ကျန်းမာရေးနဲ့ဆေးပညာ မေးလိုတာရှိပါက

ဒီဘလော့ခ်ထဲကစာတွေကို တခြားနေရာမှာ ကျွန်တော့်ခွင့်ပြုချက်မပါဘဲ ကူးယူပြီး မတင်ဘို့ စည်းကမ်း သတ်မှတ်ထားပါတယ်။

ကျန်းမာရေး နဲ့ ဆေးပညာ မေးလိုတာရှိပါက
• ဖြစ်တဲ့သူရဲ့ အသက်၊ ကျား-မ ပြောပါ။ ရောဂါလက္ခဏာ ၁-၂-၃။ တခုတိုင်းက ဘယ်လောက် ကြာပြီ။
• လိုအပ်ရင် ကျန်းမာရေးရာဇဝင်၊ ဓါတ်မှန်၊ (အာလ်ထွာဆောင်း)၊ ဆေးစစ်ချက်၊ လိုအပ်ရင် အိမ်ထောင်၊ ကလေး၊ ရှိ-မရှိ။ နေတဲ့တိုင်းပြည်၊ မြို့ထည့်ရေးပါ။ လူနာမည်၊ နေရပ်လိပ်စာအတိအကျ ကိစ္စမရှိပါ။
• ဆေးနာမည်ရေးရင် Trade name ကုမ္ပဏီကပေးတဲ့နာမည်သာမက Generic name ဆေးနာမည် ထည့်ရေးပါ။
• ဆေးစာ၊ ဆေးစစ်ချက်၊ ဝေဒနာတွေကို စကန်လုပ်ပြီးဖြစ်ဖြစ်၊ ဓါတ်ပုံရိုက်လို့ဖြစ်ဖြစ် ပို့နိုင်ပါတယ်။ ဓါတ်ပုံကို ခွင့်မယူဘဲ အသုံးမချပါ။
• အိမ်ထောင်ရေးနဲ့ လိင်ပိုင်းဆိုင်ရာမေးခွန်းတွေကို Facebook ကနေ မမေးပါနဲ့ မဖြေပါ။ တိုက်ရိုက်သာမေးပါ။
• အီးမေးလ် အခက်အခဲရှိလို့ Facebook message မှာဖြစ်ဖြစ် Chat box မှာဖြစ်ဖြစ်ရေးရင်လဲ အားသလား၊ မေးလို့ရလား ရေးမနေဘဲ၊ တခါတည်း မေးခွန်းသာရေးလိုက်ပါ။
• Facebook Comment ကနေမေးတာ-ဖြေတာ အဆင်မပြေပါ။
စာရှည်ရေးမရပါ။ သူများတွေကို အနှောင့်အယှက်ဖြစ်နိုင်ပါတယ်။
• နာမ်စားသုံးတာမှာ ကိုယ်ကိုယ်ကို ‘သား’၊ ‘သမီး’ လို့ သုံးရင် မေးတဲ့သူရဲ့ သားသမီးလား ထင်မှတ်မှားနိုင်တာသတိပြုပါ။
• SMS အရေးအသားမျိုးကို မဖတ်ပါ။ မြန်မာစကားကို အင်္ဂလိပ်စာလုံးနဲ့ရေးတာကို မဖတ်ပါ။
• ဘလော့ခ် နဲ့ ဖေ့စ်ဘွတ်မှာ အမေး-အဖြေတွေကိုသုံးတဲ့အခါ မေးတဲ့သူရဲ့ ကိုယ်ရေး အချက်အလက်တွေ မပါစေရပါ။
• ဖုန်းဆက်ပြီးမေးရင် Time zone မတူတာရော၊ အသံထွက် လွဲနိုင်တာရောကြောင့် အဆင်မပြေပါ။ ကျွန်တော့်မှာ Viber မရှိပါ။ ဖေ့စ်ဘွတ် ဖုန်း-ဗီဒီယို အဆင်မပြေပါ။ Skype ကိုတော့ နိုင်ငံရေးနဲ့ မိသားစုအတွက်သာသုံးပါတယ်။
drswe01@gmail.com ကို (အီးမေးလ်) ပို့ပါ။

