ကျန်းမာရေးနဲ့ဆေးပညာ မေးလိုတာရှိပါက

ဒီဘလော့ခ်ထဲကစာတွေကို တခြားနေရာမှာ ကျွန်တော့်ခွင့်ပြုချက်မပါဘဲ ကူးယူပြီး မတင်ဘို့ စည်းကမ်း သတ်မှတ်ထားပါတယ်။

ကျန်းမာရေး နဲ့ ဆေးပညာ မေးလိုတာရှိပါက
• ဖြစ်တဲ့သူရဲ့ အသက်၊ ကျား-မ ပြောပါ။ ရောဂါလက္ခဏာ ၁-၂-၃။ တခုတိုင်းက ဘယ်လောက် ကြာပြီ။
• လိုအပ်ရင် ကျန်းမာရေးရာဇဝင်၊ ဓါတ်မှန်၊ (အာလ်ထွာဆောင်း)၊ ဆေးစစ်ချက်၊ လိုအပ်ရင် အိမ်ထောင်၊ ကလေး၊ ရှိ-မရှိ။ နေတဲ့တိုင်းပြည်၊ မြို့ထည့်ရေးပါ။ လူနာမည်၊ နေရပ်လိပ်စာအတိအကျ ကိစ္စမရှိပါ။
• ဆေးနာမည်ရေးရင် Trade name ကုမ္ပဏီကပေးတဲ့နာမည်သာမက Generic name ဆေးနာမည် ထည့်ရေးပါ။
• ဆေးစာ၊ ဆေးစစ်ချက်၊ ဝေဒနာတွေကို စကန်လုပ်ပြီးဖြစ်ဖြစ်၊ ဓါတ်ပုံရိုက်လို့ဖြစ်ဖြစ် ပို့နိုင်ပါတယ်။ ဓါတ်ပုံကို ခွင့်မယူဘဲ အသုံးမချပါ။
• အိမ်ထောင်ရေးနဲ့ လိင်ပိုင်းဆိုင်ရာမေးခွန်းတွေကို Facebook ကနေ မမေးပါနဲ့ မဖြေပါ။ တိုက်ရိုက်သာမေးပါ။
• အီးမေးလ် အခက်အခဲရှိလို့ Facebook message မှာဖြစ်ဖြစ် Chat box မှာဖြစ်ဖြစ်ရေးရင်လဲ အားသလား၊ မေးလို့ရလား ရေးမနေဘဲ၊ တခါတည်း မေးခွန်းသာရေးလိုက်ပါ။
• Facebook Comment ကနေမေးတာ-ဖြေတာ အဆင်မပြေပါ။
စာရှည်ရေးမရပါ။ သူများတွေကို အနှောင့်အယှက်ဖြစ်နိုင်ပါတယ်။
• နာမ်စားသုံးတာမှာ ကိုယ်ကိုယ်ကို ‘သား’၊ ‘သမီး’ လို့ သုံးရင် မေးတဲ့သူရဲ့ သားသမီးလား ထင်မှတ်မှားနိုင်တာသတိပြုပါ။
• SMS အရေးအသားမျိုးကို မဖတ်ပါ။ မြန်မာစကားကို အင်္ဂလိပ်စာလုံးနဲ့ရေးတာကို မဖတ်ပါ။
• ဘလော့ခ် နဲ့ ဖေ့စ်ဘွတ်မှာ အမေး-အဖြေတွေကိုသုံးတဲ့အခါ မေးတဲ့သူရဲ့ ကိုယ်ရေး အချက်အလက်တွေ မပါစေရပါ။
• ဖုန်းဆက်ပြီးမေးရင် Time zone မတူတာရော၊ အသံထွက် လွဲနိုင်တာရောကြောင့် အဆင်မပြေပါ။ ကျွန်တော့်မှာ Viber မရှိပါ။ ဖေ့စ်ဘွတ် ဖုန်း-ဗီဒီယို အဆင်မပြေပါ။ Skype ကိုတော့ နိုင်ငံရေးနဲ့ မိသားစုအတွက်သာသုံးပါတယ်။
drswe01@gmail.com ကို (အီးမေးလ်) ပို့ပါ။

