ကျန်းမာရေးနဲ့ဆေးပညာ မေးလိုတာရှိပါက

ဒီဘလော့ခ်ထဲကစာတွေကို တခြားနေရာမှာ ကျွန်တော့်ခွင့်ပြုချက်မပါဘဲ ကူးယူပြီး မတင်ဘို့ စည်းကမ်း သတ်မှတ်ထားပါတယ်။

ကျန်းမာရေး နဲ့ ဆေးပညာ မေးလိုတာရှိပါက
• ဖြစ်တဲ့သူရဲ့ အသက်၊ ကျား-မ ပြောပါ။ ရောဂါလက္ခဏာ ၁-၂-၃။ တခုတိုင်းက ဘယ်လောက် ကြာပြီ။
• လိုအပ်ရင် ကျန်းမာရေးရာဇဝင်၊ ဓါတ်မှန်၊ (အာလ်ထွာဆောင်း)၊ ဆေးစစ်ချက်၊ လိုအပ်ရင် အိမ်ထောင်၊ ကလေး၊ ရှိ-မရှိ။ နေတဲ့တိုင်းပြည်၊ မြို့ထည့်ရေးပါ။ လူနာမည်၊ နေရပ်လိပ်စာအတိအကျ ကိစ္စမရှိပါ။
• ဆေးနာမည်ရေးရင် Trade name ကုမ္ပဏီကပေးတဲ့နာမည်သာမက Generic name ဆေးနာမည် ထည့်ရေးပါ။
• ဆေးစာ၊ ဆေးစစ်ချက်၊ ဝေဒနာတွေကို စကန်လုပ်ပြီးဖြစ်ဖြစ်၊ ဓါတ်ပုံရိုက်လို့ဖြစ်ဖြစ် ပို့နိုင်ပါတယ်။ ဓါတ်ပုံကို ခွင့်မယူဘဲ အသုံးမချပါ။
• အိမ်ထောင်ရေးနဲ့ လိင်ပိုင်းဆိုင်ရာမေးခွန်းတွေကို Facebook ကနေ မမေးပါနဲ့ မဖြေပါ။ တိုက်ရိုက်သာမေးပါ။
• အီးမေးလ် အခက်အခဲရှိလို့ Facebook message မှာဖြစ်ဖြစ် Chat box မှာဖြစ်ဖြစ်ရေးရင်လဲ အားသလား၊ မေးလို့ရလား ရေးမနေဘဲ၊ တခါတည်း မေးခွန်းသာရေးလိုက်ပါ။
• Facebook Comment ကနေမေးတာ-ဖြေတာ အဆင်မပြေပါ။
စာရှည်ရေးမရပါ။ သူများတွေကို အနှောင့်အယှက်ဖြစ်နိုင်ပါတယ်။
• နာမ်စားသုံးတာမှာ ကိုယ်ကိုယ်ကို ‘သား’၊ ‘သမီး’ လို့ သုံးရင် မေးတဲ့သူရဲ့ သားသမီးလား ထင်မှတ်မှားနိုင်တာသတိပြုပါ။
• SMS အရေးအသားမျိုးကို မဖတ်ပါ။ မြန်မာစကားကို အင်္ဂလိပ်စာလုံးနဲ့ရေးတာကို မဖတ်ပါ။
• ဘလော့ခ် နဲ့ ဖေ့စ်ဘွတ်မှာ အမေး-အဖြေတွေကိုသုံးတဲ့အခါ မေးတဲ့သူရဲ့ ကိုယ်ရေး အချက်အလက်တွေ မပါစေရပါ။
• ဖုန်းဆက်ပြီးမေးရင် Time zone မတူတာရော၊ အသံထွက် လွဲနိုင်တာရောကြောင့် အဆင်မပြေပါ။ ကျွန်တော့်မှာ Viber မရှိပါ။ ဖေ့စ်ဘွတ် ဖုန်း-ဗီဒီယို အဆင်မပြေပါ။ Skype ကိုတော့ နိုင်ငံရေးနဲ့ မိသားစုအတွက်သာသုံးပါတယ်။
drswe01@gmail.com ကို (အီးမေးလ်) ပို့ပါ။

