ကျန်းမာရေးနဲ့ဆေးပညာ မေးလိုတာရှိပါက

ဒီဘလော့ခ်ထဲကစာတွေကို တခြားနေရာမှာ ကျွန်တော့်ခွင့်ပြုချက်မပါဘဲ ကူးယူပြီး မတင်ဘို့ စည်းကမ်း သတ်မှတ်ထားပါတယ်။

ကျန်းမာရေး နဲ့ ဆေးပညာ မေးလိုတာရှိပါက
• ဖြစ်တဲ့သူရဲ့ အသက်၊ ကျား-မ ပြောပါ။ ရောဂါလက္ခဏာ ၁-၂-၃။ တခုတိုင်းက ဘယ်လောက် ကြာပြီ။
• လိုအပ်ရင် ကျန်းမာရေးရာဇဝင်၊ ဓါတ်မှန်၊ (အာလ်ထွာဆောင်း)၊ ဆေးစစ်ချက်၊ လိုအပ်ရင် အိမ်ထောင်၊ ကလေး၊ ရှိ-မရှိ။ နေတဲ့တိုင်းပြည်၊ မြို့ထည့်ရေးပါ။ လူနာမည်၊ နေရပ်လိပ်စာအတိအကျ ကိစ္စမရှိပါ။
• ဆေးနာမည်ရေးရင် Trade name ကုမ္ပဏီကပေးတဲ့နာမည်သာမက Generic name ဆေးနာမည် ထည့်ရေးပါ။
• ဆေးစာ၊ ဆေးစစ်ချက်၊ ဝေဒနာတွေကို စကန်လုပ်ပြီးဖြစ်ဖြစ်၊ ဓါတ်ပုံရိုက်လို့ဖြစ်ဖြစ် ပို့နိုင်ပါတယ်။ ဓါတ်ပုံကို ခွင့်မယူဘဲ အသုံးမချပါ။
• အိမ်ထောင်ရေးနဲ့ လိင်ပိုင်းဆိုင်ရာမေးခွန်းတွေကို Facebook ကနေ မမေးပါနဲ့ မဖြေပါ။ တိုက်ရိုက်သာမေးပါ။
• အီးမေးလ် အခက်အခဲရှိလို့ Facebook message မှာဖြစ်ဖြစ် Chat box မှာဖြစ်ဖြစ်ရေးရင်လဲ အားသလား၊ မေးလို့ရလား ရေးမနေဘဲ၊ တခါတည်း မေးခွန်းသာရေးလိုက်ပါ။
• Facebook Comment ကနေမေးတာ-ဖြေတာ အဆင်မပြေပါ။
စာရှည်ရေးမရပါ။ သူများတွေကို အနှောင့်အယှက်ဖြစ်နိုင်ပါတယ်။
• နာမ်စားသုံးတာမှာ ကိုယ်ကိုယ်ကို ‘သား’၊ ‘သမီး’ လို့ သုံးရင် မေးတဲ့သူရဲ့ သားသမီးလား ထင်မှတ်မှားနိုင်တာသတိပြုပါ။
• SMS အရေးအသားမျိုးကို မဖတ်ပါ။ မြန်မာစကားကို အင်္ဂလိပ်စာလုံးနဲ့ရေးတာကို မဖတ်ပါ။
• ဘလော့ခ် နဲ့ ဖေ့စ်ဘွတ်မှာ အမေး-အဖြေတွေကိုသုံးတဲ့အခါ မေးတဲ့သူရဲ့ ကိုယ်ရေး အချက်အလက်တွေ မပါစေရပါ။
• ဖုန်းဆက်ပြီးမေးရင် Time zone မတူတာရော၊ အသံထွက် လွဲနိုင်တာရောကြောင့် အဆင်မပြေပါ။ ကျွန်တော့်မှာ Viber မရှိပါ။ ဖေ့စ်ဘွတ် ဖုန်း-ဗီဒီယို အဆင်မပြေပါ။ Skype ကိုတော့ နိုင်ငံရေးနဲ့ မိသားစုအတွက်သာသုံးပါတယ်။
drswe01@gmail.com ကို (အီးမေးလ်) ပို့ပါ။

