ကျန်းမာရေးနဲ့ဆေးပညာ မေးလိုတာရှိပါက

ဒီဘလော့ခ်ထဲကစာတွေကို တခြားနေရာမှာ ကျွန်တော့်ခွင့်ပြုချက်မပါဘဲ ကူးယူပြီး မတင်ဘို့ စည်းကမ်း သတ်မှတ်ထားပါတယ်။

ကျန်းမာရေး နဲ့ ဆေးပညာ မေးလိုတာရှိပါက
• ဖြစ်တဲ့သူရဲ့ အသက်၊ ကျား-မ ပြောပါ။ ရောဂါလက္ခဏာ ၁-၂-၃။ တခုတိုင်းက ဘယ်လောက် ကြာပြီ။
• လိုအပ်ရင် ကျန်းမာရေးရာဇဝင်၊ ဓါတ်မှန်၊ (အာလ်ထွာဆောင်း)၊ ဆေးစစ်ချက်၊ လိုအပ်ရင် အိမ်ထောင်၊ ကလေး၊ ရှိ-မရှိ။ နေတဲ့တိုင်းပြည်၊ မြို့ထည့်ရေးပါ။ လူနာမည်၊ နေရပ်လိပ်စာအတိအကျ ကိစ္စမရှိပါ။
• ဆေးနာမည်ရေးရင် Trade name ကုမ္ပဏီကပေးတဲ့နာမည်သာမက Generic name ဆေးနာမည် ထည့်ရေးပါ။
• ဆေးစာ၊ ဆေးစစ်ချက်၊ ဝေဒနာတွေကို စကန်လုပ်ပြီးဖြစ်ဖြစ်၊ ဓါတ်ပုံရိုက်လို့ဖြစ်ဖြစ် ပို့နိုင်ပါတယ်။ ဓါတ်ပုံကို ခွင့်မယူဘဲ အသုံးမချပါ။
• အိမ်ထောင်ရေးနဲ့ လိင်ပိုင်းဆိုင်ရာမေးခွန်းတွေကို Facebook ကနေ မမေးပါနဲ့ မဖြေပါ။ တိုက်ရိုက်သာမေးပါ။
• အီးမေးလ် အခက်အခဲရှိလို့ Facebook message မှာဖြစ်ဖြစ် Chat box မှာဖြစ်ဖြစ်ရေးရင်လဲ အားသလား၊ မေးလို့ရလား ရေးမနေဘဲ၊ တခါတည်း မေးခွန်းသာရေးလိုက်ပါ။
• Facebook Comment ကနေမေးတာ-ဖြေတာ အဆင်မပြေပါ။
စာရှည်ရေးမရပါ။ သူများတွေကို အနှောင့်အယှက်ဖြစ်နိုင်ပါတယ်။
• နာမ်စားသုံးတာမှာ ကိုယ်ကိုယ်ကို ‘သား’၊ ‘သမီး’ လို့ သုံးရင် မေးတဲ့သူရဲ့ သားသမီးလား ထင်မှတ်မှားနိုင်တာသတိပြုပါ။
• SMS အရေးအသားမျိုးကို မဖတ်ပါ။ မြန်မာစကားကို အင်္ဂလိပ်စာလုံးနဲ့ရေးတာကို မဖတ်ပါ။
• ဘလော့ခ် နဲ့ ဖေ့စ်ဘွတ်မှာ အမေး-အဖြေတွေကိုသုံးတဲ့အခါ မေးတဲ့သူရဲ့ ကိုယ်ရေး အချက်အလက်တွေ မပါစေရပါ။
• ဖုန်းဆက်ပြီးမေးရင် Time zone မတူတာရော၊ အသံထွက် လွဲနိုင်တာရောကြောင့် အဆင်မပြေပါ။ ကျွန်တော့်မှာ Viber မရှိပါ။ ဖေ့စ်ဘွတ် ဖုန်း-ဗီဒီယို အဆင်မပြေပါ။ Skype ကိုတော့ နိုင်ငံရေးနဲ့ မိသားစုအတွက်သာသုံးပါတယ်။
drswe01@gmail.com ကို (အီးမေးလ်) ပို့ပါ။