(ဘလော့ခ်) တွေထဲ ဝင်ဖတ်ဘို့ အကြံပြုပါတယ်။
- http://dts-medicaleducation.blogspot.in/ ဆေးပညာစာများ
- http://yamuna-online-clinic.blogspot.in ယမုန်နာ ဆေးခန်း
- http://my-sayawun-life.blogspot.in/ ဆရာဝန်ဘဝ အမှတ်ရတာတွေ
- http://dts-political-page.blogspot.in/ နိုင်ငံရေး စာမျက်နှာ
- http://www.facebook.com/pages/Dr-Tint-Swe/490031307758025?skip_nax_wizard=true ဖေ့စ်ဘွတ်
- https://tintswe.wordpress.com/ Dr. Tint Swe ဒေါက်တာတင့်ဆွေ ဆေးပညာစာများ

Monday, June 18, 2012

Q and A June 2012 (5)

1. ကြက်ဥနဲ့ ဖရဲသီး တည့်လို့လား မေးလိုက်တော့မှ ကျွန်တော် ရုတ်တရက် လန့်သွားတယ်။
2. ကျွန်တော့်အမျိုးသမီး မသက်သာသေးဘူး ဆရာ။
3. ယောက်ကျားလေးတယောက်က သူ့သာမန်ရှိသင့်ရှိ ထိုက်တဲ့ တင်ပါးဆုံတက် ပိုကြီးနေပါတယ်။
4. သူငယ်ချင်း မိန်းကလေး တစ်ယောက်က သူ့ချိုင်းမည်းနေလို့ပါတဲ့ဆရာ။
5. သမီးနာမည်က (့) ပါ။ အသက်က မေလ ၁၅ ရက် (့) ခုနှစ်ပါ။
6. စမ်းသပ်မှုတွေကို လုပ်ချင်ပါတယ်ဆရာ။ ဘယ်မှာများ လုပ်ရနိုင်မလည်း။
7. ကျွန်မ အသက်က ၃၄ နှစ်ပါ။ အပျိုပါ။

Sun, Jun 17, 2012 at 4:28 PM
ကျွန်တော် နာမည်က (့) ပါ။ (့) မှာ အလုပ်လုပ်နေပါတယ်။ ကျွန်တော်ဟာ အသီးအနှံ အလွန်ကြိုက်တဲ့သူပါ။ ဒီနေ့မှ မထင်မှတ်ဘဲ ကြက်ဥချက်နဲ့ဖရဲသီး ဖျော်ရည်နဲ့ သောက်ပြီးစားနေချိန်မှာ သူငယ်ချင်း တစ်ယောက်က ရုတ်တရက် ကြက်ဥနဲ့ ဖရဲသီး တည့်လို့လား မေးလိုက်တော့မှ ကျွန်တော် ရုတ်တရက် လန့်သွားတယ်။ တည့်တာ မတည့်တာတော့ မသိပါဘူး။ ကျွန်တော် စားပြီးသားဖြစ်နေပါပြီ။ ဒါကြောင့် နောင်တချိန်မှ ဆင်ခြင်နိုင်အောင်လို့ တွဲဖက်လို့ မစားသင့်သော အစားအစားများ ဖြေကြားပေးစေလိုပါတယ်။ ကျန်တဲ့ ကျန်းမာရေး ဝက်ဆိုဒ်တွေမှာလည်း ရှာကြည့်တယ် မတွေ့လို့ပါ။

တွဲဖက်၍ မစားသင့်သော အစာများ
့
ဖရဲသီး နှင့် နို့မျိုး
ဖရဲသီး နှင့် ဘဲဥ
့
http://wikimyanmar.co.cc/wiki/index.php?title=%E1%80%90%E1%80%BC%E1%80%B2%E1%80%96%E1%80%80%E1%80%B9%E1%81%8D_%E1%80%99%E1%80%85%E1%80%AC%E1%80%B8%E1%80%9E%E1%80%84%E1%80%B7%E1%80%B9%E1%80%B1%E1%80%9E%E1%80%AC_%E1%80%A1%E1%80%85%E1%80%AC%E1%80%99%E1%80%BA%E1%80%AC%E1%80%B8
ဒီစာရင်းထဲမှာ ကျွန်တော်တို့လို ဆရာဝန်တွေကနေ သတိပေးတဲ့ အချက်တချို့ပါတယ်။ ဒါပေမဲ့ ကျန်တာတွေကို ဆရာဝန်တွေက တားမြစ်သတိပေးတာတွေ မဟုတ်ပါ။ မေးတဲ့သူက စားပြီး စာရေး မေးနိုင်တယ်။ ပုံထဲမှာလဲ သူများနိုင်ငံက စားသောက်ဆိုင်မှာ ဖရဲသီးနဲ့ ကြက်ဥ တွဲထားတာတွေ့ပါမယ်။

