ကျန်းမာရေးနဲ့ဆေးပညာ မေးလိုတာရှိပါက

ဒီဘလော့ခ်ထဲကစာတွေကို တခြားနေရာမှာ ကျွန်တော့်ခွင့်ပြုချက်မပါဘဲ ကူးယူပြီး မတင်ဘို့ စည်းကမ်း သတ်မှတ်ထားပါတယ်။

ကျန်းမာရေး နဲ့ ဆေးပညာ မေးလိုတာရှိပါက
• ဖြစ်တဲ့သူရဲ့ အသက်၊ ကျား-မ ပြောပါ။ ရောဂါလက္ခဏာ ၁-၂-၃။ တခုတိုင်းက ဘယ်လောက် ကြာပြီ။
• လိုအပ်ရင် ကျန်းမာရေးရာဇဝင်၊ ဓါတ်မှန်၊ (အာလ်ထွာဆောင်း)၊ ဆေးစစ်ချက်၊ လိုအပ်ရင် အိမ်ထောင်၊ ကလေး၊ ရှိ-မရှိ။ နေတဲ့တိုင်းပြည်၊ မြို့ထည့်ရေးပါ။ လူနာမည်၊ နေရပ်လိပ်စာအတိအကျ ကိစ္စမရှိပါ။
• ဆေးနာမည်ရေးရင် Trade name ကုမ္ပဏီကပေးတဲ့နာမည်သာမက Generic name ဆေးနာမည် ထည့်ရေးပါ။
• ဆေးစာ၊ ဆေးစစ်ချက်၊ ဝေဒနာတွေကို စကန်လုပ်ပြီးဖြစ်ဖြစ်၊ ဓါတ်ပုံရိုက်လို့ဖြစ်ဖြစ် ပို့နိုင်ပါတယ်။ ဓါတ်ပုံကို ခွင့်မယူဘဲ အသုံးမချပါ။
• အိမ်ထောင်ရေးနဲ့ လိင်ပိုင်းဆိုင်ရာမေးခွန်းတွေကို Facebook ကနေ မမေးပါနဲ့ မဖြေပါ။ တိုက်ရိုက်သာမေးပါ။
• အီးမေးလ် အခက်အခဲရှိလို့ Facebook message မှာဖြစ်ဖြစ် Chat box မှာဖြစ်ဖြစ်ရေးရင်လဲ အားသလား၊ မေးလို့ရလား ရေးမနေဘဲ၊ တခါတည်း မေးခွန်းသာရေးလိုက်ပါ။
• Facebook Comment ကနေမေးတာ-ဖြေတာ အဆင်မပြေပါ။
စာရှည်ရေးမရပါ။ သူများတွေကို အနှောင့်အယှက်ဖြစ်နိုင်ပါတယ်။
• နာမ်စားသုံးတာမှာ ကိုယ်ကိုယ်ကို ‘သား’၊ ‘သမီး’ လို့ သုံးရင် မေးတဲ့သူရဲ့ သားသမီးလား ထင်မှတ်မှားနိုင်တာသတိပြုပါ။
• SMS အရေးအသားမျိုးကို မဖတ်ပါ။ မြန်မာစကားကို အင်္ဂလိပ်စာလုံးနဲ့ရေးတာကို မဖတ်ပါ။
• ဘလော့ခ် နဲ့ ဖေ့စ်ဘွတ်မှာ အမေး-အဖြေတွေကိုသုံးတဲ့အခါ မေးတဲ့သူရဲ့ ကိုယ်ရေး အချက်အလက်တွေ မပါစေရပါ။
• ဖုန်းဆက်ပြီးမေးရင် Time zone မတူတာရော၊ အသံထွက် လွဲနိုင်တာရောကြောင့် အဆင်မပြေပါ။ ကျွန်တော့်မှာ Viber မရှိပါ။ ဖေ့စ်ဘွတ် ဖုန်း-ဗီဒီယို အဆင်မပြေပါ။ Skype ကိုတော့ နိုင်ငံရေးနဲ့ မိသားစုအတွက်သာသုံးပါတယ်။
drswe01@gmail.com ကို (အီးမေးလ်) ပို့ပါ။

(ဘလော့ခ်) တွေထဲ ဝင်ဖတ်ဘို့ အကြံပြုပါတယ်။
- http://dts-medicaleducation.blogspot.in/ ဆေးပညာစာများ
- http://yamuna-online-clinic.blogspot.in ယမုန်နာ ဆေးခန်း
- http://my-sayawun-life.blogspot.in/ ဆရာဝန်ဘဝ အမှတ်ရတာတွေ
- http://dts-political-page.blogspot.in/ နိုင်ငံရေး စာမျက်နှာ
- http://www.facebook.com/pages/Dr-Tint-Swe/490031307758025?skip_nax_wizard=true ဖေ့စ်ဘွတ်
- https://tintswe.wordpress.com/ Dr. Tint Swe ဒေါက်တာတင့်ဆွေ ဆေးပညာစာများ

Thursday, June 14, 2012

Q and A June 2012 (3)

