ကျန်းမာရေးနဲ့ဆေးပညာ မေးလိုတာရှိပါက

ဒီဘလော့ခ်ထဲကစာတွေကို တခြားနေရာမှာ ကျွန်တော့်ခွင့်ပြုချက်မပါဘဲ ကူးယူပြီး မတင်ဘို့ စည်းကမ်း သတ်မှတ်ထားပါတယ်။

ကျန်းမာရေး နဲ့ ဆေးပညာ မေးလိုတာရှိပါက
• ဖြစ်တဲ့သူရဲ့ အသက်၊ ကျား-မ ပြောပါ။ ရောဂါလက္ခဏာ ၁-၂-၃။ တခုတိုင်းက ဘယ်လောက် ကြာပြီ။
• လိုအပ်ရင် ကျန်းမာရေးရာဇဝင်၊ ဓါတ်မှန်၊ (အာလ်ထွာဆောင်း)၊ ဆေးစစ်ချက်၊ လိုအပ်ရင် အိမ်ထောင်၊ ကလေး၊ ရှိ-မရှိ။ နေတဲ့တိုင်းပြည်၊ မြို့ထည့်ရေးပါ။ လူနာမည်၊ နေရပ်လိပ်စာအတိအကျ ကိစ္စမရှိပါ။
• ဆေးနာမည်ရေးရင် Trade name ကုမ္ပဏီကပေးတဲ့နာမည်သာမက Generic name ဆေးနာမည် ထည့်ရေးပါ။
• ဆေးစာ၊ ဆေးစစ်ချက်၊ ဝေဒနာတွေကို စကန်လုပ်ပြီးဖြစ်ဖြစ်၊ ဓါတ်ပုံရိုက်လို့ဖြစ်ဖြစ် ပို့နိုင်ပါတယ်။ ဓါတ်ပုံကို ခွင့်မယူဘဲ အသုံးမချပါ။
• အိမ်ထောင်ရေးနဲ့ လိင်ပိုင်းဆိုင်ရာမေးခွန်းတွေကို Facebook ကနေ မမေးပါနဲ့ မဖြေပါ။ တိုက်ရိုက်သာမေးပါ။
• အီးမေးလ် အခက်အခဲရှိလို့ Facebook message မှာဖြစ်ဖြစ် Chat box မှာဖြစ်ဖြစ်ရေးရင်လဲ အားသလား၊ မေးလို့ရလား ရေးမနေဘဲ၊ တခါတည်း မေးခွန်းသာရေးလိုက်ပါ။
• Facebook Comment ကနေမေးတာ-ဖြေတာ အဆင်မပြေပါ။
စာရှည်ရေးမရပါ။ သူများတွေကို အနှောင့်အယှက်ဖြစ်နိုင်ပါတယ်။
• နာမ်စားသုံးတာမှာ ကိုယ်ကိုယ်ကို ‘သား’၊ ‘သမီး’ လို့ သုံးရင် မေးတဲ့သူရဲ့ သားသမီးလား ထင်မှတ်မှားနိုင်တာသတိပြုပါ။
• SMS အရေးအသားမျိုးကို မဖတ်ပါ။ မြန်မာစကားကို အင်္ဂလိပ်စာလုံးနဲ့ရေးတာကို မဖတ်ပါ။
• ဘလော့ခ် နဲ့ ဖေ့စ်ဘွတ်မှာ အမေး-အဖြေတွေကိုသုံးတဲ့အခါ မေးတဲ့သူရဲ့ ကိုယ်ရေး အချက်အလက်တွေ မပါစေရပါ။
• ဖုန်းဆက်ပြီးမေးရင် Time zone မတူတာရော၊ အသံထွက် လွဲနိုင်တာရောကြောင့် အဆင်မပြေပါ။ ကျွန်တော့်မှာ Viber မရှိပါ။ ဖေ့စ်ဘွတ် ဖုန်း-ဗီဒီယို အဆင်မပြေပါ။ Skype ကိုတော့ နိုင်ငံရေးနဲ့ မိသားစုအတွက်သာသုံးပါတယ်။
drswe01@gmail.com ကို (အီးမေးလ်) ပို့ပါ။