(ဘလော့ခ်) တွေထဲ ဝင်ဖတ်ဘို့ အကြံပြုပါတယ်။
- http://dts-medicaleducation.blogspot.in/ ဆေးပညာစာများ
- http://yamuna-online-clinic.blogspot.in ယမုန်နာ ဆေးခန်း
- http://my-sayawun-life.blogspot.in/ ဆရာဝန်ဘဝ အမှတ်ရတာတွေ
- http://dts-political-page.blogspot.in/ နိုင်ငံရေး စာမျက်နှာ
- http://www.facebook.com/pages/Dr-Tint-Swe/490031307758025?skip_nax_wizard=true ဖေ့စ်ဘွတ်
- https://tintswe.wordpress.com/ Dr. Tint Swe ဒေါက်တာတင့်ဆွေ ဆေးပညာစာများ

Friday, May 4, 2012

Q and A May 2012 (2)

1. (့) မှာ ကျောင်းတက်တုန်းက အိမ်ပြန်ရင်းနဲ့ လမ်းမှာ ဆိုင်ကယ်မှောက်တယ်။
2. I am 29 years old and I have been suffering from kind of skin disease since one year ago.
3. ကျွန်တော်က လူထုကျန်းမာရေးလုပ်သားတစ်ယောက်ပါ။
4. ကျွန်တော့်မှာ ဖြစ်နေတာက ဝက်ခြံလို့ ခေါ်ပါတယ်။
5. ကျွန်တော်၏ ယောက္ခမမှာ ဆီးချို ရောဂါသည် တယောက်ဖြစ်ပါသည်။
6. သမီး အသက် ၃၃ နှစ်ပါ။ မနေ့ ဝမ်းသွားတာ
7. 5% Xylocaine ဆေးလိမ်းပြီး။ Antibiotics က ဘာကို ဘယ်လောက် သောက်ရမလဲဆရာ။
8. Medical check-up သွားလုပ်ပြီး ECG result မှာ S1, S2 Pattern လို့ရေးထားပါတယ်။
9. Antibiotic ဆေးက ဘယ်ဆေးကို သောက်ရပါမလဲဆရာ။

Fri, May 4, 2012 at 10:02 AM
(့) မှာ ကျောင်းတက်တုန်းက အိမ်ပြန်ရင်းနဲ့ လမ်းမှာ ဆိုင်ကယ်မှောက်တယ်။ အဲဒီတုန်းက ကျွန်တော့် ညာလက် လက်ညှိုးနဲ့ လက်ခလယ်မှာ ကျောက်လမ်းနဲ့ လက်နဲ့ ထောက်တာကို တွတ်ပါသလို ဖြစ်သွားတယ်။ ဆေးခန်းကို သွားပြတော့ လက်ဆစ်တွေရောင်နေတာကို ဆေးပေးပြီး တပတ်လောက်နေရင် ပြန်ရော့သွားမယ်လို့ ပြောတယ်။ အဲဒီအတိုင်းနေတာ ခု (၂)နှစ်လောက်ရှိပြီ၊ မပျောက်တော့ဘူး။ သူများတွေပြောတာ (ဗမာဆေးခန်းလည်းပါ) တော့ ကျီးပေါင်းတက်သွားတာ အရိုးကိုခွဲပြီး ခြစ်ထုတ်ရမယ်တဲ့။ မကုဖြစ်သေးတာပါ။ မကုခင် ဘာကိုကြိုတင် ဆောင်ရွက်ရမယ် ဆိုတာရယ်၊ မခွဲဘဲနဲ့ပျောက်တဲ့နည်းရောရှိပါသလား။ မြန်မာလိမ်းဆေးတွေလည်း လိမ်းပေမဲ့ သိပ်မထူးဘူးလို့ထင်ပါတယ်။