1. ကျနော့် အသက် ၂၁ ပါ၊ သူများတွေလို မျက်နှာပြည့်ပြည့်ဖြိုးဖြိုး မရှိပါဘူး။
2. ဒုတိယမေးခွန်းက သမီးသူငယ်ချင်းက ခေါင်းမူးရိပ်မူးရိပ်ဖြစ်နေတယ်ဆိုတဲ့ မေးခွန်းပါ။
3. ကျွန်တော်သည် တာဝန်ထမ်းဆောင်နေသော အရာထမ်းတစ်ဦးဖြစ်ပါသည်။
4. အပျိုတုန်းကရော ဗိုက်ကြီးတုန်းကပါ တင်းတိပ်မရှိခဲ့ဘူး။
5. ကျွန်တော့် ကောင်မလေးက အသက်၂၃ နှစ်ရှိပါပြီ။
6. ကျနော့်အသက် ၃ဝ ပါ။ တခါတလေ စအိုအပေါက်နေရာမှာ အရမ်းယားယားနေပါသည်။
7. ကျွန်မ အမေက သားအိမ်ထုတ်ထားတာ တစ်လကျော်ပဲရှိသေးတယ်။
8. မွေးရာပါမျက်စိ Bifocals ရှိပါတယ်။
9. သမီးအမေက အသက် ၆၆ နှစ်ရှိပါပြီ။
10. သမီး ခဏခဏဗိုက်ဆာနေပါတယ်။

Wed, Jun 13, 2012 at 8:34 PM
ကျနော့် အသက် ၂၁ ပါ၊ သူများတွေလို မျက်နှာပြည့်ပြည့်ဖြိုးဖြိုး မရှိပါဘူး။ ပါးချောင်နဲနဲ ကျပြီးတော့ မျက်တွင်း ဟောက်ပါတ်နဲ့ပါ။ လူကလည်း အရပ်ရှည်ပြီး ပိန်ပါတယ်။ ကျနော် အသက် ၂၅ ရောက်ရင် သွေးသားပြောင်းလည်းလာပြီး ဝလာနိုင်ပါသလား။ အခု ကျနော် weight gain သောက်ရင် ဝလာနိုင်ပါသေးလား။ ကျနော့်မှာ ဆေးစစ်ကြည့်တော့ ကျန်းမာရေး ကောင်းပါတယ်။ လူရော မျက်နှာပါ ပြည့်လာအောင်ဘယ်လို အစားအသောက်တွေ စားရမလည်း။ အရပ်က ၅ ပေ ၁၁ လောက်ရှိတယ်။ ပေါင်ချိန်က ၁၂ဝ ပဲရှိတယ်။ ဘီအမ်အိုင်က ၁၇့၅ လောက်ပဲရှိတယ်။ အလေးမ အားကစား သွားလုပ်ရမလား။

အရိုးသားဆုံးကို စပြောရရင် မိမွေးတိုင်းကို ပြုပြင်တယ်ဆိုတာ အလွန်မတန် ခက်ခဲပါတယ်။ ဒုတိယအချက်က ကျန်းမာနေတာဟာ ရှည်တာ၊ တိုတာ၊ ပိန်တာ၊ ဝတာတွေထက် အဖြစ်သင့်ဆုံး အရာဖြစ်ပါတယ်။ တတိယအချက် အဲလိုမျိုး ပိန်ဆေး၊ ဝဆေး၊ ရှည်ဆေး၊ ကြီးဆေး စတာတွေမှန်သမျှ ဆရာဝန်တိုင်းကနေ အသိအမှတ်ပြုထားတွေ မဟုတ်တာက များတယ်။ အမေရိကားမှာ FDA ကနေ အသိအမှတ်ပြုတာ မဟုတ်ရင် မသုံးသင့်ဘူး။ မြန်မာပြည်မှာရော နိုင်ငံအေတ်ာများများမှာပါ FDA လို အစိုးရအဖွဲ့အစည်းတွေ ရှိပါတယ်။ ဆေးမှန်သမျှထဲမှာ ဟော်မုန်းပါတာတွေကို အထူးသတိထားရမယ်။ ဆရာဝန် စောင့်ကြည်မှုနဲ့သာ အတိအကျ ဆေးပေးရတယ်။

မျက်စိအောက်တင် ဝဆေးသောက်လို့ တကယ်ဝသွားသူတွေ ရှိပါတယ်။ အရပ်စကားကို နားထောင်ပြီး သောက်တာတွေ ဖြစ်တယ်။ လူဆေးမဟုတ်တာမျိုးသောက်လို့ အကောင်နဲ့တူအောင် ဝတာမို့ ပြန်ပြင်လို့မရတော့ဘဲ လူမပိန်ဘဲ စိတ်ပိန်နေတော့တယ်။

ပိုရှည်ချင်သူ၊ ဝချင်သူတွေက ဘာအတွက်အဲလိုဖြစ်ချင်ကြသလဲ။ ကိုယ့်ကိုယ်ကို မှန်ထဲကြည့်လို့ ပြောင်းလဲလာတာကို ကိုယ်တိုင် ကျေနပ်ချင်တာလား။ သူငယ်ချင်းတွေက ချီးမွမ်းတာ ခံချင်တာလား။ အိမ်ထောင်ဘက်၊ သမီးရည်းစား အကြိုက် ဖြစ်ချင်တာလား။ တယောက်နဲ့ တယောက် လိုအင်တွေ မတူကြဘူး။ ပိန်လို့ အပျိုကြီးဖြစ်ရတာ၊ ဝလို့ လူပျိုကြီးဖြစ်နေတာ၊ ရှည်လို့ အထီးကျန်ဖြစ်တာမျိုး မရှိသလောက် နည်းပါတယ်။ ရေးထားတာ မဖတ်ရသေးရင်ဖတ်ပါ။
• Weight gain လှယုံမက ဝချင်သေးရင် http://dts-medicaleducation.blogspot.com/2010/05/weight-gain.html
• Bodily Changes သွေးသားပြောင်းလဲမှုများ http://dts-medicaleducation.blogspot.com/2011/02/bodily-changes.html
• Body building Amino acids (ပရိုတင်း) http://dts-medicaleducation.blogspot.com/2011/01/body-building-amino-acids.html

