ကျန်းမာရေးနဲ့ဆေးပညာ မေးလိုတာရှိပါက

ဒီဘလော့ခ်ထဲကစာတွေကို တခြားနေရာမှာ ကျွန်တော့်ခွင့်ပြုချက်မပါဘဲ ကူးယူပြီး မတင်ဘို့ စည်းကမ်း သတ်မှတ်ထားပါတယ်။

ကျန်းမာရေး နဲ့ ဆေးပညာ မေးလိုတာရှိပါက
• ဖြစ်တဲ့သူရဲ့ အသက်၊ ကျား-မ ပြောပါ။ ရောဂါလက္ခဏာ ၁-၂-၃။ တခုတိုင်းက ဘယ်လောက် ကြာပြီ။
• လိုအပ်ရင် ကျန်းမာရေးရာဇဝင်၊ ဓါတ်မှန်၊ (အာလ်ထွာဆောင်း)၊ ဆေးစစ်ချက်၊ လိုအပ်ရင် အိမ်ထောင်၊ ကလေး၊ ရှိ-မရှိ။ နေတဲ့တိုင်းပြည်၊ မြို့ထည့်ရေးပါ။ လူနာမည်၊ နေရပ်လိပ်စာ အတိအကျ ကိစ္စမရှိပါ။
• ဆေးနာမည်ရေးရင် Trade name ကုမ္ပဏီကပေးတဲ့နာမည် သာမက Generic name ဆေးနာမည် ထည့်ရေးပါ။
• ဆေးစာ၊ ဆေးစစ်ချက်၊ ဝေဒနာတွေကို စကန်လုပ်ပြီးဖြစ်ဖြစ်၊ ဓါတ်ပုံရိုက်လို့ဖြစ်ဖြစ် ပို့နိုင်ပါတယ်။ ဓါတ်ပုံကို ခွင့်မယူဘဲ အသုံးမချပါ။
• အိမ်ထောင်ရေးနဲ့ လိင်ပိုင်းဆိုင်ရာမေးခွန်းတွေကို Facebook ကနေ မမေးပါနဲ့ မဖြေပါ။ တိုက်ရိုက်သာ မေးပါ။
• အီးမေးလ် အခက်အခဲရှိလို့ Facebook Comment မှာဖြစ်ဖြစ် Chat box မှာဖြစ်ဖြစ်ရေးရင်လဲ အားသလား၊ မေးလို့ရလား ရေးမနေဘဲ၊ တခါတည်း မေးခွန်းသာရေးလိုက်ပါ။
• SMS အရေးအသားမျိုးကို မဖတ်ပါ။ မြန်မာစကားကို အင်္ဂလိပ်စာလုံးနဲ့ရေးတာကို မဖတ်ပါ။
• ဘလော့ခ် နဲ့ ဖေ့စ်ဘွတ်မှာ အမေး-အဖြေတွေကိုသုံးတဲ့အခါ မေးတဲ့သူရဲ့ ကိုယ်ရေး အချက်အလက်တွေ မပါစေရပါ။
• ဖုန်းဆက်ပြီးမေးရင် Time zone မတူတာရော၊ အသံထွက် လွဲနိုင်တာရောကြောင့် အဆင်မပြေပါ။
drswe01@gmail.com ကို (အီးမေးလ်) ပို့ပါ။

• (ဘလော့ခ်) တွေထဲ ဝင်ဖတ်ဘို့ အကြံပြုပါတယ်။
- http://dts-medicaleducation.blogspot.in/ ဆေးပညာစာများ
- http://dts-medicaleducation-adult.blogspot.in/ အသက် (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာများ
- http://yamuna-online-clinic.blogspot.in ယမုန်နာ ဆေးခန်း
- http://my-sayawun-life.blogspot.in/ ဆရာဝန်ဘဝ အမှတ်ရတာတွေ
- http://dts-political-page.blogspot.in/ နိုင်ငံရေး စာမျက်နှာ
- http://www.facebook.com/pages/Dr-Tint-Swe/490031307758025?skip_nax_wizard=true ဖေ့စ်ဘွတ်

Monday, July 2, 2012

Q and A June 2012 (6)

1. အမေက အသက် ၅ဝ ရှိပါပြီ။
2. Isoflavone ဆေးအကြောင်းလေး သိချင်ပါတယ်ဆရာ။
3. သူငယ်ချင်း တစ်ယောက် ဆီးချိုရောဂါ ဖြစ်နေပါသည်။
4. ဆရာမရှင့် သမီး ဆံပင်တွေက ခေါင်းလျှော်ပြီး နှစ်ရက်လောက်နေရင် အဆီပြန်တယ်။
5. When I had medical checkup 2 years ago, ECG showed abnormal Q.
6. ကျမ အခု (့) မှာနေပါတယ်။ အသက် ၃၅ နှစ်ပါ။
7. ရန်ကုန်ဆေးရုံက အစ်မမှာ မွေးကတည်းက အဆုပ်တစ်ခြမ်း မပါတာ၊
8. ဆေးခန်းကို သွားပြတော့လည်း ဆရာဝန်က ဘာလက္ခဏာမှ မရှိဘူးတဲ့
9. ကျွန်တော့သားက ၁ နှစ်နဲ့ ၂ လကျော်လာပါပြီ။
10. ကျွန်တော့်တွင် လွန်ခဲ့သော ၇ နှစ်လောက်ခန့်က ဆီးကျောက်ဖြစ်ဖူးပါတယ်။
11. ကျွန်တော့် သူငယ်ချင်းအဖြစ်က ရယ်ရမလို၊ ငိုရမလိုပါပဲ။