(ဘလော့ခ်) တွေထဲ ဝင်ဖတ်ဘို့ အကြံပြုပါတယ်။
- http://dts-medicaleducation.blogspot.in/ ဆေးပညာစာများ
- http://yamuna-online-clinic.blogspot.in ယမုန်နာ ဆေးခန်း
- http://my-sayawun-life.blogspot.in/ ဆရာဝန်ဘဝ အမှတ်ရတာတွေ
- http://dts-political-page.blogspot.in/ နိုင်ငံရေး စာမျက်နှာ
- http://www.facebook.com/pages/Dr-Tint-Swe/490031307758025?skip_nax_wizard=true ဖေ့စ်ဘွတ်
- https://tintswe.wordpress.com/ Dr. Tint Swe ဒေါက်တာတင့်ဆွေ ဆေးပညာစာများ

Saturday, May 26, 2012

Q and A May 2012 (5)

1. သမီး ၂၈ နှစ်ပါ။ အံသွားပေါက်ပြီး (အံသွားပေါက်ပြီးသည်မှာကြာပါပြီ)
2. သားအိမ်ဘေးမှာ အရည်အိတ်ဖြစ်ရင် ဘယ်လိုကုသလို့ရမလဲ။
3. သမီးချွေးထွက်ရင် ချိုင်းကပဲ ထွက်ပါတယ်။
4. အစားအသောက်နဲ့ သွေးအားကောင်းအောင် ဘယ်လို လုပ်ရမလဲ ပြောပြပေးပါလား။
5. သန်ချဆေး မဖြစ်မနေတိုက်ဖို့ လိုအပ်လားလို့ သိချင်လို့ပါ။
6. မိန်းကလေးတွေ ဒူး၊ ပေါင်အကြောပြတ်တာ သိချင်ပါတယ်။
7. ကျွန်တော် အိမ်ထောင်ကျတာ ၁ နှစ် ရှိပါပြီ။
8. ဆရာရှင့် ရေကျောက် ကအသက်ကြီးတဲ့သူတွေမှာ ပေါက်နိုင်ပါသလား။
9. I am 29 years old olive skinned girl living in (့).

Thu, May 24, 2012 at 2:02 PM
သမီး ၂၈ နှစ်ပါ။ အံသွားပေါက်ပြီး (အံသွားပေါက်ပြီးသည်မှာကြာပါပြီ) အန်သွားဘေးမှ သွားဖုံးများ ယောင်နေပါသည်။ ညဘက်အံသွားဖုံး ဖြစ်ပြီး သွားဆရာဝန်ပြရာ ဆေးများသောက်ပြီး ဘယ်ဘက်အံသွားဖုံးထပ်ပြီး ယောင်ပြီးနာနေပါသည်။ အံသွားတဝတ်ပေါ်တွင် သွားဖုံးအုပ်နေခြင်းကြောင့်ဖြစ်သည်ဟု ပြောပါသည်။ ဆားရေငုံပါသည်။ အကိုက်အခဲပျောက်ဆေး bio ဂျက်ဆစ်၊ ကီးမို့ ၊အမောက်ဆလင်၊ စီဗစ် များသောက်ပါသည်။ ယခု သက်သာလာပါသော်လည်း လည်ပင်းတွင် နာပြီး အစာမျိုချလျှင် နာသောကြောင့် မှန်ဖြင့်ကြည့်ရာ အာခေါင် အာသီး ဘယ်ဘက် ဘေးအသားမှာ နီပြီးယောင်နေသလို ဖြစ်ကာ အနာပုံမျိုးလေးတွေ့ရပါသည်။ ယခုကိုယ်လည်းပူနေပါသည်။ ဆေးသောက်လျှင်အပူကျပြီး ၄ နာရီလောက် ကြာလျှင် အဖျားပြန်တတ်ပါသည်။

