ကျန်းမာရေးနဲ့ဆေးပညာ မေးလိုတာရှိပါက

ဒီဘလော့ခ်ထဲကစာတွေကို တခြားနေရာမှာ ကျွန်တော့်ခွင့်ပြုချက်မပါဘဲ ကူးယူပြီး မတင်ဘို့ စည်းကမ်း သတ်မှတ်ထားပါတယ်။

ကျန်းမာရေး နဲ့ ဆေးပညာ မေးလိုတာရှိပါက
• ဖြစ်တဲ့သူရဲ့ အသက်၊ ကျား-မ ပြောပါ။ ရောဂါလက္ခဏာ ၁-၂-၃။ တခုတိုင်းက ဘယ်လောက် ကြာပြီ။
• လိုအပ်ရင် ကျန်းမာရေးရာဇဝင်၊ ဓါတ်မှန်၊ (အာလ်ထွာဆောင်း)၊ ဆေးစစ်ချက်၊ လိုအပ်ရင် အိမ်ထောင်၊ ကလေး၊ ရှိ-မရှိ။ နေတဲ့တိုင်းပြည်၊ မြို့ထည့်ရေးပါ။ လူနာမည်၊ နေရပ်လိပ်စာအတိအကျ ကိစ္စမရှိပါ။
• ဆေးနာမည်ရေးရင် Trade name ကုမ္ပဏီကပေးတဲ့နာမည်သာမက Generic name ဆေးနာမည် ထည့်ရေးပါ။
• ဆေးစာ၊ ဆေးစစ်ချက်၊ ဝေဒနာတွေကို စကန်လုပ်ပြီးဖြစ်ဖြစ်၊ ဓါတ်ပုံရိုက်လို့ဖြစ်ဖြစ် ပို့နိုင်ပါတယ်။ ဓါတ်ပုံကို ခွင့်မယူဘဲ အသုံးမချပါ။
• အိမ်ထောင်ရေးနဲ့ လိင်ပိုင်းဆိုင်ရာမေးခွန်းတွေကို Facebook ကနေ မမေးပါနဲ့ မဖြေပါ။ တိုက်ရိုက်သာမေးပါ။
• အီးမေးလ် အခက်အခဲရှိလို့ Facebook message မှာဖြစ်ဖြစ် Chat box မှာဖြစ်ဖြစ်ရေးရင်လဲ အားသလား၊ မေးလို့ရလား ရေးမနေဘဲ၊ တခါတည်း မေးခွန်းသာရေးလိုက်ပါ။
• Facebook Comment ကနေမေးတာ-ဖြေတာ အဆင်မပြေပါ။
စာရှည်ရေးမရပါ။ သူများတွေကို အနှောင့်အယှက်ဖြစ်နိုင်ပါတယ်။
• နာမ်စားသုံးတာမှာ ကိုယ်ကိုယ်ကို ‘သား’၊ ‘သမီး’ လို့ သုံးရင် မေးတဲ့သူရဲ့ သားသမီးလား ထင်မှတ်မှားနိုင်တာသတိပြုပါ။
• SMS အရေးအသားမျိုးကို မဖတ်ပါ။ မြန်မာစကားကို အင်္ဂလိပ်စာလုံးနဲ့ရေးတာကို မဖတ်ပါ။
• ဘလော့ခ် နဲ့ ဖေ့စ်ဘွတ်မှာ အမေး-အဖြေတွေကိုသုံးတဲ့အခါ မေးတဲ့သူရဲ့ ကိုယ်ရေး အချက်အလက်တွေ မပါစေရပါ။
• ဖုန်းဆက်ပြီးမေးရင် Time zone မတူတာရော၊ အသံထွက် လွဲနိုင်တာရောကြောင့် အဆင်မပြေပါ။ ကျွန်တော့်မှာ Viber မရှိပါ။ ဖေ့စ်ဘွတ် ဖုန်း-ဗီဒီယို အဆင်မပြေပါ။ Skype ကိုတော့ နိုင်ငံရေးနဲ့ မိသားစုအတွက်သာသုံးပါတယ်။
drswe01@gmail.com ကို (အီးမေးလ်) ပို့ပါ။

(ဘလော့ခ်) တွေထဲ ဝင်ဖတ်ဘို့ အကြံပြုပါတယ်။
- http://dts-medicaleducation.blogspot.in/ ဆေးပညာစာများ
- http://yamuna-online-clinic.blogspot.in ယမုန်နာ ဆေးခန်း
- http://my-sayawun-life.blogspot.in/ ဆရာဝန်ဘဝ အမှတ်ရတာတွေ
- http://dts-political-page.blogspot.in/ နိုင်ငံရေး စာမျက်နှာ
- http://www.facebook.com/pages/Dr-Tint-Swe/490031307758025?skip_nax_wizard=true ဖေ့စ်ဘွတ်
- https://tintswe.wordpress.com/ Dr. Tint Swe ဒေါက်တာတင့်ဆွေ ဆေးပညာစာများ

Wednesday, May 16, 2012

Q and A May 2012 (4)

1. ကျွန်တော် သေသွားရင် ခန္ဒာကိုယ်ကြီးကို လှုဒါန်းခဲ့ချင်ပါတယ်။
2. ကျွန်မနာမည်က (့) ပါ။ အသက်က ၂၄ နှစ်ပါ။
3. ကျွန်တော်ကတော့ အသက် ၂၃ နှစ်ပါ။ ဖြစ်နေတာ ကျောက်ကပ်ထင်ပါတယ်။
4. ကျွန်တော်က (့) မှာ အလုပ်လုပ်နေပါတယ်။ အသက်က ၂၈ နှစ်။
5. ကျွန်တော့် အမျိုးသမီးမှာ ရောဂါတစ်မျိုး ဖြစ်နေပါတယ်။
6. အခုခဏလေးတင် တွေ့ခဲ့တဲ့ မြင်ခဲ့တဲ့ စကားလုံးတွေ စာတွေကို မေ့တတ်နေလို့
7. HIV ပိုးဝင်ပြီးတဲ့နောက်ပိုင်း ဘယ်လိုခံစားရလဲဆရာ။
8. I just would like to confirm that one of my family members is Hepatitis B patient.
9. ကျွန်မ (့) မှာနေပါတယ်။ ကျွန်မအမျိုးသား မတော်တဆ ဒဏ်ရာရလို့ ဗိုက်ခွဲလိုက်ရပါတယ်။
10. ကျမက အသက် ၂၇ နှစ်ရှိပါပြီ။ အိမ်ထောင် မရှိသေးပါ။