(ဘလော့ခ်) တွေထဲ ဝင်ဖတ်ဘို့ အကြံပြုပါတယ်။
- http://dts-medicaleducation.blogspot.in/ ဆေးပညာစာများ
- http://yamuna-online-clinic.blogspot.in ယမုန်နာ ဆေးခန်း
- http://my-sayawun-life.blogspot.in/ ဆရာဝန်ဘဝ အမှတ်ရတာတွေ
- http://dts-political-page.blogspot.in/ နိုင်ငံရေး စာမျက်နှာ
- http://www.facebook.com/pages/Dr-Tint-Swe/490031307758025?skip_nax_wizard=true ဖေ့စ်ဘွတ်
- https://tintswe.wordpress.com/ Dr. Tint Swe ဒေါက်တာတင့်ဆွေ ဆေးပညာစာများ

Thursday, April 19, 2012

Q and A 2010 April (1)

1. ကျွန်တော် အသက် ၂၇ ပါ။ ကွန်ပျူတာသမားဆိုတော့
2. ကျွန်တော် နာမည် (့) ပါ။ (့) မှာ အလုပ်လုပ်နေပါတယ်။
3. ခုလူငယ် တွေကြားမှာခေတ်စားတဲ့ Y ခေါ် ရာမ အဲဒါတွေကို အလွန့်အကျွံသုံးရင်
4. ကျမ မြင်ဖူးတဲ့ ကွန်ပြူတာ အသုံးများတဲ့ မျက်စိအသုံးများတဲ့သူတွေ မျက်လုံး ၂ လုံးက
5. တစ်ခါတစ်လေမှာ လက်ဖျားထိပ်နှင့်တစ်ခုခုကို အမှတ်တမဲ့ လှမ်းထိမိလိုက်တဲ့အခါမှာ ဖျတ်ခနဲဆို ဓါတ်လိုက်သလို ကျင်ခနဲဖြစ်ပြီး လန့်လန့်သွားတယ်။
6. ကျွန်တော် (့) ကပါ။ ဂျပန်မှာဆေးစစ်ခဲ့ပါတယ်။
7. ကျွန်တော့ သားလေးက တစ်လရှိပါပြီ။
8. ကျွန်တော့် ပြဿနာကတော့ အသားအရေ ပြဿနာပါပဲ။
Thu, Apr 19, 2012 at 7:02 AM
ကျွန်တော် အသက် ၂၇ ပါ။ ကွန်ပျူတာသမားဆိုတော့ တစ်နေကုန်ထိုင်ရလို့ ညောင်းတယ့်အခါ လက်ဆစ် ခြေဆစ်၊ဇက်နဲ့ခါးကို ချိုးတဲ့အကျင့် အမြဲလိုလိုရှိပါတယ်။ အသိတစ်ယောက်က အသက်ကြီးလာရင် ခြေဆစ်လက်ဆစ်တွေ ကပ်ပြီး ကောက်နေတတ်တယ်။ ကျီးပေါင်းတက်တယ်ပြောလို့ မကောင်းဘူးဆိုတာတော့ သိထားပါတယ်။ ဆေးပညာ ဘက်ကနေပြီးတော့ ဘယ်လို မကောင်းတယ်ဆိုတာနဲ့ ဘာတွေဖြစ်တတ်တယ်ဆိုတာ ပြည့်စုံစွာ သိပါရစေ။ လေး ငါး နှစ်သား အရွယ်မှာ သွားခြေတွေကနေ သွေးထွက်ပါတယ်။ မြန်မာဆေးတွေ လိမ်းပြီးပျောက်သွားတာ ခုချိန်ထိပါပဲ။ အခုဖြစ်နေတာက သွားခြေတွေ ယားတာပါ။ အထူးသဖြင့် အောက်သွား သွားခြေတွေပါ။ သွေးလည်း မထွက်ပါဘူး။ သွားလည်း တစ်နေ့နှစ်ကြိမ် ပုံမှန်တိုက်ပါတယ်။ အသားဟင်းတွေစားတာများတဲ့အခါမှာ အဲလို ဖြစ်တတ်ပါတယ်။ ဒါပေမယ့် အသားစားများတယ့် အခါတိုင်း ဖြစ်နေတာတော့မဟုတ်ပါ။ တစ်ခါဖြစ်ရင် နှစ်ရက် လောက်ကြာပါတယ်။ အဲနှစ်ရက်အတွင်း ရပ်လိုက် ယားလိုက် ဖြစ်ပါတယ်။ ညအိပ်ယာဝင်တယ့် အချိန်ပိုသိသာပါတယ်။ ဘယ်လိုပျောက်အောင် လုပ်ရမလဲ။
၁။ အဆစ်တွေ ချိုးတာ သက်သက်ကနေ အရိုကျီးပေါင်းတက်တာ မဖြစ်ပါ။ ဒါပေမဲ့ ချိုးတာမှာ ဂရုစိုက်သင့်တယ်။ လွန်သွားရင် ထိခိုက်မှု အနည်းနဲ့ အများဖြစ်စေမယ်။ ထိခိုက်သလိုဖြစ်တာက ပျောက်စေအောင် အမာရွတ် ဖြစ်စဉ် လာရတယ်။ (တစ်ရှူး) တွေ ပွါး-ထူလာရတယ်။ ပုံစံပြောင်းစေနိုင်တယ်။ ၂။ သွားဖုံးဖြစ်နေတာက ရောဂါကြီးတော့ မဖြစ်လောက်ပါ။ သွားအခြေ သွေးထွက်တာက ဗီတာမင် (စီ) နဲ့ (ဖလိုရိုက်) နည်းတာတွေနဲ့ ဆိုင်တယ်။ ဆက်ဖြစ်နိုင်တဲ့ ပိုးဝင်တာလဲ တခါတခါရှိခဲ့နိုင်တယ်။ ရောင်သလိုဖြစ်ချိန်မှာ Antibiotic pills ပိုးသေဆေးသောက်ပါ။ Use of a mouth rinse containing Chlorhexidine ပါတဲ့ ပါးစပ်ဆေးတဲ့အရည်သုံးပါ။
Education to improve brushing and flossing habits သွားတိုက်-သန့်ရှင်းရေးပိုသတိပြုပေးပါ။ ဗီတာမင် (စီ) ၅ဝဝ အားသောက်ပါ။ ပါးစပ်ကို ဆားရည်နဲ့ ဆေးတာကောင်းတယ်။ မနက်ခင်း ချင်းပါတဲ့ လက်ဘက်ရည် သောက်နိုင်တယ်။ လိုမယ်ထင်ရင် သွား-အထူးကုဆရာဝန်ပြပါ။