Mon, Jun 25, 2012 at 8:48 AM
အမေက အသက် ၅ဝ ရှိပါပြီ။ သားအိမ်ထုတ်ရခြင်းအကြောင်းက ဆီးသွားတဲ့အခါ နာကျင်တဲ့ဝေဒနာ ခံစားရလို့ပါ။ သားအိမ်မှာ အနာဖြစ်ချင်နေတယ် ဆိုလို့ပါ။ ခွဲစိတ်ခန်းက ထွက်တော့ ရလာတဲ့ Result ကတော့ ကင်ဆာ မဟုတ်ပါဘူးတဲ့။ အခုက တစ်နေ့ကို ၁ဝ ကြိမ်လောက် ချွေးတွေ တအားထွက်တယ်တဲ့။ ပန်ကာအောက်နေလည်း နောက်ကျောက ချွေးပြန်တာပါပဲ။ ချွေးမထွက်ခင် ခေါင်းပါကြီးလာတယ်ဆိုပဲ။ နေလို့ ထိုင်လို့လည်း မကောင်းဘူးလို့ ပြောပါတယ်။ အစားလည်း သိပ်မစားဘူး။ မနေ့ကတော့ ဆေးခန်းက ပြန်လာတော့ ဆရာဝန်က သွေးဆုံး သားဆုံးကိုင်တဲ့ လက္ခဏာလို့ ပြောပါတယ်ရှင့်။ ခွဲပြီးအချိန်နဲ့ သွေးဆုံးခါနီးအချိန် တိုက်ဆိုင်တယ်လို့တော့ ပြောပါတယ်။ အမေက နဂိုကလည်း ချူချာတယ်ရှင့်။ ပိန်လည်း တော်တော်ပိန်ပါတယ်။ တီဘီ ရောဂါလည်း ဖြစ်ဖူးတယ်။ အစာအိမ်အနာ ပေါက်လို့လည်း ခွဲစိတ်ဖူးပါတယ်။ မနေ့က ဆေးခန်းကပြန်လာတော့ ဆေး ၃-၄ မျိုးလောက် ပါလာတယ်တယ်။ မှတ်မိတာကလော့ Tibolone ဆိုတဲ့ဆေးပဲ မှတ်မိပါတယ်။ ဘာဆေးလဲတော့ မသိပါဘူးရှင့်။

Tibolone ဟာ ဟော်မုန်းဆေးဖြစ်တယ်။ သွေးဆုံးသူတွေကိုပေးတယ်။ ဆရာဝန်နဲ့ ပြနေလို့ ဆရာကနေ ထူးပြောစရာ မလိုလှပါ။ စိတ်မပူဘို့တော့ ပြောချင်ပါတယ်။ ကင်ဆာ မဟုတ်တာ စိတ်သက်သာရဘို့ကောင်းတယ်။ တီဘီ ဆိုတာ အသေအခြာကုရင် လုံးဝပျောက်ကင်းပါတယ်။ ဓါတ်ဆားထုပ်နေ့တိုင်းသောက်ပါ။ တခါတလေ အိမ်မှာတင် ရေ + ဆား + သကြား + သံပရာ ဖျော်သောက်ပါ။ ချွေးထွက်များ စာတပုဒ်ပို့လိုက်ပါတယ်။

• Hyperhidrosis ချွေးထွက် များလွန်းလို့ http://dts-medicaleducation.blogspot.com/2010/11/hyperhidrosis.html
• Menopause (1) သွေဆုံး-သားဆုံး (၁) http://dts-medicaleducation.blogspot.in/2010/12/menopause.html
• Menopause (2) သွေဆုံး-သားဆုံး (၂) http://dts-medicaleducation.blogspot.com/2011/11/menopause-2.html
• Menopause (3) သွေဆုံး-သားဆုံး (၃) http://dts-medicaleducation.blogspot.in/2012/03/menopause-and-perimenopause.html
• Hyperhidrosis ချွေးထွက် များလွန်းလို့ http://dts-medicaleducation.blogspot.com/2010/11/hyperhidrosis.html