(ဘလော့ခ်) တွေထဲ ဝင်ဖတ်ဘို့ အကြံပြုပါတယ်။
- http://dts-medicaleducation.blogspot.in/ ဆေးပညာစာများ
- http://yamuna-online-clinic.blogspot.in ယမုန်နာ ဆေးခန်း
- http://my-sayawun-life.blogspot.in/ ဆရာဝန်ဘဝ အမှတ်ရတာတွေ
- http://dts-political-page.blogspot.in/ နိုင်ငံရေး စာမျက်နှာ
- http://www.facebook.com/pages/Dr-Tint-Swe/490031307758025?skip_nax_wizard=true ဖေ့စ်ဘွတ်
- https://tintswe.wordpress.com/ Dr. Tint Swe ဒေါက်တာတင့်ဆွေ ဆေးပညာစာများ

Wednesday, June 6, 2012

Q and A June 2012 (1)

1. ဆရာရဲ့ Blog မှာ မေးထားတဲ့လူအတိုင်းပဲ ကျွန်တော့်အဖြစ်နဲ့က တော်တော်တူနေပါတယ်။
2. ကျွန်တော်အခု လိပ်ခေါင်းဖြစ်နေတယ်။
3. သမီးအဖေ ဒီနေ့ နေ့လည်က လက်ကိုစက်နှင့် ထိခိုက်မိတဲ့အတွက် လက်သူကြွယ် ပြတ်လုနီးပါးဖြစ်သွားပါတယ်။
4. ကျွန်တော့် ညာဘက် တင်ပါးဆုံအရိုး ထိပ်နားလေးက နာနာနေလို့ပါ။
5. I am (့) and 26 years old.
6. ကျွန်တော်လည်း ရောဂါကို တိတိကျကျ မသိပါဘူး။
7. ကျွန်တော့် အမေက ဒီနေ့ညနေက ရင်သားကင်ဆာ ရှိနေတယ်လို့ သိရပါတယ်။

Mon, Jun 4, 2012 at 10:14 PM
ဆရာရဲ့ Blog မှာ မေးထားတဲ့လူအတိုင်းပဲ ကျွန်တော့်အဖြစ်နဲ့က တော်တော်တူနေပါတယ်။ ၂၀၀၈ ခုနှစ်တုန်းက ကျွန်တော့်မှာ တီဘီဖြစ်လို့ ဆေးကို ၈ လလောက် စနစ်တကျသောက်ခဲ့ပါတယ်။ ၈ လပြည့်တော့ တီဘီဆေးရုံက ဆေးပြန်စစ်ပြီး ပျောက်ပြီလို့ပြောပါတယ်။ အခုလူမှာလဲ တခြားဘာမှမဖြစ်ပဲ ကျန်းကျန်းမာမာ၀၀ဖြိုးဖြိုးပါပဲ။ အခု ကျွန်တော်က (့) နိုင်ငံကို အလုပ်ရှာလုပ်ဖို့ ရောက်နေပါတယ်။ အလုပ်လဲရပါပြီ။ ဒါပေမယ့် ကဒ်ထုတ်ဖို့ ဆေးစစ်ချက်တော့ ကျန်သေးတယ်။ ဆေးကလဲ၂-၆-၂၀၁၂ နေ့က စစ်ထားပါတယ်။ သိချင်တာက ကျွန်တော့် အဆုတ်မှာလဲ အမာရွတ်ရှိနေနိုင်တာပေါ့နော်။ အဲ့လို အမာရွတ်ရှိနေပြီး ရောဂါကမရှိတော့ရင်လဲ ဒီက ဓါတ်မှန်ဆရာဝန်တွေက ဆေးအအောင်ပေးပါ့မလား။ တကယ်လို့ ဆေးမအောင်ရင် ကျွန်တော် ဘာဆက်လုပ်နိုင်ပါသေးလဲ။

