Monday, April 2, 2012

Varicose Veins and Spider Veins သွေးပြန်ကြောထုံးခြင်းများ

Varicose veins သွေးပြန်ကြောထုံးခြင်း နဲ့ Spider veins ပင့်ကူ-သွေးပြန်ကြောလေးတွေ ဆိုတာကို A rite of passage ဘဝမှာ အရေးပါတဲ့ ဖြတ်သန်းရမှုတခုလို့ တင်စားတယ်။ လူတွေဟာ အသက်ရလာတာ နဲ့အမျှ ခြေသလုံးတွေ ပေါင်တွေမှာ ပြာစိမ်းစိမ်း သွေးကြောလေးတွေကို အရင်က မမြင်ရပေမဲ့ မြင်လာရတတ်ကြတယ်။ လူကြီးတွေထဲက အနည်းနဲ့အများ ၆ဝ% မှာ ဖြစ်နိုင်တယ်။

• What Are Spider Veins? ပင့်ကူ-သွေးပြန်ကြောလေးတွေဆိုတာ
ခပ်သေးသေး ကောက်ကွေးနေတဲ့ သွေးပြန်ကြောလေးတွေ ဖြစ်တယ်။ ကြည့်လိုက်ရင် ပင့်ကူလိုနေတယ်။ အနီရောင်၊ ခရမ်းရောင်၊ အပြာရောင်၊ အစိမ်းရောင်ဖြစ်နိုင်တယ်။ လူ့အသားအရေ အရောင်ကို လိုက်မယ်။ ခြေထောက်တွေသာမက မျက်နှာမှာလဲ ဖြစ်နိုင်တယ်။

• What Are Varicose Veins? သွေးပြန်ကြောထုံးခြင်းဆိုတာ
ပိုကြီးတဲ့ သွေးပြန်ကြောလေးတွေ ဖေါင်း-ရောင်ပြီး တွန့်ကောက်နေမယ်။ ခပ်ပြာပြာ၊ ခပ်စိမ်းစိမ်းနဲ့ အရေပြားအထက်မှာ ဖေါင်းကြွနေတယ်။ တကိုယ်လုံး ဘယ်နေရာမှာမဆို ဖြစ်နိုင်ပေမဲ့ ခြေထောက် ခြေသလုံးမှာ အများဆုံးဖြစ်တယ်။

• What Causes Spider/Varicose Veins? ဘာလို့ဖြစ်ရသလဲ
သွေးပြန်ကြောတွေဟာ တကိုယ်လုံးအနှံ့က သွေးအဟောင်းတွေကို နှလုံးဆီပြန်လာဘို့ သယ်ပို့ပေးတယ်။ ဒီသွေးပြန်ကြောတွေဟာ ကောင်းနေရင် တလမ်းသွားဖြစ်အောင် စီမံထားတဲ့ အဆို့ရှင်လေးတွေ ရှိနေရတယ်။ သူတို့ ဘေးမှာရှိတဲ့ ကြွက်သားတွေကနေ ညှစ်ပြီး သွေးစီးလျှောက်စေအာင် ကူညီတယ်။ ဒါကြောင့် အဆို့ရှင်တွေ မကောင်းရင် သွေးတွေအောင်းနေတာ ဖြစ်လာစေတယ်။

• Who Gets Spider/Varicose Veins? ဘယ်လိုလူတွေမှာ လာဖြစ်သလဲ
ဘယ်သူဖြစ်ဖြစ် ဖြစ်နိုင်တယ်။ အမျိုးသမီးတွေမှာ နှစ်ဆပိုဖြစ်တယ်။ မတ်တပ်ရပ် အလုပ်လုပ်ရတာ ကြာသူတွေမှာ ပိုဖြစ်မယ်။ အသက်ကြီးလာတာ၊ လူကဝတာ၊ ကိုယ်ဝန်ဆောင်ရတာ၊ ထိခိုက်ဒဏ်ရာရတာ၊ ခွဲစိတ်ခံရတာတွေအပြင် မျိုးရိုးလဲ လိုက်နိုင်တယ်။

• Spider/Varicose Vein Symptoms ဘယ်လိုခံစားရမလဲ
ကိုက်ခဲတာ၊ နာတာဖြစ်တတ်တယ်။ ကြွက်တက်သလိုဖြစ်မယ်။ ထုံကျင်မယ်။ ဖြစ်တဲ့နေရာမှာ ရောင်မယ်။ အရောင် ပြောင်းလဲမယ်။ အနာဖြစ်နိုင်တယ်။ တော်တော်နဲ့ မပျောက်နိုင်ဘူး။

• Spider/Varicose Vein Complications ဘာတွေဆက်ဖြစ်နိုင်သလဲ
စိတ်မသက်မသာဖြစ်ရတယ်။ ကျန်းမာရေးကိုတော့ မထိခိုက်တာများတယ်။ အနာဖြစ်လာရင်သာ ခံရမယ်။ အထဲမှာ သွေးခဲဖြစ်လာတတ်တယ်။

• Diagnosing Spider/Varicose Veins သေခြာအောင်ဘယ်လိုလုပ်မလဲ
မြင်တာနဲ့သိတယ်။ ဆေးလဲကုစရာ မလိုတတ်ပါ။ အနာဖြစ်မှ၊ သွေးထွက်မှသာလိုတယ်။ Phlebitis သွေးကြောရောင်ရင် လိုတယ်။ နာရင် အနာသက်သာဆေးသောက်ရမယ်။ Cosmetic reasons အကြည့်ရဆိုးတာကို မကြိုက်ရင် ခွဲစိတ်နိုင်တယ်။ အရေအထိုင်ရခက်လာရင် ကုသရမယ်။

