blogspot.in ယမုန်နာ ဆေးခန်း
- http://my-sayawun-life.blogspot.in/ ဆရာဝန်ဘဝ အမှတ်ရတာတွေ
- http://dts-political-page.blogspot.in/ နိုင်ငံရေး စာမျက်နှာ
- http://www.facebook.com/pages/Dr-Tint-Swe/490031307758025?skip_nax_wizard=true ဖေ့စ်ဘွတ်
- https://tintswe.wordpress.com/ Dr. Tint Swe ဒေါက်တာတင့်ဆွေ ဆေးပညာစာများ

Thursday, April 26, 2012

Q and A April 2012 (4)

1. ခါးက နေ့တိုင်းနာနေတာကို ဘယ်လိုဆေးသုံးရမည်နည်း။
2. အသက် ၂၆ ဝန်းကျင်ရှိ ကျွန်တော့ ကောင်မလေးမှာ ဝမ်းချုပ်တဲ့ရောဂါ ခံစားနေရပါတယ်။
3. သားက အသက် ၁ နှစ်နဲ့ ၆ လ ပါ။ ကိုယ်အလေးချိန် ၁၁ kg ရှိပါတယ်။
4. အသက် ၃၁၊ အိမ်ထောင်သက် ၃ လ၊ အရပ် ၅ ပေ ၁ လက်မ၊ ကိုယ်အလေးချိန် ၁၃ဝ ပါ။
5. မိခင်နို့ တိုက်လို့ ကလေးရဲ့ ပါးမှာ နို့ပွေးလို့ ခေါ်တဲ့ အနီကွက်လေးတွေ ထနေတာ ၁ လကျော်လောက်ရှိပါပြီ။
6. ကျမ အမေက အသက် ၇၉ နှစ်ပါ၊ အိမ်ထောင်မရှိတော့ပါ။


Tue, Apr 24, 2012 at 4:27 PM
ခါးက နေ့တိုင်းနာနေတာကို ဘယ်လိုဆေးသုံးရမည်နည်း။ ခါးနာရတဲ့အကြောင်းကတော့ အလေးအပင်တွေ မတယ်ရယ် ပြီးတော့ တူနဲ့ထုရတာတွေ လုပ်ရပါတယ်။ အဲဒါတွေကြောင့် ဖြစ်တာလာမသိပါဘူး။ အဲဒါကို ပျောက်အောင် ဘယ်လိုများ လုပ်ရပါမလဲရှင်။
• Low Back Pain ခါးနာ သက်သာစေရန်


Tue, Apr 24, 2012 at 10:47 PM
အသက် ၂၆ ဝန်းကျင်ရှိ ကျွန်တော့ ကောင်မလေးမှာ ဝမ်းချုပ်တဲ့ရောဂါ ခံစားနေရပါတယ်။ ဝမ်းနှုတ်ဆေးသောက်လဲ သိပ်မထူးပါဘူး။ ဘာဆေးများ ရေရှည်စွဲသောက်သင့်ပါသလဲ။ သူကသာမန်ထက် ပိုပိန်ပါတယ်။ အဲဒီအတွက် ဝအောင် ဆိုပြီး CYPON လို့ခေါ်တဲ့ဆေးကို အသိတစ်ယောက်က ပြောလိုတော့ သောက်နေပါတယ်။ အဲဒီဆေးကြောင့်ပဲ အခုလို ဖြစ်နေတာလား။ အဲဒီဆေးသောက်ရင် ကြာရင် ဘာတွေဖြစ်နိုင်ပါသလဲ။ အဲဒီဆေးမသောက်ပဲ တခြားနည်းနဲ့ ဝအောင် ဘယ်လို လုပ်ရမလဲဆိုတာလဲ။

