ကျန်းမာရေးနဲ့ဆေးပညာ မေးလိုတာရှိပါက

ဒီဘလော့ခ်ထဲကစာတွေကို တခြားနေရာမှာ ကျွန်တော့်ခွင့်ပြုချက်မပါဘဲ ကူးယူပြီး မတင်ဘို့ စည်းကမ်း သတ်မှတ်ထားပါတယ်။

ကျန်းမာရေး နဲ့ ဆေးပညာ မေးလိုတာရှိပါက
• ဖြစ်တဲ့သူရဲ့ အသက်၊ ကျား-မ ပြောပါ။ ရောဂါလက္ခဏာ ၁-၂-၃။ တခုတိုင်းက ဘယ်လောက် ကြာပြီ။
• လိုအပ်ရင် ကျန်းမာရေးရာဇဝင်၊ ဓါတ်မှန်၊ (အာလ်ထွာဆောင်း)၊ ဆေးစစ်ချက်၊ လိုအပ်ရင် အိမ်ထောင်၊ ကလေး၊ ရှိ-မရှိ။ နေတဲ့တိုင်းပြည်၊ မြို့ထည့်ရေးပါ။ လူနာမည်၊ နေရပ်လိပ်စာအတိအကျ ကိစ္စမရှိပါ။
• ဆေးနာမည်ရေးရင် Trade name ကုမ္ပဏီကပေးတဲ့နာမည်သာမက Generic name ဆေးနာမည် ထည့်ရေးပါ။
• ဆေးစာ၊ ဆေးစစ်ချက်၊ ဝေဒနာတွေကို စကန်လုပ်ပြီးဖြစ်ဖြစ်၊ ဓါတ်ပုံရိုက်လို့ဖြစ်ဖြစ် ပို့နိုင်ပါတယ်။ ဓါတ်ပုံကို ခွင့်မယူဘဲ အသုံးမချပါ။
• အိမ်ထောင်ရေးနဲ့ လိင်ပိုင်းဆိုင်ရာမေးခွန်းတွေကို Facebook ကနေ မမေးပါနဲ့ မဖြေပါ။ တိုက်ရိုက်သာမေးပါ။
• အီးမေးလ် အခက်အခဲရှိလို့ Facebook message မှာဖြစ်ဖြစ် Chat box မှာဖြစ်ဖြစ်ရေးရင်လဲ အားသလား၊ မေးလို့ရလား ရေးမနေဘဲ၊ တခါတည်း မေးခွန်းသာရေးလိုက်ပါ။
• Facebook Comment ကနေမေးတာ-ဖြေတာ အဆင်မပြေပါ။
စာရှည်ရေးမရပါ။ သူများတွေကို အနှောင့်အယှက်ဖြစ်နိုင်ပါတယ်။
• နာမ်စားသုံးတာမှာ ကိုယ်ကိုယ်ကို ‘သား’၊ ‘သမီး’ လို့ သုံးရင် မေးတဲ့သူရဲ့ သားသမီးလား ထင်မှတ်မှားနိုင်တာသတိပြုပါ။
• SMS အရေးအသားမျိုးကို မဖတ်ပါ။ မြန်မာစကားကို အင်္ဂလိပ်စာလုံးနဲ့ရေးတာကို မဖတ်ပါ။
• ဘလော့ခ် နဲ့ ဖေ့စ်ဘွတ်မှာ အမေး-အဖြေတွေကိုသုံးတဲ့အခါ မေးတဲ့သူရဲ့ ကိုယ်ရေး အချက်အလက်တွေ မပါစေရပါ။
• ဖုန်းဆက်ပြီးမေးရင် Time zone မတူတာရော၊ အသံထွက် လွဲနိုင်တာရောကြောင့် အဆင်မပြေပါ။ ကျွန်တော့်မှာ Viber မရှိပါ။ ဖေ့စ်ဘွတ် ဖုန်း-ဗီဒီယို အဆင်မပြေပါ။ Skype ကိုတော့ နိုင်ငံရေးနဲ့ မိသားစုအတွက်သာသုံးပါတယ်။
drswe01@gmail.com ကို (အီးမေးလ်) ပို့ပါ။