Sun, Jun 17, 2012 at 6:50 PM
ကျွန်တော့် အမျိုးသမီး မသက်သာသေးဘူး ဆရာ။ ဗိုက်တွေအရမ်းအောင့်နေတယ်။ အစိမ်းရောင်အရည်တွေလဲ ဆက်ဆင်းနေပါတယ်။ အခုကျွန်တော် ဆေးနှစ်မျိုးပဲ တိုက်ထားတယ်။ သူက ကေသီပန်တွေ မသိအောင် သောက်လိုက်သေးတယ်။ သူအခု ဗိုက်အောင့်တာ ကေသီပန် သောက်လို့လားခင်ဗျာ။ ကိုယ်ထဲမှာ ဆွဲဆုပ်နေသလို ခံစားနေရတယ်တဲ့။ ဆရာဝန်ကိုပြရင် OG နဲ့ ပြရမှာလား။ ဘယ်လိုဆရာဝန်နဲ့ ပြရမှာလဲ။ ပြီးတော့ ရောဂါကို ဘယ်လိုနာမည်တပ်ရမလဲ။

လူတဦးချင်းကို ဖြေရတာခက်တယ်။ မြန်မာပြည်မှာ တမျိုး။ ရန်ကုန်နဲ့ နယ်မြို့တွေမှာတမျိုး။ အမေရိကားမှာလဲ ကျန်းမာရေး အထောက်အကူ-အာမခံ ယူထားသူ၊ မယူသေးသူ မတူပါ။ တခြားနိုင်ငံတွေလဲ တမျိုးစီ။ ဖြစ်တဲ့သူနေတဲ့ တိုင်းပြည်၊ မြို့မှာ လက်လှမ်းမီတဲ့ ဆရာဝန်ကိုပြပါ။ ဆရာဝန်ကနေ စမ်းသပ်တာ၊ ဓါတ်ခွဲခန်းလွှတ်တာ၊ အထူးကုဆီ ဆက်ပို့ပေးတာတွေ လုပ်ပါလိမ့်မယ်။ ရောဂါနာမည် ပြောစရာမလိုပါ။ မပြောသင့်ပါ။ နာမည်တပ်တာ ဆရာဝန် အလုပ်သာ ဖြစ်တယ်။ ဖြစ်နေသူကနေ ခံစားနေရတာ ၁၊ ၂၊ ၃ ပြောပါ။ တခုချင်းက ဘယ်လောက်ကြာနေပြီပြောပါ။

Mon, Jun 18, 2012 at 8:32 AM
ယောက်ကျားလေးတယောက်က သူ့သာမန်ရှိသင့်ရှိ ထိုက်တဲ့ တင်ပါးဆုံတက် ပိုကြီးနေပါတယ်။ သာမန် အနေအထားမျိုး ဖြစ်အောင် ဘယ်လိုပြုပြင်လို့ရနိုင်ပါသလဲ။ ခွဲစိတ်ဖြတ်ထုပ်လို့ ရနိုင်ပါသလား။ ဒါမှမဟုတ် အားကစားနည်းနဲ့ သေးအောင် လုပ်နိုင်ပါသလား။ ငယ်ငယ်ထဲက ဆိုက်ကိုလို ဖြစ်နေခဲ့ရပါတယ်။