(ဘလော့ခ်) တွေထဲ ဝင်ဖတ်ဘို့ အကြံပြုပါတယ်။
- http://dts-medicaleducation.blogspot.in/ ဆေးပညာစာများ
- http://yamuna-online-clinic.blogspot.in ယမုန်နာ ဆေးခန်း
- http://my-sayawun-life.blogspot.in/ ဆရာဝန်ဘဝ အမှတ်ရတာတွေ
- http://dts-political-page.blogspot.in/ နိုင်ငံရေး စာမျက်နှာ
- http://www.facebook.com/pages/Dr-Tint-Swe/490031307758025?skip_nax_wizard=true ဖေ့စ်ဘွတ်
- https://tintswe.wordpress.com/ Dr. Tint Swe ဒေါက်တာတင့်ဆွေ ဆေးပညာစာများ

Friday, June 15, 2012

Q and A June 2012 (4)

1. လွန်ခဲ့တဲ့ ၁ နှစ်ကျော်လောက်က သမီးရဲ့  ညာဘက်ရင်သားမှာ ရေချိုးရင်းနဲ့  အလုံးလေးတလုံး စမ်းမိတယ်။
2. ကျွန်မက (့) မှာ နေတာပါ။ အစ်မက (့) တိုင်းရဲ့ တောမြို့လေးမှာနေတာပါရှင့်။
3. သမီးက အသက် ၂၅ နှစ်ရှိပါပြီ၊ အပျိုစင်ပါ။
4. ကျွန်တော့် ကောင်မလေးကို ဆေးနာမည်မေးကြည့်ပြီးပါပြီ။
5. ကျမ အမျိုးသားရဲ့ ဦးခေါင်း နားထင်ရဲ့အပေါ်ဖက်နားလေးမှာ အသားပိုလေးရှိပါတယ်။

