ကျန်းမာရေးနဲ့ဆေးပညာ မေးလိုတာရှိပါက

ဒီဘလော့ခ်ထဲကစာတွေကို တခြားနေရာမှာ ကျွန်တော့်ခွင့်ပြုချက်မပါဘဲ ကူးယူပြီး မတင်ဘို့ စည်းကမ်း သတ်မှတ်ထားပါတယ်။

ကျန်းမာရေး နဲ့ ဆေးပညာ မေးလိုတာရှိပါက
• ဖြစ်တဲ့သူရဲ့ အသက်၊ ကျား-မ ပြောပါ။ ရောဂါလက္ခဏာ ၁-၂-၃။ တခုတိုင်းက ဘယ်လောက် ကြာပြီ။
• လိုအပ်ရင် ကျန်းမာရေးရာဇဝင်၊ ဓါတ်မှန်၊ (အာလ်ထွာဆောင်း)၊ ဆေးစစ်ချက်၊ လိုအပ်ရင် အိမ်ထောင်၊ ကလေး၊ ရှိ-မရှိ။ နေတဲ့တိုင်းပြည်၊ မြို့ထည့်ရေးပါ။ လူနာမည်၊ နေရပ်လိပ်စာအတိအကျ ကိစ္စမရှိပါ။
• ဆေးနာမည်ရေးရင် Trade name ကုမ္ပဏီကပေးတဲ့နာမည်သာမက Generic name ဆေးနာမည် ထည့်ရေးပါ။
• ဆေးစာ၊ ဆေးစစ်ချက်၊ ဝေဒနာတွေကို စကန်လုပ်ပြီးဖြစ်ဖြစ်၊ ဓါတ်ပုံရိုက်လို့ဖြစ်ဖြစ် ပို့နိုင်ပါတယ်။ ဓါတ်ပုံကို ခွင့်မယူဘဲ အသုံးမချပါ။
• အိမ်ထောင်ရေးနဲ့ လိင်ပိုင်းဆိုင်ရာမေးခွန်းတွေကို Facebook ကနေ မမေးပါနဲ့ မဖြေပါ။ တိုက်ရိုက်သာမေးပါ။
• အီးမေးလ် အခက်အခဲရှိလို့ Facebook message မှာဖြစ်ဖြစ် Chat box မှာဖြစ်ဖြစ်ရေးရင်လဲ အားသလား၊ မေးလို့ရလား ရေးမနေဘဲ၊ တခါတည်း မေးခွန်းသာရေးလိုက်ပါ။
• Facebook Comment ကနေမေးတာ-ဖြေတာ အဆင်မပြေပါ။
စာရှည်ရေးမရပါ။ သူများတွေကို အနှောင့်အယှက်ဖြစ်နိုင်ပါတယ်။
• နာမ်စားသုံးတာမှာ ကိုယ်ကိုယ်ကို ‘သား’၊ ‘သမီး’ လို့ သုံးရင် မေးတဲ့သူရဲ့ သားသမီးလား ထင်မှတ်မှားနိုင်တာသတိပြုပါ။
• SMS အရေးအသားမျိုးကို မဖတ်ပါ။ မြန်မာစကားကို အင်္ဂလိပ်စာလုံးနဲ့ရေးတာကို မဖတ်ပါ။
• ဘလော့ခ် နဲ့ ဖေ့စ်ဘွတ်မှာ အမေး-အဖြေတွေကိုသုံးတဲ့အခါ မေးတဲ့သူရဲ့ ကိုယ်ရေး အချက်အလက်တွေ မပါစေရပါ။
• ဖုန်းဆက်ပြီးမေးရင် Time zone မတူတာရော၊ အသံထွက် လွဲနိုင်တာရောကြောင့် အဆင်မပြေပါ။ ကျွန်တော့်မှာ Viber မရှိပါ။ ဖေ့စ်ဘွတ် ဖုန်း-ဗီဒီယို အဆင်မပြေပါ။ Skype ကိုတော့ နိုင်ငံရေးနဲ့ မိသားစုအတွက်သာသုံးပါတယ်။
drswe01@gmail.com ကို (အီးမေးလ်) ပို့ပါ။