Wed, May 16, 2012 at 10:24 AM
ကျွန်တော် သေသွားရင် ခန္ဒာကိုယ်ကြီးကို လှုဒါန်းခဲ့ချင်ပါတယ်။ ဆရာဝန်လောင်းတွေ အသုံးပြုလိုသူတွေအတွက်ပေါ့။ ထို့ကြောင့် မည်သို့ ဆက်သွယ်ရမည် မည်သို့ လုပ်ဆောင်ရမည်ကို ဆရာသိသမျှ ဖြေကြားပေးစေလိုပါသည်။ ကျွန်တော် ရန်ကုန်မှာနေပါသည်။ ထိုအလှုဒါနအတွက်လည်း ဆရာနှင့်တကွ သတ္တဝါအားလုံးကို မျှဝေပါသည်။

စေတနာကို ချီးကျူးပါတယ်။ တနေ့ကတင် ဆရာ့ဇနီကလဲ အဲဒီမေးခွန်းမျိုး မေးသေးတယ်။ ခန္ဒာကိုယ်ကို ဆေးပညာသင် ဆေးရုံကြီးတွေနဲ့ ဆေးကျောင်းမှာ ဆရာဝန်လောင်းတွေ ခန္ဒာဗေဒ သင်ယူဘို့ အသုံးပြုနိုင်တယ်။ ဒါကြောင့် Medical College ဆေးကျောင်း Anatomy department ခန္ဒာဗေဒဌာနကို ဆက်သွယ်ထားနိုင်ပါမယ်။

Wed, May 16, 2012 at 4:32 PM
ကျွန်မနာမည်က (့) ပါ။ အသက်က ၂၄ နှစ်ပါ။ ရန်ကုန်မှာ နေပါတယ်ရှင်။ နားထဲမှာ နားထိုးတဲ့ဂွမ်းတံနဲ့ ထိုးလိုက်တဲ့အခါ အမည်းရောင် အညစ်အကြေးတွေ ပါလာပါတယ် တော်တော်လေးကို မည်းညစ်နေပါတယ်။ ဆိုင်ကယ်တွေ အရမ်းကို အစီးများပြီး နားထဲကို လေတိုးများသွားရင်းက စဖြစ်တာပါ။ ဒါပေမဲ့ နားဟာ မကိုက်ဘဲ အရမ်းဘဲ ယားလာပါတယ်။ အဲလိုဖြစ်နေတာလည်း ၁ နှစ်ကျော်လောက် ရှိပါပြီရှင်။ ဆေးခန်းတွေကို သွားပါတယ်။ သောက်ဆေးတွေဘဲ ၁ဝ ရက်လောက်သောက်လိုက်တဲ့အခါ ၁ ပတ်လောက် သက်သာသွားပေမဲ့ ခုချိန်အထိ အဲဒီအတိုင်း ပြန်ဖြစ်နေပါတယ်ရှင်။ တစ်ခါတစ်ရံ နားပါကိုက်လာပါတယ်။ တစ်ခါတစ်ရံလည်း ပြည်ယိုတဲ့အဆင့်ထိ ရောက်လာပါတယ်။ နေ့တိုင်း နားမထိုးရ မနေနိုင်အောင် ယားယံနေပါတယ်။ ဂွမ်းတံနဲ့ထိုးတဲ့အကြိမ် များလာတာနဲ့ သွေးစလေးတွေလည်း ပါလာပြီး ခေါင်းပါ ကိုက်တတ်လာပါတယ်။ ဘယ်လို လုပ်ရမလည်း မသိတော့ပါရှင်။ ဆေးခန်းသွားလို့ ပေးလိုက်တဲ့ ဆေးတွေသောက်လည်း ၁ ပတ် ၂ ပတ်အပြင် မသက်သာပါဘူး။

• Fluid in the ear နားထဲမှာအရည်ရှိတာ http://dts-medicaleducation.blogspot.in/2012/04/fluid-in-ear.html
• Earache နားကိုက်ရင် http://dts-medicaleducation.blogspot.com/2011/11/earache.html
• Ear infection နားရောင်တာ http://dts-medicaleducation.blogspot.com/2011/04/ear-infection.html

Wed, May 16, 2012 at 6:38 PM
ကျွန်တော်ကတော့ အသက် ၂၃ နှစ်ပါ။ ဖြစ်နေတာ ကျောက်ကပ်ထင်ပါတယ်။ ရှမ်းပြည်မှာနေတာပါ။ သောက်ရေငန်ကို ငယ်ငယ်တုန်းက တော်တော်သောက်ခဲ့ရပါတယ်။ ဒါကြောင့်လား မသိဘူး ခါးလည်း တစ်ခါတစ်ခါနာတယ်။ ဆီးက အဝါရောင် ဖြစ်နေတယ်။ အမြဲတမ်းတော့ မဟုတ်ဘူး။ မနက်ပိုင်းအဖြစ်များပါတယ်။ အဆုတ်-တီဘီလည်း ဖြစ်ဘူးတယ်။ ဆေးတော့ ခြောက်လသောက်ပြီးတာ တစ်နှစ်လောက်ရှိပြီ။ ဒါပေမယ့် ဝါနေတဲ့ဆီးကတော့ ဒီတိုင်းပဲဖြစ်နေတယ်။ ဆေးခန်းလည်း မပြသေးပါဘူး။ ဘာဖြစ်နိုင်သလဲ။ တကယ်လို့ ကျောက်ကပ်ဖြစ်နေရင် ဘာတွေ လုပ်ရပါမလဲ။