(ဘလော့ခ်) တွေထဲ ဝင်ဖတ်ဘို့ အကြံပြုပါတယ်။
- http://dts-medicaleducation.blogspot.in/ ဆေးပညာစာများ
- http://yamuna-online-clinic.blogspot.in ယမုန်နာ ဆေးခန်း
- http://my-sayawun-life.blogspot.in/ ဆရာဝန်ဘဝ အမှတ်ရတာတွေ
- http://dts-political-page.blogspot.in/ နိုင်ငံရေး စာမျက်နှာ
- http://www.facebook.com/pages/Dr-Tint-Swe/490031307758025?skip_nax_wizard=true ဖေ့စ်ဘွတ်
- https://tintswe.wordpress.com/ Dr. Tint Swe ဒေါက်တာတင့်ဆွေ ဆေးပညာစာများ

Wednesday, May 2, 2012

Q and A May 2012 (1)

1. ကျမကလေးက အခုတလနဲ့ ၂ ရက်လောက်ရှိပါပြီ။
2. ကျမက (့) ကပါ။ အသက်က ၂၄ နှစ်ရှိပါပြီ။
3. မ (့)၊ အသက် ၃၅ နှစ်၊ ဧရာဝတီတိုင်း ပုသိမ်ခရိုင်၊ (့) မြို့ပါ။
4. အသက် ၂၂၊ ကျား၊ (့)၊ ရန်ကုန်၊ ဗဟန်း ၃ လမ်း။ အိမ်ထောင် မရှိ။
5. ခွဲမွေးတာနဲ့ ရိုးရိုးမွေးတာရဲ့ အားသာချက် အားနဲချက် ရေးထားတာရှိလားဟင်။
6. ကျွန်တော် မနေ့က သွေးစစ်ခဲ့ပါတယ်။ ရလဒ်တွေက အောက်ပါအတိုင်းပါ။
7. ဆီးသွားရင်း အနယ်အဖြူဖတ်လေးများပါလာပါတယ်။
8. ၃ လပိုင်းတုန်းက ရာသီလာပြီးပါတယ်။
9. TB ရောဂါရှိသူနှင့် အတူတူနေလျှင် ကူးနိုင်ပါသလား။

1. Fri, Apr 27, 2012 at 12:56 AM
ကျမကလေးက အခုတလနဲ့ ၂ ရက်လောက်ရှိပါပြီ။ ကလေးက မနက်ပိုင်းဆိုလျှင် ဖိုက်ထဲက လေထတဲ့အသံ ကြားရပါတယ်။ ကော့ကော့ပြီး ငိုပါတယ်။ အရမ်းကြီးငိုတာတော့ မဟုတ်ဘူး။ တချက်တချက်ညည်းပြီး ငိုပါတယ်။ ငါးမိနစ်တခါလိုမျိုး လေလည်လိုက်လျင်တော့ ငြိမ်သွားပါတယ်။ လေချဉ်လည်း တက်ပါတယ်။ နို့တိုက်ပြီးတိုင်းလည်း လေထုတ်ပါတယ်။ လေမတက်မချင်း ပခုံးပေါ်က မချပါဘူး။ ညဘက်ဆိုရင်တော့ တခါတလ ၅ နာရီလောက်အိပ်ပြီးမှ နိုးတတ်ပါတယ်။ အဲဒီခါကျမှ နို့တိုက်ပါတယ်။ ၃ နာရီတကြိမ် တိုက်ရမှာလား။ မနိုးရင်လည်း နှိုးပြီး တိုက်ရမှာပါလား။ နောက်ပြီး ကလေးက တနေ့ ဝမ်းပုံမှန် ဘယ်နှစ်ကြိမ် သွားတတ်သလဲ။ ကျမ အစားအစာကတော့ ကြက်သား၊ ဝက်သား အသားချည်း ကြက်ဥငါးကြော် ဟင်းရွက်ကတော့ မုန်လာဥအနီ၊ ဒန့်သလွန်ရွက်၊ မုန်ညှင်ရွက်၊ မနက်စာတော့ နွားနို့၊ တခါတလေ ကော်ဖီမှုံ့နည်းနည်း နွားနို့နဲ့ဖျော် သောက်ပါတယ်။ ပေါင်မုန့်ကို မီးကင်ပြီး အဆီထုတ်ထားတဲ့ ထောပတ်သုတ် စားပါတယ်။ ဘီစကိတ်လည်း (မရိမ်နာ) သာ စားပါတယ်။