Wed, Jun 27, 2012 at 9:49 AM
Isoflavone ဆေးအကြောင်းလေး သိချင်ပါတယ်ဆရာ။ သူငယ်ချင်းက သူ့အမေအတွက် သိချင်တယ်ဆိုလို့ပါ။ အမေ အသက်က ၆၆ နှစ်ပါ။ သွေးဆုံးပြီးသူများအတွက် အားဆေးဆိုလို့ပါ။ ဟုတ်ပါသလား။ ဟုတ်ရင် ဘယ်လောက်ကြာကြာ သောက်သင့်ပါသလဲ သိချင်လို့ပါ။ ဆိုးကျိုးကောင်ကျိုးများလည်း ပြောပြပေးပါဆရာ။

ပဲပုပ်ထဲက Isoflavones ရဲ့ ဓါတုတည်ဆောက်ပုံဟာ Estrogen နဲ့ ဆင်တယ်။ ဒါကြောင့် ကိုယ်ခန္ဓာကနေ ထုတ်နေတဲ့ (အီစထိုဂျင်) ကို ဟန့်တားရာ ရောက်နိုင်တယ်။ ကောင်းစေတာရော ဆိုးစေတာပါ ဖြစ်နိုင်တယ်။ Natural antioxidants သဘာဝကနေရတဲ့ (အင်တီ-အောက်စီဒင့်) ဖြစ်တယ်။

Soy products ပဲပုပ်နဲ့လုပ်တဲ့ အစာတွေ ဆေးတွေက Health benefits ကျန်းမာရေး အကျိုးကျေးဇူးတွေ ရစေတယ်။
• Ease menopause symptoms သွေဆုံးခါနီးနဲ့ သွေးဆုံးပြီး ခံစားရတာတွေကို သက်သာစေတယ်။
• Osteoporosis အရိုးရောဂါတွေအတွက်ပါ ကောင်းစေလဲပါတယ်။
• Improve bone health အရိုးအားကောင်းစေတယ်။
• Reduce heart disease risk နှလုံးရောဂါ ဖြစ်လာမှာကို ကာကွယ်တယ်။
• Protect against prostate problems ယောက်ျား-ဆီးကျိတ်ရောဂါကို ကာကွယ်တယ်။
• Reduce cancer risk ကင်ဆာဖြစ်မှာကို နည်းစေတယ်။
• Breast cancer ရင်သား-ကင်ဆာကိုပါ ကာကွယ်တယ်လို့ ဆိုပါတယ်။

ဝေဖန်သူတွေက ဒီဓါတ်ကြောင့် Epithelial hyperplasia ဖြစ်မှာကို အခွင့်အလမ်း များစေမယ်။ Goiterလည်ပင်းကြီး နဲ့ Hyperthyroidism လည်ပင်းကြီး ဟော်မုန်းများတာလဲ ဖြစ်စေနိုင်တယ်လို့ ထောက်ပြထားတယ်။ လေ့လာမှုတွေ အများကြီးထဲက အကျိုးရစေတာကို ပြောတာက ပိုများတယ်။

Soy Isoflavones ဆေးကို Ovulation induction ကလေးရချင်တဲ့ အမျိုးသမီးတွေ မျိုးဥထွက်စေဘို့လဲ ပေးတတ်တယ်။ Clomid ဆေးသဘော ပေးကြည့်တာဖြစ်တယ်။ ဆေးပေးနည်းကလဲ အတူတူဘဲ ရာသီဆင်းပြီးပြီးချင်း ပဌမဆုံး ၅ ရက်မှာ ဆေးပေးရတယ်။ Isoflavones 150-200 mg a day ပေးတယ်။

• ၃၁-၁၂-၂ဝဝ၄ လေ့လာမှုတခုက Isoflavones (ISO) ကနေ Dual energy X-ray absorptiometry (DEXA) သုံးပြီး Bone mineral density (BMD) အရိုး သိပ်သည်းဆ အပေါ်သက်ရောက်မှုကို လေ့လာခဲ့တယ်။ သွေးဆုံးကာနီးနဲ့ ဆုံးကာစ ဂျပန်အမျိုးသမီး ၈၁ ယောက်ကို လေ့လာတာဖြစ်တယ်။ ISO (100 mg) ပေးတဲ့ အုပ်စုနဲ့ မပေးတဲ့အုက်စု ၂ ခုခွဲလေ့လာတယ်။ ၂၄ ပါတ်ကြာဆေးပေးတယ်။ လူ ၇ဝ က လေ့လာမှု အဆုံးထိ ပါတယ်။ ကောက်ချက်ကတော့ ISO 100 mg/day ရေရှည်ပေးရင် Menopausal bone resorption ကို ကာကွယ်ရုံသာမကဘဲ BMD များစေတယ်၊ Body fat နည်းစေတယ်၊ BMI ကျစေတယ်။
• Soy isoflavone pills don't prevent bone loss ဒီ Isoflavone ဆေးကနေ အရိုးပျက်စီးတာကို မကာကွယ်နိုင်ဘူးလို့ ၉-၈-၂ဝ၁၁ နေ့ကလာတဲ့ ANI သတင်းမှာ ပါတယ်။

