Tuesday, May 15, 2012

Top 11 Medical Expenses ဆေးကုသမှု ကုန်ကျစရိတ် အများဆုံး (၁၁) ခု

1. Heart Conditions: $95.6 Billion (၁) နှလုံးရောဂါ
2. Trauma: $74.3 Billion (၂) ထိခိုက်ဒဏ်ရာ
3. Cancer: $72.2 Billion (၃) ကင်ဆာ
4. Mental Disorders: $72.1 Billion (၄) စိတ်ဝေဒနာများ
5. Joint Disorders: $57 Billion (၅) အဆစ်ရောဂါများ
6. COPD and Asthma: $53.7 Billion (၆) အသက်ရှူလမ်းပိတ်ဆို့ရောဂါများ
7. Hypertension: $47.4 Billion (၇) သွေးတိုးရောဂါ
8. Diabetes: $45.9 Billion (၈) ဆီးချို
9. Hyperlipidemia: $38.6 Billion (၉) အဆီများရောဂါ
10. Back Problems: $35 Billion (၁ဝ) ခါးနာရောဂါ
11. Normal Childbirth: $35 Billion (၁၁) ရိုးရိုးသားဖွါးခြင်း

ဒီလေ့လာမှုက အမေရိကန်ပြည်ထောင်စုမှာသာ ဖြစ်ပါတယ်။

1. Heart Conditions: $95.6 Billion (၁) နှလုံးရောဂါ = ဒေါ်လာ ၉၅့၆ ဘီလျန်
အမေရိကန်နိုင်ငံသား ၈ဝ% မှာ နှလုံးနဲ့ပါတ်သက်တဲ့ရောဂါ တမျိုးမျိုးရှိနေကြတယ်။ တနှစ်မှာ ၈ သိန်၊ ၆ သောင်း သေဆုံးနေကြရပြီး၊ ဈေးအကြီးဆုံးဆေးကုသမှုဖြစ်တယ်။ ကိုယ်အလေးချိန်ထိန်းပါ။ အစားအသောက်ဆင်ခြင်ပါ။ ကိုယ်လက်လေ့ကျင့်ခန်းလုပ်ပါ။ ဆေးလိပ်မသောက်ပါနဲ့။ သွေးတိုး၊ ဆီးချိုတွေပါတွဲနေရင် ဆရာဝန်ညွှန်တာ မြေဝယ်မကျ နားထောင်ပါ။

2. Trauma: $74.3 Billion (၂) ထိခိုက်ဒဏ်ရာ = ဒေါ်လာ ၇၄့၃ ဘီလျန်
အမေရိကန်တွေ တနှစ်မှာ သန်း ၃ဝ-၄ဝ ထိခိုက်ဒဏ်ရာနဲ့ ဆေးရုံလာနေကြရတယ်။ မော်တော်ယာဉ်တိုက်မှုက အများဆုံး ဖြစ်တယ်။ ဒါကြောင့်သေရတာ ၂ဝဝ၉ တုံးက ၃၃၃ဝ၈ ယောက်ရှိခဲ့တယ်။ ဒါတောင် ကားမှာ လေအိတ် တပ်ထားတာ၊ ခါးပတ်တပ်တာ၊ မူးရင်မမောင်းရ ဥပဒေလုပ်ထားတာ၊ စတာတွေကြောင့် ၁၉၅ဝ နဲ့စာရင် ကျဆင်းလာတာ ဖြစ်တယ်။

3. Cancer: $72.2 Billion (၃) ကင်ဆာ = ဒေါ်လာ ၇၂့၂ ဘီလျန်
အမေရိကန် ၁၁့၇ သန်းမှာ ကင်ဆာ တမျိုးမျိုးရှိကြတယ်။ တနှစ်သေဆုံးရတာ ၅ သိန်း၊ ၆ သောင်းရှိတယ်။ သေဆုံးရတဲ့ ဒုတိယမြောက်အများဆုံး နဲ့ တတိယမြောက် ဈေးအကြီးဆုံးဖြစ်တယ်။ ဒါပေမဲ့ ၁၉၉၉ ကနေတွက်ရင် ကျလာနေတယ်။ ပတ်ဝန်းကျင်၊ လူနေမှုပုံစံ၊ အစားအသောက်၊ လေ့ကျင့်ခန်း၊ ဆေးလိပ်မသောက်ခြင်း၊ ဆေးစစ်ခြင်းတွေကြောင့် ကျလာတာ ဖြစ်မယ်။

4. Mental Disorders: $72.1 Billion (၄) စိတ်ဝေဒနာ = ဒေါ်လာ ၇၂့၂ ဘီလျန်
အမေရိကားမှာ စိတ်ဝေဒနာသည်တွေ တိုးလာနေတယ်။ ၁၉၉၆ တုံးက လူနာ ၁၉ သန်းရှိခဲ့ရာကနေ ၂ဝဝ၆ မှာ ၃၆ သန်း အထိရှိလာတယ်။ လူကြီးထဲက ၂၆% မှာ စိတ်ဓါတ်ကျရောဂါ ဖြစ်နေကြတယ်။