• Diet for a healthy breastfeeding mom နို့တိုက်မိခင်တွေ ဘာတွေ စားသင့်သလဲ
• Baby Care ကလေးဗိုက်နာရင် တွေကိုဖတ်ပါ။ ရှာမတွေ့ရင်ပြောပါ။

2. Fri, Apr 27, 2012 at 12:43 PM
ကျမက (့) ကပါ။ အသက်က ၂၄ နှစ်ရှိပါပြီ။ အခုကလေးမွေးထားတာ နှစ်လရှိပါပြီ။ သားဦးပါ။ သားဆက်ခြားဆေးကို ဘယ်အမျိုးအစား သုံးရမလဲဆိုတာပါ။ ကျမ ကလေးကို မိခင်နို့တိုက်ပါတယ်။ တချို့ဆေးက နို့ကို ခန်းစေတယ်လို့ ကြားဖူးလို့ပါ။ ပြီးတော့တချို့က လူကိုဝစေတယ်ဆိုလို့ စာအုပ်မှာဖတ်ဖူးတာ။ တမျိုးက လက်မောင်းမှာ ပိုက်ထည့်တာ ဖတ်ဖူးတယ်။ သူငယ်ချင်းတွေပြောတော့ ပိုက်ထည့်တာလဲ လူကို အဝလွန်စေတယ် ဆိုလို့ပါ။ ကျမ အလှပျက်မှာစိုးလို့ မဟုတ်ပါဘူး။ သူများနိုင်င်္ငမှာနေတယ်ဆိုတော့ အလုပ်လုပ်ရင် သူဌေးတွေက သွတ်လက်မှ ကြိုက်တာ။ ဒါကြောင့် ဝတဲ့သူ အလုပ်ရှားလို့ပါ။ ကျမ အခုအလုပ်ဝင်တော့မှာမို့လို့ပါ။

• Contraceptive pills ကိုယ်ဝန်တားဆေးရဲ့ အကောင်း-အဆိုး
• Birth Control Pill Types ကိုယ်ဝန်တားစားဆေး ဘယ်ဟာရွေးမလဲ တွေကိုဖတ်ပါ။ ရှာမတွေ့ရင်ပြောပါ။

3. Sat, Apr 28, 2012 at 5:52 AM
မ (့)၊ အသက် ၃၅ နှစ်၊ ဧရာဝတီတိုင်း ပုသိမ်ခရိုင်၊ (့) မြို့ပါ။ လွန်ခဲ့တဲ့တစ်လလောက်က ဘယ်ဘက် နို့သီးခေါင်း ထိပ်နားတွင် ရောင်ပြီး နာလာ ဘေးပတ်လည် အကြောမျှင်များပေါ် ညှစ်ထုပ်ပြစ်ရာ အရည်ကြည်များ ထွက်လာပါသည်။ ဆရာဝန်က O/E Left breast is slightly larger than the right, whitish discharge (+), not LN enlarged, no sign of inflammation ကျွန်မ usg ပါထည့်ပေးလိုက်ပါသည်။