Fri, Jun 15, 2012 at 1:32 PM
လွန်ခဲ့တဲ့ ၁ နှစ်ကျော်လောက်က သမီးရဲ့  ညာဘက်ရင်သားမှာ ရေချိုးရင်းနဲ့ အလုံးလေးတလုံး စမ်းမိတယ်။ စိုးရိမ်ပြီး ချက်ချင်းပဲ ဆရာဝန်ပြခဲ့တယ်။ ဆရာဝန်စစ်ဆေးပြီးတော့ သိပ်မစိုးရိမ်ရပါဘူးတဲ့။ ၁့၃၃ cm လောက်ရှိတယ်တဲ့။ အဲလိုနဲ့ သူရက်ချိန်းပေးတဲ့ အခါတိုင်း သွားပြတယ်ဆရာ။ ကိုယ်တိုင်လဲ စမ်းစမ်းကြည့်တယ်ပေါ့။ နောက် ၂ cm လောက် ဖြစ်လာတယ်။ နောက် ၃ လလောက်မှ ပြန်လာဖို့ ချိန်းလိုက်တယ်။ နောက်တော့ သွားမပြဖြစ်ခဲ့ဘူး။ အဲလိုနဲ့ ၆ လလောက် ကြာသွားတယ်။ အလုံးလေးက တခါတလေ ဆစ်ခနဲ ဆစ်ခနဲ နာတယ်လိုထင်မိတယ်။ အလုပ်ကလဲများတော့ နောက် အချိန် မပေးနိုင်တော့ဘူး။ အိမ်ထောင်ရှိပါတယ်။ သမီးလေးတယောက်လဲရှိတယ်။ အသက်က ခုဆို ၁၃ နှစ်ထဲမှာပါ။ အလုပ်ကလဲ (့) မှာဆိုတော့ မြန်မာပြည်ကို ပြန်ခဲတယ်။ လင်မယား ၂ ယောက်လုံး ဒီမှာပဲ နေကြတာပါ။ နောက်ကလေးတယောက် ထပ်ယူလိုက်တယ်။ ခုဆို ကိုယ်ဝန်က ၆ လပြည့်ပြီ။ ကိုယ်ဝန်ရှိတဲက ဆေးရုံကို ပြခဲ့တယ်။ တနေ့တော့ နောက်ဆရာမ တယောက်နဲ့ပြရတယ်။ အဲမှာ သူက ရင်သားကိုစမ်းတယ်။ အလုံးလေးလဲ တွေ့ရော မေးတော့တာပေါ့။ အဲလိုနဲ့ ရင်သားဌါနကို လွှတ်တယ်။ သွားပြတော့ ချက်ချင်းပဲ အာထရာဆောင်း ရိုက်တယ်။ ၄့၇ cm လောက်ဖြစ်နေပြီ။ အသားစ နဲနဲထုတ်စစ်မယ်ဆိုပြီး ချက်ချင်းခွဲပြီး အသားစ ၃ စညှပ်ယူလိုက်တယ်။ ပြီးတော့ နောက်တပတ်ချိန်းတယ်။ ခုပြန်လဲပြရော ရင်သားကင်ဆာတဲ့။ ချက်ချင်းခွဲရမယ်ပေါ့နော်။ သမီးကိုယ်ဝန်ရဲ့ ဂျုးဒိတ်က ၉ လပိုင်း ပထမပတ်ပါ။ သူတို့က ကလေး မမွေးခင် ချက်ချင်း လုပ်ရမယ်ပေါ့နော်။ နိုင်ငံရပ်ခြားဆိုတော့ ဆေးရုံစရိတ်စကက အရမ်းဈေးကြီးပါတယ်။ နီုင်ငံခြားသား တယောက်အတွက် ဆေးကုစရိတ်က နိုင်ငံသားရဲ့  ၂ ဆပါ။ ရင်သားကင်ဆာက အခုလိုမြန်မြန်ဆန်ဆန်ဖြစ်လာနိုင်သလား။ ဖြစ်တာ သေချာရင်ရော ဘယ်လောက်အထိ မကုပဲ ကြာကြာနေလို့ရမလဲ။ သူတို့ပြောတော့ အကျိတ်ကိုရော ချိုင်းက အကြောကိုရော ဖြတ်ခွဲရမယ့်အပြင် (ကီမို) လုပ်ရမယ်လဲပြောတယ်။ ဓါတ်ကင်ရမယ်လဲပြောပါတယ်။ ရင်သားကင်ဆာနဲ့ ပတ်သတ်ပြီး သေသေချာချာလဲ သိချင်ပါတယ်။ မျိုးရိုးလဲ မရှိပါဘူး။ တကယ်လို့ မခွဲမစိတ်ပဲနဲ့ ဆေးထိုးဆေးသောက်နဲ့ ပျောက်ဖို့နည်းများ ရှိပါသလား။ ဆေးကုစရိတ်အပြင် အလုပ်ပျက်ရက်တွေကြောင့်ပါ အများကြီး ဆုံးရှုံးရမှာမို့ပါ။ သမီးနာမည်က (့)။ အသက်က ၃၁ နှစ်ထဲမှာပါ။

စာက Spam ထဲဝင်လာလို့ တိုက်ရိုက်ပြန်မရပါ။
• Breast Cancer Treatment regimes ရင်သား-ကင်ဆာ ကုထုံးများ http://dts-medicaleducation.blogspot.com/2011/11/breast-cancer-treatment-regimes.html
• Breast Cancer ရင်သား-ကင်ဆာ http://dts-medicaleducation.blogspot.com/2011/11/breast-cancer.html
• Breast Cancer Today ရင်သား-ကင်ဆာ အရင်ကနဲ့မတူပါ http://dts-medicaleducation.blogspot.in/2012/03/breast-cancer-today.html
• Breast Conditions ရင်သား ကျန်းမာရေး http://dts-medicaleducation.blogspot.in/2012/03/breast-conditions.html
• Breast implant ရင်သားအတု http://dts-medicaleducation.blogspot.com/2012/01/breast-implant.html
• Breast Reconstruction ရင်သား အသစ်တပ်ပေးခြင်း http://dts-medicaleducation.blogspot.com/2012/01/breast-reconstruction.html
• Breast self examination ရင်သားအား မိမိဖါသာ စမ်းသပ်နည်း http://dts-medicaleducation.blogspot.com/2010/07/breast-self-examination.html