Wed, Apr 18, 2012 at 7:03 PM
ကျွန်တော် နာမည် (့) ပါ။ (့) မှာ အလုပ်လုပ်နေပါတယ်။ ပြီးခဲ့တဲ့ ဧပြီ ၇ ရက်နေ့ မနက် ခြောက်နာရီလောက်မှာ ဗိုက်နာတာကြောင့် အိပ်ယာက နိုးလာပါတယ်။ ဆီးသွားတော့လဲ ကျင်တင်တင်ဖြစ်ပြီး နဲနဲလေးပဲ ထွက်ပါတယ်။ ၇ နာရီ လောက်မှာ အရေဝါဝါတွေသာ အန်ပါတယ်။ ဆေးရုံကိုသွားတော့ အာထရာစောင်း ရိုက်ပါတယ်။ ဘာမှ ထူးထူးခြားခြား မတွေ့ဘူး ပြောပါတယ်။ ဆီးထဲမှာသွေးတွေ့တယ် ပြောပါတယ်။ အဲ့အချိန်အထိ ဆီးက ကောင်းကောင်းမသွားနိုင်ပါဘူး။ သွားတိုင်း ကျင်ပါတယ်။ နဲနဲပဲ ထွက်ပါတယ်။ အရောင်ကလဲ ဝါပါတယ်။ ကျောကိုလဲ လိုက်ထုကြည့်ပြီး နာသလားဟု မေးပါသည်။ ဗိုက်ကအတော်နာနေသောကြောင့် ကျောထုတာတောင် နာမှန်း မနာမှန်း မခံစားနိုင်ပါ။ ဓာတ်မှန် ရိုက်ခိုင်းပါတယ်။ ကျောက်မတွေ့ဘူးလို့တော့ ပြောပါတယ်။ သေးသေးလို့လဲ ဖြစ်နိုင်တယ်လို့ပြောပါတယ်။
1. Famotidine 20mg (one tablet 2 times daily)
2. Diclofenac sodium 50mg (one tablet 3 times daily)
3. Paracetamol 450mg and Orphenadrine 35mg (one tablet 3 times daily)
4. ဆေးရည်ပုလင်းတစ်လုံး (100ml) တစ်နေ့သုံးကြိမ် တစ်ကြိမ် 10ml သောက်ခိုင်းပါတယ်။
ပြီးခဲ့တဲ့ လေးလလောက် ကနေစပြီး Omega 3 တစ်နေ့တစ်လုံးသောက်ဖြစ်ပါတယ်။ ဆိုးကျိုးရှိပါသလား။ ဘာမှဖြစ်လို့ သောက်တာတော့ မဟုတ်ပါ။ ငါးကြီးဆီသောက်ရင် မှတ်ဥာဏ်မချို့တဲ့ဘူးဆိုလို့ ဝယ်သောက်ကြည့်ချင်းသာ ဖြစ်ပါသည်။ လွန်ခဲ့တဲ့ နှစ်နှစ်လောက်က စပြီး ခါးနာတာ ခံစားရတယ်။ ခါးဆီကလိုလို နောက်ကျောကလိုလို အောင့်တယ်ဟု ခံစားရတယ်။ ပစ္စည်းအလေးတစ်ခုခု မလျှင် ပိုပြီးသိသိသာသာနာပါသည်။ ဆယ့်ငါးမိနစ်လောက် ထိုင်လျှင်ပင် ခြေထောက်များ ကျင်ပါသည်။ ခဏခဏ ခြောက်ထောက်အနေအထား ပြောင်းပေးနေရပါသည်။ သူငယ်ချင်းက မင်းမျက်နှာက ဝလာတာလား ဖောလာတာလား တစ်ခုခုတော့ တစ်ခုခုပဲဟု ပြောပါသည်။ ထူးထူးခြားခြားမခံစားရပါ။