• Treatment ဘယ်လိုကုသမလဲ
• Support Stockings အထူးစပါယ်ရှယ် လုပ်ထားတဲ့ ခြေအိတ်-အစွပ်သုံးနည်း။ Compression stockings လဲခေါ်တယ်။ Pantyhose style စတိုင်ကျတာလဲ ရှိတယ်။

• Sclerotherapy ဆေးထိုးနည်း
ဒီနည်းကို ၈ဝ% သုံးတယ်။ သွေးပြန်ကြောတွေ ခဲပိတ်ပြီး ပျက်စီးစေအောင်ဆေးထိုးတာဖြစ်တယ်။ တတ်ကြွမ်း နားလည်မှု လိုတယ်။

• Sclerotherapy Before and After ဆေးထိုးပြီးနောက် ၃-၆ ပါတ်မှာ spider veins တွေ ပျောက်ကုန်တာတွေ့ရမယ်။ varicose veins ဆိုရင် ၃-၄ လကြာမယ်။

• Laser Therapy လေဆာနည်း
Intense light pulse (ILP) ခေါ်တယ်။ အပူပေးလိုက်တော့ အထဲမှာ အမာရွတ်လို ဖြစ်စေလိုက်တယ်။ သွေးပြန်ကြောတွေကို ပိတ်ပြစ်စေမယ်။

• Laser Therapy Before and After
ဆေးထိုးနည်းထက် ကြာကြာစောင့်မှ သိသာတယ်။ နှစ်နအထိ စောင့်ရမယ်။ တခြား ရောဂါတွေကို ကုရတဲ့ လေဆာနည်းတွေလိုမဟုတ်ဘဲ တခါထဲလုပ်ဘို့သာလိုတယ်။

• Vein Surgery ခွဲစိတ်နည်း သွေးကြောထုံးနောက သိပ်ကြီးနေရင် ဆေးထိုးတာထံ ခွဲစိတ်တာပိုသင့်တယ်။ Ligation and stripping ခေါ်တဲ့ ကြိုးနဲ့ချည်ပြီး ထုတ်ပြစ်နည်း ဖြစ်တယ်။ မေ့ဆေးသုံးရတယ်။ တခါတလေ ချုပ်ရိုးမပါတာလဲ လုပ်လို့ရတယ်။

• Vein Surgery: Before and After
ခွဲစိတ်နည်းလုပ်ရသူ ၁ဝ ယောက်မှာ ၉ ယောက်ကိုလုပ်တာ အောင်မြင်တယ်။ ဆေးရုံတက်နေရတာလဲ မကြာဘူး အလုပ်လဲ မကြာခင်ပြန်လုပ်နိုင်တယ်။

• Endovenous Laser သွေးပြန်ကြောထဲသုံးတဲ့လေဆာနည်း
နည်းသစ်ဖြစ်တယ်။ အရင်က ခွဲစိတ်နည်းနဲ့မရတာအတွက် သုံးလာတယ်။ Laser fiber လေဆာမျှဉ်သေးသေးလေးကို သွေးပြန်ကြောထဲသွင်းတယ်။ ၉၈% ထိရောက်တယ်။

• Radiofrequency Ablation ရေဒီယိုလှိုင်းနည်း
သွေးပြန်ကြောကြီးတာကိုသုံးနိုင်တယ်။ Endovenous Laser သွေးပြန်ကြောထဲသုံးတဲ့ လေဆာနည်းနဲ့ ဆင်တယ်။ Small catheter ပိုက်သေးသေးလေးကို သွေးပြန်ကြောနံရံမှာထည့်တယ်။ တနှစ်နေမှ သိသာမယ်။

• Preventing Spider/Varicose Veins မဖြစ်အောင် ဘယ်လိုကာကွယ်မလဲ
Lifestyle Changes နေထိုင်မှုပုံစံပြောင်းပါ။ လူကဝနေရင် ကိုယ်အလေးချိန်လျှော့ချပါ။ ပုံမှန်မှန်လမ်းလျှောက်ပါ။ ကိုယ်လက် လေ့ကျင့်ခန်းလုပ်ပါ။ အလုပ်မှာ ရပ်နေရတာ မကြာတာမျိုး ရွေးချယ်ပါ။ ရောင်နေတာရှိရင် အငန်မစားပါနဲ့။ ရောင်နေတဲ့ အစိတ်အပိုင်းအောက်မှာ အခုအခံထားပေးပါ။ နားနေချိန်မှာ ခြေ-လက် ဆန့်တာလုပ်ပေးပါ။ ကိုယ်ဝန်ဆောင်ချိန်မှာ ဘယ်ဘက်ကိုစောင်းအိပ်ပေးပါ။

• Varicose veins သွေးပြန်ကြောထုံးခြင်း http://dts-medicaleducation.blogspot.com/2010/06/varicose-veins_04.html

Dr. တင့်ဆွေ
၂-၄-၂ဝ၁၂

ESL အင်္ဂလိပ်စာ

ကျောင်းစဖွင်ပြီလို့ရေးတော့ မေးပါတယ်။ ဘာသင်တဲ့ကျောင်းလဲ ဆရာတဲ့။  ကျောင်းအကြောင်း နည်းနည်း နည်းနည်း ရေးထားပြီး။ တယောက်က မေးဖူးတယ်။ အခုမှ...