ဆေးစာတွေ နေ့စွဲ မရှင်းလို့ ဘယ်ဟာက နောက်ဆုံးထင်မြင်ချက်လဲ မသိပါ။ Cyst နဲ့ Fibroadenosis ၂ မျိုး မှတ်ချက် ပေးထားတယ်။ ကင်ဆာတော့ မဟုတ်ပါ။ ခွဲစိတ် အထူးကုဆရာဝန်နဲ့ ဆက်ပြရမယ်။ လိုအပ်ရင် စစ်ဆေးမှု အသစ်လုပ်ရမယ်။

4. Sat, Apr 28, 2012 at 3:14 PM
အသက် ၂၂၊ ကျား၊ (့)၊ ရန်ကုန်၊ ဗဟန်း ၃ လမ်း။ အိမ်ထောင် မရှိ။ ကျွန်တော် အိမ်သာ အလေးသွားတိုင်း သွေးစက်လေးတွေ နည်းနည်းပါတတ်ပါတယ်။ အဲဒီလိုဖြစ်နေတာ ၁ နှစ်လောက်တော့ ရှိမယ်ထင်ပါတယ်။ အလေးလည်း မှန်မှန်သွားပါတယ်။ နေ့တိုင်းလည်း မဖြစ်ပါဘူး။ တစ်လမှာ ၃-၄ ရက်လောက် ဆက်တိုက်မျိုးပါ။ တစ်ခါတစ်လေ ၂ လ၊ ၃ လ လောက်မှ ၃-၄ ရက်လောက် အဲလို သွေးစက်လေးတွေ ပါပါတယ်။

• Piles လိပ်ခေါင်းရောဂါ အမေး-အဖြေများကိုဖတ်ပါ။ ရှာမတွေ့ရင်ပြောပါ။

5. Sat, Apr 28, 2012 at 3:47 PM
ခွဲမွေးတာနဲ့ ရိုးရိုးမွေးတာရဲ့ အားသာချက် အားနဲချက် ရေးထားတာရှိလားဟင်။ နောက်ပြီးတော့ စာတွေထဲမှာ ဖတ်ဖူးတဲ့ မခွဲပဲနဲ့ မနာမကျင်အောင် ဆေးသွင်ပြီးမွေးတယ်ဆိုတာရော မြန်မာနိုင်ငံမှာ ရှိလား။ ဘယ်ဆေးရုံ၊ ဘယ်ဆရာဝန် လုပ်ပေးပါသလဲ။

• LSCS and Normal labor ဗိုက်ခွဲမွေးတာ နဲ့ ရိုးရိုးမွေးတာ
• Painless childbirth ဗိုက်မနာဘဲ ကလေးမွေးခြင်း တွေကိုဖတ်ပါ။ ရှာမတွေ့ရင်ပြောပါ။

6. Sun, Apr 29, 2012 at 6:05 PM
ကျွန်တော် မနေ့က သွေးစစ်ခဲ့ပါတယ်။ ရလဒ်တွေက အောက်ပါအတိုင်းပါ။
Haemoglobin = 136 gm%
Total WBC = 8700/cu mm
Neutrophil = 65
Lymphocyte = 30
Monocyte = 4
Eosinophil = 1
ကျွန်တော် အဲဒီဂဏန်းတွေကိုသိချင်လို့ပါ။ သွေးအားနည်းနေရင် ဂဏန်းဘယ်လောက်ရှိပါသလဲ။ သာမန်လူဆိုရင်ရော ဘယ်လောက်ရှိရပါသလဲ။

• Clinical Laboratory Tests Normal Values (4) http://dts-medicaleducationblogspotin/2012/02/clinical-laboratory-tests-normal-values_5307html
• Clinical Laboratory Tests Normal Values (3) http://dts-medicaleducationblogspotin/2012/02/clinical-laboratory-tests-normal-values_03html
• Clinical Laboratory Tests Normal Values (2) http://dts-medicaleducationblogspotin/2012/02/clinical-laboratory-tests-normal-valueshtml
• Clinical Laboratory Tests Normal Values (1) http://dts-medicaleducationblogspotin/2012/02/normal-reference-range-tablehtml