Wed, Jun 13, 2012 at 9:17 PM
ဒုတိယမေးခွန်းက သမီးသူငယ်ချင်းက ခေါင်းမူးရိပ်မူးရိပ်ဖြစ်နေတယ်ဆိုတဲ့ မေးခွန်းပါ။ အသက်က ၂၄ နှစ်ပါ။ ယောက်ျားလေးပါ။ အိမ်ထောင်မရှိပါ။ ရောဂါလက္ခဏာတွေကတော့ တနေ့လုံး လေတွေ တက်နေပါတယ်။ နေ့တိုင်း ညနေဆိုရင် ခေါင်းမူးရိပ်မူးရိပ် ဖြစ်ပါတယ်။ ဖြစ်တဲ့ကာလကတော့ ၇ လလောက်တော့ ရှိပြီထင်ပါတယ်။ ၇ လထဲမှာ ပျောက်သွားလိုက် ပြန်ဖြစ်လိုက်နဲ့ပါ။ အခုဆိုရင် ဂုတ်ကြောပါတက်ပြီး အုန်းလွဲသလို ဖြစ်နေပါတယ်။ ကျန်းမာရေး ရာဇဝင်တွေဘာတွေတော့ မရှိပါဘူး။ တခါမှလည်း ဆေးမစစ်ဖူးပါဘူး။ နောက်ဆုံးမေးခွန်းက လက်ဖဝါးခြောက်တာနဲ့ ပါတ်သက်လို့ မေးထားတာပါ။

လေတက်တာအတွက် ဒီစာတွေ ဖတ်နိုင်ပါတယ်။
• Gastric Juice အစာခြေအရည် http://dts-medicaleducation.blogspot.in/2012/03/gastric-juice.html
• Gastroesophageal reflux disease (GERD) အချဉ်ရည် အထက်ဆန်ခြင်း http://dts-medicaleducation.blogspot.com/2011/01/gastroesophageal-reflux-disease-gerd.html
• Peptic Ulcer Diagnosis လေနာရောဂါကို ဆေးစစ်ခြင်း http://dts-medicaleducation.blogspot.com/2010/09/peptic-ulcer-diagnosis.html
• Peptic ulcer လေနာ ဆိုတာ ဘုရင်မှာလည်း ဖြစ်သည် http://dts-medicaleducation.blogspot.com/2010/05/peptic-ulcer.html

မူးတယ်ဆိုတာ Blood pressure သွေးဖိအား နဲ့ Anemia (Hemoglobin) သွေးအားနည်းနေ-မနေသိချင်တယ်။

လက်ဖဝါး-ခြေဖါးအမေးဟာ ယောက်ျားအတွက်လား၊ မိန်းမအတွက်လားတော့ မသိပါ။ ဒါတွေကို ဖတ်နိုင်ပါတယ်။
• Cosmetic Procedures လှချင်ရက် စက်စက်ယို (၂) http://dts-medicaleducation.blogspot.in/2012/03/cosmetic-procedures.html
• Beauty Product Dangers အလှအပသုံးပစ္စည်းတွေရဲ့ အမှန်တရား http://dts-medicaleducation.blogspot.in/2012/03/beauty-product-dangers.html
• Beauty Questions လှချင်ရက် စက်စက်ယို (၁) http://dts-medicaleducation.blogspot.in/2012/03/beauty-questions.html