How to Get Rid of Cellulite on the Buttocks ဘယ်လို အခြေအနေတွေအတွက်ဖြစ်ြဖစ် ကုသနည်းတွေရှိပါတယ်။ အခုလို ခန္ဓာကိုယ် အောက်ပိုင်း-နောက်ပိုင်း ပြုပြင်ချင်တာအတွက်လဲ ရောဂါတော့ မဟုတ်ပေမဲ့ ပြုပြင်နည်းတွေ ရှိတယ်။ ကုသနည်းမှာ ဆရာဝန်တွေကတော့ ခွဲစိတ်နည်းကိုသာ လမ်းညွှန်လေ့ရှိတယ်။ လေ့ကျင့်ခန်းနည်း၊ တခြားနည်းတွေကိုလဲ ကြော်ညာတွေ၊ ဆေးရောင်းတာတွေ မနည်းပါ။ အလှအပအတွက်နည်းဖြစ်လေတော့ တယောက်တမျိုးရှိတယ်။

လူ့ခန္ဓာမှာ အဆီပိုဖြစ်တာကို Cellulite (ဆဲလူးလိုက်) ခေါ်တယ်။ စာတပုဒ် ရေးထားပါတယ်။ (အင်တာနက်) မှာ ရှာရင်လဲ များသလားမမေးနဲ့။
1. Anti-Cellulite Exercises
2. Butt Minimizing Exercises
3. Butt Reduction & Cardio
4. Cellulite Solution Exercises
5. Cellulite-Reducing Exercises
6. Do Butt Exercises Really Work?
7. Exercise Tips for Hips
8. Exercise to Lose Butt Fat
9. Exercises That Target Glute Cellulite
10. Exercises to Get Rid of Your Butt

အခြေခံသဘောကတော့ ခပ်ဆင်ဆင်ပါဘဲ။ အဆီလျှော့စားခိုင်းမယ်။ တင်ပါးနေရာ သန်မာစေမဲ့ ကိုယ်လက်လေ့ကျင့်ခန်း လုပ်ခိုင်းမယ်။

• Buttocks Reduction နည်းဟာ Plastic surgery နည်းဖြစ်တယ်။
• Liposuction အဆီစုပ်ထုတ်နည်းဖြစ်တယ်။ ဒါးနဲ့ပြုပြင်တာလဲ လုပ်ရတယ်။ ခွဲစိတ်တာ ၂-၃-၄ နာရီကြာမယ်။
• Tumescent liposuction နည်းမှာ ဆေးရည်သွင်းထည့်ပြီး လုပ်တယ်။
• Super wet liposuction method ဆိုတာလဲရှိတယ်လို့ ဖတ်ရတယ်။
• UAL နည်းမှာ Ultrasound assisted liposuction (အာလ်ထွာဆောင်း) ကိုလဲသုံးတယ်။
• Power assisted liposuction (PAL) နည်းမှာ Special cannula ကိုသုံးတယ်။
• အမေရိကားမှာ $7,000 ကုန်တယ်။ Costa Rica မှာ $2,300 ကုန်တယ်။

ခွဲစိတ်နည်း ကြော်ညာတွေလဲ မနည်းပါ။
1. Buttock Reduction $2.5k 2. Buttock Reduction, Buttock Reduction Surgical Procedure - PlacidWay
3. Butt Reduction. - YouTube
4. Butt Reduction South Africa - Check Prices and Compare Reviews
5. Butt Reduction France - Check Prices and Compare Reviews
6. Butt Reduction Chennai - Check Prices and Compare Reviews
7. Buttocks Reduction Surgery & Butt Augmentation in Austin, TX
8. Butt Reduction Surgery. | Flickr - Photo Sharing!
9. Liposuction - Boston - Cosmetic and Plastic Surgery Boston
10. Buttock Reduction | Find and Compare Cost of Buttocks Contouring

Mon, Jun 18, 2012 at 7:34 AM
သူငယ်ချင်း မိန်းကလေး တစ်ယောက်က သူ့ချိုင်းမည်းနေလို့ပါတဲ့။ ငယ်ငယ်ကလေးတည်းက ဖြစ်တာဖြစ်ပြီး အခုထိ အမည်းရောင် လျော့သွားခြင်းလဲ မရှိဘဲ နည်းနည်းလေးယားယံခြင်းကို ခံစားရလို့ပါ။ အဲဒါ ဘာလိမ်းဆေးသုံးရမလဲ။ မိန်းကလေးက ၂၇ နှစ်၊ အိမ်ထောင်သည်၊ ကိုယ်ဝန်မရှိ။ နည်းနည်းလေးတော့ လူကဝပါတယ်။ အရပ် ၅ ပေ ၁ လက်မ၊ ကိုယ်အလေးချိန် ၁၂၂ ပေါင်ပါ။ ဘယ်လိုဆေးမျိုးကို လိမ်းရမယ်။ မြန်မာနိုင်ငံမှာလဲ India ဆေးတွေ အများဆုံးဝင်ပါတယ်။ ဒါကြောင့် ဆေးနာမည်ကို သီးခြားပြောပေးစေလိုပါတယ်။ လိမ်းဆေးပဲ သုံးမှာပါ။