အသက်ရှူလမ်းအပေါ်ပိုင်းရောင်းခြင်းရောဂါများအုပ်စုဖြစ်တယ်။ သွားဖုံး-အာသီး-အာခေါင်-လည်ချောင်း။ ဗက်တီးရီးယားကနေဖြစ်တယ်။ ပိုးသေဆေးတွေက ကောင်းကောင်းနိုင်တယ်။ Amoxacillin 500mg တခါသောက် ၁ တောင့်၊ တနေ့ ၃ ကြိမ်၊ ၂ ရက်သောက်ပါ။ ဆက်ပြီး တခါသောက် ၁ တောင့်၊ တနေ့ ၂ ကြိမ်၊ ၃-၅ ရက်သောက်ပါ။ Paracetamol တခါသောက် ၁ ပြား၊ တနေ့ ၃-၄ ကြိမ် သောက်ပါ။ ဆားရည်နဲ့ တနေ့ ၂ ခါ၊ ပလုပ်ကျဉ်းပါ။ ရေ-အရည် များများသောက်ပါ။ တခြား ဘာမှမလိုပါ။ ရေးပြတဲ့တခြားဆေးတွေက အထောက်အကူသာရမယ်။ မသောက်လဲရတယ်။ အစားအသောက် မြိုချနိုင်တာစားနိုင်တယ်။ ငယ်ရွယ်သူတွေ အားသီးရောင်တာ ထပ်ဖြစ်တတ်တယ်။ ထပ်ဖြစ်လဲ စောစောစီးစီးသာ ဆေးသောက်ရင် နည်းနည်းလေးသာခံရမယ်။ ပိုးသေဆေး မမေ့ပါနဲ့။ ကံမသင့်ရင် တချိန်မှာ လေးဘက်နာ၊ နှလုံးရောဂါဖြစ်တတ်တယ်။ ခြောက်တယ်လို့ မအောက်မေ့ပါနဲ့။

၁။ ပဌမတန်းစား ပဋိဇီဝဆေးများ
Amoxaccillin 45-60 mg/kg TDS x 10 days
Trimethoprim-Sulfamethoxazole 8-10 mg/kg x 10 days
Erythromycin/Sulfisoxazole 50 mg/kg x 10 days

၂။ ဒုတိယတန်းစား ပဋိဇီဝဆေးများ
Amoxacillin 80-100 mg/kg x 10 days
Amoxicillin-clavulanate 45 mg/kg x 10 days
Celpodoxime 10 mg.kg x 10 days
Cefuroxime 20 mg/kg x 10 days
Azithromycin 10 mg/kg x 4 days
Ceftriaxone 50 mg/kg x 1-3 doses

• Sore throat လည်ချောင်းနာ နဲ့ Tonsillitis အာသီးရောင်တာကို ဖြစ်စေတဲ့ ပိုး (ဗိုင်းရပ်စ် နဲ့ ဗက်တီးရီးယား) တွေထဲက Group A beta-haemolytic Streptococci (GABHS) ဗက်တီးရီးယားဟာ Acute rheumatic fever ရက်တို ရူမက်တစ် အဖျားရောဂါ နဲ့ Kidney disease (Post-Streptococcal Glomerulonephritis) ကျောက်ကပ်ရောင်ရောဂါကို ဖြစ်စေနိုင်တယ်။ ဒါ့ကြောင့် Antibiotics ပေးရတယ်။ သုတေသနတချို့က ဒီလိုဆေးပေးတာ အကျိုး နည်းနည်းသာ ရှိတယ်တဲ့။ တာရှည်ပေးဘို့လိုသူကို Azithromycin ပေးနိုင်တယ်။ Tympanostomy tube ပြွန်ထည့်ဘို့လိုသူကို ထည့်ပေးရမယ်။