(ဘလော့ခ်) တွေထဲ ဝင်ဖတ်ဘို့ အကြံပြုပါတယ်။
- http://dts-medicaleducation.blogspot.in/ ဆေးပညာစာများ
- http://yamuna-online-clinic.blogspot.in ယမုန်နာ ဆေးခန်း
- http://my-sayawun-life.blogspot.in/ ဆရာဝန်ဘဝ အမှတ်ရတာတွေ
- http://dts-political-page.blogspot.in/ နိုင်ငံရေး စာမျက်နှာ
- http://www.facebook.com/pages/Dr-Tint-Swe/490031307758025?skip_nax_wizard=true ဖေ့စ်ဘွတ်
- https://tintswe.wordpress.com/ Dr. Tint Swe ဒေါက်တာတင့်ဆွေ ဆေးပညာစာများ

Tuesday, May 15, 2012

Q and A May 2012 (3)

(1) သူငယ်ချင်း အမကြီးတစ်ယောက်က ဆေးလိပ်သောက်နေတာ ၆ နှစ်လောက်ရှိပါပြီ။
(2) ကျွန်တော့် အမျိုးသမီး ရေချိုးရင်ဖြစ်ဖြစ် သွားတိုက် မျက်နှာသစ်ရင် ဖြစ်ဖြစ်
(3) ကျွန်တော့် အမျိုးသမီးအသက်က (၃၆) နှစ်ပါ။
(4) သမီးအသက် ၂၆ နှစ်ပါ။ (့) မှာ ကျောင်းတက်နေပါတယ်။
(5) Lobese ဆေးရဲ့ အသုံးပြုပုံလေး သိချင်လို့ပါ။
(6) ကျနော်က ခု (့) မှာ ပညာသင်နေတာ ၃ နှစ်ကျော်ပါပြီ။
(7) ကျွန်တော့် သားလေးကို လွန်ခဲ့တဲ့ ဧပြီလကုန်မှာ မွေးဖွားခဲ့ပါတယ်။
(8) Could it be possible the Hepatitis B result negative after one year the person was infected?
(9) ကျွန်တော့် အမျိုးသမီးရဲ့ ရင်သား တစ်ဘက်စီမှာ ရေအိတ် (၃) လုံးစီရှိနေပါတယ်။

Tue, May 15, 2012 at 8:31 AM
သူငယ်ချင်း အမကြီးတစ်ယောက်က ဆေးလိပ်သောက်နေတာ ၆ နှစ်လောက်ရှိပါပြီ။ သောက်လိုက် ရပ်လိုက်နဲ့ စွဲစွဲမက်မက်မဟုတ်ပေမယ့် သူက အပျော်သဘောမျိုးဖွာနေတာပါ။ နောက်အပတ်ဆိုရင် အလုပ်ကိစ္စနဲ့ သူ ဆေးသွားစစ်ရတော့မှာမို့ သူအရမ်းလန့်နေတယ်။ x-ray ရိုက်ရင်ပေါ်မလား ဒါမှမဟုတ်သွေးထဲမှာ နီကိုတင်း တွေ့မလား ဆိုပြီး လန့်နေပါတယ်။ သူ့အရင်တစ်ခါ ချောင်းဆိုးတော့ ဆရာဝန်တွေကစစ်တော့ အဆုပ်ဘာမှမဖြစ်ဘူးပြောတယ်။ သွေးဘဲစစ်တယ် ဘာမှအထွေထူးမတွေ့ဘူးပြောတယ်။ x-ray မှာ ဆေးလိပ် သောက်တဲ့သူဆို သိသားလား။ အဲဒီအတွက်ရော သူ့အလုပ်ဗီဇာအတွက် အခက်ခဲ ရှိနိုင်ပါသလား။

ဆေးလိပ်သောက်သူတွေဟာ မသောက်သူတွေနဲ့တော့ မတူဘူးပေါ့။ ဆေးစစ်ရင် သိနိုင်တာတွေ ပေါ်နိုင်ပါတယ်။ ဒါပေမဲ့ ဓါတ်မှန်ရိုက်ရင် တီဘီ၊ အဆုပ်ပွ၊ နူမိုးနီးယား၊ ကင်ဆာ ဆိုတာတွေကိုသာ သိနိုင်တယ်။ ချောင်းဆိုးတိုင်းလဲ ဓါတ်မှန်မှာ ဘာမှ မပြတာရှိနိုင်တယ်။ သွေးစစ်တာကလဲ ဘာကို စစ်မလဲဆိုမှ ပေါ်-မပေါ်သိမယ်။ အများအားဖြင့် ဆေးစစ်တာက အသေးမစိတ်ပါ။ အခုလို စိုးရိမ်မှုရှိတာ တခုတော့ ကောင်းမယ်ထင်တယ်။ စိုးရိမ်လို့ ဆေးလိပ် လျှော့သောက်တာဖြစ်ရင် လျှော့သလောက် ကောင်းမှာပေါ့။ အားပေးပေါ့ လျှော့အောင်-ဖြတ်အောင်။