ဆရာဝန်တွေ၊ ဆေးရုံတွေ၊ ဆေးစစ်ဌာနတွေက မတူကြပါ။ အမေရိကားသွားမဲ့သူတွေကို အဲလိုတွေ့ရင် (၁) မထွက်ခင် ဆေးပါတ်လည်အောင်ထပ်သောက်ခိုင်းတယ်။ (၂) ဟိုရောက်ရင်ဆေးကုဘို့ မှတ်ချက်ပေးတယ်။ တခြားနိုင်ငံနဲ့ တခြား ဆေးစစ်ဌာနတွေကို ကျွန်တော်သိပ်မသိပါ။ ဒီရောဂါဟာ ဆေးကုလို့ရတာဖြစ်လို့ တကြိမ်မှာ အဆင်မပြေသေးလဲ နောက်တကြိမ်မှာ ပြောနိုင်တာမျိုးလဲ ကြုံကြတယ်။

Tue, Jun 5, 2012 at 1:43 PM
ကျွန်တော်အခု လိပ်ခေါင်းဖြစ်နေတယ်။ ဝမ်းသွားပြီးတိုင်း လိပ်ခေါင်းက တော်ယုံနဲ့ ပြန်မဝင်ဘူး။ အခု ကျွန်တော် Proctosedyl suppotorisities သုံးတယ်။ သက်သာပါတယ်။ ဒါပေမဲ့ အကောင်းပြန်မဖြစ်သေးဘူး။ နောက်ပြီး Daflon 500mg သောက်ပါတယ်။ ဒါပေမဲ့ ကျွန်တော် သောက်တာ Dose မှားနေတယ်။ အဲဒါ ဘယ်လို သောက်ရလဲ ဆိုတာညွန်ပြပေးပါ။

လိပ်ခေါင်းရောဂါအကြောင်းတွေ ဖတ်ပြီးဖြစ်မယ် ထင်ပါတယ်။ Daflon စားဆေးကို သွေ;ပြန်ကြောရောဂါတွေအတွက် သုံးတယ်။ လိပ်ခေါင်းကလဲ သွေးပြန်ကြောတွေကနေ ဖြစ်တယ်။ ဆေးထဲမှာ 90% Diosmin and 10% Flavonoids တွေပါတယ်။ Daflon 500mg ကို တနေ့ ၂ ပြား ပေးလေ့ရှိတယ်။
• Piles လိပ်ခေါင်းရောဂါ အမေး-အဖြေများ
• Piles (Hemorrhoids) Treatment လိပ်ခေါင်းကုနည်းများ

Tue, Jun 5, 2012 at 5:04 PM
သမီးအဖေ ဒီနေ့ နေ့လည်က လက်ကိုစက်နှင့် ထိခိုက်မိတဲ့အတွက် လက်သးကြွယ် ပြတ်လုနီးပါးဖြစ်သွားပါတယ်။ လက်နှစ်ဆစ်လောက် ထိလို့ပြောပါတယ်။ ဆေးရုံကြီးမှာပါ ဆရာဝန်က ည ၇ ခွဲမှ အားမယ်ဆိုလို့ ခုက ပတ်တီး အုပ်ပြီးတော့ ရေခဲထည့်ထားပါတယ်။ အဖေက ခုသွေးလည်း တိုးနေပါတယ်။ ဘယ်လိုလုပ်ရင် ပိုကောင်းမလဲ။ အခြေအနေကကော ဘယ်လိုဖြစ်နိုင်မလဲ။ သမီးအဖေက နယ်ရောက်နေလို့ပါ။ အရမ်းစိုးရိမ်မိပါတယ်။
Sorry! ဆရာလဲ ဆေးခန်းကပြန်မှ ဖတ်နိုင်တယ်။ ခုလောက်ဆို ဆရာဝန်ကကြည့်ပြီးဖြစ်မှာပေါ့။ ချုပ်ရမယ်ထင်တယ်။ ဘယ်အထိ ထိခိုက်သလဲတော့ အသေအခြာ မကြည့်ရလို့ မှန်းပြောရတာဖြစ်တယ်။ အရိုးထိရင် တည့်အောင်လုပ်-ထားပြီး ငြိမ်အောင် တခုခု လုပ်ပေးမယ်။ ဖြစ်တဲ့နေရအပေါ်မူတည်ပြီး အနေအထားရွေးမယ်။ ပြတ်သွားတာထဲမှာ လက်ကို ကွေးနိုင်-ဆန့်နိုင်တဲ့ အကြောပါသွားရင် ပြန်ဆက်ပေးရမယ်။ မေးခိုင်ကာကွယ်ဆေးလဲထိုးမယ်။ ပိုးသေဆေး နဲ့ အနာသက်သာဆေးတွေလဲပေးမယ်။