• Skin Pigmentation မျက်နှာ မဲတာ ဘာလုပ်နိုင်သလဲ
• Skin Problems အရေပြားမှာ အဖြစ်များတာတွေ
• Skin Hazards အရေပြားကို ဒုက္ခပေးတာတွေ

1. Calcipotriene (Dovonex)
2. Calcitriol ointment (Silkis)
3. Coal tar (DHS Tar, Doak Tar, Theraplex T)
4. Clobetasol (Temovate), fluocinolone (Synalar), and betamethasone (Diprolene)
5. Anthralin (Dithranol, Anthra-Derm, Drithocreme)
6. Tazarotene (Tazorac)

Wed, Jun 20, 2012 at 2:12 PM
သမီးနာမည်က (့) ပါ။ အသက်က မေလ ၁၅ ရက် (့) ခုနှစ်ပါ။ (့) မှာနေပါတယ်။ အိမ်ထောင်မရှိပါဘူး အပျိုပါ။ သမီးအလုပ်အကိုင်က ၀န်ထမ်းပါ။ ခေါင်းကိုက်တာ တစ်နှစ်လောက်ရှိပါပြီ။ ပျောက်လိုက် ဖြစ်လိုက်နဲ့ပါ။ မျက်စိဆရာမ ဒေါက်တာ (့) သွားပြတာ။ ဘာမှမဖြစ်ဘူးတဲ့။ ဆေးရုံကြီးတွေတော့ သွားမပြဖြစ်ပါဘူး။ ပြဖို့မအားသလို မပြရဲတာလည်း ပါပါတယ်။ သွားပြလို့ ရောဂါဖြစ်နေမှာ အရမ်းကြောက်တယ်။ ဦးခေါင်းနောက်စေ့က ချွေး အရမ်းထွက်တယ်။ ခေါင်းလျော်ထားသလား အောင့်မေ့ရတယ်။ ပျောက်လိုက် ဖြစ်လိုက်နဲ့ အာရုံကြောဆေးလည်း သောက်ပါတယ်။ ဆေးနာမည်တော့ မသိဘူး။ သူငယ်ချင်းတစ်ယောက်ကပြောတာ။ ဆေးဗူးပြပြီးဝယ်တာ။ အရင်က 2000 ပေးရတယ် ခု 950 ဘဲပေးရတယ်။ ဆေးလုံးလေးတွေက စိမ်းဝါရောင်လေး၊ ချိုလည်းချိုတယ်။ တနေ့ကို ၂ လုံးသောက်ရတယ်။ ခုခေါင်းက အရမ်းနာပြီး မျက်လုံးလည်း အရမ်းအောင့်တာဘဲ။ ငိုရင် ပိုတောင်နာသေးတယ်။ အာရုံကြော လွဲတယ်ဆိုတာ ဘယ်လိုလက္ခဏာတွေ ပြလည်းဆရာ။ သမီးဖြစ်နေတာ အာရုံကြော လွဲတာလားဟင်။ မျက်စိလည်း အရမ်းအောင့်တယ်။ မျက်ဝတ်တွေလည်း ထွက်တယ်။ ကြည့်လို့ သိပ်မကောင်းဘူး။ ကြည့်လိုက်တဲ့မြင်ကွင်းကတော့ ရှင်းပါတယ်။ အနီးကပ် စာလေးတွေတော့ သိပ်ပြီးမကွဲဘူး။ သေချာကြည့်ုလို့ မရသလိုဘဲ။ သမီးမျက်မှန်ဝတ်ရမှာလားဟင်။