Urine RE + ME ဆီးစစ်ရမယ်။ Ultrasound or X-ray (အာလ်ထွာဆောင်း) ဒါမှမဟုတ် ဓါတ်မှန်ရိုက်ရမယ်။ ဒါပေမဲ့ ဆရာဝန်ကိုအရင်ပြပြီး သူကနေ လမ်းညွှန်လိမ့်မယ်။ ကိုယ့်ဖါသာ ရိုက်မထားသင့်ဘူး။ ဆီးဝါတာနဲ့အတူ မျက်စိ၊ အသားအရေပါဝါနေရင် အဥရြောင် အသားဝါ စစ်ရမယ်။ (တီဘီ) နဲ့ တချို့ဆေးတွေကြောင့်လဲ ဝါနိုင်တယ်။ ရေအသောက် နည်းလို့လဲ ဝါနိုင်တယ်။ ရောဂါနာမည်သိမှ ဘာလုပ်ရမယ်ဆိုတာ ပြောရတယ်။

Wed, May 16, 2012 at 6:28 PM
ကျွန်တော်က (့) မှာ အလုပ်လုပ်နေပါတယ်။ အသက်က ၂၈ နှစ်။ အိမ်ထောာင်မရှိပါ။ ခါးရဲ့ ဘယ်ဘက်အခြမ်းက တခါလေ အောင့်တယ်။ ဗိုက် ဆီးစပ်နားကလဲ အောင့်တယ်။ အဲဒီလိုအောင့်ပြီ နည်းနည်းကြာရင် ချမ်းသလိုဖြစ်လာတယ်။ အပေါ့ သွားရင်လဲ အောင့်ခြင်သလို ဖြစ်တယ်။ အဲဒါ ဘာဖြစ်တာလဲ၊ ဘယ်လို ပျောက်ကင်းအောင် လုပ်ရမလဲ။ ၁ ပတ်ကို ၁ ခါ လောက်ဖြစ်ပါတယ်။

ဆီးလမ်းကြောင်းကို ပဌမ သံသယရှိရမယ်။ ဆီးစစ်ရမယ်။ Urine RE&ME ခေါ်တယ်။ လိုအပ်ရင် Ultrasound (အာလ်ထွာဆောင်း) ရိုက်မယ်။ ဓါတ်မှန်လဲ ရိုက်ချင်ရိုက်မယ်။ ဒါပေမဲ့ ဆရာဝန်တဦးဦးကို အရင်ပြပြီး သူကနေ ဘာလုပ်ရမယ်ဆိုတာ လမ်းညွှန်ပါလိမ့်မယ်။ အလုပ်မအားသေးလို့ ဆရာဝန်မပြနိုင်သေးချိန်မှာ နာတာသက်သာအောင် Ibuprofen/Paracetamol/Diclofenic/Buscopan တမျိုးမျိုးကို တခါသောက် ၁ ပြား၊ တနေ့ ၂-၃ ကြိမ်သောက်ပါ။ ဒါမှမဟုတ် နာလာမှသာ သောက်ပါ။ ဆီးလမ်းပိုးဝင်တာဖြစ်နေမှာစိုးလို့ ပိုးသေဆေးလဲ သောက်နိုင်တယ်။
Co-trimoxazole = Septrin (Trimethoprim 160 mg + Sulfamethoxazole 800 mg) ဒါမှမဟုတ် Amoxacilin 500 mg ဒါမှမဟုတ် Ciprofloxacin 500 mg တခါသောက် ၁ ပြား၊ တနေ့ ၂ ကြိမ်၊ ပေါင်း ၄-၅ ရက်သောက်ပါ။ ဒါမှမဟုတ် Nitrofurantoin 100 mg တနေ့ ၂-၄ ကြိမ် ၇ ရက်သောက်ပါ။
• လေနာဆေး Antacid (Magnesium hydroxide) tablet ဆီးပူတာ သက်သောအောင် တခါသောက် ၁ ပြား၊ တနေ့ ၂-၃ ကြိမ် သောက်ပါ။
• Hyoscine (Spasmogin or Buscopan) နာတာ သက်သာအောင် တခါသောက် ၁ ပြား၊ တနေ့ ၂-၃ ကြိမ် သောက်ပါ။
အစားအသောက်
• အသား၊ ငါး၊ အသဲ၊ ဥ၊ အရက်၊ ဘီယာ၊ ဝိုင်၊ ပေါင်မုံ့၊ ကော်ဖီ၊ လက်ဘက်ရည်၊ Grains, Beans, Corn, Cranberries, Prunes, Plums, Yeast, Sour cream, Butter milk, Yoghurt အက်စစ်ဓါတ် များစေပါတယ်။
• အသား၊ Seafood ပင်လယ်စာ၊ အသဲ၊ နှလုံး၊ ဝက်ပေါင်ခြောက်တွေက Uric Acid ယူရစ်-အက်စစ် များတဲ့ အစာတွေ ဖြစ်တယ်။ Gout ဂေါက် ရောဂါအတွက်ပါ မကောင်းဘူး။
• Lentils, Legumes, Asparagus, Cauliflower, Mushrooms, Spinach တွေကို အသင့်အတင့် စားနိုင်တယ်။
• Citrus fruits, Legumes, Bananas, Apples, Celery, Tomatoes တွေက အက်စစ်နည်းတယ်။
• အက်စစ်နည်းတဲ့ Citrus fruits တွေကတော့ လိမ်မော်၊ သံပုရာ၊ ရှောက်၊ ကမ္ဗလာသီးတို့ ဖြစ်တယ်။ ဒါ့အပြင် အိန္ဒိယက Key Lime, Citron, Wild Orange မလေးရှားက Pomelo တရုပ်က Mandarin Orange ကိုရီးယားက Trifoliate Orange သြစတေးလျက Round Lime တွေလည်း ပါတယ်။
• သံပုရာရည်ဟာ ပျားကောင် ကိုက်တာအတွက်လည်း သုံးနိုင်တယ်။
• Processed syrups (Packaged fruit juices, Sauces, pickles and artificial sweeteners) တွေကို အက်စစ် များနေသူတွေ ရှောင်သင့်တယ်။
• Juices made of black cherry, Celery, Birch leaf and Parsley တွေ သောက်သင့်တယ်။
• ဆီးမှာ အက်စစ်များနေရင် ကျောက်ကပ်မှာ Uric acid stones, Cystine stones and Calcium oxalate stones ကျောက် တည်နိုင်တယ်။
• ဆီးမှာ ပိုးဝင်နေ-မနေကို Dipsticks နည်းနဲ့ အိမ်မှာတင် အလွယ်စမ်းနိုင်တယ်။ အိပ်ရာထသွားတဲ့ဆီးကို စစ်ရင် ၉ဝ% မှန်တယ်။ ဗက်တီးရီးယားကနေ ထွက်တဲ့ Nitrite ပါနေ-မနေ စစ်တာပါ။
• ဆီးလမ်းပိုးဝင်နေသတွေ အက်စစ်များအစာတွေ၊ အပူ-အစပ် ရှောင်ရတယ်၊ ဆေးလိပ်ဖြတ်ရမယ်။
• ဆီးပူနေသူ၊ ပုံမှန်ထက် ပိုပြီး ဝမ်းသွားတာ၊ အန်တာဖြစ်ရင်လည်း ရေပိုသောက်ရမယ်။
• ဆီးသွားခြင်စိတ်ရှိရင် သွားလိုက်ပါ။
• ဆီး-ဝမ်းသွားပြီး ရေဆေးရင် လက်ကို ရှေ့ကနေ နောက်ဆီသာ တဖက်သပ် သွားနည်း သုံးပါ။
• ရေချိုးတာကို အပေါ်ကနေ ရေကျတဲ့နည်း သုံးပါ၊ ရေချိုးစည်ထဲမှာ ချိုးတာ မကောင်းပါ။
• လိင်မဆက်ဆံမီ ရေဆေးပါ။
• အမျိုးသမီးသုံး Feminine hygiene sprays and scented douches ဆိုတာတွေ မသုံးပါနဲ့။
• ဂေါက် ဖြစ်နေသူ၊ ဆီးပူနေသူ၊ ဆီးခဏခဏ အောင့်တတ်သူများ Cranberry (Vaccinium macrocarpon) ဆေး၊ Cranberry ဖျော်ရည် သောက်ပါ။ Natural cherry juice ချယ်ရီဖျော်ရည် အိမ်မှာဖျော်သောက်ပါ။ Apple Cider Vinegar ပန်းသီးဖျော်ရည် သောက်ပါ။ Water ရေ များများ သောက်ပါ။ No meat No eat မလုပ်ပါနဲ့၊ အသား လျှော့စားပါ။

