Saturday, March 15, 2014

TB Medicines Side Effects (တီဘီ) ဆေးတွေ နဲ့ ဘေးထွက်-ဆိုးကျိုးတွေ

Thu, Apr 12, 2012 at 6:11 PM
TB ဆေး စသောက်နေရပါပြီ။ TB ဆေးစသောက်ပြီးနေ့တွင် နှုတ်ခမ်းများတုန်ခြင်း။ ခန္ဓာကိုယ်တုန်ခြင်း။ ဆီးမှာ ပန်းရောင် ဖြစ်နေခြင်း။ ခန္ဓာကိုယ် လေးလံနေခြင်းများ ဖြစ်ပါသည်။ အဲ့ဒါများသည် ပုံမှန်လက္ခဏာများလားဟု သိချင်ပါသည်။ တစ်ခြား မည်သည့် ခံစားချက်များ၊ လက္ခဏာများ ဖြစ်နိုင်ပါသေးသနည်း။ ယင်းလက္ခဏာများကို ဘယ်နှစ်လ ခံစားရပါမည်နည်း။ TB ဆေးကို ၆ လ (သို့) ၉ လ သောက်ရမည်ဟု ပြောပါသည်။

Tuberculosis (TB) (တီဘီ) ရောဂါဟာ သူ့အလိုလို မပျောက်ပါ။ ဆေးမကုဘဲနေရင် ရောဂါနဲ့ သေဆုံးနိုင်တယ်။ ဆေးကို မှန်မှန် မသောက်ရင်လဲ သက်သာယုံတော့ ရှိမယ်၊ ရောဂါပြန်ဖြစ်ပြီး ဆေးကုဘို့ မလွယ်တာဖြစ်လာမယ်။ (တီဘီ) ရောဂါကို ပိုးသေဆေးတွေ တမျိုးမက သုံးရတယ်။ (တီဘီ) ပိုးကနေ ဆေးမယဉ်စေဘို့ ရည်ရွယ်တာ ဖြစ်ပါတယ်။ ၆ လကနေ ၉ လ အထိပေးရတာများပြီး တချို့ကို ၁၂ လအထိ ပေးရတယ်။ (တီဘီ) ဆေးတွေဟာ တခြား ဆေးတွေနဲ့စာရင် စိတ်ချရတယ်။ ဘေးထွက်-ဆိုးကျိုးတွေတော့ သေခြာပေါက်ရှိပါတယ်။ တချို့က သာမန်ဖြစ်ပြီး တချို့ကတော့ ပိုဆိုးတယ်။ အရေးကြီးတာက ဆေးတွေက တကယ်စွမ်းပါတယ်။

Side Effects ဘေးထွက်-ဆိုးကျိုးတွေ
• အစာစားချင်စိတ်နည်းမယ်၊
• ပျို့မယ်၊ အန်မယ်၊
• ကိုယ်ပူမယ်၊ (၃ ရက်မကဖျားနိုင်တယ်)
• ဗိုက်အောင့်မယ်၊
• လက်ချောင်း-ခြေချောင်းတွေ နဲ့ ပါးစပ်နေရာတဝှိုက်မှာ ကျင်မယ်၊ ထုံမယ်၊
• အရေပြားမှာ အနီစက်တွေပေါ်မယ်၊
• သွေးထွက်လွယ်မယ်၊
• အဆစ်တွေနာမယ်၊
• ခေါင်းမူးမယ်၊
• မျက်စိကြည့်ရတာ မကောင်းဖြစ်မယ်၊
• နားထဲ အသံတွေမည်နေမယ်၊ နားအကြားမကောင်းဖြစ်လာမယ်။
• ဆီး၊ တံတွေး နဲ့ မျက်ရည်တွေ ဝါမယ်။ ကိုယ်အတွင်းထဲက အရည်တွေလဲ ဝါနေမယ်၊
• နေရာင်ဒဏ်ကို မခံနိုင်ဖြစ်မယ်၊ Sunscreen သုံးပါ။
• Rifampin ဆေးနဲ့ ကိုယ်ဝန်တားဆေး တွဲသောက်ရင် ဒါမှမဟုတ် ကိုယ်ဝန်တား-အရေပြားအောက် ထားရတဲ့ဆေးချောင်း သုံးရင် ကိုယ်ဝန်တားစေတဲ့အစွမ်း နည်းစေမယ်။
• Rifampin ဆေးနဲ့ Methadone ဆေး တွဲသောက်ရင် ဆေးဖြတ်လက္ခဏာတွေ ပိုများစေတယ်။
• TB (တီဘီ) ဆေးသောက်နေရင် အရက်မသောက်ရပါ။