Sun, Jun 3, 2012 at 5:49 PM
ကျွန်တော့် ညာဘက် တင်ပါးဆုံအရိုး ထိပ်နားလေးက နာနာနေလို့ပါ။ တချို့ကလည်း ဘေလုံကျတာလို့ ပြောပါသည်။ တပါတ်နှစ်ပါတ်လောက်ပဲရှိပါသေးတယ်။ အမြဲတန်းတော့ မဟုတ်ပါ။ လှုပ်လှုပ်ရှားရှား လုပ်ပါများတဲ့အခါတွေမှာပါ။ တင်ပါးဆုံးရိုးထိပ်နဲ့ ချက်ရဲ့ညာဘက်စောင်း နားကပါ။

နေရာပြောတာ မရှင်းပါ။ တင်ပါးဆုံရိုးထိပ်ဆိုရင် အရိုးအနီးအနားလို့ထင်ရတယ်။ ဘေလုံးဆိုတာ ဗိုက်။ ဗိုက်မှာလဲ ဘယ်ဘက် အတက်နား။ ဘယ်ဘက်နံရိုးအောက်တာဖြစ်တယ်။ အရိုးထိပ်နဲ့ ချက်ဆိုတော့ တမျိုးဖြစ်နေပြန်ရော။ ချက်ညာဘက်အောက်နား ဗိုက်မှာဆိုရင် အူအတက်နဲ့ နီးနေတယ်။ နေရာကို သေသေခြာခြာပြောပါအုံး။

ဆရာ အထက်ကပြောသလိုပါ ချက်ရဲ့ ညာဘတ်အောက်နား ဗိုက်ကပါ။ တခါတခါပါ လေးကျင့်ခန်း ပြင်းပြင်းလေးတွေ လုပ်ပြီးတဲ့အခါပါ။ လေ့ကျင်းခန်း မလုပ်ပြန်ရင်လည်း အောက်ပိုင်း ပိုင်းအကြောတွေ တင်းပြီး ညောင်းညာပြီး နေလို့ထိုင်လို့ မကောင်းပါ။ ချက်ရဲ့ညာဘက်အောက်နားက လေကျင့်ခန်းလုပ်ပြီးလို့ နာတာကတော့ သုံးပါတ်လောက်ဘဲ ရှိပါသေးတယ်။ ဘယ်လို လိုက်နာရှောင်ကျင်ရမယ်ဆိုတာ ပြန်ပေးစေလိုပါသည်။

ပြောတဲ့အတိုင်းဆိုရင် အူအတက်နေရာဖြစ်တယ်။ ယောက်ျားဆိုရင် ပိုရှင်းသေးတယ်။ မိန်းမဆိုရင် ညာဘက် မျိုးဥအိမ်ကိုပါ စဉ်းစားရအုံးမယ်။ အူအတက်ပြောလို့ စိုးရိမ်စိတ်မကြီးစေချင်ပါ။ အူအတက်ရောဂါဟာ အဆင့်အမျိုးမျိုးရှိတယ်။ ချက်ချင်း ခွဲစိတ်ရတာနဲ့ စောင့်ကြည့်ရတာရှိတယ်။ တချို့ အလိုလို သက်သာသွားတတ်သေးတယ်။ ရောဂါခံစားရတာ တခုတည်းနဲ့တော့ အူအတက် ဟုတ်-မဟုတ်၊ ဟုတ်ရင်လဲ ဘယ်အခြေအနေ ဆိုတာ မပြောနိုင်သေးပါ။