အရိုး နဲ့ အဆစ်တွေကို ဒဏ်ရာရရင် မကျိုးပေမဲ့လဲ အရိုး၊ အရွတ်၊ အပြော့စား (တစ်ရှူး) တွေကို ထိခိုက်စေတယ်။ ဘယ်နေရာမှာမဆို ထိခိုက်ရင်၊ ဒဏ်ရာရရင်၊ ပိုးဝင်ရင် ပျောက်စေတဲ့ ဖြစ်စဉ်ဟာ အမာရွတ်ဖြစ်စဉ်အတိုင်း ဖြစ်လာရတယ်။ နဂိုအနေကို ပြန်မရတော့တာလဲ ဖြစ်နိုင်သလို မိမွေးတိုင်းအထိကောင်းနိုင်တာလဲရှိတယ်။ ဘယ်နေရာမှာ၊ ဘယ်လောက်အထိ၊ ထိခိုက်သလဲ၊ ဆေးကုသမှု ဘယ်လိုလုပ်ခဲ့သလဲအပေါ် မူတည်တယ်။ တချို့က ဖြစ်စဉ်နှေးတာ၊ သိပ်မကောင်းတာမျိုး ရှိတယ်။ အရိုး-အဆစ်ကိုထိခိုက်ရင် နဂိုအနေပြန်ရောက်စေအောင် ပြင်ပေးခြင်း (ဥပမာ ကောက်နေတာကို ပြင်ပေးခြင်း၊ ဆွဲဆန့်ပေးခြင်း) ဆိုတာ လုပ်ထားပေးပြီး အဲဒီအတိုင်း တည်ငြိမ်နေအောင် အထိန်းတမျိုးမျိုး (ဥပမာ ကျောက်ပတ်တီး) လုပ်ပေးပြီး အနာကျက်ဖြစ်စဉ်ကို ဖြတ်သန်းစေရတယ်။ တကယ်လို့ ပြုပြင်ပေးမှုကို (ပါဖက်) အကောင်းဆုံးဖြစ်အောင် မလုပ်နိုင်ခဲ့ရင် အနာကျက်သွားပေမဲ့ နဂိုအနေအထိ (ပုံပန်း) ပြန်မရစေတတ်ဘူး။ နဂိုအလုပ်ကိုလဲ ပြန်မရစေတတ်ဘူး။ ဖြစ်သွားပြီးသာကို ပြန်ပြင်လို့ ရနိုင်တာတွေ ရှိတယ်။ လက်ဝင်တယ်။ အထူးကုဆရာဝန်နဲ့ကုသရမယ်။ ဆေးစစ်တာတွေလုပ်ရမယ်။

Fri, May 4, 2012 at 5:24 AM
I am 29 years old and I have been suffering from kind of skin disease since one year ago. Therefore, my hair is losing like attachments photo. I went to see doctor and was given an injection straight to my head skin and after two months, I recovered and back to normal.
Now, again happened the same problem and the doctor gave me different treatment. He gave me Gupisone perdnisolone 5 mg twice a week and 4 tablets every time. And Stresstabs, vitamins daily before sleep. But seem to be improving but not as quick as first time injection.
And to be honest, expensive to go to doctor and now I am taking those medicines by myself. My question is am I still can take those medicines? Or what should I do? According to doctor I have stressful job and that the only reason. Blood test is fine. And I am so hard to sleep too and would you kindly recommend me for that as well.

You should be happy that the treatment shows signs of improvement. Hair loss takes time. The medicine is a kind of Cortisone. Low dose is fine.
You need to manage stress. Sleeping problems relates to stress. You can take sleeping pills or relaxant at night. I don't know what medicine you can buy there.
• Hair Loss ဆံပင် ကျွတ်ရင်
• Hair Loss in Women Treatments ဆံပင်ကျွတ်တာ ဘာနဲ့ကုမလဲ

Thu, May 3, 2012 at 2:39 PM
ကျွန်တော်က လူထုကျန်းမာရေးလုပ်သားတစ်ယောက်ပါ။ HIV / AIDS အကြောင်းအရာ လေ့လာချင်လိုပါ။ ဆရာမှာ မြန်မာလို စာအုပ် (သို့) link လေးရှိရင် ကူညီပါခင်ဗျာ။