7. Mon, Apr 30, 2012 at 5:21 PM
သမီး ချိုင်းချွေးတွေ အရမ်းထွက်လို့ပါဆရာ။ အစက နေဗီရာ သုံးတာ နဲနဲတော့သက်သာတယ်။ ဒါပေမယ့် ခုပိုပြီးဆိုးလာတယ်။ ချိုင်းချွေးက တော်တော်လေးလည်း ထွက်တယ် နံလည်းနံတယ်။ အဲဒါအမြစ်ပြက်ဖို့ ဘယ်လိုဆေးသုံးရတာလည်း ပြန်လည်ဖြေကြားပေးပါဆရာ။

• Hyperhidrosis ချွေးထွက် များလွန်းလို့ http://dts-medicaleducationblogspotcom/2010/11/hyperhidrosishtml

8. Tue, May 1, 2012 at 3:39 PM
ကျမ၏ အသက်မှာ ၂၆ နှစ်၊ (့) တစ်ယောက်ပါ။ လွန်ခဲ့တဲ့နှစ်က Tremor, palpitation and Neck swelling (၃x ၅ cm, move with deglutition) တွေ့လို့အထူးကုနဲ့ ပြပါတယ်။ သွေးစစ်ကြည်တဲ့အခါ Free T3 & T4 က decrease ဖြစ်ပြီး TSH ကတက်နေတယ်။ Carbimazole (1) tals နဲ့ Thyroxine ½ OD ကို လဝက်သောက်နေရပါတယ်။ နောက်တစ်ခေါက် ပြန်ပြကြည့်တော့ နည်းနည်းဘဲအပြောင်းအလဲရှိပြီး ဆေးဆက်သောက်ရပါတယ်။ Carbimazole (1) BD နဲ့ Thyroxine (1) OD ကို ၃ လ လောက်ဆက်သောက်ပါတယ်။ နောက်ပြန်စစ်တဲ့အခါ အကုန်လုံး normal ဖြစ်နေတယ်။ အဲဒါနဲ့ ၅ လလောက် ဆေးမသောက်ပဲ နေခဲ့တယ်။ အခုလကျတော့ palpitation ရပြီး tremor ပြန်ဖြစ်နေပါတယ်။ အခု OG word မှာတာဝန်ကျနေတော့ tremor ကြောင့် အဆင်မပြေဖြစ်ရပါတယ်။ ကျမ သိချင်တာက ဒီရောဂါရဲ့ Treatment ကိုပါ။ Lifelong ဆေးသောက်ရမှာလား (သို့) Operation လား။ Tremor ကို ဘယ်လို control လုပ်မလဲ။ အဲဒီလို အမြဲတမ်း တက်လိုက်၊ ကျလိုက် ဖြစ်နေမှာလား။

• Toxic goiter Q and A လည်ပင်းကြီး ဟော်မုန်းများနေခြင်း http://dts-medicaleducationblogspotcom/2010/05/q-and-toxic-goitrehtml • Tremor လက်တုန်ခြင်း http://dts-medicaleducationblogspotin/2012/04/tremorhtml
• Carbimazole လည်ပင်းကြီးဟော်မုန်းများခြင်းအတွက်ဆေး၏ ဆိုးကျိုးများ တွေကိုဖတ်ပါ။ ရှာမတွေ့ရင်ပြောပါ။