Famotidine ဆေးဟာ Histamine-2 blocker ဖြစ်တယ်။ အစာအိမ်က အက်စစ်ထွက်မျာကို နည်းစေမယ်။
“အစားတစ်ခုခုစားပြီး ထိုင်တာ နဲနဲကြာလျှင် ညာဖက်အောက်နား ဝမ်းဗိုက်နေရာမှ အောင့်သည်ဟု ခံစားရပါသည်။ ထမင်းစားလျှင် ဗိုက်နဲနဲအောင့်သလို ခံစားရပါသည်။ အများကြီးလဲ မစားနိုင်တော့ပါ။ တော်တော်နဲနဲသာ စားနိုင်ပါသည်။ ” ဆိုတာအတွက် ပေးတာ ဖြစ်ပါမယ်။
ကျန်တဲ့ဆေး ၂ မျိုးက အနာသက်သာဆေးတွေ ဖြစ်တယ်။
ခါးနာတိုင်း ကျောက်ဟုတ်ချင်မှ ဟုတ်ပါမယ်။
ဆေးရုံလဲပြပြီးပြီ။ (အာလ်ထွာဆောင်း) လဲ ရိုက်ပြီးပြီ။ ဓါတ်မှန်လဲရိုက်ပြီးပြီ။ ဘာမှ ထူးထူးခြားခြားမတွေ့ဘူးပြောပါတယ်။ “ဆီးထဲမှာသွေးတွေ့တယ်ပြောပါတယ်။ ” အတွက် ဆေးတော့ မတွေ့ပါ။ ခုချိန်လောက်မှာ ပျောက်ကောင်း ပျောက်နေနိုင်ပါတယ်။
“မင်းမျက်နှာက ဝလာတာလား ဖောလာတာလား” အတွက် သွေးဖိအား တိုင်းမယ်ထင်ပါတယ်။ မျက်နှာပြည့်တာဟာ ဆီးလမ်း နဲ့ သွေးတိုး စစ်ရတယ်။ ကောင်းနေလို့သာ ဆေးရုံက မပြောလိုက်တာ ဖြစ်နိုင်ပါတယ်။
ဆီးထဲ သွေးတွေ့တာက ပို နဲ့ ကျောက်ကနေဖြစ်စေနိုင်တယ်။ ဆီးသွာချိန်မှာ နာတာ-အောင့်တာဖြစ်ရင် ဆီးလမ်း ပိုးသေဆေး လိုမယ်။ ရေးထားတာရှိပါတယ်။
ခြုံလိုက်ရင် စိုးရိမ်စရာ မရှိပါ။ အာအိမ်အတွက် အစာကို မှန်မှန်စားပါ။ အချိန်ရော အမျိုးအစားပါ မှန်သင့်တယ်။ အစာခြေရည် များမယ်ထင်ရင် ပေးလိုက်တဲ့ဆေး (၁) သောက်နိုင်ပါတယ်။ ကျော-ခါး နာရင် အနာသက်သာဆေး သောက်နိုင်တယ်။ ဒါပေမဲ့ လေနာနဲ့ မသင့်လို့ ဆေးသောက်ရင် အစာနဲ့သာသောက်ပါ။ စွဲသောက်သလို မသောက်ပါနဲ့။