Cypon ဆေးကို နာမည်တွေ အများကြီးနဲ့ ရောင်းကြတယ်။ ဆေးနာမည်ရင်း Generic Name ကတော့ Cyproheptadine ဖြစ်တယ်။ ဆေးအမျိုးအစားက Antihistamines ဂအင်တီဟစ်တငမ်း) နဲ့ Decongestants (ဒီကွန်ဂျက်စတင့်) တွေ ရောထာတာ ဖြစ်တယ်။ (အလာဂျီ) ရာတာ၊ Allergic rhinitis စတာတွေအတွက် သုံးတာများတယ်။ အစာစားချင်စိတ်ပိုအောင်လဲ သုံးတတ်တယ်။
လူကြီးတွေကို 05 mg/kg/day ပေးတယ်။ ကလေးတွေကို 2 mg (1/2 tablet) ၂-၃ ခါခွဲပေးမယ်။ Tablet ဆေးပြား၊ Capsule ဆေးတောင့်နဲ့ Syrup ဆေးရည်တွေရှိတယ်။
Side Effects ဘေးထွက်-ဆိုးကျိုးတွေကတော့ -
အိပ်ချင်မယ်၊ အိပ်ရေးပျက်မယ်၊ ခေါင်းမူးမယ်၊ ကိုယ်ကိုထိန်းရခက်မယ်၊ စိတ်ရှုတ်ထွေးမယ်၊ စိတ်လှုတ်ရှားမယ်၊ စိတ်တိုမယ်၊ ဂနာမငြိမ်ဖြစ်မယ်၊ လက်တုန်မယ်၊ အရေပြား အနီပြင်ထွက်မယ်၊ ချွေးထွက်များမယ်၊ မျက်စိကြည့်မကောင်း၊ နားထဲအသံတွေကြားတယ်၊ သွေးဖိအားကျမယ်၊ ရင်တုန်မယ်၊ သွေးအားနည်းတတ်တယ်၊ အသဲသတိထားရမယ်၊ အသာဝါမယ်၊ အာခေါင်ခြောက်မယ်၊ ဗိုက်အောင့်မယ်၊ အစားပျက်မယ်၊ ပျို-အန်မယ်၊ ဝမ်းပျက်မယ်၊ ဝမ်းချုပ်မယ်၊ ဆီးခဏခဏသွားချင်မယ်။ ပန်းနာရှိရင်၊ ရေတိမ်၊ နှလုံးရောဂါ၊ သွေးတိုး၊ အတက်ရောဂါ၊ လည်ပင်းကြီးဟော်မုန်းများရောဂါ ရှိသူတွေကို သတိထားပေးရတယ်။ ဆေးနဲ့ အရက် မတွဲသင့်ဘူး။ ဆေးသောက်နေတုံး နေရာင်ကိုရှောင်သင့်တယ်။ မွေးကာစကလေးတွေနဲ့ နို့တိုက်မိခင်တွေကို မပေးသင့်ဘူး။ ကိုယ်ဝန်ဆောင်အတွက် Category B သတ်မှတ်ထားတယ်။
Constipation ဝမ်းတလုံးကောင်း ခေါင်းမခဲ (၃)

Tue, Apr 24, 2012 at 11:26 PM
သားက အသက် ၁ နှစ်နဲ့ ၆ လ ပါ။ ကိုယ်အလေးချိန် ၁၁ kg ရှိပါတယ်။ (့) မှာ နှာခေါင်းထဲက polys ကို ဖယ်ထုတ်ပြီး နားထဲကို ရာဘာ tube ထည့်ထားပါတယ်။ မနေ့က (့) မှာ နားနဲ့နှာခေါင်းကို ပြန်စစ်ဆေးပါတယ်။ နားထဲက ရာဘာ tube က အနေအထားမှန်တယ်။ ကလေးက ငိုနေတော့ hearing test တော့ မလုပ်ခဲ့ရပါဘူး။ နှားခေါင်းကဟာကို ဖယ်ထုတ်ပြီးပေမယ့် ကလေးကအိပ်ရင် အသံမြည်ပြီး အသက်ရှူခက်တုန်းပဲ ဖြစ်နေတဲ့အတွက် Tonsils အာသီးတွေ ကြီးနေလို့ တဝက်လောက် ဖြတ်ထုတ်ပစ်ရမယ်လို့ ဒီကဆရာဝန်က ပြောပါတယ်ရှင့်။ အာသီးကို (့) ကြရင် ခွဲရမယ်လို့ ပြောပါတယ်။ တကယ်လို့များ အဲတာ ဖြတ်ပြီးနောက် မသက်သာသေးရင် မည်ကဲ့သို့ လုပ်ရပါ့မလဲရှုင့် စိုးရိမ်လို့ပါရှင့်။ အာသီး ဖြတ်ထုတ်ရင် အခြားသော အကျိုးဆက်များ ဖြစ်နိုင်ပါသလား။ အာသီး ခွဲစိတ်ပြီးရင် သိထားသင့်သော အချက်များကိုလည်း ဖော်ပြပေးပါရှင့်။ ခွဲစိပ်မှု တစ်ခုနဲ့ တစ်ခု နီးနေတာ ကလေးအတွက် အန္တရာယ် ရှိနိုင်ပါလား။ သားရဲ့ဥလေးတစ်လုံး (testic) က ဥအိတ်ထဲ မဆင်းသေးလို့လည်း ခွဲရအုံးမယ် date တော့မသိရသေးပါဘူး။