မဖြေခင် နဲနဲလေး ပြောအုံးမယ်။ အသက်ကလို့ စာရိုက်တာ မွေးနေ့ဖြစ်လို့ အနုတ်လုပ်မှ ၂၅ နှစ် ဆိုတာရတယ်။ နောက်တချက်က နာမည်မသိဘဲ၊ ဆရာဝန် မညွှန်ဘဲ ဆေးသောက်တာ မကောင်းပါ။
အာရုံကြောလွဲတယ်ဆိုတာ ဆေးစာမှာ မရှိပါ။
စမ်းသပ်ကြည့်ထားတဲ့ မျက်စေ့ဆရာဝန်က မလိုဘူးပြောထားတာကို ဟိုအဝေးကြီးက ဆရာဝန်က မျက်မှန်တပ်ဘို့ လို-မလို ပြောဘို့ မသင့်ပါ။
မျက်ဝတ်ထွက်တာကတော့ လတ်တလော မျက်စိပိုးဝင်တာဖြစ်မယ်။ ပိုးသေဆေး မျက်စဉ်းခပ်ပါ။ ဥပမာ Gentamycin eye drop, Cipro eye drop တခုခုခပ်ပါ။
ကျန်တာတွေကို အကြံပေးဘို့ သွေးဖိအား၊ လက်ကောက်ဝတ်သွေးခုန်နှုန်း၊ ရာသီ၊ စတာတွေသိဘို့လိုသေးတယ်။

Wed, Jun 20, 2012 at 7:20 PM
ဆရာရေးထားတဲ့အတိုင်း စမ်းသပ်မှုတွေကို လုပ်ချင်ပါတယ်ဆရာ။ ဘယ်မှာများ လုပ်ရနိုင်မလည်း။ ဘယ်လောက်များ ကုန်ကျနိုင်မလည်း။ ဖြစ်နိုင်ရင် ဆရာနဲ့သာပြချင်တာပါဆရာ။ ဆရာရဲ့ စာတွေက သမီးတို့လို လူငယ်တွေကို ဗဟုသုတ များစွာရစေပါတယ်။