နာတယ်လို့ ပြောကြတာကို ဆေးပညာမှာ ၂ မျိုးရှိတယ်။ Pain ဆိုတာ လူနာကခံစားရလို့ နာတာ နဲ့ Tenderness ဆိုတာ ဆရာဝန်ကဖိကြည့်မှ နာတာဖြစ်တယ်။ အူအတက်ရောင်ရင် ၂ မျိုးလုံးကို ခံစားရမယ်။ သံကောင်ကြောင့်နာတာမျိုးက ဖိကြည့်လဲ ပိုမနာဘူး။ လေနာဆိုရင် ဖိပေးလို့ သက်သာသွားတာလဲ ဖြစ်နိုင်သေးတယ်။ အူအတက်ရောင်နေရင် ကိုယ်အပူချိန်တက်နိုင်တယ်။ ဆရာဝန်က မေးမြန်းတာ၊ စစ်ဆေးတာလုပ်လို့ မသေခြာသေးရင် (အာလ်ထွာဆောင်း) ရိုက်ရအုံးမယ်။

Wed, Jun 6, 2012 at 9:08 AM
I am (့) and 26 years old. Currently, I am living in (့). I am married but no children yet. I am very lucky and happy to know your Blog. This morning I read about Encephalitis. Then I have got idea to ask you about my health. Sometime i can't breathe very well and sometime I feel pain from my heart. I am suffering like this for a long time. Moreover I also got headache, sometime can be one week or two week so I can't concentrate in my study anymore.

You are welcome! But I can't guess correctly you are a male or female because your name is common So it makes me difficult to figure out your complaints as there are differences between men and women.

Your complaints are (difficult breathing, heart pain, and headache). These symptoms come from three different systems. So it makes me more difficult to diagnose. I need to know more about your health background Have you consulted a doctor? What are the tests and medicines?

I am female. In the past, when I check with doctors, they said cardiovascular disease but that is over 8 years ago. Now I'm not sure because I haven't check again. Sometimes I feel chest pain and shortness of breath. Here, it is very difficult for me to explain the doctor because they are (့).
Good to know more about my patient. There are many cardiovascular diseases. It means heart and blood vessels. I need to know your heart rate, heart sounds and blood pressure X-ray or Ultrasound? Shortness of breath is sign of those diseases.

Can you work or walk like your friends of the same age? Is your monthly menstrual circle regular If you are serious to know from me you have to tell me more about you I mean including reproductive information.

Thu, Jun 7, 2012 at 4:11 PM
ကျွန်တော်လည်း ရောဂါကို တိတိကျကျ မသိပါဘူး။ ဆေးရုံတက်တဲ့ စာရွက်ကို တောင်းရတယ်။ အဲဒါ စကင်ဖတ်ပြီး ပို့လိုက်တာ ဘယ်လိုရောပါဘဲဖြစ်ဖြစ် ပြောပြပါ။ ဘယ်လိုလုပ်ရမယ်ဆိုတာလဲ ပြောပြပါ။ ဘယ်လို ဆေးမျိုးကို သုံးသင့်သလဲဆိုတာကိုရော ပြေပါ။ အခုလက်ရို လုနာဖြစ်နေတာက ဗိုက်လဲရောင်တယ်၊ ခြေထောက်တွေလဲ ရောင်တယ်။ တချို့ကတော့ ရေဖျင်းလိုလဲပြောတယ်။ အသည်းလဲခြောက်တယ်။ ဘယ်လို လုပ်သင့်သလဲ။ ဆေးမှတ်တမ်း အရတော့ စီပိုးလဲ ရိုနေတယ်ထင်တယ်။ လူနာအသက်ကတော့ ၆၁ နှစ်ပါ။ ဗိုက်ကလဲ တခါခါအောင့်တယ်တဲ့။ တိုင်းရင်းဆေး ရိုရင်လဲ ပြောပါ။ တကယ်လို့ ရောဂါဟာ အခြေအနေဆိုးတယ်ဆိုရင်လဲ ပြောပြပါ။