Fri, Jun 15, 2012 at 3:15 PM
ကျွန်မက (့) မှာ နေတာပါ။ အစ်မက (့) တိုင်းရဲ့ တောမြို့လေးမှာနေတာပါရှင့်။ အစ်မက အသက် (၃၉) နှစ်ပါ။ တစ်နှစ်ကျော်ကလေး တစ်ယောက်အမေပါ။ လွန်ခဲ့တဲ့နှစ်ပတ်က ပေါင်ချိန်ကျလိုဆိုပြီး (့) မြို့ ဆေးခန်းမှာပြခဲ့ပါတယ်။ ဆရာဝန်က နှလုံးသွေးကြောကျဉ်းတာနဲ့ အဆုတ်မကောင်းဘူးလို့ ပြောပါတယ်။ ဓါတ်မှန်တွေရိုက်၊ ဆေးစစ်ပြီးတဲ့အခါမှာ အဆုပ် တစ်ခြမ်းခဲနေတယ်။ လာပြတာနောက်ကျလိုဆိုပြီး ပြောပါတယ်ရှင့်။ အဲဒီနေ့က နှလုံးဆေးတွေပဲ ပေးတယ်၊။ ရက်ချိန်း ၁ဝ ရက်ပေးပြီး ပြန်လာပြခိုင်းပါတယ်။ ဆရာဝန်နဲ့တွေတော့ အဆုတ်တစ်ခြမ်းခဲနေတယ်၊ တစ်ခြမ်းက စုတ်ပြက်သက်နေတယ်။ လွန်ခဲ့တဲ့ ၄ နှစ်လောက်ကတည်းက ရောဂါသိခဲ့ရင် ကောင်းမယ်လို့ပြောပါတယ်။ ရန်ကုန်ဖြစ်ဖြစ် မန္တလေးဖြစ်ဖြစ်သွားပြီး ရင်ခေါင်းအထူးကု ဆရာဝန်နဲ့ ကုခိုင်းပါတယ်ရှင့်။ မနက်ဖြန်မှ အစ်မက ရန်ုကုန်ကို သွားမှာပါရှင့်။ သူ့ရဲ့ခံစားမှုက ၃ ပတ်လောက်မှာ ပိန်ပြီး၊ ပေါင်ချိန် ၁၃ ပေါင်လောက် ကျသွားတယ်၊ နောက်ကျောအောင့်တယ်၊ မောတယ်လို့ ပြောပါတယ်။ အစ်မက ပင်ပင်ပန်းပန်းတော့ အလုပ်မလုပ်ရပါ။ စိတ်ပင်ပန်းတာတော့ ရှိပါတယ်ရှင့်။ ရိုးရိုး အဆုတ်ရောဂါဆို အရမ်းမစိုးရိမ်ပေမဲ့ အခုလို အဆုတ်ခဲတာဆိုရင် ကုသလိုရနိုင်ပါသလား။ ဘယ်လို လေ့ကျင်ခန်းတွေရော လုပ်ပေးလိုရမလဲ။ ဘယ်အရာတွေကိုရှောင် စားသောက်သင့်ပါသလဲ။

ရောဂါနာမည်ကို ဆေးစာနဲ့သိပါသလား။ အဆုပ်ခဲတယ်လို့ ပြောကြတာက Pneumonia နူမိုးနီးယားကိုလဲ ပြောတယ်။ Pleural effusion အဆုပ်ထဲ ရေဝင်တာ-ရေအောင်းတာကိုလဲ ခေါ်တတ်တယ်။ ဒါက တီဘီ နဲ့ဆက်စပ်တာ များတယ်။ နှလုံးနဲ့ ဆက်စပ်ရင် တမျိုးဖြစ်နိုင်သေးတယ်။ Atherosclerosis နှလုံးသွေးကြောကျဉ်းတာက တမျိုးဖြစ်ပြန်တယ်။ ဆေးစာကို စာလုံးပေါင်းသိရမှသာ တိတိကျကျ ပြောနိုင်ပါမယ်။ ဆောရီး။