Complications of tonsillectomy and adenoidectomy အာသီးခွဲစိတ်ခြင်းမှာ တခြားခွဲစိတ်မှုတိုင်းမှာလို နောက်ဆက်တွဲဖြစ်နိုင်စရာတွေရှိတယ်။ စာရင်းချရေးပြနေရင် ခြောက်လှန့်သလိုဖြစ်နိုင်တယ်။ သိထားအောင်တော့ ရေးရတော့မှာပေါ့။
၁။ လည်ပင်းနာတာ၊ ဆိုင်းနပ်စ်၊ နားရောဂါတွေ အားသီးခွဲလိုက်ပေမဲ့ အားလုံး ပျောက်သွားချင်မှ ပျောက်တာ ဖြစ်နိုင်တယ်။
၂။ ထပ်ခွဲစိတ်ဘို့ လိုချင်လဲ လိုနိုင်တယ်။
၃။ ခွဲစိတ်အပြီး သွေးယိုတာ၊
၎။ ရောဂါပိုးဝင်တာ၊
၅။ အသံပြောင်းသွားတာ၊
၆။ နှာခေါင်းကနေ အသက်ရှူရခက်တာ၊ အိပ်ရင်ဟောက်တာ။
ကနေ့ခေတ်မှာာ ဆေးပညာမှာ နည်းပညာ -အတတ်ပညာတွေ ပိုကောင်းလာနေပါတယ်။

Undescended Testicles ယောက်ျားလေး ဝှေးစေ့ အောက်ထိမကျတာ မွေးရာပါ ဖြစ်တတ်တယ်။ မွေးပြီး ၆ လသားမှ မကျရင် စစ်ဆေးရမယ်။ ကြီးတဲ့အထိ မခွဲရင် နောင်မှာ သားသမီးမရတာဖြစ်စေနိုင်တယ်။ သူ့နေရာသူ ရှိတာထက် အကျိတ် (ကင်ဆာ) ဖြစ်နိုင်ခြေလမ်း နဲနဲပိုများတယ်။ အူကျတာနဲ့ တွဲဖြစ်တတ်တယ်။ အထဲမှာ အညှာလိမ်တာ ဖြစ်နိုင်တယ်။ သူများနဲ့ မတူလို့ဆိုပြီး ကလေး စိတ်ညစ်နေနိုင်တယ်။ Orchiopexy ခေါ်တဲ့ ခွဲစိတ်နည်းနဲ့ကုသရတယ်။ တချို့ကို ဆေးရုံတောင် တက်စရာမလိုဘဲရတယ်။ တပါတ်နေရင် လူကောင်းလို ဖြစ်လာမယ်။ ဆရာကိုယ်တိုင် တောနယ်မှာ အနည်းဆုံး ၂ ယောက်လောက်ခွဲဖပးရဘူးတယ်။

Thu, Apr 26, 2012 at 12:02 PM
အသက် ၃၁၊ အိမ်ထောင်သက် ၃ လ၊ အရပ် ၅ ပေ ၁ လက်မမှာ ကိုယ်အလေးချိန်က ၁၃ဝ ပါ။ April 5 ရက်နေ့မှာ ရာသီ စလာပြီးတော့ ၁ဝ ရက်နေ့မှာ ပြီးပါတယ်။ ၁ဝ ရက်က စလို့ ၂ဝ ရက်နေ့ထိ အမျိုးသားနဲ့ အတူတူနေပါတယ်။ ကလေးရနိုင် / မရနိုင် သိချင်လို့ပါ။ မျိုးဥကြွေတာဟာ ရာသီလာပြီး ၁၂ ရက်မှ စကြွေတယ်လို့ စာထဲမှာ ဖတ်ဘူးလို့။ သမီးတို့ နောက်ဆုံး အတူတူနေတဲ့နေ့က ရာသီလာပြီးရက်နဲ့တွက်ရင် ၁ဝ ပဲ ဖြစ်နေလို့ အဖြေကို ရှင်းရှင်းလင်းလင်း သိချင်လို့ပါ။