Mon, May 14, 2012 at 7:52 AM
ကျွန်တော့် အမျိုးသမီး ရေချိုးရင်ဖြစ်ဖြစ် သွားတိုက် မျက်နှာသစ်ရင် ဖြစ်ဖြစ် လေအန် (လေပျို့) သလိုမျိုးဖြစ်နေလို့ပါ။ ဖြစ်တာက ၆ လ လောက်ရှိပါပြီ။ အဲဒီ့ လေပျို့တာက ခဏပါပဲ။ လေတစ်ခါ နှစ်ခါ ပျို့ပြီးသွားရင် ကောင်းသွားပါပြီ။ ဒါပေမယ့် အကြိမ်တိုင်းဖြစ်နေပါတယ်။ သူက (့) မှာ သင်တန်း (၃) လ တက်နေတဲ့အချိန်မှာ ဖြစ်တာပါ။ အစာစားချိန် မမှန်တာတို့ ဘာတို့ ရှိပါတယ်။

ရောဂါခံစားနေရသူကို စနစ်တကျ မမေးရ၊ မစစ်ရသေးတော့ ဖြစ်နိုင်လောက်တာတွေကို မေးတဲ့သူက ခန့်မှန်းနိုင်အောင်သာ ရေးပြီးသားစာတွေ ပို့လိုက်တာဖြစ်ပါတယ်။ နောက်တပုဒ်လဲ ထပ်ပို့လိုက်ပါတယ်။ အခုစာကတော့ ကိုယ်တိုင်ဆင်ခြင် ပြုပြင်နိုင်အောင်လဲပါတယ်။ အေးအေးဆေးဆေး ဖတ်ပြီး ဆိုင်မယ်ထင်တာကို လိုက်နာနိုင်တယ်။ ဆိုးတယ်ထင်ရင် ဘယ်လိုဆရာဝန်ကို ပြရမလဲဆိုတာကိုလဲ မှန်းနိုင်မယ် ထင်ပါတယ်။ ဆရာဝန်မလိုတာလဲ ဖြစ်နိုင်ပါတယ်။
• • Gastroesophageal reflux disease (GERD) အချဉ်ရည် အထက်ဆန်ခြင်း http://dts-medicaleducation.blogspot.com/2011/01/gastroesophageal-reflux-disease-gerd.html
• Peptic Ulcer Diagnosis လေနာရောဂါကို ဆေးစစ်ခြင်း http://dts-medicaleducation.blogspot.com/2010/09/peptic-ulcer-diagnosis.html • Peptic ulcer လေနာ ဆိုတာ ဘုရင်မှာလည်း ဖြစ်သည် http://dts-medicaleducation.blogspot.com/2010/05/peptic-ulcer.html
• Nausea and Vomiting ပျို့ချင်-အန်ချင် http://dts-medicaleducation.blogspot.com/2011/02/nausea-and-vomiting.html

Mon, May 14, 2012 at 3:46 PM
ကျွန်တော့် အမျိုးသမီးအသက်က (၃၆) နှစ်ပါ။ ကလေးမရှိသေးပါ။ သူဖြစ်နေတာက ရင်ကြပ်ပါ။ လွန်ခဲ့တဲ့ (၁ဝ) ဝန်းကျင်ကမှ စဖြစ်တာပါ။ အရင်က အေးမှဖြစ်ပါတယ်။ အခုဆိုရင် ပူရင်လည်းဖြစ်ပါတယ်။ အခုဆိုရင် (၃-၄) လ နေရင် တစ်ကြိမ်လိုဖြစ်နေပါတယ်။ ဆရာဝန်သွားပြ ဆေးထိုးဆေးစားလိုက်ရင် ပျောက်သွားပါတယ်။ အခုလို ခဏခဏဖြစ်နေတာ မဖြစ်အောင် ဘယ်လိုပြုမူနေထိုင်ရပါမလဲ။ (ဥပမာ အစားအသောက်၊ ရေချိုးတာက အစပေါ့ဆရာ) ရင်ကြပ်ရောဂါ မျိုးရိုးလည်း မရှိပါ။ အခုလိုဖြစ်နေတာ ကလေးယူပြီးသွားလို့ရှိရင် ကလေးမှာပါ ကူးစက်တက်ပါသလား။ အိမ်ထောင်သက်က (၄) နှစ်ရှိပါပြီ။ ပြီးခဲ့တဲ့နှစ် (၈) လပိုင်းမှာ ကိုယ်ဝန်ပျက်ကျခဲ့ပါတယ်။ ကလေးပြန်ရ နိုင်အုံးမှာလား။ ကျွန်တော်အသက်က (၃၂) နှစ်ပါ။