• Pharyngitis အာခေါင် ရောင်တာထဲမှာ Pharynx, Hypopharynx, Uvula, and Tonsils တွေလဲ ဆက်တွဲ နေနိုင်တယ်။ ပါးစပ် နောက်ပိုင်း နဲ့ လည်ချောင်း အပေါ်ပိုင်းရောင်တာ ဖြစ်တယ်။ Pharyngitis အာခေါင် ရောင်တာအတွက် NSAIDs and acetaminophen အနာသက်သာဆေး၊ Steroids (dexamethasone) စတီရွိုက်ဆေး၊ Viscous lidocaine ထုံဆေး နဲ့ Antibiotics တွေပေးရတယ်။

Wed, May 23, 2012 at 9:45 PM
သားအိမ်ဘေးမှာ အရည်အိတ်ဖြစ်ရင် ဘယ်လိုကုသလို့ရမလဲ။ ဘာတွေရှောင်ရမလဲဆိုတာလေး ပြောပြပါဦး။ ဘာကြောင့် အဲဒါဖြစ်ရလဲဆိုတာလဲ သိချင်ပါတယ်။ ကျွန်တော့် ညီမမှာဖြစ်နေလို့ပါ။ ခုက 2.5cm and 2.4cm အရည်အိတ်နှစ်ခုဖြစ်နေလို့ပါ။

Ovarian Cyst ကိုယ်ဝန်မဟုတ်တဲ့ ဗိုက်ထဲကအလုံး

Wed, May 23, 2012 at 3:08 PM
ကျမရဲ့ မျက်နှာမှာ အသားပိုသေးသေးအစက်လေးတွေ မျက်လုံးနားတ၀ိုက်မှာထွက်နေပါတယ်။ တချို့က အညိုရောင် ဖြစ်ပြီး တချို့ကတော့ အရောင်နည်းနည်းလေးရင့်ပါတယ်။ vitamin တခုခုအားနည်းလို့ ဖြစ်တာလား ဆိုတာ သိပါစေရှင့်။ လိမ်းဆေးရှိရင်လည်း ဘယ်လိုလိမ်းဆေးမျိုးလိမ်းလို့ရမလဲဆိုတာ သိချင်ပါတယ်။ အရွယ်အစားကတော့ နှမ်းစေ့လောက်ပဲ ရှိပါတယ်ရှင့်။ သတိထားမိတာက အခုဆိုပါးပြင်တ၀ိုက်နားမှာပါ အသစ်ထွက်လာကိုတွေ့ရပါတယ်ရှင့်။ နောက်ထပ် မထွက်အောင် ဘယ်လိုရှောင်ကြဉ်ရမလဲဆိုတာ သိချင်ပါတယ်ရှင့်။ အသက် ၁၉ နှစ်လောက်ကတည်းက စဖြစ်နေတာ ဖြစ်ပြီး အခု ကျမအသက် ၂၄ ရှိပါပြီရှင့်။ တချို့ကအကြံပေးတာတော့ Laser နဲ့ပစ်ရင် ပျောက်တယ် ပြောကြပါတယ်။ ဒါပေမဲ့ မျက်လုံးတ၀ိုက်ဆိုတော့ အဲလိုလုပ်ဖို့ မဖြစ်နိုင်လောက်ပါဘူးရှင့်။ ပြီးတော့ ခြေသလုံးနဲ့ ပေါင်တ၀ိုက်မှာ ကြာဆူးလိုမျိုး အဆံလေးတွေလည်း ထွက်နေပါတယ်ရှင့်။ ညှစ်လိုက်ရင် အဆံသေးသေးလေး ထွက်ပါတယ်ရှင့်။ တခါတလေ ညှစ်ရင် အဲဒီအဖုထဲက အမွေးသေးသေးလေးထွက်ပါတယ်။ သမီးက အမွေးသန်ပါတယ်။ ချိုင်းမွေးလည်း အပေါက်တပေါက်မှာ ၂ ပင်လောက်ထွက်တတ်ပါတယ်။ တခါတလေ ချိုင်းရဲ့ အရေပြားအောက်မှာ ပေါက်ပါတယ်၊။ ဇာဂနာနဲ့နှုတ်ရင် အပေါ်ရံကို ဆွမိတော့ ချိုင်းကလည်းတခါတခါ သွေးထွက်တတ်ပါသေးတယ်။ သမီးချွေးထွက်ရင် ချိုင်းကပဲ ထွက်ပါတယ်။ မိန်းကလေးဆိုတော့ ချည်သားအကျီဝတ်မိရင် ကွက်နေတော့ တော်တော်ကို ကြည့်ရဆိုးပါတယ်။ အဲဒါဘာလို့ဖြစ်တာပါလဲရှင့်။ ပုံ ၂ ပုံ ဓါတ်ပုံရိုက်ပြီး attach လုပ်ပေးလိုက်ပါတယ်ရှင့်။