ဘေးထွက်-ဆိုးကျိုးတွေ = ဝမ်ချုပ်၊ လေပွ၊ ဝမ်းပျော့၊ ပျို့၊ အစာအိမ်အနေရခက်။

Wed, Jun 27, 2012 at 6:54 PM
သူငယ်ချင်း တစ်ယောက် ဆီးချိုရောဂါ ဖြစ်နေပါသည်။ ရောဂါဖြစ်သက်တမ်းက ၇ နှစ်ရှိပါပြီ။ အသက် ၄၂ လောက်ရှိပြီ။ (ကျား)။ ၆ နှစ်လောက်လုံးလုံး မြန်မာဆေး နန္ဒသုခဆေး စားပါသည်။ ယခုဆိုရင် ဆေးကို ဖြတ်ထားတာ ၁ နှစ်လောက် ရှိပါပြီ။ ယခုလက်ရှိနေထိုင်တာက (့) နိုင်ငံမှာ ဖြစ်ပါသည်။ ဆေးရုံတက်ပါသည်။ ဆေးရုံက ဆေးတွေ ပေးပါသည်။ ဆေးအမည်က Metformin 500 MG TAB(90) - Glibenclamide 5 MG TAB (60) ဆေး ၂ မျိုးကိုကျွေးပါသည်။ x-ray-ရိုက်ထားပါတယ်။ ဆီးချိုကလွဲရင် ဘာရောဂါမှ မရှိဘူးလို့ ပြောတယ်။ အခုလက်ရှိအခြေနေမှာ အိပ်ယာထဲလဲနေပါတယ်။ ၄ ရက်ရှိပါပြီ။ အစာတော့ စားလို့ရပါသည။် ဇက်ကြောတင်းတယ် တကိုယ်လုံး ကြွက်သားတွေ နာတယ် တင်းတယ် နုံးခွေနေတယ်။ သားသ္မီး ၂ ယောက်နဲ့ပါ။

• Diabetes ဆီးချို http://dts-medicaleducation.blogspot.com/2010/09/diabetes.html

Mon, Jun 25, 2012 at 2:22 PM
မ(့)၊ အသက် ၂၇၊ ဆရာမရှင့် သမီး ဆံပင်တွေက ခေါင်းလျှော်ပြီး နှစ်ရက်လောက်နေရင် အဆီပြန်တယ်။ ဒါကြောင့်လဲ နှစ်ရက်တစ်ခါ ခေါင်းလျှော်ရတယ်။ အုန်းဆီ လိမ်းထားသလိုပဲ အဆီပြန်ပြီး ဆံပင်တွေက ကပ်နေတယ်။ ငယ်ငယ်တည်းက အခုအချိန်ထိပဲ။ ဆံပင်ကိုလည်း ဖြောင့်တာ ကောက်တာတွေလည်း တစ်ခါမှ မလုပ်ဖူးပါဘူး။ ခေါင်းလျှော်ရည်ပဲ သုံးတယ်။ တခြားဘာမှ မသုံးဖြစ်ဘူး။ ဆံပင်က အဆီပြန်တတ်လို့ ဆံပင်ရှည်လည်း မထားဖြစ်ဘူး။ အဆီပြန်လို့လား မသိဘူး သူများထက်ပိုပြီး ခေါင်းချွေးနံ့နံတယ်။ အဲဒါ ဘာကြောင့်ဖြစ်တယ်၊ ဘာတွေ လုပ်ရမယ်ဆိုတာ ကျေးဇူးပြု၍ ပြောပြပေးပါလို့ တောင်းဆိုပါရစေရှင့်။

စာရိုက်တာ ပိုသွားတာလား၊ ဆရာမလို့ ထင်တာလားတော့ မသိဘူး။ ဆရာမ မဟုတ်ပါ။
• Oily Hair ဆံပင် အဆီပြန် နေပြန်သတဲ့ http://dts-medicaleducation.blogspot.com/2010/08/oily-hair.html

Thu, Jun 28, 2012 at 4:52 PM
My name is (့) and 27 years old. When I had medical checkup 2 years ago, ECG showed abnormal Q. (As I do not have my ECG copies currently, I would like to send you later.) When I consulted with Specialist he did not give me any medication. But, I'm suffering chest pain and short of breathing. Now, I have to take medical examination for extending my job contract and I worry that I'll fail medical examination. Is there any medicine to have normal ECG result?

Don't worry! Your age is not common for most of heart diseases. Myocardial infarction (MI) is of old, obese and high-cholesterol persons.

“Abnormal Q waves on the admission electrocardiogram of patients with first acute myocardial infarction: prognostic implications.”