ကလေးယူလို့မရနိုင်စရာမရှိပါ။
• Asthma (1) ပန်းနာ http://dts-medicaleducation.blogspot.com/2009/05/asthma.html
• Asthma (2) ပန်းနာ အဆက် http://dts-medicaleducation.blogspot.com/2011/11/asthma-2.html

Mon, May 14, 2012 at 9:24 AM
သမီးအသက် ၂၆ နှစ်ပါ။ (့) မှာ ကျောင်းတက်နေပါတယ်။ လွန်ခဲ့တဲ့ ၄ ရက်လောက်ကနေစပြီး ခါးနာလာပါတယ်။ ရာသီလာလို့နာတယ်ပဲ ထင်ခဲ့မိပါတယ်။ ညာဖက်တခြမ်းပဲ နာပါတယ်။ ခါးနဲ့တင်ပါးအပေါ်ပိုင်း ခါးရိုးတဝိုက်နာပါတယ်။ ညာဖက်ခြေထောက်ပါ ကိုက်ပါတယ်။ ညာဖက်လက်ရော၊ခြေထောက်ပါ စူးခနဲစူးခနဲ ဖြစ်ပါတယ်။ ခြေကျင်းဝတ်လည်း နာပါတယ်။ အိပ်ယာထဲမှာ ဟိုဖက်ဒီဖက် မလှည့်နိုင်ပါဘူး။ အိပ်ယာကထရင်၊လမ်းလျှောက်ရင် မခံမရပ်နိုင်အောင် နာပါတယ်။ သောက်ဆေး၊လိမ်းဆေး၊ ပလာစတာ ကပ်ပါတယ်။ မသက်သာပါဘူး။ အကြောညပ်တာဖြစ်မှာစိုးရိမ်လို့ပါ။ အချိန်ပိုင်းအလုပ်လုပ်ပါတယ်။ အလေးအပင်တော့မတာကတော့ ကျောင်းသွားရင်စာအုပ်တွေသယ်ရတာပဲရှိပါတယ်။ တော်တော်တော့လေးပါတယ်။ အိမ်နဲ့ကျောင်းနဲ့က၁နာရီခွဲလောက်ရထားစီးရပါတယ်။

• Low Back Pain ခါးနာ သက်သာစေရန်
ခါးနာနေသူတွေ ဆေးကိုလဲ အားကိုးနိုင်ပေမဲ့ မလွဲအသွေလိုက်နာရမှာက လူနေမှုပုံစံသတိထားဘို့ဖြစ်တယ်။ အနေ-အထိုင်-အအိပ် ၃ မျိုးဖြစ်တယ်။ ထိုင်ရင် ကြမ်းပြင်မှာ ဖင်ချမထိုင်ပါနဲ့၊ တောနယ်မှာ မီးလှုံရင်း ထိုင်ရတဲ့ဖင်ထိုင်ခုံငယ်လေးတွေနဲ့လဲ မထိုင်ပါနဲ့။ ဂျပန်တွေလို ကြမ်းပြင်မှာ ထိုင်သလိုလုပ်ရရင် နောက်ကျောမီဘို့ နံရံမှာကပ်ထိုင်ပါ။ ကုလားထိုင်-ဆက်တီမှာထိုင်ရင် တင်ပါးနဲ့ ပေါင်က အောက်ခံမှာ ကပ်နေပြီး ခါးအမှီပါရမယ်။ ခါးကို အလွတ်မထားပါနဲ့။ ပက်လက်ကုလားထိုင်၊ Dream bad မှာ မထိုင်ပါနဲ့။ လက်ဆေး၊ မျက်နှာသစ်ရင် ကိုယ့်အရပ်နဲ့အံကိုက် အမြင့်မှာတပ်ဆင်ထားတဲ့ ကြွေခွက်၊ လက်ဆေးခွက်မှာ လုပ်ပါ။ နိမ့်နေတာ မကောင်းဘူး။ ခါးနဲနဲညွတ်ရတာ မကောင်းဘူး။ ခါးသိပ်နာနေချိန်တွေမှာ မျက်နှာသစ်လို့ ခါးကုန်းရတာကိုက မကောင်းဘူး။ ရေစိုချင်စိုပါစေ ခါးမတ်တမ်ထားပါ။ အိပ်ရင် လှဲရင် ကြမ်းမာပါစေ။ စပရင်ကုတင်၊ ကြိုးတပ်ကုတင်၊ ပုခက်အိပ်ယာ၊ မွေ့ယာ မသုံးပါနဲ့။ ခေါင်းအုံး နိမ့်ပါစေ။ တခဏဖြစ်ဖြစ် ခေါင်းအုံးမပါဘဲ လှဲတာလုပ်ပေးပါ။