Thu, May 17, 2012 at 7:24 AM
ကျွန်တော့် အမျိုးသမီးမှာ ရောဂါတစ်မျိုး ဖြစ်နေပါတယ်။ အပြင်ပန်းကနေကြည့်တော သူများထက် ပိုပူတယ်၊ ပိုမောတယ်၊ ချွေးထွက်မြန်တယ်၊ မျက်စိကနည်းနည်းလေးပြူးလာပါတယ်။ အစားကတော့ မကြာခဏ ဆာတပ်တယ်၊ သွေးခုန်နှုန်း ကတော့ ၁၂ဝ အထက်မှာရှိပါတယ်။ ကျွန်တော့မှာသူစိတ်မကောင်းမှာစိုးလို့ မပြောဖြစ်ပါဘူး။ လေ့လာ ကြည့်လိုက်တော့ သိုင်းရွိုက်ဂလင်း မသိမသာလေး တက်နေတာကို တွေ့ရပါတယ်။ ဘယ်သောက်ဆေးမှ မတိုက်သေးပါဘူး။ သူက လောလောဆယ်တော့ (စိုင်ပရိုတွန်) အားဆေးကို သောက်ပါတယ်။

• Thyroid လည်ပင်းကြီးရောဂါ http://dts-medicaleducation.blogspot.in/2012/03/thyroid.html
• Thyrosit လည်ပင်းကြီး-ဟော်မုန်းဆေး http://dts-medicaleducation.blogspot.com/2011/11/thyrosit.html
• Nuclear Medicine အနုမြူ ဆေးပညာ http://dts-medicaleducation.blogspot.com/2011/04/nuclear-medicine.html

Thu, May 17, 2012 at 9:13 AM
အခုခဏလေးတင် တွေ့ခဲ့တဲ့ မြင်ခဲ့တဲ့ စကားလုံးတွေ စာတွေကို မေ့တတ်နေလို့ ရောဂါရှိတယ်ဆိုတာလည်း ကြားဖူးလို့ အဲဒါဘာ ဖြစ်တာပါသလဲခင်ဗျာ။

• Memory loss သတိမေ့ခြင်း http://dts-medicaleducation.blogspot.com/2011/12/memory-loss.html

Thu, May 17, 2012 at 10:02 AM
သမီးရဲ့ ကိုယ်ဝန်က အခု ၃ လထဲမှာပါဆရာ။ အဲဒါ ဒီနေ့မနက် အိပ်ရာထမှာ သွေးနဲနဲဆင်းနေလို့ပါ။ အဲဒါ တစ်ခုခုများ ဖြစ်ချင်လို့လား။ ခိုက်မိတာ လုံးဝမရှိပါဘူး။ ကိုယ်ဝန်ပျက်ချင်လို့များလားလို့ စိတ်ပူနေလို့ပါ။ တကယ်လို့ ပျက်တာဆိုရင် ဘယ်လိုခံစားရမှာလဲ။ ဘယ်လိုသိနိုင်ပါသလဲ။ (3) လကိုယ်ဝန်ပျက်တာက ဘယ်လိုဖြစ်နိုင်ပါသလဲ။ ဘယ်အချိန်မှာ ဆရာဝန်ဆီ သွားသင့်ပါသလဲ။ အခု ဘာခံစားမှုမှတော့ မခံစားရပါဘူးဆရာ။