Fri, Jun 29, 2012 at 11:08 AM
ကျမ အခု (့) မှာနေပါတယ်။ အသက် ၃၅ နှစ်ပါ။ ကျမအမြဲတမ်း ဥတုမရွေး နှာခေါင်းပိတ်ပြီး မျက်လုံး၊ နှာခေါင်း၊ လည်ချောင်း ယားပါတယ်။ ဆေးခန်းလဲပြတယ်။ ဆေးကုန်ပြန်ဖြစ် ဒီလိုပဲ သံသရာလည်နေတာ (၄) နှစ်ရှိပြီ။ နောက်တော့ ဆရာ့ blog မှာ ညွှန်းထားတဲ့ဆေး Cetirizine tablet 10mg ဝယ်သောက်တယ်။ ယားတာတွေတော့ သက်သာတယ်။ ဒါပေမယ့် နှာခေါင်းက ပိတ်တုန်းပဲ။ ဆေး ၁ ကဒ်ကုန်တော့ ပြန်သွားဝယ်တာကို သူတို့က Rinafort tablet Dexbrompheniramine Maleate 6mg Pseudoephedrine Sulfate 120mg ဆရာ့ကို ပို့ထားတဲ့ပုံ အဲဒီဆေး ပေးလိုက်တယ်။ ကျမလဲ ဆရာ့ကို မေးပြီးမှ သောက်မယ်ဆိုပြီး ယူလာတယ်။ ဆရာအဲဒီဆေးက ဘာဆေးလဲ။ ဘာအတွက်လဲ ကျေးဇူးပြုပြီးသိပါရစေ။ ကျမသောက်ရမှာလား မသောက်ရဘူးလားဆိုတာ ပြောပြပါနော်ဆရာ။

• Brompheniramine Maleate, Dexbrompheniramine Maleate ဟာ Antihistamines (အင်တီ-ဟစ်တမင်း) ပဌမမျိုးဆက်ဆေး ဖြစ်တယ်။
• Blocks H1-receptor sites နေရာကို ဆန့်ကျင်စေပြီး Histamine ရဲ့ အလုပ်ကို တားပေးတယ်။
• လူကြီး = တခါသောက် 4 mg ကို ၄ နာရီတခါသောက်နိုင်တယ်။ အများဆုံး တနေ့မှာ 24 mg ထက်မပိုရဘူး။
• ရောဂါလက္ခဏာသက်သာရင် ဆေးရပ်ရမယ်။ ၇ ရက်သောက်လို့မှ မသက်သာလဲ ရပ်ပါ။
• အသက် ၆ဝ ကျော်သူတွေကို ဆေးလျှော့ပေးရမယ်။
• နို့တိုက်မိခင်တွေ၊ MAO-inhibitor ဆေးသောက်နေရသူတွေ၊ Angle-closure glaucoma မျက်စိ ဒေါင့်ကျဉ်း-ရေတိမ်ရှိသူ၊ ဆီးမသွားနိုင်သူ၊ အစာအိမ်လေနာရှိသူ၊ ပန်းနာထနေသူတွေကို မပေးသင့်ပါ။
• အိပ်ချင်မယ်၊ ဒါပေမဲ့ တခြား ပဌမမျိုးဆက်ဆေးတွေထက် သက်သာတယ်။ ခေါင်းမူးမယ်၊ အိပ်ရေးပျက်မယ်၊ စိတ် မကြည်မလင်ဖြစ်မယ်၊ ရင်တုံမယ်၊ စိတ်လှုတ်ရှားမှုများမယ် (အထူးသဖြင့်ကလေးတွေ)၊ ပါးစပ်-အာခေါင် ခြောက်မယ်၊ ဆီးအောင့်မယ်၊ ဆီးမသွားနိုင်ဖြစ်မယ်၊
• ကိုယ်ဝန်ဆောင်နေချိန်မှာ မပေးရင်ကောင်းတယ်၊
• အရက်နဲ့ တွဲမသောက်ရပါ။
• 20–25°C အပူချိန်မှာ ထားသိုပါ။

• Allergic rhinitis အလာဂျီ နှာခေါင်း http://dts-medicaleducation.blogspot.com/2010/08/allergic-rhinitis.html
• Allergy သို့မဟုတ် မတည့်အတူနေ http://dts-medicaleducation.blogspot.com/2010/05/allergy.html
• Allergy and Worm နာတာရှည် (အလာဂျီ) နှင့် သန်ကောင် http://dts-medicaleducation.blogspot.com/2010/09/chronic-allergies.html
• Allergy medications (အလာဂျီ) ကို ဘယ်လို ကုသမလဲ http://dts-medicaleducation.blogspot.com/2011/05/allergy-medications.html တွေကိုလဲ ဖတ်ပါ။ သင့်တာကိုယူပါ။ လိုက်နာပါ။