Sun, May 13, 2012 at 8:13 PM
Lobese ဆေးရဲ့ အသုံးပြုပုံလေး သိချင်လို့ပါ။ ဘယ်လိုသောက်ရမည် ဆိုတာရယ် Side effect ရှိ-မရှိ ဆိုတာရယ်။ သူငယ်ချင်းတွေလဲ သောက်ကြလို့၊ နောက်ပြီး သမီးလဲ Weight က တက်လာလို့ပါ။ အသက်က (၄ဝ) ပါ။ သား-သမီး ၂ ယောက်ရှိပါတယ်။ ဒီဆေးက သောက်ပြီးရင် အစာ သိပ်မစားပဲ နေနိုင်ပါတယ်။ ရောဂါတော့ ထွေတွေထူးထူးမရှိပါ။ နောက်ပြီး ဝမ်းဗိုက် ပတ်ပတ်လည်ကျလို့ နေလို့ကောင်းပါတယ်။ စွဲသောက်လို့ ဖြစ်မဖြစ်သိချင်လို့ပါရှင်။

မေးတဲ့ဆေးအမျိုးအစားက ဆရာတို့လို ဆရာဝန်တွေက ညွှန်တာမျိုးတော့ မဟုတ်ပါ။ Phaseolus vulgaris seed ခေါ်တဲ့ ပဲစေ့ကနေဖေါ်စပ်ထားတာလို့ သိရတယ်။ Dietary supplement အာဟာရ ဖြည့်စွက်ဆေး သဘောဖြစ်တယ်။ တနေ့မှာ ၁-၂ လုံး၊ အစာမစားခင်သောက်ခိုင်းတယ်။ ဆေးညွှန်းစာထဲမှာ ဘေးထွက်ဆိုးကျိုး တလုံးမှ ရေးမထားဘူး။ Lobese ဆေးထဲမှာ Phaseolus Vulgaris ဆိုတာပါတယ်လို့ ဆေးကုမ္ပဏီကနေရေးထားတယ်။ ဒီဓါတ်ဟာ ပဲသီ အမျိုးမျိုးထဲမှာပါတယ်။ သူ့သဘောက starch blocker (ကစီဓါတ်) ကို တားတယ်လို့ဆိုပါတယ်။ (ကစီဓါတ်) ဆိုတာ (ကာဗွန်ဟိုက်ဒရိတ်) ခေါ်တဲ့ ဆန်၊ ဂျုံ၊ ပြောင်း၊ ပဲတွေမှာပါတာကို ပြောတာဖြစ်တယ်။ စားတဲ့အထဲ အဲဒါတွေပါနေတာကို တားပေးလို့ စားသလောက် မဝစေဘူး။