Fri, Jun 15, 2012 at 5:52 PM
သမီးက အသက် ၂၅ နှစ်ရှိပါပြီ၊ အပျိုစင်ပါ။ ရာသီစဆင်းတဲ့အချိန်ကတည်းက ရာသီလာ မမှန်တာဖြစ်တာ အခုအချိန်ထိပါပဲ။ ၂ လ မှ တစ်ခါ၊ ၃ လ မှ တစ်ခါလာပါတယ်။ ဆေးခန်းမပြဖူးပါ။ လွန်ခဲ့တဲ့ ၃ နှစ် လောက်ကစပြီး မိန်းမကိုယ် အပြင်ဘက်မှာ ယားယံတာတွေ ဖြစ်လာပါတယ်။ ခဏခဏဖြစ်ပါတယ်။ တခါတလေ မနေနိုင်လို့ ကုတ်မိပြီး ပွန်းပဲ့တာတွေ ဖြစ်ပါတယ်။ ခုနောက်ပိုင်းမှာ အနံ့ဆိုးတဲ့ အရည်ကြည်တွေပါ ထွက်လာတတ်ပါတယ်။ ဆေးခန်းကို သွားပြရမှာလဲ ကြောက်တာနဲ့ မပြဖြစ်ပါဘူး။ အဲ့ဒါ ဘာရောဂါ ဖြစ်တာလဲ၊ အန္တာရာယ် ရှိလားဆိုတာ သိချင်ပါတယ်။

စာတွေရေးထားတာ မနည်းပါ. တပုဒ်ပို့လိုက်တယ်။ အပျိုမိန်းကလေးဆိုရင် ကုရတာပိုလွယ်တယ်။
• Metronidazole 500 mg တနေ့ ၂ ကြိမ် ၇ ရက်သောက်ပါ။ မရသေးရင်
• Clotrimazole vaginal tablet မွေးလမ်းထဲ 100 mg ၆ ညထည့်ပါ။ 200 mg ၃ ညထည့်ပါ။
သန့်ရှင်းရေးလုပ်ရင် ရေနဲ့ ရိုးရိုးဆပ်ပြာကိုသာသုံးပါ။ စိုထိုင်းနေတာကို တတ်နိုင်သလောက်ရှောင်ပါ။

ရာသီ မမှန်တာကို တမျိုးလုပ်ရမယ်။ လူက ဝသလား၊ ပိန်သလား။ ဆေးစစ်ဘူးလား။ ဘာထူးခြားတာရှိလဲ။ အခုမေးတာတွေသိရမှ ဘာလုပ်သင့်တယ်ဆိုတာ ပြောမယ်။
Vaginal Discharge မွေးလမ်းကြောင်းမှ အဖြူဆင်းခြင်း ကိုဖတ်ပါ။

Fri, Jun 15, 2012 at 7:05 PM
ကျွန်တော့် ကောင်မလေးကို ဆေးနာမည်မေးကြည့်ပြီးပါပြီ။ နာမည်တွေက မတ်စ်ကော ဂျူရာဂျက်ဆစ်။ အဲဒီဆေးတွေလို့ ပြောပါတယ်။ ပြီးခဲတဲ့ ၁၁ ရက်နေ့နဲ့ ၁၂ ရက်နေ့တွေကလည်း ဖြစ်သေးတယ်တဲ့။ ကော်ဖီတစ်ခွက် သောက်လိုက်မိတယ်တဲ့ နောက်ပိုင်း ထမင်းလည်း သိပ်စားလို့မရတော့ပဲ နှလုံးအောင့်အောင့်နေတယ်တဲ့ သူနဲ့ ကျွန်တော်ကလည်း တစ်ပါတ်မှ နှစ်ရက်လောက်ပဲတွေ့ဖြစ်တယ်။ အွန်လိုင်းကနေတွေ့ရတာပါ အဲဒီအချိန်မှ သူ့ကျန်းမာရေးကို မေးမေးကြည့်နေရတာပါ။ SSC က ဆရာပြောတာတော့ သာမာန်နှလုံးကြွက်သားအောင့်တာလို့ပဲ ပြောပါတယ်။ ကြာလာရင် နှလုံးရောဂါ စွဲသွားမလာလို့ စိုးရိမ်မိလို့ပါ။ ခုရက်ပိုင်းအတွင်း ၂၄-၂၅ ရက်တွေမှာ ဆေးခန်း ပြန်ပြဖို့ပြောထားပါတယ်။ ECG ကိုလည်း scan ဖတ်ပြီး ဆရာ့ဆီကိုပို့ပေးပါ့မယ်။