Fri, Jun 29, 2012 at 10:47 AM
စာချက်ချင်း မပြန်နိုင်တာ အစ်မရဲ့ဆေးစစ်စာတွေ စောင့်နေရတာနဲ့ နောက်ကျသွားပါတယ်ဆရာ။ အစ်မက ရန်ကုန် ရောက်ပြီး (့) မှာအရင်ပြတယ်။ အဲဒီကနေ ရန်ကုန်ဆေးရုံကြီးမှာ ဆေးရုံတက်ပြီး CT Scan ပါတယ်။ အဲဒီဆေးစာတွေ အကုန် ဆရာဆီအခု attach တွဲပြီး ပိုလိုက်ပါတယ်။ ရန်ကုန်ဆေးရုံက အစ်မမှာ မွေးကတည်းက အဆုပ်တစ်ခြမ်း မပါတာ၊ အခု နောက်တစ်ခြမ်းမှာ ထိခိုက်မှုဖြစ်လာတာက အဆုတ်မှာ အနာဖြစ်တာလား၊ အရိပ်ဖြစ်တာလား၊ မသေချာသေးလို့ နှစ်လနေမှ တစ်ခေါက်ပြန်ပြဖို့ ချိန်းပါတယ်။

ဟုတ်တယ်။ မွေးရာပါ ဘယ်ဘက်အဆုပ် ဖြစ်မလာပါ။ ကျန်တာ မသေခြာလို့ ဆက်စစ်လိမ့်မယ်။ မျက်နှာမှာ ရွဲ့စောင်းတာ ရှိသလား လက်ရေးကိုဖတ်ရတာ သိပ်တော့ မရှင်းပါ။ ကုသပေးတဲ့ ဆေးရုံ-ဆရာဝန်ကနေ အကောင်းဆုံး လုပ်ပေးပါလိမ့်မယ်။ ကျန်တာတွေ ကောင်းတယ်။ ကူးစက်ရောဂါမရှိ၊ ကင်ဆာမရှိ၊ အကုရခက်တဲ့ တခြားရောဂါကြီးတွေ မရှိလို့ စိတ်သက်သာရာ ရစေအောင် အားပေးပါ။

ဟုတ်ကဲ့ဆရာ။ အစ်မရဲ့ ပါးစပ်ကနဲနဲ ရွဲ့ပါတယ် ဆရာ။ ကျန်တဲ့ အဆုတ်တခြမ်းကို အားဖြစ်အောင် ဘာတွေ စားသုံးသင့်ပါသလဲ။

အစားအစာ မျှတ၊ လုံလောက်အောင်စားသုံးပါ။ ကိုယ်အလေးချိန်၊ အပိန်-အဝ မသိလို့ ထူးပြီးညွှန်စရာ မပြောတတ်ပါ။

Mon, Jul 2, 2012 at 8:10 AM
ကျွန်တော့် နာမည် (့) ပါ။ အသက် ၃၂၊ အိမ်ထောင်မရှိပါ။ အခု (့) မှာ အလုပ်လုပ်နေပါတယ်။ ခဏခဏ ဖျားနေလို့ပါ။ ၂ဝဝ၉ ခုနစ်လောက်ကစပြီး အဖျား တက်တက်နေတာပါ။ ဆေးခန်းကို သွားပြတော့လည်း ဆရာဝန်က ဘာလက္ခဏာမှ မရှိဘူးတဲ့ ရိုးရိုးဖျားတာ ဆိုပြီး သောက်ဆေးပဲ ပေးတယ်။ ဆေးစားလည်း ခဏပဲ။ တစ်လကို ၄ ခါလောက် ဆေးခန်းပြရတယ်။ အမြဲတမ်း ကိုယ်ပူပူနေတာ နေ့တိုင်းလိုလိုပဲ ပါရာစီတီမော အမြဲသောက်နေရတယ်။ Whold body medical လဲ စစ်ကြည့်တယ်။ ဘာမှ မတွေ့ဘူး။ အလုပ်ထဲမှာ အဲယားကွန်းဒဏ် မခံနိုင်ဘူး။ အအေးမခံနိုင်ဘူး။ ချွှေးငုပ်ငုပ်နေလို့ အသားရေက အမြဲပူနေတယ်။ လူကလည်း အရမ်းပိန်လာတယ်။ အစားလည်း ကောင်းကောင်းစားတယ်။ တစ်ခါတစ်ရံ လည်ချောင်းနာတယ်။ ဆီး၊ သွေးစစ်တယ်။ ဘာမှမရှိဘူးတဲ့။ ကြာတော့ ဆေးခန်းသွားရမှာကို အားနာလာပြီ။

ဆရာဝန်တွေနဲ့ပြထား၊ ဆေးစစ်တာတွေလဲ လုပ်ထားပြီး ရောဂါရှာမတွေ့တာကို အဝေးကနေ ရောဂါရှာပေးရတာဟာ အခက်ဆုံးအလုပ်တခုတော့ဖြစ်ပါတယ်။

၂ မျိုးတွေ့တယ်။ ကိုယ်ပူတာက အဖျား ဟုတ်-မဟုတ် မသေခြာပါ။ ပူတယ်လို့ခံစားရတာနဲ့ အဖျားရှိတာ မတူပါ။ နောက်ပြီး ပူတယ်ဆိုပြီး အအေးဒဏ်မခံနိုင်ဖြစ်နေတယ်။