ဆရာက မြန်မာပြည်ထဲမှာ မနေလို့ မရသေးပါ။ ကိုယ်နေတဲ့ နေရာမှာသာ စုံစမ်းပါ။

Thu, Jun 21, 2012 at 10:19 AM
ကျွန်မ အသက်က ၃၄ နှစ်ပါ။ အပျိုပါ။ မန္တလေးကပါ။ ကျွန်မမှာ ဝေဒနာ ခံစားနေရတာ တစ်နှစ်နီ်းပါရှိပါတယ်။ ရောဂါ ဖြစ်ပုံက ပထမတကြိမ်က လက်ကောက်ဝတ်နာမှာ ကိုက်နေတယ်။ နောက်ပိုင်း လက်ပြင်ပါ ကိုက်လာတယ်။ နောက်လက် မောင်းသားတွေပါ နာလာတယ်။ ကုရင်နဲ့ ပျောက်သွားတယ်။ ဘာနဲ့ ပျောက်သွားလဲ မသိလိုက်မိပါ။ နောက်သုံးလ ကြာတော့ ပထမကြိမ် အတိုင်းထပ်ဖြစ်တယ်။ ပြနဲ့ ဆရာနဲ့လဲ စုံသွားတော့ မသိလိုက်မဘူးလေ။ ပျောက်ချင်တဲ့ ဆန္ဒပဲရှိပါ။ အဲဒါတော့ ကျွန်မ သတိမပြုတာ ကျွန်မပေါ့ဆမှုပါ။ နောက်လေးလလောက်ကြာတော့ ထပ်ဖြစ်ပြန်တယ်လေ။ အိမ်နားက ရိုးရိုးဒေါက်တာနဲ့ ပြနေတာ ၁ လလောက် ရှိနေပါတယ်။ အဲဒေါက်တာကပြာတယ် အထူးကုနဲ့ပြသရင် ပိုကောင်းမယ်လို့ ပြောလို့ ပြလိုက်ပါတယ်။ အထွေထွေအထူးကု ဒေါက်တာက စစ်ဆေးခိုင်ပါတယ်။ စစ်ခိုင်းတဲ့အတိုင်း စစ်ပါတယ်။ အဖြေက ကောင်းတယ်ပြောပါတယ်။
Pantopraxole Sodium 40mg, Lbuprofen 400mg, Flex a New တနေ့ ၂ ကြိမ် ၅ ရက်သောက်။
Methylprednisolone 16 mg တနေ့ ၂ ကြိမ် ၃ ရက်သောက်စား၊ တလုံးပဲ သောက်ရသေးတယ် ရင်တွေတုန်လို့ ဆက်မသောက်ဖြစ်ဘူး။ ၅ ရက်ပြည့်တော့ ဒေါက်တာကို ကျွန်မပြောတယ် မသက်သာဘူးလို့လေ။ ဒေါက်တာပြောတယ် ပေးတာတဲ့ဆေးတွေက ဆေးပြင်းတွေပဲ။ ဒေါက်တာကလဲ ထပ်ပြောပါတယ် ဘာလို့ မသက်သာလဲလို့လဲ ပြောပါတယ်။ အနာနဲ့ ဆေးနဲ့ တခြားဖြစ်နေတယ်ထင်တယ်လို့ ပြောပါတယ်။ ဆေးနောက်ထပ် ပေးလိုက်ပါတယ်။
Etoricoxib Fast Disintegrating 90mg, Methylprednisolone 16 mg, Pantopraxole Sodium 40mg, Neurontin 300mg Gabapentin တနေ့ ၂ ကြိမ်၊ ၅ ရက်စာပါ။ ကျွန်မက ကုမ္ပဏီဝန်ထမ်းတယောက်ပါ။ လက်က ကိုက်နေတော့ နေလို့မကောင်းခံစားရပါတယ်။ တနှစ်နီးနီးရှိပါပြီ။ အရမ်းအရမ်း ပျောက်ချင်နေပါပြီ။ မစားသင့် အစား၊ စားသင့်တဲ့ အစာစား၊ ခုပြတဲ့ ဒေါက်တာက အထွေထွေအထူးကုပါ။

ဆေးစစ်ချက်တွေ ကောင်းပါတယ်။ ဝမ်းသာစရာဘဲ။ (ကွန်ဂရက်ကျူလေးရှင်း)။ ဆရာဝန်ကိုလဲပြထားလို့ ဆရာကနေ ထူးပြောစရာ သိပ်မရှိပါ။ လိုမယ်ထင်တာတခုတော့ ရေးပြီးသားစာ ၂ ပုဒ်၊ အကြောင်းအရာ ၁ ခု ကိုပို့လိုက်ပါတယ်။ သောက်ခိုင်းထားတဲ့ဆေးတွေမှာ
Etoricoxib ဆေးက အနာသက်သာဆေးဖြစ်တယ်။
Methylprednisolone ဆေးက (စတီရွိုက်) ဆေးဖြစ်တယ်။ သူ့ကိုတော့ ဆရာဝန် ညွှန်တဲ့အတိုင်း အတိအကျသောက်သင့်တယ်။ ဆေးကို များရာနေ တဖြေးဖြေးချင်းလျှော့သောက်ခိုင်းလိမ့်မယ်။ တုံးတိမဖြတ်သင့်ဘူး။
Pantopraxole ဆေးက အနာအကိုက်ဆေးသောက်လို့ လေနာမဖြစ်စေအောင်ကာကွယ်မှုအနေနဲ့ သောက်ခိုင်းတာဖြစ်တယ်။
Neurontin ကတော့ ဗီတာမင် ဘီ ဆေးဖြစ်ပါတယ်။
မိန်းကလေးဆိုတော့ ရာသီကိုလည်း ထည့်စဉ်းစားရပါမယ်။
မန္တလေးကို သိပ်အမှတ်ရတယ်။ ကျန်းမာ-ချမ်းသာပါစေ။
• Rheumatism လေးဘက်နာ (၁)
• Rheumatoid arthritis လေးဘက်နာ (၂) တွေကို ပို့လိုက်ပါတယ်။

