Sunday, May 6, 2012

Sitz bath ရေနွေးထိုင်နည်း

Sun, May 6, 2012 at 9:43 PM
(့) နောက်ပြီး ရေနွေးထိုင်နည်း ဆိုတာကိုလည်း သမီးမသိပါဘူးဆရာ။ ဘယ်လိုလုပ်ပြီး ဘယ်လောက်ကြာကြာ လုပ်ရမယ် ဆိုတာကိုလည်း ပြောပြပေးပါ။

• Sitz bath ရေနွေးထိုင်နည်းဆိုတာ ရေခပ်နွေးနွေးထဲမှာ တင်ပါး မြုပ်အောင် စိမ်ထားပြီး ထိုင်နေရတာ ဖြစ်ပါတယ်။
• နာမည်အခေါ်က Sitzbad ဂျာမန်စကားကနေလာတယ်။ ရေချိုးတာပါဘဲ။ Sitz bath ဆိုတာထက် Hip-bath လို့ ခေါ်ရင် တန်းသိစေနိုင်တယ်။
• စအိုနေရာမှာ တခုခုဖြစ်ရင် ဒီ Sitz bath ရေနွေးထိုင်နည်းကို ညွှန်းတယ်။ ဆရာဝန်မလိုဘဲ သက်သာတာ အမှန် ဖြစ်တယ်။ ကုန်ကျစရိတ်လဲ မရှိဘူး။
o Hemorrhoids (piles) လိပ်ခေါင်း၊
o Anal fissures (FIA) ဂရင်ဂျီနာ၊
o Rectal surgery အစာဟောင်းလမ်း ခွဲစိတ်ကုသရခြင်း၊
o Episiotomy ကလေးဖွါးတဲ့အခါ မွေးလမ်းချဲ့ပြီး ပြန်ချုပ်ထားခြင်း၊
o Uterine cramps သားအိမ် နာခြင်း၊
o Inflammatory bowel disease အစာလမ်းရောင်ရောဂါ၊
o Bladder ဆီးအိမ်ရောင်ခြင်း၊
o Prostate ဆီးကျိတ်ရောင်ခြင်း နဲ့
o Vagina ဗဂျိုင်းနာရောင်ခြင်းတွေအတွက်သုံးနိုင်တယ်။

• နာတာရော ရောင်တာကိုပါ သက်သာစေမယ်။
• Bathtub ရေချိုးစည်ဖြစ်ဖြစ်၊ Large basin ရေထည့်လို့ရတဲ့ ကန်ခပ်ကြီးကြီးဖြစ်ဖြစ်၊ သုံးနိုင်တယ်။ Plastic sitz bath ပလပ်စတစ်ရေကန် ဝယ်လို့ရတယ်။
• Toilet seat ရေအိမ်သာအထက်မှာ ထားပြီး ထိုင်နိုင်တယ်။
• ရေထဲကို Salt ဆား၊ Baking soda မုံ့လုပ်ဆော်ဒါ၊ Vinegar ဗနီဂါ တွေလဲ ရောနိုင်တယ်။ ဘာမှ မရောလဲ ရပါတယ်။
• ရေကန်ထဲမှာ ရေအမြင့် 3 to 4 inches (7.6 to 10 cm) ရှိအောင် ဖြည့်ပါ။ ရေအပူချိန် 110 °F (43 °C) ရှိသင့်တယ်။
• အဲဒီထဲမှာ တင်ပါးနစ်နေအောင်ထားပြီး ၁၅-၂ဝ မိနစ်ကြာ ထိုင်နေယုံသာ ဖြစ်ပါတယ်။ ရေအေးတဲ့အထိဆိုလဲ ရပါတယ်။
• Sitz baths ဆိုတာ တကယ်တော့ ရေနွေးနည်းရော ရေအေးနည်းပါ ၂ မျိုးရှိတယ်။
• Cool sitz baths အအေးထိုင်နည်းကိုတော့ Constipation ဝမ်းချုပ်သူတွေ၊ Inflammation and vaginal discharges ဗဂျိုင်းနား ပိုးဝင်လို့ရောင်နေသူတွေ သုံးသင့်တယ်။ တခါတလေ Fecal or urinary incontinence ဝမ်းမလုံသူ၊ ဆီးမလုံသူတွေအတွက်လဲ အကျိုးရှိစေတယ်။
• အဆန်းထွင်နိုင်တာက ရေနွေးထဲမှာ ၃-၄ မိနစ်ထိုင်၊ နောက် ရေအေးထဲမှာ တခါထိုင်၊ တလှည်စီ ၄-၅ ကြိမ် လုပ်တယ်။
• နည်းတခုက ရေ ၂ မျိုး သုံးအနေရအောင် ရေအေးတဘက်သုံးနိုင်တယ်။
• အမျိုးသမီးတွေမှာ မွေးလမ်းကြောင်းက အဖြူဆင်းနေချိန်မယ် ရေနွေးထဲမှာ ဆား ဖြစ်ဖြစ် ဗနီဂါဖြစ်ဖြစ် ထည့်ပြီး ထိုင်တာ ပိုကောင်းစေတယ်။
• သတိထားစရာတွေက မရှိသလောက်ပါ။ အပူရှိန်ကြောင့် သွေးပိုလျှောက်ပြီး နှလုံးခုန် နဲနဲမြန်နိုင်တယ်။
• ပြီးရင် (ကော်တွန်) တဘက်နဲ့ ရေခြောက်အောင် သုတ်ပါ။
• တနေ့မှာ ၁-၂ ခါလုပ်သင့်တယ်။

Dr. တင့်ဆွေ
၆-၅-၂ဝ၁၂

Fibroadenoma ဖိုက်ဘရိုအဒီနိုးမား ရင်သားအကျိတ်

(ကန်တော့ပါ) ၁။ ၂၀ အပျို ရာသီမှန်ပါတယ်ရှင့် Breast Benign Lumps ကင်ဆာမဟုတ်တဲ့ ရင်သားအကျိတ်များ https://doctortintswe.blogspot.com/2018/...