Wed, Apr 18, 2012 at 9:41 AM
ခုလူငယ် တွေကြားမှာခေတ်စားတဲ့ Y ခေါ် ရာမ အဲဒါတွေကို အလွန့်အကျွံသုံးရင် ဘာတွေဖြစ်တက်သလဲ။ ကျွန်တော်ရဲ့ သူငယ်ချင်းတွေကို ပညာ ပေးချင်လို့ပါ အဲဒါရဲ့ မကောင်းတဲ့ အချက်တွေကို ဆရာသိသမျှ ဖြေ ကြားပေးစေလိုပါတယ်။
Amphetamines ယာဘ-ရာဘ-ရာမ-ယာမ

Tue, Apr 17, 2012 at 11:22 PM
ကျမ မြင်ဖူးတဲ့ ကွန်ပြူတာ အသုံးများတဲ့ မျက်စိအသုံးများတဲ့သူတွေ မျက်လုံး ၂ လုံးက မညီသလို ကြည့်ရတာ တဖက်ကယောင်နေသလိုလို နဲ့မျက်အိပ်လဲ နီနေ ညိုနေသလို တွေ့ ရလို့ပါ။ အထူးသဖြင့် မြန်မာတွေ မှာပို သတိထားမိပါတယ်။ ကျမမျက်စိလဲ တဖက် ကအစ်နေ သလိုလို ယောင်နေသလိုလို ဖြစ်နေစပြုနေသလိုပါဘဲ။ အထူးသဖြင့် အလုပ်မှာလဲ မျက်စိကို များများသုံးခဲ့ ပြီး အိမ်ရောက်တော့လဲ ဘလော့လည်နေမိတဲ့ညတွေဆို မနက်မှာ ပိုသိသာပါတယ်။ နာနေ ယားနေတာမျိုးမရှိပေမယ့် အလုပ်ထဲကလူတွေက နင့်မျက်စိ နဲနဲ နီနေတယ်။ မျက်စိဘာဖြစ်လဲလို့ မေးကြပါတယ်။ ကျမကမျက်မှန်တော့တတ်ပါတယ် တဖက်ကို အနီး ၂ဝဝ နဲ့အဝေးကို ၁ဝဝ ရှိပါတယ်။ အဲဒါ ဘာဖြစ်လို့ဖြစ်နိုင်မလဲ။