• HIV Acute infection ချက်ချင်းဖြစ်လာသော HIV ကူးစက်ခြင်း http://dts-medicaleducation.blogspot.com/2011/11/acute-hiv-infection-hiv.html
• HIV and AIDS drugs (1) ခုခံအားကျရောဂါ ဆေးတွေ (၁) http://dts-medicaleducation.blogspot.com/2012/01/hiv-and-aids-drug-treatment.html
• HIV and AIDS drugs (2) ခုခံအားကျရောဂါ ဆေးတွေ (၂) http://dts-medicaleducation.blogspot.com/2012/01/hiv-medicines-art.html
• HIV and AIDS ခုခံစွမ်းအားကျ ဗိုင်းရပ်စ် နဲ့ ရောဂါ http://dts-medicaleducation.blogspot.com/2008/10/human-immunodeficiency-virus-hiv-and_27.html
• HIV and Oral Sex ပါးစပ်သုံးပြီး လိင်ဆက်ဆံတာနဲ့ (အိတ်ခ်ျအိုင်ဗွီ) http://health-adult-reading.blogspot.com/2011/11/hiv-and-oral-sex.html
• HIV medicines Side effects (1) ART ဆေးတွေရဲ့ ဘေးထွက်-ဆိုးကျိုးများ http://dts-medicaleducation.blogspot.com/2012/01/hiv-medicines-side-effects-1-art.html
• HIV medicines Side effects (2) ART ဆေး ဘေးထွက်-ဆိုကျိုးတွေ နည်းအောင်နေခြင်း http://dts-medicaleducation.blogspot.com/2012/01/hiv-medicines-side-effects-2-art.html
• HIV Opportunistic infections အခွင့်ကောင်းယူပြီး ကူးစက်လာတဲ့ ရောဂါတွေ http://dts-medicaleducation.blogspot.com/2011/11/hiv-opportunistic-infections.html
• HIV Sexual transmission လိင်ကတဆင့် HIV ကူးစက်ခြင်း http://health-adult-reading.blogspot.com/2011/04/hiv-sexual-transmission-hiv.html
• HIV Summary (အိတ်ခ်ျအိုင်ဗွီ) အတိုချုပ် http://dts-medicaleducation.blogspot.com/2011/11/hiv-summary.html
• HIV testing kits စစ်ဆေးနည်း သတိပေးချက် http://dts-medicaleducation.blogspot.com/2011/11/warning-over-hiv-home-test-kits.html
• HIV Tests (1) စမ်းသပ်နည်းများ http://dts-medicaleducation.blogspot.com/2011/11/hiv-tests_27.html
• HIV Tests (2) အမေး-အဖြေ http://dts-medicaleducation.blogspot.com/2011/11/hiv-tests.html
• HIV Tests (3) (အိတ်ခ်ျအိုင်ဗွီ) စစ်ဆေးနည်းများ http://dts-medicaleducation.blogspot.com/2011/03/hiv-tests.html
• HIV vaccine reduces infection အားတက်ဖွယ် HIV ကာကွယ်ဆေး သုတေသနအဖြေတခု http://dts-medicaleducation.blogspot.com/2009/09/24-9-09-hiv-vaccine-reduces-infection.html
• HIV victims in Myanmar မြန်မာ့ HIV-AIDS တိုက်ဖျက်ရေး၏ သားကောင်များ http://dts-medicaleducation.blogspot.com/2011/12/victims-of-myanmars-hivaids-struggle.html
• HIV ကာကွယ်ဆေး မျောက်တွေကို စမ်းသပ်နေပြီ http://dts-medicaleducation.blogspot.com/2012/01/hiv.html
• HIV ဆေးသစ် Edurant ကို FDA က အသိအမှတ်ပြုလိုက်ပြီ http://dts-medicaleducation.blogspot.com/2011/05/hiv-edurant-fda.html
• HIV/AIDS နဲ့ပတ်သက်ပြီး စုံစမ်းနိုင်သော လိပ်စာများနှင့် ဖုန်းနံပါတ်များ http://dts-medicaleducation.blogspot.com/2011/12/hivaids.html
• HIV/AIDS Myths and Facts (အိတ်ခ်ျအိုင်ဗွီ-အေအိုင်ဒီအက်စ်) အထင်မှား နဲ့ အမှန်တရား http://dts-medicaleducation.blogspot.in/2012/04/hivaids-myths-and-facts.html