အသားပို မဟုတ်ပါ။ မပျောက်နိုင်တဲ့ Neurofibromatosis ကော်ဖီရောင် အသားပိုလေးတွေ ဆိုတာလဲ မဟုတ်ပါ။ နီးစပ်တဲ့ စာတွေ ပို့လိုက်တယ်။ အရေပြား ဂရုစိုက်စရာ စာတွေလဲ ဖတ်ပါ။ ရေးထားပါတယ်။ အဆီ လျှော့စားပါ။ ကြာဆူးလဲ မဟုတ်လောက်ပါ။ ဗီတာမင် (စီ) (ဘီ) နဲ့ (အေ) သောက်ပါ။ သဘာဝနည်းတွေ လုပ်နိုင်တယ်။ ဥပမာ သခွါးသီး။ သနပ်ခါးထက်ကောင်းတဲ့ (ကော့စမက်တစ်) မရှိပါ။ လေဆာကို မစမ်းစေချင်ပါ။
• Age Spots အသက် နဲ့ အစက်
• Waxing ဖယောင်းသုံးပြီး အမွှေးတုံးစေမယ်
• Hyperhidrosis ချွေးထွက် များလွန်းလို့
• Seborrheic Keratosis or Keratosis pilaris ဆားဝက်ခြံ

Sat, May 26, 2012 at 8:54 AM
အစားအသောက်နဲ့ သွေးအားကောင်းအောင် ဘယ်လို လုပ်ရမလဲ ပြောပြပေးပါလား။ ကျမတို့ မြန်မာနိုင်ငံသားတွေမှာ Healthy eating ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ စားသောက်မှုမရှိဘူး။ မရှိတာက ကျန်းမာရေး ပညာပေး အသိတရား မကြွယ်ဝလို့ပါဘဲ။ ကျန်းမာရေးနဲ့ ညီအောင်ဘယ်လို့ စားသင့်တယ်၊ ဘယ်လို အစာမျိုး စားသင့်တယ် ဆိုတာ ဘယ်လို အစာမျိုးက ဘာကို အကျိုးသက်ရောက်တယ် ဆိုတာ ရေးပေးပါလို့ မေတ္တာရပ်ခံချင်ပါတယ်။

စာ ၅ ပုဒ် တင်လိုက်ပါတယ်။
၁။ Nutrition အာဟာရ
၂။ Nutrition Facts အမြစ်-အသဲ ခွဲသိရအောင်
၃။ Organic Food (အော်ဂဲနစ်)
၎။ Eating Habit (1) အမေရိကန် ဆရာဝန်တယောက်နဲ့ (အင်တာဗျူး)
၅။ Eating Habit (2) သမုဒ္ဒရာ ဝမ်းတစ်ထွာ