Wed, Jun 13, 2012 at 9:40 PM
ကျွန်တော်သည် တာဝန်ထမ်းဆောင်နေသော အရာထမ်းတစ်ဦးဖြစ်ပါသည်။ အမည်က (့) ဖြစ်ပြီး အသက် (၃၅) နှစ် ကျော်ရှိပါသည်။ အိမ်ထောင်သက် (၅) နှစ်ကျော်ရှိသော်လည်း သားသမီးမရှိသေးပါ။ ဇာတိ (့) မြို့တွင် ဘီ ရောဂါ ကာကွယ်ဆေးကို ၂၂-၈-၂ဝဝ၉ တွင် ပထမအကြိမ်ထိုးပါသည်။ မထိုးခင် ပိုးရှိ-မရှိစစ်ပြီးမှ မရှိသောကြောင့် ထိုးပေးခြင်း ဖြစ်ပါသည်။ ဒုတိယအကြိမ်ကို (့) မြို့တွင် တစ်လအတိအကြာ ၂၂-၉-၂ဝဝ၉ တွင် ဆရာဝန်တစ်ဦးနှင့် ထိုးပါသည်။ ပြင်ပဆိုင်မှ သွားဝယ်ပြီး ဆိုင်ကယ်ဖြင့် ယူလာကာ ဆရာ့အားပေးပြီး အထိုးခံခဲ့ပါသည်။ တတိယအကြိမ်ကို ထိုမြို့ ထိုဆရာဝန်ထံတွင် အထက်ပါနည်းအတိုင်း တစ်လတိတိအကြာ ၂၂-၁ဝ-၂ဝဝ၉ တွင် ထိုးခဲ့ပါသည်။ ထိုးခဲ့သည့် ကာကွယ်ဆေး မှတ်တမ်းကဒ်အား scan ဖတ်ကာ တွဲပို့ပေးထားပါသည်။ (၃) ကြိမ် အပြည့်ထိုးပြီးခြင်းကြောင့် စိတ်ချလက်ချဖြင့် ဘီပိုးမရှိနိုင်ကြောင်း ယုံကြည်နေခဲ့ပါသည်။ ထိုအချိန်တွင် အမျိုးသမီးမှာ (့) ရောက်နေပါသည်။ သူမ မထွက်ခင်ကတည်းက ဆေးထိုးခိုင်းသော်လည်း တစ်နှစ်ကျော်ခန့်ကြာမှ ထိုးဖြစ်ခြင်း ဖြစ်ပါသည်။ ထိုကာလအတွင်း ရောဂါ ကူးစက်နိုင်သော မည်သည့်နည်းမှ မလုပ်ခဲ့ပါ။ သို့သော် တာဝန်ကျရာ ရွာရှိ ချောင်းအတွင်း ရေချိုးခြင်း၊ ယင်းရေဖြင့် တစ်ခါတစ်ရျံက်ပြုတ်သည့် အစားအသောက်များတော့ စားခဲ့ရပါသည်။ အတူနေ တစ်ဦးမှာလည်း ဘီပိုးရှိကြောင်း နောက်ပိုင်းမှသိရပြီး အိပ်ရာချင်းနီးကပ်ခြင်း၊ တစ်ခါတစ်ရံ ရေချိုးရန် ရေခွက်၊ ဆပ်ပြာခွက်များ ယူသုံးတတ်ပါသည်။ ဌာနမှ (့) သို့ တစ်ပတ်ကြာ သင်တန်းတက်ရောက်ရန် ဆေးစစ်ခိုင်းသည့် ၂၂-၈-၂ဝ၁၁ တွင်မှ ဘီရောဂါပိုး ရှိနေကြောင်း ဓါတ်ခွဲခန်းအဖြေမှသိရသဖြင့် လုံးဝအံ့သြသွားခဲ့ရပါသည်။ ဓါတ်ခွဲမှတ်တမ်းအဖြေအား တွဲပို့ပေးထားပါသည်။ ဘီ ပိုး ရှိခြင်းကို သံသယရှိခြင်းကြောင့် ၁၆-၉-၂ဝ၁၁ နေ့တွင် ရန်ကုန်မြို့ရှိ ဆေးသုတေသနဌာနတွင် ထပ်မံစစ်ကြည့်ရာ ဘီ ပိုး တွေ့ရှိကြောင်း ထပ်မံသိရပါသည်။ ဘီပိုးရှိခြင်းကသာ စိတ်ကို လွှမ်းမိုးနေခဲ့ခြင်းကြောင့် စိတ်အနှောင့်အယှက် ဖြစ်ခဲ့ရပါသည်။ ကိုယ်အလေးချိန်လည်း ပိုကျသွားသည်ဟု ထင်ပါသည်။ ကုသမှုခံယူရန် ၁-၁ဝ-၂ဝ၁၁ နေ့တွင် (့) ဖြင့် (့) တွင် ကုသမှုခံယူရာ ကုသပါက တစ်သက်လုံး ကုသရမည်ဖြစ်ပြီး ပျောက်ကင်းမည်တော့ မဟုတ်ကြောင်း၊ တောက်လျောက် သောက်မှဖြစ်မည်ဖြစ်ပြီး ဆေးဖိုးများစွာ ကျသင့်မည်ဖြစ်ကြောင်း၊ အသည်း အားဆေးသာ သောက်ဖို့နဲ့ (၆) လအကြာတွင် ပြန်လည်စစ်ဖို့ မှာလိုက်ပါသည်။ အခြေနေအရ ကုသမှုမယူခဲ့ခြင်းလည်းဖြစ်ပါသည်။ ဓါတ်ခွဲမှတ်တမ်းအဖြေ၊ ဆေးဘူးအခွံအားလည်း တွဲပို့ပေးထားပါသည်။ ယခုအခါ ကုသမှုခံယူပြီး (၈) လကျော်ရှိခဲ့ပါပြီ။ (၆)လ ကျော်သော်လည်း မစစ်ဖြစ်သေးပါ။ အသည်းအားဆေး Silybean ကို ပထမ (၃) လခန့်တွင် မနက်တစ်ကြိမ် ညတစ်ကြိမ် သောက်ခဲ့ပြီး နောက်ပိုင်းတွင် မနက်ပိုင်းတစ်ကြိမ်သာသောက်ခဲ့ပြီး တစ်ခါတစ်ရံ ဆေးပြတ်ချိန် ဆေးမရှိက တစ်ပတ်ခန့်ထိ ကြားတွင် ရက်ခြား သွားတတ်ပါသည်။ ထူးထူးထွေထွေ ခံစားရမှုမရှိသော်လည်း ရည်မှန်းချက် ပျောက်မည်ကို အလွန် စိုးရိမ်နေပါသည်။

(ဘီ) ပိုး ကာကွယ်ဆေးထိုးခဲ့တာ ကွာခြားချိန် မမှန်ဘူးထင်ပါတယ်။ ပဌမတခ့နဲ့ ဒုတိယတခ့ တလခြားတာ မှန်ပေမဲ့ တတိယအကြိမ်ဟာ ပဌမအကြိမ်နဲ့ ၆ လ ခြာသင့်တယ်။