Thu, May 3, 2012 at 12:09 PM
ကျွန်တော့်မှာ ဖြစ်နေတာက ဝက်ခြံလို့ ခေါ်ပါတယ်။ စပေါက်တာက မျက်နှာမှာပါ။ အသက်အရွယ် နည်းနည်း ကြီးလာလို့လား မသိဘူး မျက်နှာမှာတော့ မပေါက်တော့ပါဘူး။ အသက်က ၃၄န နှစ်ပါ၊ အခုခန္ဓာကိုယ်မှာ (ရင်ဘတ်၊ လက်ပြင်နောက်) မှာ ပေါက်ပါတယ်။ ဝက်ခြံလို့ပဲ ပြောရမလားမသိဘူး၊ ဝက်ခြံလို ရင့်မှည့်ပြီး ပေါက်သွားတာမျိုးမဟုတ်ပဲ အနာရွှတ်လိုဖြစ်နေပါတယ်။ ပင်လယ်စာစားရင် ယားတတ်ပါတယ်။ အခု ပင်လယ်စာ မစားလည်းယားပါတယ်။ ယားလို့ ကုတ်ရင် ပိုပိုကြီးလာပါတယ်။ အဲဒီရောဂါကို ဘယ်လိုခေါ်ပါသလဲ။ ဘယ်လို ကုထုံးမျိုးနဲ့ ကုသလို့ ပျောက်ကင်းနိုင်ပါသလဲ။ ကျွန်တော်တို့က မျိုးရိုးနဲ့လို့ပဲ ပြောရမလားမသိဘူး၊ ကျွန်တော့် အစ်ကိုမှာလည်း ဖြစ်ပါတယ်။ သူအိမ်ထောင်ကျပြီး နောက်ပိုင်းမှာ မဖြစ်တော့ပဲ ပျောက်ကင်းသွားပါတယ်။ ကျွှန်တော် အခုလက်ရှိက (့) မှာပါ။ (့) က ဆရာဝန်တွေနဲ့ ပြသပါတယ်။ ဒီရောဂါက ပျောက်ကင်းဖို့ ခက်တယ် ပြောပါတယ်။ ဆေးရုံမှာသွားပြတော့ ထိုးဆေးပဲထိုးပေးပါတယ်။ သောက်ဆေးမပေးပါ။ ဆရာဝန်က ပြောတော့ ထိုးဆေးထိုးပြီး တဖြည်းဖြည်း ဝက်ခြံဖုလိုဟာမျိုးကို သေးသွားအောင်ပဲ လုပ်လို့ရမယ် ပြောပါတယ်။ ဘယ်လို ဆေးမျိုး သောက်သုံးဖို့ လိုပါသလဲ။ ဘယ်လို ကုသမှုမျိုးပြုလုပ်ရမလဲ။

ဝက်ခြံလို့ မထင်ပါ။
• Scar အမာရွတ် http://dts-medicaleducation.blogspot.com/2010/10/scar.html
• Scar (2) အမာရွတ် (၂) http://dts-medicaleducation.blogspot.in/2012/03/scar-1.html
• Keloid အရုပ်ဆိုးတဲ့ အမာရွတ် http://dts-medicaleducation.blogspot.com/2010/10/keloid.html တွေကိုဖတ်ပါ။