လေအေးစက်ကို တချို့လူတွေက မကြိုက်ဘူး။ အမှန်ဘဲ။ ချွေးမထွက်လို့ မနေတတ်တာလဲ ဟုတ်တယ်။ ပါရာစီတမော သောက်ရင် ချွေးထွက်စေတယ်။

ကိုယ်အပူချိန်တိုင်း သာမိုမီတာနဲ့ တိုင်းကြည့်ပါ။ အနီမှတ် မြားလေးကိုကျော်တာက ကိုယ်ပူတာ-အဖျားရှိတာဖြစ်တယ်။ ခက်တာ နောက်တခုက PUO လို့ခေါ်တဲ့ ဘာလို့ဖျားမှန်းမသိတဲ့ ရောဂါ အဖြစ်များတယ်။ ဆေးတွေစစ်၊ ပိုက်ဆံတွေ ကုန်ပေမဲ့ ရောဂါရှာမတွေ့ဘူး။ များသောအားဖြင့်က ဗိုင်းရပ်စ် ကနေဖြစ်တယ်။

ပိန်လာတာနဲ့ ပူတာ ၂ ခု တွဲတဲ့အချက်အရ လက်ကောက်ဝတ်သွေးခုန်နှုန်း သိချင်တယ်။ စိတ်တိုတတ်သလားလဲ သိချင်တယ်။ လည်ပင်ကြီးဟော်မုန်း စစ်ဘို့ လိုချင် လိုနိုင်တယ်။

Tue, Jul 3, 2012 at 11:40 AM
ကျွန်တော့သားက ၁ နှစ်နဲ့ ၂ လကျော်လာပါပြီ။ ခုတလောမှာမှ ဝမ်းပျက်လိုက် ဖျားလိုက် ချောင်းဆိုးလိုက်နဲ့ဖြစ်ပြီး ပိန်သွားလို့ပါ။ တလတခါလောက်ကို ဖြစ်နေတာ ၂ လလောက်ရှိပါပြီ။ ပြီးခဲ့တဲ့လက ၂ ခါ ဖျားပါတယ်။ ဆရာဝန်ကတော့ ၃ ခါဆိုရင် ဆေးစစ်မယ်တော့ပြောပါတယ်။ ချွေးနဲ့ အအေးမိတာလားလဲ မသိပါဘူး။ ညဘက်တွေမှာလဲ လည်ဂုတ်နဲ့ ခေါင်းမှာ ချွေးတွေအရမ်းထွက်ပါတယ်။ Aircond အရမ်းတင်လိုက်ရင်လဲ သူချမ်းမှာ စိုးလို့ပါ။ ၂၅ လောက်ပဲထားလို့ရတယ်။ ၂၆ ဆိုတာနဲ့ ချွေးတွေထွက်လာရောပဲ။ စောင်လဲခြုံပေးလို့မရဘူး။ ကန်ထုတ်ပစ်တယ်။ အတင်းခြုံပေးရင်ငိုရော။ ဝမ်းပျက်လိုက်၊ ဖျားလိုက်၊ ချောင်းဆိုးလိုက် ဖြစ်နေတာကို ဘာလုပ်လို့ ရပါသလဲ။ ချွေးထွက်လွန်းတာကိုရော ဘာလုပ်လို့ရပါသလဲ။ မွေးတုန်းကတော့ အသားဝါပြီး G6B ရှိဘူးပါတယ်။ အစားအစာ အမူအကျင့်ဘာပြောင်းဖို့ လိုပါသလဲ။ အရင်က အာဟာရမှုန့် ကျွေးပါတယ်။ ခုတော့ ဆန်နဲ့ပဲနီလေးကို ကြိတ်ထားတဲ့ အမှုန့်ကို ပြုတ်ပြီး ကြက်ဥ၊ ကြက်သား၊ ငါးကြော်ဖတ် အဲဒါမျိုးနဲ့ ကျွေးနေပါတယ်။ ရေလဲ တနေ့တခါတော့ ရေနွေးနဲ့စပ်ပြီး ချိုးပေးပါတယ်။

ဆောရီး။ စိတ်သိပ်မပူပူနဲ့။ ကလေးတွေက အဲလိုဘဲ။ အရွယ်တဆင့်တဆင့်တက်လာတိုင်း အနေ-အစား-အအိပ် ပြောင်းလာတယ်။ အထဲက စနစ်တွေက လိုက်မမီသေးရင် နေမကောင်းဖြစ်တတ်တယ်။ ဝမ်းပျက်-ချောင်းဆိုးတွေက များသောအားဖြင့် ဗိုင်းရပ်စ်တွေနေဖြစ်တာများတယ်။ ပိုးသေဆေးမလိုတာမျိုးဖြစ်တယ်။ ဓါတ်ဆားရည်၊ (ပါရာစီတမော) နဲ့ ရတာများတယ်။