ဆေးစစ်တာ (အသဲအလုပ်) ဖတ်ကြည့်တော့ အားလုံးကောင်းနေတာ စိတ်သက်သာရသင့်ပါတယ်။ (ဘီ) ပိုး (အင်တီဂျင်) ရှိနေပေမဲ့ လူကောင်းလိုနေနိုင်တယ်။ လူတိုင်းရောဂါရယ်လို့ ဖြစ်ချင်မှဖြစ်သေးတယ်။ ဖြစ်တယ်ဆိုတာ အသဲအလုပ် နည်းနည်းလာတာကနေသာ စတယ်။ ဒါလဲ လူကောင်းလိုနေသေးတာဘဲ။ အခုအခြေအနေမှာ အသဲက ကောင်းကောင်း အလုပ်လုပ်နေလို့ လူကောင်းပါဘဲ။ ပြောပြတဲ့ ခံစားရမှုတွေက တခြားအကြောင်းတွေကြောင့်ဖြစ်ပါမယ်။

ရေးထားတာတွေ ရှိပါတယ်။ ဖတ်ချင်လဲ ဖတ်ပြီးရောပေါ့။ များလို့ စိတ်မရှုတ်ပါနဲ့။ ဆေးပညာဟာ တိုးတက်နေတာမို့ ဒိထက် ပိုကောင်းတာတွေ ဖြစ်လာစရာရှိပါတယ်။ ဆရာရေးတာတွေကလဲ အသစ်တွေ့တာတွေရှိရင် ခေတ်နောက်ကျနေရစ်မယ်။ ဒါကြောင့် အချိန်လုပြီ ထပ်ထပ်သစ်ပေးနေပါတယ်။ ရည်ရွယ်ချက် ကြီးကြီး (ကောင်းကောင်း) ထားတာအတွက် ချီးကျူးပါတယ်။ အောင်မြင်ပါစေဗျာ။
• Hepatitis B (1) အသဲရောင် ဘီ ပိုး (၁) http://dts-medicaleducation.blogspot.com/2009/08/hepatitis-b.html
• Hepatitis B (2) အသဲရောင် ဘီ ပိုး (၂) http://dts-medicaleducation.blogspot.com/2011/04/hepatitis-b.html
• Hepatitis B and breastfeeding အသဲရောင် ဘီ ပိုးရှိသူ မိခင် နဲ့ ကလေးနို့တိုက်ခြင်း http://dts-medicaleducation.blogspot.com/2011/11/hepatitis-b-and-breastfeeding.html
• Hepatitis B Immune Globulin အသဲရောင်-ဘီ (ဂလိုဗျူလင်) ထိုးဆေး http://dts-medicaleducation.blogspot.com/2011/11/hepatitis-b-immune-globulin.html
• Hepatitis B in Myanmar မြန်မာနိုင်ငံတွင် ဘီပိုးတွေ့ရှိသူ လေးဆခန့်မြင့်တက်လာ http://dts-medicaleducation.blogspot.com/2011/12/blog-post.html
• Hepatitis B medical treatment (ဘီ) ပိုးဆေးပေးခြင်း http://dts-medicaleducation.blogspot.in/2012/05/hepatitis-b-medical-treatment.html
• Hepatitis B Vaccine ဘီပိုးကာကွယ်ဆေးထိုးနည်း http://dts-medicaleducation.blogspot.com/2011/11/hepatitis-b-vaccine.html

Thu, Jun 14, 2012 at 4:29 PM
ကျမနာမည် (့) လို့ခေါ်ပါတယ်။ အသက် ၂၈ နှစ် ရှိပါပြီ။ အိမ်ထောင်သည် ကလေးတစ်ယောက်အမေလည်း ဖြစ်ပါတယ်။ အပျိုတုန်းကရော ဗိုက်ကြီးတုန်းကပါ တင်းတိပ်မရှိခဲ့ဘူး။ လွန်ခဲ့တဲ့ ၂ နှစ်လောက်ကမှ တင်းတိပ် စပေါ်လာတာပါ။ အခု (့) နိုင်ငံ (့) မြို့မှာ နေပါတယ်။ သမီးက ကွန်ပြူတာရှေ့မှာ နေ့တိုင်းထိုင်ပြီး အလုပ် လုပ်ပါတယ်။ အပြင်နေပူထဲကိုလည်း တစ်ရက်ကို ၂ ခါ ၃ ခါလောက် ထွက်ပါတယ်။ အခုသမီးရဲ့ ညာဘက် ပါးပေါ်မှာ တင်းတိပ် နဲနဲရှိတယ်။ တင်းတိပ်နဲ့ပတ်သက်တဲ့ ဆရာ့အဖြေတွေ ဆောင်းပါးတွေ ဖတ်ဖူးပါတယ်။ တင်းတိပ်က ဒုက္ခ မပေးမှန်းသိပေမယ့် အကျည်းတန်စေလို့ ဘယ်မိန်းကလေးမှ မကြိုက်ပါဘူး။ သမီးအပါအ၀င်ပါ ပျောက်အောင်ကုဖို့ မလွယ်မှန်းလည်း သိပါတယ်။ ဒါပေမယ့် လေဆာနဲ့ ကုရင် ပျောက်တယ်လို့ သိရပါတယ်။ လေဆာနဲ့ ကုပြီး ရလာမယ့် ဆိုးကျိုးကောင်းကျိုးကို သိချင်ပါတယ်။ သမီးစမ်းပြီးကုကြည့်ချင်တယ်။ ဒါပေမယ့် လုပ်သင့် မလုပ်သင့် ဆုံးဖြတ်ဖို့အတွက် ကောင်းကျိုးဆိုးကျိုးကို အရင်သိချင်လို့ပါ။ ပြီးတော့ ဘယ်လေဆာနဲ့သင့်တော်တယ်ဆိုတာကိုလည်း အကြံပေးစေချင်ပါတယ်။