Heart Failure နှလုံးအလုပ် နိုင်အောင်မလုပ်နိုင်တာက လက်ရှိဂရုစိုက်ရမဲ့ရောဂါဖြစ်တယ်။ စီပိုးလဲရှိတယ်။ ကိုယ်ရောင်၊ မော၊ ချောင်းဆိုး စတာတွေက နှလုံးကြောင့်ဖြစ်တယ်။ နာတာရှည်ရောဂါကြီးတခုဖြစ်တယ်။ ဖြစ်နေတာကြာပြီ။ ကုပေးနေတဲ့ဆရာဝန်ကနေ ညွှန်ပါလိမ့်မယ်။ အသဲရောဂါတွေအတွက် တိုင်းရင်းဆေး ပေးတာ မသင့်လှပါ။ အသဲဆိုတာ မသင့်တာတွေ အဆိပ်အတောက်တွေကို ချေဖျက်ပေးတယ်။ သူက ကောင်းကောင်းမလုပ်နိုင်ရင် မသင့်တာတွေ အဆိပ်အတောက်တွေကို ရှောင်နိုင်လေကောင်းလေဖြစ်တယ်။ ဆရာဝန်တွေက တိုင်းရင်းဆေးတွေထဲမှာ ဘာတွေ ပါတယ်ဆိုတာ သိပ်မသိလို့ တားတယ်။ နှလုံးအတွက်ကတော့ အငန်လုံးဝရှောင်ရမယ်။ နားနေရမယ်။ ဆေးအမြဲကုသနေရမယ်။
• Hepatitis C (1) (စီ) ပိုး (၁)
• Hepatitis C (2) (စီ) ပိုး နောက်ဆက်တွဲ
• Hepatitis C (3) (စီ) ပိုး (ဗိုင်ရယ်လ်-လုဒ်)

Thu, Jun 7, 2012 at 8:59 PM
ကျွန်တော့် အမေက ဒီနေ့ညနေက ရင်သားကင်ဆာ ရှိနေတယ်လို့ သိရပါတယ်။ အစကတော့ ဓာတ်မှန်ရိုက်ပြီး ကင်ဆာမဟုတ်နိုင်ပါကြောင်း၊ ရိုးရိုးအကျိတ်ဖြစ်ပါတယ်လို့ ဆရာဝန်ကပြောလို့ ခွဲစိတ်ကုသမှုကို လက်ခံလိုက်ပါတယ်။ ဒါပေမဲ့ ခွဲစိတ်ပြီး ၃ ရက်ကြာ အဖြေထွက်လာတော့ ကင်ဆာလို့ ပြောပါတယ်။ ကျွန်တော်တို့ တိုင်ပင်နေတာကတော့ အဲဒီဆရာဝန်နဲ့ပဲ ခွဲစိတ်ရမလား၊ ဒါမှမဟုတ် ဘန်ကောက်မှာ သွားခွဲစိတ် ဖြတ်တောက်ရမလား။ အဆင့်(၁)တော့ ကျော်နေတယ်ပြောပါတယ်။ စဖြစ်တာကလဲ လွန်ခဲ့တဲ့ သုံးလကျော်လောက်ကပါ။

• Breast Cancer ရင်သား-ကင်ဆာ
• Breast Cancer and Mammograms ရင်သား-ကင်ဆာအတွက် (မင်မို-ဂရမ်)
• Breast Cancer Treatment regimes ရင်သား-ကင်ဆာ ကုထုံးများ
• Breast Cancer Today ရင်သား-ကင်ဆာ အရင်ကနဲ့မတူပါ