ကိုယ်ပူတာနဲ့ ဝမ်းပျက်တာရောရင် ဗက်တီးရီးယား ထင်ရမယ်။ Seprtin/Amoxacillin လိုမယ်။ ဆေးတိုင်း ကလေး ကိုယ်အလေးချိန်အရတွက်ပြီး ပိုမပေးရပါ။ ချောင်းဆိုး-ကိုယ်ပူ ကလေးငယ်တွေအတွက် Azithromycin တနေ့မှ တခါတိုက်တာကို အသုံးများတယ်။ လိုသေးရင် ရိုးရိုးဆရာဝန်ထက် ကလေးအထူးကုဆရာဝန်ပြပါ။

Tue, Jul 3, 2012 at 3:25 PM
ကျွန်တော့်တွင် လွန်ခဲ့သော ၇ နှစ်လောက်ခန့်က ဆီးကျောက်ဖြစ်ဖူးပါတယ်။ ဆီးကျောက်သည် လိပ်တံထိပ်တွင် လာဆို့နေပြီး ဆေးခန်းကိုသွားလိုက်ရပါတယ်။ ယနေ့ ခုလည်း စာရေးနေတဲ့အချိန်ထိ ဆီးအောက်နေပါတယ်။ ဆီးသွားရင်နာပါတယ်။ အိမ်ထောင်ရှိပါတယ်။ အသက်ကတော့ ၄ဝပါ။ မနေ့တုန်းကဆိုရင် ဆီးသွားတာသွေးပါ ပါတယ်။ ရေများများ သောက်ဆိုလို့ ရေတွေလဲသောက်နေပါသည်။ ဆေးဝယ်သောက်တာလဲ မပျောက်သေးဘူး။ သောက်တဲ့ ဆေးတွေကတော့ NORXACIN 400mg တစ်နေ့ ၂ ကြိမ် DOLFEN 500mg တစ်နေ့ ၃ ကြိမ် သောက်နေပါတယ်။

NORXACIN = Norfloxacin ဆီးလမ်းပိုးဝင်တာအတွက်ဆေး နဲ့ DOLFEN = Dolfenal အနာသက်သာဆေးဖြစ်တယ်။
• Kidney stones ကျောက်ကပ်-ကျောက်
• Kidney Stones Home Remedies ကျောက်ကပ် ကျောက်တည်တာ အိမ်မှာ သက်သာအောင်

Sat, Jul 7, 2012 at 7:04 PM
ကျွန်တော့် သူငယ်ချင်းအဖြစ်က ရယ်ရမလို၊ ငိုရမလိုပါပဲ။ အိမ်မက်ထဲမှာ ကောင်မလေးနဲ့ ပြဿနာတက်ပြီး ကောင်မလေးရဲ့ နားထင်ကို တစ်တောင်နဲ့ ထောင်းလိုက်တယ်တဲ့။ ဒါပေမယ့် တကယ့်အပြင်မှာ ကျတော့ ဘေးမှာအိပ်ပျော်နေတဲ့ သူငယ်ချင်းနဲ့ နားထင်ကို ယောင်ပြီး ထောင်းမိလိုက်တယ်။ ဘေးကသူငယ်ချင်းခမျာ မနက်လဲထရော နားယောင်နေတော့တာပဲ။ နားစည်နဲ့ နားအတွင်းပိုင်းကတော့ ဘာမှမဖြစ်ပါဘူး။ နားကြပ်တံနဲ့ အတွင်းပိုင်းကိုထိုးကြည့်တာ မနာဘူးပေါ့။ နားအပြင်က အရိုးကတော်တော် ကိုက်နေတယ်ခင်ဗျ။ Alaxan သောက်လဲ အချိန်တစ်ခုပဲ သက်သာပါတယ်ခင်ဗျ။ ကျွန်တော့်တို့က အဆောင်မှာ နေတာဆိုတော့ ဘယ်လိုဆေးခန်းမှာ ပြရမလဲဆိုတာလဲ မသိပါဘူး။ ဒါကြောင့် ကျေးဇူးပြုပြီး လိမ်းဆေး သောက်ဆေး ညွန်ပေးစေချင်ပါတယ်ခင်ဗျ။

Alaxan ဆေးက နာတာ-ရောင်တာကိုသာ သက်သာစေမယ်။ ဒီဆေးနဲ့အတူ ပိုးသေဆေးတခုခုလဲ တွဲသောက်သင့်တယ်။ ဥပမာ Ampicillin/Amoxacillin တမျိုးမျိုး။ 250 mg ဆိုရင် တခါသောက် ၁ တောင့်၊ တနေ့ ၄ ကြိမ်။ 500mg ဆိုရင် တခါသောက် ၁ တောင့်၊ တနေ့ ၂ ကြိမ်။ ၄-၅ ရက်သောက်ပါ။ အနာကို အနာလိမ်းဆေး ရိုးရို တခုခုလိမ်းနိုင်တယ်။ ဥပမာ Burnol/Cipraldine/Betadine တခုခု။