Thu, May 10, 2012 at 8:05 PM
ကျနော်က ခု (့) မှာ ပညာသင်နေတာ ၃ နှစ်ကျော်ပါပြီ။ တလောက ဆေးစစ်ချက်လုပ်ရပါတယ်။ အခု ကျနော်ရဲ့ ဆေးစာရွက်မှာ Neutrophil အပိုင်းမှ Segmentonuclear မှာ နော်မယ် ၄၇-၇၂ ရှိသင့်ပေမယ့် ၄ဝ ပဲရှိပါတယ်။ Lymphocyte မှာ နော်မယ် ၁၉-၃၇ ရှိသင့်ပေမယ့် ၄၉ လောက်ထိ ရှိနေပါတယ်။ နောက်ဆုံးစစ်ချက်အနေနဲ့ Eosinophilia ဖြစ်နိုင်ချေရှိတယ်လို့ အဖြေထွက်ပါတယ်။ ရောဂါလက္ခဏာ၊ ဆေးဝါး၊ ဆောင်ရန် ရှောင်ရန်များကို သိလိုပါတယ်။ ကျနော်ရဲ့အသက်က ၂၈ ရှိပါပြီ။ ယောက်ျားလေးပါ။ အိမ်ထောင် မရှိသေးပါ။ လက္ခဏာအနေနဲ့ကတော့ လက်ဖဝါးမှာ အရည်ကြည်ဖုလေးတွေ ပေါက်ပါတယ်။ ဖြစ်တာတော့ ရေနွေးသုံးရင်ဖြစ်ဖြစ်၊ ဆပ်ပြာမှုန့်သုံးရင်လဲ ပေါက်တတ်ပါတယ်။ ငယ်စဉ်က နွေရာသီမှာ လက်ကြားလေးမှာ ပေါက်တတ်တော့ သေချာ သတိမထားဖြစ်တာပါ။ ဖြစ်တာတော့ တနှစ်လောက်ရှိနေပါပြီ။ ဒီကို မလာခင် ဆေးစစ်ချက် မြန်မာနိုင်ငံမှာ လုပ်တုန်းကတော့ ဘာမှ ပြသနာမဖြစ်ဘူးပါ။

Eosinophilia ဖြစ်နိုင်တယ်ဆိုပေမဲ့ အရအတွက် မသိရပါ။ ဖြစ်တာဆိုရင် အကြောင်းခံရှာရအုံးမယ်။ ဒါမှ ဆေးကုဘို့ ဖြစ်မယ်။ များသောအားဖြင့် (အလာဂျီ) နဲ့ ဆက်စပ်တယ်။ ပန်းနာရှိသူတွေလဲ များနေမယ်။ ဆေးတခုခုနဲ့ မတည့်သူ၊ သန်ကောင်ရှိသူ၊ ကင်ဆာ နဲ့လဲဆက်စပ်တယ်။ Lymphocyte များနေတာက များသောအားဖြင့် ဗိုင်းရပ်စ် ပိုးဝင်နေချိန်မှာ ဖြစ်တယ်။ Neutrophil ဖြစ်စေနိုင်တဲ့အကြောင်းတွေကလဲ များတယ်။ နေတဲ့နေရာက အထူးကု ဆရာဝန်ကနေ ဆေးညွှန်ပါလိမ့်မယ်။ ဆေးစစ်ချက်တွေ မစုံသေးဘဲ ရောဂါနာမည်ရော ဆေးကုတာပါ ပြောရတာ မသေခြာပါ။

Sat, May 12, 2012 at 8:39 AM
ကျွန်တော့် သားလေးကို လွန်ခဲ့တဲ့ ဧပြီလကုန်မှာ မွေးဖွားခဲ့ပါတယ်။ အခုဆို ၃ ပတ်ထဲ ရောက်နေပါပြီ။ မွေးတဲ့နေ့မှာပဲ ကလေးအထူးကုက Hepatitis B နဲ့ BCG ထိုးပေးထားတယ်လို့ ပြောပါတယ်။ ဆေးရုံက ဆင်းတဲ့အခါမှာ အထူးကုက BCG ကို တင်ပါးမှာ ထိုးထားတာဖြစ်တဲ့အတွက် ဝက်ခြံဖုလောက် ပြည်ဖုလေးထွက်လာပါမယ်။ မစိုးရိမ်ပါနဲ့၊ မညှစ်ပါနဲ့လို့ မှာလိုက်ပါတယ်။ ဝက်ခြံဖုထက် ကြီးခဲ့ရင်ပဲဖြစ်ဖြစ်၊ အရမ်းယောင်လာခဲ့ရင် ဆေးရုံကို ပြန်လာပြဖို့လည်း မှာပါတယ်။ အဲဒီ အဖုလေးက ပျောက်သွားတဲ့အခါ အမာရွတ် သေးသေးလေး ကျန်ခဲ့မယ်လို့ မှာလိုက်ပါတယ် ခင်ဗျာ။ အခု သားလေးက ၃ ပတ်သားရောက်လာတဲ့အထိ BCG ထိုးလို့ ဖြစ်မယ့် လက္ခဏာတွေ တစ်ခုမှ မပြပါဘူးခင်ဗျာ။ ပြည်ဖုလည်း မထွက်သလို အနာရွတ်လည်း မတွေ့ရပါဘူး။ ဒါ့ကြောင့် ကလေးကို ဆေးမထိုးရသေးမှာ စိုးရိမ်ပါတယ် BCG ထိုးပြီး မပြီး စစ်ဆေးလို့ ရပါသလား ဆရာကြီးခင်ဗျာ။ ဒါမှမဟုတ် ခုလိုပဲ ဒဏ်ရာမပြတာမျိုး ဖြစ်တတ်ပါသလား