Sat, May 5, 2012 at 5:19 PM
ကျွန်တော်၏ ယောက္ခမမှာ ဆီးချို ရောဂါသည် တယောက်ဖြစ်ပါသည်။ ယခု အခါ ညာဘက် ခြေထောက်တဖက်ကို ဒူးဆစ် အပေါ်မှနေ၍ ဖြတ်တောက်ခဲ့ရသည်မှာ တလခွဲခန့် ကြာပြီဖြစ်ပါသည်။ နောက်ထပ် ဘယ်ဘက် ခြေထောက်တွင်လည်း ခြေမနှင့် ခြေဖနှောင့်တို့၌ အနာများဖြစ်လာပြီး နေ့စဉ်နှင့်အမျှ အော်နေရပါသည်။ စားဆေးနှင့် ထိုးဆေးများဖြင့် နေ့တိုင်း ကုသနေသည့်ကြားမှပင် မသက်သာပဲ ဆေးရုံသို့ ထပ်မံ တက်ရောက်ပြီး ဒူးခေါင်း အောက်ပိုင်းလောက်မှ ကြိုတင် ဖြတ်ရမည့် အခြေအနေသို့ ရောက်နေပါသည်။ ဆီးချို ရောဂါမှာ မျိုးရိုးလိုက်သည်ဟု သိထားပါသည်။ ကျွန်တော်၏ အမျိုသမီးမှာ ယခုအခါ ၄၂ နှစ် ရှိပြီဖြစ်ပါသည်။ သူတို့တွင် မောင်နှစ်မ ၅ ယောက်ရှိပါသည်။ တယောက်မှတော့ ယခုအထိ ထိုရောဂါ ရှိပုံမရကြပါ။ ထိုရောဂါသည် မည်သည့် အသက် အရွယ်လောက်တွင်မှ ပေါ်လာတတ်ပါသလဲ။ ရောဂါ မဖြစ်ခင် မည်ကဲ့သို့ ရှောင်ကြင် နေထိုင် သင့်ပါသလဲ။
ဆီးချိုရောဂါက မျိုးရိုးလိုက်တတ်တယ်။ မျိုးရိုးလိုက်တယ်ဆိုတိုင်း မွေးလာတဲ့ သား-သမီး အားလုံးက လိုက်မဖြစ်တတ်ပါ။ တချို့မျာတော့ ဖြစ်လာနိုင်တယ်။ မျိုးရိုးလိုက်တဲ့ ရောဂါတွေကို စိုးရိမ်လို့ တားဆီး-ကာကွယ်လို့တော့ မရပါ။ စောစောသိအောင် သတိထားနေရတယ်။ ဆီးချိုကို ဘယ်အရွယ်မှာ စဖြစ်သလဲ အတိအကျ မပြောနိုင်ပါ။
မျိုးရိုးရှိသူတွေ ဆီးစစ်သင့်တယ်။ ဆီးစစ်ရတာလဲ လွယ်ပါတယ်။ ကုန်ကျစရိတ်လဲ နည်းတယ်။ သာမန်ဆေးရုံ-ဆေးခန်းမှာ စစ်နည်းနဲ့ဆို အစိုးရဆေးရုံတွေက အခမဲ့ စမ်းပေးနိုင်တယ်။ ပိုသေခြာချင်တော့မှ သွေးစစ်ဘို့လိုမယ်။ သွေးစစ်ရင်လဲ ၂ မျိုးစစ်လိမ့်မယ်။
ပဌမဆုံး သတိထားစရာက ဆီးသွားတာ များလာတဲ့အချက်ဖြစ်တယ်။ သူများတွေလို၊ ကိုယ်ကလဲ ခါတိုင်းထက်ပို ညအချိန် ဆီးထသွားရရင် ဆီးစစ်လိုက်ပါ။ တချို့ကြ သွားထားတဲ့ဆီးပို ပုရွက်ဆိတ်လာအုံတာကိ သိတယ်။

Sun, May 6, 2012 at 11:32 AM
သမီး အသက် ၃၃ နှစ်ပါ။ မနေ့ ဝမ်းသွားတာ သွေးလတ်လတ်ဆပ်ဆပ်တွေ ပါလာပါတယ်။ စအိုအတွင်းပိုင်းကလည်း နည်းနည်းနာကျန်ခဲ့ပါတယ်။ နောက်ပြီး နောက်ဖေးသွားရင် အိမ်သာနားမှာလူရှိနေရင် မသွားတတ်ပါ။ သို့အတွက် များသောအားဖြင့် ဝမ်းချုပ်ပါတယ်။ နောက်ပြီး စအိုနားမှာ အသားပိုလိုမျိုး လက်မဝက်လောက်လေး ရှိနေပါတယ်။

စာ ၂ ပုဒ်ပို့ပါတယ်။ ဆိုင်တာကို ယူပါ။ လိုက်နာပါ။ ကုသပါ။ လိုသေးရင် မေးပါ။
1. Fissure-in-Ano (FIA) စအိုကွဲနာ
2. Anal and perianal disorders စအိုနေရာ ရောဂါများ

Sun, May 6, 2012 at 9:43 PM
5% Xylocaine ဆေးလိမ်းပြီး။ Antibiotics က ဘာကို ဘယ်လောက် သောက်ရမလဲဆရာ။ နောက်ပြီး ၀မ်းနှုတ်ဆေးလည်းစားပါ့မယ်ဆရာ။

ဝမ်းနုတ်ဆေး သတိထားသောက်ပါ။ မြန်မာဆေး မပြင်းတာကိုလဲ သုံးနိုင်တယ်။ Milk of Magnesia or Cream of Magnesia တခါသောက် ဟင်းစာဇွန်း ၂ ဇွန်း၊ ညမအိပ်ခင် သောက်နိုင်တယ်။ ဒါက ဝမ်းပျော့ဆေးဖြစ်တယ်။ ဝမ်းမာတဲ့အခါ သုံးသင့်တယ်။ ပိုးသေဆေးက ပိုးဝင်တာ၊ ရောင်နေတာအတွက်သာ ၄-၅ ရက်သောက်ဘို့လိုတယ်။ Xylocaine cream/Gel က နာတာ သက်သာစေမဲ့ ထုံဆေးဖြစ်လို့ နာရင်လိမ်းနိုင်တယ်။ ရေ-အရည်-အစားအသောက်-အနေအထိုင်က ဆေးတွေထက်ပိုအရေးကြီးတယ်။ စာထဲမှာ ရေးပြီးသားပါမယ်ထင်ပါတယ်။