Thu, Jun 21, 2012 at 12:23 PM
ကျွန်တော့်မှာ နောက်ကျောလက်ပြင်မှာ နာနေတာ သုံးလလောက်ရှိပါပြီ။ ဆရာဝန်ပြပြီး ဆေးသောက်သော်လည်း မပျောက်ပါ။ ဆရာဝန်ကတော့ စိတ်ဖိအားများတာကြောင့်ဖြစ်တတ်တယ်လို့ ပြောပါတယ်။ ဖြစ်ခါစက မနက်အိပ်ယာအထမှာ မထနိုင်လောက်အောင်နာပါတယ်။ ပက်လက် အနေအထားကနေ ထမရပါဘူး။ ဘေးစောင်းလှည့်ပြီးမှ ထလို့ရပါတယ်။ လက်နှစ်ဖက် လှုပ်ရှားတိုင်းလည်း နာပါတယ်။ တစ်ခါတရံ ခါးနေရာတဝိုက်လည်း နာတတ်ပါတယ်။ ဆရာဝန်ပေးတဲ့ ပထမဆေး Gloace-TZ (Aceclofenac & Tizanidine Tabletsလို့ ဆေးကဒ်ဗူးပေါ်မှာ ရေးထားပါတယ်) သောက်နေချိန်မှာ မသက်သာပါဘူး။ နောက်တစ်ခါပြန်ပြတော့ ဆရာဝန်က ဆေးပြောင်းပေးပါတယ်။ India ကထုတ်တဲ့ Altraflam 100 (Aceclofenac Tablets) ပါ။ အဲဒီဆေးသောက်ချိန်မှာတော့ နာတာသက်သာပါတယ်။ ဆေးဆက်သောက်ရာမှာ လုံးဝမနာတော့တဲ့အထိ သက်သာသွားပါတယ်။ ဒါပေမယ့် ဆေးသောက်တာ ရပ်လိုက်ချိန်မှာ နှစ်ရက်လောက်နေတော့ အနည်းငယ်ပြန်နာလာပါတယ်။ ဘာကြောင့်ဖြစ်ရတဲ့ရောဂါဆိုတာ တိတိကျကျသိလိုပါတယ်။ ဘယ်ဆေးကို သောက်ရင်လုံးဝ ပျောက်ကင်းသက်သာမလဲဆိုတာပါ ညွှန်းစေချင်ပါတယ်။ ရောဂါသက်သာအောင် နေထိုင် ပြုမူရမယ့်နည်း ရှိရင်လည်း ဖော်ပြပေးစေချင်ပါတယ်။ ကျွန်တော်က Graphic Designer မို့ တစ်နေကုန်နီးပါး အထိုင်များပါတယ်။ တစ်ခါတရံမှာတော့ အညောင်းအညာဆန့်ထပြီး လမ်းလျှောက်ပါတယ်။ ကျွန်တော်က မြန်မာပြည်မှာ နေတာပါ။

ဓါတ်မှန်ရိုက်သေးလားမသိပါ။ အသက် မသိပါ။
ဆရာဝန်ပေးတဲ့ဆေးတွေက အနာသက်သာဆေးတွေဖြစ်ပါတယ်။ Altraflam ဆေးက Aceclofenac ဖြစ်တယ်။ တခါသောက် ၁ဝဝ မီလီဂရမ်၊ တနေ့ ၂ ခါသောက်ရမယ်။ ဖြစ်နိုင်တာက အလုပ်လုပ်ရတဲ့ ကိုယ်ခန္ဓာ အနေအထားကြောင့် ကြွက်သားနဲ့ အရွတ်တွေ တင်းအားများနေတာကို သတိမထားမိဘဲ အထဲမှာ ရောင်-တင်းလာလို့ နာတာဖြစ်နိုင်တယ်။ အနာသက်သာဆေးလဲသောက်ပါ။ အနေအထိုင်ကြိုးစားပြုပြင်ပါ။ အလုပ်လုပ်ရင် အနေအထားတခုကနေ ပြင်ပေးတာ၊ ခဏတဖြုတ်နားပေးတာ လုပ်ပါ။ နာတဲ့နေရာကို (အပူ-ပလာစတာ) တခုခုကပ်နိုင်သေးတယ်။ Belladona, Lion, Capsicum, Tiger plaster နာမည်တွေနဲ့လာတယ်။ ကိုယ်လက်လှုတ်ရှားမှုလဲ လုပ်ပေးပါ။