Sat, May 26, 2012 at 10:34 PM
သားလေးက အသက် ၂၁ လရှိပါပြီ။ ကလေးတွေကို သန်ချဆေး မဖြစ်မနေတိုက်ဖို့ လိုအပ်လားလို့ သိချင်လို့ပါ။ ဘယ်အရွယ်ကစပြီး သန်ချဆေး တိုက်လို့ရမလဲ သိချင်လို့ပါ။ တကယ်လို့ တိုက်ရမယ်ဆိုရင် ဘယ်လိုဆေးမျိုးကို တိုက်ရမယ်ဆိုတာ ညွန်ကြားပေးပါ။

ကလေး ဝမ်းခဏခဏ ပျက်ရင်၊ ဗိုကနာတတ်ရင်၊ ပိန်ရင်၊ စအိုယားယံရင်၊ ကစားဖေါ် တခြားကလေးတွေမှာ သန်ရှိရင် သန်ချဆေး တိုက်နိုင်ပါတယ်။ ကလေးအသက် ၂ နှစ်အထက် လူကြီးအတိုင်းတိုက်ရမယ်။ ၂ နှစ်အောက် တဝက်တိုက်ရတယ်။ သန်ကောင် အမျိုးအစား မတူရင် ဘယ်နှစ်ရက်တိုက်ရမယ်ဆိုတာ မတူပါ။ အများဆုံးဖြစ်တဲ့ သန်ကောင်က တခါထဲ တိုက်တာနဲ့ ရတယ်။
- Albendazole သန်ချဆေး
- Medicine for Worms သံကောင်ရောဂါဆေးများ

Sun, May 27, 2012 at 7:22 PM
မိန်းကလေးတွေ ဒူး၊ ပေါင်အကြောပြတ်တာ သိချင်ပါတယ်။ ကိုယ်ဝန်မဆောင်ဖူးတဲ့သူလဲ ဖြစ်တတ်ပါသလား။ ကိုယ်ဝန်ဆောင်တွေ ဗိုက်ကြော ပြတ်တာ ကြားဖူးတာပါ။ ခုက ဒူးအပေါ် နားလေးက ပေါင်အစမှာဆိုတော့ ဆန်းနေလို့ပါ။ အသက် ၂၂ နှစ်ပါ။ နဲနဲဝသလိုတိုတော့ ရှိတယ်။ ဒါပေမယ့် ၁ဝ၂ ပေါင်ပဲ အလေးချိန်ရှိပါတယ်။ ဘာကြောင့်အဲလိုဖြစ်တာပါလဲ။ ကာကွယ်လို့ရော ရလား။ ပြီးတော့ ရေသောက်နဲတာ ပင်လယ်စာ စားတာနဲ့ရော ဆိုင်ပါသလား

• Stretch Marks အကြောပြတ်ခြင်း http://dts-medicaleducation.blogspot.com/2010/05/stretch-marks.html

Sun, May 27, 2012 at 2:17 PM
ကျွန်တော် အိမ်ထောင်ကျတာ ၁ နှစ် ရှိပါပြီ။ ကျွန်တော့် ဇနီး အသက် က ၂၉ နှစ်ပါ။ အစတုန်းက တားဆေး Marvalon 28 သောက်ပါတယ်။ ခုမသောက်တာ ၇ လရှိပါပြီ။ ကလေးမရသေးပါဘူး။ ကလေးလိုချင်လို့ ဆရာဝန်ဆီ သွားပြတော့ အာလ်ထရာဆောင်း ရိုက်ခိုင်းပါတယ်။ အဖြေစာရွက်ပေါ်မှာက Utrus position မှာ RV ဆိုပြီးပါပါတယ်။ Impression မှာ Endometriosis ဆိုပြီး ရေးထားပါတယ်။ ရှင်းပြပေးစေလိုပါတယ်။