• Abortion မလိုချင်တဲ့ ကိုယ်ဝန် http://dts-medicaleducation-adult.blogspot.in/2012/04/abortion.html
• Miscarriage ကိုယ်ဝန်ပျက်ခြင်း http://dts-medicaleducation-adult.blogspot.in/2012/03/miscarriage.html
• Missed abortion ကိုယ်ဝန်ပျက်ခြင်း တမျိုး http://dts-medicaleducation-adult.blogspot.in/2012/03/miscarriage.html
• Bleeding PV သွေးသွန်ခြင်း http://dts-medicaleducation.blogspot.com/2011/02/bleeding-pv.html
• Bleeding During Early Pregnancy ကိုယ်ဝန်နုစဉ် သွေးဆင်းခြင်း http://dts-medicaleducation.blogspot.in/2011/01/bleeding-during-early-pregnancy.html

Thu, May 17, 2012 at 12:41 PM
HIV ပိုးဝင်ပြီးတဲ့နောက်ပိုင်း ဘယ်လိုခံစားရလဲဆရာ။

• HIV FAQ မေးလေ့ရှိတဲ့ မေးခွန်းများ http://dts-medicaleducation-adult.blogspot.in/2012/03/hiv-faq.html
• HIV Sexual transmission လိင်ကတဆင့် HIV ကူးစက်ခြင်း http://dts-medicaleducation-adult.blogspot.in/2012/04/hiv-sexual-transmission-hiv.html
• HIV Acute infection ချက်ချင်းဖြစ်လာသော HIV ကူးစက်ခြင်း http://dts-medicaleducation.blogspot.com/2011/11/acute-hiv-infection-hiv.html
• HIV and AIDS drugs (1) ခုခံအားကျရောဂါ ဆေးတွေ (၁) http://dts-medicaleducation.blogspot.com/2012/01/hiv-and-aids-drug-treatment.html
• HIV and AIDS drugs (2) ခုခံအားကျရောဂါ ဆေးတွေ (၂) http://dts-medicaleducation.blogspot.com/2012/01/hiv-medicines-art.html
• HIV and AIDS ခုခံစွမ်းအားကျ ဗိုင်းရပ်စ် နဲ့ ရောဂါ http://dts-medicaleducation.blogspot.com/2008/10/human-immunodeficiency-virus-hiv-and_27.html
• HIV and Oral Sex ပါးစပ်သုံးပြီး လိင်ဆက်ဆံတာနဲ့ (အိတ်ခ်ျအိုင်ဗွီ) http://health-adult-reading.blogspot.com/2011/11/hiv-and-oral-sex.html
• HIV medicines Side effects (1) ART ဆေးတွေရဲ့ ဘေးထွက်-ဆိုးကျိုးများ http://dts-medicaleducation.blogspot.com/2012/01/hiv-medicines-side-effects-1-art.html
• HIV medicines Side effects (2) ART ဆေး ဘေးထွက်-ဆိုကျိုးတွေ နည်းအောင်နေခြင်း http://dts-medicaleducation.blogspot.com/2012/01/hiv-medicines-side-effects-2-art.html
• HIV Opportunistic infections အခွင့်ကောင်းယူပြီး ကူးစက်လာတဲ့ ရောဂါတွေ http://dts-medicaleducation.blogspot.com/2011/11/hiv-opportunistic-infections.html
• HIV Sexual transmission လိင်ကတဆင့် HIV ကူးစက်ခြင်း http://health-adult-reading.blogspot.com/2011/04/hiv-sexual-transmission-hiv.html
• HIV Summary (အိတ်ခ်ျအိုင်ဗွီ) အတိုချုပ် http://dts-medicaleducation.blogspot.com/2011/11/hiv-summary.html
• HIV testing kits စစ်ဆေးနည်း သတိပေးချက် http://dts-medicaleducation.blogspot.com/2011/11/warning-over-hiv-home-test-kits.html
• HIV Tests (1) စမ်းသပ်နည်းများ http://dts-medicaleducation.blogspot.com/2011/11/hiv-tests_27.html
• HIV Tests (2) အမေး-အဖြေ http://dts-medicaleducation.blogspot.com/2011/11/hiv-tests.html
• HIV Tests (3) (အိတ်ခ်ျအိုင်ဗွီ) စစ်ဆေးနည်းများ http://dts-medicaleducation.blogspot.com/2011/03/hiv-tests.html
• HIV vaccine reduces infection အားတက်ဖွယ် HIV ကာကွယ်ဆေး သုတေသနအဖြေတခု http://dts-medicaleducation.blogspot.com/2009/09/24-9-09-hiv-vaccine-reduces-infection.html
• HIV victims in Myanmar မြန်မာ့ HIV-AIDS တိုက်ဖျက်ရေး၏ သားကောင်များ http://dts-medicaleducation.blogspot.com/2011/12/victims-of-myanmars-hivaids-struggle.html
• HIV ကာကွယ်ဆေး မျောက်တွေကို စမ်းသပ်နေပြီ http://dts-medicaleducation.blogspot.com/2012/01/hiv.html
• HIV ဆေးသစ် Edurant ကို FDA က အသိအမှတ်ပြုလိုက်ပြီ http://dts-medicaleducation.blogspot.com/2011/05/hiv-edurant-fda.html • HIV/AIDS နဲ့ပတ်သက်ပြီး စုံစမ်းနိုင်သော လိပ်စာများနှင့် ဖုန်းနံပါတ်များ http://dts-medicaleducation.blogspot.com/2011/12/hivaids.html
• HIV/AIDS Myths and Facts (အိတ်ခ်ျအိုင်ဗွီ-အေအိုင်ဒီအက်စ်) အထင်မှား နဲ့ အမှန်တရား http://dts-medicaleducation.blogspot.in/2012/04/hivaids-myths-and-facts.html

Thu, May 17, 2012 at 3:14 PM
I just would like to confirm that one of my family members is Hepatitis B patient. After taking Lamivudine for one year the medical result show negative. Does this mean that he has recovered as 100 percent and HB will not infect to other person as I am a bit confused?