9. Wed, May 2, 2012 at 1:40 PM
TB ရောဂါရှိသူနှင့် အတူတူနေလျှင် ကူးနိုင်ပါသလား။ မည်သို့သော နည်းလမ်းများက ကူးနိုင်ပါသလဲ။ ပစ္စည်းများကို ခွဲခြားသုံးရန် လိုအပ်ပါသလား။ ထမင်းစားပန်းကန်။ ကုတင်။ ပထမဆုံး TB ရှိသည်ဟု သိသိချင်းကော အတူနေသူများကို ကူးနိုင်ပါသလား။ ဘယ်နှစ်ပတ်အတွင်း၊ ရက်ပိုင်းအတွင်း ကူးနိုင်ပါသလား။ တစ်ခန်းတွင်း အတူနေသူငယ်ချင်းများမှ ၄ ယောက်ရှိသည်ဆိုလျှင် နံပါတ် ၁ သည် သူ့ကိုယ်သူ TB ရှိသည်ဟု ယူဆပြီး ဆေးစစ်ခဲ့ရာ TB ရှိ၍ ဆေးသောက်နေစဉ် ၂ ပတ်အကြာ အခန်းတွင်းမှ ၃ ယောက် ဆေးထပ်စစ်ရာ နံပါတ် ၂ တွင် TB ပိုးတွေ့ရပြီး နံပါတ် ၃ နှင့် ၄ တွင် မတွေ့ရပါ။ သူငယ်ချင်း ၄ ယောက်သည် အတူတူနေတာ ၈ လလောက်ရှိပါပြီ။ သိချင်သည်မှာ ၁ မှာရှိလို့ ၂ ဖြစ်တာလား။ ၂ မှာ ရှိနေပြီးသားမို့ ၁ ကိုကူးထားတာလား။ မည်သို့ နေထိုင် စားသောက်ရမည်နည်း။ ပတ်ဝန်းကျင်မှ လူများအားလုံး ဆေးစစ်ရန်လိုအပ်ပါသည်လား။

TB တီဘီ ရောဂါက အဆုပ်မှာဖြစ်တာကနေမှသာ သူများကို ကူးနိုင်တယ်။ အရိုး-တီဘီ၊ အူ-တီဘီ စတာတွေလဲ ရှိသေးတယ်။ အဆုပ်မှာဖြစ်ပေမဲ့ သလိပ်ထဲမှာ ပိုးရှာမတွေ့သူကနေ သူများကို မကူးစေနိုင်ဘူး။ သလိပ်စစ်တော့ AFB +ve ခေါ်တဲ့ ပိုးတွေ့သူကနေ ချောင်းဆိုး၊ နှာချေရာက အနီးအနားမှာ ၆ ပေ ပတ်လည်အတွင်း နေသူတွေကို ကူးစေနိုင်တယ်။ ဒါပေမဲ့ အနီးအနားနေသူက တီဘီ ပြီးနေသူဆိုရင် မကူးနိုင်ဘူး။ ကလေးတွေလဲ တီဘီ ကာကွယ်ဆေး BCG ကို မွေးကာစကတည်းက ထိုးထားရင် မကူးစေနိုင်ဘူး။ ကူးတယ်ဆိုတာလဲ အသက်ရှူလမ်းထဲ (နှာခေါင်း) ထဲကိုသာ ပိုးက ဝင်လာစေနိုင်တယ်။ တခြားလမ်းတွေဖြစ်တဲ့ အစာလမ်း၊ ဆီးလမ်း၊ မွေးလမ်း၊ လိင်လမ်း၊ အရေပြားတွေကနေ မကူးနိုင်ဘူး။ ပိုးရှိသူနဲ့ အတူနေသူတိုင်း စစ်သင့်တယ်။ ဓါတ်မှန်ရိုက်မယ်။ လိုအပ်ရင် သလိပ်စစ်မယ်။ လိုအပ်သေးရင် လက်ဖျံမှာ ဆေးထိုးပြီးစစ်မယ်။ ကိုယ်ခံအား၊ ရောဂါပြီးအား နည်းနေသူတွေကို ကူးနိုင်တယ်။