Uterus RV က ပုံမှန်ပါ။ AV ကလဲ ပုံမှန်ပါဘဲ။ အနေအထားကိုသာ ပြောတာဖြစ်တယ်။
Endometriosis သားအိမ်ရောဂါ Mon, May 28, 2012 at 2:13 PM
ဆရာရှင့် ရေကျောက် ကအသက်ကြီးတဲ့သူတွေမှာ ပေါက်နိုင်ပါသလား။ ၁၂ အောက်ပဲ ပေါက်တာပါလား။

• Chickenpox ရေကျောက်
• Shingles (ရှင်းဂဲလ်)

Mon, May 28, 2012 at 1:47 AM
I am 29 years old olive skinned girl living in (့). I used to have very smooth skin until I hit 25 years old and broke out horribly. Since then I have been struggling with adult acne till now. But for now my acne seemed to be under control apart from monthly one or two pimples but I do have a lot of acne scars (boxer, ice pick) and dark spots left. To make matter worse, I started getting small sun spot/ age spot under my left eye. I've been using SPF15 for daily and SPF65 for jogging out in the sun. To get rid of my acne scars and melasma, I want to try kojic acid soap / papaya soap on top of my daily lotion and sunscreen. It is claimed to be getting rid of acne and scars / dark spots etc. The brands I am thinking of trying are Likas papaya soap and Kojic acid soap. Do you think it's safe to try? I would also like to know if there are better, safer or more effective options.

I guess you gave gone through writings on this subject such as:
• Skin Hazards အရေပြားကို ဒုက္ခပေးတာတွေ http://dts-medicaleducation.blogspot.in/2012/03/skin-hazards.html
• Skin Pigmentation ယောက်ျားလေး မျက်နှာ http://dts-medicaleducation.blogspot.com/2012/01/skin-pigmentation.html
• Cosmetics Allergy အလှအပသုံးပစ္စည်းနဲ့ မတည့်ခြင်း http://dts-medicaleducation.blogspot.in/2012/02/cosmetics-allergy.html
• Cosmetic Procedures လှချင်ရက် စက်စက်ယို (၂) http://dts-medicaleducation.blogspot.in/2012/03/cosmetic-procedures.html
• Beauty Product Dangers အလှအပသုံးပစ္စည်းတွေရဲ့ အမှန်တရား http://dts-medicaleducation.blogspot.in/2012/03/beauty-product-dangers.html
• Beauty Questions လှချင်ရက် စက်စက်ယို (၁) http://dts-medicaleducation.blogspot.in/2012/03/beauty-questions.html
• Age Spots အသက် နဲ့ အစက် http://dts-medicaleducation.blogspot.com/2010/12/age-spots.html
• Acne Laser treatment ဝက်ခြံကို လေဆာ နဲ့ ကုသခြင်း http://dts-medicaleducation.blogspot.com/2011/06/laser-treatment-of-acne.html
• Acne ဝက်ခြံ ရောင်စုံ http://dts-medicaleducation.blogspot.com/2010/10/acne.html

If not, please read the most suitable topics and follow the recommendations and avoid the complications.

I am not told if you are married or not and if your cycle is regular or not. A woman with acne or acne like skin eruptions is unmarried or has no experience of such. Her skin problems will go away once her hormones changed then.

The bottom line is:
• No artificial and chemicals are better than the natural products.
• Age related changes are difficult to control.
• The changes cause by hormonal influence need special care by specialists.

Thank you so much for the prompt reply. I am 29 yrs old, married for 2 years and without kids. As we always use condom, I've never used any oral birth control (pills) since I started having sex. My periods are always on time and regular. And to be honest, sex life is great too. Only reason I could think of is when I started getting acnes, I was under a lot of stress. I also have tried antibiotics and topical (Dalacin T solution / Metrogel / Clindamaicin). The acnes are always off and on but the scars annoy me most. So these are some of my missing info. Thanks for the links.

Yes, you are right. Stress may be the reason. I am sure you will overcome.