Melasma တင်းတိတ်ကို Lasers လေဆာနည်းနဲ့ ကြိုးစားနိုင်ပါတယ်။ ပဌမဦးစားပေးကုသနည်းတော့ မဟုတ်ပါ။ တချို့မှာ သက်သာလာတာတွေရပြီး တချို့မှာ မထူးတာတွေ့ရတယ်။ တချို့အမျိုးအစားတွေမှာ လေဆာလုပ်ကာစ ပိုဆိုးလာတာ များတယ်။ သတိထားဘို့လိုမယ်။ ခဏခဏလုပ်ရတယ်။ နေရောင်ကိုရှောင်ဘို့ မလွဲမသွေလိုတယ်။ ကိုယ်ဝန်ဆောင်ချိန်နဲ့ ကလေးနို့တိုက်ချိန်တွေမှာ လေဆာနည်း မလုပ်သင့်ပါ။

Wood's lamp test စမ်းသပ်နည်း အရင်လုပ်ရတယ်။ Epidermal အရေပြား အပေါ်ယံလား၊ Dermal အရေပြား အတွင်းလား ခွဲခြားသိမယ်။ Dermal melasma ဆိုရင် တိုးတက်မှုပိုရတယ်။ ဒီအမျိုးအစားက ကုသနည်းမှန်သမျှနဲ့ မတိုးတာ များတယ်။ Mandelic acid ပါတဲ့ Triluma cream သုံးနိုင်တယ်။ Intense pulsed light နည်းလဲလုပ်နိုင်တယ်။ Fraxel laser or Triwings LED system (Violet Red Yellow color) နည်းတွေကိုလဲ လုပ်တယ်။

Chemical peels နည်း နဲ့ Skin lightening creams နည်းတွေနဲ့ မရသူတွေသာ Laser skin rejuvenation melasma treatment လေဆာနည်းလုပ်သင့်တယ်။ လေဆာနည်းထဲက နောက်ပေါ်နည်းတွေ ရှိလာနေတယ်။ Fraxel Dual Laser Technology, Intense Pulsed Light, Q-switched laser တွေဖြစ်တယ်။

Thu, Jun 14, 2012 at 6:13 PM
ကျွန်တော့် ကောင်မလေးက အသက်၂၃ နှစ်ရှိပါပြီ။ သူက ပင်ပန်းတဲ့အချိန်တွေ အရမ်းလှုပ်ရှားတဲ့အချိန်တွေဆို ရင်ဘတ် အောင့်တက်တယ်။ အထူးသဖြင့် ပြေးတဲ့အခါတို့ နေပြင်းတဲ့အချိန်တို့မှာ ဖြစ်တက်ပါတယ်။ နှလုံးရောဂါ ဖြစ်မှာစိုးတာနဲ့ SSC မှာ သွားပြကြည့်ပါတယ်။ ECG ရိုက်ခိုင်းပါတယ်။ သာမာန် နှလုံးကြွက်သား အောင့်တာလို့ပဲ ပြောပါတယ်။ ဆေးသုံးမျိုး ရေးပေးပါတယ်။ ဆေးနာမည်တော့ မမှတ်မိတော့ပါဘူး။ ကောင်မလေးက ဆေးသောက်တာကို မကြိုက်ဘူး။ တော်ရုံဖြစ်တယ်ထင်ရင် ဆေးမသောက်ဘူး။ ပြောပြလို့လည်း မရပါဘူး။ မဟန်နိုင်ဘူး ထင်ရင်တော့ ဆေးသောက်တက်ပါတယ်။ မကောင်းမှန်းသိပေမယ့် ပြောလို့်မရဘူး ဖြစ်နေတယ်။ အဲဒါကြောင့် ဆေးသောက်ရမယ့်အစား အစားအစာနဲ့ ပြောင်းပြီးကုချင်ပါတယ်။ လေ့ကျင့်ခန်းလည်းလုပ်ပြီး ကုကြည့်ချင်ပါတယ်။ မကြာခဏဖြစ်တော့ နှလုံးရောဂါဖြစ်သွားနိုင်ပါသလား။

ဆရာဝန်ပြထားပြီး နှလုံးရောဂါ မဟုတ်တာသိရလို့ စိုးရိမ်စရာမလိုပါ။ ရောဂါနာမည်၊ ဆေးနာမည် မသိရတော့ မှန်းဘို့ ခက်ပါတယ်။ သိမှသာ အစားအစာ၊ ဆေးမဟုတ်တာကိုလဲ ပြောနိုင်မယ်။ ဆောရီး။

Wed, Jun 13, 2012 at 10:50 PM
ကျနော့်အသက် ၃ဝ ပါ။ တခါတလေ စအိုအပေါက်နေရာမှာ အရမ်းယားယားနေပါသည်။ အသားနုဖြစ်လို့သိပ်ပြီး အရမ်း မလုပ်ရဲပါ။ သို့သော် ယားချိန်တွင် စအိုအဝကို လက်ချောင်းနဲ့မွှေပေးမှ အယားပြေပါသည်။ ယခင် တခါမှမဖြစ်ဖူးပါ။ အိမ်သာကိုလည်း ရေလောင်းအိမ်သာဖြင့်သုံးပါသည်။ မည်သို့ပြုလုပ်သင့်သည်ကို ဖြေပေးစေလိုပါသည်ခင်ဗျာ။