Computer Eye Strain ကွန်ပြူတာနဲ့ မျက်စိ
မျက်လုံးနေရာ ရောင်နေတာကိုဖြစ်စေတဲ့ အကြောင်းတရားတွေကတော့ -
• Swelling around eyes မျက်လုံးတ၀ှိုက် ရောင်နေခြင်း = Cellulitis (တစ်ရှူး) ရောင်ခြင်း၊ Dacryoadenitis, Dacryocystitis မျက်ရည်အိတ်ရောင်ခြင်း၊ Eye tumor မျက်စိ ကင်ဆာ၊ Sinusitis (ဆိုင်းနပ်စ်) ထိပ်ခတ်နာ၊ Trauma ထိခိုက်မိခြင်း၊
• Swelling eye မျက်လုံးရောင်ခြင်း = Chemosis တခုခုကြောင့် မျက်စိ ကလိသလိုနေခြင်း၊ Fungal keratitis eye infection (ဖန်းဂတ်စ်) မှိုပိုးဝင်ခြင်း၊ Trauma ထိခိုက်မိခြင်း၊
• Swelling eyelid မျက်ခွံရောင်ခြင်း = Allergy (အလာဂျီ) ရခြင်း၊ Blepharitis မျက်ခွံပိုးဝင်ခြင်း၊ Canaliculitis မျက်ရည်ထွက် ပြွန်ရောင်ခြင်း၊ Cellulitis (တစ်ရှူး) ရောင်ခြင်း၊ Chalazion မျက်စိအတွင်းစွန်ခြင်း၊ Contact lens problem မျက်ကပ်မှန် အထာမကျခြင်း၊ Dacryoadenitis မျက်ရည်အိတ်ရောင်ခြင်း၊ Eye tumor မျက်စိ ကင်ဆာ၊ Meibomianitis မျက်စိ အဆီအိတ်ရောင်ခြင်း၊ Sinusitis (ဆိုင်းနပ်စ်) ထိပ်ခတ်နာ၊ Sty မျက်စိစွန်ခြင်း၊ Trauma ထိခိုက်မိခြင်း၊ Vascular problem သွေးကြောပြဿနာ၊

Tue, Apr 17, 2012 at 12:42 PM
တစ်ခါတစ်လေမှာ လက်ဖျားထိပ်နှင့်တစ်ခုခုကို အမှတ်တမဲ့ လှမ်းထိမိလိုက်တဲ့အခါမှာ ဖျတ်ခနဲဆို ဓါတ်လိုက်သလို ကျင်ခနဲဖြစ်ပြီး လန့်လန့်သွားတယ်။ သေချာပြန်ကိုင်ကြည့်ပြန်တော့လည်းဘာမှမဖြစ်ဘူး လျှပ်စစ်လည်း စီးမနေပါဘူး။ အဲဒါဘာဖြစ်တာလဲ။ ဗဟုသုတပေါ့။ (သတိထားမိ သလောက်ကတော့ သံကိုထိမိတဲ့ အချိန်မှာပါ)။

Static electricity လို့ ခေါ်တယ်။ အရာဝတ္ထု ၂ ခု ထိတဲ့အခါဖြစ်နိုင်တယ်။ Electrons (အီလက်ထရွန်) ဆိုတာလေးတွေက တခုကနေ နောက်တခုဆီ ကူးပြောင်းကြတယ်။ တခုနဲ့ တခု မတူညီမှုကို Electrical potential လို့ ရူပဗေဒအရခေါ်တယ်။ ဘယ်လောက် ကူးပြောင်းမှုရှိသလဲဆိုတာ လျှပ်ဓါတ် စီးနိုင်စွမ်းရှိတဲ့ အရာတခုနဲ့ အနီး-အဝေးအပေါ်မှာလဲ မူတည်တယ်။ Humidity လေထုရဲ့ စိုထိုင်းမှုအပေါ်မှာလဲ မူတည်တယ်။ တခြားအချက်တွေလဲ ရှိသေးပါတယ်။ လူတယောက်ကနေ လျှပ်စစ်ဓါတ်ထုတ်နိုင်စွမ်းရှိပါတယ်။ ဒီလျှပ်စစ်ဟာ Voltage (ဗို့လ်တ်) က မြင့်နေပေမဲ့ Current လျှပ်စီးကြောင်းက သိပ်နည်းနေလို့ အန္တရာယ်မရှိစေပါ။ နောက်ပြီး Coulombs of electricity ခေါ်တဲ့ (အီလက်ထရွန်) အရေအတွက်ကလည်း နည်းနေတယ်။
လေထဲမှာ Sparks မီးပွါးလေးတွေကို မမြင်နိုင်ကြပေမဲ့ လျှပ်စစ်ဓါတ်က ဝင်နေပါတယ်။ ဒါကြောင့် ကိုယ်ထဲမှာ Static electricity လျှပ်စစ်က တည်းဆောက်ပွါးများလာဘို့ အချိန်အများကြီးလိုပါမယ်။
တချို့ အဝတ်အထည်၊ အဝတ်အစားတွေကနေ လျှပ်စစ်ဓါတ် ပိုထုတ်လုပ်နိုင်တယ်။ ပွတ်တိုက်မှု များရင်ဖြစ်မယ်။
ဒီလိုဖြစ်နိုင်စွမ်းရှိတဲ့၊ တခါတလေထုတ်လုပ်ပေးနေတဲ့ လျှပ်စစ်ကြောင့် ကျန်းမာရေးကို မထိခိုက်စေပါ။ ဒါပေမဲ့ ပေါက်ကွစြေနိုင်တဲ့ အရာအနီးအနားမှာရှိနေရင်တော့ သတိထားရပါမယ်။ ပေါက်ကွဲမှု ဖြစ်စေနိုင်တယ်။
နိုင်လွန် ဝတ်ပြီး ကားတခါး အဖွင့်-အပိတ်မှာဖြစ်ဖြစ် တခါးဘုကို ကိုင်တဲ့အခါဖြစ်ဖြစ် လျှပ်စစ်လိုက်တာမျိုး ကြုံဘူးကြပါလိမ့်မယ်။
လျှပ်စစ်ဆိုတာ မြေထဲစီးဝင်ရင်ဖြစ်ဖြစ် ဓါတ်မရှိအောင်လုပ်ခံရလို့ဖြစ်ဖြစ် ရပ်တန့်သွားမယ်။