I can understand your curiosity. There are different tests for Hepatitis (B). It depends on which test is negative?
ဆေးစစ်အဖြေတွေက ဘာတွေဖြစ်နိုင်သလဲ၊
• Early acute infection ဗိုင်းရပ်စ်ပိုး လတ်တလော အဝင်ခံရသူ = (HBsAg) +ve, (Anti-HBs) –ve, (Anti-HBc IgM) –ve, (Anti-HBc IgG+IgM) –ve, (HBeAg) +ve, (Anti-HBe) –ve
• Acute infection, usually with symptoms; contagious ရက်တို အသဲရောင်ရှိသူ၊ လက္ခဏာတွေ ရှိသူ၊ သူများကို ကူးစက်နိုင်သူ = (HBsAg) +ve, (Anti-HBs) –ve, (Anti-HBc IgM) –ve or +ve, (Anti-HBc IgG+IgM) -ve or +ve, (HBeAg) +ve, (Anti-HBe) –ve
• Late in the acute stage of infection (seroconversion) ရက်တို အသဲရောင်ဖြစ်နေသူ နောက်ပိုင်း = (HBsAg) +ve, (Anti-HBs) –ve, (Anti-HBc IgM) +ve, (Anti-HBc IgG+IgM) +ve, (HBeAg) -ve, (Anti-HBe) +ve
• Acute infection is resolving (convalescent) ရက်တို အသဲရောင် ပျောက်ကာစ = (HBsAg) -ve, (Anti-HBs) –ve, (Anti-HBc IgM) +ve, (Anti-HBc IgG+IgM) +ve, (HBeAg) -ve, (Anti-HBe) +ve
• Usually indicates an active chronic infection (liver damage likely) နာတာရှည်-အသဲရောင်၊ အသဲကို ထိခိုက်နေသူ = (HBsAg) +ve, (Anti-HBs) –ve, (Anti-HBc IgM) -ve, (Anti-HBc IgG+IgM) +ve, (HBeAg) +ve, (Anti-HBe) –ve
• Chronic infection but low risk of liver damage — carrier state နာတာရှည် အသဲရောင်၊ ဒါပေမဲ့ အသဲကို ထိခိုက်မှာ သိပ်မစိုးရိမ်ရသူ၊ သူများကို ကူးနိုင်သူ = (HBsAg) +ve, (Anti-HBs) –ve, (Anti-HBc IgM) -ve, (Anti-HBc IgG+IgM) +ve, (HBeAg) -ve, (Anti-HBe) +ve
• Infection resolved (recovery); immunity due to natural infection ပိုးဝင်ပြီးနောက် နလံထချိန်၊ ရောဂါပြီးလာချိန် = (HBsAg) -ve, (Anti-HBs) +ve, (Anti-HBc IgM) -ve, (Anti-HBc IgG+IgM) +ve, (HBeAg) -ve, (Anti-HBe) +ve
• Immunity due to vaccination ကာကွယ်ဆေး ထိုးထားလို့ ရောဂါကိုပြီးနေသူ = (HBsAg) -ve, (Anti-HBs) +ve, (Anti-HBc IgG+IgM) -ve

Sat, May 19, 2012 at 4:39 PM
ကျွန်မ (့) မှာနေပါတယ်။ ကျွန်မအမျိုးသား မတော်တဆ ဒဏ်ရာရလို့ ဗိုက်ခွဲလိုက်ရပါတယ်။ ၂ ပတ်လောက် ဆေးရုံတက်ရပါတယ်။ ဆေးရုံမှာ အဖျားတက်ပြီး အပြင်ချုပ်ရိုးမှာ ပြည်တည် လာပါတယ်။ အဲ့ဒါနဲ့ အပြင်ချုပ်ရိုးကို အစိမ်းပြန်ဖြည်ပြီး ပြည်ညှစ်ထုတ်ပါတယ်။ နောက်တော့ အဖျားကျသွားပါတယ်။ အပြင်ချုပ်ရိုး ဖြည်ထားတဲ့ နေရာကို ပြန်မချုပ်ပါဘူး။ ဂေါ့စ်လို့ ခေါ်မလား အဲ့ဒါနဲ့ အုပ်ပြီး တိပ်နဲ့ ကပ်ခိုင်းပါတယ်။ တဖြေးဖြေးနဲ့ ပြန်ပိတ်လာပါတယ်။ ဒါပေမယ့် ချုပ်ရိုးက နီနေပါတယ်။ ဆေးရုံသွားပြပါတယ်။ ဒါးကနေ ပိုးပါလို့ ဖြစ်တာလို့ ပြောပါတယ်။ နောက်တခါကျတော့ ယားနာဖုလေးတွေ ချုပ်ရိုးဘေးမှာ ထွက်လာပါတယ်။ လူးဆေး ပေးပါတယ်။ ဒီကြားထဲမှာ ကျွန်မအမျိုးသား၊ ဟိုဘက် ဒီဘက် လှုပ်ရင်၊ တောက်ခနဲ၊ တောက်ခနဲ ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ၁ လ ကျော်ကနေစပြီး ချုပ်ရိုးဘေး လက် ၂ ဆစ်၊ ၃ ဆစ် နေရာလောက်ကနေစပြီး ရောင်လာပါတယ်။ ဆေးရုံသွားပြပါတယ်။ ပုံမှန်မဟုတ်ဘူးလို့ ပြောပါတယ်။ လွန်ခဲ့တဲ့ ၁၅ ရက် လောက်ကစပြီး သိသိသာသာ ရောင်လာပါတယ်။ ဆေးရုံသွားပြပါတယ်။ CT ရိုက်ပါတယ်။ အထဲက အတွင်းချုပ်ရိုး ပြန်ပြေသွားပြီး ကလီစာက တိုးထွက်လို့ ရောင်တယ်၊ အူကျတာခေါ်တယ်၊ စောင့်ကြည့်မယ်လို့ပြောပါတယ်။ လွန်ခဲ့တဲ့ ၅ ရက်ကနေစပြီး ခြေထောက်ကနေစပြီး အနီဖုလေးတွေ ထွက်လာပါတယ်။ အရမ်းယားပါတယ်။ ဆေးရုံသွားပြပါတယ်။ လူးဆေး၊ သောက်ဆေး ပေးပါတယ်။ အခု ပေါင်တွေ၊ လက်တွေ၊ လည်ပင်းတွေထိ ထွက်လာပါပြီ။ မသက်သာပါဘူး။ သိချင်တာက (၁) အတွင်းချုပ်ရိုးပြန်ပြည်သွားရင် သူ့အလိုလို ပြန်ဆက်နိုင်ပါလားရှင်။ မခွဲဘဲ ပျောက်နိုင်တဲ့ တခြား နည်းလမ်း မရှိတော့ဘူးလား။ မေ့ဆေးပေးမှာ ဆိုတော့ ၆ လ အတွင်းမှာ ၂ ခါ မေ့ဆေးပေးရင်၊ ခွဲရင် စိုးရိမ်ရပါလား။ (၂) အနီဖုလေးတွေ ထွက်လာတာ အဲ့ဒါနဲ့ ဆိုင်ပါသလား။ ဒါမှမဟုတ် မြန်မာလို ရေကျောက်တို့၊ ဘာတို့များလား။