Email က Spam ထဲဝင်လာလို့ ကူးယူပြီး ဖြေလိုက်ပါတယ်။
Anal itching စအိုနေရာယားခြင်း

Tue, Jun 12, 2012 at 2:18 PM
ကျနော့် သူငယ်ချင်းတစ်ယောက်က ကျမ္မာရေးကိစ္စ မေးချင်တာရှိလို့ ဆရာ့ကို အကူအညီ လှမ်းတောင်းပါရစေ။ သူမေးချင်တာ အောက်ပါအတိုင်းပါ။
ကျွန်မ အမေက သားအိမ်ထုတ်ထားတာ တစ်လကျော်ပဲရှိသေးတယ်။ အခုရက်ပိုင်း နောက်ကျောချွေးတအားထွက်ပြီး အားမရှိသလို ဖြစ်နေတယ်။ ရေဆူဆေးပြားတို့ ဓာတ်ဆားရည်တို့သောက်တာလည်း မရဘူး။ အဲဒါ ဘာများဖြစ်နိုင်သလဲလို့ သိပါရစေ ဆရာ။

Spam mail ထဲဝင်လာလို့ ကူးပြီး ပြန်ဖြေလိုက်ပါတယ်။
သားအိမ်က ဘာအတွက်ထုတ်ရသလု။ သားအိမ်ကျလို့လား၊ သားအိမ် ကင်ဆာလား။ ကင်ဆာဆိုရင် ဘယ်အဆင့်လို့ သိသလဲ။ ကင်ဆာဆိုရင် ဓါတ်ကင်ရသေးလား။ ဖြစ်တဲ့သူရဲ့ အသက်၊ ရောဂါအမည်၊ သွေးဖိအား (သိရင်ပြောပါ)။

Thu, Jun 14, 2012 at 8:56 PM
ကျွန်တော်ဟာ အသက် ၂ဝ ရှိပြီဖြစ်ပါတယ်။ မွေးရာပါမျက်စိ Bifocals ရှိပါတယ်။ စတပ်တုန်းက ဒုတိယတန်းပါ။ ပါဝါ ၂ဝဝ နဲ့ စတပ်ပြီး အခုဘယ်ဘက်က ၉ဝဝ ညာဘက်ကပါဝါ ၁ဝဝဝ ရှိပါပြီ။ ကျွန်တော့်မျက်စိက တစ်ခုခုကို အာရုံစိုက်ကြည့်လို့ မရဘူး။ သူငယ်အိမ်ကလည်း ငြိမ်ငြိမ်ထားလို့မရပါဘူး။ အဲဒါ သူငယ်ချင်းတွေက လေဆာနဲ့ ကုပါလားလို့ ပြောလို့ ကုလို့ ရ-မရ သိချင်လို့ပါ။

LASIK (Laser-assisted in situ Keratomileusis) လို့ခေါ်တယ်။ လေဆာသုံးပြီး မျက်စိကို ခွဲစိတ်ကုသနည်း ဖြစ်တယ်။ Myopia အဝေးမှုံ၊ Hyperopia အနီးမှုံ၊ Astigmatism သူငယ်အိမ် စောင်းတာတွေအတွက် လုပ်တယ်။ Cornea မျက်ကြည်လွှာကို ပြုပြင်ပေးနည်းဖြစ်တယ်။ မျက်စိအထူးကုဆရာဝန်နဲ့ တိုင်ပင်ရမယ်။ လူတိုင်းနဲ့သင့်တာတော့ မဟုတ်ပါ။ သတိထားစရာတွေလဲ ရှိမယ်။
Laser Eye Operation လေဆာနဲ့ မျက်မှန်မလိုအောင်လုပ်ခြင်း

Fri, Jun 15, 2012 at 10:20 AM
ဆေးပညာစာများဆိုတဲ့ ခေါင်းစဉ်တွေကို အရင်ကဆိုရင် ဒီတိုင်းကြိုက်တဲ့ခေါင်းစဉ်ကို ရွှေးဖတ်လို့ရတယ်ဆရာ။ ခုခေါင်းစဉ်ကို ဘယ်လိုကြည့်ရလဲ မသိလို့ပါ။ သမီးအမေက အသက် ၆၆ နှစ်ရှိပါပြီ။ ရောဂါထွေအထူး မရှိဘူး။ ခုသုံးလေးရက် အတွင်းမှာ အိပ်နေရင်းက ခေါင်းအေးတယ်ဆိုပြီး ခေါင်းစွပ် စွပ်ထားတယ်ဆရာ။ သူများတွေအေးရင်တောင် အရမ်း အိုက်တတ်တတ်သူပါ။ ချွေးအရမ်းထွက်တတ်တယ် လက်နှစ်ချောင်းတည်းအေးပြီး ကိုယ်လုံးကတော့ ချွေးထွက် နေတတ်တာလည်းရှိတယ်။ အဲဒါဘာဖြစ်နိုင်သလဲ။ ဘာဓါတ်ချို့တဲ့လို့လဲ။ ခု Nurobion တိုက်တာ သက်သာတယ်လို့တော့ ပြောပါတယ်။ ဆေးခန်းလည်း မသွားချင်ဘူး ခေါ်လို့မရဘူး။ ဘာလုပ်ရမှန်းမသိဘဲ ကူညီပါဦး။

အသက် ၆၆ နှစ် အမျိုးသမီး တခြားကျန်းမာရေး အချက်အလက်တွေ မသိဘဲပြောရရင် ရောဂါဆိုးတာ မဟုတ်လောက်ပါ။ သွေးတိုး၊ ဆီးချို၊ နှလုံးရောဂါ စတာတွေ မရှိလောက်ဘူး ထင်ပါတယ်။ လည်ပင်းကြီး ဟော်မုန်းတော့ စစ်နိုင်ရင် ကောင်းမယ်။ တိုက်နေတဲ့ဆေး ကောင်းပါတယ်။ အစားအစာ လုံလောက် မျှတပါစေ။ အသီး တမျိုးမျိုး နေ့တိုင်း စားသင့်တယ်။ ပဲပုပ် (မြန်မာ-ရှမ်း) စားသင့်တယ်။