Tue, Apr 17, 2012 at 10:13 AM
ကျွန်တော် (့) ကပါ။ ဂျပန်မှာဆေးစစ်ခဲ့ပါတယ်။ ဆေးစစ်ထားတဲ့အဖြေကိုထည့်ပေးလိုက်ပါတယ်။ Liver Blood test ဖြစ်ပါတယ်။

ဂျပန်စာတွေတော့ နားမလည်ပါ။ အင်္ဂလိပ်လိုပါတာတွေကတော့ အသဲအလုပ်၊ ဆီးချို နဲ့ (တစ်ရှူး) ပျက်စီးနေမှုတွေကို စမ်းထားတာဖြစ်တယ်။ စိတ်တော့ မပျက်ပါနဲ့ အသဲအလုပ် ထိခိုက်နေတယ်။ ဆီးချိုလဲရှိနေတယ်။ ဆေးကုသရပါမယ်။ ရောက်တဲ့နေရာမှာ သမားတော်ကို ပြပါ။ ရောဂါ အများစုဟာ ဆေးကုရင် ကောင်းသွား၊ ပျောက်သွားပါတယ်။

Mon, Apr 16, 2012 at 9:23 PM
ကျွန်တော့ သားလေးက တစ်လရှိပါပြီ။ မျက်လုံးနဲ့ အသားနည်းနည်း ဝါနေလို့ပါ။ မွေးတုန်းက ဝါလို့ မီးပြရပါသေးတယ်။ ရေမွှာပေါက်ပြီးမှ ခွဲမွေးရလို့ ပိုးဝင်တယ်ဆိုပြီး ဆေးတစ်ပတ် ထိုး၊ ဆေးတစ်ပတ်စားရပါတယ်။ သုံးပတ်ပြည့်တော့ အသားဝါလို့ ဆရာဝန်ကိုပြန်ပြတော့ စမ်းသပ်ပြီး အသဲလဲ မကြီးဘူး ကိုယ်အောက်ပိုင်းကလဲမဝါဘူး တဖြေးဖြေး ဝါတာ ပျောက်သွားမှာပါလို့ပဲ ပြောပါတယ်။ ကလေးအမေက အိုသွေး မိုလို့ဝါတာလို့လဲ ပြောပါတယ်၊ ဟုတ်ပါသလား။ ကျွန်တော်က အေသွေးပါ။ ကလေးကတော့ လန်းလန်းဆန်းဆန်း ရှိပါတယ်။ မိခင်နို့လဲ အရမ်း စို့ပါတယ်။ ဆီး၊ဝမ်းလဲ မှန်ပါတယ်။