Sun, May 6, 2012 at 10:17 PM
Medical check-up သွားလုပ်ပြီး ECG result မှာ S1, S2 Pattern လို့ရေးထားပါတယ်။ ဘာဖြစ်လို့လဲ ဆိုတာ သိချင်ပါတယ်။

ECG ဖတ်ရင် အဲလိုသတ်မှတ်ချက်တွေကို လူတိုင်းအတွက် ရေးပါတယ်။ ECG တခုကိုဖတ်ရင် P wave, QRS complex, T wave နဲ့ U wave ဆိုတာတွေ ပါတယ်။ နောက်ပြီး RR interval, P wave, PR interval, PR segment, QRS complex, J-point, ST segment, T wave, ST interval, QT interval, U wave နဲ့ J wave ဆိုတာတွေလဲ ရှိသေးတယ်။ ပညာပိုင်းသိပ်ဆန်တယ်။ ခေါင်းရှုတ်စရာလဲ ကောင်းတယ်။

Mon, May 7, 2012 at 9:05 AM
Antibiotic ဆေးက ဘယ်ဆေးကို သောက်ရပါမလဲဆရာ။ Dosage ကိုလည်း ပြောပေးပါနော်။

Piles လိပ်ခေါင်းက ရောင်မယ်၊ နာမယ်ဆိုရင် ဗက်တီးရီးယား ဝင်လာတာ ဖြစ်နိုင်တယ်။ သတိထားစရာတခုက အတင်းနာတာ ဆိုရင်တော့ သွေးကြောပိတ်နေတာ ဖြစ်မယ်။ ဗက်တီးရီးယားအတွက် Antibiotic creams ပဋိဇီဝဆေး (ခရင်မ်) လိမ်းဆေးလဲ သုံးနိုင်တယ်။
• Antibiotic Cream, Neomycin
• Antibiotic, Hydrocortisone Cream
• First Aid Cream
• First Aid Only First Aid/Burn Cream
• First Aid Only Triple Antibiotic Ointment
• Johnson & Johnson Antibiotic Ointment
• Johnson & Johnson Neosporin Max Strength Antibiotic Cream
• Neosporin Plus Pain Relief Cream
• Neosporin Plus Pain Relief First Aid Antibiotic/Pain Relieving Cream
• Triple antibiotic ointment
• Xpress First Aid Refill Antibiotic Ointment

Oral antibiotics ပဋိဇီဝ စားဆေးလဲ သောက်နိုင်တယ်။ တချို့နိုင်ငံတွေမှာ ဆရာဝန်လက်မှတ်လိုနိုင်တယ်။ ဘယ်ဆေးလဲဆိုတာ တိတိကျကျ ပြောမရဘူး။ ပဋိဇီဝဆေးတွေက ဗက်တီးရီးယားကို နိုင်ကြတာတွေချည်းပါဘဲ။
• Amoxacillin နဲ့ Ampilcillin ကို တခါသောက် 500mg နဲ့ တနေ့ ၂ ကြိမ်။
• Doxyciline ကို တခါသောက် 100mg နဲ့ တနေ့ ၂ ကြိမ်။
• Cipro (Ciprofloxacin) ကို တခါသောက် 500mg နဲ့ တနေ့ ၂ ကြိမ်။
Antibiotic Resistance ဆေးပြီးတာဖြစ်စေနိုင်တဲ့အချက်ကို သတိထားရတယ်။ ခဏခဏမသုံးသင့်ဘူး။ တကြိမ်သောက်ရင်လဲ အနည်းဆုံး ၄ ရက်သောက်ပါ။ ဆေးအဆ အတိအကျ၊ အချိန်အတိအကျ သောက်ပါ။ သိချင်ရင် ဆေးတခုခြင်းအကြောင်း ရေးထားတာတွေ ရှာဖတ်နိုင်ပါတယ်။ ဘေးထွက်-ဆိုးကျိုးတွေလဲ သိရတာပေါ့။