အရပ် 5' 1" မှာ ၁၃ဝ ပေါင်ရှိရင် နဲနဲ ဝတဲ့အစားထဲမှာပါတယ်။ 106-118 ဆိုရင် ပိန်တယ်။ 115-129 ဆိုရင် သင့်တယ်။ 125-140 ဆိုရင် ဝတယ်။ ကိုယ်အလေးချိန် လျှော့ပါ။ စာတပုဒ်ရေးထားတာ ရှိတယ်။ ဝတာနဲ့ ကလေး မရာ ဆက်စပ်မှု ရှိလို့ ဖြစ်တယ်။ အဲဒါလဲ စာတပုဒ် ရေးထားတယ်။
မျိုးဥထွက်ရက်က ယေဘုယျတော့ လလည်ရက် (ရာသီလာပြီး ၁၄ ရက် ဝန်းကျင်) ဖြစ်တယ်။ ဒါပေမဲ့ မတိကျဘူး။ စစ်ဆေးနည်းနဲ့လုပ်မှသာ မှန်တဲ့ရက်သိရမယ်။ ရေးထားပါတယ်။
ကလေးမရတာလဲ ရေးထားတယ်။ (ဘလော့ခ်) အောက်ဆုံးမျာ မာတိကာရှိတယ်။ (ဝက်ဘ်ဆိုက်) မှာလဲ ရှိတယ်။ Search မှာ မြန်မာ-အင်္ဂလိပ် ရိုက်ရှာနိုင်ပါတယ်။
Facts to get pregnant ကိုယ်ဝန်ရအောင် ကြံဆောင်နည်း
Infertility Treatments ကလေးရအောင် ကုသနည်းများ

Wed, Apr 25, 2012 at 6:48 PM
မိခင်နို့ တိုက်လို့ ကလေးရဲ့ ပါးမှာ နို့ပွေးလို့ ခေါ်တဲ့ အနီကွက်လေးတွေ ထနေတာ ၁ လကျော်လောက်ရှိပါပြီ။ လုံးလုံး မပျောက်ပဲ လျှော့သွားလိုက် ပြန်ထူလာလိုက်နဲ့ မပျောက်ပဲ ရှိနေတယ်။ BEPANTHEN Ointment Nappy Rash ဆေးတော့ တနေ့ ၂ ကြိမ်လောက် လူပေးပါတယ်။

Bepanthen ointment လိမ်းဆေးထဲမှာ Pro Vitamin B5 ပါတယ်။ အရေပြားကို ချောမွေ့စေမယ်။ စိုနေစေမယ်။
မေးတဲ့ကလေးမှာ နို့ပွေးဖြစ်နေပုံရတယ်။ မှက္ခရုနာ Thrush (Oral candidiasis) နဲ့ ဖြစ်တဲ့ပိုခြင်းအတူဘဲ။ Fungus မှိုတမျိုးကနေ ဖြစ်တယ်။ မှက္ခရုနာဆိုရင် နို့တိုက်အရွယ် ကလေး ငယ်တွေမှာ လျှာ၊ အာခေါင်၊ ပါးစောင်တွေမယ် အဖြူဖတ်တွေ ဖြစ်ပြီး၊ ဘေးက နီနေတယ်။ နာတယ်၊ နို့စို့၊ အစာစားရ ခက်တယ်။ ကလေးရဲ့ လျှာကို အဝတ် သန့်သန့်လေးကို လက်ညှိုးမှာပါတ်ပြီး အဖြူဖတ်တွေ ရှင်းပေးပါ။ မိခင်နို့ကို အမြဲ သန့်နေပါစေ။ မိခင်နို့ကို Gentian Violet ဆေးပြာ လိမ်းပေးလို့ ရတယ်။ ကလေးပါးစပ် (လျှာ) ကို အခုနောက်ပိုင်း အလိမ်းမခိုင်းကြတော့ပါ။
လိုအပ်ရင် Antifungal antibiotic ဆေးနဲ့ကုသရတယ်။ ကလေးကို Nystatin Oral Suspension 4-6 mL တနေ့ ၄ ကြိမ် တိုက်ပါ။ Mycostatin ဆေးကို လိမ်းဆေး၊ စားဆေးရှိတယ်။ ဆေးနာမည်တွေကတော့ Mycostatin, Mycostatin Filmlok, Mycostatin Pastilles, Nystatin Ointment, Nystat-Rx, Nystop, Pedi-Dri တွေဖြစ်တယ်။
Barrier creams ခေါ်တဲ့ လိမ်းဆေးမျိုးကိုလဲ အထောက်အကူအနေနဲ့ သုံးနိုင်တယ်။ Desitin or A&D ခေါ်တယ်။
နို့ပွေးက သူ့အလိုလိုပျောက်ပါတယ်။ မိခင်နို့ကို ခါတိုင်းထက်ပိုပြီး သန့်ပေးပါ။ ဆေးပြာလိမ်းရင်လဲ ရပါတယ်။ ကလေးမိခင်က (ရောဂတ်) ဒိန်ချဉ် စားပေးတာကောင်းတယ်။