စာရေးတာ မရှင်းတဲ့တချက်က ၃ ပါတ်ပြည့်တာ ၂ ခါဖြစ်နေတယ်။ ကလေးအသက်ရော ဆေးထိုးပြီးနောက် ကြာတာရော ၂ ခုလုံး ပြောချင်တာလားမသိပါ။ BCG ကို အများအားဖြင့် ဘယ်ဘက် လက်မောင်းရင်းမှာထိုးကြတယ်။ ဆေးထိုးပြီးရင် အနာဖြစ်တယ်။ အမာရွတ်ကျန်ရစ်မယ်။ အရပ်ခေါ် ဆေးမအောင်တာဖြစ်ချင် ဖြစ်နိုင်ပေမဲ့၊ နောက်ထပ်တခါ ထပ်ထိုးဘို့ မလိုနိုင်ပါ။

Fri, May 11, 2012 at 11:32 AM
Could it be possible the Hepatitis B result negative after one year the person was infected? During one year the patient was taking medicine course which instructed by doctor. Could it be consider that negative result the patient is fully recover as 100 percent and other people will not be infected from him?

• Hepatitis B medical treatment (ဘီ) ပိုးဆေးပေးခြင်း http://dts-medicaleducation.blogspot.in/2012/05/hepatitis-b-medical-treatment.html

Tue, May 15, 2012 at 2:26 PM
ကျွန်တော့် အမျိုးသမီးရဲ့ ရင်သား တစ်ဘက်စီမှာ ရေအိတ် (၃) လုံးစီရှိနေပါတယ်။ သူကိုယ်ဝန်ပျက်ကျတဲ့ အချိန်ကျမှ စပြီးသိတာပါ။ အဲတာနဲ့ ရန်ကုန်မှာသွားပြီး ပြတော့ ခွဲထုတ်ရင်လည်းရတယ်၊ ဒါမှမဟုတ် ဆေးထိုးအပ်နဲ့ စုပ်ထုတ်ရင်လည်း ရတယ်လို့ပြောပါတယ်။ ဘယ်ဟာကပိုကောင်းပါသလဲ။ ဒါမှမဟုတ် ကုသမှု မယူဘဲ ဒီအတိုင်းထားရင်ရော ရနိုင်ပါသလား။ တစ်ချို့တွေကပြောတာက ကလေးမရသေးလို့ ကလေးရလို့ရှိရင် ကလေးနို့တိုက်ရင်း ရေအိတ်တွေက သူ့အလိုလို သေးသွားတယ်လို့ ပြောသံကြားဘူးလို့ပါ။ အဲဒါရော ဟုတ်ပါသလား။ အခုတလော သူ့ရဲ့ ရေအိတ်တွေက နည်းနည်းကြီးလာပြီး တစ်ချက်တစ်ချက် စူးကနဲ နာတယ် ပြောပါတယ်။ အမြဲတမ်းတော့ မဖြစ်ပါဘူး။ ဘယ်လိုကုသမှုမျိုး ခံယူရမလဲ ဆိုတာ ပြောပြပေးပါ။ ရန်ကုန်သွားပြပြီး သောက်တဲ့ဆေးနာမည်တော့ ကျွန်တော် မသိပါ။ ဒါပေမယ့် folic acid တော့ပါတယ်လိုတော့ သိရပါတယ်။

ရင်သား ရေအိတ်လို့ ဆရာတော့ မကြားဘူးသေးပါ။ ဆရာဝန်ကို သေခြာမေးပါ။ ဆေးစာထဲမှာ ရေးထားတာ စာလုံးပေါင်းသိရင်လဲ ပြောပါ။
• Fibroadenosis (ဖိုက်ဘရို-အဒီနိုးဆစ်) ရင်သားရောဂါ http://dts-medicaleducation.blogspot.in/2012/03/fibroadenosis.html