မစိုးရိမ်ပါနဲ့။ ရေးပြတာအရ ပဌမအနာက ကောင်းကောင်းမကျက်တာ၊ ပိုးဝင်လို့ဖြစ်မယ်။ ပိုးဝင်ရာကနေ ပြည်တည်ရင် ချုပ်ရိုးနေရာ တချို့ကို အဲလို ပြန်ဖြေပေးရတယ်။ ချုပ်ရိုးကျယ်သွားမယ်။ ပိုးအကင်းသေမှ အသားနုတက်မယ်။ အမာရွတ်ကျယ်-ကြီးနေမယ်။ ပိုးမရှိတော့ဘဲ အသားနု သက်သက်ရှိချိန်မှာဖြစ်ဖြစ်၊ အမာရွတ်ဖြစ်ပြီးမှဖြစ်ဖြစ် အမာရွတ်သေးချင်၊ လှချင်ရင် အနာသစ်လုပ်ပြီး ပြန်ချုပ်ပေးနိုင်တယ်။

ဆေးရုံကပြောသလို ဗိုက်လိုနေရာမှာ ချုပ်ရိုးနေရာက Incisional hernia (ဟာနီယာ) လဲ ဖြစ်တတ်တယ်။ အဲဒါမျိုးက အတွင်းဆုံး အလွှာအထိပါ အနာမကျက်လို့ဖြစ်တယ်။ ဗိုက်ဆိုတာ အနည်းဆုံး ၅ ထပ်ချုပ်ရတယ်။ အတွင်းဆုံးက စေ့မသွားရင် အပေါက်ကျန်နေလို့ ဗိုက်တင်းအားလုပ်ရင် ဥပမာ ချောင်းဆိုး၊ နှာချေ၊ အလေးအပင် မ-ရင် အထဲက အင်္ဂါတွေ အထူးသဖြင့် အူးသိမ်က စုထွက်လာတာကို (ဟာနီယာ) ခေါ်တယ်။ ၅ ထပ်လုံးအဆင့်ဆင့်ပြန်ချုပ်လိုက်ရက် ကောင်းသွားမှာပါ။

ယားတယ်ဆိုတာ ချုပ်ရိုးနေရာကနေ ဗိုက်ထဲကအရည် တမျိုးမျိုးထွက်လို့ဖြစ်နိုင်တယ်။ အသားနုတက်လို့လဲဖြစ်နိုင်တယ်။ ပိုးတမျိုးမျိုးဝင်နေတာကြောင့်လဲ ဖြစ်နိုင်တယ်။ ပိုးဆိုရင် ဆေးပေးတာနဲ့ကောင်းသွားမှာပါ။ တခါမက မေ့ဆေးပေးရတာ၊ ခွဲရတာ မစိုးရိမ်ပါနဲ့ မေ့ဆေးဆရာဝန်၊ ခွဲစိတ်ဆရာဝန်တွေ သိပါတယ်။ သူတို့ကလိုရင် စိတ်ချရအောင်လုပ်ပေးကြမှာပါ။ အနီစက်လေးတွေဆိုတာ အဲဒီကဆရာဝန်ပြပြီးဖြစ်လို့ ဆရာကနေ ဆေးမညွှန်သင့်ပါ။

Sun, May 20, 2012 at 6:59 PM
ကျမက အသက် ၂၇ နှစ်ရှိပါပြီ။ အိမ်ထောင် မရှိသေးပါ။ ကျမ ငယ်ငယ်တုန်းက ပန်းနာရင်ကျပ်ဖြစ်ဖူးပါတယ်။ အခုလည်း ကျန်းမာရေးနဲ့ ညီညွတ်အောင် ကြိုးစားပြီး နေထိုင် စားသောက်ပေမယ့် ကျမရဲ့ အသားရောင်က အမြဲတမ်း ဖြူဖတ်ဖြူရော် ဖြစ်နေပါတယ်။ မျက်နှာမှာ မွေးရာပါ မှတ်နီပါပါတယ်။ အရင်ကတော့ ဒီမှတ်နဲ့ ပတ်သတ်ပြီး ရှက်စိတ်၊ သိမ်ငယ်စိတ် မ၀င်ခဲ့ဖူးသလို စိုးရိမ်စိတ်လည်း မရှိခဲ့ဖူးပါဘူး။ အခုမှ အသိအစ်မတစ်ယောက်က (သူလည်း မေးအောက်မှာ အမှတ်နီ ပါပါတယ်) ကလေးမွေးပြီးနောက် သူ့ရဲ့ မှတ်က ပိုထူလာပြီး အမြဲတမ်းယားနေတာကိုတွေ့မှ စိုးရိမ်စိတ်ဝင်လာတာပါ။ မွေးရာပါမှတ်က ပိုပြီးထူလာတာ၊ ယားလာတာဟာ ဘာကြောင့်ပါလဲ။ အဲဒီလို မဖြစ်အောင် ဘယ်လို ကာကွယ်ရမလဲ။ မွေးရာပါ အမှတ်ပါလာတာဟာ ဘယ်လို ချို့ ယွင်းချက်ကြောင့်ပါလဲ။