Wed, Apr 25, 2012 at 2:54 PM
ကျမ အမေက အသက် ၇၉ နှစ်ပါ၊ အိမ်ထောင်မရှိတော့ပါ။ နေတာက ရန်ကုန်မှာပါ။ သားအိမ်ကျတယ် ပြောပါတယ်။ ရိုးရိုးအိမ်သာနဲ့ သွားရင် ထွက်လာတယ်။ ဘိုထိုင်အိမ်သာနဲ့ဆိုရင်တော့ မထွက်ဘူးပြောပါတယ်။ ဖြစ်တာက (၁)လ

လောက်တော့ရှိပါပြီ။ ခွဲရမယ်ဆိုလို့ ဆေးစစ်ကြည့်တော့ B ပိုးရှိတယ်ပြောပါတယ်၊ HBsAg Positive ပါ။ အသည်း ကြီးတယ်လည်း ပြောပါတယ်။ ခွဲလို့ ကောင်းမကောင်းသိချင်လို့ပါ။ ခွဲလိုက်လို့ အားနည်းသွားတဲ့အချိန်မှာ B ပိုးက ပိုဆိုးလာနိုင်ပါသလား။ ပြီးတော့ မေမေက ကြောက်တတ်တော့ ခွဲလို့ အဆင်ပြေမပြေသိချင်ပါတယ်။ ခွဲတာနဲ့ မခွဲတာ ဘယ်ဟာက ပိုသင့်တော်ပါသလဲ။ ဆေးစစ်ချက်တွေကိုလည်း ထည်းပေးလိုက်ပါတယ်။ • Cystocele ဆိုတာ ဆီးအိမ်ကျတာ၊
• Atrophic uterus with UVP သားအိမ် သေးပြီး သားအိမ်ကျ (ဆီးအိမ်ကျ) နေတယ်။
• Suspicious of mass in POD, ? Rectal mass သားအိမ်နောက်နားကနေရမှာ တခုခုရှိနေတယ်။ အစာဟောင်းလဲ ဖြစ်နိုင်တယ်။
• HBsAg +ve ဆိုတာ အသဲရောင် (ဘီ) ပိုးဝင်တာခံထားရတယ်။
• HCVAb –ve ဆိုတာ အသဲရောင် (စီ) ပိုး မရှိဘူး။
• Suspicious minimal fibrotic Koch's lesion at right upper zone အဆုပ် ညာဘက် အပေါ်ပိုင်းမှာ တီဘီ ကို သံသယ ရှိတယ်။
• Basal chest infection အဆုပ်အောက်ခြေမှာ ပိုးဝင်ထားတယ်။
• Mild cardiomegaly နှလုံး နဲနဲကြီးနေတယ်။
• Stool for Occult blood +ve ဝမ်းထဲမှာ မှန်ဘီလူးနဲ့သာ မြင်ရတဲ့ သွေးပါနေတယ်။

ဆီးအိမ် (သားအိမ်) ကျတာက အနေရ-အထိုင်ရ-အသွားရ မခက်သေးရင် မခွဲဘဲနေနိုင်တယ်။ အဆင့် ၃ ဆင့်ရှိတယ်။ ဆိုးရင်တော့ လမ်းသွားလို့ ခက်စေတယ်။ အသက်ကို ဘယ်လိုမှ ရန်မရှာပါ။

ခွဲရင် အနည်းဆုံး ခါးထုံဆေး၊ ဒါမှမဟုတ် မေ့ဆေးနဲ့ခွဲရတယ်။ လူနာက အဲဒါကို ခံရည်ရှိသလားဆိုတာ မွေဆေး ဆရာဝန်ကနေ စဉ်းစားဆုံးဖြတ်မှသာ ခွဲစေမယ်။
နှလုံး နဲနဲကြီးနေတာ၊ သားအိမ် သေးနေတာတွေ အသက်အရွယ်အရ ဖြစ်တာတွေမို့ စိုးရိမ်စရာ မလိုပါ။
ခွဲပေးမဲ့ဆရာဝန်ကလဲ အကျိုး-အပြစ်ချင့်ချိန်ပါမယ်။ လူနာနဲ့ ဆွေးနွေးပါမယ်။ အကောင်းဆုံးကို ဆုံးဖြတ်လုပ်ဆောင်ပါမယ်။