Streptomycin, Ethambutol, Pyrazinamide, Rifampin နဲ့ Isoniazid (INH) ဆေးတွေကို အများဆုံး သုံးတယ်။
• Streptomycin ထိုးဆေးက Ototoxicity နားကိုထိခိုက်စေနိုင်တယ်။ အသက်ကြီးသူတွေနဲ့ ကျောက်ကပ် သိပ်မကောင်းရင် သိတာမယ်။ နားထဲမှာ အသံတဝီဝီ မည်နေမယ်။ ဆီးနည်းမယ်။ ဆီးထဲမှာ အနယ်ပါတတ်တယ်။ အရေပြား အနီစက်တွေ ထွက်နိုင်တယ်။ ဆေးဖြတ်ရင် ပြန်ကောင်းပါတယ်။
• Ethambutol ကနေ မျက်စိကို ဒုက္ခပေးနိုင်တယ်။ Optic neuritis ခေါ်တယ်။ ဆေးဖြတ်ရင် ပြန်ကောင်းပါတယ်။ အဖျားပိုင်းနေတဲ့ အာရုံကြောတွေထိခိုက်လို့ ထုံတာ-ကျင်တာဖြစ်မယ်။
• Pyrazinamide ကနေလဲ အသဲကို အနည်းနဲ့အများ ထိခိုက်စေနိုင်တယ်။ အဆစ်နဲ့ ကြွက်သားတွေနာမယ်။ ဆိုးလှတာတော့ မဟုတ်ပါ။ ဂေါက်ရောဂါ ရှိရင်တော့ ပိုဆိုးနိုင်တယ်။
• Rifampin ကနေလဲ အသဲကို အနည်းနဲ့အများ ထိခိုက်စေနိုင်တယ်။ ဒါကြောင့် ဝါတာတွေဖြစ်တယ်။ ဒါကြောင့် အရက်မသောက်ရတာဖြစ်တယ်။
• Isoniazid ကနေလဲ အသဲကို အနည်းနဲ့အများ ထိခိုက်စေနိုင်တယ်။ ဒါကြောင့် ဝါတာတွေဖြစ်တယ်။ ဒါကြောင့် အရက်မသောက်ရတာဖြစ်တယ်။

• TB (Tuberculosis) တီဘီ http://dts-medicaleducation.blogspot.com/2008/10/tuberculosis-tb.html
• TB Medicines Side Effects (တီဘီ) ဆေးတွေ နဲ့ ဘေးထွက်-ဆိုးကျိုးတွေ http://dts-medicaleducation.blogspot.in/2012/04/side-effects-of-tb-medicines.html
• TB No more in Medical Curriculum ဆရာဝန်တွေကို တီဘီ သင်မပေးကြတော့တာ စိုးရိမ်စရာ http://dts-medicaleducation.blogspot.com/2009/10/tb-no-more-in-medical-curriculum.html

Dr. တင့်ဆွေ
၁၂-၄-၂ဝ၁၂

ESL အင်္ဂလိပ်စာ

ကျောင်းစဖွင်ပြီလို့ရေးတော့ မေးပါတယ်။ ဘာသင်တဲ့ကျောင်းလဲ ဆရာတဲ့။  ကျောင်းအကြောင်း နည်းနည်း နည်းနည်း ရေးထားပြီး။ တယောက်က မေးဖူးတယ်။ အခုမှ...