5. Joint Disorders: $57 Billion (၅) အဆစ်ရောဂါများ = ဒေါ်လာ ၅၇ ဘီလျန်
ထိခိုက်မှုမရှိဘဲနဲ့ အရိုး-အဆစ်နာတာ ဥပမာ Osteoarthritis ဖြစ်တာမနည်းပါ။ သန်း ၅ဝ ရှိတယ်။ အသက်ရသူတွေ ပိုဖြစ်တယ်။ အမျိုးသမီးတွေမှာ ကိုယ်အလေးချိန်ချတာ ကောင်းတယ်။

6. COPD and Asthma: $53.7 Billion (၆) အသက်ရှူလမ်း ပိတ်ဆို့ရောဂါများ နှင့် ပန်းနာ = ဒေါ်လာ ၅၃့၇ ဘီလျန်
နာတာရှည် အသက်ရှူလမ်းပိတ်ဆို့ရောဂါတွေထဲမှာ Emphysema (အင်ဖိုက်ဆီးမား) နဲ့ Chronic bronchitis နာတာရှည် လေပြွန်ရောင်ရောဂါတွေပါတယ်။ သူတို့ထဲက ၈၅% ဟာ ဆေးလိပ်သောက်သူတွေ ဖြစ်တယ်။ အမေရိကန် ၁၅% မှာ ပန်းနာရှိတယ်။

7. Hypertension: $47.4 Billion (၇) သွေးတိုးရောဂါ = ဒေါ်လာ ၄၇့၎ ဘီလျန်
အမေရိကန် ၇၄့၅ သန်းကျော်မှာ သွေးတိုးရှိတယ်။ ၂ဝဝ၇-၂ဝဝဂ တုံးကထက် ၅ဝ% နဲ့ ၁၉၈၈-ေ၉၉၄ ကထက် ၂၇% ကျဆင်းလာတယ်။ ကိုယ်အလေးချိန် ထိန်းတာ၊ ဆား လျှော့စားတာ၊ အရက် လျှော့သောက်တာ၊ အသီးအနှံ-အသီးအရွက် စားတာတွေကြောင့် ဖြစ်မယ်။

8. Diabetes: $45.9 Billion (၈) ဆီးချို = ဒေါ်လာ ၄၅့၉ ဘီလျန်
အမေရိကန် ၂၆ သန်းနီးပါ။မှာ ဆီးချိုရှိကြတယ်။ ၂၇% က အသက် ၆၅ နှစ်ကျော်ပြီ။ ဆီးချိုရှိနေသူတွေ နှလုံးရောဂါ၊ ကျောက်ကပ်ရောဂါ၊ မျက်စိကွယ်တာ၊ ခြေ-လက်ဖြတ်ရတာတွေ ဆက်ဖြစ်လာနိုင်တယ်။

9. Hyperlipidemia: $38.6 Billion (၉) အဆီများရောဂါ = ဒေါ်လာ ၃၈့၆ ဘီလျန်
အဆီတွေဖြစ်တဲ့ Cholesterol နဲ့ Triglycerides တွေ များတာမကောင်းပါ။ အမေရိကန် ၁ဝ၂ သန်းမှာ (ကိုလက်စထော) များနေကြတယ်။ သွေးလွှတ်ကြောတွေကို ကျဉ်းစေတယ်။ နှလုံးရောဂါ နဲ့ (စထုပ်ခ်) ဖြစ်လာစေမယ်။

10. Back Problems: $35 Billion (၁ဝ) ခါးနာရောဂါ = ဒေါ်လာ ၃၅ ဘီလျန်
လူတိုင်းလိုလို တသက်မှာ အနည်းဆုံးတခါ ခါးနာဘူးကြတယ်။ အသက် ၃ဝ-၅ဝ ကြားအဖြစ်များတယ်။ တချို့က ခိုက်မိလို့ဖြစ်ရတယ်။ တချို့က ဇရာသဘောကြောင့် ဖြစ်တယ်။

11. Normal Childbirth: $35 Billion (၁၁) ရိုးရိုးသားဖွါးခြင်း = ဒေါ်လာ ၃၅ ဘီလျန်
အမေရိကားမှာ ဆေးရုံတက်ရတဲ့ အကြောင်းရင်းထဲက နံပါတ် (၁) ဟာ ကလေးမီးဖွါးဘို့ဖြစ်တယ်။ တနှစ်မှာ ကလေးပေါင်း ၄့၁ သန်း မွေးနေတယ်။ ရိုးရိုးကလေးမွေးဘို့ ဒေါ်လာ ၇၆ဝဝ ကုန်တယ်။ မလိုအပ်ဘဲ ခွဲမွေးနေကြလို့ အပို ၂့၅ ဘီလျန် ကုန်နေတယ်လို့ ခန့်မှန်းတယ်။

ESL အင်္ဂလိပ်စာ

ကျောင်းစဖွင်ပြီလို့ရေးတော့ မေးပါတယ်။ ဘာသင်တဲ့ကျောင်းလဲ ဆရာတဲ့။  ကျောင်းအကြောင်း နည်းနည်း နည်းနည်း ရေးထားပြီး။ တယောက်က မေးဖူးတယ်။ အခုမှ...