ဆေးနာမည်ကို မြန်မာလိုရေးပေးတာက အများသုံးနေကြမျိုးမဟုတ်တော့ မှန်းမရသေးပါ။ ဆောရီး။ အင်္ဂလိပ်စာလုံးပေါင်း ဆိုရင်တော့ သိနိုင်တယ်။
Maxicol Capsules & Powder ဆိုရင် ဝမ်းမှန်ဆေး၊ တိုင်းရင်းဆေးဖြစ်တယ်။
Duragesic နဲ့ Durogesic တွေဆိုရင် နာတာသက်သာဆေးဖြစ်တယ်။ Fentanyl transdermal patches ဆေးကပ်ခွါ အနေနဲ့ လာတယ်။ တခါကပ်ထားရင် ၇၂ နာရီခံတယ်။ Duragesic patches ထဲမှာ ဘိန်းသဘောပါတာလဲ ရှိတယ်။
ECG ထက် ဆေးစာရွက်မှာ ရေးတာက ပိုပြီး အထောက်အကူဖြစ်မယ်။ ECG ဆိုတာ ကောင်းတာချည်းဘဲ။ အသက်ကြီး နှလုံးရောဂါ အတွက်သာ အရေးကြီးတယ်။ ငယ်သူတွေဆိုရင် ဆရာဝန်တွေက သေခြာအောင်သာ လုပ်တာများတယ်။ Ultrasound ဆိုတာကြ အဖြေမှတ်ချက်ရေးတာမို့ အထောက်အကူရတယ်။ (ဆောရီး)။

Sat, Jun 16, 2012 at 8:09 PM
ကျမ အမျိုးသားရဲ့ ဦးခေါင်း နားထင်ရဲ့အပေါ်ဖက်နားလေးမှာ အသားပိုလေးရှိပါတယ်။ ပုံစံက မဲမဲပြားပြားလေးပါ။ လက်မ ၂ စိတ် ၃ စိတ်လောက်ရှိမယ်။ မွေးရာပါလို့ ပြောပါတယ်။ ခုနောက်ပိုင်း သတိထားမိတာ ၂ လ ၃ လမှာ အဲဒီအသားပိုလေးက ပွါးလာပါတယ်။ သူ့ရဲ့ အသက်က ၄ဝ နှစ် ရှိပါပြီ။ တခါတရံ အရက်သောက်ပါတယ်၊ ခုနောက်ပိုင်း တခါတရံ ဆံပင်ဆေးဆိုးပါတယ်။ နောက်ပြီး ကွမ်းလဲစားပါတယ်၊ (့) မှာပဲ အလုပ် လုပ်နေပါတယ်။ အဲလို ပွါးလာတာ စိုးရိမ်ရပါသလား။ အရမ်းစိုးရိမ်နေလို့ပါ။ ဘာလုပ်သင့်ပြီး ဘာတွေဖြစ်နိုင်တယ်ဆိုတာ သိပါရစေ။

Papilloma ဒါမှမဟုတ် Warts ဖြစ်မယ်။ ခွဲစိတ်တာကောင်းမယ်။ လိုအပ်ရင် ခွဲစိတ်ဆရာဝန်က Biopsy အသားစ စစ်ဆေးနည်းနဲ့ ကင်ဆာ မဟုတ်တာကို သေခြာစေမယ်။