မျက်နှာက အမှတ်ဟာ နေရာ၊ အရွယ်အစား၊ ပုံပန်း ပြောပြပါအုံး။ ငယ်ရာကနေ ကြီးလာတာရှိသလား။ ယားတာမျိုး ဖြစ်တတ်သလား။ အဲဒီနေရာမှာ အမွှေးပေါက်သလား။
သူများဖြစ်တိုင်း ကိုယ့်မှာဖြစ်မယ်လို့ ထင်မထားပါနဲ့အုံး။ အိမ်ထောင်ကျမှ၊ ကိုယ်ဝန်ရှိမှ၊ ကလေးရမှ ပြောင်းလဲတာမျိုးဟာ ဟော်မုန်းနဲ့ဆိုင်တာဖြစ်မယ်။ မွေးရာပါတိုင်းက ဟော်မုန်းနဲ့ ဆိုင်ချင်မှ ဆိုင်တယ်။
တချို့ မွေးရာပါတွေက အသက်ရရင် မှိန်လာ၊ သေးလာ၊ ပျောက်သွားတာမျိုးလဲ ရှိပါသေးတယ်။ မွေးရာပါ ဖြစ်တာတွေက မျိုးဗီဇ နဲ့ဆိုင်တယ်။ တချို့ မွေးရာပါ ချို့ယွင်းချက်တွေကို ကိုယ်ဝန်ရှိကတည်းက စစ်ဆေးပြီး သိနိုင်တယ်။ တချို့ကို မသိနိုင်ဘူး။ မွေးရာပါကို ပျောက်အောင်ကုရတာ အတော်ခက်ခဲတာ များတယ်။ တချို့ မွေးရာပါတွေက မိခင်-ဖခင်တွေဆီကနေ ရတာဖြစ်တယ်။ တချို့က ကူုးစက်တာလဲရှိတယ်။ အတော်များများကို ဘာလို့ အဲလိုရသလဲ ဆရာဝန်တွေက မသိကြပါ။ ကံတရားဆိုတာ မှန်သလားမမေးနဲ့။ ပြင်ဘို့ခက်တာ၊ ပြင်မရတာကို သိပြီး စိတ်အား ငယ်မနေဘဲ ကိုယ့်စိတ်ကို ပြင်ယူနိုင်သူဟာ အောင်နိုင်သူ ဖြစ်တယ်။

အသားအရေ ဖြူရော်ရော်ဆိုတာ သိပ်တော့ မတိကျသေးပါ။ မိန်းကလေးတွေမှာ အများဆုံး ဖြစ်တတ်တာက Anemia သွေးအားနည်းတာဖြစ်တယ်။ သံဓါတ်ဆေး အမြဲသောက်ပါ။ သံဓါတ်ပါ အစားအသောက်စားပါ။ လိုအပ်ရင် သွေးစစ်ပါ။ Hb % ဘယ်လောက်ဆိုတာသိမှ တကယ်သွေးအား နည်းနေ-မနေတယ်ဆိုတာ သိမယ်။

မွေးရာပါ ဖြစ်တာတွေက မျိုးဗီဇ နဲ့ဆိုင်တယ်။ တချို့ မွေးရာပါချို့ယွင်းချက်တွေကို ကိုယ်ဝန်ရှိကတည်းက စစ်ဆေးပြီး သိနိုင်တယ်။ တချို့ကို မသိနိုင်ဘူး။ မွေးရာပါကို ပျောက်အောင်ကုရတာ အတော်ခက်ခဲတာ များတယ်။ တချို့ မွေးရာပါတွေက မိခင်-ဖခင်တွေဆီကနေ ရတာဖြစ်တယ်။ တချို့က ကူုးစက်တာလဲရှိတယ်။ အတော်များများကို ဘာလို့ အဲလိုရသလဲ ဆရာဝန်တွေက မသိကြပါ။ ကံတရားဆိုတာ မှန်သလားမမေးနဲ့။

ပြင်ဘို့ခက်တာ၊ ပြင်မရတာကို သိပြီး စိတ်အား ငယ်မနေဘဲ ကိုယ့်စိတ်ကို ပြင်ယူနိုင်သူဟာ အောင်နိုင်သူ ဖြစ်တယ်။ လူတတိုင်းမှာ အားနည်းချက် တမျိုးမျိုး ရှိတတ်ကြတယ်။ မွေးရာပါ အားနည်းချက်ရှိသူတွေဟာ ဦးနှောက် နဲ့ အာရုံကြောကဖြစ်တာ မဟုတ်ရင် ကံကောင်းပါတယ်။ တနေရာမှာ အားနည်းနေသူတွေဟာ တခြားတနေရာမှာ အားသာချက်ရှိနိုင်တယ်။ ဥပမာ အမြင်အားနည်းသူက အကြားမှာ သူများထက် သာတာမျိုး။ သူများထက် သာအောင် တခုခုကို ကြိုးစားလုပ်ယူလို့လဲ ရတယ်။ ဥပမာ စာတော်အောင်၊ စိတ်စေတနာ ပိုကောင်းကောင်း စတာမျိုး။