နေတဲ့နိုင်ငံ၊ မြို့နာမည်တွေ မပါလို့ ဆေးရုံအခြေအနေကို မှန်းမရပါ။ မိခင်ရဲ့ သွေးအုပ်စု နဲ့ ကလေး သွေးအုပ်စု မတူရင် (အင်တီဘော်ဒီ) ဆိုတာတွေဖြစ်လာမယ်။ အဲဒီကနေ Hemolytic Disease of the Newborn or Erythroblastosis fetalis ဆိုတာဖြစ်တယ်။ သွေးနီဥတွေပျက်စီးရာကနေ အသားဝါစေတယ်။ ဆရာဝန်က စိုးရိမ်စရာမရှိလို့ဆိုရင် မစိုးရိမ်ပါနဲ့။ ကလေးကို ရေများများတိုက်ပါ။ မနက်ခင်း နေရောင်ပြပေးပါ။

Sun, Apr 15, 2012 at 8:35 PM
ကျွန်တော့် ပြဿနာကတော့ အသားအရေ ပြဿနာပါပဲ။ ကျွန်တော်က အသက် ၃ဝ အရွယ်ပါ။ ဒါ့ကြောင့် အသားအရေ ကတော့ ဗမာအသားအရေ ခပ်ညိုညိုပါ။ ကျွန်တော် အသား ဖြူချင်ပါတယ်။ ကျွန်တော်ဘာများ လုပ်ရမလဲ။ အခု လောလောဆယ်တော့ စားဆေးရော၊ လိမ်းဆေးမျိုးစုံကိုရော လုပ်ပါတယ်။ အရောင်က တောက်ပြီး မမွဲပါဘူး။ ဒါပေမယ့် ကျွန်တော် တက်နိုင်သမျှ ဖြူချင်ပါတယ်။ ဖြစ်နိုင်ပါရဲ့လား။ ခုလောလောဆယ် ဆေးတစ်ခု စားနေပါတယ်။ အဲဒါကတော့ http://www.hibeau.com/aloemultiple.html
နောက် ပုံမှန် Aloe Vera Skin Gel လိမ်းပါတယ်။ Body Scrub လုပ်ပါတယ်။ Body Butter လိမ်းပါတယ်။ နောက် SUN BLOCK SPF 50 သုံးပါတယ်။ ဆေးထိုးလို့ရတယ် ဆိုတာလည်း အင်တာနက်မှာတွေ့ပါတယ်။ ဒါပေမယ့် ဒီတိုင်းတော့ မလုပ်ရဲလို့ မလုပ်ဖြစ်သေးပါဘူး။ နောက် ဘာဆေးပုံမှန် စားလို့ ရမလဲဆိုတာလည်း သိလိုပါတယ်။ ခုတော့ Vitamin E & Vitamin B2 နဲ့ Vitamin A လည်း ပုံမှန်စားပါတယ်။ လွန်ခဲ့တဲ့ ၂ လတုန်းကလည်း ရန်ကုန်ပြန်တော့ ဒေါက်တာ (့) နဲ့ ပြခဲ့တာပါ။ စားဆေးတစ်မျိုးပေးလိုက်တယ်။ ဒါလည်း VITALENE ဆေးပါ။ လိမ်းဆေးကတော့ ညဖက်အတွက် GEL တစ်မျိုးနဲ့ SUN BLOCK တစ်မျိုးပေးလိုက်ပါတယ်။

အခြေခံအချက်ကတော့ မိမွေးတိုင်း ကောင်းနေတာ၊ ဆိုးနေတာမှန်သမျှ အပြင်ရ အလွန်မတန် ခက်ပါတယ်။ တချို့အခြေအနေတွေကို ပြင်လို့မရပါ။
အင်တာနက်က ဆေးကြော်ညာတိုင်းကို တကယ့်ဆရာဝန်တွေက အားလုံးက ထောက်ခံချက် မပေးပါ။ အကုရခက်လေလေ ဆေးကြော်ညာများလေလေဖြစ်တယ်။
ဆရာဝန်တဦးကိုပြထားတာမို့ အခြေအနေကိုကြည့်-သိတဲ့ဆရာဝန်ပြောတာ အသင့်ဆုံးဖြစ်မှာပါ။
သောက်နေ-သုံးနေတဲ့ဆေးတွေက (အလာဂျီ) ဖြစ်တာ၊ ဘေးထွက်-ဆိုးကျိုးဖြစ်တာ မရှိရင်တော့ ဆက်သုံးနိုင်ပါတယ်။
အချိန်အတော်လဲ ယူရစရာရှိပါတယ်။

Dr. တင့်ဆွေ
၁၉-၄-၂ဝ၁၂