Fri, Jun 15, 2012 at 10:38 AM
သမီး ခဏခဏဗိုက်ဆာနေပါတယ်။ တစ်ခုခုစားပြီးရင် ဆက်စားချင်စိတ်နဲ့ ဗိုက်ဆာ နေတုန်းပါပဲ။ အရမ်းဆာလာရင် လက်တုံလာပြီး ကတုံကရင်ဖြစ်ပါတယ်။ ဘယ်ဘက် ဗိုက်အောင့်ထောင့်က ခဏခဏမျှင်းပြီး ဗိုက်နာသလို၊ ဗိုက်အောင့်သလိုနဲ့ အိမ်သာသွားလိုက်၊ လေလည်လိုက်ရင် သက်သာသွားပါတယ်။ အိပ်ငိုက်လဲခဏခဏ ငိုက်ပါတယ်။ ရေလဲ ခဏခဏဆာပါတယ်။ ဝမ်းခဏခဏသွားချင်ပြီး သွားတိုင်းဝမ်းကျန်သလို ခံစားရပါတယ်။ ဝမ်းသွားရတာ အားမရပါဘူး။ လက်နဲ့နှိုက်နှိုက်ထုတ်ပါတယ်။ ဆီးချိုမျိုးရိုးရှိပါတယ်။ အရင်တွေကခဏခဏစစ်ပါတယ်။ မရှိပါဘူး။ လေးဖက်နာ ရှိပါတယ်။ အသက် ၂၅ နှစ်ပါ။ အိမ်ထောင်ကျတာ တစ်နှစ်နဲ့ ကိုးလရှိပါပြီ။ တစ်လခံ တားဆေး သောက်ပါတယ်။ သမီးဘာရောဂါ ဖြစ်နေလဲသိချင်ပါတယ်။

အဲလိုဖြစ်ချိန်ဟာ Hypoglycemia သွေးထဲမှာ သကြားဓါတ်နည်းတာဖြစ်လို့ပါ။ ဆီးချိုလဲမရှိတော့ ချက်ချင်း အချို တခုခုစားရမယ်။ သကြား၊ အချိုမုန့်၊ ထန်းလျက်၊ ချိုချဉ်၊ ဘာဖြစ်ဖြစ် စား-သောက်လိုက်ပါ။

ဆာရင်နာတတ်သူတွေက လေနာဖြစ်လာမှာ သတိထားရမယ်။
• Peptic Ulcer Diagnosis လေနာရောဂါကို ဆေးစစ်ခြင်း http://dts-medicaleducation.blogspot.com/2010/09/peptic-ulcer-diagnosis.html
• Peptic ulcer လေနာ ဆိုတာ ဘုရင်မှာလည်း ဖြစ်သည် http://dts-medicaleducation.blogspot.com/2010/05/peptic-ulcer.html တွေကို ဖတ်နိုင်ပါတယ်။

ဝမ်းအတွက် ညအချိန်မှာ Cream of Magnesia/Milk of Magnesia ဆေးရည် ဟင်းစားဇွန်း ၂ ဇွန်း သောက်ပါ။ နေ့တိုင်းမလိုပါ။ ရေများများသောက်ပေးပါ။ အသီးအရွက်၊ အသီးအနှံ ပိုစားပေးပါ။ တားဆေးကြောင့် မဟုတ်လောက်ပါ။

Cream of Magnesia/Milk of Magnesia ကိုချက်ချင်းသွားရှာပါတယ်။ သမီးတို့ မြန်မာနိုင်ငံမှာခေါ်တဲ့ MOM ဆိုတာ Milk of Magnesia လားဆရာ။ အရည်မရှိဘူး။ BBIက ထုတ်တဲ့ အပြားပဲရှိတယ်။ အရည်က Latulose တဲ့ အိန္ဒိယကလာတာ။ သူလဲအတူတူပဲလို့ ဆေးဆိုင်ကပြောတယ်။ ဟုတ်လား။ ဗိုက်ဆာတာ နည်းနည်းစားစားပေးရင် သက်သာတယ်။ လေလည်ဖို့လဲ ခက်တယ်။ အိမ်သာသွားပြီး ဝမ်းညှစ်သလို ညှစ်မှထွက်ပြီးသက်သာတယ်။ ဆရာ့စာထဲက DU “ဆာနာ” လို့ ထင်တယ်။ GU မဟုတ်ပါဘူးနော်။ ကိုရီးယားကားတွေကြည့်ပြီး ကင်ဆာကြောက်လို့ပါ။ ဆရာရေးသလို အစာခဏခဏ နည်းနည်းစားပေးပြီး Cream of Magnesia/Milk of Magnesia သောက်ပေးရင် ရပါတယ်နော်ဆရာ။

ဆေးပြားလဲ အတူတူပါဘဲ။ လေဆေးအနေနဲ့ ၅ဝဝ မီလီဂရမ် ၁-၃ ပြားအထိသောက်နိုင်တယ်။ ဝမ်းပျော့စေချင်ရင် ညမအိပ်ခင် ၄ ပြားအထိသောက်ရတယ်။ ဆေးပြားကို ဝါးစားပါ။ ရေတဖန်ခွက်သောက်ပါ။